Sunday, June 28, 2015
မင်းလည်းယောက်ျား ငါလည်းယောက်ျား (ဇာတ်သိမ်းပိုင်း)
(ဇာတ်လမ်းဇာတ်ကွက် သိပ်မပါပါဘူး။ sex အခန်းလည်းမပါပါဘူး။ ဇာတ်သိမ်းပိုင်းဖြစ်တဲ့အတွက် ကျနော်ပြောချင်တဲ့ msg ကိုဘဲ ဦးစားပေးရေးထားပါတယ်။ ဇာတ်လမ်းစရေးပြီဆိုကတည်းက ဇာတ်သိမ်းပိုင်းမှာ ဘာရေးမယ်ဆိုတာကို ကြိုတင်စဉ်းစားထားတတ်ပါတယ်။ sex နဲ့ ဇာတ်လမ်းဇာတ်ကွက်ကို အဓိကထားပြီးဖတ်ချင်တဲ့ fri တွေက မဖတ်ဘဲနေလိုက နေနိုင်ပါတယ်။ ဖတ်မယ်ဆိုရင်လည်း တစ်ခုခုတော့ စဉ်းစားမိပါလိမ့်မယ်။ ကျေးဇူးတင်ပါတယ်)
ချစ်သူနှစ်ဦး ရေချိုးခန်းထဲမှာ နှစ်ယောက်တည်း ကိုယ်လုံးတီး nude ရေချိုးရတဲ့အရသာဟာ ဘယ်လောက်ကြည်နူးစရာ ကောင်းတယ်ဆိုတာ အဲ့လိုချိုးဖူးသူတိုင်းသိပါလိမ့်မယ်။
ချစ်သူနှစ်ဦးလို့ဆိုခဲ့ပေမယ့် တကယ်တော့ သူနဲ့ကျနော် တိတိကျကျ ချစ်သူဖြစ်ခဲ့တာမျိုးမဟုတ်ပါဘူး။ ကျနော့်ရဲ့အစပျိုးမှုက ဒီကောင် straight လား homo လား သိချင်စိတ်နဲ့ စခဲ့တာ။ အဲ့ဒိက တဆင့် sex ထိရောက်သွားခဲ့တာ။ sex ကို သာယာတော့ အဲ့ဒါကိုဘဲ အချစ်လို့ခံစားမိသွားတာ။ လိင်စိတ်အရင်းခံ အချစ်နဲ့ အချစ်အရင်းခံလိင်စိတ် မှာ ကွဲပြားခြားနားမှုရှိတယ်ဆိုတာကိုပါ နားလည်သွားခဲ့ရတယ်။ အရောင်တူပေမယ့် အဆင်လေး နည်းနည်းကွဲနေပါတယ်။ ရုတ်တရက်ကြည့်ရင် တစ်ရောင်တည်း တစ်ဆင်တည်း ထင်ရပါတယ်။ စိတ်ခံစားချက်ပေါ်အခြေခံတဲ့ အမြင်တွေဟာ တစ်ဦးနဲ့တစ်ဦးတူချင်မှ တူပါလိမ့်မယ်။
ရေချိုးပြီး အခန်းတံခါးဖွင့် ထွက်မယ်လုပ်တော့ ရုတ်တရက် ဟိုကောင် လှိုင်လေးကို တွေ့လိုက်ရတော့ ကျနော်မျက်လုံးနည်းနည်းပြူးသွားတယ်။
'' လှိုင်လေး ။ ဘယ်တုန်းက ရောက်နေတာလဲ ။ ရေချိုးမလို့လား ။ ''
ကျနော်မေးလိုက်တယ်။ ကျနော့လေသံက မလုံမလဲဖြစ်နေမှာသေချာပါတယ်။
မျိုးဆက်ကတော့ ကျနော့်နောက်ကနေ ဘာစကားမှမပြောဘဲ အသာငြိမ်နေတယ်။
လှိုင်လေးက ခေါင်းအသာညှိမ့်ပြပြီးရေချိုးခန်းထဲဝင်သွားတယ်။
ကျနော်ရှက်လည်းရှက်မိတယ်။ လှိုင်လေး ကျနော်နဲ့မျိုးဆက်အခြေအနေကို ရိပ်မိသွားပြီလားစိုးရိမ်မိတယ်။ ဘယ်အချိန်ကတည်းက ရေချိုးခန်းနားရောက်လားလဲမသိပေမယ့် သူ့မျက်ဝန်းတွေမှာ တစ်ခုခုကိုသိသွားပြီဆိုတာ ပေါ်လွင်နေပါတယ်။
