Thursday, October 30, 2014

Angel တစ် ယောက် ရဲ့ ကျိန် စာ part ( I )

ဘုရား သ ခင် က
homo ဆိုတဲ့ လူသားကို ဖန် ဆင်း ပေးခဲ့ တယ်
ဒါဆို သစ္စာ တရား မပါတဲ့ အချစ် တစ်ခုက ကော angel တစ် ယောက် ရဲ့ ကျိန်စာ တွေလား
ကျွန်တော် က တော့ ဘုရားသခင် ဖန်ဆင်း ပေးလိုက်တဲ့ ဟိုမို တစ် ယောက် အ နေ နဲ့ angel တစ်ယောက် ရဲ့ ကျိန်စာ တွေကို ဝိုင် တစ်ခွက် လို ယစ် မူးစွာ သောက် သုံး နေမိတယ်
* * * * * *
''ဟဲလို ကိုစည်သူလားဗျ''
''ဟုတ်ကဲ့ဗျ''
''offer ခေါ်ချင် လို့ပါဗျ''
''ဘယ် လောက်လဲဗျ''
''one shot ကို နှစ် သောင်း ပါဗျ
whole night ကို ငါး သောင်း ပါ''
''role က ကော
တခြား service တွေ ကော''
''ကျွန်တော်က top only ပါ တခြား service တွေ တော့ မရှိပါဘူး နေရာ ကိုတော့ ငှားတဲ့ သူက စီစဉ် ပေး ရ ပါမယ်''
''အော် ဟုတ်ပြီ ဘယ် ချိန် အား မလဲ''
''ဒီ နေ့ တော့ မအား သေးဘူးဗျ နက်ဖြန် ည နေ ဆို အား ပါတယ် ''
''ဟုတ်ပြီ ဒီဖုန်းကိုပဲ ဆက် လိုက် မယ်''
''ဟုတ်ကဲ့ဗျ ''
ဖုန်း ချသွားသည်……………
ဝူးးးး မလွယ် ပါ့လား
စည် သူ ဆိုတာက လှည်းတန်းမှာ အ ဆောင်
ငှား နေတဲ့ လူငယ် တစ် ယောက်ပါ
အ ဖေ ဆုံး ပြီး ကတည်းက မိထွေးနဲ့ နေ ချင် စိတ် မရှိလို့ ရန်ကုန်သို့ ထွက် လာခဲ့သည်
စားစရိတ် နေစရိတ်ကြီးလွန်းသော မြို့ပြ ရဲ့ လူ နေမှု ဘဝကို သာမန် အလုပ် တစ်ခုနှင့် မ ဖြေ ရှင်း နိုင်……
အဲဒိတော့ အ မေ့ အ မွေ အသားဖြူဖြူ အရပ် မြင့်မြင့် ချစ်စရာ့ မျက်နှာလေး ကို အသုံး ချ ရသည်
လကုန်ခါနီးရင် စားစရာ မရှိလို့ စိတ် ညစ် ရ တဲ့ ရက် တွေက မနည်း တော့
အဲအတွက် အ ဆောင် တခန်းထဲ နေ တဲ့ သူရ က အ ကြံ ပေးသည် offer လုပ် မလားတဲ့
အစက ရှက် သလိုလို ဖြစ် ပေမယ့် နောက် တော့ ဝမ်း ရေး က ခက် လှ သည် မို့
လုပ် မိ တော့သည်
* * * * * * *
''ဆရာ network က ချိတ် လို့ မရဘူး''
''network ကြိုးကော တပ် ထားလား''
''ဟုတ် ''
''ခဏ -----''
''သွန်းစစ် မင်း ဆေးထိုးတယ် နော်
firewall ကြီး on ထားပြီးချိတ် မ ရဘူး အော် နေတယ်''
''ဟီး''
သူက သွန်းစစ်……
