Saturday, November 28, 2015

သုံးပင်လိင်တဲ့ည အပိုင်း (43)

ကိုကျော်စိုးကတော့ အစပိုင်းက အတင်းလာတွေ့ပေမယ့် နောက်ပိုင်း မအားတာရော ကျွန်တော်ရှောင်နေတာ ကြောင့်ပါ မတွေ့ဖြစ်တာများနေသည်။
ဒီအချိန် ကိုယ့်ကြောင့် သူများမိသားစု ပြိုကွဲတာတော့ မဖြစ်စေချင်ပါ။ ကိုယ်သာ ကြိတ်ပြီး လွမ်းနေမိသည်။
နောက်ပိုင်း သူ့မိန်းမနဲ့ သူ လင် မယားလိုပြန်နေလို့ရတော့ ပိုပြီး အနေဝေးသွmးမယ်လို့ထင်ခဲ့မိသည်။
သံယောဇဉ်ဆိုတာ ဒီထက် ပိုလို့မှ မကောင်းတဲ့အခြေအနေလေ။
Homo ဘ၀ဆိုတာ ဒီလိုပါပဲ အမြဲတမ်း ပျော်ရွှင်မှုက ဘယ်ရပါ့မလဲ။ တစ်ခါတစ်လေ ရခဲ့တာလေးကို ပဲ ကျေနပ်ရမှာပေါ့။
ကျွန်တော့် အချစ်ကံက အဆုံးသတ်မကောင်းတာ ထုံးစံပဲလား။
သူ့ကိုလွမ်းစိတ်ကော။ သောက်လေ သောက်လေ ငတ်မပြေတဲ့ ကာမရာဂ စိတ်ကပါ ဖိစိပြီး အနေခက် နေပေမယ့် ကျေနပ်နေပါတယ်လေ။
ကိုကျော်စိုး သူ့မိန်းမနဲ့ ကလေးကြောင့် ကျွန်တော့်ဆီ အလာကျဲနေပေမယ့် အလာစိတ်ကာ မထိ တထိ လာစတတ်တဲ့ (ကိုမင်းမင်းနဲ့ ကပ္ပလီ)ဟိုနှစ်ကောင်ကြောင့်လည်း စိတ်ညစ်ရသည်။
စိတ်က ကိုကျော်စိုးမှ ကိုကျော်စိုးဖြစ်နေသဖြင့် သူတို့ကို အရေးမလုပ်ချင်သလို။ ကျွန်တော့်အပေါ် မကေင်းခဲ့တဲ့အတွက်စိတ်နာက ခါးခါးသီးသီး ငြင်းဆန် နှင်လွှတ်ကာ တစ်ကိုယ်တည်း ရှောင်နေ ပုန်းနေမိသည်။
ဘူးလေးရာ ဖရုံဆင့်ဆိုသလို ကိုကျော်စိုး မိန်းမကလည်း နဂိုထဲက တဏှာကြီးတဲ့သူလေ။
သူ့ယောက်ျားကို မယုံသင်္ကာဖြစ်နေကြ။ ခုလို ခြေငြိမ်နေတာကို အစက မယုံပေမယ့် သူကိုယ်ဝန်နဲ့ မို့ ဘာမျှ မလုပ်နိုင်ကာ သူ့မိဘအိမ် ပြန်နေစဉ်တော့ လက်လျော့ထားပေမယ့်။
ခု ကလေးမွေးပြီး အိမ်ပြန်လာတော့ ယောက်ျားဖြစ်သူက သူ့နားသိပ်မကပ်နိုင်တာ အထူးသဖြင့် ညဘက် သူ အိပ်ပျော်နေချိန် ကျွန်တော့်ဆီလာ လာအိပ်တော့ သူပို မသင်္ကာဖြစ်ပေမယ့်။
ညဘက် လာတာက ခြံခြင်းကပ်လျက် ယောက်ျားလေးတွေ အများစု နေတဲ့ခြံဆိုတော့.. အစကတော့ သူ အရက်သောက်ပြီး လူပျိုတုန်းကလည် ပျော်နေတာပဲထင်သလားမသိ။ တစ်ချက်ချက် လာခြောင်းသလို။
လူပျိုတွေစုပြီး အပျော်မိန်းမ အား စုပျော်ပါးနေကြသလိုးဆိုပြီး စုံစမ်းပေမယ့် ဘာမျှ မထူးခြား။
အရင်လို သူ့ယောက်ျား ခြေလှမ်းတွေပျက်နေတာသိပေမယ့် မိမိရရ သက်သေမပြနိုင်သဖြင့် လည်းကောင်း ကိုကျော်စိုးကလည်း သူ့အပေါ် အရင်လောက် စိတ်ပါမှု မရှိသဖြင့် လည်းကောင်း လင်မယား တကျက်ကျက် ရန်ဖြစ်တာတွေများလာသလို… အရင်ကလောက် သူတို့ အိမ်ထောင်ရေး အဆင်မပြေတော့.။