အဲ့ဒိအချိန်ကစပြီး လှိုင်လေးတစ်ယောက် ကျနော့်အပေါ်ဆက်ဆံရေးတွေကျဲသွားခဲ့တယ်။ အစတော့ ကျနော့်ကို ချစ်လို့ သဝန်တိုပြတာ စိတ်ဆိုးပြတာလို့ထင်ခဲ့တာ။ တဖြည်းဖြည်းသိလာရတဲ့အချိန်မှာတော့ သူဟာ ကျနော့်ထက် မျိုးဆက်ကို ပိုပြီးစိတ်ဝင်စားသွားတယ်ဆိုတာပါဘဲ။ ကျနော်စိတ်မကောင်းဖြစ်သွားတယ်။ ပိုဆိုးတာက ဟိုကောင်မျိုးဆက်ကလည်း ကျနော့်ထက် လှိုင်လေးကို ပိုပြီးစိတ်ဝင်စားနေသလိုဘဲ။
သူတို့နှစ်ယောက် homo လားဆိုတာကို သိချင်လို့စမ်းသပ်ခဲ့တဲ့ကျနော် သူတို့ချင်း homo မှန်းသိသွားတဲ့အချိန်မှာတော့ ကျနော်ဟာ ဘေးရောက်သွားခဲ့တယ်။
ကျနော်အရမ်းဝမ်းနည်းသွားတယ်။
တစ်ချိန်က ဆွေးရိပ်တွေနဲ့ ခံစားချက်တွေကို မျိုသိပ်ထားတဲ့ သူတို့ရဲ့မျက်နှာဟာ အခုတော့ အချစ်စစ်ကိုတွေ့နေတဲ့အလား တောက်ပရွှင်လန်းနေကြတယ်။ တစ်ချိန်က တောက်ပရွှင်လန်းခဲ့တဲ့ ကျနော့်စိတ်ကတော့ အခုချိန်မှာ အက်ရှညှိုးမှိန်သွားခဲ့ရတယ်။ အားငယ်မှုတွေနဲ့အတူ စွန့်ပစ်ခံလိုက်ရတဲ့ ကျနော့်နှလုံးသားဟာ တလောကလုံးနဲ့ကင်းကွာ သွားသလို အထီးကျန်ခဲ့ရတယ်။
straight တွေနဲ့ပက်သက်ခဲ့တုန်းက ကိုယ့်ကိုယ်ကို ဝင့်ကြွားခဲ့တဲ့ကျနော် homo တွေနဲ့တွေ့မှ သင်ခန်းစာတွေအများကြီးရလိုက်တယ်။ straight တစ်ယောက်ရဲ့စိတ်ကို ထိန်းချုပ်ဖို့ နည်းလမ်းတစ်ခုဘဲလိုမယ်ဆိုရင် homo တစ်ယောက်ရဲ့စိတ်ကို ထိန်းချုပ်ဖို့ကတော့ နည်းလမ်းတွေအများကြီး သုံးရပါလိမ့်မယ်။ ဒါပေမယ့် သဘာဝကျကျတွေးကြည့်မယ်ဆိုရင်တော့ homo အများစု ပြောင်းလဲလွယ်တတ်တာဟာ အဲ့လိုပြောင်းလဲဖို့အခွင့်အရေးရနေတာကြောင့်ပါဘဲ။ တာဝန်ယူမှုလည်းမလိုဘူး။ ပတ်ဝန်းကျင်အသိအမှတ်ပြုထားတာလည်းမရှိဘူး။
သူတို့ရဲ့စိတ်ကို ထိန်းချုပ်ဖို့ ကျနော် မကြိုးစားတော့ပါဘူး။ ကိုယ့်အပေါ်ခံစားချက်မရှိတော့တဲ့သူတစ်ယောက်ကို ထိန်းချုပ်ရတာလောက် ခက်ခဲပင်ပန်းတဲ့အလုပ်ရှိမှာမဟုတ်ဘူး။ ကျနော့်မာနကလည်း လက်ခံမှာမဟုတ်ဘူး။
ကျနော့်ရှေ့ရောက်ရင် သူတို့နှစ်ယောက် ဘာမှမဟုတ်သလို ဟန်လုပ်ပြနေတာကိုက ကျနော့်ကွယ်ရာမှာ သူတို့ဘာလုပ်မယ်ဆိုတာကို ပိုပြီးပေါ်လွင်စေခဲ့တယ်။
