Sunday, June 28, 2015

မင်းလည်းယောက်ျား ငါလည်းယောက်ျား (ဇာတ်သိမ်းပိုင်း)

(ဇာတ်လမ်းဇာတ်ကွက် သိပ်မပါပါဘူး။ sex အခန်းလည်းမပါပါဘူး။ ဇာတ်သိမ်းပိုင်းဖြစ်တဲ့အတွက် ကျနော်ပြောချင်တဲ့ msg ကိုဘဲ ဦးစားပေးရေးထားပါတယ်။ ဇာတ်လမ်းစရေးပြီဆိုကတည်းက ဇာတ်သိမ်းပိုင်းမှာ ဘာရေးမယ်ဆိုတာကို ကြိုတင်စဉ်းစားထားတတ်ပါတယ်။ sex နဲ့ ဇာတ်လမ်းဇာတ်ကွက်ကို အဓိကထားပြီးဖတ်ချင်တဲ့ fri တွေက မဖတ်ဘဲနေလိုက နေနိုင်ပါတယ်။ ဖတ်မယ်ဆိုရင်လည်း တစ်ခုခုတော့ စဉ်းစားမိပါလိမ့်မယ်။ ကျေးဇူးတင်ပါတယ်)
ချစ်သူနှစ်ဦး ရေချိုးခန်းထဲမှာ နှစ်ယောက်တည်း ကိုယ်လုံးတီး nude ရေချိုးရတဲ့အရသာဟာ ဘယ်လောက်ကြည်နူးစရာ ကောင်းတယ်ဆိုတာ အဲ့လိုချိုးဖူးသူတိုင်းသိပါလိမ့်မယ်။
ချစ်သူနှစ်ဦးလို့ဆိုခဲ့ပေမယ့် တကယ်တော့ သူနဲ့ကျနော် တိတိကျကျ ချစ်သူဖြစ်ခဲ့တာမျိုးမဟုတ်ပါဘူး။ ကျနော့်ရဲ့အစပျိုးမှုက ဒီကောင် straight လား homo လား သိချင်စိတ်နဲ့ စခဲ့တာ။ အဲ့ဒိက တဆင့် sex ထိရောက်သွားခဲ့တာ။ sex ကို သာယာတော့ အဲ့ဒါကိုဘဲ အချစ်လို့ခံစားမိသွားတာ။ လိင်စိတ်အရင်းခံ အချစ်နဲ့ အချစ်အရင်းခံလိင်စိတ် မှာ ကွဲပြားခြားနားမှုရှိတယ်ဆိုတာကိုပါ နားလည်သွားခဲ့ရတယ်။ အရောင်တူပေမယ့် အဆင်လေး နည်းနည်းကွဲနေပါတယ်။ ရုတ်တရက်ကြည့်ရင် တစ်ရောင်တည်း တစ်ဆင်တည်း ထင်ရပါတယ်။ စိတ်ခံစားချက်ပေါ်အခြေခံတဲ့ အမြင်တွေဟာ တစ်ဦးနဲ့တစ်ဦးတူချင်မှ တူပါလိမ့်မယ်။
ရေချိုးပြီး အခန်းတံခါးဖွင့် ထွက်မယ်လုပ်တော့ ရုတ်တရက် ဟိုကောင် လှိုင်လေးကို တွေ့လိုက်ရတော့ ကျနော်မျက်လုံးနည်းနည်းပြူးသွားတယ်။
'' လှိုင်လေး ။ ဘယ်တုန်းက ရောက်နေတာလဲ ။ ရေချိုးမလို့လား ။ ''
ကျနော်မေးလိုက်တယ်။ ကျနော့လေသံက မလုံမလဲဖြစ်နေမှာသေချာပါတယ်။
မျိုးဆက်ကတော့ ကျနော့်နောက်ကနေ ဘာစကားမှမပြောဘဲ အသာငြိမ်နေတယ်။
လှိုင်လေးက ခေါင်းအသာညှိမ့်ပြပြီးရေချိုးခန်းထဲဝင်သွားတယ်။
ကျနော်ရှက်လည်းရှက်မိတယ်။ လှိုင်လေး ကျနော်နဲ့မျိုးဆက်အခြေအနေကို ရိပ်မိသွားပြီလားစိုးရိမ်မိတယ်။ ဘယ်အချိန်ကတည်းက ရေချိုးခန်းနားရောက်လားလဲမသိပေမယ့် သူ့မျက်ဝန်းတွေမှာ တစ်ခုခုကိုသိသွားပြီဆိုတာ ပေါ်လွင်နေပါတယ်။
အဲ့ဒိအချိန်ကစပြီး လှိုင်လေးတစ်ယောက် ကျနော့်အပေါ်ဆက်ဆံရေးတွေကျဲသွားခဲ့တယ်။ အစတော့ ကျနော့်ကို ချစ်လို့ သဝန်တိုပြတာ စိတ်ဆိုးပြတာလို့ထင်ခဲ့တာ။ တဖြည်းဖြည်းသိလာရတဲ့အချိန်မှာတော့ သူဟာ ကျနော့်ထက် မျိုးဆက်ကို ပိုပြီးစိတ်ဝင်စားသွားတယ်ဆိုတာပါဘဲ။ ကျနော်စိတ်မကောင်းဖြစ်သွားတယ်။ ပိုဆိုးတာက ဟိုကောင်မျိုးဆက်ကလည်း ကျနော့်ထက် လှိုင်လေးကို ပိုပြီးစိတ်ဝင်စားနေသလိုဘဲ။
သူတို့နှစ်ယောက် homo လားဆိုတာကို သိချင်လို့စမ်းသပ်ခဲ့တဲ့ကျနော် သူတို့ချင်း homo မှန်းသိသွားတဲ့အချိန်မှာတော့ ကျနော်ဟာ ဘေးရောက်သွားခဲ့တယ်။
ကျနော်အရမ်းဝမ်းနည်းသွားတယ်။
တစ်ချိန်က ဆွေးရိပ်တွေနဲ့ ခံစားချက်တွေကို မျိုသိပ်ထားတဲ့ သူတို့ရဲ့မျက်နှာဟာ အခုတော့ အချစ်စစ်ကိုတွေ့နေတဲ့အလား တောက်ပရွှင်လန်းနေကြတယ်။ တစ်ချိန်က တောက်ပရွှင်လန်းခဲ့တဲ့ ကျနော့်စိတ်ကတော့ အခုချိန်မှာ အက်ရှညှိုးမှိန်သွားခဲ့ရတယ်။ အားငယ်မှုတွေနဲ့အတူ စွန့်ပစ်ခံလိုက်ရတဲ့ ကျနော့်နှလုံးသားဟာ တလောကလုံးနဲ့ကင်းကွာ သွားသလို အထီးကျန်ခဲ့ရတယ်။
straight တွေနဲ့ပက်သက်ခဲ့တုန်းက ကိုယ့်ကိုယ်ကို ဝင့်ကြွားခဲ့တဲ့ကျနော် homo တွေနဲ့တွေ့မှ သင်ခန်းစာတွေအများကြီးရလိုက်တယ်။ straight တစ်ယောက်ရဲ့စိတ်ကို ထိန်းချုပ်ဖို့ နည်းလမ်းတစ်ခုဘဲလိုမယ်ဆိုရင် homo တစ်ယောက်ရဲ့စိတ်ကို ထိန်းချုပ်ဖို့ကတော့ နည်းလမ်းတွေအများကြီး သုံးရပါလိမ့်မယ်။ ဒါပေမယ့် သဘာဝကျကျတွေးကြည့်မယ်ဆိုရင်တော့ homo အများစု ပြောင်းလဲလွယ်တတ်တာဟာ အဲ့လိုပြောင်းလဲဖို့အခွင့်အရေးရနေတာကြောင့်ပါဘဲ။ တာဝန်ယူမှုလည်းမလိုဘူး။ ပတ်ဝန်းကျင်အသိအမှတ်ပြုထားတာလည်းမရှိဘူး။
သူတို့ရဲ့စိတ်ကို ထိန်းချုပ်ဖို့ ကျနော် မကြိုးစားတော့ပါဘူး။ ကိုယ့်အပေါ်ခံစားချက်မရှိတော့တဲ့သူတစ်ယောက်ကို ထိန်းချုပ်ရတာလောက် ခက်ခဲပင်ပန်းတဲ့အလုပ်ရှိမှာမဟုတ်ဘူး။ ကျနော့်မာနကလည်း လက်ခံမှာမဟုတ်ဘူး။
ကျနော့်ရှေ့ရောက်ရင် သူတို့နှစ်ယောက် ဘာမှမဟုတ်သလို ဟန်လုပ်ပြနေတာကိုက ကျနော့်ကွယ်ရာမှာ သူတို့ဘာလုပ်မယ်ဆိုတာကို ပိုပြီးပေါ်လွင်စေခဲ့တယ်။
ဘယ်လိုဘဲဖြစ်ဖြစ် သူတို့ချစ်ခြင်းကို ကျနော်မခွဲတော့ပါဘူး။ ကိုယ်လည်းစိတ်ဆင်းရဲရမယ် သူတို့လည်းစိတ်ဆင်းရဲရမယ်။ သုံးယောက်စလုံး စိတ်ဆင်းရဲရမှာနဲ့စာရင် သူတို့နှစ်ယောက်ပျော်ရွှင်ဖို့ ကျနော်နောက်ဆုတ်ပေးလိုက်တာက ကုသိုလ်ရမယ်ထင်ပါတယ်။
သူတို့ချင်းပိုပြီးစိတ်ဝင်စားသွားတဲ့အချက်ကို လက်တွေ့ကျကျစဉ်းစားကြည့်ရင် နားလည်ပေးနိုင်တာတစ်ခုရှိပါတယ်။
သူတို့ချင်းက အရပ်အမောင်းချင်းလည်းညီတယ်။ ရုပ်ရည်ချင်းလည်း နီးစပ်တယ်။
sexy ချင်းလည်း အပေးအယူ ပိုမျှနိုင်တယ်။ ကျနော်နဲ့တွဲတာထက်ပိုပြီးလိုက်ဖက်တယ်။
သူတို့ကို လက်လွှတ်ဖို့ကျနော်ဆုံးဖြတ်လိုက်တယ်။ အဆောင်ပြောင်းဖို့ပါ စဉ်းစားလိုက်တယ်။
အားလုံးပြင်ဆင်ပြီးတဲ့ညမှာတော့ ကျနော်အပြင်ထွက်မယ်အလုပ် သူတို့နှစ်ယောက်နဲ့လှေကားမှာဆုံမိတယ်။ နှစ်ယောက်စလုံး အရက်သောက်လာတဲ့ပုံပါဘဲ။ နှစ်ယောက်စလုံးက ကျနော့်ပုခုံးကိုဖက်လိုက်တယ်။ ပြီးတော့ သူတို့အခန်းထဲဆွဲခေါ်သွားတယ်။
မျိုးဆက်က အခုလိုပြောတယ်။
'' ငါတို့နှစ်ယောက်လုံး မင်းကို အဆုံးအရှုံးမခံနိုင်ဘူး ။ မင်းဟာ ငါတို့ရဲ့စိတ်ကို နိုးကြားတက်ကြွစေခဲ့သူ ။ ဒီတော့ တရုတ်လေးရယ် ငါပြောချင်တာက ငါတို့သုံးယောက်လုံး ပျော်ပျော်ရွှင်ရွှင်နေချင်ပါတယ်။ မင်းလည်းယောကျာ်း ငါလည်းယောကျာ်း သူငယ်ချင်းလိုပုံစံနဲ့နေကြမယ်။ သွေးသားဆန္ဒဖြစ်လာတဲ့ အခါကျရင်လည်း အချစ်မပါဘဲ '' မင်းလည်းယောကျာ်း ငါလည်းယောကျာ်း '' ယောကျာ်းချင်း တဒင်္ဂသာယာမှုယူကြမယ်။ အချစ်တွေမပါဘဲ ယောကျာ်းချင်းဆိုတဲ့စိတ်ကို အမြဲမွေးထားရမယ်။ အချစ်ပါရင် ပူလောင်မယ်။ သဝန်တိုမှုတွေပါလာရင် စိတ်ညစ်ရမယ်။ အဲ့ဒါကြောင့် ငါပြောသလိုနေကြမယ်။ အဲ့ဒါ ငါတို့ homo တွေအတွက် ပူလောင်မှုမပါတဲ့ အကောင်းဆုံးဆက်ဆံရေးပုံစံဘဲ။
နော် တရုတ်လေး။ ငါတို့ကို စွန့်လွှတ်မသွားပါနဲ့ကွာ ။ '''
ဒီကောင်ပြောရင်းမျက်ရည်ကျလာတယ်။ လှိုင်လေးလည်း မျက်ရည်တွေဝဲလို့။ ကျနော်လည်း ပုလဲတွေမြေခလို့ပေါ့။
သူ ဒီလိုပြောတာ ကျနော့်ကို တကယ်သံယောဇဉ်ရှိလို့ဘဲတွေးမိပါတယ်။ တော်ရုံကောင်ဆိုဘယ်ပြောမလဲ။ မရှိလေကောင်းလေပေါ့။
သူပြောတဲ့ ဆက်ဆံရေးပုံစံသစ်ကလည်း homo တွေအတွက် ပူလောင်မှုမပါတဲ့ အကောင်းဆုံးပုံစံ ဖြစ်ချင်ဖြစ်ပါလိမ့်မယ်။
ဒါပေမယ့် ကျနော့်စိတ်နဲ့တော့ ကိုက်ညီမှုမရှိပါဘူး။
အဲ့ဒါကြောင့်ကျနော် အခုလိုပြောလိုက်တယ်။
'' မင်းတို့ကို သူငယ်ချင်းအဖြစ် ဆက်ခင်နေပါမယ်ကွာ။ ဒါပေမယ့် ငါဒီအဆောင်မှာ ဆက်မနေချင်တော့ဘူး။ ''
ပြောပြီး ကျနော်လှည့်ထွက်လာခဲ့တယ်။
စိတ်တော့မကောင်းပါဘူး။
ဒါပေမယ့်လေ လူဆိုတာ ကိုယ့်ခံစားချက်နဲ့ကိုယ်ဘဲမဟုတ်လား။
ကျနော်က
sex ဖြစ်ရင် အချစ်တွေ ပါပါသွားတတ်တယ်။
အချစ်ဖြစ်ရင်လည်း တစ်ယောက်တည်းကိုဘဲ ရင်ထဲမှာ စွဲစွဲမြဲမြဲ မြှုပ်နှံထားမိတတ်တယ်။
တဒင်္ဂအနမ်းတွေကို ထာဝရအတွက် ရည်မှန်းတတ်မိတာလည်း ကျနော့်ရဲ့အားနည်းချက်တစ်ခုပေါ့။
အဲ့ဒါကြောင့် ဘယ်သူနဲ့မှ sex မဖြစ်ချင်တော့ပါဘူး။
ဘယ်သူ့ကိုမှလည်း မချစ်ချင်တော့ပါဘူး။
တကယ်လို့များ ကျနော်တစ်ယောက်တည်းကိုဘဲ ထာဝရအတွက် တစ်ဦးတည်းမူပိုင်အချစ်မျိုးကို ပိုင်ဆိုင်ခွင့်ပေးမယ်ဆိုရင်တော့ မျှော်လင့်ကြည့်ချင်ပါသေးတယ်။
ဒါဟာ စိတ်ကူးယဉ်မှုသက်သက်ဘဲဖြစ်လိမ့်မယ်ဆိုရင် စိတ်ကူးယဉ်ကမ္ဘာထဲပျော်မွေ့တာက ကျနော်နဲ့အံဝင်ဂွင်ကျဖြစ်ပါလိမ့်မယ်။
ပြီးပါပြီ။
အားပေးတဲ့ ချစ် fri များ လိုရာဆန္ဒပြည့်ဝကြပါစေ။ 
ချစ်မိုးစွေ

