Saturday, January 10, 2015

ကျွန်မနာမည် ခင်မေသိန်း (၃)


"အပိုင်း(၃) "

ယခင်ဇာတ်ကြောင်း- ခင်မောင်သိန်းသည် ခင်မေသိန်းအဖြစ် ပြောင်းလဲနေထိုင်ရန် ကြိုးစားရင်း ရယ်စရာဖြစ်စဉ်များနှင့် နေထိုင်လာခဲ့သော မိန်းမလျာ အရိုင်းလေးဖြစ်ပြီး သူ့ တွင် သူချစ်ကြောက်ရသော မောင်မောင်ဟူသော သူငယ်ချင်းနှင့် နှင်းဆီဟူ၍ ရှိသည်။ မိန်မးလျာတို့ ပျော်မွှေ့ ရာ ဘုရားပွဲတွင် ရယ်စရာအဖြစ်များနှင့်အတူ တိမ်တောက်နှင့်စတင်ဆုံခဲ့သည်။

- .. . . . ( က )
- ဘုရားပွဲခင်းထဲတွင် တိမ်သောက်နဲ့ အတူရှိနေစဉ် မောင်မောင်ကိုမြင်တော့ ခင်မောင်သိန်းတစ်ယောက် ကြောက်ခါလန့် ကာနှင့် ဖြစ်သွားသည်။ပွဲခင်းထဲတွင် ကဲနေသည်ကို တွေ့ ၍ မောင်မောင်က ဆူဆဲပြောဆိုမည်ကို သူတွေးကြောက်နေသည်။ သူ့ ကိုယ်သူ ခင်မေသိန်းပါဟု မိန်းမဟန်လုပ် မိန်းမလျာစကားပြောခဲ့ပြီးမှ ခင်မောင်သိန်းဟု အော်ခေါ်လို့ ကတော့ သူ ဂွမ်းပြီလေ။

ဒါကြောင့် မောင်မောင် မမြင်ခင် သူ့ မှာ တိမ်သောက်ရဲ့ ရင်ခွင်ရှေ့ သို့ အကာကွယ်ယူပုန်းလိုက်သည်။ တိမ်သောက်က ရုတ်တရက်ကပြာကရာ ဖြစ်သွားသော သူ့ အပြုမူအတွက် ကြောင်အမ်းအမ်းဖြစ်ကာ "ဘာဖြစ်လို့ လဲ " ဟု မေးသော်လည်း သူပြန်မဖြေနိုင်ပဲ လူကြားထဲပြေးဝင်ကာ မောင်မောင်မမြင်ခင်ပြေးသွားရသည်။

စင်ထရဲယ်လား လိုတော့ ရွှေဖိနပ်တစ်ဖက်မကျန်ခဲ့ပါ။ သို့ သော် ရွှေမင်းသားလေးအလား ချောသော တိမ်သောက်လေးကိုတော့ သူ အမှတ်ရနေမှာ သေချာသည်။ ရွှေမင်းသားလေးကတော့ သူ့ ကို မေ့သွားမှာပါ။
ကံမကုန်ရင်တော့ ရွှေမင်းသားလေးနဲ့ ပြန်ဆုံကြရဦးမည်ပေါ့။
- ... ...... ..... *. *. *. .... ...... .....
. . . . ( ခ )
ကျောင်းပြန်မဖွင့်ခင် ၉မိုင်ရှိ မာမီသောင်းရဲ.့  မြဇ္ဇူအလှပြင်ခန်းမသို့ ပြန်ရောက်ခဲ့သည်။ သူနှစ်သက်သော မိတ်ကပ်ဆေးရေးပန်းချီများအား သူကိုယ်တိုင် ခြယ်သခွင့်ရနိုင်ရန် မျှော်လင့်နေသည်။ သို့ သော် အသက်ငယ် ပညာငယ်သေးသည့် သူ့ အား မာမီက ဆံပင်ညှပ် ဆံပင်စီရင်ထုံးဖွဲ့ မူပညာကိုသာ သူ့ အားခြေလှမ်းအစပြု စေသည်။

