Saturday, December 20, 2014

The Perfect Day (Part One)

တကယ့်ကို ပြီးပြည့်စုံတဲ့နေ့လေးတစ်နေ့ပါပဲဗျာ။ နေမင်းကြီးကလည်း ရောင်ဝါထိန်လင်းလို့ ကောင်ကင်းထက်မှာ ငွားငွားစွင့်စွင့်။ ကျေးငှက်သရကာလေးတွေကလည်း ကျည်ကျည်ကျာကျာ တေးဆိုနေကြတာ သူတို့ချစ်သူခင်သူတွေကို ချစ်ခွန်းသီနေကြသလား ထင်ရတယ်။ ပြတင်းပေါက်က လိုက်ကာတွေကတစ်ဆင့် ဖြတ်သန်းလာတဲ့ လေနုအေးတွေက နွေးတေးတေးနဲ့ဆိုတော့ အပြင်မှာ ပူများနေရော့သလား။ အင်း….ကျွန်တော် မျက်လုံးတွေကိုဖွင့် အလင်းဝင်လာတာကိုမျက်ကွယ်ပြုထားစေတဲ့ မျက်နှာပေါ်က ခေါင်းအုံး ကိုဖယ်လိုက်တယ်။ အမှန်တော့ အိပ်မက်တိုင်းပြည်ကို ပြန်သွားချင်နေတာ။ ဒါပေမဲ့ နေ့အလင်းရောင်က စရောက်နေပြီလေ။ ကျွန်တော့် ခန္ဓာကိုယ်ကလည်း အိပ်တာလုံလောက်နေပြီလို့ပြောနေပြီဗျ။ အားလုံးထက် ထင်ရှားနေတာတစ်ခုကိုလည်း တွေ့လိုက်ရတယ် ခပ်ပါးပါး စောင်ခြုံထားတဲ့ ခန္ဓာကိုယ်အောက်ပိုင်းဝယ် ဖောက်ထွက်မတတ် ထိုးထိုးထောင်ထောင်ဖြစ်နေတဲ့ အရာကိုပေါ့။

ဒါပေမဲ့ ကျွန်တော် အိပ်ရာပေါ်မှာဆက်ပြီးလှဲနေမိပါတယ်။ နေဖင်ထိုးမှထတယ်ဆိုတဲ့ လူကြီးတဲ့ပြောတဲ့စကားကို အခုပြည့်ပြည့်၀၀ ထောက်ခံနေမိပါရဲ့။ လုပ်စရာအလုပ်တွေလည်းပြီး ထပ်မံလုပ်ဖို့အလုပ်တွေကလည်း သိပ်မရှိသေးတော့ ကျွန်တော့်မနက်ခင်းလေးက နုပျိုနေစဲပါ။ ကျွန်တော့်စိတ်ထဲက ဆင်ခြေပေါင်းစုံပေးနေမိပါတယ် အိပ်ယာပေါ်ကထဖို့ကိစ္စလေးကို။ ကျွန်တော့်ပေါင်ကြားက ညီငယ် လေးကတော့ မအိပ်ချင်တော့ဘူးနဲ့တူတယ်။ တစ်ချိန်လုံးလိုလို သူ့ကိုလှစ်လျူရှုထားတာကြာပြီဆိုတော့ စိတ်ကောက်မှာလဲစိုးရသေး။

နံဘေးကိုချထားတဲ့ လက်ကလေးကို ဗိုက်သားလေးတွေကနေတစ်ဆင့် ဆီးစပ်တလျောက် လက်ကိုလျောဝင်လိုက်စဉ်မတော့ ခုတင်ဘေးက ဆဲလ်ဖုန်းက ဆူဆူညံညံထမြည်ခဲ့ပါတယ်။ ‘ကျွတ်….ဒီဖုန်းကို အိပ်ရာနားငါဘာကြောင့်ထားမိမှန်းကိုမသိဘူး’ လို့ ခပ်တိုးတိုး ရေရွတ်မိရော။ အောက်ကိုတွားသွားနေတဲ့လက်ကို ရုတ်သိမ်းပြီး ဆဲလ်ဖုန်းစီကိုလက်လှမ်းလိုက်ပါတယ်။ နောက်ကျသွားတယ် နဲ့တူတယ် ဖုန်းမြည်သံရပ်သွားရော။

‘ကောင်းတယ်၊ ငါပြန်အိပ်လို့ရပြီ အခု’ ဒါပေမဲ့ တတိတိနဲ့ မြည်သံလေးတွေအဆက်မပြတ်မြည်လာပြန်တာကြောင့် ခုတင်ဘေးတစ်ဘက် ကိုပြန်လှိမ့်လိုက်ကာ ဖုန်းကိုယူလိုက်ပါတယ်။ မက်ဆေ့စ်တစ်စောင် အသစ်ရောက်နေကြောင့် ဖုန်းမျက်နှာပြင်မှာတွေ့ရပါ့။ ဖုန်းကိုဖွင့်ပြီး အသံမက်ဆေ့စ်ကို နားထောင်လိုက်တယ်။ ဒီဖုန်းနံပါတ်ကို ကျွန်တော်မမှတ်မိဘူးဗျ။ အလုပ်က တစ်ယောက်ယောက်ပဲဖြစ်မှာပါ အလုပ် ကို ခပ်စောစောလာဖို့ ဒါမှမဟုတ် ညနေပိုင်းတက်နေတဲ့သင်တန်းကတစ်ယောက်ယောက်က ခေါ်တာဖြစ်မလားဘဲ။ ဘာကြောင့်လဲမသိ ကျွန်တော် ဂဏန်းနံပါတ်တွေကို အလွတ်မှတ်သားထားဖို့အတော်ပြင်းပါတယ်။ အရင်သိပြီးသားလူဖြစ်မလား ဘာညာကြည့်လိုက်သေး တယ်။

