Sunday, June 12, 2016

နားခိုရာ...(အပိုင်း-၁၃)ဇတ်သိမ်းပိုင်း


ကိစ္စအဝဝအလုံးစုံကုန်စင်အောင်ပြီးဆုံးသွားပြီးနောက်....စောင်ပါးလေးကိုလွှမ်းခြုံကာ ဇေယျနဲ့မှူး မိမွေးတိုင်းဖမွေးတိုင်း တစ်ယောက်နဲ့တစ်ယောက်တင်းကြပ်စွာဖက်ထားလိုက်သည်။မှူးကိုဆက် ဇေယျ၏ရင်ခွင်ထဲကိုခေါင်းကိုတိုးဝှေ့၍နေသည်။
"ကိုဇေယျ...ညီတို့ဘယ်တော့မှအတူတူပြန်နေရမလဲနော်..."

"ခနလောက်အောင့်အီးသည်းခံပေးနော်မှူး..."

မှူးခေါင်းညိတ်ပြလိုက်သည်။

"မှူး ဒေါ်လေးလာရင်ကိုယ်တို့ဖွင့်ပြောကြတာပေါ့....ပြီးမှမေမေ့ကိုတောင်းပန်ကြရင်ရော..."

"ဒေါ်လေးကိုပြောလိုက်ပြီ...သူလဲနားလည်ပေးတယ်..."

"တကယ်ဝမ်းသာလိုက်တာ..."

ဇေယျပြုံးနေရမှမျက်နှာအနည်းငယ်ပြန်၍တည်သည်။

"ကိုယ့်မေမေကလဲ...တကယ်စိတ်ပျက်ဖို့ကောင်းတယ်..."

"ထားလိုက်ပါတော့ကိုယ်ရယ်...ညီတို့နားလည်နိုင်အောင်ပြန်ကြိုးစားကြတာပေါ့..."

ဇေယျ မှူး၏နဖူးကိုကြင်နာစွာနမ်းလိုက်သည်။အချစ်လမ်းတွင် ခယောင်းလမ်းတစ်ခုကကြားဝင်ပိတ်ဆို့နေသည်။ထိုခယောင်းလမ်းသည်ကြီးသည်လဲမဆိုသာပေမဲ့ ငယ်သည်လဲမဟူတ်ပေ။

------------

မှူးကိုဆက် ၏အိမ်ကိုမေးမြန်းစုံစမ်းပြီးလာခဲ့ရာ လမ်းတစ်နေရာတွင် ဇေယျ၏ကားကို ဒေါ်နှင်းဆီမြင်တွေ့လိုက်ရသည်။

ဒေါ်နှင်းဆီ ကားကိုရပ်၍ ဇေယျ၏ကားနံပတ်ကိုစူးစိုက်၍ကြည့်သည်။သေချာပါသည်ဇေယျ၏ကားအစစ်အမှန်ပင်...။

ဒေါ်နှင်းဆီရိပ်မိပြန်သည်။ဇေယျဟိုတယ်သွားမည်ဆို၍မှူးကိုဆက်ဆီလာမှန်းသိလိုက်သည်။ဒေါ်နှင်းဆီမျက်နှာကိုခပ်တင်းတင်းထား၍ကားပေါ်မှဆင်းကာ မှူး၏အိမ်အတွင်းသို့ဖြေဖြေးခြင်းဝင်လာကာ အိမ်ထဲသို့စူးစိုက်ကြည့်မိသည်။

လူရိပ်ခြေဟူ၍မတွေ့ရ၍အိမ်ပေါ်သို့တက်လှမ်းလာခဲသည်။ခြေသံကိုလုံအောင်ထိန်း၍ ခပ်ဖွဖွလေးနင်းပြီးတက်လာခဲ့ရာ...ဧည့်ခန်းတွင်းလူဟူ၍မတွေ့ရ...။အထဲအခန်းအတွင်းမှခိုးခိုးခစ်ခစ်ရီသံများကိုကြားရ၍ ခြေဖော့၍ပင်အခန်းတံခါးဆီသို့လှမ်းလာခဲ့သည်။အခန်းတံခါးသည် လော့မချထား စေ့ယုံစေ့ထားသောကြောင့် အနည်းငယ်ဟကာ အခန်းအတွင်းသို့ချောင်းကြည့်မိသည်။

