Saturday, December 20, 2014

ကျွန်မနာမည် ခင်မေသိန်း (၁)

"ကျွန်မနာမည် ခင်မေသိန်း "
Credit : www.facebook.com/Cakewritter

- . နေမင်းရဲ့ ရောင်စဉ်တန်းများမှ ပြာလဲ့လဲ့ရောင်စဉ်များ၏ စိုးမိုးထားမူသည် ကောင်းကင်တစ်ခုလုံးအား ကြည်ပြာရောင် ချယ်မှုန်းထားသည်ပဲ ကြည့်ပါရောလား။ အဝါရောင် ရောင်စဉ်တန်းသည်လည်း သူ့ ကို မစိုးမိုးနိုင်၊ အနီအောက်ရောင်ခြည်သည်လည်း သူ့ အလှကို မဟန့် တားနိုင်၊ ခရမ်းလွန်ရောင်သဲ့သဲ့သည်လည်း သူ့ ကိုမကျော်လွန်နိုင်၊ မည်သည့်ရောင်စဉ်တန်းသည်မှ သူ့ လောက် မလှတော့ပါလား။
ထိုကောင်းကင်ညနေ တစ်မိုးအောက်မှာ ဖုန်ထူထူများကြား ပြေးဆော့နေသော သူတို့ သည်လည်း ဘောလုံးတစ်လုံးတည်းကို လူအုပ်စုခွဲ ဘာကြောင့်များ ဝိုင်းလှယပ်ကာ ပြေးကန်နေကြပါလိမ့်။

" ခင်မောင်သိန်း ဒီဖက်ကန် ဒီဖက်ကန် " ဟူသော ရှေ့ တန်းတိုက်စစ်မူးလူငယ်လေးက တစ်ကြော်ကြော်အော်နေလေသည်။ ထို့ နောက် သိပ်မကြာလိုက်ပါဘူး ဘောလုံးလေးသည် ခင်မောင်သိန်း၏ ခြေလှမ်းများထဲပြန်လည်ရောက်ရှိသွားကာ free kick တစ်ခုနှင့်အတူ ဂိုး.... ဟူသော အသံများထွက်ပေါ်လာတော့သည်။ ထခုံကြသော ကွင်းထဲမှ လူငယ်တစ်ချို့ သည် ခင်မောင်သိန်းအား ဝိုင်းဖက်ဆွဲပြုကြရာ ခထောင်းကျိုက်ထားသော ကျောင်းစိမ်းပုဆိုးလေးသည် လူဝိုင်းဆွဲကြရာမှ ကျွတ်ကျကာ ပန်းရောင်အမျိုးသားဝတ်အောက်ခံဘောင်းဘီသည်သာ သူ၏အောက်ပိုင်းအကာအကွယ်တစ်ခုအဖြစ်ကျန်ခဲ့တော့သည်။
ခင်မောင်သိန်းတစ်ယောက် " အောင်မလေး တော့ " ဟု လန့် ကာဖြန့် ကာ အော်ကာမှ ကျောင်းသားများ ရုတ်တရက် နှုတ်ဆိတ်ငြိမ်သက်သွားပြီး ကွင်းဘေးမှ အားပေးနေသော ကျောင်းသားများနှင့် ရပ်ကြည့်သွားလူတစ်ချို့ သည် အသောမတတ် တဝါးဝါးရယ်ကုန်ကြသည်။ အကြောင်းသိသော ကျောင်းသားများက ဝိုင်း၍စကြလေရာ ခင်မောင်သိန်းတစ်ယောက် ရှက်ရှက်နဲ့ ကွင်းထဲမှ ပြေးထွက်လာခဲ့တော့သည်။

- . . မနက်ခင်း ကျောင်းတက်ချိန်ရောက်တော့ ကျောင်းသားများသည် သူထင်သည့်အတိုင်း သူ့ အားရှေ့ ထား၍ ဘောလုံးပွဲမှ သူ့ အဖြစ်ကိုပြန်ပြောနေကာ တစ်ဝါးဝါးရယ်နေကြပြန်သည်။ ထိုထဲတွင် မိန်းကလေးများပါ မကျန်ဖြစ်နေသည်။ ရယ်နေလိုက်ကြသည်များ ပန်းရောင်လေး ပန်းရောင်လေးတဲ့။ မိန်းကလေးတွေကတောင် ပို၍အရှက်မရှိရယ်နေလိုက်ကြတာ ဟားနေလိုက်ကြတာများ အူတွေနာနေလို့  ဗိုက်တွေတောင်ဖိပြီး ရယ်နေကြသည်။
ခင်မောင်သိန်းသည် နီရဲနေသော ပုတ်မှည့်မှည့်သူ့ မျက်နာကြီးအား ဘာမှမဖြစ်သလို ကြိုးစား၍သာနေရသည်။တစ်ယောက်စ နှစ်ယောက်စသာ ဆို ဒီလောက်ရယ်နေကြတာ သူ ထ၍ သောင်းကြမ်းပစ်လိမ့်မည်။ ကောင်မတွေကလည်း သူ မလှန်နိုင်တုန်း အတိုးနဲ့ အတင်းသုတ်နေကြတာ မိုးကောင်းတုန်းရွာထားအုန်းပေါ့ ပြီးမှ ငါ့အကြောင်းသိမယ်ဟု သူတွေးနေသည်။

