Saturday, December 20, 2014

ဟိန်း(ပထမပိုင်း)


ကိုယ်ရေးတဲ့ဝတ္ထုနာမည်ကို ကိုယ်နဲ့ပတ်သက်ခဲ့ဖူးတဲ့ယောကျာ်းနာမည်အတိုင်းပေးဖို့ ဆုံးဖြတ်တာ ဒါပထမဆုံးအကြိမ်ဖြစ်သည်။ ဘာလို့လဲ ဟုတ်လား။ သိပ်ချစ်လို့ပေါ့ သိပ်မြတ်နိုးလွန်းလို့ပေါ့။ တကယ်တော့ ကိုယ်သည် ယောကျာ်းများစွာတို့၏ အချစ်ကို ယုံကြည်သူတယောက်မဟုတ်။ သူငယ်ချင်းတွေနဲ့ တွေ့တိုင်းပြောလေ့ရှိတာက ယောကျာ်းဆိုရင် ဘယ်ယောကျာ်းမှကောင်းတာမဟုတ်ဘူး။ ကိုယ်တွေရဲ့ အဖေအရင်းတောင်ကောင်းတာ မဟုတ်ဘူး။ ငယ်ငယ်ကဆို ခြောက်လို့ဆိုပီး အိမ်ရှေ့ထုတ် ဖင်လှန်ရိုက်တာမျိုးတွေလေ ။ ခုဆို အရပ်ထဲက ဟာမတွေက နိုင်ကွက်ကိုရလို့။ အင်း…အဲတာ ဖေဖေ့ကြောင့်လေ..။
အို..ဘယ်တွေရောက်ကုန်ပါလိမ့်။ ဟိန်းအကြောင်းပြောမယ့်ဟာကို။ ဟိန်းနဲ့ကိုယ်နဲ့ သိတာ ဆိုရှယ်ဝဘ်ဆိုက်တခုမှာပါ။ အယ်လ်ဂျီဘီတီတော့ ဘယ်ဟုတ်မလဲ။ ထားပါ ဖေ့စ်ဘုတ်ပေါ့နော်။ ဟိန်းက ငယ်တယ် ကိုယ့်ထက်။ ၂နှစ်လောက်တော့ငယ်မလားပဲ။ ဒါမဲ့ ကိုယ်ကလဲ သူနဲ့သိပ်မကွာအောင် နုပါတယ်။ အေးလေ… ၂နှစ်ဆိုတာ လူတယောက်ကို ဘယ်လောက်ရင့်စေနိုင်မှာမို့လို့လဲ။ သူငယ်ချင်းတယောက်ဆီကနေ တဆင့်ဟိန်းအကောင့်ကို သိတယ်ပေါ့နော်။ ဒါနဲ့ အပ်လိုက်တယ်။ ဟုတ်တယ်လေ… ချစ်စရာလေးလေ။ မအပ်ခင်ဖွာနေတာတွေ ရွပိုးထိုးနေတာတွေ သူမြင်တာမှ မဟုတ်တာ။ သူသိမှာက သူ့ကိုလူတယောက်လာအပ်တယ်ပေါ့။ ဒီလောက်ပါပဲ။
ဒါတောင် သူငယ်ကချေနေသေးတယ်။ ၃ရက်လောက်နေမှလက်ခံတယ်။ လက်ခံတော့လဲ ကိုယ်ကထိန်းပါတယ်။ ခုခေတ်ကလေးတွေလို friend ဖြစ်ပြီးတာနဲ့ ဝက်ဝက်ကွဲလိုက်တာ မဟုတ်ဘူး။ profile ပုံနဲ့ cover photo တခုစီကိုပဲ ကြိုက်နှစ်သက်တယ်လို့ ပြလိုက်တယ်။
အမလေး.. သူက ကိုယ့်ထက် ပုံပေါင်း ၈၀ လောက်ပိုများတယ်။ စုစုပေါင်း ၂၀၀ ကျော်မယ်ထင်တယ်။ သူ့စော်နဲ့က ဖိုတိုရှော့ပီး တင်ထားတာတွေက အများကြီးတွေ။ မုန်းလိုက်ထာ။