အိမ်က မသိအောင်သာ လာနေရပေမယ့် အိမ်မှာမကပ်ပဲ နေ့ စဉ်ပျောက်နေတဲ့သူ့ ကို အမေဖြစ်သူကတော့ ရိပ်မိမှာ အသေချာပင်။ သို့ သော် အမေသည် သူ့ ရဲ့ စစ်မှန်တဲ့ဝါသနာကြောင့် သိပ်တားလိုဟန် မရှိတော့ဘူးထင်ပါသည်။

သူ့ အိမ်မက်တွေထဲမှာတော့ သူဟာ နာမည်ကြီး ဆံပင်နဲ့ မိတ်ကပ် အလှဖန်တီးရှင်တစ်ယောက်ပေါ့။

........ ... ... ... *. *. *. *. .. ...... ..... ......
... . . ( ဂ )
- ကံကြမ္မာသည် အလုပ်မကောင်းသကဲ့သို့ ဖြစ်ပေါ်မူမရှိခဲ့ပါ။ ကိုးတန်းအောင်စာရင်းထွက်တော့ သူ့ နာမည်ပါမလာခဲ့ပါ။ သူထင်ထားသည့်အတိုင်း ဖြစ်လာပေမယ့် အများအောင်တော့ အောင်ချင်လာကာ ဝမ်းနည်းနေမိသည်။ သူ သူ ကိုယ် ကိုယ် အောင်မြင်မူသာ မက်မောတတ်ကျသည်ပဲ။

- နှင်းဆီသည် မျက်နာမကောင်းစွာ သူ့ ကိုကြည့်နေသည်။ မောင်မောင်ကတော့ ထုံးစံအတိုင်း သူ့ ကို အပြစ်တင်နေတော့သည်။ ကျောင်းတွေပြန်ဖွင့်လျင် သူကိုးတန်းမှာပင်ကျန်ခဲ့တော့မည်။ သူငယ်ချင်းတွေ ဆယ်တန်းတက်သွားကာ သူနဲ့ စိမ်းသွားမည်ကို တွေး၍ ကျန်ရစ်ခဲ့မူအား တွေးကာ မျက်ရည်ကျလာပြန်သည်။ သူသည် ခံစားလွယ် အသည်းနုသူသာ ရှိသေးသည်။ သူတို့ သုံးယောက် အနေဝေးစေဖို့  စတင်ခဲ့သော လမ်းစသည် အချိန်စောလွန်းစွာ ရောက်လာခဲ့သည်ဟု သူ မပြောလိုတော့အောင် သူကိုယ်တိုင် ရွေးချယ်ခဲ့သလို ဖြစ်ခဲ့ပြီ။

ကျောင်းတက်ရတာ အရင်လိုမပျော်ပါ။ သူ့ အနားမှာ မောင်မောင်ရော နှင်းဆီရောမရှိတော့ပါ။ ကျောင်းဖွင့်ကာစက မုန့် စားနားချိန်တွေမှာ ခနခနတွေ့ ရတတ်သော်လည်း ဆယ်တန်းဖြစ်တဲ့ သူတွေအတွက် အားလပ်ချိန်ဟာနည်းလာခဲ့ပြီလေ။ အရာရာကို အသားကျတတ်သူတွေက ကျင့်သားရစွာနေတတ်ပေမယ့် သူ့ မှာတော့ တစ်ကိုယ်တည်း ထီးထီးကြီးကျန်ခဲ့သလိုသာ ဖြစ်နေရသည်။

ကျောင်းပြေးသူအဖြစ် သူ့ လက်တွေသည် ဆံပင်တွေ ကပ်ကြေးတွေနဲ့ သာ အသားကျနေခဲ့သည်။ သူ့ အတွက် ဘဝတစ်ခု အစပြုပြောင်းလဲရန်သည် အတိုက်ခံဖြစ်စရာအခြေအနေများနှင့်သာ ဆိုက်ဆိုက်မြိုက်မြိုက်ကျရောက်လာပါတော့သည်။