- . နေ့ လည်ပိုင်း နားချိန်တွင် ကြိုးခုန်တိုင်းကစားဖို့ ထုံးစံအတိုင်း မိနှင်းဆီတို့ လာအဖော်စပ် လေသည်။
"မိခင်မောင်သိန်း ကြိုးခုန်မယ်လေ ကစားရအောင် လာခဲ့" တဲ့။ သူ့ မျက်နာကြီးကို ဆူပုတ်ထားလိုက် ကာ မျက်နှာကို မာန်ချီ၍ မကစားချင်ဘူးဟု ပြောတော့ နှင်းဆီက "ဘာလဲ နင်က ပန်းရောင်လေးဝတ်လာပြန်လို့ လား"ဟုပြောတော့ သူ့  ဒေါသသည် နှင်းဆီပေါ်ပြိုကျတော့မည်အလား၊
" နှင်းဆီနော် နင်ဝုန်းခံချင်လို့ လား... သွား ညည်းတို့ နဲ့ မဆော့ဘူး" ဟုဆိုကာ သူ့ ရဲ့  ခပ်ထူထူမျက်ခုံးများကို အတင်းရှုံ့ ထားကာ မျက်စောင်းတစ်ခု ပစ်လွှတ်လိုက်သည်။ ထိုအချိန်တွင် မောင်မောင်ရောက်လာကာ 
" ခင်မောင်သိန်း ငါတို့ ကွင်းထဲမှာ ဘော်လုံးသွားကန်ရအောင်" ဟု ဆိုပြန်တော့ သူ၏ရှက်စိတ်များသည် မျက်နှာပေါ် ပို၍ဟက်လာကာ မောင်မောင့်ကိုပါ မျက်လုံးပြူးခါးထောက်လျက်ကြည့်လိုက်ပြန်သည်။

" မောင်မောင် မနေ့ ကကိစ္စ အဲ့ဒါ နင့်ကြောင့် နင်ဇွတ်ခေါ်လို့ ၊ ငါ့မှာ ဘောင်းဘီတိုမှ မပါ ပါဘူးဆိုတာကို ပြောလို့ မရဘူး ပြီးတော့ ကွင်းထဲမှာ နင်ဆွဲလိုက်လို့ ကျွတ်သွားတာပဲ ဟင့် ဒါမျိုးကျ ကွင်းထဲမှာပဲ အဖြစ်ရှိတယ် ဟွန့် " ဟု မိန်းမရန်တွေ့ တွေ့ တော့သည်။ 
သူစိတ်ဆိုးနေ၍သာ မောင်မောင့်ကို မိန်းမရန်တွေ့ တွေ့ ရဲသည်။ မောင်မောင်က သူ့ ကို ကျားကျားယားယားသူငယ်ချင်းအဖြစ် အတတ်နိုင်ဆုံးပြုပြင်ယူတတ်သည်။ ဘော်လုံးကန်တတ်တာကလည်း မောင်မောင့်ကြောင့်ပင်ဖြစ်သည်။

မောင်မောင်ရယ် နှင်းဆီရယ် သူရယ်သည် သူငယ်တန်းကတည်းက တစ်တန်းထဲဖြစ်ကြရာ ပြောမနာဆိုမနာ အမြဲတစ်တွဲတွဲပင်ဖြစ်နေတတ်သည်။ တစ်ခြားသူငယ်ချင်းတွေက သူတို့ သုံးယောက် အား သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းအဖြစ် မောင်မောင်နဲ့ နှင်းဆီကို စသလို၊ မောင်မောင်နဲ့ သူ့ ကိုလည်း စနှောက်တတ်ကြသည်။ ထိုအခါမျိုးတွင် သူသည် ငယ်ရွယ်သူပီပီ ရင်ခုန်ချင်သလိုတော့ ခံစားမိသည်။ ဒါပေမယ့် မောင်မောင်သည် သေချာကြည့်လေ ဖူလေဟုပြောရမလိုဖြစ်အောင် ရုပ်မဆိုးလွန်းသော်လည်း အနည်းငယ်သာကြည့်ကောင်းပါသည်။ မောင်မောင်သည် သူ့ အားဂရုတစိုက် ပြောဆိုဆက်ဆံတိုင်း တစ်ခြားသူများက စကြသောအခါ တရှူးရှူးနဲ့ ရှက်ရမ်းရမ်းတတ်သည်။ ထိုအခါ သူကလည်း မောင်မောင့်ဘက်က ကဲကဲဆက်ဖြစ်နေမူအား မခံနိုင်ရှိကာ
"အောင်မလေး ငါကလည်း အဖူအဖဲအရွဲတွေမသုံးပါဘူး" ဟု မကျေမနပ် ပြန်ပြောလေ့ရှိသည်။

