Sunday, June 14, 2015

မိန်းကလေးဓါတ် နည်းနည်းပါတဲ့ ကိုကိုတို့ ရာသီခွင်

ကြည့်လိုက်ရင်တော့ ယောင်္ကျားကြီးဖြစ်ပင်မဲ့လည်း မိန်းကလေး ပစ္စည်းလှလှလေးတွေကို တွေ့ရင် ကိုင်ချင်၊ ကြည့်ချင်၊သုံးချင်တဲ့ ယောင်္ကျားလေးတွေလဲရှိပါလိမ့်မယ်။
ယောင်္ကျားပီသသလို မိန်းကလေးနည်းနည်းဆန်တဲ့ ယောင်္ကျားလေးတွေက ရာသီခွင်အလိုက် ဘယ်လိုရှိမလဲဆိုတာကို ကြည့်လိုက်မယ်နော်။
၀၁. ကရကဋ်ရာသီ (Cancer) : ဇွန် ၂၁ ရက်မှ ဇူလိုင် ၂၀ ရက်အတွင်း
သူကတော့ အိမ်ကိစ္စဆိုရင် အကုန်နိုင်တယ်။ ဟင်းချက်တာကအစ၊ သိုးမွေးပဲထိုးထိုး အားလုံးကို လုပ်နိုင်တယ်။ မိန်းကလေးဘက်ကကြည့်ရင် အိမ်ကိစ္စတွေကို အကုန်လုပ်ပေးနိုင်တဲ့အတွက် အားကိုးရမဲ့သူပါ။ နည်းနည်းမိန်းကလေးဆန်တယ်လို့ ထင်ရပင်မဲ့လည်း အပြင်ပိုင်းကြည့်ရင်တော့ ယောင်္ကျားကြီးပါ။
၀၂. တူရာသီ (Libra) : စက်တင်ဘာ ၂၃ ရက်မှ အောက်တိုဘာ ၂၂ ရက်အတွင်း
အလှဆိုတာ မိန်းကလေးတွေအတွက်ပဲမဟုတ်လို့ စဉ်းစားသူပါ။ အလှအပနဲ့ပတ်သက်လို့ကတော့ အားလုံးသူ့ဆီမှာရှိတတ်ပါတယ်။ ညမနက်ရောက်ပြီဆိုရင် သေသေချာချာကို အသားအရေကို ထိန်းသိမ်းတာတွေကို လုပ်ပါတယ်။ Hand Creamဆိုရင်လည်းဆောင်ထားတတ်ပါတယ်။ ပိတ်ရက်ဆိုရင် Spa တို့ဘာတို့ကိုသွားပြီး အလှအတွက်ဆိုရင်တော့ အားတက်သရော ရှေ့တန်းကပါ။
၀၃. မိန်ရာသီ (Pisces) : ဖေဖော်ဝါရီ ၁၉ ရက်မှ မတ်လ ၂၀ ရက်အတွင်း 
သူကတော့ အရမ်းကို ခံစားတတ်တဲ့သူ တစ်ယောက်ပါ။ ရုပ်ရှင်ကြည့်ပြီဆိုရင်လည်း အချစ်ကားမှ ရွေးကြည့်တတ်ပြီး အပျိုလေးတစ်ယောက်လို ဇာတ်ကောင်းခန်းရောက်ရင် သူလည်း ငိုနေတတ်ပါတယ်။ သူနဲ့အတူကြည့်နေတဲ့ မိန်းကလေးရှိရင် ရုပ်ရှင်ပြီးသွားလို့ကတော့ အဲဒီအခန်းအရမ်းကို ကောင်းတာပဲနော်လို့ ဝေဖန်ရေးတွေ စတင်တော့မှာပါ။ မိန်းကလေးစိတ်ကို နားလည်သောသူ ဖြစ်ပါလိမ့်မယ်။
၀၄. ပြိဿရာသီ (Taurus) : ဧပြီ ၂၁ ရက်မှ မေ ၂၀ ရက်အတွင်း
အိမ်ရှေ့မှာ အသီးအရွက်တွေ၊ ပန်းလှလှလေးတွေကို စိုက်ထားပြီး ပန်းအလှကို ခံစားတတ်ပါလိမ့်မယ်။