ကျောင်းပျက်ရက်များလို့  အိမ်သို့ တိုင်စာရောက်လာသည်။ အမေကဆူပြော ပြောတော့ အစ်ကိုတွေကပါ ဝိုင်းဆဲကြပြန်သည်။ သူ ကျောင်းတက်ရမည်ကို လုံးဝစိတ်မပါတော့ကြောင်းပြောတော့ အမေက မျက်စိပျက်မျက်နာပျက်ဖြင့် သူ့ အား မျိုးစုံချော့မော့ပြောသော်လည်း သူ ခေါင်းမာစွာ ငြင်းတော့သည်။ သူ့ ဘဝအတွက် သူစတင်လျှောက်လှမ်းဖို့  ဆုံးဖြတ်လိုက်ပြီ ဟု ပြောတော့ သူ၏လေးနက်မူ စိတ်ပြတ်သားမူတို့ ကို မြင်သွားကြသည်။

အဖေမရှိတော့တဲ့  သူတို့ မိသားစုလေးသည် အမေ့ရဲ့ နံနက်ခင်းဈေးထဲ ဟင်းရွက်ရောင်း၊ ညနေပန်းရောင်း၊ လူပျိုပေါက်အစ်ကိုနှစ်ယောက်ရဲ ကြုံရာကျပန်းအလုပ်လေးများနဲ့ သာ ဗိုက်ပြည့်ရုံ ခါးဝတ်လုံရုံရှိနေခဲ့၍ သူ့ ရဲ့ ပါရမီနည်းသော ကျောင်းပညာရေးအတွက် ဇွတ်မတိုက်တွန်းသင့်ဘဲ အတတ်ပညာကိုသာ သူစည်းပူးကြိုးစားသင့်ကြောင်း သူတို့ လက်ခံလိုက်ရသည်။ သို့ သော်
ယောင်္ကျားတစ်ယောက်က မိတ်ကပ်ဆံပင်လိမ်းသည့် အလုပ်လုပ်မည်ကို မလိုလားပါ။သူ့ ရဲ့ ကြီးမားသည့် စိတ်ဆန္ဒအား မဟန့် တားနိုင်မှန်းသိ၍သာ လက်ခံပေးလိုက်ကြသည်။ ထိုသို့ နှင့် သူသည် ခင်မေသိန်းအဖြစ် သူ့ ဘဝကို လျှောက်လှမ်းနိုင်ရန်း အစပြုခဲ့သည်။

မိတ်ကပ်ပညာမလေ့လာရသေးခင် ဆံပင်ညှပ် ထုံးဖွဲ့ မူများကို အရင်လေ့လာသင်ယူခဲ့သည်။ ဆံပင်ကောက် ဆံပင်ဖြောင့် ဆေးဆိုး ပုံစံအမျိုးမျိုးပုံတွင်း ညှပ်ပြုရင်း နေ့ နေ့ ညည သူ့ ရဲ့ ကြိုးစားအားထုတ်မူကြောင့် မာမီသောင်းကတောင် တော်တယ်၊တတ်လွယ်တယ်ဟု အမြဲချီးကျူးစကားပြောလေ့ရှိသည်။

မိန်းမလျာအသိုင်းအဝိုင်းကြားထဲနေနေရင်း မျိုးစေ့သန်တော့ ပင်မှန်သလို သူရဲ့ ဝတ်စားဆင်ရင်နေထိုင်ပုံသည်လည်း မိန်းမဟန် မိန်းမလျာပုံဖြစ်လာသည်။

တစ်ခြားမိန်းမလျာတွေ ကိုယ့်ရှေ့ မှာ ထမီဝတ်နေကြတာ မြင်နေတော့ သိပ်မဆန်းခဲ့ပေမယ့် ကိုယ်ကိုယ်တိုင် ထမီဝတ်မယ် ဘဝကို မိန်းမလိုနေမယ်ဟု ဆုံးဖြတ်ချက်ချတော့မှ လူ့ ဘောင်လောက ပတ်ဝန်းကျင်အတွင်းမှာ စတင်ဝတ်ဆင် ရပ်တည်ဖို့  အရမ်းခက်ခဲတယ်ဆိုတာ ကိုယ်တိုင်ကြုံမှသိတော့သည်။