ခဏနေတော့ သူ့အသံကိုကြားရပါတယ်။ ပထမတော့ အသံလုံးဝမကျက်မိပါဘူး။ သူ့နာမည်ကဘယ်သူပါလိမ့်? သူကတော့ပြောပါတယ် နွေရာသီ ခရီးထွက်တုန်းကအတူသွားခဲ့တဲ့တစ်ယောက်ပါတဲ့။ ဒီနေ့ ကျွန်တော်အားရင် စက်ဘီးအတူထွက်စီးရအောင် ဒါမှမဟုတ် ဒီတစ်ပတ်ထဲ ကျွန်တော်အဆင်ပြေမယ့် ရက်တစ်ရက်ပေါ့ဗျာ။ သူ့မှာစက်ဘီးတစ်စင်းရှိတယ်တဲ့ ကျွန်တော်လည်း ကျွန်တော့်စက်ဘီးကို မကြာခဏစီးနေတာသူသိသတဲ့လေ။ ကောင်းပြီလေ၊ ကျွန်တော် နေ့တိုင်းလိုလို စက်ဘီးစီးဖြစ်ပါတယ်။ ခင်ဗျားနဲ့ကျွန်တော်အပြင်ထွက် စီးချင်ပါတယ်။ ဒါပေမဲ့ ခင်းဗျားနာမည်က?

သူဘယ်တော့မှသူ့နာမည်ကိုမပေးဘူး ဖုန်းနံပါတ်ကလွဲလို့ပေါ့။ ဒီနေ့ တစ်ချိန်ချိန်တော့ သူ့ကို ကျွန်တော်ခေါ်နိုင်တာပဲလေ။

မင်းလေးနဲ့အတူတူ အပြင်ကိုထွက်လည်ချင်ပါတယ်။ ဒါပေမဲ့ မင်းလေးဘယ်သူဆိုတာ မမှတ်မိပါလား။ အသံချိုချိုလေးကိုတော့ အမှတ်ရ သလိုရှိသား။ မင်း….မင်းနာမည်လေးကို လျှာဖျားမှာတင်တစ်နေတာ။ ငါ့ပေါင်ကြားက ညီဘွားကတော့ မှတ်မိတယ်ထင်ပါရဲ့ ခေါင်းတ ထောင်ထောင်နဲ့လေ။

အာ…ဟုတ်ပြီ ကျွန်တော်သတိရပြီ။ သူ့နာမည်က ဥက္ကာ…ဥက္ကဇော်။ အသက်ကတော့ ကျွန်တော်နဲ့ရွယ်တူပါပဲ လအနည်းငယ်လောက် တော့ကြီးလိမ့်မယ်။ ဘုရားသခင်…..ဒါ နှစ်နှစ်လောက်ရှိပြီပဲ သူ့ကိုနောက်ဆုံးတွေ့ခဲ့ချိန်ကစရေတွက်လိုက်ရင်။ သူက ခေါင်းအစ ခြေအဆုံး တော်တော်လှတယ်လို့ပြောရမယ့်လူပဲ။ သူ့အင်္ကျီချွတ်လိုက်ချိန် သတိမပြုဘဲမနေနိုင်ဖြစ်စေတာက ဗိုက်ကြွက်သားတွေဗျ အံစာတုံးတွေစီထားတဲ့အတိုင်း။ သူ့ရင်အုပ်ကြွက်သား၊ abs …ပေါင်ကြားက ခပ်ပျော့ပျော့ အရည်ပြားကအစ အရမ်းမိုက်။ သူ့နို့သီးခေါင်း လေးတွေက အညိုရောင်သမ်းနေပြီး ရင်အုပ်ကနေ ဆီးစပ်အထိ အမွှေးနုနုလေးတွေက သွယ်တန်းနေရော။ ဥက္ကာပြုံးလိုက်တဲ့အခါတိုင်း သူ့မျက်နှာပိုမိုနုပျိုသွားသယောင်ခံစားရတယ်။ သူ့မျက်ဝန်းတွေက ကြည်ပြာရီဝေသောမျက်ဝန်းတွေလို့ဆိုရမလား။ သူ့နှာတံတွေက တခြားသူတွေလိုပွယောင်းယောင်းမဟုတ်ဘဲ တကယ့်ကိုပုံသွင်းထားတဲ့အတူ အချိုးကျပါရဲ့။ မျက်နှာဝယ် မျက်ခုံးမွှေးကလွဲလို့ ဘာအမွှေး အမျှင်မှမရှိပါဘူး။ ဆံပင်တွေကလည်း ပုံစံကျသပ်ရပ်လို့ ကြည့်လိုက်ရင် သပ်ရပ်သန့်ရှင်းအချိုးကျနေတော့တာပါ။