မင်းလည်းယောက်ျား ငါလည်းယောက်ျား (၁၁)

ဒီကောင်မျိုးဆက် ကျနော့်နောက်ကျောကနေ သိုင်းဖက်ရင်း ကျနော့်ဖင်ပေါင်ကြားနေရာကို သူ့ cock နဲ့ ထိုးမွှေနေတာ ထမင်းနဲ ထိုးနေသလိုပါဘဲ။
အပေါ်ယံလေးရှပ်ထိုးလိုက် အားပြင်းပြင်းနဲ့ထိုးလိုက် ရံဖန်ရံခါ သူ့ cock ထိပ်နဲ့ ဖင်တစ်ခုလုံးကို နေရာအနှံ့ပွတ်ဆွဲလိုက်နဲ့ မွှေနည်းပေါင်းစုံပါဘဲ။
အမွှေဇယားခင်းတယ်ဆိုတဲ့စကားလုံးက ဒီနေရာမှာ ဒီလိုနည်းမျိုးနဲ့လည်း အံဝင်ဂွင်ကျဖြစ်သားဘဲလို့ တွေးမိပါသေးတယ်။
အရသာ ဘယ်လိုနေလဲမေးရင် feel ဘဲ great feel ဘဲလို့ ပြောရမှာပေါ့။
cock ကို ခရေ ass ထဲ မထည့်သေးဘဲ ဖင်နဲ့လီး အပေါ်ယံထိတွေ့ပွတ်သပ်တဲ့အရသာဟာ ass ထဲဝင်တဲ့ အရသာထက်ပိုကောင်းတယ်လို့ ထင်တာဘဲ။
သူ့လက်တစ်ဖက်ကလည်း ကျနော့် နို့ nipple boobs တွေကို ပွတ်သပ်ဆုပ်ချေနေပါသေးတယ်။
နောက်လက်တစ်ဖက်ကတော့ ကျနော့်ခါး ဝမ်းဗိုက် ပေါင်တံ နေရာလွတ်မကျန် ပွတ်သပ်နေပါတယ်။
ဒီကြားထဲ စူးရှရှ သူ့မုတ်ဆိတ်မွှေးတွေနဲ့ ကျနော့်လည်ပင်းကို ပွတ်သပ်ရင်း အာသာငမ်းငမ်းနမ်းလိုက်ပါသေးတယ်။
ဒီကောင်မျိုးဆက် အပွတ်အသပ်အချော့အမြှူ အတော်လေး ကျွမ်းတယ်လို့ဆိုရမယ်။
ကျနော့်မှာ ပြီးချင်စိတ် မကြာခဏပေါက်လို့ မနည်းထိန်းထားလိုက်ရတယ်။
'' ချစ်လိုက်တာ တရုတ်လေးရယ်။ ''
ရုတ်တရက် တိုးလျလျထွက်လာတဲ့ ဒီကောင့်လေသံဟာ ကျနော့်ကို ပိုပြီးရင်ခုန်စေခဲ့တယ်။
sex လုပ်နေတဲ့အချိန် ပြောတဲ့ ချစ်တယ်လို့ပြောတဲ့စကားကို ကျနော် သိပ်အယုံအကြည်မရှိတတ်ပါဘူး။ အချစ်နဲ့ sex ရောထွေးနေတတ်တဲ့အချိန်လေ။ sex ကို အချစ်လို့မြင်တတ်တဲ့အချိန်ပေါ့။ တကယ့်အချစ်ဆိုတာ sex မပါတဲ့အချိန်တွေမှာ ဘယ်လိုဆက်ဆံသလဲဆိုတာ အကဲဖြတ်ကြည့်မှ စစ်မှန်မှုကို တွေ့နိုင်တာမျိုးပါ။
ဘယ်လိုဘဲဖြစ်ဖြစ် sex လုပ်နေတဲ့အချိန် '' ချစ်လိုက်တာ ချစ်တယ် '' ဆိုတဲ့စကားလုံးတွေက sex feel ပိုပြီးအရှိန် တက်စေတာတော့ အမှန်ပါဘဲ။
'' ယုံပါဘူး ''
ကျနော်လည်း ခပ်တိုးတိုး ညုညုလေးပြောလိုက်တယ်။
'' မင်းယုံဖို့ပြောနေတာ မဟုတ်ဘူး။ ငါ့ ခံစားချက်ငါ စိတ်ထဲရှိတဲ့အတိုင်းပြောနေတာ။ ''
'' ဟိုက် ''
ကျနော် 'အ'သွားတယ်။ တစ်ခါတစ်လေ ဒီကောင် စကားပြောရင်အဲ့လိုဘဲ။ တစ်ဖက်သားကို ကျေနပ်မှုအပြည့်အဝဘယ်တော့မှမပေးဘူး။ သောက်ဂရုမစိုက်တဲ့ အချိုးလေးတွေကြားညှပ်ထည့်ပေးတတ်တယ်။
အချိုကျွေးရင် အစပ်လေးရောထည့်ပေးတတ်တယ်။ အချဉ်ကျွေးရင် အခါးလေးပါ ထည့်မွှေပေးတတ်တယ်။
ကျနော်ကြားချင်တဲ့စကားက
'' ယုံပါ တရုတ်လေးရယ်။ ငါမင်းကိုတကယ်ချစ်တာပါ။ ''
လို့လေ။
ဒါပေမယ့် ဒီကောင်တကယ်အဲ့လိုပြောမယ်ဆိုရင်လည်း ကျနော်ယုံမှာမဟုတ်ပြန်ဘူး။ အလွယ်တကူ တုန့်ပြန်တတ်တဲ့စကားတွေကို ကျနော်သိပ်အယုံအကြည်မရှိတတ်ဘူး။ တကယ်တော့ကျနော်လည်း မကောင်းပါဘူး။ တစ်ဖက်သားကို လှည့်ပတ်အပြစ်ရှာတတ်တဲ့ ညဉ်ကလေးရှိတယ်။ ဒါပေမယ့် တစ်ဖက်ကကြည့်ရင်လည်း ဒါဟာ တစ်ဖက်သားကို အရည်အသွေးပြည့်ဝနေစေချင်တဲ့သဘောမျိုးဘဲလေ။
ကျနော်သူ့ကိုဘယ်လိုတုန့်ပြန်ရင်ကောင်းမလဲ စဉ်းစားလိုက်တယ်။ စကားအနိုင်ယူချင်တဲ့စိတ်လည်း ကျနော့်မှာရှိတယ်။ ကျနော်သူ့ကို အခုလိုပြောလိုက်တယ်တယ်။
'' မင်း ငါ့ကို တကယ်ချစ်စေချင်လို့ပြောတာမဟုတ်ပါဘူး။ ငါ့ကို တကယ်ချစ်မချစ် သိချင်ရုံသက်သက်ပါဘဲ ။ ''
ကျနော် အဲ့လိုပြောတော့ ဒီကောင် ခပ်ဖွဖွရယ်တယ်။ ပြီးတော့ ကျနော့်ကို ခပ်တင်းတင်းပွေ့ဖက်နမ်းရှုံ့ရင်း
'' မင်းသိစရာ မလိုဘူး။ သူများသိအောင် ထုတ်ပြတတ်တဲ့အကျင့်ငါ့မှာမရှိဘူး။ ငါ့စိတ်ငါသိဖို့ဘဲလိုတယ်။ ''
လို့ပြောရင်း ကျနော့်ပါးကို ဖြစ်ညှစ်လိမ်ဆွဲလိုက်တယ်။
ဒီကောင်ရဲ့ပွေ့ဖက်နမ်းရှုံ့ပွတ်သပ်ကျီစယ်မှုတွေကြောင့် ကျနော့်ရဲ့ပြီးချင်စိတ်ကိုဘယ်လိုမှထိန်းမရတော့ဘဲ ခဏအကြာမှာဘဲ ကျနော်ပြီးသွားတော့တယ်။ ဒီကောင် အားမလိုအားမရဖြစ်သွားတယ်။
'' မင်းကလည်းကွာ ဘာမှတောင် မလုပ်ရသေးဘူး။ မြန်လိုက်တာ ''
'' မြန်မှာပေါ့။ မင်းက အပြုအစုအရမ်းကောင်းနေတာကို ''
ဒီတစ်ခါတော့ သူစိတ်ကျေနပ်အောင်ပြောလိုက်တယ်။
ခဏနေတော့ ကျနော်ရေအိမ်ဝင်လိုက်တယ်။
ရေချိုးရင်းကျနော်စဉ်းစားမိတာလေးနှစ်ခုရှိတယ်။
လူတစ်ယောက် ကိုယ့်ကို တကယ်ချစ်မချစ် sex လုပ်နေတဲ့အချိန်မှာလည်း ခန့်မှန်းကြည့်လို့ရနိုင်တယ်။ တကယ်ချစ်တဲ့သူက ညင်သာတယ်။ မနာကျင်စေရက်ဘူး။
homo တွေအတွက် အချစ်ဆိုတာ sex တစ်ခုနဲ့ ညီမျှခြင်းဖြစ်နေမယ်ဆိုရင် အဲ့ဒီညီမျှခြင်းမှာ ကိန်းဂဏန်းတစ်ခုတိုးပြီး အချစ်ကို တန်ဖိုးမြှင့်ကြည့်လိုက်မယ်။
ကျနော် ရေအိမ်က ထွက်လာတော့ ဒီကောင်မျိုးဆက် ကုတင်ပေါ်မှာ ကိုယ်တုံးလီးနဲ့ သူ့ဘာသာ masturbate လုပ်နေတယ်။
ဒီကောင့် ဘော်ဒီကို အဝေးကကြည့်တော့ ပိုပြီး sexy ဖြစ်နေသလိုဘဲ။
'' မင်း ရက်စက်တယ် တရုတ်လေးရာ ''
ဒီကောင်ထုရင်းနဲ့ပြောနေတယ်။
'' ဘာရက်စက်လို့လဲ ''
ကျနော်လည်း ရေသုတ်ရင်းပြန်မေးလိုက်တယ်။
'' မင်းပြီးတာနဲ့ ဒီတိုင်းးထသွားတာလေ။ ငါ့မှာတန်းလန်းကြီး ''
ကျနော်သူ့ကို သနားသွားတယ်။ သနားတယ်ဆိုတာထက် အားနာတယ်လို့ပြောတာက သူ့မာနကို ထိန်းသိမ်းရာရောက်ပါတယ်။
ဒါကြောင့် ကျနော် သူ့အပေါ်အားနာမိတယ်လို့ဘဲပြောမယ်။
ကိုယ်ချင်းလည်းစာတယ်။
သူအရင်ပြီးလို့ ထထွက်သွားမယ်ဆိုရင်လည်း ကျနော်ကြိုက်မှာမဟုတ်ဘူး။
Porn movie တွေထဲမှာတော့ အပြန်အလှန်ပြီးတဲ့အထိ ဆက်လုပ်ပေးကြတယ်။
အဲ့လိုယဉ်ကျေးမှုမျိုးကို ကျနော်လေးစားတယ်။
ဒါနဲ့ဘဲ သူ့ကုတင်ပေါ်ချက်ချင်းတက် သူ့ဘေးနားထိုင်လိုက်တယ်။
ပြီးတော့ ဘာလုပ်လဲမမေးနဲ့ ။ သူ့လီးကို ကိုင်လိုက်တယ်။ ပွတ်သပ်ချော့မြူပေးလိုက်တယ်။ အရပ်စကားနဲ့ ခပ်ရှင်းရှင်းပြောရမယ်ဆိုရင် ဂွင်းထုပေးလိုက်တယ်ပေါ့။
ဒီကောင်ဖီးတက်လာတယ်။
ခဏနေတော့ ကျနော့်ပုခုံးကိုဆွဲကိုင်ဖိချတယ်။ သူ့ cock နဲ့ ကျနော့်မျက်နှာထိလုထိခင်ဖြစ်သွားတယ်။
ဒီကောင်ကျနော့်ကို ဘာလုပ်ခိုင်းတာလဲ ကျနော်သိတယ်။ suck လုပ်ခိုင်းနေတာ။
sucking ပေးတိုင်းကျနော့်ကိုယ်ကျနော် ခံစားမိတာတစ်ခုရှိတယ်။ ဒီလိုလုပ်တာဟာ နိမ့်ကျတယ် တဏှာရဲ့ကျေးကျွန်လိုခံစားမိတယ်။
တစ်ဖက်မှာ သာယာတဲ့စိတ်လည်းဖြစ်တယ်။
အဲ့လို ဒွိဟဖြစ်တိုင်းလည်း ဒီလိုပြန်ဖြည်တတ်တယ်။
'' သာယာရင် လုပ်ပေးလိုက်။ လုပ်ချင်ရင် လုပ်ပေးလိုက်။ အားလုံးဟာ လူ့ခန္ဓာကိုယ်ရဲ့ body part အစိတ်အပိုင်းတစ်ခုဘဲ။ အဲ့ထက် ဘာမှ မပိုဘူး။ ဒီဟာက နိမ့်ကျတယ်ဆိုရင် ဘယ်ဟာက မြင့်မြတ်နေလို့လဲ။ နိမ့်ကျတယ် မြင့်မြတ်တယ်ဆိုတာ စိတ်ကိုဘဲတိုင်းတာရမှာ ။ ''
ဒီလိုတွေးပြီး sucking ပေးလိုက်တယ်။
sucking ဘယ်လိုပေးရတယ်ဆိုတာ ဒီကောင် ကျနော့်ကို ဆက်သင်ပေးတယ်။
ဒစ်ကို လျှာဖျားနဲ့ထိုးကလိခိုင်းတာ။ နို့စို့သလို ငုံရုံတင်မဟုတ်ဘဲ အားနဲ့စွဲစုပ်ခိုင်းတာ။ cock တစ်လျှောက်ထိုးကလိတာ။ ဥကိုပါ ငုံရင်း ပွတ်ပေးတာ အစုံပါဘဲ။
ဒီကောင် အရသာ တော်တော် ခံတတ်တဲ့ကောင်ဘဲ။
ကိုယ့်ကြောင့် တစ်ဖက်သားအရသာရှိတယ်ဆိုရင် ကျနော်ကျေနပ်ပါတယ်။
ကိုယ့်ကြောင့်သူများပျော်ရင် ကျနော်လည်းပျော်တယ်။
ခဏနေတော့ ဒီကောင် ကျနော့်ခေါင်းကို သူ့လက်နှစ်ဖက်နဲ့ကိုင်ရင်း သူ့စိတ်တိုင်းကျ အဝင်အထွက်လုပ်တယ်။
တဖြည်းဖြည်း သူ့စောင့်ချက်တွေပိုပြင်းလာတယ်။
အာခေါင်ကို မကြာခဏထောက်မိလို့ ကျနော့်မှာ အံချင်သလို ခဏခဏဖြစ်တယ်။
ဖင်ကို လုပ်သလို အားပါးတရလုပ်နေတာ။
သိပ်မကြာဘူး ။ ဒီကောင် တအားစောင့်ထိုးထည့်လိုက်တာ အာခေါင်ကို ဒိုင်းခနဲလာစောင့်တယ်။ ချက်ချင်းဘဲ ဒီကောင့်လီး ပိုကြီးသွားတယ်လို့ထင်ရတယ်။ ပါးစပ်ထဲပိုပြီးပြည့်ကျပ်သွားတယ်။ တဆတ်ဆတ် တုန်ခါမှုနဲ့အတူ ပူနွေးနွေး ငံကျိကျိ ချိုမြမြအရသာတွေခံစားမိလိုက်တယ်။ ဒီကောင် ကျနော့် ပါးစပ်ထဲမှာ အပြီးထုတ်လိုက်တာဘဲ။ ပြီးတော့ ဒီကောင် မောဟိုက်ငြိမ်ကျသွားတယ်။
ကျနော်လည်း ရေအိမ်ဝင်ပြီး သူ့သုက်ရည်တွေကို ထွေးထုတ်ပြစ်လိုက်တယ်။
(မှတ်ချက်။ ။ တစ်ချို့ကတော့ ချစ်တဲ့စိတ်နဲ့ သုက်ရည်ကို မြိုချတယ်။ တစ်ချို့ကတော့ အားရှိတယ်ဆိုပြီးမျိုချတယ်။ ကျနော် စဉ်းစားမိတာက သုက်ရည်ဆိုတာ အစာအိမ်နဲ့ အံဝင်ဂွင်ကျဖြစ်ပါ့မလား။ အာဟာရတစ်ခုအဖြစ် အစာအိမ်က လက်ခံပါ့မလား။ ဥပမာ လူတွေမှာ ထုံးဓာတ် သံဓာတ်လိုတယ်ဆိုပြီး ထုံးတွေ သံမှုန့်တွေကို တိုက်ရိုက်စားလို့မှမဖြစ်တာ။ ကျနော် ဆေးပညာရှင်မဟုတ်တော့ ကိုယ်တွေးနိုင်တဲ့ ရှု့ထောင့်က တွေးကြည့်တာ။ ကျန်းမာရေးဆောင်းပါးတစ်ခုမှာတော့ သုက်ရည်မှာ ကိုယ်ခံစွမ်းအားကို ကျစေတဲ့ ဓာတ်တစ်မျိုးပါလို့ မစားသုံးသင့်ဘူးလို့ဖတ်ဖူးတယ်။ ဒါပေမယ့် ဆေးပညာ တွေ့ရှိချက်တွေက ပြောင်းလည်းတတ်တော့ ဘယ်ဟာအမှန်ဆိုတာ မပြောနိုင်ပါဘူး။ fri တွေထဲမှာ ကျနော့်ထက်နားလည်တဲ့သူ ပါရင် ပညာကိုဝေမျှပေးပါ။)
ခဏနားပြီးတော့ သူနဲ့ကျနော် ရေချိုးခန်းကို အတူတူဝင်လိုက်တယ်။
bot ဘက်နီးတဲ့ ဟိုကောင်လှိုင်လေး ပြန်မလာသေးတော့ အပေါ်ထပ်မှာ သူနဲ့ကျနော်နှစ်ယောက်တည်း လွတ်လွတ်လပ်လပ်ပေါ့။
ရေချိုးခန်းထဲမှာ သူရောကျနော်ရော nude naked ပါဘဲ။
သူက ကျနော့်ကို ချေးတွန်းခိုင်းတယ်။ အပေါ်စီး မဆန်ဘဲ အကြင်နာအပြုံးနဲ့ ညင်ညင်သာသာလေးတောင်းဆိုတော့ ကျနော်လည်း ကျေကျေနပ်နပ်လုပ်ပေးမိတယ်။ ခြေဖျားကနေ ခေါင်းထိအကုန်ပေါ့။ ခါးလည်ပိုင်းတော့ အဓိကပေါ့။
ခ်ခ်။ သူကလည်း ကျနော့်ကို ပြန်လုပ်ပေးပါတယ်။
သိပ်ကို ကြည်နူးစရာကောင်းလေရဲ့။
လူတစ်ယောက်ဟာ sex မပါတဲ့အချိန် ဘယ်လောက်ကြင်နာတတ်သလဲဆိုတာကို ကျနော် မကြာခဏအကဲဖြတ်နေမိတယ်။
ဒီကောင်မျိုးဆက် sex ကိုလည်းပီပီပြင်ပြင်လုပ်တယ်။ sex ပြင်ပ အကြင်နာကိုလည်း အညင်သာဆုံးပေးတတ်တယ်။
ကျနော် အရမ်းပျော်ခဲ့တယ်။
ရေတစ်ခွက်ကို နှစ်ယောက်အတူ ပွေ့ဖက်ချိုးရတဲ့ အရသာလေးကိုလည်း ကျနော် ယစ်မူးခဲ့တယ်။
အဲ့ဒိလိုလေး ကျနော်တို့ ကဗျာဆန်ခဲ့ကြတယ်။
ဒါပေမယ့် ဒီအပျော် ဒီကဗျာလေးတွေ ဘယ်တော့ အဆုံးသတ်သွားမလဲဆိုတာ ကျနော်ကြိုမသိပါဘူး။
ကြိုပြီးတော့လည်း မတွေးချင်ပါဘူး။ ငိုမိမှာဆိုးလို့။
ကျနော့်ဘက်က အတတ်နိုင်ဆုံး ကြိုးစားကြည့်မှာဖြစ်ပေမယ့် ဒဏ်ရာတွေနဲ့ သူထားခဲ့မယ်ဆိုရင်လည်း ရင်နာနာနဲ့ လွမ်းနေရုံအပြင် ကျနော်ဘာမှ တတ်နိုင်မှာ မဟုတ်ပါဘူးလေ။
'' နှလုံးသားထဲ ဆူးဝင်နေတဲ့မြှားတစ်စင်း
နာကျင်စွာ ခံပြင်းလှလည်း
ဆွဲထုတ်ဖို့ ဝန်လေးနေမယ့်သူ။ ''
တစ်ခါတစ်လေမှာ ကျနော်ဟာ အဲ့လိုလည်း ရူးရူးမိုက်မိုက်ခံစားတတ်သူပေါ့။
ဆက်ရန် .....
ချစ်မိုးစွေ