ကိုယ့်မိဘညီအစ်ကိုမိသားစုရဲ့ လက်ခံနိုင်မူက အရေးကြီးဆုံးဖြစ်လာတယ်။ မိသားစုကလက်ခံဖို့ ပဲ သူ ပထမဆုံး မျှော်လင့်မိသည်။ ကိုယ့်ကိုမွေးထားတဲ့ မိဘက ယူကြုံးမရ လက်မခံဖြစ်နေလျင်တော့ ကိုယ့်မှာ ဒီလိုဝတ်နေရတာဟာ အပြစ်ကြီးတစ်လိုဖြစ်လိမ့်မည်။ထိုသို့  မလိုလားသည့် အခက်အခဲတစ်ခုကို ကိုယ်ချင်းစာနားလည်ပေးတတ်မှ ပတ်ဝန်းကျင်အသိုင်းအဝိုင်းအနည်းစုက သူ့ ကို နားလည်ကြလိမ့်မည်။

ထိုသို့ သော ဘဝတစ်ခုကို စတင်ဖြတ်ကျော်ဖို့  နှညံ့တဲ့နှလုံးသားနှင့်အတူ ရဲရင့်သောစိတ်ဓာတ်တွေ သူ့ ဆီမှာ ပြည့်ဝနေလေပြီ။

နီညိုရောင် ဆံပင်ဂုတ်ထောက် စတက်စ်ပုံစံနှင့် ပန်းဆီရောင် ခါးတင်လက်တိုအင်္ကျီလေးနှင့်အတူ နီညိုရောင်လုံချည်လေးကို ဝတ်လျက် အိမ်ကိုပြန်လာတော့ ပထမဆုံး ကြုံရသည်က ရပ်ကွက်ထဲကလူများ၏ ပြူးပြူးပြဲပြဲအကြည့်များ ဖြစ်သည်။သို့ သော် သူ အရမ်းလှနေသည်ဟု သူ့ ကိုယ်သူ ယုံကြည်နေသည်။

Oestrogen hormone (အီစတိုဂျင် မ ဟော်မုန်း) ဆေးကတ်တွေက သူ့ မျက်နာကို ခပ်ကြမ်းကြမ်းမှ နုညံ့သွားအောင် လုပ်နိုင်ခဲ့သည်။သူ့ မျက်နာက မိတ်ကပ်မှုန်မှုန်များသည် သူ့ ရဲ့ ခက်ညိုညိုအသားရောင်နှင့် လိုက်ဖက်အောင် သူကိုယ်တိုင်နေယာချပေးနိုင်ပြီလေ။ သူ့ ခန္ဓကိုယ်သည်လည်း ထင်းခနဲမဟုတ်သေးပေမယ့် မိန်မဟန် ရိုးတိုးရွတ body shapeလေးတွေ ပေါ်လာနေပြီပဲလေ။

သူတို့ စိတ်တွင် ဪ သူ ဒီလောက်တောင်ဖြစ်သွားပြီဟု တွေးနေကြလိမ့်မည်။

အိမ်အဝင်ဝကိုရောက်တော့ သူဘယ်လောက်ရဲရင့်တယ်ပြောပြော သူ့ ရင်တွေတုန်နေသည်။ အမေ့ကိုလည်းတွေး၍ ဘယ်လိုနေမလဲ စိတ်ပူနေသည်။ အစ်ကို တွေ ဝိုင်းထိုးမှာလည်း တွေး၍ ကြောက်နေမိသည်။

အမေ သူ့ ကိုမြင်တော့ မျက်လုံးအဝိုင်းသားနဲ့ ကြည့်နေသည်။ အမေ့မျက်နာသည် နီရဲနေသည်။ ဆူလိမ့်မည်ဟု ထင်ထားသော်လည်း ကြိုတွေးထားသည်အလား ဘာမှမပြောပါ။သို့ သော် မျက်နာတော့ သိပ်မကောင်းပါ။

အစ်ကိုကြီးကလည်း ထိုသို့ ပင် ဘာမှတော့မပြောပေမယ့် ကြည်ကြည်သာသာမရှိ။ အစ်ကိုငယ်ကတော့ အိမ်ပြန်မလာသေး။ သူ့ အနေနဲ့ နောက်ဆုံးသော တောင်တန်းကို ဖြတ်ကျော်ရန်စောင့်နေလိုက်သည်။