- #. #. #. #. #. #. #

- သူ့ ဘဝ တစ်ဆစ်ချိုးပြောင်းလဲလာရန် ဖန်တီးမူသည် သူတို့ ရပ်ကွက်ထဲက အလှူတစ်ခုက စခဲ့သည်ဟုဆိုရမည်။ ဘေးအိမ်က ရှင်ပြုနားသအလှူအတွက် ရှင်လောင်းနဲ့ နားသမင်္ဂလာပြုသူများအား မိတ်ကပ်လူးပေးနေသောသူမှာ ယောက်ျားဝတ်ရှပ်အင်္ကျီပွပွကို အပြင်ထုတ်၍ ပုဆိုးလိုလိုထမီလိုလိုအဆင်အား ထမီလုပ်ဝတ်ထားသော မိန်းမလျာမာမီနှင့် သူ၏တပည့်မ မိန်းမလျာတို့ အား တွေ့ ရသည်။ 

- ခပ်မည်းမည်းစုတ်ချွန်းချွန်းမိန်းကလေးများသည် နတ်သမီးလေးများပမာ ပြောင်းလဲလှပသွားကြသည်။ သူသည် ထိုမှ စ၍မိတ်ကပ်ပညာကို အထူးစိတ်ဝင်စားကာ မိတ်ကပ်ပြင်သော မာမီအနားကပ်၍ ခွေခွေလေး ထိုင်ကြည့်နေမိသည်။ သူ့ အားသတိထားမိသော မာမီက သူ့ အားတစ်ချက် စိုက်ကြည့်ကာ သူ့ အားလက်အကူအဖြစ် ဟိုပစ္စည်းလက်ကမ်းယူခိုင်း ဒီပစ္စည်း ခနကိုင်ခိုင်းသည်။ ဒီလိုနဲ့  မာမီနဲ့ ရင်းနှီးသွားကာ မာမီသည် မဂ္ဂဇင်းကြေငြာတစ်ချို့ တွင်တွေ့ ရသော မိတ်ကပ်အသောင်းမှန်းသိတော့ သူ အရမ်းအပျော်ကြီးပျော်သလို ခံစားနေမိသည်။

- ကိုယ့်စိတ်က မသိမသာအားကျနေခဲ့သော မိတ်ကပ်ပညာရှင်တစ်ယောက်အား ရင်းနှီးခွင့်ရရှိမူ့ အတွက် ကျေနပ်နေမိသည်။ မာမီသည် သူ့ အား အချိန်မရွေး လာလည်ဖို့  ဖိတ်ခေါ်ထားသည်။ သူ့ ရဲ့ နွဲ့ တဲ့တဲ့ပုံစံလေးများကြောင့် မာမီက သူ့ အား သမီးလေးဟု ချစ်စနိုးခေါ်သွားမူသည် သူ့ ဘဝအတွက် ကျေနပ်စရာပထမဆုံး အခေါ်ခံရမူဖြစ်နေသည်။ မာမီသည် သူ့ ရဲ့ မဝံ့မရဲ ဖုန်းကွယ်နေသော ဘဝအား ဖွင့်ပေးခဲ့သူဟုဆိုရမည်။

- #. #. #. #. #. #. #. #. #. #. #. #

- ကိုးတန်းအေက ငုဝါခိုင်သည် အလှဆုံးကျောင်းသူအဖြစ် နာမည်ကြီးသည်။ တစ်နေ့  ခင်မောင်သိန်းတစ်ယောက် ကျောင်းမုန့် စားဆင်းချိန် မုန့် ဈေးတန်းထဲသို့ အသွား ကိုးတန်းအေသို့ ဖြတ်သွားစဉ် ငုဝါခိုင်သည် ထမီထဝတ်နေသည်မှာ တဖျပ်ဖျပ်နှင့်ခါနေပြီး ကျောင်းစိမ်းထမှိန်အောက်မှ အဝါရောင်လေးပင်ပေါ်လာသည်။ အနေအထိုင်ပက်စက်သော ငုဝါခိုင်အား ဒါကြောင့် အကောင်တွေကြိုက်နေကြတာဖြစ်မည်ဟုတွေးမိရင်း မုန့် ဈေးတန်းလမ်းကြားထဲ ဝင်လာစဉ် သူ့ ခြေလှမ်းများကြားသို့  ခြေထိုးခံလိုက်ရသည်။

" သောက်ကမြင်းမသား သေပါပြီ တော့ " ဟု သူလန့် ကာ အော်မိတော့ သူ့ အားခြေထိုးသော ရဲဝင့်နောင်သည် သူ့ ဘော်ဒါသုံးယောက်နှင့်အတူ သူ့ အား လက်ညိုးထိုး၍ သူယောင်သည့်အတိုင်း
" ဘာတဲ့သောက်ကမြင်းမသား သေပါပြီတော့" တဲ့ဟုဆိုကာ ဝိုင်းရယ်နေကြသည်။ 