ဘယ်လိုဘဲဖြစ်ဖြစ် သူတို့ချစ်ခြင်းကို ကျနော်မခွဲတော့ပါဘူး။ ကိုယ်လည်းစိတ်ဆင်းရဲရမယ် သူတို့လည်းစိတ်ဆင်းရဲရမယ်။ သုံးယောက်စလုံး စိတ်ဆင်းရဲရမှာနဲ့စာရင် သူတို့နှစ်ယောက်ပျော်ရွှင်ဖို့ ကျနော်နောက်ဆုတ်ပေးလိုက်တာက ကုသိုလ်ရမယ်ထင်ပါတယ်။
သူတို့ချင်းပိုပြီးစိတ်ဝင်စားသွားတဲ့အချက်ကို လက်တွေ့ကျကျစဉ်းစားကြည့်ရင် နားလည်ပေးနိုင်တာတစ်ခုရှိပါတယ်။
သူတို့ချင်းက အရပ်အမောင်းချင်းလည်းညီတယ်။ ရုပ်ရည်ချင်းလည်း နီးစပ်တယ်။
sexy ချင်းလည်း အပေးအယူ ပိုမျှနိုင်တယ်။ ကျနော်နဲ့တွဲတာထက်ပိုပြီးလိုက်ဖက်တယ်။
သူတို့ကို လက်လွှတ်ဖို့ကျနော်ဆုံးဖြတ်လိုက်တယ်။ အဆောင်ပြောင်းဖို့ပါ စဉ်းစားလိုက်တယ်။
အားလုံးပြင်ဆင်ပြီးတဲ့ညမှာတော့ ကျနော်အပြင်ထွက်မယ်အလုပ် သူတို့နှစ်ယောက်နဲ့လှေကားမှာဆုံမိတယ်။ နှစ်ယောက်စလုံး အရက်သောက်လာတဲ့ပုံပါဘဲ။ နှစ်ယောက်စလုံးက ကျနော့်ပုခုံးကိုဖက်လိုက်တယ်။ ပြီးတော့ သူတို့အခန်းထဲဆွဲခေါ်သွားတယ်။
မျိုးဆက်က အခုလိုပြောတယ်။
'' ငါတို့နှစ်ယောက်လုံး မင်းကို အဆုံးအရှုံးမခံနိုင်ဘူး ။ မင်းဟာ ငါတို့ရဲ့စိတ်ကို နိုးကြားတက်ကြွစေခဲ့သူ ။ ဒီတော့ တရုတ်လေးရယ် ငါပြောချင်တာက ငါတို့သုံးယောက်လုံး ပျော်ပျော်ရွှင်ရွှင်နေချင်ပါတယ်။ မင်းလည်းယောကျာ်း ငါလည်းယောကျာ်း သူငယ်ချင်းလိုပုံစံနဲ့နေကြမယ်။ သွေးသားဆန္ဒဖြစ်လာတဲ့ အခါကျရင်လည်း အချစ်မပါဘဲ '' မင်းလည်းယောကျာ်း ငါလည်းယောကျာ်း '' ယောကျာ်းချင်း တဒင်္ဂသာယာမှုယူကြမယ်။ အချစ်တွေမပါဘဲ ယောကျာ်းချင်းဆိုတဲ့စိတ်ကို အမြဲမွေးထားရမယ်။ အချစ်ပါရင် ပူလောင်မယ်။ သဝန်တိုမှုတွေပါလာရင် စိတ်ညစ်ရမယ်။ အဲ့ဒါကြောင့် ငါပြောသလိုနေကြမယ်။ အဲ့ဒါ ငါတို့ homo တွေအတွက် ပူလောင်မှုမပါတဲ့ အကောင်းဆုံးဆက်ဆံရေးပုံစံဘဲ။
နော် တရုတ်လေး။ ငါတို့ကို စွန့်လွှတ်မသွားပါနဲ့ကွာ ။ '''
ဒီကောင်ပြောရင်းမျက်ရည်ကျလာတယ်။ လှိုင်လေးလည်း မျက်ရည်တွေဝဲလို့။ ကျနော်လည်း ပုလဲတွေမြေခလို့ပေါ့။
သူ ဒီလိုပြောတာ ကျနော့်ကို တကယ်သံယောဇဉ်ရှိလို့ဘဲတွေးမိပါတယ်။ တော်ရုံကောင်ဆိုဘယ်ပြောမလဲ။ မရှိလေကောင်းလေပေါ့။
