Saturday, January 24, 2015

ကျွန်မ နာမည် ခင်မေသိန်း (၅)

" ကျမ နာမည် ခင်မေသိန်း "
. . . . အပိုင်း(၅) . . . .

ယခင်ဇာတ်ကြောင်း- ကိုးတန်းကျောင်းသား ခင်မောင်သိန်းရဲ့  ရယ်ရွှင်ဖွယ် ကနွဲ့ ကရဖြစ်စဉ်များနှင့် စတင်ပြီး၊ မိတ်ကပ်မာမီတစ်ယောက်နှင့် တွေ့ ဆုံကာ ခင်မောင်သိန်းမှ ခင်မေသိန်းဟု စတင်ပြောင်းလဲခဲ့သည်။
သူ့ တွင် အမြဲမခွဲတစ်တွဲတွဲနှင့် အရမ်းချစ်ခင်ရသော မောင်မောင်နှင့် နှင်းဆီဟူသော သူငယ်ချင်းများရှိသည်။ မောင်မောင်ကဆေးကျောင်းတက်ကာ ကောင်မလေးတစ်ယောက်နှင့်တွဲနေပြီး နှင်းဆီကမျက်နာများသော ကောင်မလေးအဖြစ် ဒဂုံတက္ကသိုလ်တွင် နမည်ကြီးကာ မောင်မောင်နဲ့ နှင်းဆီတို့ နှစ်ယောက် ပနံမသင့်တော့ပါ။

ကိုးတန်းကျကာ မိတ်ကပ်လိမ်း ဆံပင်ညှပ်ဆရာ မိန်းမလျာဘဝသို့ ပြောင်းလဲနေထိုင်ဖို့ ကြိုးစားလာသူ ခင်မေသိန်းသည် ပတ်ဝန်းကျင်အခက်ခဲများကို ရင်ဆိုင်ရင်၊
း အမေနဲ့ အစ်ကိုများလက်ခံပေးနိုင်အောင် ကြိုးစားနေခဲ့ရင်း မိတ်ကပ်အလှဖန်တီးရှင်အဖြစ် ဆက်လက်လျှောက်လမ်းခဲ့ရသည်။ မြဇ္ဇူအလှပြင်ဆိုင်မှ အကောက်ကြံခံ စွတ်ဆွဲခံရ၍ ထိုမှထွက်လာခဲ့ရပြီးနောက် .......

.. .. . . . . (က). . . . .
- ... မိုးရေစက်များသည် ငိုချင်သူအား လက်တို့ ပေးသကဲ့သို့  အေးမြစိုထိုင်းမူနှင့်အတူ အရောက်တွန်းပို့  ပေးနေသည်။ စာရိတ္တပုတ်ခက် လုပ်ကြံခံရမူနှင့်အတူ ပေးလိုက်ရသော နေရာနှင့် အခွင့်အရေးအတွက် လွယ်ကူသော နည်းလမ်းနှင့် သူ့ ထက် နှာတစ်ဖျားသာရန် သူ့ အားတွန်းထုတ်နိုင်မူအား ဝမ်းနည်းခံပြင်းမူနှင့်အတူ လက်ခံလိုက်ရပြီ။ မည်သို့ ပင်ဆိုစေ စာမကြိုးဘဲ မေးခွန်းရအောင် ဖန်တီးနိုင်ကာ စာမေးပွဲအောင်သော ကျောင်းသားတစ်ယောက်သည်လည်း သူ့ နည်းသူ့ ဟန်နှင့် တော်သည်ဟု အသိမှတ်ပြုရတော့သည်။

- .. . သူ့ ဝါသနာနဲ့  အိမ်မက်ဆီအရောက်သွားဖို့ လည်း သူဆက်ကြိုးစားရမည်။ သူသည် ကိုယ်ပိုင် ဆံပင်မိတ်ကပ် ခန်းမငယ်လေးဖွင့်ချင်နေသည်။သူ့ တွင် အခက်ခဲသည်လည်း ဒါပေမယ့်နှင့်အတူ ရှိနေသည်။ 
၂၁နှစ်အရွယ်သာရှိသေး၍ သူ့ အိမ်မက်တွေအတိုင်းလုပ်ဆောင်နိုင်ရန် ဆရာမကြီးအဖြစ် အနည်းငယ် ငယ်နေသေးသော်လည်း သူ့ ခြေလှမ်းတွေ မည်သည့်အကြောင်းကြောင့်မှ မရပ်စေရဟု သူ ကြိုးစား၍ အားတင်းထားသည်။သို့ သော် သူ့ တွင် ရင်းနှီးလုပ်ကိုင်ရန် ငွေမရှိပါ။ အစ်ကိုတွေရဲ.့ ကြုံရာကျပန်းအလုပ်များသည်လည်း အမေ့ဆေးဖိုးနှင့် ပုံမှန်အိမ်သုံးစရိတ်သာရှိပါသည်။