သူသည် အတန်းအကြီး အတန်းငယ်ကျောင်းသားများအကြား အရှက်ခွဲခံရမူအား အသားများလှုပ်လာအောင် စိတ်တိုလာကာ ရဲဝင့်နောင်အား ဆွဲလုပ်မည်အကြံ အင်အားများသောသူတို့ အဖွဲ့ က သူစသည်နဲ့  ဝိုင်းတွယ်ကြမည်ဟန် လက်တီးလက်မောင်းတန်းထားသည်။အများနှင့်အနည်း ထိုသို့ အခွင့်မသာ သဖြင့်ပညာရှိနည်းနှင့်သာ ပညာပြန်ပေးရန်တွေးမိလိုက်သည်။

" ရဲဝင့်နောင် နင်ကလည်း ငါ့တွေ့ တာနဲ့  စမယ်ဆိုတာပဲနော် တကယ်ပဲ" ဟု သူ မျက်နာချိုသွေး၍ ဘာမှမဖြစ်သလိုနေပြီး စကားပြောရောတောဖောတောလုပ်လိုက်သည်။ 
"မင်းက စချင်စရာဖြစ်နေတာကိုးဟု " ဆိုကာ သူတို့ က တစ်ဝါးဝါးရယ်ပြန်သည်။ 
အမှန်တော့ သူတို့ သည် မောင်မောင်ပါလျင် ဒီလိုမလုပ်ရဲ။ ဒေါင်မောင်းဗလကောင်းသော ကျောင်းသားဘောလုံးခေါင်းဆောင်မောင်မောင်ကိုတော့ သူတို့ ကြောက်ကြသည်။ ဒီတစ်ခါ မောင်မောင်ကိုပဲ အားမကိုးပဲ သူဘာသာဖြေရှင်းချင်နေသည်။

" ဟဲ့ ငုဝါခိုင် အခန်းထဲမှာ တစ်ယောက်တည်းနော် နင်သွားမတွေ့ ဘူးလား " ဟုဆိုတော့ ရဲဝင့်နောင်မှာ ခါးဆန့် သွားကာ လည်းပင်ရှည်ထွက်လာသည်။ ရဲဝင့်နောင်အနား ရှေ့ တိုးကပ် လိုက်ကာ နှစ်ယောက်ကြားရုံလေးပြောလိုက်သည်။
" နင်သွား လိုက်လေ မုန့် သွားကျွေးချီ ဇီးယိုဝယ်သွား သူက ဇီးယို အရမ်းကြိုက်တာ ပြီးတော့ သူက အဝါရောင်အရမ်းကြိုက်တာ နင် ဒီနေ့  အဝါလေးမဟုတ်လား တာမေးလိုက် နင့်ကို သူသဘောကျသွားလိမ့်မယ်" ဟုပြောတော့ ရဲဝင့်နောင်မျက်နာသည် ဝင်းခနဲဖြစ်ကာ နင်တကယ်ပြောတာနော်တဲ့။ 

သူသည် ရယ်ချင်စိတ်ကို ဖိချကာ
"အေးပါ ဇီးယိုသာ ဝယ်သွား ပြီးတော့ ဒီနေ့ အဝါရောင်လေးမဟုတ်လားသာပြော အပိုမပြောနဲ့  စကားမှားကုန်မယ် တော်ကြာသူများတွေထက် ငုဝါခိုင်ဆီက အမှတ်မရဖြစ်နေမယ် သိလား" ဟု သူသေချာမှာ၍ လွှတ်လိုက်သည်။ ရဲဝင့်နောင်သည် သူငယ်ချင်းအဖော်များထားခဲ့ကာ မုန့် ဈေးတန်းထဲပြန်ပြေးဝင်သွားသည်။ ကဲ သူ့ ရဲ့ မိန်းမဥာဏ်ကြောင့် အဲ မိန်းမလျာဥာဏ်ဆို ပိုမှန်လိမ့်မယ်။ ကဲ သေပေတော့ပဲ။

ရဲဝင့်နောင်သည် ကိုးတန်းအေထဲဝင်သွားတော့ ကျောင်းသူလေးငါးယောက်သာ အခန်းထဲတွင်ရှိနေသည်။ ငုဝါခိုင်သည် ရဲဝင့်နောင်အားမြင်တော့ တစ်ယောက်တည်း စာအုပ်တွေ ဟိုလှန်ဒီလှန်နှင့် ဟန်ပိုနေသည်။ 