၀၅. မေထုန်ရာသီ (Gemini) : မေ ၂၁ ရက်မှ ဇွန် ၂၀ ရက်အတွင်း
Message တွေပို့ရင် ပုံလှလှလေးတွေချည်းပဲ ပို့ရန် သဘောကျသောသူ ဖြစ်ပါလိမ့်မယ်။
၀၆. ကန်ရာသီ (Virgo) : သြဂုတ် ၂၂ ရက်မှ စက်တင်ဘာလ ၂၂ ရက်အတွင်း
မိန်းကလေးတွေကိုင်တဲ့ အိတ်သေးသေးလေးတွေကို သူသုံးရတာ သဘောကျလိမ့်မယ်။
၀၇. ကုမ်ရာသီ (Aquarius) : ဇန်နဝါရီ ၂၀ ရက်မှ ဖေဖော်ဝါရီ ၁၈ ရက်အတွင်း
မိန်းကလေး မဂ္ဂဇင်းဆိုရင် မိန်းကလေးတွေထက်တောင် သူကပိုပြီး သိပါလိမ့်မယ်။
၀၈. ဗိစ္ဆာရာသီ (Scorpis): အောက်တိုဘာ ၂၃ ရက်မှ နိုဝင်ဘာ ၂၂ ရက်အတွင်း
အရုပ်တွေ၊ ဝတ်ဝံရုပ်လေးတွေကို အခန်းထဲမှာ အများကြီးစုထားပြီး ဒီအရုပ်လေးတွေကို ကြည့်နေရတာ ကျေနပ်တယ်။
၀၉. ဓနုရာသီ (Sagittarius) : နိုဝင်ဘာ ၂၃ ရက်မှ ဒီဇင်ဘာ ၂၀ ရက်အတွင်း
ကိုယ်ချက်ထားတဲ့ ဟင်းလေးတွေကို ဓါတ်ပုံရိုက်ပြီး ချက်ချင်း FB သို့တင်လေ့ရှိပါတယ်။
၁၀. မိဿရာသီ (Aries) : မတ် ၂၁ ရက်မှ ဧပြီ ၂၀ ရက်အတွင်း
အိမ်အလုပ်များ ယောင်္ကျားလေးအလုပ်မဟုတ်လို့ ခံယူထားပြီး ဘာမှ မလုပ်ချင်ပါ။
၁၁. သိဟ်ရာသီ (Leo) : ဇူလိုင် ၂၁ ရက်မှ သြဂုတ် ၂၁ ရက်အတွင်း
အသေးစိတ်တဲ့အလုပ်တွေဆိုရင် မုန်းတာကြောင့် မိန်းကလေးတွေကို ဘာမှမကူညီပါ။
၁၂. မကာရရာသီ (Capricorn) : ဒီဇင်ဘာ ၂၁ ရက်မှ ဇန်နဝါရီ ၁၉ ရက်အတွင်း
အချက်အပြုတ်ဆိုတာ မိန်းကလေးတွေရဲ့အလုပ်လို့ သူထင်ပုံရပါတယ်။ အခန်းထဲမှာဆိုလည်း မိန်းကလေးဆန်တဲ့ပစ္စည်းဆိုရင် ဘာမှကို မထားပါ။
သူတို့က အချစ်ရေးမှာ တက်တက်ကြွကြွရှိပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ယောင်္ကျားကောင်းကြီးတွေပါ။ တစ်ခုပဲ မိန်းကလေးဆန်တဲ့အပိုင်းလေးတွေရှိနေတတ်လို့ နားလည်ပေးလိုက်ပါ။
Chelmo Team
Credit. cocoloni
Credit Photo.cocoloni

2 comments:

အချစ်တစ်ခု ပြယုဂ်တစ်ခု

“......................”  သားကြီးဆီမှ ကြားလိုက်ရသော နာမည်ကြောင့် ကျွန်မတစ်ကိုယ်လုံး တောင့်ခဲ သွားသည်။အဆုံးမရှိသောတွင်းနက်ကြီးထဲသို့ ပြုတ်ကျ...