ကျွန်တော်သူ့ကိုစိတ်ကူးထဲမှာတွေ့ကြည့်ရင်း လက်ငါးချောင်းကော်မတီခဏခဏခေါ်ရတာ မရေတွက်နိုင်တော့ပါဘူး။ သူ့ကို တို့ထိချင် တယ်၊ တကယ့်ကို ကိုင်တွယ်ကြည့်ချင်တယ်၊ ကျစ်လစ်တောင့်တင်းသော သူ့ကိုယ်ကြီးကို ပွတ်သပ်ကိုင်တွယ်ပစ်ချင်တယ်၊ ပြီးတော့ သူ့ကိုယ်လုံးကိုဖက်တွယ်ကာ အတူယှဉ်တွဲအိပ်စက်ကြည့်ချင်တယ်။ ဒါပေမဲ့ ကျွန်တော်တို့အဖြစ်က လက်လေးဆွဲကိုင်နှုတ်ဆက်ရုံ၊ ပွေ့ဖက်နှစ်သိမ့်ရုံလောက်သာရှိခဲ့ကြတာ။ ဥက္ကာကို ကျွန်တော့်စိတ်ထဲမှာ လျှို့ဝှက်ဖြစ်ပေါ်နေသောစိတ်ကိုဖွင့်ပြောရမှာ တော်တော် ကြောက်လန့်ပါတယ်။ သူနဲ့ ပေါင်းသင်းဆက်ဆံရေးတစ်ရပ်ဆုံးရှုံးသွားရမှာကို မစွန့်စားကြည့်ချင်ဘူး။ အထူးသဖြင့် ကျွန်တော့် လိင်စိတ် တိမ်းညွှတ်မှုနဲ့ပတ်သက်လို့ ဥက္ကာ နောက်တွန့်သွားကာ ခွဲခွာရမယ့်အဖြစ်ကို စိုးရိမ်နေခဲ့တာ။

ဒါပေမဲ့ တတ်နိုင်သမျှတော့ ဘ၀တစ်ခုရဲ့ရပ်တည်မှုတစ်ခု (Identity) ကို တတ်နိုင်သမျှဖုံးကွယ်ထားဖို့ကြိုးစားခဲ့ပါတယ်။ ဥက္ကာအနေနဲ့ တော့ တစ်ခုခုကိုသေချာပေါက်သံသယတော့ဝင်ခဲ့မှာပါပဲ။ နွေရာသီရဲ့ အပူရှိန်ထဲ တထိန်ထိန်ဖြစ်နေတဲ့ သူ့အလှအပေါ် ကျွန်တော် ညွှတ်နူးမိတိုင်း သူကတော့ အဝေးကိုသာငေးမောနေလေရဲ့။ လေးငါးခြောက်ကြိမ်လောက် စိုက်စိုက်ကြည့်မိနေတာ တစ်ကြိမ်တော့ မိမလိုဖြစ်သွားပေမယ့် ကျွန်တော် ခပ်မြန်မြန်ဘဲ အကြည့်လွှဲလိုက်ရတယ်။ အဲ့ဒီအကြောင်းနဲ့ပါတ်သက်ပြီး ဘာမှမပြောပါဘူး။ သူက တကယ့်ကြင်နာတတ်သူဖြစ်ခဲ့တာပဲလေ….ဒါပေမဲ့ သူဘယ်လောက်ထိများ သိနေသလဲရိပ်မိနေသလဲ ကျွန်တော်သိချင်ပါဘိ။

ကျွန်တော်တို့နှစ်ယောက်ဟာ ဆယ်ကျော်သက်နှစ်အတော်များများကို အတူဖြတ်သန်းခဲ့ကြတာပါပဲ။ နှစ်ယောက်စလုံး အလယ်တန်း ကော အထက်တန်းပါ အတူတက်ခဲ့ကြတာ။ နေ့လယ်စာကျောင်းဆင်းချိန်တိုင်း စားပွဲခုံတစ်ခုမှာအတူထိုင်ပြီး စားတတ်ခဲ့ကြတာ။ အား လပ်ချိန် ကျောင်းပိတ်ရက် ဒါမှမဟုတ် ညနေပိုင်း ကျောင်းအားချိန်အချို့မှာ အတူတကွ အပြင်ထွက်လည်တတ်ကြပါတယ်။ ဒါပေမဲ့ ဥက္ကာ က ကျောင်းမှာ အားကစားအသင်းမှန်သမျှပါဝင်နေတတ်တဲ့သူဖြစ်တော့ ဘယ်လိုပြောရမှန်းမသိ သူ့လေ့ကျင့်ချိန်တွေနဲ့ပဲ အလုပ်ရှုပ်နေ တာများတယ် ဆိုပါတော့။

နှစ်တိုင်းလိုလို နွေရာသီအားလပ်ရက်နေ့ရက်တွေကို မျှော်နေတတ်ပါတယ်။ ဒီလိုအချိန်ဆို ဥက္ကာဟာ အားကစားလှုပ်ရှားမှုတွေအကုန် ပြီးပြတ်လို့ ကျွန်တော်တို့နှစ်ယောက်သား တစ်ယောက်အားလပ်ချိန် တစ်ယောက်ဝေမျှကုန်ဆုံးလို့ရကြတာကိုး။ June လတစ်လက တော့ ပျော်ရွှင်ချမ်းမြေ့မှုတွေနဲ့အပြည့်ပဲလို့ပြောရမယ်။ ဥက္ကာနဲ့ကျွန်တော် စက်ဘီးကိုယ်စီဆွဲပြီး မိုင်အတော်များများရောက်အောင် ခြေစင်္ကြာဖြန့်ကြပါတယ်။ လမ်းကြောင်းမျိုးစုံဆွဲလို့ တစ်နှစ်နဲ့တစ်နှစ်မတူကြဘူးပေါ့။ ဥပမာပြောရရင် နေထိုင်ရာ နိုင်ငံရဲ့မိခင်မြစ်ကြီး က ကျွန်တော်တို့မြို့နံဘေးတလျောက်စီးဆင်းနေတာဆိုတော့ ကမ်းဘေးတလျောက် အတော်ဝေးဝေးကို စီးနင်းဖြစ်ကြတယ်။ မြစ်ကြီးရဲ့ တစ်ဘက်ကမ်းကတော့ မိုးအထိမြင့်မားနေသော သစ်ပင်စိမ်းစိမ်းတွေရှိရာ သစ်တောအုပ်ကြီးက ထူထပ်ပါဘိသနဲ့။