ရဲဝင့်နောင်က သူမအနားကပ်၍ ဇီးထုပ်ပေးတော့ ငုဝါခိုင် ခပ်ပြုံးပြုံးလေးဖြစ်သွားသည်။ ထို့ နောက် ရဲဝင့်နောင်သည် ငုဝါခိုင်မျက်နာသာပေး၍ ပျော်နေသော မျက်နာပိုးကို မသတ်နိုင်ပဲ ပြီတီတီမျက်နာပေးနှင့်အနားကပ်၍ စကားပြောလေသည်။ ထိုတွင် ငုဝါခိုင်မျက်နာသည် နားမလည်ဟန်နှင့် ခနတွေခနဲဖြစ်ပြီးနောက် အမှဲ့ လွန်သီးကြီးပမာ နီရဲပုတ်သွားကာ ရဲဝင့်နောင်အားတွန်း၍ အခန်းထဲကထွက်သွားသည်။ ခပ်သဲ့သဲ့ကြားသော ဘေးကကျောင်းသူများက သူတို့ နှစ်ယောက်အဖြစ်အား စိတ်ဝင်စားစွာ ကြည့်ကျန်ခဲ့ကြသည်။

- ကျောင်းတက်ချိန်ရောက်တော့ မာမီကြီးဟု ခေါ်သော ကိုးတန်းအေအတန်းပိုင် အင်္ဂလိပ်စာ ဆရာမ ဒေါ်ခင်မာကြီးရောက်လာသည်။အတန်းထဲဝင်ဝင်ချင်းပင် ရဲဝင့်နောင်ဟု စူးစူးဝါးဝါးအော်သံကြောင့် တစ်ခန်လုံးငြိမ်သက်သွားသည်။ ငုဝါခိုင်သည်လည်း နောက်ကလိုက်လာကာ မျက်နာလေးရှုံ့ မဲ့မဲ့နှင့် ငိုတော့မည်အလားလုပ်၍နေသည်။ ဆရာမမာမီကြီးသည် ရဲဝင့်နောင်၏ ဆံပင်ကောက်ကောက်များအား ဆွဲ၍ 
" ကောက်စိ နင် ဘာလုပ်တာလဲ နင်သိတယ်မလားဟင်၊ သေသွားမယ် ဖာခေါင်း " ဟုဆူပြောပြောတော့သည်။ သေချာပြီ မာမီကြီးစိတ်ဆိုးလျင် ဘောင်းဘီချွတ် ဖင်ပြောင်နှင့်အရိုက်ခံရမှာ သေချာနေပြီ။ မာမီကြီးသည် ဘယ်တော့မှအကြောင်းပြချက် မတောင်းတတ်။ ငရဲတော့ သေဖို့ တာပြင်ပေတော့။ အကြောင်းပြချက်ပေးရအောင်လည်း မခိုင်လုံတော့၊ သူပြောတာ နှစ်ယောက်တည်းသာကြားသည်။ ပြောတဲ့သူသာ အပြစ်ခိုင်လုံနေသည်။

" သူများကို အဝါရောင်လေးသွားလုပ်နေတာ ကဲ ချွတ်စမ်း နင့်ဖင်လှန် ကြိမ်လုံးနဲ့ တီးပြီး နင့်ဘောင်းဘီဘာရောင်လဲ ပြစမ်းပါဦး" ဟုပြောတော့ တစ်ခန်းလုံးတစ်ဝါးဝါးရယ်ကြတော့သည်။ ငုဝါခိုင်လည်း ရှက်ပြီး သူမအခန်းပြန်ပြေးတော့သည်။
ကျောင်းသူများသည် မျက်စိနှစ်ဖက်စုံမိတ်ကာ ရှက်ဟန်များနှင့် လက်ချောင်းများဖြင့် မျက်နာကို အုပ်ထားကြသည်။ ငရဲသည် ကျောက်သင်ဘုန်းရှေ့ စင်ပေါ်တွင် မျက်နာငယ်လေးနှင့် ပုဆိုးလေးအားအောက်လျှောချနေသည်။ ထင်းခနဲထွက်လာသော အနက်ရောင်ဘောင်းဘီအောက်မှ အနာကွက်များပေါ်လာတော့သည်။ မာမီကြီးသည် ငရဲအား တရွှမ်းရွှမ်းမြည်အောင် ရိုက်တော့သည်။ ထိုမှစ၍ ငရဲအား ဝဲကြော်ဟု ခေါ်တော့သည်။ ငရဲသည် ခင်မောင်သိန်းအားရန်မူရန်ကြိုးစားသော်လည်း မိမိအပြစ်နဲ့ မိမိမို့  မောင်မောင်ကိုလည်းကြောက်ရကာ ရန်မမူရဲရှိတော့သည်။ သို့ သော် ငရဲ သည် အခွင့်သာမည့်နေ့ ကိုတော့ ဇွဲကောင်းစွာ စောင့်နေလိမ့်မည်။

#. #. #. #. ##. ##. ##. ##. ##. #. #. #. #. #. #

- ကျောင်းတွင် မိန်းကလေးတို့ ထုံးစံအတိုင်း စကားများမခေါ်မပြော စောင်းချိပ်ကြသည်လည်းရှိသည်။ နှင်းဆီနဲ့ သူ့ ဘော်ဒါ ဥမ္မာကြည်တို့ ကတစ်ဖက် ငုဝါခိုင်နဲ့ ဥမ္မာကြိုင်တို့ ကတစ်ဖက် မခေါ်မပြောနဲ့  စောင်းချိတ်နေကြသည်။ ဒီကြားထဲ ခင်မောင်သိန်းက ကနွဲ့ ကရနဲ့  ဟိုဘက်ကလိုလိုဒီဘက်ကလိုလိုနဲ့  စကားပို့ သည့်အလုပ်ရနေသည်။ 