မင်းလည်းယောက်ျား ငါလည်းယောက်ျား (၁၀)

ကျနော့်ဖင်ချဖို့တာဆူနေတဲ့မျိုးဆက် ကျနော့်နှုတ်ခမ်းတွေကို kiss ပေးရင်းစည်းရုံးနေပါတယ်။
ကျနော့်ကိုယ်မှာရှိတဲ့ အဝတ်တွေအကုန်လုံးကိုလည်း သူကိုယ်တိုင်ချွတ်ချပြစ်လိုက်တယ်။
အခုတော့ သူလည်း naked body ကျနော်လည်း nude ဘဲပေါ့။
အခန်းမီးပိတ်ထားတော့ မှောင်မဲတိတ်ဆိတ်မှုတွေက ကျနော့်လိင်စိတ်ကိုပိုပြီးနိုးကြားစေခဲ့တယ်။ အမှောင်ဟာ ကျနော့်အတွက် sex harmony ပါဘဲ။
(ဆက်စပ်ပြီးပြောရမယ်ဆိုရင် တစ်ချို့သော နက်နဲတဲ့ အသိပညာကို မှောင်မဲတိတ်ဆိတ်မှုတွေကဘဲ ကျနော်ရရှိခဲ့တယ်။ အဲ့ဒါကြောင့်အမှောင်ညတွေကို ကျနော်ချစ်တတ်ခဲ့တယ်။
ပညာရဲ့အရောင်ကို အနက်နဲ့ ကိုယ်စားပြုသလို Sex ရဲ့ အရောင်ကိုလည်း အနက်နဲ့ကိုယ်စားပြုတာ ဒါကြောင့်ဘဲနေမယ်။ )
(အချစ်နဲ့ ရဲရင့်ခြင်းအရောင်ကို အနီနဲ့ကိုယ်စားပြုတယ်။ အဲ့ဒါကြောင့်အနီနဲ့အနက်ဟာ ကျနော့်ကို အဓိပ္ပါယ်အများကြီးပေးစွမ်းနိုင်တယ်လို့ဆိုရမယ်။
မှတ်မှတ်ရရ အဲ့ဒိနေ့က ကျနော်ဝတ်ထားတာကလည်း အနီနဲ့အနက်ဘဲ။
အခုတော့ သူနဲ့ကျနော်ဟာ ဘာအရောင်မှလွှမ်းခြုံထားခြင်းမရှိတဲ့ nude အနေအထားပေါ့။ခပ်ဟော့ဟော့ အနေအထားလို့လည်းပြောနိုင်သလို အရိုးရှင်းဆုံးအနေအထားလို့လည်းပြောနိုင်ပါတယ်။
သူ ကျနော့်ကို kiss ပေးရင်း ကျနော့်ရဲ့ကျောပြင်ကိုပွတ်သပ်နေပါတယ်။ ရံဖန်ရံခါ ကျနော့်ဖင်ကို ပွတ်သပ်ဆုပ်ချေပါတယ်။ တစ်ခါတစ်လေမှာတော့ ကျနော့် ass ကို သူ့လက်ချောင်းလေးနဲ့ fingering လုပ်ပါသေးတယ်။ ကျနော့်မှာ မခံချိမခံသာ ခံစားရလွန်းလို့သူ့ကို သိုင်းဖက်ရင်း လူးလွန့်နေမိတယ်။
ကိုယ်တုံးလီး ပွေ့ဖက်နမ်းရှုံ့ပွတ်သပ်နေရတာ sex ကိုပိုပြီးသာယာစေတယ်။
အဲ့လို ပွေ့ဖက်နမ်းရှုံ့ရင်း သူက
'' this is what u want . rub it as u wish . ''
လို့ပြောပြီး ကျနော့်လက်ကိုကိုင်းပြီး သူ့cock ပေါ်တင်လိုက်တယ်။
ကျနော် နည်းနည်းရှက်သွားတယ်။
ဟုတ်တယ်လေဗျာ။ သူပြောတဲ့အဓိပ္ပါယ်က ' မင်းအလိုရှိတဲ့ ငါ့လီးကို မင်းကြိုက်သလို ကိုင်ပေတော့ ' လို့ဆိုလိုက်တာမျိုးဘဲ။
ရှက်ပေမယ့် ကျနော်မငြင်းပါဘူး။ ဘယ်င်ြင်းမလဲ ကိုင်ချင်နေတာကို။ သူ့ cock ကို အလိုက်သင့် rubbing လုပ်ပေးလိုက်တယ်။
အဲ့လိုလုပ်ပေးရင်း ကျနော် လှိုင်လေးမျက်နှာကို ရုတ်တရက်မြင်ယောင်မိတယ်။
လက်ရှိအနေအထားမှာ မျိုးဆက်အတွက် bot ဖြစ်နေတဲ့ကျနော့်ပုံစံကို လှိုင်းလေးမြင်သွားရင် ကျနော့်ပေါ်သာယာနိုင်ပါ့မလား။
နှစ်ဖက်ချွန် bisex စိတ် နဲ့ ver ဖြစ်နေတဲ့ကျနော်လေ။
homo တွေအတွေ့အကြုံများရင် ver ဖြစ်တတ်ပေမယ့် အတွေ့အကြုံမများဘဲ ver ဖြစ်နေတဲ့ကျနော် ကိုယ်အကြိုက်ဆုံးက ဘာလဲဆိုတာကို တစ်ခါတစ်လေဝေဝါးသွားတတ်တယ်။
တစ်ခါတစ်လေမှာတော့ ကိုယ့်ကိုယ်ကိုယ် ဒီလိုအားပေးလိုက်တယ်။
'' တကယ်တော့ ကျားဆိုတာလည်းမရှိဘူး မ ဆိုတာလည်းမရှိဘူး။ လုပ်သူနဲ့ခံသူသာဘဲရှိတယ်။ အဲ့လိုဘဲ top ဆိုတာလည်းမရှိဘူး bot ဆိုတာလည်းမရှိဘူး။ အပေးအယူ မျှတခြင်းနဲ့ အံဝင်ဂွင်ကျဖြစ်ခြင်းဘဲရှိတယ်။ ''
အံဝင်ဂွင်ကျဖြစ်စေခြင်းဟာ ကိုယ်နဲ့ဆက်စပ်နေသူတွေအပေါ် စိတ်ကျေနပ်မှုပေးနိုင်ပေမယ့် ကိုယ်ကိုယ်တိုင်ရော ကျေနပ်မှုရှိရဲ့လားဆိုတာကတော့ မေးခွန်းထုတ်စရာပါဘဲ။
ဘယ်လိုဘဲဖြစ်ဖြစ်
မင်းလည်းယောကျာ်း ငါလည်းယောကျာ်းပါ မျိုးဆက်ရာ။
လက်ရှိအနေအထားမှာ မင်းဟာ top ဆိုပြီး ငါ့ထက်ပိုပြီးသာနေတဲ့ဂုဏ်မရှိပါဘူး။
ဘာဖြစ်လို့လဲဆိုတော့ မင်းနဲ့ငါဟာ ကျားချင်းဘဲချစ်တတ်တဲ့ တူညီတဲ့အလွှာမှာ တစ်သားတည်းဖြစ်တည်နေလို့လေ။
မျိုးဆက်နဲ့ ကျနော် ကိုယ်တုံးလီး nude နဲ့ ပွတ်သပ်နမ်းရှုံ့တာတင် အချိန်အတော်ကြာသွားတယ်။
သူ့ရဲ့ရမ္မက်ဆန်ဆန် အနမ်းတွေက ကျနော့်ကိုပိုပြီး ရမ္မက်ထန်လာစေတယ်။
အပေးအယူမျှတယ်လို့လည်း ဆိုနိုင်တယ်။
ကြောင်ခံတွင်းပျက်နဲ့ ဇရက်တောင်ပံကျိုးတွေ့တာလို့လည်း ခပ်ရင့်ရင့်ဝေဖန်နိုင်တယ်။
ဘယ်လိုဘဲဖြစ်ဖြစ် ကျနော်တို့ မိုးမမြင် လေမမြင် ချစ်ခဲ့ကြတယ်။ တကယ်တော့ ချစ်ခဲ့ကြတယ်ဆို
တာထက် ဖြစ်ခဲ့ကြတယ်ဆိုတာက ပိုပြီးမှန်လိမ့်မယ်။ ဘာလို့လဲဆို ကျနော်တို့ တစ်ယောက်ကို
တစ်ယောက်ချစ်တယ်လို့ တစ်ခါမှမပြောခဲ့ဘူး။ ကျနော်တို့ရဲ့ ပက်သက်မှုဟာ အပြန်အလှန်
စိတ်ဝင်စားမှုပေါ်အခြေခံတဲ့ သာယာမှုအကောင်အထည်ဖော်ခြင်းသက်သက်ပါဘဲ။
တစ်ခါတစ်လေ စဉ်းစားမိတာတစ်ခုရှိတယ်။
homo တွေရဲ့အချစ်ဆိုတာ ချစ်တယ်ဆိုတဲ့စကားလုံးကိုပြောခွင့်မရလိုက်ဘဲ sex ကိုဘဲတိုက်ရိုက်
ဦးတည်သွားတာမျိုးလားပေါ့။
ဟုတ်တယ်လေ။ ယောက်ျားချင်းပက်သက်မှုဆိုတာက sex ဖြစ်ကြည့်မှဘဲ homo လို့သိခွင့်ရတာ
မျိုးမဟုတ်လား။ (အခုလို online တွေက သိရတာဆိုရင်တော့တစ်မျိုးပေါ့)
အပြင်လက်တွေ့ဘ၀က သိပြီးပက်သက်ကြတာဆိုတော့ straight တွေလို ချစ်တယ်ပြောပြီးမှ sex ဖြစ်ဖို့က အင်မတန်အခွင့်အရေးနည်းတယ်။
မချစ်ခင်က sex နေတာကြတာမျိုး။
straight တွေရဲ့ အချစ်က အချစ်ဆိုတဲ့လမ်းကို အရင်လျှောက်လှမ်းပြီးမှ ပန်းတိုင် sex ကိုရောက်
တာမျိုး။
homo တွေရဲ့အချစ်က sex ပန်းတိုင်းကို အရင်ရောက်ပြီးမှ အချစ်ဆိုတဲ့လမ်းကို ပြန်လှည့်ကြည့်မိ
တာမျိုး။
လမ်းမသိဘဲ ပန်းတိုင်ရောက်နှင့်နေတဲ့ homo အချစ်။
မောကြီးပန်းကြီးလျှောက်လှမ်းပြီးမှ ပန်းတိုင်ဘယ်နေမှန်းမသိတဲ့ straight တွေရဲ့အချစ်။
ယှဉ်ကြည့်ရင် ကိုယ်တွေက အမြင်သာလို့ အရင်ရောက်တယ်လို့ပြောနိုင်တယ်။ ခ်ခ်။
ကိုယ်တွေက ဟိုမိုဆိုတော့ ဒီလိုဘဲ ကိုယ့်ဘက်ယက်တွေးမှ ပြီးတော့ သူတို့ထက်သာအောင်ပြောနိုင်မှ ငနဲသား straight တွေ ကိုယ့်ပေါ်မကြောရဲမှာ။
တတ်နိုင်သလောက် ပြောင်ပြောင်မြောက်မြောက်တွေးပြီး ဒင်းတို့ကို ဖိနှိပ်ထားရမယ်။
ဝေဖန်ထိုးနှက်မှုတိုင်းကို တုန့်ပြန်နိုင်ဖို့ ဘက်ပေါင်းစုံက ဗဟုသုတ ရှာမှီးထားရမယ်။
ဘာသာရေး လူမှုရေး စိတ်ပညာ ဆေးပညာ ဘယ်ရှု့ထောင့်ကဘဲလာလာ ချေပနိုင်စွမ်းရှိနေရမယ်။
(ဒီစာကို straight တွေဖတ်မိရင် ကျနော့်ကိုဖြည်းဖြည်းဘဲ ဆဲကြနော်။ ခ်ခ်။ ကြောက်လို့တော့