အစ်ကိုငယ်ပြန်လာတော့ သူ့ ကို မြင်တော့ မျက်လုံးအဝိုင်းသားဖြစ်သွားသည်။

"ဒါ ဘယ်လိုဖြစ်တာလည်း အမေတို့ အစ်ကိုတို့ ဘာမှ မပြောကြဘူးလား" ဟု ဆိုကာ သူ့ အား တစ်ခုခုလုပ်တော့မည်အလား ကြောက်စရာကောင်းအောင်ကြည့်နေသည်။

အမေက "သူ ရွေးချယ်ပြီးပြီပဲ သားတို့ ရယ် သူ့ ကိုနားလည်နိုင်အောင်ကြိုးစားပြီးနေပေးလိုက်ပါတော့
သားတို့ က သူ့ ကို ညီလေးလိုရော ညီမလေးလိုရော စောင့်ရှောက်ပေးဖို့ လိုလာပြီလို့ မှတ်ထားပါ"
ဟု စကားကို တည်ငြိမ်အောင် ကြိုးစား၍ပြောရှာသည်။ အမေ့မျက်ဝန်းသည် ခပ်ဆိုဆိုဖြစ်လို့ နေသည်။

" ဘာအပုတ်နံမှ ထွက်တာ မြင်တာ ကြားရတာ မလိုချင်ဘူး၊ ဒီထက်ပိုပြီး မိသားစုကို မျက်နာမျက်စေတာမျိုးမလုပ်ပါဘူးလို့  အမေ့ကို ကတိပေးနိုင်မလား "
ဟု အမေက သူ့ ကိုပြောတော့ သူသည် ရှက်စိတ်ရော မိမိဘဝရဲ့ ကမှောက်ကထဖြစ်မူရော အမေ့နဲ့ အစ်ကိုတွေအပေါ်အားနား စိတ်ဖြစ်မူတို့ အတွက် မျက်ရည်အသွင်သွင်ကျကာ ငိုမိတော့သည်။

"ယောက်ျားလေးလို မနေနိုင်လို့ ဒီလမ်းကိုရွေးချယ်လိုက်ရင်လည်း မိန်းမကောင်းလို နေပါ "ဟူ သော အမေ့ စကားသည် သူ့ အတွက် တန်ဖိုးသိပ်ကြီးသလို နားလည်မူ အပြည့်အဝပါဝင်နေသည်။

အမေ့ခြေထောက်ရှေ့  ဒူးထောက်ဖတ်မိကာ ဦးခေါင်းချ ကန်တော့ကာ တောင်းပန်ရိုကြိုး ကန်တော့မိသည်။
အစ်ကိုကြီးကိုလည်း လှည့်ကာ ကန်တော့သည်။ ထို့ နောက် အစ်ကိုငယ်ကို ကန်တော့မည်ပြုသော် အစ်ကိုငယ်က လက်မခံပဲ အခန်းထဲဝင်သွားတော့ သူ စိတ်မကောင်းဖြစ်ကျန်ခဲ့ရသည်။ သို့ သော် သူ အစ်ကိုငယ်ကို နားလည်ပါသည်။ သူ့ အတွက်ကြောင့် ပတ်ဝန်းကျင်ကို မျက်နာချင်းဆိုင်ဖို့  အမေနဲ့  အစ်ကိုတို့ ခက်ခဲကြတော့မည်။

ဆက်ပါဦးမည်........

Credit::
to read more, to be a liker or follower on page
www.facebook.com/cakewritter

ချစ်ခြင်းအားဖြင့်

ကိတ်မုန့် 
4:59pm,5Aug2013

No comments:

Post a Comment

အချစ်တစ်ခု ပြယုဂ်တစ်ခု

“......................”  သားကြီးဆီမှ ကြားလိုက်ရသော နာမည်ကြောင့် ကျွန်မတစ်ကိုယ်လုံး တောင့်ခဲ သွားသည်။အဆုံးမရှိသောတွင်းနက်ကြီးထဲသို့ ပြုတ်ကျ...