အသက်က ၂၄
ဒဂုံတက္ကသိုလ် က နေ ဘွဲ့ တစ်ခု ရထား ပေမယ့် ရထားတဲ့ဘွဲ့က အ ဆင် မ ပြေ တော့
ဝါ သနာပါ ရာ network engineering သင် တန်း တက် ရသည်
ခု company တွေက နေ network technician တွေ ခေါ် နေ တော့ ပို အ ဆင် ပြေသည်
လက် ရှိ အလုပ် လုပ် နေတဲ့ ဆိုင် က လစာက စားဖြစ် ရုံသာ ရှိသည်
ဘဝ ရည်မှန်းချက် အ နေ နဲ့လဲ နိုင် ငံခြား မှာ အောင် မြင် တဲ့ network engineer ကြီး တစ်ယောက် ဖြစ် ချင် ခဲ့သည်
routing switching ပိုင်းတွေနဲ့ လုံးချာ ပတ် ချာလိုက် နေသည်
မနက်ဆို မိဘ အ မွေ ဖြစ်တဲ့ သာ ကေ တ မန်ပြေ ဘက် က အိမ် လေးက နေ ၃၅ အစိမ်း ကား စီးပြီး လမ်း ၄၀ မှာ ရှိတဲ့ ဆိုင် ကို သွား ရသည်
မနက် ခြောက်နာရီ ဝန်းကျင် ဆို ကားက ကျပ် အိပ် က အိပ် ချင် လှသည် မွန်းကြပ် လှ တဲ့ ရန်ကုန် မြို့ရဲ့ လူ နေမှုဘဝ တစ်ခုကို ပါဝင် ရ သည်
အချစ် ပျော်ရွှင် မှု ဆိုတာ ဘာမှန်း ပင် မသိခဲ့ ………
** အစ **
သီ တင်း ကျွတ် လပြည့် နေ့
ဒီ နေ့ လပြည့် နေ့ ဆိုင် ပိတ် လို့ သွန်းစစ် ကန် ဘောင် ကို ထွက် လာသည် မ ရောက် ဖြစ် တာ ကြာပြီ မို့ အရာတိုင်းက ထူးခြား နေသလို ခံစား ရသည်
တံတားဖြူ မှတ် တိုင် ရောက် တော့ သွန်းစစ် ဆင်း လိုက်သည်
ဆင်း ပြီး မြောင်း အကူး တံတားလေးကို ဖြတ်မလို့ လုပ် တုန်း မှာပဲ
''ဒုတ် အားးးး''
လူ တစ် ယောက် နဲ့ တိုက် မိပြီး သွန်းစစ် မြောင်း ထဲသို့ ပြုတ် ကျသွားသည်
''ဟာ အစ်ကို တောငိး ပန် တယ် ဗျာ sorry''
''ဟ sorry လို့ ပြော ရုံနဲ့ ရ မလားကွ မင်း
လုပ် တာ လဲ ကြည့်ဦး မြောင်းထဲ ကျ နေပြီဟ သွားပါပြီကွာ ငါ့ အကျီင်္ တွေ ဖိ နပ် တွေ တော့…''
''ကဲ ပါ အစ်ကို ရာ အခု လူ တွေ ကြည့် နေပြီ ထ ''
သူ လက် လှမ်း ပေး လိုက် သည်
သူ့လက် ကို ဆွဲပြီး ထ လာသည်
အားးးး
''ဟ ဘာဖြစ် ပြန် တာလဲ အစ်ကိုရ''
''ငါ့ ခြေ ထောက် တော် တော် နာ နေပြီကွ''
''လာ ကျွန် တော် တွဲ မယ်''
သူက သွန်းစစ် ကို တွဲပြီး ကန် ဘောင် ဘေး ရှိ လေ့ ကျင့် ခန်း လုပ် တဲ့ နေရာ လေးကို တွဲ ခေါ် လာပြီး ထိုင် ခိုင်း တယ်
''လှန်''