တစ်ခါတလေ ကျွန်တော်တို့ တမျှော်တခေါ် မြစ်ကြောင်းတစ်လျှောက် စက်ဘီးဆက်မစီးဖြစ်ကြဘဲ လမ်းတစ်ဝက်တင်ရပ်လိုက်ရင်း သစ်တော အတွင်းပိုင်းရှိရာဘက်ခြမ်းကို ကူးကာ လမ်းကြောင်းသစ်ထွင်စီးနင်းဖြစ်ကြပါတယ်။ သစ်တောအလယ်ပိုင်းလောက်မှာတော့ ထင်းရှူးပင်ကြီးတွေအများအပြားပေါက်ရောက်နေတတ်ပြီး စိမ်းလန်းတဲ့သစ်ပင်တွေ သစ်ကိုင်းသစ်ခက်တွေနဲ့နွယ်ယှက်နေတာဆိုတော့ အရိပ်ကောင်းကောင်းမှာ အေးအေးဆေးဆေးအနားယူလို့ရကြပါရဲ့။ ဥက္ကာနဲ့ ကျွန်တော် လေတဖြူးဖြူးနဲ့ သစ်ရိပ်မှာအနားယူရတာကို သဘောကျကြတယ်။ တစ်ခါတလေ မြက်ခင်းစိမ်းစိမ်းတွေပေါ်မှာ သူနဲ့ကျွန်တော် အကျ င်္ီမ၀တ်ဘဲလှဲလျောင်းတတ်ကြသေးတယ်။ တစ်ခါ တလေကျတော့ အရိပ်ကောင်းတဲ့ သစ်ပင်အောက်မှာထိုင်ရင်း ကြေးငှက်ကလေးတွေရဲ့ တေးသံသာတွေကို နေရောင်တွေနည်းပါးသွား တဲ့အထိထိုင်ပြီးနားဆင်ဖြစ်ကြသေးတာပါ။

ဒါပေမဲ့ နွေရာသီအားလပ်ရက်ကလေးကလည်း တိုတောင်းလှပါတယ်။ မကြာခင်မှာဘဲ နွေရာသီဘောလုံးသင်တန်းစတတ်တော့ ဥက္ကာက ကျွန်တော်နဲ့အတူရှိမနေနိုင်တော့ဘူး။ အဲ့လိုအချိန်တွေဆိုရင် အိမ်မှာတစ်ယောက်တည်းထိုင်ပြီး အထီးကျန်မှုတွေနဲ့ တိုက်ပွဲဝင်ကာ စိတ် ညစ်ညူးနေရလေ့ရှိပါတယ်။အမေက အဖေ့ကုမ္ပဏီမှာ အလုပ်ဝင်လုပ်ဖို့တိုက်တွန်းပြောဆိုပေးပေမယ့် အသုံးမ၀င်ပါဘူး။ ကျွန်တော် ဥက္ကာကိုပဲ လိုအပ်နေခဲ့တယ်။ ဥက္ကာသာရှိရင် ကျေနပ်တယ် နေပျော်တယ်လေ။ သူလည်း ကျွန်တော့်လိုပဲ ခံစားရသလားလို သိချင်စမ်းပါဘိ။

အထက်တန်းကျောင်းစားမေးပွဲပြီးတဲ့နောက်မှာတော့ ဥက္ကာနဲ့ ကျွန်တော် နွေရာသီအားလပ်ရက်ကို နောက်ဆုံးအကြိမ်ဖြတ်သန်းခဲ့ပါသေး တယ်။ အရင်အချိန်တွေထက်တော့ နည်းနည်းကြာကြာဖြစ်ခဲ့ပါရဲ့။ ဥက္ကာအတွက်က July လဟာ ဘောလုံးကစားဖို့အတွက် မရှိဘူးဆို တော့လေ။ ဒါပေမဲ့ ကျွန်တော်တို့နှစ်ယောက်စလုံး သြဂုတ်လကိုမုန်းပါတယ်။ မကြာခင် ကောလိပ်တက်စတက်ဖို့ခွဲခွာကြရတော့မှာမို့ပါ။ ဥက္ကာက အတော်ချီးကြူးဖို့ကောင်းတယ်…တော်တော်ကြီးတဲ့ အားကစားတက္ကသိုလ်တစ်ခုမှ full paid scholarship တစ်ရပ်ကိုလက်ခံ ရရှိထားတာဆိုတော့ မဆိုးဘူး။ အခြားဘက်မှာတော့ ကျွန်တော့်အနေဖြင့် ဈေးသိပ်မကြီးသလို အဆင့်နိမ့်ကောလိပ်ထဲမှာမပါတဲ့ စာသင် ကောင်းတဲ့ ကောလိပ်တစ်ခုကို ရွေးချယ်ထားပါတယ်။ အတူကုန်ဆုံးနိုင်တဲ့နေ့ရက်တွေရောက်လာတော့ နှစ်ဦးသား နှုတ်ဆက်ကြ၊ တစ်ယောက် ဖုန်းနံပါတ် တစ်ယောက်လဲလှယ်ပေးကြပေါ့။ ပြီးတော့ Facebook မှာ အဆက်မပြတ်ဆက်သွယ်ကြဖို့ ဂတိပြုကြပါတယ်ဗျ။
ကောလိပ်ရဲ့ ပထမနေ့ရက်တွေမှာတော့ ကျွန်တော်ဟာ Facebook ကိုစစ်ဆေးကြည့်ရှုနေတာတွေနဲ့ပဲ အားလပ်ချိန်တွေကိုဖြုန်းမိတယ်။ သူတင်တဲ့ ဓာတ်ပုံတွေကို အမြဲကြည့်တယ်။ ပြီးတော့ သူ့ဘ၀သစ်မှာ ဘယ်လိုတွေစီးမျောနေသလဲ ဖမ်းယူကြည့်တယ်ဆိုပါတော့။ ဓာတ်ပုံ တစ်ပုံမှာတော့ ဘောလုံးဒိုင်းဆုတစ်ခုကို ကိုင်မြှောက်ထားတာတွေ့ရတယ် သူတို့အသင်း National Championship နိုင်ပွဲဆင် ထားတာဖြစ်မယ်ဗျ။ သူ့ relationship status ကိုလည်း ဘယ်တော့မှ မျက်တောင်မခတ်ဘူးအမြဲကြည့်ဖြစ်ပေမယ့် single ကနေ မပြောင်းဘူးလေ။ ကျွန်တော်သိတယ် ဥက္ကာ သူ့ဘ၀သစ်မှာ နစ်ဝင်ပျော်ရွှင်နေတော့ သူ့ကိုအထိုင်ကျစေမယ့် မိန်းကလေးရည်စား မလိုချင်ခဲ့ဘူးထင်ပါတယ်။