မောင်မောင်နဲ့ နှင်းဆီကတော့ သူလိုအပ်သည်ကို ဖြည့်ဆီးပေးမည် ပြောသော်လည်း တစ်လမ်းဆီလျှောက်နေရသော ဘဝတွေလည်းဖြစ်၊ သူတို့ တွေပေးတာ ယူရအောင်လည်း သူတို့ လုပ်အားခနှင့် ပေးသည့် ငွေမျိုးမဟုတ်ဘဲ မိဘဆီမှတောင်းပေးကြရမည့် အဖြစ်မျိုးမို့  ငယ်ပေါင်းအချစ်ဆုံးသူငယ်ချင်းတွေ ဖြစ်သော်လည်း သူသည် အခွင့်ရေးအား လက်လွတ်သာခံလိုက်သည်။ သူများဆီက အလွယ်တကူ ငွေလက်ဖြန့် တောင်းရလောက်အောင် သူ ခပ်ညံ့ညံ့မိန်းမမျိုး( မိန်းမလျာမျိုး) မဟုတ်ပါ။

. . . . . . . (ခ) . . .
တောက်မည့်မီးခဲသည် ပြာကြာကြာ မဖုန်းနိုင်ဟု ဆိုရမည်အလား ပြောရလိမ့်မည်။ မပေါင်းဖြစ်တာ ကြာခဲ့ပြီဖြစ်သော မိကျားနှင့် စကားဆက်စပ်မိသည်။ သူ့ အရည်ချင်းကို သိသော မိန်းမလျာ ပန်ကာမ မိကျားက ငွေအရင်းနှီးစိုက်ထုတ်ကာ ငွေအားနှင့် လုပ်အားပေါင်းစပ်ကာ စပ်တူသဘောမျိုးနှင့် အလှပြင်ဆိုင်အငယ်လေးဖွင့်ဖို့ သဘောတူ လိုက်ကြသည်။

ဆိုင်စဖို့ ကြိုးစားကြတော့ ဆိုင်ကို သမိုင်းလမ်းဆုံ လူဆီကားရာလမ်းမကြီးနှင့် လမ်းသင့်သော လမ်းသွယ်လေးအား ရွေးချယ်လိုက်သည်။ အခန်းအတွင်းအပြင် decoration တွေပြင်ဆင်ရသည်။ လုပ်ငန်းအတွက်လိုအပ်သော ခုံမျိုးစုံ သူ အသုံးပြုမည့် ဆံပင်ညှပ်ပစ္စည်းတွေ၊ဆံပင်ကောက်၊ ဆိုးဆေးမျိုးစုံ၊ မိတ်ကပ်၊အလှပြင်ပစ္စည်းမျိုးစုံအား မိကျားက လိုက်လံဝယ်ပေးသည်။ 

ဆိုင်ဖွင့်ကြတော့ ဆိုင်နာမည်ကို သူ့ အိမ်မက်တွေအတိုင်း " ခင်မေသိန်း မိတ်ကပ်နှင့် ဆံပင်အလှပြင်ခန်းမ" ဟု သူ့ နာမည်အား သူက အသုံးပြုချင်သည်။ သို့ သော် မိကျားကလက်မခံဘဲ ငွေရှင်တို့ အားသာသည့်ထုံးစံအတိုင်း ပညာရှင်က နောက်ဆုတ်အညံ့ခံကာ Domino အဖြစ် နမည်ပေးလိုက်ရသည်။

ဆိုင်လေးသည် စဖွင့်ကတည်းက မိကျားရဲ့ မိန်းမလျာအပေါင်းအသင်းများက သူ့ လက်ရာ စမ်းကြည့်ရာမှ သဘောကျ၍ ပုံမှန်လေးတော့ ခပ်ကျဲကျဲအလုပ်ဖြစ်လျက်ရှိသည်။