တစ်ခါတစ်လေ ကိုကျော်စိုး ကျွန်တော့်ဆီ လာပြီး ရင်ဖွင့်တတ်သည်။ သူ့မိန်းမ သ၀န်တိုတဲ့ အကြောင်း .. ကလေးမွေးပြီး ညစ်ပတ်လာတဲ့အကြောင်းနဲ့ ယုတ်စွအဆုံး သူ မဆက်ဆံခြင်ဖြစ်လာတဲ့အကြောင်းတွေပါ ပါလာတော့ စိတ်မကောင်းမိပါ။
ကျွန်တော့်ကို သူစွဲလန်းကာ သံယောဇဉ်ဖြစ်နေသဖြင့်လား လိင်ပိုင်းဆိုင်ရာ စွဲလန်းမှုကြောင့်လား မသိ ည ဘက် လစ်ရင် လစ်သလို ခိုးခိုးထွက်ကာ အတူလာနေလိုက် တစ်ခါတစ်လေ မိုးလင်း အောင်နေပြီး သူ့မိန်းမ မနိုးခင် ပြန်လိုက်လုပ်နေသဖြင့် ကျွန်တော်ကော သူပါအပြင် သူ့မိန်းမလည်း လူရော စိတ်ပါ ပင်ပန်းကြရတော့ သည်။
ခုတစ်လော သူတို့လင်မယား ရန်ပွဲလေးတွေ စိတ်ကာ သိပ်အဆင်မပြေကြသဖြင့် ကိုယ်ပါ အနေ ကြပ်သလိုဖြစ်ကာ အပြစ်မကင်းသလို ခံစားရတော့သည်။
ကိုယ့်စိတ်သဘောကိုယ် ဥပက္ခာပြုပြီး သူတို့ လင်မယား အဆင်ပြန်ပြေဖို့အတွက် ကိုကျော်စိုးအား အဆင်ပြေအောင်နေဖို့ ပြေရာပြေကြောင်းအကြောင်းပြကာ ပြောဆိုတိုက်တွန်းမိတော့..။
“ ညီ.. ဘာမျှ မသိပါဘူး… သူကိုက သ၀န်တိုလွန်းနေတာ..။ ခုတလော နေရာတကာ အလိုမကျ အပြစ်ရှာနေတာပဲ။ ကလေး တစ်ယောက်မွေးရတယ်ဆိုပြီး သူ့ကို ငါ ထမင်း ဟင်းချက်တာ၊ အိမ်အလုပ်တွေ ဘာမျှ လုပ်ခိုင်းတာ မဟုတ်ဘူး။ သူ့နား အချိန်ပြည့်တော့ ဘယ်နေနိုင်ပါ့မလဲ။ သူမကြိုက်ဘူးဆိုလို့ အရင်လို ငါ မိန်းမတွေနဲ့ ရှုပ်နေတာလဲးမဟုတ်ဘူး။ ငါရှာသမျှ သူ့ကို အကုန်အပ်နေတာပဲလေ။ သူ့နား အမြဲတမ်းနေရအောင်တော့ ငါနေလို့မရဘူးလေ။ ကလေးက တစ်ဖက်နဲ့… ဒါကို သူက မကျေနပ်ဘူးဖြစ်နေ တာ။”
“ ကျွန်တော့်ဆီလည်း မလာစေချင်လို့မဟုတ်ပါဘူး။ တော်ကြာ သူ့နား မနေဘဲ လူပျိုလို ခဏ ခဏ ဒီဘက်ခြံထဲ ရောက်နေတယ်ဖြစ်နေမယ်လေ။ ကလေး လည်းရှိနေပြီး ကျွန်တော်တို့လည်း ရပ်သင့်ပြီထင်တယ်။ အစ်ကို တို့ လင်မယား အဆင်မပြေတိုင်း ကျွန်တော်လည်း စိတ်မကောင်းဘူး။ တော်ကြာ သူသိသွားရင် ဘယ်လို လုပ်မလဲ။ အဲဒါကြောင့် အစ်ကို ညီ့ဆီ မလာပါနဲ့တော့ ကိုယ့်အိမ်ထောင်ကိုယ်ပဲ ဂရုစိုက်သင့်ပြီလို့ ညီထင်တယ်။ အစ်ကို့ကို မချစ်လို့ မဟုတ်ဘူးနော်။ မဖြစ်သင့်တော့ဘူးထင်လို့ပါ။”