မဟုတ်ပါဘူး။ မေတ္တာမပျက် ပက်သက်ချင်လို့ပါ။ မပက်သက်ရလည်း ကိစ္စမရှိပါဘူး။ ကျနော့်
ကြောင့်ဒေါသထွက်ပြီး ပင်ပန်းမှာ မဖြစ်စေချင်လို့ပါ။ အင်း...။ အဲ့လိုလေးလည်း ပြန်ဖြည်ဦးမှ ။ ခ်ခ်)
တကယ်တော့ straight တွေမှာလည်း sex ဖြစ်ပြီး အချစ်ဆိုတာ ဘာမှန်းမသိတဲ့အခြေအနေတွေ
အခုခေတ်ကြီးမှာအများကြီးပါဘဲ။ အဲ့ဒိရှူထောင့်ကတွေးလိုက်ရင်တော့ ဘာမှမခြားနားတဲ့
ညီမျှခြင်းတစ်ခုပေါ့။
straight တွေမှာ ချစ်တယ်ပြောဖို့အခွင့်အရေးရှိပါလျက် sex ကိုကြိုဖြစ်နေကြတာဟာ သဘာဝကပေးထားတဲ့အခွင့်အရေးကို အသုံးမချတတ်တာဘဲ။ ဒါဟာ သဘာဝကို ဆန့်ကျင်ရာရောက်
တယ်။
homo တွေကတော့ သဘာဝက ပေးထားတဲ့အခွင့်အရေးကိုမရလို့ မရတဲ့အတိုင်းနေလိုက်ကြတာ
ဆိုတော့ သဘာဝကိုဆန့်ကျင်ရာမရောက်ဘူး။ ဒီတော့ သဘာဝကျတယ်။
တကယ်တော့ ဟိုမိုအချစ်ဘဲဖြစ်ဖြစ် straight အချစ်ဘဲဖြစ်ဖြစ် ဘယ်ဒင်းက အရင်လာလာ
အပြန်အလှန် တန်ဖိုးထား အပေးအယူမျှတ သစ္စာနဲ့ထာဝရကာရံထားမယ်ဆိုရင် ပြီးပြည့်စုံတဲ့
အချစ်ကိုရမှာပါဘဲ။ မက်မောအားကျစရာဖြစ်နေမှာပါဘဲ။
အကြင်နာ မဖက် သစ္စာပျက်ရင်တော့ ဘယ်လိုအချစ်ဘဲဖြစ်ဖြစ် ပြစ်တင်စရာဖြစ်နေမှာပါဘဲ။ မက်မောအားကျစရာမရှိပါဘူး။
ဘယ်လိုလူတန်းစားတွေရဲ့အချစ်ဘဲဖြစ်ဖြစ် လူသားချင်း ချစ်နေကြတယ်ဆိုတာ မုန်းနေကြတာ
ထက် ပိုကောင်းပါတယ်။
လက်ရှိအခြေအနေမှာ မျိုးဆက်နဲ့ကျနော်ရဲ့ ချစ်တင်းနှောမှုကို straight တစ်ယောက်ယောက်က
မြင်ပြီး ကဲ့ရဲ့ပြစ်တင်မယ်ဆိုရင် ပြောဖို့စကားတွေ ကျနော်အသင့်ပြင်ထားတယ်။
ဒါကိုဘဲ တစ်စုံတစ်ယောက်က
“ မင်းတို့ဟာက သဘာဝမှမကျတာကွာ။ ယောက်ျားချင်းချစ်နေ လုပ်နေကြတာကွ...”
လို့ပြောမယ်ဆိုရင်တော့ ကျနော်ဒီလိုဘဲပြောလိုက်တော့မယ်။
“ naturalism is naturalism. unnaturalism is naturalism because all are created by
nature. ''
သဘာဝဟာ သဘာဝဖြစ်သလို သဘာဝမကျတာကလည်း သဘာဝတစ်ခုပါဘဲ။ ဘာလို့လဲဆိုတော့ အားလုံးကို သဘာဝကဘဲဖန်တီးထားတာမို့ပါ။

ဆက်ရန်
ချစ်မိုးစွေ

Sunday, June 14, 2015

မိန်းကလေးဓါတ် နည်းနည်းပါတဲ့ ကိုကိုတို့ ရာသီခွင်

ကြည့်လိုက်ရင်တော့ ယောင်္ကျားကြီးဖြစ်ပင်မဲ့လည်း မိန်းကလေး ပစ္စည်းလှလှလေးတွေကို တွေ့ရင် ကိုင်ချင်၊ ကြည့်ချင်၊သုံးချင်တဲ့ ယောင်္ကျားလေးတွေလဲရှိပါလိမ့်မယ်။
ယောင်္ကျားပီသသလို မိန်းကလေးနည်းနည်းဆန်တဲ့ ယောင်္ကျားလေးတွေက ရာသီခွင်အလိုက် ဘယ်လိုရှိမလဲဆိုတာကို ကြည့်လိုက်မယ်နော်။
၀၁. ကရကဋ်ရာသီ (Cancer) : ဇွန် ၂၁ ရက်မှ ဇူလိုင် ၂၀ ရက်အတွင်း
သူကတော့ အိမ်ကိစ္စဆိုရင် အကုန်နိုင်တယ်။ ဟင်းချက်တာကအစ၊ သိုးမွေးပဲထိုးထိုး အားလုံးကို လုပ်နိုင်တယ်။ မိန်းကလေးဘက်ကကြည့်ရင် အိမ်ကိစ္စတွေကို အကုန်လုပ်ပေးနိုင်တဲ့အတွက် အားကိုးရမဲ့သူပါ။ နည်းနည်းမိန်းကလေးဆန်တယ်လို့ ထင်ရပင်မဲ့လည်း အပြင်ပိုင်းကြည့်ရင်တော့ ယောင်္ကျားကြီးပါ။
၀၂. တူရာသီ (Libra) : စက်တင်ဘာ ၂၃ ရက်မှ အောက်တိုဘာ ၂၂ ရက်အတွင်း
အလှဆိုတာ မိန်းကလေးတွေအတွက်ပဲမဟုတ်လို့ စဉ်းစားသူပါ။ အလှအပနဲ့ပတ်သက်လို့ကတော့ အားလုံးသူ့ဆီမှာရှိတတ်ပါတယ်။ ညမနက်ရောက်ပြီဆိုရင် သေသေချာချာကို အသားအရေကို ထိန်းသိမ်းတာတွေကို လုပ်ပါတယ်။ Hand Creamဆိုရင်လည်းဆောင်ထားတတ်ပါတယ်။ ပိတ်ရက်ဆိုရင် Spa တို့ဘာတို့ကိုသွားပြီး အလှအတွက်ဆိုရင်တော့ အားတက်သရော ရှေ့တန်းကပါ။
၀၃. မိန်ရာသီ (Pisces) : ဖေဖော်ဝါရီ ၁၉ ရက်မှ မတ်လ ၂၀ ရက်အတွင်း 
သူကတော့ အရမ်းကို ခံစားတတ်တဲ့သူ တစ်ယောက်ပါ။ ရုပ်ရှင်ကြည့်ပြီဆိုရင်လည်း အချစ်ကားမှ ရွေးကြည့်တတ်ပြီး အပျိုလေးတစ်ယောက်လို ဇာတ်ကောင်းခန်းရောက်ရင် သူလည်း ငိုနေတတ်ပါတယ်။ သူနဲ့အတူကြည့်နေတဲ့ မိန်းကလေးရှိရင် ရုပ်ရှင်ပြီးသွားလို့ကတော့ အဲဒီအခန်းအရမ်းကို ကောင်းတာပဲနော်လို့ ဝေဖန်ရေးတွေ စတင်တော့မှာပါ။ မိန်းကလေးစိတ်ကို နားလည်သောသူ ဖြစ်ပါလိမ့်မယ်။
၀၄. ပြိဿရာသီ (Taurus) : ဧပြီ ၂၁ ရက်မှ မေ ၂၀ ရက်အတွင်း
အိမ်ရှေ့မှာ အသီးအရွက်တွေ၊ ပန်းလှလှလေးတွေကို စိုက်ထားပြီး ပန်းအလှကို ခံစားတတ်ပါလိမ့်မယ်။
၀၅. မေထုန်ရာသီ (Gemini) : မေ ၂၁ ရက်မှ ဇွန် ၂၀ ရက်အတွင်း
Message တွေပို့ရင် ပုံလှလှလေးတွေချည်းပဲ ပို့ရန် သဘောကျသောသူ ဖြစ်ပါလိမ့်မယ်။
၀၆. ကန်ရာသီ (Virgo) : သြဂုတ် ၂၂ ရက်မှ စက်တင်ဘာလ ၂၂ ရက်အတွင်း
မိန်းကလေးတွေကိုင်တဲ့ အိတ်သေးသေးလေးတွေကို သူသုံးရတာ သဘောကျလိမ့်မယ်။
၀၇. ကုမ်ရာသီ (Aquarius) : ဇန်နဝါရီ ၂၀ ရက်မှ ဖေဖော်ဝါရီ ၁၈ ရက်အတွင်း
မိန်းကလေး မဂ္ဂဇင်းဆိုရင် မိန်းကလေးတွေထက်တောင် သူကပိုပြီး သိပါလိမ့်မယ်။
၀၈. ဗိစ္ဆာရာသီ (Scorpis): အောက်တိုဘာ ၂၃ ရက်မှ နိုဝင်ဘာ ၂၂ ရက်အတွင်း
အရုပ်တွေ၊ ဝတ်ဝံရုပ်လေးတွေကို အခန်းထဲမှာ အများကြီးစုထားပြီး ဒီအရုပ်လေးတွေကို ကြည့်နေရတာ ကျေနပ်တယ်။
၀၉. ဓနုရာသီ (Sagittarius) : နိုဝင်ဘာ ၂၃ ရက်မှ ဒီဇင်ဘာ ၂၀ ရက်အတွင်း
ကိုယ်ချက်ထားတဲ့ ဟင်းလေးတွေကို ဓါတ်ပုံရိုက်ပြီး ချက်ချင်း FB သို့တင်လေ့ရှိပါတယ်။
၁၀. မိဿရာသီ (Aries) : မတ် ၂၁ ရက်မှ ဧပြီ ၂၀ ရက်အတွင်း
အိမ်အလုပ်များ ယောင်္ကျားလေးအလုပ်မဟုတ်လို့ ခံယူထားပြီး ဘာမှ မလုပ်ချင်ပါ။
၁၁. သိဟ်ရာသီ (Leo) : ဇူလိုင် ၂၁ ရက်မှ သြဂုတ် ၂၁ ရက်အတွင်း
အသေးစိတ်တဲ့အလုပ်တွေဆိုရင် မုန်းတာကြောင့် မိန်းကလေးတွေကို ဘာမှမကူညီပါ။
၁၂. မကာရရာသီ (Capricorn) : ဒီဇင်ဘာ ၂၁ ရက်မှ ဇန်နဝါရီ ၁၉ ရက်အတွင်း
အချက်အပြုတ်ဆိုတာ မိန်းကလေးတွေရဲ့အလုပ်လို့ သူထင်ပုံရပါတယ်။ အခန်းထဲမှာဆိုလည်း မိန်းကလေးဆန်တဲ့ပစ္စည်းဆိုရင် ဘာမှကို မထားပါ။
သူတို့က အချစ်ရေးမှာ တက်တက်ကြွကြွရှိပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ယောင်္ကျားကောင်းကြီးတွေပါ။ တစ်ခုပဲ မိန်းကလေးဆန်တဲ့အပိုင်းလေးတွေရှိနေတတ်လို့ နားလည်ပေးလိုက်ပါ။
Chelmo Team
Credit. cocoloni
Credit Photo.cocoloni