ချောင်းကြည့်မိသည့်တစ်ခန ဒေါ်နှင်းဆီမျက်လုံးများပြူးသွားရသည်။ချောင်းကြည့်မိသည့်ကိုယ့်ကိုကိုယ်ပင်အပြစ်တင်မိသည်။ထိုသို့မှန်းသိပါက အိမ်အပြင်ထဲက အသံဆွင့်၍ဝင်လာမည်ဖြစ်သည်။ခုတော့ဒေါ်နှင်းဆီရဲ့စူးစမ်းမှုတွေကအချိန်နှောင်းလေပြီ...။အိပ်ခန်းထဲတွင် ဇေယျနဲ့မှုးသည် အဝတ်အစားများမဝတ်ထားဟုထင်ရလောက်သည်။သူတို့၏အဝတ်အစားများသည်ကုတင်ခြေရင်းတွင်ပြန့်ကျဲနေသည်။စောင်ပါးလေးကိုသာခြုံထားကြပြီးတစ်ယောက်နဲ့တစ်ယောက်ချစ်ကျီစည်နေကြသည်။ဒေါ်နှင်းဆီမျက်လုံးများကိုမယုံနိုင်ကာ ပွတ်သပ်၍ပြန်ကြည့်သည်။မြင်ကွင်းများကသေချာသလောက်ဖြစ်နေသည်။ဒေါ်နှင်းဆီရှက်ရွံ့အံ့သြနေရာမှ ဒေါ်သအဖြစ်သို့ပြောင်းသွားကာ တံခါးကိုအားနဲ့တွန်းဖွင့်လိုက်သည်။

"ဒါက..ဘာတွေဖြစ်နေကြတာလဲ...."

မှူးကိုဆက် ဇေယျကိုပေါ်မှာထပ်၍စနောက်နေရာမှ အသံလာရာသို့ကြည့်မိသည်။တစ်ခနခြင်းသူတို့လဲအံ့သြတုန်လှုပ်သွားရသည်။မထင်မှတ်သောအချိန်တွင်မထင်မှတ်ထားသော ဒေါ်နှင်းဆီက အခန်းအပေါက်ဝတွင် ဒေါသမျက်လုံးများဖြစ်သူတို့ကိုစိုက်ကြည့်နေသောကြောင့်ဖြစ်သည်။

မှူးကိုဆက်နဲ့ဇေယျ သူတို့၏ကိုယ်ကိုပြန်ငုံ့ကြည့်၍အားကုန်အော်တော့သည်။

"အား......အန်တီ...."

"မေမေ...."

မှူးကိုဆက် စောင်ကိုအတင်းဆွဲယူကာသူ၏ကိုယ်တွင် ပတ်သည်။စောင်မရှိရင် ဇေယျက ကိုယ်တုံးလုံးဖြစ်မည်စိုး၍ မှူးကိုဆက် ၏လက်အတွင်းမှစောင်ကိုပြန်ဆွဲသည်။

"ကိုဇေယျဘာလို့အဲ့လောက်အတင်းဆွဲနေတာလဲ..."

"ဒီမှာလဲဘာမှမရှိတော့ဘူးလေကွာ..."

ဒေါ်နှင်းဆီ အသံခပ်မာမာဖြစ်စကားဆိုသည်။

"အခုချက်ချင်း အဝတ်ဝတ်ပြီးအိမ်ရှေ့ထွက်ခဲ့ကြစမ်း...ငါမပြောလိုက်ခြင်ဘူး...."

"ဟုတ်..."

နှစ်ယောက်လုံးခေါင်းလေးငုံ့၍ရိုကျိုးစွာနဲ့အသံပြန်ပြုကြသည်။

ဒေါ်နှင်းဆီမျက်နှာအရမ်းပူနေ၍ဧည့်ခန်းတွင်ထိုင်နေရင်း ယက်တောင်ဖြစ်သူ၏မျက်နှာကိုယက်ခက်နေသည်။

အဂတ်များဝတ်ပြီးသည်နှင့် ဇေယျတို့တစ်ယောက်လက်တစ်ယောက်ကိုင်ကာ ဧည့်ခန်းအတွင်းသို့ထွက်လာခဲ့သည်။နှစ်ယောက်သားခေါင်းငုံ့၍ ဒေါ်နှင်းဆီ၏ရှေ့ဘက်နားကခုံတွင်ထိုင်လိုက်ကြသည်။

ဒေါ်နှင်းဆီကစ၍အော်ငေါက်သည်။

"နင်တို့မရှက်ကြဘူးလားဟမ်....ငါဝင်လာလို့ပေါ့...တခြားတစ်ယောက်ဝင်လာရင်ဘယ်လိုလုပ်မလဲ...ပလူးနေကြတာ...လောကကြီးတစ်ခုလုံးနင်တို့နှစ်ယောက်ပဲရှိတယ်ထင်နေတာလား...ငါကြည့်မိတဲ့မျက်နှာဘယ်နားသွားထားရမှန်းမသိဘူး...."

