Saturday, November 22, 2014

သုံးပင်လိင်တဲ့ ည (38)

ခါတိုင်းလည်း ကိုကျော်စိုးက စောစောခြံထဲလာကာ မျက်နှာသစ်နေတတ်သဖြင့် သူတို့အတွက် အဆန်းမဟုတ်ပေ….။
ဒီအချိန် ခြံထဲ အလုပ်သမားတွေအိပ်ယာ ထကာ အလုပ်လုပ်ပေမယ့် အိမ်နားတော့ ရောက်မလာတတ် ပေ။
ဒါပေမယ့် ခပ်မြန်မြန်ပင် ရေအတူတူချိုးလိုက်ကြပြီး လူလစ်တုန်း တစ်ယောက်ကို တစ်ယောက် ဆပ် ပြာတိုက်ပေး ရင်း ရေချိုးကာ နှုတ်ဆက်အနမ်းကို ခြွေရင်း ကိုကျော်စိုးတစ်ယောက် ခြံတံခါးရှိရာသို့ ထွက်သွား တော့သည်။
ကြီးမား ကျယ်ပြန့်ကာ အချိုးကြသော ကိုကျော်စိုး၏ ကြေးနီရောင် ကြောပြင်ကို ငေးမောကြည့်ကာ ကျွန်တော့်စိတ်ထဲ တစ်ခုခု လစ်ဟာသွားသလို ညက အဖြစ်ကို ပြန်စဉ်းစားရင်း ကျေနပ်သလိုလိုခံစားမိတော့
သည်။
တစ်ချက်ချက် နောက်ပြန်လှည့်ကြည့်သော ကိုကျော်စိုးရဲ့ အကြည့်တွေနဲ့ ဆုံမိသောအခါ ကျေနပ်သလို ရှက်သလို တစ်ကိုယ်လုံးနွေးထွေးကာ ရင်တွေခုန်မိတော့သည်။ အပြုံးကိုယ်စီ ပြုံးပြနှုတ်ဆက်ကာ သူလည်း ပျောက်ကွယ်သွားတော့သည်။
ဒီလိုနဲ့ အစပြုကာ ကိုကျော်စိုးနဲ့ ကျွန်တော် ဇာတ်လမ်းအစပြုခဲ့သည်။ ပထမဦးဆုံး စိတ်ဝင်စားခဲ့ရသူ ခိုးချစ်ရသူဖြစ်ပေမယ့်။ ကိုကျော်စိုးက ကျွန်တော့်အတွက် တတိယနဲ့ နောက်ဆုံးဖြစ်ခဲ့သည်ကိုတော့ စိတ် မကောင်းခဲ့မိပေ။
သူနဲ့တွဲရတာ ကိုမင်းမင်းတို့၊ ကပ္ပလီတို့နဲ့မတူဘဲ ပိုမိုစိတ်လှုပ်ရှား၊ စိတ်ပျော်ရွှင်ကျေနပ်ခဲ့မိသည်က တော့အမှန်ပင်။
သူတို့ နှစ်ယောက်ထက် အစစအရာရာ အရပ်၊ အမောင်း၊ ခန္ဓာကိုယ်အချိုးအစားနဲ့ ယောက်ျား ပီသမှု တို့တွင်သာမက ပြုစုယုယမှုနဲ့ အလိုက်သိမှုတွေက သာလွန်ပေသည်။
သူနဲ့ စောစောသာတွေ့ဖြစ်ပါက တော်တော်ကောင်းမှာပဲလို့ထင်မိသည်။ ခုတော့ သူ့အတွက် ကျွန်တော်က ပါကင်ဖွင့်ခံပြီးသား နှစ်ယောက်လိုးပြီးသားဖြစ်ယုံမက။ သူ့ညီ အရင်း မင်းမင်းနဲ့ ဖြစ်ခဲ့တာလေ။