အဲ့ ပထမနှစ်တစ်နှစ်တော့ ထိတွေ့မှုမပြတ်ဘူးပေါ့လေ ကျောင်းကိစ္စတွေနဲ့အလုပ်ရှုပ်ဖြတ်သန်းရပေမယ့် အေးဆေးဖြစ်သေးတယ်။ ဥက္ကာက သူ့အားကစားသမားဘ၀ကို တော်တော်နစ်ဝင်ပျော်ရွှင်နေခဲ့တာပါ။ ကျွန်တော်ကတော့ သုတေသနစာတမ်းတွေကိုရေးလိုက် စာမေးပွဲအတွက် စာတွေကျက်မှတ်လေ့လာလိုက်နဲ့ အလုပ်ရှုပ်နေခဲ့ပါတယ်။ မကြာခဏတော့ သူ့ Facebook Page ကို ကြည့်ဖြစ် ပါရဲ့ နှစ်ဦးသား တစ်ပြိုင်တည်းလိုလို အကြည့်မရပ်ခင်အထိပေါ့နော်။ ဥက္ကာကို လုံးလုံးကြီးမေ့သွားတာမဟုတ်ပေမယ့် မသိစိတ်ထဲမှာတော့ မကြာခဏသတိရဖြစ်တယ်ဆိုရပါမယ်။