"မေမေကဘာလို့အသံမပေးတာလဲ...အိမ်ထဲဝင်ရင်လဲအသံပေးပေါ့...ခုကသူခိုးလိုခိုးကြောင်ခိုးဝှက်နဲ့ဝင်လာတယ်..."

ဇေယျ၏စကားကြောင့်မှူးခေါင်းကြီးသွားရသည်။အမေကိုပြောလိုက်တာရစရာမရှိတော့ပင်...။

"ဘာ...အဲ့ဒါအမေကိုပြောတဲ့စကားလား...ငါကမင်းကားတွေ့လို့တမင်အသံမပေးပဲဝင်လာတာ..."

"နေပါဦး...မေမေကဒီကိုဘာကိစ္စလာတာလဲ.."

ဒေါ်နှင်းဆီဖြေရကြပ်သွားသည်။မှူးကိုဆက်ကိုလာတွေ့သည်ဟုလဲမပြောခြင်ပေ...။

"ဘာလုပ်ရမှာလဲ...ငါ့အသိဆီလာတာ..အဲ့ဒါမင်းကားကိုတွေ့လို့ဝင်လာတာ..."

ဒေါ်နှင်းဆီ..လိမ်လိုက်သည်ကိုပေါ်မည်ဆိုး၍ သူ၏မျက်နှာကို ဇေယျတို့ကိုကြည့်နေသည့်ဘက်မှမျက်နှာလွှဲလိုက်သည်။ဇေယျတစ်ချက်ပြုံးသည်။

"ဟုတ်လို့လားမေမေ...မေမေအသိကမော်လမြိုင်မှာမရှိလောက်ပါဘူး...ရှိရင်လဲဒီလိုရပ်ကွက်အသေးလဲထဲကမဖြစ်လောက်ဘူး..."

"ဘာ...ငါ့အသိဆီလာတယ်ဆိုလာတယ်ပေါ့..."

ဇေယျဟားတိုက်ကာရီမိသည်။

"မေမေ...သူများလိမ်တာတော့မကြိုက်ဘူးနော်...မေမေကိုယ်တိုင်ကကျွန်တော်တို့ကိုလိမ်နေတယ်နော်...မေမေမှူးကိုသတိရလို့လာတာမို့လား..."

ဒေါ်နှင်းဆီသူ၏ခေါင်းကိုမော့လိုက်၍ငြင်းဆန်သည်။

"ငါကသူ့ကိုသတိရစရာလား..."

"ဟားဟား...မေမေထပ်လိမ်ပြန်ပြီ.....မေမေလိမ်နေတယ်ဆိုတာ..မေ့မေမျက်နှာမှာပေါ်နေတယ်နော်..."

မှူးကိုဆက် ဇေယျကို ဝင်၍တားသည်။

"ကိုဇေယျတော်ပါတော့အန်တီကိုအားနာစရာ...ဘာတွေပြောနေတာလဲ..."

"ဒါကပြောရမှာပဲ...ကိုယ်တို့လိမ်တုန်းကကိုယ်တို့ကိုအပြစ်ပေးထားတာလေ..."

"ဘာမင်းက...အမေကိုတောင်ပြန်အပြစ်ပေးခြင်တာပေါ့..."

"ဟား..တွေ့လားအလိမ်ပေါ်ပြီ...မလိမ်ဘူးဆိုအပြစ်စကားပြောစရာကိုမလိုတာ...မေမေလိမ်ရင်လဲမှန်မှန်လိမ်..."

ဒေါ်နှင်းဆီ ဇေယျကိုလက်ရွယ်လိုက်သည်။

"သေတော့မယ်ဒီကောင်လေးတော့..."

ထိုအချိန်တွင် အကြွေးတောင်းရာမှပြန်လာသောဒေါ်လေးသည် အိမ်ရှေ့တွင်ကားနှစ်စီးပြိုင်တူရပ်ထား၍အံ့သြမိသွားကာအိမ်ထဲသို့အပြေးဝင်လာခဲ့သည်။

"မှူးလေး...မှူးလေး..."

ဒေါ်လေးအသံကြား၍မှူးအသံပြန်ပြုသည်။

"ရှိတယ်ဒေါ်လေး..."