သူပြောတဲ့ ဆက်ဆံရေးပုံစံသစ်ကလည်း homo တွေအတွက် ပူလောင်မှုမပါတဲ့ အကောင်းဆုံးပုံစံ ဖြစ်ချင်ဖြစ်ပါလိမ့်မယ်။
ဒါပေမယ့် ကျနော့်စိတ်နဲ့တော့ ကိုက်ညီမှုမရှိပါဘူး။
အဲ့ဒါကြောင့်ကျနော် အခုလိုပြောလိုက်တယ်။
'' မင်းတို့ကို သူငယ်ချင်းအဖြစ် ဆက်ခင်နေပါမယ်ကွာ။ ဒါပေမယ့် ငါဒီအဆောင်မှာ ဆက်မနေချင်တော့ဘူး။ ''
ပြောပြီး ကျနော်လှည့်ထွက်လာခဲ့တယ်။
စိတ်တော့မကောင်းပါဘူး။
ဒါပေမယ့်လေ လူဆိုတာ ကိုယ့်ခံစားချက်နဲ့ကိုယ်ဘဲမဟုတ်လား။
ကျနော်က
sex ဖြစ်ရင် အချစ်တွေ ပါပါသွားတတ်တယ်။
အချစ်ဖြစ်ရင်လည်း တစ်ယောက်တည်းကိုဘဲ ရင်ထဲမှာ စွဲစွဲမြဲမြဲ မြှုပ်နှံထားမိတတ်တယ်။
တဒင်္ဂအနမ်းတွေကို ထာဝရအတွက် ရည်မှန်းတတ်မိတာလည်း ကျနော့်ရဲ့အားနည်းချက်တစ်ခုပေါ့။
အဲ့ဒါကြောင့် ဘယ်သူနဲ့မှ sex မဖြစ်ချင်တော့ပါဘူး။
ဘယ်သူ့ကိုမှလည်း မချစ်ချင်တော့ပါဘူး။
တကယ်လို့များ ကျနော်တစ်ယောက်တည်းကိုဘဲ ထာဝရအတွက် တစ်ဦးတည်းမူပိုင်အချစ်မျိုးကို ပိုင်ဆိုင်ခွင့်ပေးမယ်ဆိုရင်တော့ မျှော်လင့်ကြည့်ချင်ပါသေးတယ်။
ဒါဟာ စိတ်ကူးယဉ်မှုသက်သက်ဘဲဖြစ်လိမ့်မယ်ဆိုရင် စိတ်ကူးယဉ်ကမ္ဘာထဲပျော်မွေ့တာက ကျနော်နဲ့အံဝင်ဂွင်ကျဖြစ်ပါလိမ့်မယ်။
ပြီးပါပြီ။
အားပေးတဲ့ ချစ် fri များ လိုရာဆန္ဒပြည့်ဝကြပါစေ။ 
ချစ်မိုးစွေ
5 comments:
  1. ​ကောင်းပါတယ်​ Sex Story ​တွေများများနဲ့မြန်​မြန်​တင်​​ပေးပါ :) :)
    ReplyDelete
  2. စာ​ရေးသူနှင့်​အမှန်​တကယ်​ခင်​မင်​ခွင့်​ရချင်​ပါသည်
    youfool008@gmail.com သို့​ကျေးဇူးပြု၍ဆက်​သွယ်​​ပေးပါခင်​ဗျား
    ReplyDelete
  3. အရမ်း ကြိုက်ပါတယ်ဗျား
    ReplyDelete
  4. ဆက်မရေးတော့ဘူးလားဗျ သုံးပင်လိမ်တဲ့ညဆက်ထတ်ခိင်တယ်ဗျာ
    ReplyDelete
  5. ဆက်မရေးတော့ဘူးလားဗျ သုံးပင်လိမ်တဲ့ညဆက်ထတ်ခိင်တယ်ဗျာ
    ReplyDelete
အချစ်တစ်ခု ပြယုဂ်တစ်ခု
“......................”  သားကြီးဆီမှ ကြားလိုက်ရသော နာမည်ကြောင့် ကျွန်မတစ်ကိုယ်လုံး တောင့်ခဲ သွားသည်။အဆုံးမရှိသောတွင်းနက်ကြီးထဲသို့ ပြုတ်ကျ...