ဒါထက်ဆိုးတာက ယခု သူ့မှာက ကိုယ်လေး လက်ဝန်နဲ့ တရားဝင် ဇနီးမယားရှိနေသည်။
သူ ဆင်းရဲတာ မိန်းမတွေ ပွေခဲ့တာ၊ အရေးမကြီးပေမယ့်။ ခုလို သူ့ကိုယ်ဝန်လွယ်ထားတဲ့ ဇနီးရှိနေတာ ကိုတော့ ကျွန်တော် စဉ်းစားမိတိုင်း ငါတော့ မှားပြီထင်တယ်လို့တွေးမိပေမယ့်။ ငါက သူ့မိန်းမနေရာ ဒုတိယ နေရာယူမယ့် မယားငယ်မှမဟုတ်တာ။ ပြီးတော့ သူ့မိန်းမ ဗိုက်ကြီးနေတော့ သူ့ဆန္ဒကိုယ် ဖြည့်ပေးရုံပဲလေ လို့သာ ဖြည့်တွေးလေး တွေးမိတော့သည်။
နောင်တွင် ထိုသို့ မရိုးစင်းဘဲ အဆင်မပြေမှုတွေဖြစ်လာမည်ကိုတော့ ကြိုတင်သိခဲ့ပါက ကျွန်တော် ထိုသို့တွေးမိမည် မဟုတ်ပါ။
သူနဲ့ ချစ်ခွင့်ရတာ ကျေနပ်မိ၊ ပျော်မိပေမယ့်လည်း ကိုမင်းမင်းနဲ့ ကပ္ပလီတို့မမြင်အောင်တော့ နှစ် ယောက်စလုံး သတိနဲ့နေမိသည်။
ဟို နှစ်ကတော့ ခုမှ လွတ်သည့် ငါးက ကြီးချင်ကြသလားမသိ။ ကျွန်တော့်ကို အသည်းအသန် ပြန်ပြီး ကပ်ကြပြန်သည်။
ဒါပေမယ့် သူတို့မရခင်က အတင်းလိုက် ရတော့ စားလို့လည်းဝရော လွှတ်ပစ်တတ်တဲ့ သူတို့အကျင့် မျိုးတွေကို ကြောက်သဖြင့် ခပ်တည်တည် ခပ်စိမ်းစိမ်းနေပြီး ရှောင်နေခဲ့သည်။ ဒါကလည်း တစ်ချိန်မှာ သူတို့ အငြိုးထားပြီး လက်စားချေမယ်ဆိုတာ မသိခဲ့ပေ။
အခုတော့ လောလောဆယ်ချစ်သူဖြစ်နေသော ကိုကျော်စိုးနဲ့ ကျွန်တော်က တစ်တွဲ၊ သူတို့ အသဲ ဖွတ်မရ ဓားမဆုံး သူငယ်ချင်းနှစ်ယောက်က တစ်တွဲဖြစ်နေတော့သည်။
ချစ်ကြပြီဆိုတော့လည်း အိမ်ထောင်သက်ရှိ အတွေ့အကြုံများသော ကိုကျော်စိုးနဲ့ ကိုမင်းမင်းတို့နဲ့ အတွေ့အကြုံရှိခဲ့သော ကျွန်တော်ကတော့ နေ့တိုင်း လူမမြင်အောင် အချိန်မှန် ခိုးခိုးချစ်ကြပါတော့သည်။
ဒါကလည်း သူ့မိန်းမလစ်ရင် လစ်သလို ကိုယ်ဝန်နဲ့ဆိုတော့ သူ့သွေးသားဆန္ဒကို ဖြည့်ဆည်းပေးမိသ လို သူ့ရဲ့ ယုယကြင်နာမှုကိုလည်း ခံယူရသည်မှာ ကျေနပ်မိသည်။