ဒေါ်လေးအိမ်ထဲကိုအပြေးဝင်လာကာ ဇေယျတို့ကိုတွေ့လိုက်၍အနည်းငယ်ကြောင်အမ်းသွားသည်။

"အော်...မောင်ဇေယျတို့ဘာလား...အားနာစရာ..ဒေါ်လေးကခုမှအပြင်ကပြန်လာတော့...မကြိုဆိုလိုက်ရဘူး..."

ဒေါ်လေး...ဇေယျကိုပြောရင်းနဲ့ဒေါ်နှင်းဆီဘက်ကိုလှည့်သည်။

"ဒီအမက...မောင်ဇေယျမေမေထင်တယ်.."

"ဟုတ်ပါတယ်ဒေါ်လေး...ဒါကျွန်တော့်မေမေဒေါ်နှင်းဆီပါ..."

"တွေ့ရတာဝမ်းသာပါတယ်အမ...."

ဒေါ်လေး ဒေါ်နှင်းဆီကိုပြုံးပြ၍ မှူးတို့၏ဘေးကခုံတွင်ဝင်ထိုင်လိုက်သည်။

"လူစုံတက်စုံရောက်နေကြတာပဲ..ဘာကိစ္စရှိလို့လဲဟင်..."

ဒေါ်နှင်းဆီကတော့ ဒေါ်လေးကိုသာပြုံးပြနေသည်။ဇေယျကကြားဝင်၍ပြောသည်။

"မေမေနဲ့အတူတူလာပြီး မှူးကိုလာတင်တောင်းတာပါဒေါ်လေး..."

"ဘာ...ဘယ်လို..."

ဒေါ်နှင်းဆီရော ဒေါ်လေးပါကြောင်အမ်းအမ်းနဲ့ ဇေယျကိုကြည့်ကြသည်။မှုးက ဇေယျ၏လက်မောင်းကိုရှက်ရမ်းကာတစ်ချက်ထုရိုက်၏ ဇေယျကစပ်ဖြီးဖြီးနဲ့ပြုံးနေသည်။

"မင်းဘာတွေပြောနေတာလဲဇေယျ..."

"မငိဘူးမေမေလိမ်တဲ့အတွက်မေမေ့ကိုအပြစ်ပေးရမယ်...ကျွန်တော့်ကိုဒေါ်လေးဆီကမှူးကိုတောင်းပေးပါ..."

"ဟဲ့...ဘာတွေလဲမကြားဝံ့စရာတွေ...မတောင်းနိုင်ဘူး..."

ဒေါ်လေး ဇေယျ၏အပြောများကိုသာနားမလည်နိုင်စွာနဲ့နားထောင်နေသည်။

ဇေယျ မှူး၏လက်ကိုဆွဲကာ မေမေ၏ရှေ့တွင်ဒူးထောက်ထိုင်လိုက်၏။

"မေမေကျွန်တော်တို့တောင်းပန်ပါတယ်နော်...ကျွန်တော်တို့နှစ်ယောက်ကိုသဘောတူပေးပါ...ကျွန်တော်တို့နောက်တသ်ခါမလိမ်တော့ဘူးနော်...."

ဒေါ်နှင်းဆီ စိတ်ထဲအောက်သက်သက်ဖြစ်နေသည်။သဘောတော့တူခြင်ပေမဲ့ စိတ်ထဲတွင်သူ၏မာနကခံနေသည်။

ဒေါ်နှင်းဆီသူ၏မျက်နှာကိုတည်ကာခေါင့းကိုမော့၏။

"မေမေ...ကျွန်တော်တို့ကိုသဘောတူပေးပါ..ဖြစ်ပြီးတဲ့ကိစ္စကိုတောင်းပန်ပါတယ်မေမေရယ်....နော်..."

"ဟုတ်ပါတယ်အန်တီ..ကျွန်တော်တို့နောက်တစ်ခါခုလိုအမှားကိုမကျူးလွန်တော့ပါဘူးနော်...."

ဒေါ်နှင်းဆီထံမှဘာသံမှမကြားရ ခေါင်းသာမော့၍နေသည်။

မှူးကိုဆက် ဒေါ်နှင်းဆီ၏ခါးကိုပြေးဖက်၍ရှိုက်ကြီးတငင်ငိုယို၍တောင်းပန်သည်။

"မေမေ..ာသားတောင်းပန်ပါတယ်..နောက်တသ်ခါဒီလိုမဖြစ်စေရပါဘူး..သားတို့ကိုခွင့်လွှတ်ပါမေမေရယ်..."