" ပြောလိုက် ငါတို့ က သူတို့ လို အူတိအူတမိန်မတွေမဟုတ်ဘူး ရုပ်ခံလည်းရှိတယ် နောက်ခံလည်းရှိတယ်လို့ "
" ပြန်ပြောလိုက်စမ်းပါ ရုပ်ခံရှိရင် စပွန်ဆာမျှော်စားလို့ " 
" ဟုတ်တာပေါ့ ငါတို့ က အိမ်မှာကားမရှိပဲ ပါကျဲရိုးဝယ်လိုက်ပြီ ခဲရောင်လေးဟု မကြွားဘူးဟေ့"
"အောင်မလေး ဆောင်းတွင်းတစ်လုံးရေမချိုးပဲ ချီးစုထားတဲ့ဟာမကများ ကိုယ့်ကိုယ်ကို ဂုဏ်ဖော်နေသေး"
"ယောက်ျားတွေကို အီစီကလီထု ဒိုစီးနိုင်မှ ကားစီးနိုင်တဲ့ သူမှ ကြိုက်မယ်ဆိုတဲ့ အတန်းစားမျိုးငါတို့  က မဟုတ်ဘူးဟေ့"
စသည်ဖြင့် မိန်းမတွေစဆင့်စကားနှင့် ဟိုဘက်ခန်းနှင့် ဒီဘက်ခန်းရန်တွေ့ နေကြသည်ထဲ ခင်မောင်သိန်းသည် စပ်စပ်စုစုနှင့် စကားပို့ ပေးနေရာ သူ့ ကြောင့်ပို၍ အချင်းများက စကားတွေကြီးကာ ဆရာမများနားထိ ရောက်သွားတော့သည်။ အရှုပ်တော်ပုံမိန်းကလေးများကို ဇယားရှုပ်မူနဲ့ ဆော်ပလော်တီးသလို သူ့ ကိုလည်း ထမိန်ပြောင်းဝတ်ပေးရမည်ဟူသော ခေါင်းစဉ်နှင့်ဆော်ပလှော်တီးတော့ တစ်ခန်းလုံး ဝိုင်းရယ်ကြတော့သည်။ ဘာတဲ့  ကန်တော့ပါရဲ့  အလုံးနဲ့ အပြား လဲတက်ပေးလိုက်မယ်တဲ့။ 
ဟီးးး ဒါဆိုရင်တော့ သူ့ အကြိုက်များဖြစ်သွားလို့  ထကနေမလားနော်။


နှင်းဆီနဲ့ သူနဲ့ အတန်းထဲတွင်အတူတူထိုင်၍ ရေခဲချောင်းစုပ်နေသည်။ အဲ. ရေခဲချောင်းစားနေတယ်ဆိုပါတော့။ နှင်းဆီက မိန်းကလေးပီပီ အိနြေ္ဒမပျတ် စားနေပေမယ့် သူကတော့ နှုတ်ခမ်းများအား ဝိုင်းလိုက်ဟလိုက် ရဲခဲချောင်းကို ပါးစပ်ထဲမွှေလိုက်နဲ့  ကြည့်မကောင်းအောင်စားနေသည်။ မောင်မောင်ရောက်လာတော့ မောင်မောင်က သူ့ အား မျက်တောင်မခက် စိုက်ကြည့်ရင်း မျက်နာတွန့် လိမ်နေအောင် ရှုံ့ ကြည့်နေရင်း မျက်တောင်ပေကလပ်ပေကလပ် ဖြစ်နေသည်။

"ခင်မောင်သိန်း ဘာလုပ်နေတာလဲ"
"ငါတို့  စုပ်နေတာလေ နင်ရော စုပ်ချင်လား"
နှင်းဆီက "ဘာ နင်နော် နင်သာစုပ် ငါကကိုက်စားနေတာ"ဟုပြောတော့ သူကလည်း ပြာပြာတလဲဖြေရှင်းရသည်။
" ရဲခဲချောင်း အဲလေ ရေခဲချောင်းစားတာ ပြောတာပါ နင်ကလည်း"

သူတို့ သုံးယောက် ဟိုစကားဒီစကားပြောကြရင်း ဆယ်တန်းအောင်ရင် ဘာလုပ်ကြမလဲပြောကြတော့ မောင်မောင်က ဘော်လုံးသမားပဲဖြစ်ချင်တယ် အသက်ကြီးရင်လည်း ဘောလုံးနည်းပြပဲလုပ်ချင်တယ်တဲ့