''အန် …… ဘာလှန် ရမှာလဲဟ''
''ဟာ အစ်ကို ဘောင်း ဘီ လှန် ခိုင်း တာ လေ ခြေ ထောက် ဘာ ဖြစ် သွားလဲ ကြာပါ တယ် ကွာ လို့ သူ ပြောပြီး သွန်းစစ် ဖိနပ်ကို ဆွဲချွတ်တယ်
သွန်းစစ် နှ မြော မိသည် ဖိနပ် လေးက အခု မှ ထုတ် စီးလာတဲ့ All Star shoe အသစ် လေး
ဒီ ကောင် လုပ် တာနဲ့ သွားပါပြီ
''ဟာ အစ်ကို ခြေ သလုံး ပွန်းသွားတာပဲ''
''သွေး တွေ စို့ နေတယ် ''ဆိုပြီး သူ့ လက် မှာ ချည် ထားတဲ့ ပုဝါလေးကို ဖြုတ်ပြီး စည်း ပေး သည်
''ဟေ့ ကောင် ဟေ့ ကောင်''
''ဟေ့ ကောင် တွေ လုပ် မ နေနဲ့ ဘဲဂျီး ခင် ဗျား ဒီလို မှ မလုပ် ရင် အ ဆင် ပြေ မှာ မဟုတ်ဘူး''
ဘယ့်နှယ့် ကောင် မှန်းလဲ မသိဘူး လက် ရဲ ဇက် ရဲ နဲ့ နည်း နည်း မှ ဒေါင့် မကျိုး
လူ တစ်ကိုယ်လုံးလဲ ဘာတွေဝတ်လာမှန်း မသိ စတီး ကြိုး တွေ ကော သံ ကွင်း နေ ကော
စုံ နေတာပဲ
ပိုလန်းသွားအောင် လက် ထိပ် ပါ ခတ် ထား ဖို့ ကောင်း တယ် လို့ စိတ် အချဉ် ပေါက်ပြီး တွေး မိသည်
''ကဲ အစ်ကို လမ်း လျှောက် နိုင် လား''
သွန်းစစ် မတ် တပ် ရပ် ကြည့်သည်
အားး နာ တော့ နာ သေးသည်
လာ ကျွန်တော့်ကို တွဲ လျှောက် ဆိုပြီး သူ့ပခုံး ပေါ် သွန်းစစ် လက် ကို တင် ပေးသည်
''ဟေ့ ကောင် လူ တွေ ကြည့် နေတယ်''
''ကျွန်တော် ဘယ် လိုက် ပို့ ပေး ရမလဲ''
''ငါ က သာ ကေ တ မှာ နေတာ ''
''အာာ အ ဝေးကြီးပဲ''
''အေး အ ဝေး ကြီး ပဲ''
''ဒါဆို ဒီ လို လုပ် ကျွန်တော် ကလှည်း တန်းက အ ဆောင် မှာ နေတာ နီးတယ် အ ဆောင် လိုက် ခဲ့ ဆေး ထည့်ပြီး မှ ပြန် ပေါ့''
''အာာာ ဖြစ် ပါ့ မလား ဟ''
''ဖြစ် ပါတယ် ဗျ အ ဆောင် က လွတ် လပ် တယ်''
''အေး ကွာ ဘာမှ မှ မတတ် နိုင် တာ
တော် တော် လေး လေပါတယ်ကွာ''
သူ သွန်းစစ် ကို တွဲပြီး ခေါ် သွား သည်
------------------------------------------
2 B continued  

No comments:

Post a Comment

အချစ်တစ်ခု ပြယုဂ်တစ်ခု

“......................”  သားကြီးဆီမှ ကြားလိုက်ရသော နာမည်ကြောင့် ကျွန်မတစ်ကိုယ်လုံး တောင့်ခဲ သွားသည်။အဆုံးမရှိသောတွင်းနက်ကြီးထဲသို့ ပြုတ်ကျ...