လူတကာအလည်မှာ အလုပ်ကြမ်းသမား၊ ဆိုက်ကားသမားဖြစ်ပေမယ့်။ သူ့ရုပ်ရည် အရပ်အမောင်း ကိုယ်လုံးကိုယ်ပေါက် အချိုးဆက်က မြင်သူတကာ ယောက်ျားချင်းပင် အနည်းဆုံးတစ်ခါတော့ လှည့်ကြည့်ရ တတ်သော ယောက်ျားပီသသော ကိုကျော်စိုးနဲ့ ချစ်သူဖြစ်ရသည်မှာ ဂုဏ်ငယ်သည်လို့တော့မထင်ပါ။
အကြောင်းကတော့ ကျွန်တော်က သူ့လုပ်စာထိုင်စားနေသော သူ့မိန်းမလည်းမဟုတ်ပါ။ ကိုယ့် လုပ်စာကိုယ်ရှာစားသလို သူလည်း သူ့မိန်းမ မီးဖွားစရိတ်နဲ့ သူ့ဝမ်းသူ ရိုးရိုးသားသားရှာစားနေသူတစ်ဦး လူချစ်ခင်ပေါများသူတစ်ဦးဖြစ်သည်။
ကျွန်တော်ကလည်း သူ့လောက်အရပ်မမြင့်ပေမယ့် ယောက်ျားမပီသပေမယ့် 5 ပေခွဲကျော်သော အရပ်မောင်းနဲ့ လိုက်ဖက်သော ယောက်ျားပီသသော ကိုယ်လုံးကိုယ်ပေါက် ဖြူဝင်းသောအသားအရည် ပေါ်လွင် ဖျောင့်စင်းသောနှာတံ အနီရောင်သန်းနေသော နှုတ်ခမ်းတစ်စုံ လှပသော မျက်ဝန်းများကို ပိုင်ဆိုင်ထား သဖြင့် လူချစ်လူခင်ပေါများကာ ရုပ်ချောသူတစ်ယောက်ဆိုတာ လူတိုင်းသိသည်။
ညနေတိုင်း မြို့ပြင်လမ်းလျှောက်ထွက် တောစပ်ရှိစေတီလေးများကို အတူတူလိုက်ဖူးတော့ ဘယ်သူမှ Homo အတွဲလို့မထင်ပေမယ့် နှစ်ခါလောက်တော့ လူတိုင်း နောက်ပြန်ငေးငေး ကြည့်ကြသည်။
ဆန့်ကျင်ဘက် လိုဖြစ်နေသော လူနှစ်ဦး အရပ်၊ ကိုယ်လုံးကိုယ်ထည်၊ အသားအရောင်တွေက မတူပေမယ့် ကြည့်ကောင်းတာချင်းကတော့ အတူတူပင်။
တောစပ် ဘုရားဖူးရင်း ညနေဘက် ဆည်ကန်ဘောင်ရှိ ဘန့်ဘွေးပင်အကြီးကြီးအောက် ချုံနဘေးတွင် အတူတူ လျှောက်လာရင် ထိုင်မယ်လုပ်တော့ ကိုကျော်စိုးက အရင်ဆုံး ချုံပုတ်တွေကြား မှ တစ်စုံတစ်ခုကို လှမ်းဆွဲလိုက်သည်။
ထိုအရာကတော့ ပလပ်စတစ်အခင်းတစ်ခုပင်။
“ ဒီနေရာတွေက လူသိပ်မလာဘူး အတွဲတွေ ချိန်းတဲ့နေရာ ဘယ်သူမှ မနှောက်ယှက်ဘူး ညီ။ ဒါက အစ်ကို အရင်စော်တွေနဲ့ ချိန်းတဲ့နေရာလေ။ ဟီး..”