B ကိုကိုများအတွက်.... :P

အဲ့လောက်ဆို အဆင်ပြေရဲ့လား ဗျ..... :P




Monday, June 8, 2015

A night with three unknown guys

မှတ်မှတ်ရရ
ကျောင်းတွေပိတ်ထားတဲ့ December ညတစ်ည
ရည်းစားနဲ့ ပြတ်ပြီး အသည်းကွဲပြီး စိတ် လေ နေတဲ့ အချိန်
ကျောင်းက သူငယ်ချင်းတချို့နှင့် ကျုံးထောင့်က paradise beer ဆိုင်မှာ beer သောက်ဖြစ်သည်
straight သူငယ်ချင်းတွေ ကြားထဲမှာ ခံစားချက်ကို မနည်းမြို သိပ် ခဲ့ရသည်
ပြီးတော့ ကျုံးဘေးတလျှောက် တစ်ယောက်ထဲ ဆိုင်ကယ် ပတ်စီးသည်
ကျုံးမြောက်ထောင့်ရောက်တော့ အေ တာ် မူးလာလို့ ဆိုင်ကယ်ကို ကျုံးဘေးမှာ ခဏ ရပ်လိုက်သည်

ပြီးတော့ ကျုံးဘေးရှိ အုတ်ခုံလေးမှာ အေးဆေး ထိုင်နားနေသည် အဲအချိန်မှာ
ရေဘူးတဘူး လာကမ်းပေးတာကို ကျွန်တော်တွေ့လိုက်သည်
"ဘော်ဒါ မင်း ကြည့်ရတာ တော်တော်မူးနေတဲ့ပုံပဲ တစ်ယောက်ထဲလားဟ"
ကျနော် ပြောရမှန်းမသိခင် သူကပဲ ဆက်ပြီး
"အော် Sorry ငါမင်းမူးနေတာတွေ့လို့ကူညီတာပါ
ငါ့နာမည် Dean ပါ မင်းနာမည်က???"
"စိုင်းသီဟ"
"ok ငစိုင်းပေါ့ ဘော်ဒါ
မင်းက ဘယ်ကို ပြန်ရမှာလဲ"
ကျနော် ဘာပြောမှန်းမသိဖြစ်ပြီး
အရပ်ရှည်ရှည် အသားဖြူဖြူနဲ့ ကျစ်လစ်တဲ့ ခန္ဓာကိုယ်တစ်ခုကို ပိုင်ဆိုင်ထားတဲ့ Dean ကို ကျိပြီး တခုပြောထွကိမိသွားတယ်
" မင်း ငါနဲ့ Date မလို့လား"
"woo . . . . . Hak hak
ငါ မင်းကို စည်းရုံးဖို့ ခက်ခဲမယ်ထင်ထားတာကွ မင်းက ပွင့်လင်းတော့ အဆင်ပြေတာပေါ့ Ok??? "
မျက်စိတချက်ပစ်ပြပြီးပြောလိုက်သော Dean မျက်နှာကို ကြည့်ပြီး ကျွန်တော် အာခေါင်တွေ ခြောက်ကပ်လာသည်
ဟုတ်ပါရဲ့ အချစ်ကို ကိုးကွယ်ပြီး သစ္စာတရားရဲ့ သားကောင်ဖြစ်နေခဲ့တာ ကြာပြီ ပဲ . . . . .
"Ok ဘော်ဒါ ဘာတွေ စဉ်းစားနေလဲ
စိတ်ချပါကွ မင်းကို ဒုက္ခမပေးပါဘူး
ငါ့ အိမ်မှာ လွတ်လပ်ပါတယ်
မင်းခဏလိုက်ခဲ့ယုံပဲ"
"ငါ . . ."
"စိတ်ချပါ မင်းကို ဒုက္ခမပေးပါဘူး
မင်းအတွက် ကျေနပ်မှာပါ "
ကျွန်တော်တို့ သဘောတူညီချက်ရပြီး Dean ရဲ့အိမ်ကို လိုက်သွားသည်
၂၆B လမ်းမကြီးတစ်လျှောက် ပြင်ဦးလွင် အတက်လမ်းဖက်ကို ကျွန်တော် မ၀ံ့မရဲ လိုက်လာသည်
သူ့အိမ်ရောက်တော့ ကျနော့်ဆိုင်ကယ်ကိုခြံထဲ မှာ ထားစေသည်
ပြီးတော့ ကျွန်တော့်ကို အိမ်အပေါ်ထပ်ရှိ အခန်းထကို ခေါ်သွားသည်
ပြီးတော့ အခန်းထဲကို Dean အပြင် လူနှစ်ယောက် ၀င်လာသည်
ဘုရားရေ ကျွန်တော့်ကို ဘာလုပ် ကြမလို့လဲ မသိ
"Dean သူတို့က "
"ဘော်ဒါ ကြိုက်မှာပါ "
"ကျန်တော် တခါမှ မလုပ်ဖူး. . . "
စကားမဆုံးခင် ကျွန်တော့်နှုတ်ခမ်းကို Deanက ဆွဲ နမ်းလိုက်သည်
နူးညံ့လှတဲ့ အထိအတွေ့အောက်မှာ ရုန်းကန်ခြင်းနှင့် ငြင်းဆန်မှုတို့ပျောက်ဆုံးသွားသည်
နှုတ်ခမ်းကို ဆွဲစုတ်ရင်း နားဖျားလေးကို အသံတိုးတိုးလေးဝင်ရောက်လာသည်
R u alright??
ကျွန်တော်ထပ်ပြီး သိလိုက်ရသည်က
နောက်ထပ်လူနှစ်ယောက်နာမည်က
ရွှေကိုနဲ့ မင်းထက်
* * * * * * * *
Dean က ကျွန်တော်နှုတ်ခမ်းကို ဆွဲ နမ်းလိုက်သည်
အဲအချိန်မှာ မင်းထက်နဲ့ ရွှေကိုက ကျွန်တော့် လည်တိုင်တစ်လျှောက်ကို လာနမ်းသည်
ကျွန်တော့် အကျီင်္ကို ချွတ်ပေးပြီး
ကျွန်တော့်နီရဲနေတဲ့ နို့သီးခေါင်းကို မင်းထက်က စုတ်ပေးနေသည်
အားးးးးးးးး
ကျွန်တော်နှုတ်ခမိးမှာတော့ မွတ်သိပ်လာတဲ့ Dean ရဲ့ အနမ်းတွေ . . . . .
တဖြည်းဖြည်းနဲ့ ကျွန်တော့်ရဲ့ ဘောင်းဘီကို ချွတ်လိုက်ပြီး ရွှေကိုက pre-cum တွေ ရွှဲနေတဲ့ ကျွန်တော့် ညီလေးကို စနမ်းလိုက်သည်
Wooo အရမ်း ကောင်းတယ်ဗျာ
အလိုက်သင့်ပဲ ကျွန်တော့်ရဲ့ပါးစပ်ထဲကို ကြီးမားပြီး အ ကြောတွေ ထောင်နေတဲ့ Deanရဲ့ ညီဘွားက ၀င်ရောက်လာသည်
ကျွန်တော် တဖြည်းဖြည်းနဲ့ Dean ညီဘွားကို စုတ်ပေးနေချိန်မှာ ရွှေကို စုတ်ချက်တွေက ပြင်းထန်လာပါတယ်
မင်းထက်ကလဲ ကျွန်တော့်နို့သီးခေါင်းလေးတွေကို စုတ်ပေးနေသည်မှာလဲ အကျွမ်းတ၀င် . . . . .
ခဏ ကြာတော့ ကျွန်တော့်ရဲ့ ခရေ၀ကို မင်းထက်ရဲ့ လက်က လာစမ်းသည်
ပြီးတော့ gel အနည်းငယ်နဲ့ လာသုတ်ပေးသည်
Dean က ကွိုင်တစ်ခုကို စွပ်လိုက်ပြီး ကျွန်တော့် ခရေ၀ကို သူရဲ့ ငပဲနဲ့ လာထောက်သည်
အဲအချိန်မှာ ၅လက်မကျော်ကျော်ရှိတဲ့ မင်းထက်လီးက ကျွန်တော်ပါးစပ်ထဲကို ၀င်ရောက်လာပါတယ်
ရွှေကိုက ကျွန်တော် ခန္ဓာကိုယ်အနှံကို အနမ်းတွေ ပေးရင်းပေါ့. . .
အားးး ကျွန်တော့် ခရေထဲကို ပူနွေးမာကြောတဲ့ Dean ရဲ့ ညီဘွားက အတင်း ၀င်ရောက်လာတယ် အားးးးးးးး
ကျွန်တော့် ညည်းသံကို မင်းထက်ရဲ့ငပဲက ပျောက်စေခဲ့တယ်
စုတ်မှုတ်ပေးနေတဲ့ မင်းထက်လီးကလဲ အစွမ်းကုန်မာလာတယ်Dean ရဲ့ ဆောင့်ချက်တွေက အရမ်းကောင်းလာတယ်
ဖွတ် ဖွတ် ဖတ် ဖတ်
အ အားးး အားးး shit
ကောင်းတယ်ကွာာာာာာ
ခဏနေတော့ ကျွန်တော့်ကို ပက် လက် လှဲ နေစေပြီး
ကွိုင်တခုကို စွပ်ပေးလိုက်တယ်
ပြီးတော့ ရွှေကိုက တဖြည်းဖြည်းချင်းထိုင်ချလိုက်တယ်
wooo.ကြပ်သိပ်နေတဲ့ ခရေ၀ထဲကို ကျွန်တော့်ငပဲက တဖြည်းဖြည်းချင်း ၀င်ရောက်လာတယ်
အဲအချိန်မှာ အလစ်မပေးဘဲ ကျွန်တော့်ပါးစပ်ထကို Dean က သူ့ငပဲကို စုတ်စေတယ်
ပြီးတော့ ကျွန်တော့်ခြေထောက်ကို ကားစေပြီး
မင်းထက်ရဲ့ ငပဲက ၀င်ရောက်လာတယ်
အားးးး ရှေ့နောက် အပြည့်နဲ့ versatile တစ်ယောက်ရဲ့ feeling က ပြော မတတ်ပါပဲဗျာ
အားးးး အားးးးးးးးးး ကောင်းတယ်
shit ဆောင့်ချက်တွေက အပေါ်ကော အောက်ကကော မြန်ဆန်နေချိန်မှာ
Dean ရဲ့ ငပဲကလဲ ကျွန်တော့်ပါးစပ်ထဲမှာ အလိုက် သင့်
အ. . . .ကောင်းတယ်ဗျာ
ရှီးးးးး အားးးး
ဖတ် ဖတ် ဖတ် ဖတ်
ခဏနေတော့ ကျွန်တော့် ခရေ၀ဟာ အရမ်းကို တင်းကြပ်လာပြီး မင်းထက်ရဲ့ ငပဲက အစွမ်းကုန်မာလာတော့တယ်
အားးး ငါပြီးပြီ ဆိုတဲ့ ညည်းသံ နဲ့အတူ
မင်းထက်ရဲ့ သုတ်သွေးတွေ ကျွန်တော့် ခရေထဲကို ပန်းထုတ်လိုက်တယ်
ခဏနေတော့ မင်းထက်ငပဲကို ထုတ်လိုက်ပြီး
Dean က ရွှေကို ကို ပက် လက် လှဲ အိပ်စေတယ်
ကျွန်တော် ကျွန်တော့်ငပဲကို အသာတေ့ပေးပြီး ရွှေကို့ ခရေထဲကို ၀င်ရောက်စေတယ်
ပြီးတော့ ကျွန်တော့်နောက်ကနေ Dean ရဲ့ ငပဲကြီး ၀င်ရောက်လာတယ်
လှေလှော်ပြီး ကျွန်တော့်တာထွက် ကို ပြန်လည် စတင်လိုက်သည်
အ အားးးးး
ကျွန်တော့်ငပဲကိုရွှေကို ခရေထဲ သွင်းပြီး
ပြန်ထုတ်ချိန်မှာ Dean ရဲ့ ငပဲက ကျွန်တော့် ခရေ၀ထဲကို အလိုက်သင့် ၀င်ရောက်လာတယ်
အ အားးးးး မိုက်တယ်ဗျာ
ကျွန်တော်ဘ၀မှာ တခါမှ မခံစားဘူးတ့ feel တမျိုးပဲဗျ
အ အားးး အားးးးး shittttt
ဖတ် ဖတ် ရှီးးးးးးး
ခဏကြာတော့ Dean ရဲ့ ဆောင့်ချက်တွေက ပိုမို မြန်ဆန်လာပြီး ညည်းသံတွေက ပိုမို ကျယ်လောင်လာခဲ့တယ်
အားးးးး ထွက်တော့မယ် အားးးး
Dean ရဲ့ ငပဲက အစွမ်းကုန် မာပြီး ကျွန်တော့်ခရေထဲကို အစွမ်ကုန် ပန်းထုတ်လိုက်ချိန်မှာပဲ
ကျွန်တော်လဲ ရွှေကို့ကို အမြန်ဆောင့်ပြီး
အာာာားးးးးး ကျွန်တော် လဲ ပြီးပြီ
ကျွန်တော် ခရီးဆုံးသို့ရောက်သွားတော့တယ်
ရွှေကိုကလဲ ဘယ်အချိန်ကပြီး နေမှန်းမသိ
ခဏကြာတော့ မောလိုက်လာကာ
အိပ်ပျော်ခြင်းသို့ရောက်ရှိသွားတော့တယိ
အမည်မသိလူ၃ယောက်နဲ့ sex လုပ်ရခြင်းအတွက် တော့ ကျွန်တော့်နောင်တမရမိတော့
တကယ်လို့ တရေးနိုးလို့ သူတို့က အဆင်သင့်ဖြစ်နေရင်တောင် ငြင်းဆန်မိတော့မည် မထင်မိတော့ . . . . .