“ ဘာ… မင်း… ပြန်ပြောစမ်းပါ… ဘာလဲ မင်းက အချစ်သစ်တွေ့နေလို့လား.. ဒါမှ မဟုတ် အဆက်ဟောင်းတွေနဲ့ ပြန်အဆင်ပြေနေလို့ ဒီစကားပြောတာလား။ ငါ… မင်းကို မစွန့်လွှတ်နိုင်ဘူး… ရှင်းရှင်းနဲ့ ပွင့်ပွင့် လင်းလင်း ပြောရရင် မင်းနဲ့ ဆက်ဆံပြီးတဲ့နောက် ငါ့မိန်းမတင် မကဘူး ဘယ်မိန်းမနဲ့ မှ ငါ မဆက်ဆံချင်တော့ဘူး။ နောက်ကို ဒီစကား မပြောနဲ့ မကြိုက်ဘူး.. မင်းလည်း ငါကလွဲပြီး ဘယ်သူနဲ့မှ မဖြစ်ရဘူး.. ဖြစ်တဲ့ကောင်နဲ့ တွေ့ရင် မင်းတို့ နှစ်ယောက်လုံးကို ငါသတ်မှာနော်.. သတိထား”
သူ… ရုတ်တရက် ဒေါသတကြီး ကျွန်တော့် မျက်နှာ တည့်တည့်
တစ်ညနေတော့..
ကျွန်တော် ဟိုနှစ်ကောင်ကို ရှောင်ရင်း အလုပ်လည်းများ စိတ်လည်း ညစ်သဖြင့် မိုးချုပ်မှ ရေချိုးဖြစ်တော့သည်။
ကျွန်တော် ရေချိုးလို့ပြီးသဖြင့် အိမ်ပေါ်အတက် အမှောင်ထဲမှ သန်မာတဲ့ လက်တစ်စုံကလှမ်းဆွဲယူကာ နွေးထွေးသော ရင်ခွင်ကျယ်ကြီးထဲသို့ ဆွဲသွင်းတာခံလိုက်ရသည်။
ရင်းနှီးဖူးသော အထိအတွေ့ အပွေ့အဖက်တွေကြောင့် ၀ိုးတ၀ါးအလင်းရောင် မှာ သဲသဲကွဲကွဲမမြင်ရ ပေမယ့် …။
“ဟင်… ကိုကျော်စိုး… !”
ပါးစပ်က အသံက လည်ချောင်းမှာပင် ပျောက်သွားကာ။
နွေးထွေးထူထဲသော နှုတ်ခမ်းတစ်စုံက ကျွန်တော့်နှုတ်ခမ်းသားများအား အငမ်းမရ ဖိစုပ်ယူခြင်းကို ခံလိုက်ရသည်။
ဟုတ်ပါတယ်.. ကျွန်တော့် မသိစိတ်က တိတ်တခိုး တောင့်တနေမိတဲ့ ကျွန်တော်ချစ်ရတဲ့ ကိုကျော်စိုးပါ။
ကျွန်တော်လည်း မရုန်းမိဘဲ အလိုက်သင့် သူ့ကို ပြန်ဖက်ကာ နှုတ်ခမ်းချင်းပြန်စုပ်ကာ အနမ်းချင်းဖလှယ်မိတော့သည်။
ခဏ ကြာမှ သတိပြန်ဝင်လာကာ..။
မနည်း ပါးစပ်ချင်းခွာလိုက်ကာ အသက်ရှူလိုက်ပြီး..
“ကို… သူများတွေ မြင်ကုန်မယ်… လွှတ်ပါဦး…”
“ ကို.. .. ညီ့ကို့ သတိရလို့… မိန်းမနဲ့ ကလေး အိပ်တုန်းထွက်လာရတာ။ လာ သံပုရာခြံထဲဘက်ကို သွားရအောင်”
ကျွန်တော်လည်း မငြင်းနိုင်ဘဲ သူဆွဲခေါ်ရာ သံပုရာခြံဘက်သို့ လိုက်ပါခဲ့ရပါတော့သည်။
-------------------------------------------------
အပိုင်း (44) အားဆက်လက်ဖော်ပြပါမည်။
ချစ်ဦးကို

2 comments:

  1. ကောင်းတယ်ဗျ ဆက်တင်ပေးပါဦး

    ReplyDelete
  2. သုံးပင်လိန်တဲ့အခန်းလေးဖတ်ချင်နေပီ

    ReplyDelete

အချစ်တစ်ခု ပြယုဂ်တစ်ခု

“......................”  သားကြီးဆီမှ ကြားလိုက်ရသော နာမည်ကြောင့် ကျွန်မတစ်ကိုယ်လုံး တောင့်ခဲ သွားသည်။အဆုံးမရှိသောတွင်းနက်ကြီးထဲသို့ ပြုတ်ကျ...