သူ့ သူငယ်ချင်း နှင်းဆီသည်လည်း မော်ဒယ်လောကထဲရောက်နေသည်မို့  သူ့ ကိုသာ ယုံကြည်အားကိုးရင်း သူတို့ နှစ်ယောက်အတူ လက်တွဲကြဖို့ တိုင်ပင်ထားကြသည်။ နှင်းဆီကလည်း သူ့ ဆိုင်တွင်သာ ပုံမှန်လာပြင်လေ့ရှိပြီး မော်ဒယ်မိတ်ဆွေ တစ်ချို့ ကိုလည်း ခေါ်လာလေ့ရှိသည်။ ထိုအခါမျိုးတွင် မိတ်ဆွေဖြစ် အခမဲ့ပြင်ဆင်ပေးရသည်။ ထိုသို့ ကဲ့သို့  အနုပညာလောကမှ နမည်ရစများအား မိတ်ခေါ်ရခြင်းသည် ဖြစ်ထိုက်သော်လည်း မိကျားခေါ်လာသော မိကျားသူငယ်တော်ကောင်လေးများကို ဘာမှမဟုတ်ပဲ မိကျားရဲ့ မျက်နာလုပ် ပိုးပမ်းမူအတွက် သူကိုယ်တိုင် အခမဲ့ပြင်ဆင်ပေးနေရတာတွေ အတွက်ကတော့ အောင့်အီးအီးနဲ့ သာလုပ်နေရသည်။ မိကျားသည် ငွေစိုက်သူပီပီ သူ့ အပေါ် စီးပိုးသည်ထက် စီးပိုးလာသည်။

"ခင်မေသိန်းရေ ငါ့ကောင်လေးကို facial careလုပ်ပေးလိုက်ပါဦးကွယ် ဆံပင်လေးလည်း ပုံသွင်းပေးလိုက်ဦးနော်" 
စသည်ဖြင့် ကောင်လေးတွေတစ်ယောက်ပြီးတစ်ယောက် မကြာခဏခေါ်လာလေ့ရှိသည်။ မိကျားသည် အသားမဲ သွားထစ်များနဲ့  မျက်စိက ခပ်စွေစွေ လူကခပ်ပိန်ပိန်နဲ့ သာ ရှိသည်၊သူငယ်ကောင်လေး အလန်းလေးတွေ ဘယ်လိုသယ်ရမလဲသာတွေးနေသည်။ ကိုယ်တွေက ဆိုင်ဖွင့်ထားတာ လူရိုသေရှင်ရိုသေ မနေတတ်တော့ ထပ်ပြီး ဆုံးမစကားပြောပြန်ရင်လည်း ရန်များကြရဦးမည်။ မိကျားရဲ့ စီးပိုးမူတွေ သူဘယ်ထိသီးခံနိုင်မည်လဲ စဉ်းစားရတော့မလို ဖြစ်လာသည်။

. . . . . . . (ဂ) . . .
မင်းသားလေးသည် တန်းစီရပ်စောင့်နေသော မိန်းမလှပေါင်းများစွာအား မင်းသားလေးသည် တစ်ယောက်ချင်းဆီခေါ်၍ သူ့ တွင်ရှိသော ရွှေဖိနပ်တစ်ဖက်ရဲ့  နောက်တစ်ဖက်ပိုင်ရှင်ကို ရှာနေခဲ့သည်။ တန်းစီစောင့်နေသောသူများတွင် ခင်မေသိန်းလည်းရောက်ရှိနေသည်။ သူ့ တွင်တော့ ရွှေဖိနပ်တစ်ဖက်မရှိပါ။ မင်းသားလေးဆီက ရွှေဖိနပ်တစ်ဖက်ကရော သူ့ ခြေထောက်ကြမ်းကြီးနဲ့ တော်ပါ့မလား။ သူသည် မင်းသားလေးနှင့်တွေ့ ရမည့်အခွင့်ရေးအား တွေး၍ ပူပန်နေဆဲ အိမ်မက်မှနိုးလာသည်။ 

အိမ်မက်ထဲက မင်းသားလေးသည် တိမ်သောက်၏အပြုံးတွေနဲ့ တူနေသလား။

. . . . . . (ဃ) . . .

. . နှင်းဆီသည် မော်ဒယ်တစ်ယောက်အဖြစ်နမည်ရဖို့ ကြိုးစားနေဆဲ Magazine မဂ္ဂဇင်းတစ်ခုရဲ့  ဖက်ရှင်ကဏ္ဌအတွက် ဓာတ်ပုံရိုက်ပေးရသည်။ photo studioသည် နမည်ကြီးဖြစ်ကာ လာရောက် ဓာတ်ပုံရိုက်ကျသော ကောင်မလေးတွေ မော်ဒန်တွေ အနည်းငယ်တန်းစီနေသည်။ 
နှင်းဆီကို ခင်မေသိန်းက မိတ်ကပ်လိမ်းပေး၊ ဆံပင်ပြင်ပေးရင်း စောင့်နေဆဲ မဂ္ဂဇင်းတာဝန်ခံက လာခေါ်သည်။
သူတို့ နှစ်ယောက် အလင်းခပ်သဲ့သဲ့studioခန်းထဲရောက်တော့ ဓာတ်ပုံဆရာက အသင့်စောင့်နေသည်။ နှင်းဆီအတွက်နေရာချပေးအပြီး အလင်းအမှောင်ချိန်ပေးနေသော ဓာတ်ပုံဆရာသည် ခင်မေသိန်းကိုမြင်တော့ နှင်းဆီကို မကြည့်တော့ပဲ ခင်မေသိန်းကိုသာ စူးစိုက်စွာကြည့်နေသည်။ ခင်မေသိန်းသည် ကိုယ့်သူငယ်ချင်းအတွက် ဘာလိုမလည်းသာ ကြည့်နေရ၍ ဓာတ်ပုံဆရာအား အစက ဂရုစိုက်မကြည့်မိသော်လည်း ထိုသူ၏မျက်ဝန်းများသည် သူ့ အပေါ်စိုးမိုးထားမူများကြောင့် ထိုသူကို တစ်ချက်ပြန်ကြည့်မိတော့........