Thanks u

Saturday, June 6, 2015

ဆောင်းမိုးနှင့်သာ မျှောတော့သည် ...........

   ယောယုံတောင် ကမ်းပါးစောင်း၏ ထိပ်စွန်းပိုင်းမှ လွယ်ဂျယ်မြို့ကလေးသို့ နွေမိုးသက် စီးမိုးကြည့်လိုက်မိ
ပေမယ့် နံနက်လေးနာရီဆိုသော အချိန်အခါကြောင့် တောင်ခြေနားက နယ်စပ်မြို့ကလေးသည် မီးရောင်မှိန်ပျပျ
ကလေးနှင့်သာ မြင်နေရပါသည်။
          ခပ်လှမ်းလှမ်းအထိ လှမ်းကြည့်မယ်ဆိုရင်တော့ မီးတွေထိန်လင်းနေသည့် တရုတ်ပြည် ကြမ်းဖုန်းမြို့ကိုတော့လှမ်းမြင်ရသား…။ သို့ပေမယ့် နွေမိုးသက် လှမ်းမကြည့်ရဲတော့ပါဘူး….။
          " ဟူး……. "
          အေးလွန်းသဖြင့် လေကိုမှုတ်ထုတ်လိုက်တော့ နှုတ်ခမ်းဝမှ နှင်းငွြေ့ဖူဖြူတွေသည် ညမှောင်မှောင်မှာ သိသိသာသာကြီးပင် လွှင့်ဝဲသွားကြပါတော့သည်။
          " လွမ်းတယ် မင်းမြူရိပ်ရာ…..ငါမင်းကိုအရမ်းလွမ်းတယ်…. "
ဟု သူ့နှုတ်မှ မကျေမနပ် ညည်းလိုက်မိသည့်အခါ သူ့မျက်ဝန်းတို့က အလိုလိုစိုစွတ်လာခဲ့၏။
ဟုတ်တယ်။ တရုတ်မြန်မာ နယ်စပ်မြို့ကလေးဖြစ်တဲ့ လွယ်ဂျယ်မြို့ကလေးနဲ့ ဟိုဘက်က ခြံစည်းရိုးကလေးသာ ခြားထားသည့် တရုတ်ပြည် လိုင်းရိုင်းမြို့ကလေးတို့ဆီမှ ညအချိန် ပျှံ့လွှင့်လာသည့် မီးရောင်တို့ကို သည်လိုအချိန် သည်လိုအခါမျိုးမှာ ကြည့်ရခြင်းကို မင်းမြူရိပ်က တရှိုက်တမက် နှစ်သက်ခဲ့သောကြောင့် မနက်လေးနာရီဆိုသော အချိန်
အခါတိုင်း သူတို့နှစ်ယောက်သား ဆိုင်ကယ်နှင့် သည်တောင်ကုန်းပေါ်သို့ စဉ်ဆက်မပြတ် တတ်နေကြခြင်းပါလေ…။
          ကိုယ်ကိုယ်တိုင် ဆိုင်ကယ်မောင်းရမှ ကျေနပ်တတ်သည့် မင်းမြူရိပ်ကြောင့် နောက်ကနေလိုက်ရင်း သူ့ခါးလေးကို တင်းတင်းကျပ်ကျပ်ဖက် ၊ သူ့ကျောကုန်းကလေးကိုမှီပြီး ကြည်နူးစွာဖြင့် အနောက်မှ အမြဲတမ်းလိုက်စီးရသော နွေမိုးစက်သည်
          " ငါ အမြဲတမ်း…. မင်းနဲ့ဒီလိုလေးပဲ နေချင်လိုက်တာ မင်းမြူရိပ်ရာ…. "
ဟု ပြောလိုက်တိုင်း မင်းမြူရိပ်က ဆိုင်ကယ်အား ခက်ခက်ခဲခဲမောင်းနေရင်းမှ လက်တစ်ဖက်ကိုလွှတ်ပြီး သူ့ခါးကိုဖက်တွယ်ထားသည့် နွေမိုးစက်၏ လက်ချောင်းကလေးတွေအား ခပ်ကျစ်ကျစ်ကလေးပြန်လည်ဆုပ်ကိုင်လာတတ်သည်။
          လွယ်ဂျယ်မြို့ကလေးကနေ သူတို့တက်မည့်ယောယုံတောင်ကုန်းအထိသည် လမ်းက အတက်တွေချည်းသာ
ရှိ၏။ ပြေပြစ်သော လမ်း ဆိုသည်ကရှားပြီး မတ်စောက်သော အတတ်တွေက ပို၍ပင်များလေသည်။ သည်ကြားထဲအကွေ့အကောက်တွေကလည်း လမ်းဖြေင့်ဆိုသည့်နေရာတွေ မရှိလောက်အောင်ကိုပင် ရှားပါသေးသည်။သူတို့လွယ်ဂျယ်မြို့ကထွက်ရင်အတက်ခရီးကယောယုံအထိမဟုတ်ပါဘူး။ ယောယုံကအစပဲ
ရှိပါသေးတယ်။ တကယ်တော့တောင်တက်တွေက စိန်လုံတောင်အထိရှိတာပါ။ စိန်လုံဟိုဘက်ဆိုရင်တော့ ကျောက်စခန်းကျေးရွာအထိက လမ်းဆင်းတွေချည်းသာ ရှိတော့သည်။ကျောက်စခန်းကနေ မိုးမောက်မြို့အထိဆိုလျှင် သိပ်မလှမ်းတော့ဘဲ မိုးမောက်ကနေ
ဗန်းမော်မြို့ကိုဆိုလျှင် ကိုးမိုင်လောက်သာ ဝေးတော့ပေသည်။
          ထို့ကြောင့် ဗန်းမော်မြို့ကနေ တရုတ်၊မြန်မာ နယ်စပ်မြို့ဖြစ်တဲ့ လွယ်ဂျယ်မြို့ကလေးကိုလာတဲ့ ခရီးသည်တင်ကား ၊ ဆိုင်ကယ်တွေဟာ လမ်းခလယ်လည်းဖြစ် ၊ တောင်ထိပ်လည်းဖြစ်တဲ့ စိန်လုံရွာကလေးမှာ ထမင်းစားနားကြ၊ကားဘီးရေလောင်းကြ လုပ်တတ်ကြ၏။ကျောက်စခန်းမှ စတတ်လာတဲ့ကားတွေဟာ ပထမတစ်ရစ်အနေနဲ့ လော့းဒန်ရွာကလေးမှာနားကြပြီး.. ထို့နောက် စိန်လုံအထိ ငယ်သံပါသည့်စက်သံကြီးတွေနှင့်ထပ်တက်၊ စိန်လုံ ဟိုဘက်ရောက်တော့မှ ဘရိတ်ကလေးသာသုံး ဂီယာကြီးသာထိုးပြီး ဆင်းတော့တာ။ယောယုံတောင်စွယ်ကနေ တရုတ်ပြည်ကို အပေါ်စီးမှ လှမ်းမြင်ရပြီဆိုလျှင်တော့ ဆိုင်ကယ်တွေဆိုလျှင် သော့ပိတ် ဂီယာဖြုတ်ပြီး သည်အတိုင်းတောင်လွယ်ဂျယ်
မြို့အထိလှိမ့်ချလာလို့ရပြီလေ။ဟိုဘက်ဆိုလျှင်တော့ လော့ဒန်ကျေးရွာကနေ ကျောက်စခန်းအထိပေါ့…။ဒါပေမယ့်
လမ်းကသတိတော့ထားရတယ်…။ တစ်ဖက်က ကမ်းပါး တစ်ဖက်က နက်နဲသည့်ချောက်တွေနှင့်မို့ပါ။
          မင်းမြူရိပ်ကလည်း ယောယုံကနေ လွယ်ဂျယ်ကို အမြဲတမ်းပဲဆိုင်ကယ်နဲ့လှိမ့်ဆင်းတတ်တာလေ။အဲ့ဒီ Felling ကို သူက အရမ်းကြိုက်သည်တဲ့။
          သူနဲ့မင်းမြူရိပ်တို့နှစ်ယောက်သား ယောယုံတောင်ထိပ်မှာထိုင်ပြီး ကြမ်းဖုန်းမြို့ကြီးက မီးရောင်တွေကိုကြည့်ပြီး စကားတွေပြောနေလိုက်ကြတာ တစ်ယောက်တစ်လှည့်စီ ခပ်တင်းတင်းဖက်ရင်း ၊ တစ်ခါတစ်ရံမှာ ညှင်သာ ဖွရွတဲ့ အနမ်းကလေးတွေ ကိုယ်စီပေးရင်းပေါ့…။
          " ဟင်း….. "
          နွေမိုးစက် သက်မတစ်ချက်ကို ခေါင်းမော့ကိုရှိုက်လိုက်တော့ မျက်ရည်စီးကြောင်းနှစ်ခုက နားထင်အစုံသို့အသံတိတ်ဖြတ်ပြီး စီးဆင်းသွားကြပေသည်။
          ရောင်နီကလေးပျို့လာတော့ ပတ်ဝန်းကျင်ကို သဲသဲကွဲကွဲမြင်လာရသည့်အခါ စတော်ဘယ်ရီသီးအရိုင်း(Yello BERRY)လို့သူတို့ဘက်ကခေါ်သည့် ချဉ်ပြုံးပြုံးအရသာရှိသော အသီးဝါ၀ါတို့သည် အပင်ကလေးတွေဆီမှာ ပြွတ်သိပ်နေအောင်ပင်ရှိနေကြတာကို နွေမိုးစက်မြင်လိုက်ရသည်။
          သည်အသီးလေးတွေကို မင်းမြူရိပ်က သိပ်ကြိုက်တတ်သည်။ မိုးလင်းလို့ထိုင်ရာက နှစ်ယောက်သား ထလိုက်ကြသည်နှင့် သူက သည်အသီးကလေးတွေကို ကဗျာကယာလိုက်ရှာတတ်ပြီး လက်ခုပ်နှစ်ခုလုံးပြည့်အောင်ကောက်လာတတ်၏။ထို့နောက် နှစ်နှစ်ခြိုက်ခြိုက်စားတတ်သည်။
          ကျွန်တော်က ချဉ်သည့်အရသာကို နည်းနည်းကလေးမျှ မကြိုက်တာမို့ သူစားနေသည်ကိုသာထိုင်ကြည့်ရင်းကျေနပ်နေရသည်လေ။မင်းမြူရိပ်က ကျွန်တော့်ထက် သုံးလကြီးသည်ဆိုပေမယ့် ကျွန်တော်က တည်ငြိမ်သလောက်
သူက ကလေးဆန်သည်။
          ကျွန်တော်က စာဖတ်တာကိုဝါသနာပါသလောက် သူကအပျော်အပါးကိုသာ မက်တတ်၏။ တစ်ခါတစ်လေကျွန်တော်မကြိုက်တဲ့ လောင်းကစားတွေလုပ်တတ်တာရောပေါ့။ ကျွန်တော်က သူလောင်းကစားလုပ်တာကို မနှစ်မြို့ပေမယ့် ဘယ်လိုမှတားမရတဲ့ သူ့ကြောင့် တစ်ခါတစ်ရံမှာ လူငယ်ပီပီ လက်လွန်ခြေလွန်ဖြစ်မည်စိုးသဖြင့် နောက်ပိုင်းမှာ သူနဲ့အတူ ကစားဝိုင်းတွေအထိ ကျွန်တော်လိုက်ဖြစ်ခဲ့သည်။
          ထိုအခါ သူက ကျွန်တော့်ကို ပိုက်ဆံတွေကိုင်ခိုင်းတတ်ပြီး ပေါက်စီလို့ခေါ်တဲ့ တရုတ်ဖဲတုံးဝိုင်းတွေကို တစ်ဝိုင်းပြီးတစ်ဝိုင်း လှည့်ကစားတတ်သည့်အခါ ၊ အခုချိန်မှာ ကျွန်တော်လည်း အဲ့ဒီဖဲတွေကို ကျွမ်းကျွမ်းကျင်ကျင်ကစားတတ်နေခဲ့ပြီလေ။      
          ပိုက်ဆံတွေနိုင်တဲ့အခါ သူ့မျက်နှာကလေးက ရွှင်မြူးနေသဖြင့် ကြည့်ကောင်းနေသလောက် ရှုံးတတ်သည့်အခါတိုင်းတွင် ရှုံ့တွနေတတ်သော မျက်နှာထားတွေကြောင့်လည်း ကျွန်တော်သဘောကျစွာ ရယ်ချင်မိသေး၏။ ရယ်တော့ မရယ်ရဲ…။ သူ ဖဲရှုံးနေတဲ့အချိန် ကျွန်တော်ရယ်မိလို့ သူက ကျွန်တော့်ကို တစ်ပတ်လောက် စကားမပြော အဆက်အသွယ်မလုပ်ဘဲ နေခဲ့ဖူးသည်လေ။
          အဲ့ဒီတုန်းကဆိုရင် ယောက်ျားတန်မဲ့ အိပ်ရာပေါ်မှာ ကျွန်တော်ခဏခဏငိုခဲ့ရဖူးတာ၊ လွမ်းလွန်းလို့ နေရာအနှံ့လိုက်ရှာရဖူးတာ ၊ ဒါတွေအကုန်လုံးကို သူသိပါလျှက်နဲ့ ကျွန်တော့်မထင်ထားတဲ့နေရာတွေကိုပဲ သွားပြီးရှောင်နေတတ်တာ ။ သူ့အိမ်ကိုတောင် ပြန်မလာဘဲပေါ့…။ထိုအချိန်တွေမှာဆိုရင် သူ့အိမ်က အမြဲမေးတတ်
သည်။
          " နင်တို့နှစ်ယောက် ဘာဖြစ်နေကြပြန်ပြီလဲ….." တဲ့…။
ကြည့်စမ်းပါဦး..။သူ့စိတ်ဓတ်က အဲ့ဒီလောက်အထိကိုမာပြီး နေနိုင်တာပါ။ ပြန်တွေ့မယ် တွေ့တော့လည်း သူကိုယ်တိုင်ပဲ ကျွန်တော့်အခန်းထဲထိရောက်လာတာပါ။
          ကျွန်တော့်အိမ်က သူနဲ့ကျွန်တော့်ရဲ့ဆက်ဆံရေးကို သဘောမကျလို့ သူနဲ့ပေါင်းနေတာကို မကြိုက်ဘူး။အဲ့ဒီလိုပဲ သူ့ကိုလည်း ကျွန်တော့်အိမ်က အလာမခံဘူး။ ဒါကို သူလည်းသိတယ်။
          ထို့ကြောင့် လူခြေတိတ်တဲ့ ညအချိန်မတော်မှာမှ သူက လူ့တစ်ရပ်ကျော်မြင့်တဲ့ ကျွန်တော်တို့အိမ်ရဲ့ ခြံစည်းရိုးပေါ်ကို ရအောင်ကျော်တတ်လာပြီး ခြံထဲရောက်မှ နောက်ဖေးကဆေးသုတ်တဲ့လှေကားကို တိတ်တိတ်ကလေး