‘အိုး….အိပ်ယာပေါ်မှာ လှဲလျောင်းပြီး အရင်ကအကြောင်းတွေ စားမြုံ့ပြန်နေဖြစ်တာ ဘယ်လောက်များကြာနေပါလိမ့်’
ကျွန်တော့်ကိုယ်ပေါ်က စောင်ပါးကို အမြန်ခွာကာ အိပ်ရာပေါ်ကထလိုက်ပါတယ်။ ခပ်မြန်မြန်လေးပဲ ပြတင်းပေါက်ကိုပိတ်လိုက်ပြီး အ၀တ်အစားလဲလှယ်လိုက်ပါတယ်။ အချိန်မဆိုင်းဘဲ လာခေါ်သူအတွက် အဆင်သင့်အနေအထားဖြစ်အောင်လုပ်ထားရမယ်လေ။ သာမန် ဖုန်းခေါ်ဆိုမှုလေးတစ်ခု လက်ခံရရှိခဲ့တယ်ဆိုပေမယ့် ကျွန်တော့် နှလုံးခုန်သံတွေက တော်တော်ပြင်းထန်ပါတယ် အခြားလုပ်စရာ တွေအကုန်ကို လျစ်လျူရှုမိတဲ့အထိပေါ့။ ဘယ်လောက်တောင် ခြေတုန်လက်တုန်ဖြစ်နေမိမှန်းမသိတော့ပါဘူး အတော်ကြာတယ် သူပေးခဲ့တဲ့ ဖုန်းနံပါတ်လေးကို keypad မှာရိုက်လိုက် ပြန်ဖျက်လိုက်လုပ်နေတာ။ နံပါတ်လေးကိုရိုက်လိုက် contacts list လေးထဲက သူ့နံပါတ်ကို နှစ်ခေါက်သုံးခေါက် ဟုတ်မဟုတ်ပြန်စစ်ပေါ့။ အလုပ်တစ်ခုကို ပင်ပင်ပန်းပန်းလုပ်လိုက်ရသလို စွမ်းအင်တွေလည်း ကုန်နေပြီထင်ရဲ့။
နောက်ဆုံးတော့ ဖုန်းခေါ်လိုက်ပါတယ်။ စပီကာထဲက ring tone မည်သံလေးကို ရင်တထိတ်ထိတ်နဲ့ နားထောင်နေတာ နောက်ဆုံး အသံရှည်တစ်ချက်ဆွဲကာ ဖုန်းဝင်သွားပြီးနောက် သူ့အသံကို ကြားလိုက်ရပါပြီ။
“Hello?”
“ဟယ်လို….ငါ…ငါပါ အဲလက်စ်”  ကျွန်တော့်တစ်ကိုယ်လုံး တုန်ခါပြီး ကျွန်တော့်နှလုံးခုန်သံတွေဟာ ရင်ဘတ်ထဲကပြေးထွက်လာတော့ မယ့်အတိုင်းဖြစ်နေရပါတယ်။
“ဟေး……မတွေ့ရတာအတော်ကြာပြီ။ ဘာတွေလုပ်နေလဲ?” သူ့အသံက အတော်ငြိမ်တယ်။
“ကောင်းပါတယ်….လုပ်စရာရှိတာတွေလုပ်လိုက်….အဲ…..ကျောင်းစာလေးလည်းလုပ်လိုက်နဲ့”
“အာ….မင်း အလုပ်ရှုပ်နေရင် ငါ.. နောက်တစ်ရက်လောက်မှ တွေ့ကြတာပေါ့”
“မဟုတ်..မဟုတ် အဆင်ပြေပါတယ်ကွ၊ အပြင်ကို ခဏလောက်တော့ အပန်းပြေထွက်မလားလို့လုပ်နေတာ”
“မင်း အမေနဲ့အတူတူနေတုန်းပဲလား Alex?”
“အေး….နွေရာသီအားလပ်ရက်ဆိုတော့ ဘာမှမလုပ်တော့ဘူးကွာ….သင်တန်းလည်းမတက်ချင်ဘူး။ မင်းကော ဥက္ကာ”
“အတူတူပဲ…..ငါ ဒီတစ်နှစ်တော့ နွေရာသီအားကစားသင်တန်းတွေဘာတွေတက်မနေတော့ဘူး”
ကျွန်တော့်အတွက် သတင်းကောင်းပါပဲ။
“ဘာလို့လဲ သူငယ်ချင်းရ”
“ဒီနှစ်က ကျောင်းစာတွေကို အချိန်ပိုပေးရတော့မှာကွ။ ငါ့အလုပ်က ကျောင်းမှာ အားကစားဆိုင်ရာတစ်ခုခုကိုလုပ် ဒါမှမဟုတ် အချိန်ပြည့် စာလုပ်ပဲ။ ငါ့မှာ လူငယ်သဘာဝ လည်ပတ်တာကိုမလုပ်ရတော့ဘူး”
“မင်းရထားတဲ့ ပညာတော်သင်ဆုကကော?”
“ငါ့အသုံးစရိတ်က cover ဖြစ်ပါတယ်။ အဲဒါတော့စိတ်ချ ငါသိပ်မသုံးဘူးလေ။ ဟေး….ငါတို့နှစ်စဉ် အပျော်ခရီးထွက်ကြတာ မကြာခဏပဲ နော်။ အခုလာမယ့် ရက်တွေအတွက်ကော အဆင်သင့်ဖြစ်ပြီလားကွ?”
ကျွန်တော်ကဖြင့် သူပြောနေတုန်းမှာပဲ အဆင်သင့်ဖြစ်နေပြီ။ “ငါလား….နာရီဝက်အတွင်းအသင့်ပြင်ထားနိုင်တယ်ကွာ”
“မိုက်တာပေါ့ကွ….ကဲ ခဏနေမင်းကိုလာခေါ်မယ်”
တယ်လီဖုန်းစကားပြောခွက်ကိုသူ့နေရာနဲ့သူချကာ အဖေတို့ ကားဂိုထောင်ထဲ ပြေးဆင်းသွားလိုက်ပါတယ်။ ကျွန်တော့်ရဲ့ စက်ဘီးလေး 21-speed hybrid လေးတစ်ကောင် နံရံမှာမှီလို့။ ကျွန်တော် စက်ဘီးတာယာတွေကောင်းမကောင်း ကျွတ်တွေလေရှိမရှိ၊ ချိန်းကြိုးတွေ အမဲဆီရှိမရှိ စစ်ဆေးလိုက်တယ်။ အားလုံး အားလုံး ဒုန်းဆိုင်းစီးဖို့အသင့်အနေထားပါပဲ။ ဟိုးအရင်ကတည်းက မိုင်အတော်များများ ဒီဟာ လေးစီးပြီးဖြတ်သန်းခဲ့ဖူးပါတယ်လေ။