မှူး၏ငိုယိုမှုကြောင့် ဒေါ်နှင်းဆီဝမ်းနည်းသွားရကာ မာနသည်အရည်ပျော်လေ၏။အလိုက်သိတတ်လွန်းသောထိုကလေးကငိုယိုတောင်းပန်နေသည်ကို ဒေါ်နှင်းဆီကြာရှည်မတောင့်ခံနိုင်ပေ..။

ဒေါ်နှင်းဆီ မှူး၏ခေါင်းကိုအသာအယာပွတ်လိုက်သည်။

"အေးပါသားရယ်...မငိုနဲ့တော့နော်...သားတို့ကိုမေမေခွင့်လွှတ်တယ်...ဟုတ်ပြီလား...တိတ်တော့..."

မှူး ခေါင်းကိုမော့ကာ ဒေါ်နှင်းဆီကိုပြုံး၍မော့ကြည့်သည်။

"အဲ့ဒါကြောင့်မေမေ့ကိုချစ်တာ...."

မှူးကိုဆက် ပြောရင်း ဒေါ်နှင်းဆီ၏ပါးကိုဖက်နမ်းဖြစ်၏။

"အမလေးလာချွဲနေပြန်ပြီ..."

ဒေါ်နှင်းဆီ ဒေါ်လေးကိုကြည့်၍စကားစသည်။

"ဒီကညီမရဲ့သဘောထားကရော..."

"ညီမကတော့..ညီမတူလေးစိတ်ချမ်းသာရင်ကျေနပ်ပါတယ်...အရာအားလုံးကိုကျေးဇူးလဲတင်ပါတယ်..."

"ဟုတ်ပြီ....အဲ့ဒါဆိုညီမပါ...သားတို့အိမ်မှာလိုက်နေလိုက်ပေါ့...အမကရန်ကုန်မှာနေတယ်ဆိုတော့လေ...ကလေးတွေအတွက်လဲအထိန်းအကွပ်ရတာပေါ့...."

"ဟေး...ဝမ်းသာလိုက်တာ..."

မှူးကိုဆက် ပျော်လွန်ကာထ၍ခုန်သည်။

ဇေယျ မှူး၏လက်ကိုပြန်ဆွဲ၍ ပြန်ထိုင်ခိုင်းလိုက်သည်။

"ကျွန်တော်တို့ ကျေးဇူးတင်တဲ့အနေနဲ့...မေမေနဲ့ဒေါ်လေးကိုရှိခိုးကန်တော့ပါရစေနော်..."

"အေးပါကွယ်...."

ဒေါ်နှင်းဆီနဲ့ ဒေါ်လေး အတူတူဘေးခြင်းယှဉ်ရက်ထိုင်လိုက်ကြပြီးသည်နှင့်ဇေယျတို့ရှိခိုးကန်တော့လိုက်ကြသည်။

မှူးကိုဆက် ရင်ပီတိတွေအပြည့်နဲ့မျက်ရည်စို့နေသောမျက်ဝန်းများဖြစ် ဒေါ်နှင်းဆီကိုကြည့်ကာစိတ်ထဲတိုးတိုးလေးရေရွတ်သည်။

"ကျေးဇူးတင်ပါတယ်မေမေ....သားမရခဲ့ဖူးတဲ့မိဘမေတ္တာနဲ့သားကိုကာကွယ်စောင့်ရှောက်တဲ့ ကိုဇေယျကို သားအတွက်လက်ဆောင်ပေးခဲ့တဲ့မေမေ့ကိုသားကျေးဇူးတင်တယ်..."

မှူးကိုဆက် ကျေနပ်စွာဖြင့် မိဘမေတ္တာအပြည့်ပေးမည့်ဒေါ်နှင်းဆီ၏ရင်ခွင်နှင့်မဟာတံတိုင်းလိုကာကွယ်စောင့်ရှောက်ပေးမည့် ဇေယျ၏ရင်ခွင်ထဲသို့ တစ်သက်လုံးနားခိုသွားရန်ခြေလှမ်းကိုစတင်လိုက်သည်။

ပြီးပါပြီ....
#အရောင်မဲ့

No comments:

Post a Comment

အချစ်တစ်ခု ပြယုဂ်တစ်ခု

“......................”  သားကြီးဆီမှ ကြားလိုက်ရသော နာမည်ကြောင့် ကျွန်မတစ်ကိုယ်လုံး တောင့်ခဲ သွားသည်။အဆုံးမရှိသောတွင်းနက်ကြီးထဲသို့ ပြုတ်ကျ...