မကာ ကျွန်တော့်အခန်းရဲ့ ပြူတင်းပေါက်ကို သူကလှေကားထောင်တော့တာရယ်…။ပြီးတော့ မှန်ပြူတင်းပေါက်ကိုတိုးတိုးကလေးခေါက်တာပေါ့…။
          သူကလူလည်….။သူနဲ့ကျွန်တော်ဝေးနေရတဲ့အတောအတွင်းမှာ ကျွန်တော်ကောင်းကောင်းအိပ်မပျော်ဘူးဆိုတာ သူကောင်းကောင်းသိတယ်ရယ်။ ပြူတင်းပေါက်မှန်တံခါးကို မသိမသာလေးခေါက်တိုင်း အလျှင်စလိုထပြေးလာပြီး ဟန်မဆောင်နိုင်စွာဖြင့် တံခါးလာဖွင့်ပေးတတ်တဲ့ကျွန်တော့်အကြောင်းကိုလည်း သူသိတယ်။
          ကျွန်တော်ဖွင့်ပေးတဲ့ ပြူတင်းပေါက်တံခါးကနေ အခန်းထဲသို့ သူဝင်လာသည့်အခါ  တရစပ်ဖြင့် မကျေနပ်သည့် မေးခွန်းပေါင်း မြောက်များစွာကို ကျွန်တော်မေးမည်အလုပ်၊ ကျွန်တော်မမေးနိုင်ခင်မှာပဲ ကျွန်တော့်ရဲ့ပြောနိုင်စွမ်းရှိသော နှုတ်ခမ်းတွေကို သူက သူ့နှုတ်ခမ်းတွေဖြင့် ခပ်ကြမ်းကြမ်းနှင့် ခပ်ကြာကြာဖိနမ်းပစ်တတ်သည်။
ရန်မူတော့မည့် ကျွန်တော့်အမူအရာတွေကိုလည်း သူက ကောင်းကောင်းသိပါသည်။ ထိုအခါမျိုးမှာသူက ကျွန်တော့်ခါးကိုသိုင်းဖက်လိုက်ပြီး ကျွန်တော့်ရင်ခွင်ထဲခေါင်းတိုးဝင်တတ်သည်။ပြီးတော့ ထိုအတိုင်းပဲ ကျွန်တော့်ကို ကုတင်ပေါ်တွန်းလှဲပစ်လိုက်ကာ
          " လွမ်းလိုက်တာကွာ…… ငါမင်းကိုအရမ်းလွမ်းတာပဲ ….နောက်ဆို ငါဖဲရှုံးနေတဲ့အခါ စိတ်ကသိကအောက်
            ဖြစ်အောင်မလုပ်နဲ့နော်…. ငါမင်းကိုရှောင်နေတဲ့အတောတွင်းမှာ လွမ်းလွန်းလို့သေတော့မလို့သိလား…
           အဲ့ဒါ ငါသေသွားရင် မင်းတစ်ခုလပ်ဖြစ်သွားမှာစိုးလို့ ပြန်လာခဲ့တာ သိလား…."
          " အောင်မယ်….. ငါ့ဘ၀မှာမင်းမရှိလို့ ဘာမှမဖြစ်သွားဘူး အနေသာကြီးပဲ သိလား….."
ဟု လွမ်းသမျှစိတ်တို့အား ဟန်ဆောင် ဖုံးဖိကာဆိုတော့
          " အေးပေါ့လေ…. ငါကသာလွမ်းနေတာ မင်းကအနေသာကြီးဆိုတာ ငါသိပြီးသားပါ…"
          " မင်းမြူရိပ်….. "
ဟု ကျွန်တော်က အသံမာမာနှင့်ခေါ်လိုက်တော့
          " ဘာလဲ…. "
          " ငါ့ကို မင်းပစ်ထားတဲ့အချိန်တွေတိုင်းမှာ လွမ်းလွန်းလို့မင်းကိုငါဘယ်လောက်အထိလိုက်ရှာနေမယ်ဆိုတာ
           မင်းလုံးဝ မသိတာလား မသိချင်ယောင်ဆောင်နေတာလား….."
ဆိုတော့ သူက နှုတ်ခမ်းကို မဲ့ကာ
" သိသားပဲ….  ငါလည်းမနေနိုင်တော့လို့ ပြန်လာတာပေါ့….လွမ်းလိုက်တာကွာ…..မင်းကိုချစ်ထှာ ရမ်း          ပဲသိလား…… "
ဆိုပြီး သူက လှဲအိပ်နေတဲ့ ကျွန်တော့်ရင်ဘတ်ပေါ် ပါးတစ်ခြမ်းအပ်ပြီး သိုင်းဖက်လိုက်၏။
          ဒါ ကျွန်တော် သူ့ကိုစိတ်ဆိုးမှာ ရန်မူမှာဆိုတာ သူသိလို့ ကျွန်တော်စိတ်မဆိုးနိုင်အောင် သူချွဲတာ။
တွေ့လား ….. သူက လူလည်ပါဆို…..။
          ဘာပဲပြောပြော သူ့ကိုကျွန်တော်စိတ်ဆိုးနေတဲ့အချိန်တွေတိုင်း သူသည် ကျွန်တော်စိတ်ပြေသွားအောင် စိတ်
ကျေနပ်အောင်လည်း တစ်နေကုန်ကြိုးပမ်းနေတတ်သည်။ကျွန်တော့်အိမ်ကလူတွေမသိအောင် ဘယ်သူမှမနိုးခင် အခန်းထဲမှ တိတ်တိတ်ကလေး ခေါ်ထုတ်ကာ အပြင်မှာ ပစ်စလက်ခတ်ရပ်ထားခဲ့သည့် ဆိုင်ကယ်ပေါ်တင်ပြီး ယောယုံတောင်ထိပ်ပေါ်ကို ခေါ်သွား၏။ ပြီးတော့ ကျွန်တော်မရယ် ရယ်အောင် စကားတွေကို ဟာသဆန်စွာပြောပြီး
Joker တစ်ယောက်လို မျက်နှာပေးတွေလုပ်ပြ၏။ စတော်ဘယ်ရီအရိုင်းသီး နှစ်လုံးကို သူ့နှာသီးဝတွေမှာ တေ့ပြီး ပြုတ်မကျသွားအောင် နှာခေါင်းကိုလေနှင့်ရှုံ့ထားချိန်မှာတော့ ဟန်ဆောင်တင်းထားသည့် စိတ်တွေကို ကျွန်တော်မထိန်းနိုင်တော့ဘဲ ရယ်ပစ်လိုက်တော့သည်။
          ထိုအခါမျိုးမှာ ကျေနပ်ပျော်ရွှင်သွားသည့် သူ့မျက်နှာကလေးဟာ ကလေးဆန်ပြီး သိပ်ကိုချစ်ဘို့ကောင်းတာပါပဲ။ ယောယုံတောင်ထိပ်မှာမို့ အောက်ကပင့်တိုက်လာသော လေကြမ်းကြမ်းတွေဟာ သူ့နဖူးစိမ်းစိမ်းကလေးတွေရှေ့မှာ ၀ဲကျနေသည့် ဆံပင်နုနုကလေးတွေကို ၀ဲပျံလှုတ်ယမ်းသွားအောင် တိုတ်ခတ်ကျီစားကြသောအခါ  ၊ သူ့နှုတ်ခမ်း ရဲရဲစိုစိုကလေးတွေ ကွေးညွတ်နေသည်အထိ ရယ်မောနေတတ်သည့်အခါ သူ၏ ထိုနှုတ်ခမ်းများ ၊ ထိုဆံပင်များကို အူယားစွာဖြင့် ကျွန်တော်ခဏခဏဖိနမ်းပစ်လိုက်တတ်သည်။
          ထို့နောက်မှာတော့ အချဉ်ကြိုက်သည့်သူက  ချဉ်စော်ကားသီးခြံတွေထဲ တိတ်တိတ်ကလေးဝင်ပြီး ချဉ်စော်ကားသီးတွေဝင်ခူး၏။ကျွန်တော်က ခြံဘေးမှာစောင့်ကာ အတွင်းမှ သူလှမ်းပေးသော ချဉ်စော်ကားသီးတွေကိုဆိုင်ကယ် BOX ထဲထည့်ရ၏။ အမောက်အလျှံကြီးရတော့မှ သူက ခြံထဲမှထွက်လာပြီး ကျွန်တော်ကြိုက်တဲ့ တည်သီးခြံထဲထပ်ဝင်ပြန်သည်။ သစ်တော်ပင်တွေတွေ့ပြန်တော့လည်း သူက မနေနိုင် ၊ အပင်ပေါ်မှာပြွတ်ခဲနေတာ အူယားစရာကြီး ဆိုပြီး တတ်ပြီးခြွေပြန်၏။ သူ့စိတ်ကြိုက်အသီးတွေ ကြိုက်သလောက်ခြွေပြီးချိန်မှာတော့ နေရောင်တွေကဖြန့်ကျက်လာခဲ့ပြီမို့ ချယ်ရီပင်တန်းတွေအောက်ကို သူကပြေးဝင်သွားပြီး အပင်ခြေရင်းမှာ ခြေပစ်လက်ပစ်ကြီး ပစ်လှဲပစ်လိုက်သည်။
          ထိုအခါ သူ့ဆံပင်နုနုကလေးတွေကို မြက်ပင်တွေက ကပ်ညှိနေတတ်၏။ နှင်းရည်တွေ သူ့ဆံပင်မှာ စိုစွတ်ကုန်မည်စိုးသောကြောင့် ကျွန်တော်က သူ့ခေါင်းကလေးအောက်မှာ ခြေဆင်းထိုင်ပြီးသူ့ခေါင်းလေးအား ကျွန်တော့်ပေါင်ပေါ်တင်လိုက်သည်။
          အဖြူမှာ ပန်းဆီရောင်လေးတွေဖောက်သော ချယ်ရီပွင့်ဖတ်လေးတွေက လေတစ်ချက် တစ်ချက်အဝှေ့မှာမြက်ခင်းပေါ်သို့လည်းကောင်း ၊ ထိုင်နေသော ကျွန်တော့်ခေါင်းပေါ်သို့လည်းကောင်း ၊ပြီးတော့ ဖြူနုသော သူ့မျက်နှာပေါ်သို့လည်းကောင်း တဖြုတ်ဖြုတ်ကြွေကျ လာကြသည်။
          ထိုသို့ကြွေကျလာသော ပွင့်ဖတ်တွေကို တလဲ့လဲ့တောက်ပနေသော မျက်ဝန်းများဖြင့် သူမော့ကြည့်နေ သည့် တာလေးကိုလေ ကျွန်တော့်နှလုံးသားတွေ တစ်လှပ်လှပ်ခုန်လာသည်အထိ ချစ်လိုက်ရတာ…..။
          သူကလေ မြက်ခင်းစိမ်းစိမ်းကလေးတွေပေါ်မှာ ချယ်ရီပွင့်ဖတ်တွေဖွေးဖွေးလှုတ်အောင်ကြွေနေတာ ၊ အပွင့်တွေ ဖွေးဖွေးလှုတ်နေသည့် ချယ်ရီပင်ကြီးကို နေရောင်ခြည်လဲ့လဲ့ကထိုးဖောက်ပြီး အပင်အောက်မှာ ထိုင်နေကြတဲ့ကျွန်တော်တို့နှစ်ယောက်ပေါ်ကျလာတာကို သူက အရမ်းနှစ်သက်တာတဲ့လေ။
          သည်လိုအချိန်မျိုးမှာ သူက ကျွန်တော့်ကိုအမြဲပြောတတ်တယ်။ ကျွန်တော့်လက်ဖ၀ါးကလေးတွေကို သူကဆုပ်ကိုင်ယူပြီး သူ့ပါးပြင်ကလေးနဲ့ပွတ်ပြီးပေါ့….။
          " နွေမိုးစက်…. မင်းငါ့ကိုဘယ်တော့မှ မထားခဲ့နဲ့နော် …. မင်းငါ့ကိုထားခဲ့ပြီး မိန်းမယူသွားရင် ဒါမှမဟုတ် တစ်
           ခြားယောက်ျားလေးတစ်ယောက်ကိုမင်းချစ်သွားခဲ့ရင် မင်းကိုငါသတ်ပစ်မှုာ သိလား ….."
           " အဲ့ဒါဆို ငါသေသွားမှာပေါ့…..ငါသေသွားရင် မင်းတစ်ယောက်ထဲနေနိုင်မှာမို့လို့လား….. "
          သူ့အမေးကြောင့် မင်းမြူရိပ်တဒင်္ဂလေး တွေဝေးသွားပြီးမှ
          " မနေနိုင်ပါဘူး…. မင်းကိုသတ်ပြီးသွားရင် ငါလည်းငါ့ကိုယ်ငါ သတ်ပြီးသေလိုက်မှာ အဲ့ဒါဆိုရင် နောက်ဘ၀မှာ
           မင်းနဲ့ငါ ၀ိညာဉ်တွေအဖြစ်နဲ့ ပြန်တွေ့ကြမှာပေါ့….အဲ့ဒီအခါကျရင် ငါကမင်းကိုသတ်ထားလို့ ငါ့ကိုမုန်းမနေပါနဲ့နော်….ငါကလေ မင်းကိုငါတစ်ယောက်ထဲပဲ ပိုင်ဆိုင်ချင်လို့ပါ နွေမိုးစက်ရာ…."
ဟု သူဆိုလာတိုင်း ကျွန်တော့်ပေါင်ပေါ်မှာ လှဲအိပ်ပြီးကျွန်တော့်ကိုမော့ကြည့်နေသည့် သူ့မျက်နှာကလေးကို ကျွန်တော် တစိမ့်စိမ့်ကြည့်မိသည်။
          " ငါမင်းကို ဘယ်တော့မှ ဘယ်လိုပုံစံမျိုးနဲ့မှ မုန်းသွားမှာမဟုတ်ဘူးဆိုတာ ငါသစ္စာဆိုရဲပါ       ပါတယ်ကွာ….."
          ဆိုတော့ သူက ကျွန်တော့်ကို ကျေနပ်စွာပြုံ့းပြ၏။ ပြီးနောက် ထထိုင်လိုက်ပြီး ကျွန်တော့်ကို ခပ်တင်းတင်း တွယ်ဖက်လိုက်သည်။
          " ငါမင်းကို အရမ်းချစ်တယ်နွေမိုးစက်….ငါလေ မင်းအပေါ်မှာအရမ်းဆိုးတယ် အနိုင်ကျင့်နေမိတယ်ဆိုတာ
           ငါသိပါတယ်…. အဲ့ဒါကလည်း မင်းငါ့ကိုဂရုစိုက်စေချင်လို့ ပြီးတော့ ငါဆိုးလို့ရတဲ့ တစ်ယောက်ထဲသောသူ
           ဟာ မင်းတစ်ယောက်ထဲပဲဖြစ်စေချင်လို့ပါကွာ….. ငါဘယ်သူ့အပေါ်မှာမှ မဆိုးတာမင်းအသိဆုံးပါ….. "