အပီမပြင်အပြုံးလေးကို ချစ်စရာကောင်းအောင် ပြုံးယူနိုင်သော ကောင်ကလေး၊ အသားဖြူဖြူ အရပ်ရှည်ရှည်နဲ့  ရုပ်အနည်းငယ်တည်သော ကောင်ကလေး၊ လွန်ခဲ့သော လေးနှစ်ကျော်က ကျိုက္ကလို့ ဘုရားပွဲထဲက ကောင်ကလေးတစ်ယောက်။ သူဟာ တိမ်တောက် ပေါ့.......

တိမ်တောက်သည် သူ့ အားကြည့်နေသည်များက သူ့ အားမှတ်မိနေသလား။ သူ့ ပုံစံသည် တိမ်တောက်နဲ့ တစ်ကြိမ်ဆုံခဲ့တုန်းကကဲ့သို့  ယောက်ျားပုံဆံပင်အတိုနှင့် ရှက်အင်္ကျီပုဆိုးကို ထမိန်လုပ်ဝတ်ထားသော ခပ်နွဲ့ နွဲ့ ကောင်လေးပုံစံမျိုး မဟုတ်တော့၍ မှတ်မိနိုင်ပါ့မလား။ 

တိမ်တောက်သည် တစ်ယောက်ကို တစ်ယောက် အကဲခပ်စူးစိုက်ကြည့်နေမိသော အခြေအနေကို ရုတ်တရက် သတိထားမိကာ ခပ်ရှက်ရှက်နှင့်မျက်နှာလွှဲသွားသည်။ ထို့ နောက် နှင်းဆီအတွက် ဓာတ်ပုံများကို လိုချင်တဲ့ပုံစံမျိုး မရရအောင် ခိုင်း၍ စိတ်ရှည်လက်ရှည်ရိုက်နေခဲ့သည်။

ထိုနေ့ က ဓာတ်ပုံ မိုးတိမ်တောက်ခေါ် သူ့ ရဲ့ မင်းသားလေးတိမ်တောက် ရဲ.့  photo studio မှ ပြန်လာတော့ Taxiကားပေါ် နှင်းဆီက အပျော်လွန်စွာစကားတွေ အများကြီးပြောနေပေမယ့် သူ့ နားထဲ သိပ်ရောက်မလာပါ။ သူ့ မျက်လုံးထဲတွင် အမြဲမမေ့ရှိနေခဲ့သော တိမ်တောက်ကို ပြန်တွေ့ ရ၍ ပျော်နေသော်လည်း ဘာစကားတစ်ခွန်းမှ အစရှာမတွေ့ ဘာပြောရမှန်းမသိ မပြောခဲ့ရသည့်အတွက် သူစိတ်မကောင်းဖြစ်နေမိသည်။ 

တိမ်တောက်ကို သူ ပြောပြလိုက်လျင် တိမ်တောက် ဘယ်လိုတုန့် ပြန်မလဲ။ သူ့ ကိုနွေးထွေးချစ်ခင်စွာ ကြိုဆိုမည်လား။ ငယ်ငယ်တုန်းက ပတ်သက်မူအတွက် ရှက်နေကာ သူ့ ကို ခါးသီးသီးဆက်ဆံလိုက်မလား သူတွေး၍ စိတ်ပူနေသည်။

ဆက်ပါဦးမည်.........
(မအားပါသဖြင့် ဒီနေ့ တော့ ဒီလောက်နဲ့ လက်စသက်လိုက်ရတာ ခွင့်လွှတ်ပေးပါ)

ချစ်ခြင်းအားဖြင့်

ကိတ်မုန့် 
12;30pm,7Aug2013

No comments:

Post a Comment

အချစ်တစ်ခု ပြယုဂ်တစ်ခု

“......................”  သားကြီးဆီမှ ကြားလိုက်ရသော နာမည်ကြောင့် ကျွန်မတစ်ကိုယ်လုံး တောင့်ခဲ သွားသည်။အဆုံးမရှိသောတွင်းနက်ကြီးထဲသို့ ပြုတ်ကျ...