“သြော်… ဒီမှာ စားနေကျပေါ့.. ဒါကြောင့် ဒါတွေက ဒီမှာ ကြိုရှိနေတာကို ဘယ်နှစ်ယောက်ရှိပြီလည်း.. ဟွင်း…”
“သိပ်မများပါဘူး … ဆယ်ယောက်ကျော်… ဟိ…ဟိ… ပြွတ်…”
ပြောင်ချော်ချော် မျက်နှာပိုးမသတ်နိုင်ဘဲ ပလတ်စတစ် အခင်းပေါ် သူထိုင်ကာ ကျွန်တော့်အား သူ့ ရင်ခွင်ထဲ ဆွဲသွင်းလိုက်ပြီး ပါးပြင်အား အနမ်းခြွေလိုက်သည်။
“ အား… လူဆိုးကြီး.. လူတွေမြင်ကုန်မယ်…ဗျ.. အ..”
“ဒီနေရာက ငါ့ပိုင်နက်.. ငါ့ဂွင်ပါ..ဘယ်သူမျှမလာဘူး ဘာမှ ပူနဲ့ …”
“ဟုတ်ပါဘီ… ကိုကို…ကျော်စိုးရဲ့..”
“နောက်ဆို ခဏ ခဏ အပြင်ထွက်တာ ခြံထဲကလူတွေနဲ့ အဘိုးကတော့ ယောက်ျားချင်း ခင်လို့ မင်လို့ ညနေပိုင်း အလုပ်အားချိန် လျှောက်လည်တာ ထွက်တာဆိုပြီး မထူးဆန်းပေမယ့်… ဒီကိုလာတဲ့ လမ်းက လူတွေက ထူးထူးဆန်းဆန်း ဘာလို့ ငေးပြီး လှည့်ကြည့်တာလဲ..”
“ဒါက ဒီလိုရှိတယ်။ ငါ အစက မိန်းကလေးတွေနဲ့ပဲ တွဲပြီး လာလာနေကြ ငါ့အကျင့်ကို သူတို့သိနေတာလေ။ ခုဟာ က ငါ့မိန်းမရပြီးမှ.. ငါက ခုလို ပြင်ပြင်ဆင်ဆင် စမက်ကျကျ မ၀တ်တော့ မလာတာလည်းကြာလို့ပါ။
ပြီးတော့ မင်းလို ဖြူဖြူချောချော ကောင်လေးကိုလည်း မမြင်ဖူးလို့ဖြစ်မယ်။ ငါနဲ့ ငါ့မိန်းမနဲ့ လာတုန်းက သိပ်မကြည့်ကြဘူး။ လူပျို မြာပွေတဲ့ ငါနဲ့ တစ်ခုလပ်မိန်းမတစ်ယောက်မို့ သူတို့ ထူးဆန်းသလိုကြည့်တာပါ။
ဘာမျှ မစိုးရိမ်နေနဲ့ မင်းကိုချောလို့ကြည့်တာ ငါ့ကိုက မလာတာကြာတာရော ခုလို သေသေသပ်သပ် ၀တ်စားထားလို့ ကြည့်တာပါ။ သူတို့က ဘာမျှ မသိဘူး။ ငါတောင် ကပ္ပလီ အရက်မူးပြီး မပြောရင်မသိဘူး မင်းက အခြောက်နဲ့မတူ၊ သာမန်ယောက်ျားပုံစံဆိုတော့ ရှိန်တယ်။ ကိုအောင်ငြိမ်းလိုလည်း မနွဲ့ဘူး။
“ကိုအောင်ငြိမ်းဆိုမှ ဟိုညက တရုတ်ကား လာမကြည့်လို့ လာရှာသေးတယ်။ ညီတို့က ရေကန်နဲ့ ကွယ်ပြီး ဟိုဟာလုပ်နေလို့ သူမတွေ့သွားတာ ကံကောင်း။ သူက ညီ့ကို ကလေးလို အေးအေးဆေးဆေးနေ စေချင်တာ သူသိလို့မဖြစ်ဘူး။ ဆူလိမ့်မယ်။ အဲ့ဒါထက် သူ့ပါးစပ်က မောင်း…”
“ဘာလဲကွာ… သူက မိန်းမလို မိန်းမရနဲ့ မင်းကိုစားချင်လို့လား.. မကျွေးဘူးနော်… ဟွင်း… “
“ဟုတ်ပါဘူး… သူနဲ့ ညီနဲ့က ညီအစ်ကိုလိုပါ…”
“ ဒါပဲပြောထားမယ်… ဟိုနှစ်ကောင်နဲ့ရော.. နောက်ဘယ်သူနဲ့ မှ ဘာမှမပတ်သက်နဲ့.. စိတ်မချဘူးကွာ”
“လုပ်ပြီး.. ကို..က ညီ့နောက်ဆုံးချစ်သူပါ.. စိတ်ချပါ..ကိုသာ..”