စက်ဘီးလေးကို ကျွန်တော့်ကားလေးပေါ်တင်လိုက်တယ်။ အော်….ဂျစ်ကားမောင်းရတာသဘောကျလို့ အခြားကားမစီးပဲ အမေရိကန် ဂျစ်ကားလေးတစ်စင်းအဖေ၀ယ်ပေးထားတယ်လေ။ ကျွန်တော် ဥက္ကာတို့အိမ်ရှေ့ရောက်တော့ သူအဆင်သင့်ပြင်ထားတဲ့ သူ့စက်ဘီး လေးကိုကြည့်လိုက်တာ အံ့အားသင့်သွားတယ်ဗျ။ ဟိုးအရင်ဆယ်ကျော်သက်ဘ၀ကတည်းက သူစီးနေကျ မော်ဒယ်လ်စိမ်းခေါ်မလား အနုမြူစိမ်းရောင်ခေါ်မလား အစိမ်းရောင်တောက်တောက် စက်ဘီးလေး။
သူ့အိမ်ဂိုထောင်ထဲက ကားလေးကိုထုတ်မလို့ကြိုးစားနေပေမယ့် ကျွန်တော်က သူ့စက်ဘီးကို ကျွန်တော့်ကားပေါ်တင်လိုက်တာကြောင့် စတီယာရင်ဘေးက ခုံရှိရာတံခါးကိုဖွင့်ပြီး သူတက်လာတယ်။ အိုး…..တကယ့်ကို ကျစ်လစ်သန်မာတဲ့ အားကစားပုံဟန်က ပိုထင်းလာ တယ်။ ဒါပေမဲ့ ပိုပြီး အံ့အားသင့်ရတာက သူ့ရင်အုပ်မှာ အမွှေးနုလေးတွေတောထနေသလို….ပါးသိုင်းပေါ်မှာလည်း အမွှေးရိတ်ထားတာ စိမ်းနေတာပါပဲ။ အရမ်း Sexy ဖြစ်နေတယ်။
“အာ….မင်း ပါးသိုင်းမွှေးတွေ အဲ့လောက်ကြီးသန်လာတာလား?”
“ဟုတ်တယ်…..အရင်ကလို ဖိုးပြုံးချိုလေးပုံစံကနေ ခွဲထွက်ချင်လို့ မရိတ်ဘဲထားတာ”
“ကြည့်ကောင်းပါတယ်….မင်းပုံစံနဲ့တော်တော်လိုက်တယ်ကွ” ကျွန်တော် ပါးစပ်က မထိန်းနိုင်ဘဲလွှတ်ကနဲပြောဖြစ်သွားတယ်။”
“ငါဘာနဲ့တူနေလို့လဲ? အသက်ပိုကြီးတဲ့ပုံပေါက်နေလို့လား? ဒါပဲလေ…အဲ့တာကပိုမိုက်တယ်ကွ….ဒါထက် မင်းစက်ဘီးလား?”
“အေး”
“ကြည့်ရတာအသစ်လိုပဲ။ ဘယ်တုန်းက၀ယ်ထားတာလဲ?”
“ဟုတ်တယ်ကွ။ တစ်နှစ်လောက်တော့ရှိပြီ။ မင်းကတော့ စက်ဘီးအဟောင်းကိုစီးနေတုန်းပဲမလား?”
“အင်းလေ ဟုတ်တယ်”
“ငါစစီးကတည်းကဆိုတော့ တော်တော့်ကိုကြာနေပြီပဲ။ ငါတို့အိမ်ဂိုထောင်ထဲမှာ သေချာထားထားတာဆိုတော့ သိပ်တော့ မပျက်ဘူးပေါ့။ ဒါပေမဲ့ အခုထိစီးလို့ကောင်းတုန်းပါပဲကွာ”
“ကောင်းတာပေါ့….ငါတို့ဘယ်ကိုသွားကြမလဲ ဒါဆို”
အစီအစဉ်ကတော့ မြစ်နံဘေးအတိုင်းစီးသွားကြပြီး လူတွေအပန်းဖြေတတ်ကြတဲ့ ကမ်းခြေသဲသောင်ပြင်မှာ အနားယူကြမလို့ပါပဲ။ တံတားလေးက နေကူးပြီး သစ်တောအုပ်ထဲကို မသွားဘူးဆိုတော့ ဥက္ကာကြည့်ရတာ ငယ်ငယ်တုန်းကပုံစံအတိုင်းသွားလာချင်တဲ့ ဟန်မတူပါဘူး။ ကျွန်တော် တော်တော်တော့စိတ်လှုပ်ရှားနေမိပါတယ်။ ဆယ်ကျော်သက်တွေမဟုတ်ကြတော့ဘူးဆိုပေမဲ့ နည်းနည်းတော့ စိတ်ရွှင်လန်း သည်ပေါ့။ ကျွန်တော့်အထင် ကျွန်တော်က သူ့ထက် ပိုရင့်ကျက်တဲ့ပုံပေါက်တယ်လို့ထင်တာပဲ တစ်ခါတလေပေါ့။ ရိုးရိုးလေး စက်ဘီးစီး ကြသည့် ဟန်ဆိုပေမယ့် ဒီနှစ်နှာရီ သုံးနာရီလေးက ကျွန်တော်တို့ အတိတ်က အမှတ်ရစရာလေးတွေကို ပြန်လည်ဖမ်းဆုပ်နိုင်ကြမယ် ပြီးတော့ ရှင်သန်နေတဲ့ ကာလအသစ်တွေအတွက် ပျော်ရွှင်ဖွယ်တွေဖြစ်တည်လာနိုင်ပါတယ်။ ဒါပေမဲ့ အပြောင်းအလဲတွေဖြစ်ဖို့ဆိုပြီး ကြိုတင်ပြင် ဆင်ထားတာမျိုး ကျွန်တော် မလုပ်ခဲ့ပါဘူး။
ကားကို ယာဉ်ရပ်နားစခန်းတစ်ခုမှာ ရပ်ပြီး ကားပေါ်က စက်ဘီးလေးတွေကိုယ်စီကို မြေပြင်ပေါ်ချလိုက်ကြပါတယ်။ ဦးခေါင်းမှာ helmet လေးတွေ ကိုယ်စီးဆောင်းပေါ့။ ဥက္ကာ ပခုံးမှာတော့ နေ့လယ်စာအတွက် ထမင်းဘူးလားမသိ အိတ်နဲ့ထည့်လွယ်ထားတာ သတိပြုမိ ပါတယ်။ ကျွန်တော်ဖြင့် နေ့လယ်စာအတွက် စဉ်းတောင်မစဉ်းစားမိဘူး။ ပြန်လာတော့မှာ ကားပါကင်က စားသောက်ဆိုင်မှာစားမယ်လို့ ရမှာပဲဟာ။