ထိုအချိန် ၊ ထိုခဏ ၊ ထိုရက် ၊ထိုနေ့များအတွင်းမှာ ကျွန်တော်တို့နှစ်ယောက် ချစ်ခဲ့ကြသည်။ ကျွန်တော်တို့နှစ်
ယောက် စိတ်ဆိုးခဲ့ကြသည်။ ပြီးတော့ မနေနိုင်ဘဲနှင့် ကြိတ်မှတ်၍ တစ်ပတ်လောက်မတွေ့ဘဲလည်း နေဖူးခဲ့ကြသေး သည်။
          ထိုသို့ရသစုံသော၊ အရောင်အသွေးစုံသော ကျွန်တော်တို့နှစ်ယောက်၏ ပန်းချီကားကြီးကို ၊ ခမ်းနားသောပန်းချီကားကြီးကို အလယ်မှ ထက်ပိုင်းပိုင်း၍သော်လည်းကောင်း ကန့်လန့်ဖြတ်သော်လည်းကောင်း တစ်စစီ ရစရာမရှိအောင် ဆုတ်ဖြဲလိုက်သည့် မနက်ခင်းကိုတော့ ကျွန်တော့်ဘယ်တော့မှမမေ့တော့ဘူး….သေတဲ့အထိပေါ့…..။
          ဟာ…. မဟုတ်ဘူး … နောက်ဘ၀အထိ …. အိုးးးးးး သံသရာအထိ…. ဟုတ်တယ် သံသရာအထိကျွန်တော် ဘယ်တော့မှမမေ့တော့ဘူး….
          အဲ့ဒီနေ့ကပေါ့….
          တရုတ်ပြည်ကို တရားမ၀င်သစ်တွေခိုးထုတ်နေသည့်ကားတွေအား နယ်စပ်သက်ဆိုင်ရာ အဖွဲ့စုံတွေက အဖွဲ့ခွဲပြီး ဖမ်းနေကြတဲ့အချိန်ပေါ့….။ အဲ့ဒီနေ့မနက် လေးနားရီမထိုးခင် မင်းမြူရိပ်က ကျွန်တော့်ကိုဆိုင်ကယ်နဲ့လာခေါ်တယ်။ ဒါပေမယ့် သူ့ဆိုင်ကယ်က မီးတစ်ချက်တစ်ချက်လွတ်နေသည်မို့ တောင်တက်လမ်းလည်းရောက်ရော သူ့
ဆိုင်ကယ်ရဲ့ရှေ့မီးက လုံးဝမလင်းတော့ဘူး….။ အဲ့ဒီမှာ သစ်တွေခိုးတင်လာတဲ့ကားက မီးထွန်းပြီးဆင်းလာရင် အောက်က သက်ဆိုင်ရာအဖွဲ့တွေမြင်မှာစိုးသဖြင့် မီးပိတ်ပြီး ၊ စက်ကိုလည်းလျှော့ပြီး ကုန်းဆင်းအတိုင်းပဲ လှိမ့်ဆင်းအလာ …..
          မင်းမြူရိပ်က အတတ်ဆိုတော့ အရှိန်နှင့်တတ်နေတာမို့ တောင်ကွေ့စွယ်ထဲက သစ်ကားကြီး ရုတ်တရက်ထွက်လာတာမြင်လိုက်ရတော့ စိတ်တွေလှုတ်ရှားသွားသည်ထင်၏။ လက်ကိုင်က ယမ်းသွားသည်။သို့သော် ကားတစ်စီးသာသွားလို့ရသည့်လမ်းကျဉ်းနေရာမို့ ၊ အဆင်းကားကလည်း ၀ိတ်နှင့်ဆင်းလာခြင်းမို့ ဘယ်လိုမှရှောင်လို့၊ ရုတ်တရက် ရပ်လို့လည်းမရတော့တာမို့ မင်းမြူရိပ်က လက်ကိုင်တွေကိုရုတ်တရက်လွှတ်လိုက်ပြီး နောက်ကိုခါးလှည့်ကာ သတိလက်လွတ်ဖြင့် ကြည့်နေသောနွေမိုးစက်အား ဆောင့်တွန်းချလိုက်၏။ ထို့ကြောင့်
နွေမိုးစက်က ဆိုင်ကယ်ပေါ်မှ ပြုတ်ကျသွားပြီး လမ်းဘေးသို့ကျသွား၏။ သို့သော် ဆိုင်ကယ်ကတော့ သစ်ကား
အောက် တည့်တည့်သို့ လဲသွားကာ ကားရှေ့ဘီးက မင်းမြူရိပ်၏ကျောကုန်းတည့်တည့်ကို တက်ကြိတ်ပစ်လိုက်
တော့သည်။ ပြီးမှ ဆိုင်ကယ်ကိုထပ်ကြိတ်ပစ်လိုက်၏ ။ ကားဘရိတ်က သစ်တွေနှင့် ကုန်းအဆင်းကြီးမှာမို့ ချက်ခြင်းမမိ။ ဘီးတွေရပ်သွားတော့လည်း နောက်ဘီးနှစ်လုံးပြူးကြီးရဲ့ အောက်တည့်တည့်မှာမှ မင်းမြူရိပ်၏ ခေါင်းနှင့်ရင်ဘတ်တွေဆီမှာသာမို့ မင်းမြူရိပ်၏လက်ချောင်းကလေးတွေနှင့် ခြေချောင်းကလေးတွေက တဆတ်ဆတ်နှင့်တုန်ယင်နေ
တာကို နွေမိုးစက်က အတိုင်းသား မြင်နေခဲ့ရသည်။ ထိုမြင်ကွင်းတွေကို သူမမြင်ခဲ့မိခဲ့ရလျှင် သို့မဟုတ် မျက်စိမှိတ်ထား မိခဲ့လျှင်တော့ အကောင်းသား….။အခုတော့ ထိုမြင်ကွင်းကို နွေမိုးစက်မြင်ခဲ့ရသည်။
          ဘ၀မှာအချစ်မြတ်နိုးဆုံးလူတစ်ယောက်၏ ဆိုးရွားသော အဖြစ်အပျက်ကို သူကိုယ်တိုင်မြင်ခဲ့ရပါသည်။
          ထိုမြင်ကွင်းကို မျက်လုံးအပြူးသားနှင့် နွေမိုးစက် လမ်းဘေးမှာ ထိုင်လျှက်လဲနေရင်းမှသတိလက်လွတ်ကြည့်နေမိခဲ့၏။အော်လည်းမအော်မိ လှုတ်လည်းမလှုတ်မိ။
          ကားဘီးအောက်တွေမှ အိုင်ထွန်းလာသောသွေးတွေ ၊ စီးကျလာသော သွေးတွေ…..ပြီးတော့ တဆတ်ဆတ်တုန်ယင်နေသောနွေမိုးစက်၏ခြေချောင်း လက်ချောင်းကလေးတွေ……..
          နွေမိုးစက် ထိုအတိတ်တွေထဲမှ ခေါင်းကိုစိတ်ရှိလက်ရှိခါယမ်းပစ်လိုက်ပြီး ရုန်းထွက်လိုက်သည်။
ငါတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် သစ္စာရှိရှိ ချစ်ခဲ့ကြပါလျှက်နဲ့ ပေါင်းစည်းခွင့်မပေးတဲ့ ၊ရက်စက်တဲ့၊ယုတ်မာတဲ့ ကံကြမ္မာကြီးကို ငါမုန်းတယ်မင်းမြူရိပ်…
          အဲ့ဒီနေ့ အဲ့ဒီအချိန်အခါမှာ မင်းနဲ့အတူတူ ငါပါတစ်ခါတည်းသေသွားခဲ့ရင် ဘယ်လောက်တောင်ကောင်းလိမ့်မလဲ…။ တစ်ခါတစ်လေ ရှင်နေတဲ့လူတွေထက်စာရင် သေသွားတဲ့လူတွေကမှ တော်သေးတယ်လို့ ငါတွေးမိ
တယ်။ ငါအခုဘာအတွက် ပြီးတော့ ဘာ့ကြောင့် အသက်ဆက်ရှင်ရဦးမှာလဲ…။
          ချယ်ရီပင်အောက်ရောက်တိုင်း လွမ်းနေရတဲ့ဘ၀မှာ……
          ဒီယောယုံတောင်ထိပ်ကိုရောက်တိုင်း လွမ်းနေရတဲ့ဘ၀မှာ….
          စတော်ဘယ်ရီအရိုင်းသီးလေးတွေတွေ့တိုင်း တိတ်တိတ်ကလေး ကြိတ်ငိုတာတစ်မျိုး အော်ဟစ်ငိုကြွေးမိတာတစ်မျိုး နဲ့ ရူးသွပ်စွာ လွမ်းနေမိတဲ့ဘ၀မှာ….
အို….. အဲ့ဒါတွေတင်မကပါဘူး….အရာရာကိုမြင်တိုင်း တွေ့တိုင်း မင်းရဲ့စိတ်တွေနဲ့ပဲ အသက်ရှင်နေရတဲ့ ငါ့ဘ၀ကို မင်းသာသိရင် သနားနေမှာလား….။
ငါဆက်မနေချင်တော့ဘူးမင်းမြူရိပ်ရာ… မင်းပြောခဲ့ဖူးတယ်….။ ငါ့ကိုသတ်ပြီး
မင်းကိုယ်မင်းပါသတ်သေရင် ၀ိညာဉ်အနေနဲ့ ငါတို့ထပ်တွေ့ကြမယ်တဲ့လေ….။ဒါဆို အခုမင်းငါ့ဘေးမှာရှိနေမလား…။
ရှိနေတယ်မလားဟင်….။
          သူ့မျက်ရည်များ အထိန်းကွပ်မဲ့စွာ စီးဆင်းလာခဲ့သည်။
ငါမေးနေတယ်လေကွာ….။
သူ စိတ်မရှည်စွာဖြင့် အော်ဟစ်ပြီး ကိုယ်ကိုတစ်ပတ်လည်မေးပစ်လိုက်သည်။ ပြီးနောက်
ဖြည်းညှင်းစွာ ထိုင်ငိုပစ်လိုက်သည်။  အားရအောင် ငိုပစ်လိုက်၏။ အားရအောင် ငိုပြီးတော့ မတ်တပ်ထရပ်လိုက်၏။
ထို့နောက် တောင်ထိပ်ဂမူစွန်းမှာ မတ်တပ်ရပ်လိုက်သည်။
          မနက်၏ ရောင်နီပျို့သော အချိန်မှာ တောင်ကုန်းအောက်က ကျောက်ခင်းလမ်းမကြီးကို အတိုင်းသား အဖွေးသားမြင်နေရသည်။ တစ်ချို့ကျောက်တွေက ကားတွေက ယက်ထားကြသဖြင့် ငေါထွက် ကြွေထွက်နေကြတာကိုလည်း သူမြင်နေရသည်။
          သူ မျက်စိကို စုံမှိတ်ပစ်လိုက်၏။ ပြီးနောက် အသက်ကို၀၀ရှုလိုက်သည်။
          " ကျွန်တော့်ရဲ့အချစ်သာ စစ်မှန်ခဲ့သည် သူ့ရဲ့အချစ်သာ မှန်ကန်ခဲ့လျှင်ဆိုရင်ဖြင့် သူနှင့်ကျွန်တော် ပြန်တွေ့
            ရပါစေ…"
 သူ ဘယ်အရာကိုမှ နာမည်မတပ်တော့ဘဲ အားလုံးကို တိုင်တည်ပစ်လိုက်၏။ ကိုယ့်နှလုံးသားမှ အချစ်ကို ကိုယ်ယုံသလို သူ့အချစ်ကိုလည်း ကိုယ်ယုံကြည်ပါသည်။
          သူတို့နှစ်ယောက်လုံး တစ်ယောက်ကိုတစ်ယောက် ဘယ်လောက်အထိချစ်ခဲ့ကြသည်ဆိုတာ ဒီတော ၊
ဒီတောင် ၊ ဒီတောင်ကုန်း ၊ ဒီချယ်ရီပင်တွေအသိဆုံးပဲမို့…… ဘာမှမရှိတော့သည့် လေဟာနယ်အတွင်းသို့ သူခြေတစ်လှမ်းတိုးလိုက်ပြီးသည်။ ထို့နောက်တွင်တော့………..
          ကျောက်ခင်းလမ်းမပေါ်မှာ သွေးများဖြင့် နီရဲကုန်ကြတော့၏။
 သူတို့နှစ်ယောက် မမြင်နိုင်သော တစ်ခြားတစ်ဖက်မှာ ပြန်တွေ့ကြသလား …. မင်းမြူရိပ်ကပဲစောင့်နေသလားဆိုတာစာရေးသူကျွန်တော်မသိ။ ကမ္ဘာကြီးကတော့ သူ့ဝတ္တရားအတိုင်းပဲ ဆက်၍ လည်ပတ်နေလိုက်တာ…။
          ဒါပေမယ့် သူ့အပေါ်မှာဖြစ်ပွားခဲ့သည့် လွမ်းဆွတ် ရင်နင့်ဖွယ် ဒဏာရီလေးတစ်ပုဒ်ကို အသိအမှတ်ပြုလေသလားမသိ။ အချိန်အခါမဟုတ်ပါဘဲ မိုးတွေရွာချပေးခဲ့၏။ ထိုမိုးရေများသည် နွေမိုးစက်၏ ခေါင်းမှ ထွက်ကျလာသော
သွေးများကို ကျောက်ခင်းလမ်းမ ကုန်းဆင်းအတိုင်းပွတ်တိုက် သယ်ယူသွားကြပြီ။တဖြည်းဖြည်း မိုးကပိုသည်းလာသောကြောင့် မိုးရေစီးကြောင်းထဲမှာ သွေးတို့က အရောင်ဖျော့သွားကြသည်။ပြီးနောက် ချိုင့်ခွက် ရေအိုင်လေးထဲမှာစုဝေးသွားကြ၏။
          သည်အချိန်မှာပဲ ချယ်ရီနံ့ပါသော လေပြေကလေးသည်လည်း တစ်ချက်ဝှေ့ကာ နှုတ်ဆက်သွားသေးခဲ့၏။
ထို့နောက်………
ထို့နောက်………
                                                          နှလုံးသားထဲက
                                                        လက်တစ်စုံဖြင့်
                                                ဘုန်းသင်္ဂါ

အချစ်တစ်ခု ပြယုဂ်တစ်ခု

“......................”  သားကြီးဆီမှ ကြားလိုက်ရသော နာမည်ကြောင့် ကျွန်မတစ်ကိုယ်လုံး တောင့်ခဲ သွားသည်။အဆုံးမရှိသောတွင်းနက်ကြီးထဲသို့ ပြုတ်ကျ...