နှင်းဆီကတော့ သူမအမေမှာ နှလုံးရောဂါရှိလို့  နှလုံးအထူးကုဆရာဝန်ဖြစ်ချင်တာတဲ့

ခင်မောင်သိန်း မင်းရော ဘာဖြစ်ချင်လည်းတဲ့

သူ ခါးတစ်ချက် ဆန့် ကာ ဟန်ကို့ လိုက်သည်။

"မရယ်နဲ့ နော် ငါကလေ စစ်တိုက်တဲ့ စစ်ဗိုလ်မျိုးဖြစ်ချင်တာ " ဟု ပြောတော့ မောင်မောင်ရော နှင်းဆီပါ ငြိမ်သက်သွားကာ သူ့ ကို တစိုက်မက်မက်ကြည့်နေကြသည်။ ထို့ နောက် မောင်မောင် ကမျက်လုံးရီဝေဝေများတွင် ပုံပေါ်လာမူ့ အား ပုံဖော်နေသည်အလား တခွန်းချင်းပြောလာသည်

" မင်းရဲ့ ဖွံ့ ဖွံ့ ဖြိုးဖြိုးခန္တာကိုယ်ပေါ်မှာ စစ်စိမ်းရောင် ယူနီဖောင်းပြောက်ကျားကြီးနဲ့ ပေါ့။ မင်းကိုယ်တိုင် ကွန်မန်ဒိုအဖွဲ့ ကိုဦးဆောင်ပြီး ရန်သူတွေကို သေနတ်နဲ့ ပစ်ခက်ချေမှုန်းလိုက်တယ်။ ဒါပေမယ့် နောက်ဆုံးကျန်နေတဲ့ ရန်သူတစ်ယောက်ကထွက်ပြေးမယ် ကြံနေဆဲ မင်းက မပြေးနဲ့  လက်မြှောက်ထားအော်လိုက်တော့ ရန်သူက လက်မြှောက်မယ်ဟန်နဲ့ နောက်လှဲ့ ပြီး မင်းကိုကြည့်လိုက်တယ် ရန်သူက ငယ်ငယ်ချောချော တောင့်တောင့်လေး၊ အဲ့မှာ မင်းကိုကြည့်ပြီး ပြီတီတီပြုံးပြလိုက်တော့ မင်းကရုတ်တရက် ကြောင်ငေးငေးမှိန်းမောနေတုန်း မင်းကို သူငယ်က အလစ်အငိုက်ဖမ်းပြီး ဒိုင်းကနဲ သေနတ်နဲ့ ပစ်ပြီးထွက်ပြေးသွားလေရော။ မင်းက ပက်လက်ကြီးလဲကျကျန်ခဲ့ပြီး မင်းတပည့်တွေက ဗိုလ်ကြီးဘယ်လိုဖြစ်တာတုန်း ဘယ်လိုဖြစ်တာတုန်းဟု ဝိုင်းမေးကြတော့ မင်းမှာ အသက်မရှိတော့ဘူး "

မောင်မောင် စကား မဆုံးခင် ခင်မောင်သိန်းက တိတ်စမ်း နင်က ငါ့ကို လာပြီး ဖွင့်နေသေးတယ် ဟွန့် ဟု မျက်စောင်းတစ်ခုပစ်ထိုးလိုက်သည်။ နှင်းဆီကလည်း သဘောကျစွာနဲ့  တခွိခွိ ရယ်ရင်း

" အဲ့လိုဆို နင်တွက်ခြေမကိုက်ဘူးဟ နင်အသက်မသေပဲ ကောင်လေးတွေနဲ့ အဆင်ပြေမယ့်ဟာလေးတစ်ခုခု လုပ်ဟာ နင်ဖြစ်ချင်တာ ဘာရှိသေးလဲ"

" ဟဲ့  ငါက သူငယ်ထောင်ဖို့  လုပ်ချင်တာမှတ်နေလား ငါဝါသနာပါတာပြောရတာ 
အင်း..... နောက်တစ်ခုဆို ငါ ကျောင်းဆရာ လုပ်ချင်တယ် အဲမဟုတ်ဘူး ကျောင်းဆရာမဖြစ်ချင်တာ "

ဒီတစ်ခါလည်း သူတို့ နှစ်ယောက်လုံးက ခပ်တွေတွေလေးတွေးနေကာ နှင်းဆီက စပြောတော့သည်။

" နင်က ဘာလို့ ကျောင်းဆရာမ လုပ်ချင်တာလည်း " တဲ့ 
" ငါ ရင်ဖုန်းလေးဝတ်၊ ခြင်းတောင်းလေးကိုင်ပြီး အိနြေ္ဒလေးနဲ့ လမ်းလျှောက်ရတာ သဘောကျတယ်ဟ အဲ့ဒါကြောင့်စာသင်ရရင်လည်း ကျောင်းဆရာမလုပ်ချင်တာ ကျောင်းဆရာမပဲ ဖြစ်ချင်တယ်"