“တော်…ငါက ..ဖြစ်နိုင်ရင် မိန်းမကိုကွာပြီး မင်းကိုပဲယူချင်တာ… ငါ့မိန်းမက မင်းလောက်လည်း ဆွဲဆောင်မှုမရှိ။ မင်းထက်လည်း နှာအရမ်းသန်တယ်။ ငါကလည်း နှာထ သူကလည်း သန်အပေးကောင်းတော့ တွေ့ကြရင်း သူ့အစ်ကိုတွေနဲ့ တိုးလို့ ယူလိုက်ရတာ။ သူက ငါနဲ့ရမှ နည်းနည်းငြိမ်သွားတာ။ သိတယ် မဟုတ်လား ဒီကောင်က လူရော ဒုတ်ရောက သူ့ကိုကောင်းကောင်း ကိုင်နိုင် ကျွေးနိုင်လို့ သူဗိုက်ကြီးတဲ့ထိ ငါနဲ့ အတူတူ နေသေးတာ နောက်တော့ ဗိုက်ထဲက ကလေးတစ်ခုခုဖြစ်မှာစိုးလို့ ငါ့စိတ်ကို ထိန်းပြီး သူ့ကို ယောက်္ခမဆီပို့ထား တာ။ သူက ငါနဲ့ အနည်းဆုံး တစ်ကြိမ်လောက်အလိုးခံပြီးမှ အိပ်နေကျ။
ငါတို့ မင်္ဂလာဦးညကဆို ကြက်ဥ တစ်ကတ်ကုန်တယ်။ သောက်လိုက် လိုးလိုက်နဲ့ မိုးလင်းထဲအထိ။ ထိပ်တွေကျိန်းနေတာပဲ။ မနက် ထတောင် မထနိုင်သလိုဖြစ်သွားတယ် သူက ငါကတော့ အေးဆေးပါပဲ လီးထိပ်ကျိန်းတာပဲရှိတယ်။”
အတွေးထဲမှာတော့ ကိုကျော်စိုးတို့လင်မယား ပယ်ပယ်နယ်နယ်လိုးတာကို မြင်ယောင်ပြီး ရင်တွေ တဒိန်းဒိန်းခုန်ကာ ပါးပြင်တစ်ခုလုံး ပူနွေးသွားသည်။
ကိုကျော်စိုးလည်း ပြောနေရင်း တံတွေးတွေကိုမျိုချကာ ကျွန်တော့်အား သိုင်းဖက်ရင်း သူ့ရင်ခွင်ထဲ တိုးပြီးဆွဲသွင်းကာတင်းတင်းကျပ်ကျပ်ဖက်ထား
လိုက်ပါတော့သည်။
----------------------------------------------
အပိုင်း(39) အားဆက်လက်ဖော်ပြပါမည်။
ချစ်ဦးကို

No comments:

Post a Comment

အချစ်တစ်ခု ပြယုဂ်တစ်ခု

“......................”  သားကြီးဆီမှ ကြားလိုက်ရသော နာမည်ကြောင့် ကျွန်မတစ်ကိုယ်လုံး တောင့်ခဲ သွားသည်။အဆုံးမရှိသောတွင်းနက်ကြီးထဲသို့ ပြုတ်ကျ...