“အသင့်ဖြစ်ပြီလား ဘော်ဒါ?” ကျွန်တော် သူ့ကိုမေးလိုက်တယ်။
“အိုး…..ဖြစ်ပြီ….မစီးတာကြာပြီဆိုတော့ ငါ့ကိုစောင့်ပြီး ခပ်ဖြေးဖြေးနင်းနော်”
“မင်းကလည်း….အေးဆေးပါ။ စက်ဘီးစီးတာက ဘယ်အချိန်စီးစီးအတူတူပါပဲ။ ပထမအကြိမ် စက်ဘီးစီးသင်တာတတ်ကတည်းက စပြီး နောက်အကြိမ်တွေမှာစီးတော့ ဘယ်တုန်းကမေ့သွားဖူးလို့လဲဟ” ကျွန်တော် နှစ်လိုအားရပြုံးလိုက်မိပြီး ပြစ်တင်စကားဆိုလိုက်မိပါတယ်။
“ငါတို့ စက်ဘီးစီးနေကြတာနော်။ ငါ စက်ဘီးစီးနေတယ်လို့ ပြန်သတိထားဦး…ဟွန်း” ကျွန်တော်တို့ ရယ်မောမိကြပါရော။
ကျွန်တော်တို့တွေ တောင်ကုန်းလေးအတိုင်း နင်းတက်သွားကြကာ လမ်းကြောင်းအတိုင်းဆင်းလိုက်ကြပါတယ်။ အရင်က ပတ်ဝန်းကျင်နဲ့ မတူ ပြောင်းလဲနေတဲ့ ပတ်ဝန်းကျင်အတိုင်း ခပ်သွက်သွက်နင်းဖြစ်ကြတာ အစက ခပ်နှေးနှေးဆိုပေမယ့် နောက်တော့လည်း အရှိန်မြှင့် နင်းလိုက်ကြပါရော။ ဥက္ကာ စက်ဘီးစီးတာ အဆင်ပြေပါတယ်။ ပထမတော့ ဟန်ချက်ညီအောင် သေချာထိမ်းနေရသေးတာပါ။ နောက်တော့ နှစ်မိုင်လောက်ကိုအေးဆေး နင်းနိုင်သွားပါပြီ။ ကျွန်တော့်အနေနဲ့ကတော့ သူ့ထက်စာရင် တော်တော်သွက်သွက် နင်းနိုင်ပါတယ်။ သူနဲ့ ကျွန်တော် အဆက်မပြတ်သွားအောင်တော့ အရှိန်လျှော့လျှာ့ပေးရတာတော့ရှိတာပေါ့နော်။
စက်ဘီးကို ဆက်လက်စီးသွားကြတာ မိုင်အတော်ဝေးဝေးထိပါပဲ။ ကျွန်တော်တို့ညာဘက်က တသွင်သွင်စီးဆင်းနေတဲ့ မြစ်ကြီးကလည်း ရင်ခုန်စဖွယ် ကြည်လင်ရှင်းသန့်နေလေရဲ့။ လေပြေလေညှင်းတွေကလည်း ဖြည်းဖြည်းသက်သာပဲ တိုက်ခတ်နေတယ်ဗျ။ စက်ဘီးစီး နေတော့ နဖူးကိုလေတွေတိုးနေတာကြောင့် နည်းနည်းတော့ အေးပြီး ခြောက်သွေ့ရသလိုခံစားရတယ်။
မိနစ်လေးဆယ်လောက် ဆက်စီးသွားကြပြီးနောက် ရုတ်တရက် ဥက္ကာရပ်တန့်လိုက်တယ်။ အစကတော့ ကျွန်တော်သတိမိပြုမိပါဘူး… သူအော်ခေါ်လိုက်မှ နောက်ပြန်လှည့်ကြည့်မိတာ။ “Alex….စောင့်ဦးဟ” ဥက္ကာ တစ်ယောက်ဟန်ချက်ညီအောင်လုပ်ရင်း သစ်တော အစပ်မှာ အဲ…သစ်တောဘက်ကိုသွားတဲ့လမ်းခွဲထိပ်မှာရပ်နေတယ်။ သူ့ဆီပြန်နင်းလာဖို့ လက်ယက်ခေါ်နေရော။
ဥက္ကာရပ်နေတဲ့ လမ်းသွယ်လေးဟာ ခြောက်သွေ့ပြီး ဖုန်တထောင်းထောင်းတနေတတ်သော သစ်ရွက်တွေပြည့်နေမြဲ တံတားကျဉ်း လေးတွေရှိသော လမ်းကလေးဖြစ်ပါတယ်။ ကျွန်တော်နဲ့ ဥက္ကာ ဟိုးအရင် မခွဲခွာဖြစ်ကြခင်က မကြာခဏသွားခဲ့ကြပြီး ရင်တဖိုဖို တထိတ် ထိတ် တလန့်လန့် စိတ်ခံစားမှုတွေပေးတဲ့ ဧရိယာတစ်ခုပါပဲ။ ဒါပေမဲ့ ချုံတောတွေရယ် ဟိုအပင် ဒီအပင်ပုတွေရယ်ကို တောတိုးသွားရ တာ တစ်ခါတလေတော့ အသားအရေစပ်ဖျဉ်းဖျဉ်းဖြစ်အောင် ခံစားရသေးတယ်။ လမ်းမှားစရာတွေအများကြီးရှိပေမယ့် သွားနေကျဆို တော့ လမ်းမမှားခဲ့ကြပါဘူး။
ဥက္ကာ အဲ့လမ်းကြောင်းထဲ ဆက်စီးသွားချင်နေသလားမသိ။
 “ခဏနားရအောင်….အဆင်ပြေတယ်မဟုတ်လား?”
“သေချာတာပေါ့….နားရအောင်” ကျွန်တော့်ငယ်သူငယ်ချင်းလေးကို အေးဆေးမတွေ့ရတဲ့အချိန်က ကြာပြီဆိုတော့ သူတောင်းဆိုလာတဲ့ ဆန္ဒကို ခဏတာဖြစ်ဖြစ် ကျွန်တော်လိုက်လျောညီထွေဘာကြောင့်မနေနိုင်ရမှာလဲနော် မဟုတ်ဘူးလား?
To be continued…….
Alex Aung (19 Dec 2014)

No comments:

Post a Comment

အချစ်တစ်ခု ပြယုဂ်တစ်ခု

“......................”  သားကြီးဆီမှ ကြားလိုက်ရသော နာမည်ကြောင့် ကျွန်မတစ်ကိုယ်လုံး တောင့်ခဲ သွားသည်။အဆုံးမရှိသောတွင်းနက်ကြီးထဲသို့ ပြုတ်ကျ...