" ဪ ဒါဆိုရင် နင့်ရဲ့ လုံးကြီးပေါက်လှ ခပ်ထွားထွားခန္တာကိုယ်ကြီးမှာ ရင်ဖုန်းလေးနဲ့ တွေ့ ရမှာပေါ့နော်. ခြင်းတောင်းလေးကိုင် ထမီစိမ်းလေးနဲ့ လှုပ်တီးလှုပ်တဲ့ လမ်းလျှောက်ပြန်အလာ အတန်းကြီးကျောင်းသားတွေက စာလိုက်ပေးပြီး ပြီတီတီလုပ်မယ် နင်က ယူလည်းယူချင် မူလည်းမူချင်ပေါ့။ အဲ့လိုနဲ့ အမူပိုနေတုန်း ကျောင်းသားကထမီစတက်အနှင်း ထမီခွင်းလုံးကျွတ်ကျတော့မှ နင့်ကို အော်မဟုတ်ဘဲ အင်ဆိုတာ သိသွားပြီး ကျောင်းသားလည်း လန့် ဖြန့် ပြေးတာပေါ့ ဟားးးးး "

" တော်တော် နင်တို့ ငါကို အဂွမ်းချည်းပဲပြောနေတယ် ဒီနေ့ ခင်မောင်သိန်း ကံမကောင်းပါလားနော် "ဟု တွတ်ပီဟန်နဲ့  မျက်နာကို လုပ်ပြောနေသည်။

" မင်းကလည်း မင်းစီနီယာမမတွေလို မိတ်ကပ်မာမီတို့ ဘာတို့ လုပ်ပါလား ပေါက်ကရ စစ်တိုက်ချင်တာလေး ဆရာမလေးနဲ့ ရယ်ခံရပြီပေါ့ ခိခိခိခိ " ဟု မောင်မောင်က နောက်ပြောင်ပြောမှ သူ သတိရမိသည်။ ရွက်ကြမ်းရည်ကြိုရုပ်လေးများအား နတ်သမီးလေးများပမာ လှပသွားအောင်ပြုပြင်နိုင်သော အနုပညာတစ်ခု။ ထိုအရာနဲ့ အတူ မာမီသောင်း။ သူ့ မျက်နာကြမ်းကြမ်းသည် လင်းခနလက်သွားကာ အတွေးစတစ်ခု ခေါင်းထဲရောက်သွားဟန်ရှိသည်။

နှင်းဆီကလည်း ဝင်ပြောသည်။ " မောင်မောင့်အကြံကောင်းတယ် မောင်မောင် ငါတို့  သုံးယောက်အတူတူ ဗြူတီပါလာဖွင့်ရအောင် ဒါဆို ငါတို့ မခွဲရတော့ဘူးပေါ့၊ မောင်မောင် နင်လည်း မိတ်ကပ်လိမ်းပေးရမယ် ဆံပင်ညှပ်ပေးရမယ် မာမီအသေးစားပေါ့ ခင်မောင်သိန်းက မာမီကြီးပေါ့ ဟားးးးး"တဲ့
" တော်တော် ငါက ဒီကောင် တကယ်လုပ်မယ်ဆိုရင်တောင် အားမပေးဘူး ဟာသပြောတာ" ဟု မောင်မောင်က ရှက်ရှက်နဲ့ ငြင်း နှင်းဆီကလည်းမလျော့

"နင့် နာမည်ကြီးက မဟုတ်သေးပါဘူး မာမီခင်မောင်သိန်းလား မာမီခင်လား

" အယ် မာမီနှင်းဆီခင် ပေါ့ ဟဲ့  "

"ဟင် ငါနာမည်နဲ့ ဆင်နေပြီ ဘာလို့ လဲ"

"တို့ တွေက အဆိပ်ဆူးတွေနဲ့ ကျားကျားယားယား ပွင့်အာပြီးလှနေတဲ့ နှင်းဆီပွင့်ကြီးပေါ့ဟယ်"

"ဒါဆို ကျားတော့ကျားပဲ နောက်မှာ ခင်စိန်ပါနေတယ်ဆိုပါတော့ ဒါဆိုလည်း ကျားခင်စိန်ပေါ့ မာမီကျားခင်စိန်သာ ပေးလိုက်ပါတော့ ခိခိခိ "

"ခွေးမ နှင်းဆီ " ဟု မျက်စောင်းတစ်ချက် ပစ်ပေါက်လိုက်ရင်း ပုဆိုးလိုလိုထမီလိုလိုဝတ်ထားသော ကျောင်းစိမ်းပုဆိုးကို ပင့်မကာ မျက်နာကိုချီ
ရင်ကိုကော့၍ ခင်မောင်သိန်းသည် ထိုင်ခုံမှ ခြေစောင့်ထသွားတော့သည်။

Credit : www.facebook.com/Cakewritter
စာမျက်နှာမှ တိုက်ရိုက်ကူးယူ ဖော်ပြပါသည်

No comments:

Post a Comment

အချစ်တစ်ခု ပြယုဂ်တစ်ခု

“......................”  သားကြီးဆီမှ ကြားလိုက်ရသော နာမည်ကြောင့် ကျွန်မတစ်ကိုယ်လုံး တောင့်ခဲ သွားသည်။အဆုံးမရှိသောတွင်းနက်ကြီးထဲသို့ ပြုတ်ကျ...