အို…စော်ကစော်… ဂျော်ကဂျော်ပေါ့ ။ မဆိုင်ပါဘူး…။ ကိုယ်မစားရသေးရင် လူပျိုပဲမှတ်တယ်။ ရေနဲ့ဆေးပီး ဆပ်ပြာတိုက်လို့ မပြောင်တာ ချမ်းချမ်းသီချင်းထဲမှာပဲ ရှိတယ်။ ကိုယ်တွေများ အပြင်ထွက်လမ်းသလား သူငယ်ထောင်ရင် ၂ရာတန်တရွက်(ခုခေတ်တော့၁ထောင်တန်လောက်ပေါ့နော်)ရယ် စနိုးတာဝါတထုပ်ရယ် နဲ့ထွက်တာ။ စနိုးတာဝါဆိုတာက အခန့်မသင့်လို့ ဟောင်ကောင်နဲ့ တိုးရင် သုတ်ချလိုက်တာပြောပါတယ်။ မွှေးလို့ကြိုင်လို့ ။ ကိစ္စပြီးလို့ ပြန်လာတာတောင် ကိုယ့်ပါးစပ်မယ် အနံ့လေးသင်းပြီးပါလာသေးတယ်။ပြောချင်တာက ရေဆေးစရာတောင် မလိုဘူး။ ကိုယ်လိုချင်ရင် ပြောပါတယ်။
ဒါနဲ့ သူကလဲ photo လေးတင်လိုက် status လေးတင်လိုက် ။ ကိုယ်ကလဲ အပုန်းမကြီးလို like တွေ သူတင်သမျှပေးပေါ့နော်။ comment လေးတောင် မရေးရဲပါဘူး။ ဟိုကစော်ကြီးငုတ်တုတ်ဆိုတော့ ကျောက်ဆည်ပေါ့နော်…အိုင်းးးးးးးးး
ဒီလိုနဲ့ ဇာတ်လမ်းက ဇာတ်မျောကြီးဖြစ်..။ ကြားထဲမှာသူတို့အတွဲကလည်း ပိုပိုပီးချစ်လာကြ။ ကိုယ်ကလဲ ကိုယ့်လာအီတဲ့ တကောင်နဲ့ အပြင်မှာချိန်းတွေ့ ရည်းစားတွေ ဖြစ်။ စားကြသောက်ကြ (ဆိုင်တွေ ဘားတွေမှာ ပြောပါတယ်)။ ဒီလိုနဲ့ပဲ ဟိန်းကို တနှစ်လောက်မေ့သွားပါတယ်။
အာ့နဲ့ တလောကျတော့ သူနေတဲ့မြို့ကို သွားဖို့ အကြောင်းဖန်လာတယ်။ ကိစ္စက ကိုယ့်သူငယ်ချင်းက သူ့အိမ်ကို ငွေလွှဲခိုင်းတာ ကိုယ်ကကြားထဲကနေ စိုက်လွှဲပေးထားတယ်။ နောက်တော့ ကိုယ်လဲ အသုံးကြပ်လာတာက တကြောင်း သူငယ်ချင်းဆီသွားလယ်ချင်တာကတကြောင်း အဲမြို့ကိုရောက်တယ်ဆိုပါတော့။
ရောက်ရောက်ချင်းပဲ.. သူငယ်ချင်းကပြောတယ်။ သူတို့နဲ့ မျက်နှာချင်းဆိုင်အခန်းမှာ ဟိန်း နေတော်မူသတဲ့ ။ အော်သူငယ်ချင်းကိုလား ပြောထားရတာပေါ့…။ သတင်းတွေ အစ်အောက်ထားရတာပေါ့။ သတင်းဆိုတာ အရှုံးမရှိပါဘူး..။ တနေရာရာမှာ သုံးလို့ရတဲ့သတင်းတွေပေါ့…။ ဟိုဦးလေးကြီးရဲ့ ငံပြာရည်စက်ရုံသတင်းလိုတော့ ဘယ်ဟုတ်မလဲလေ။
ဒီလိုနဲ့ သူငယ်ချင်းက ကိုယ့်အတွက်ဆိုပီး မီးဖိုထဲ ချွေးတလုံးလုံးနဲ့ ချက်ပြုတ်နေလေရဲ့။ ကိုယ်ကလား မကူညီပါဘူး။ သူ့ဆီလာတာ သူကချက်ကျွေးရမှာပေါ့ မှုတ်ဖူးလား။ အာ့နဲ့ အိမ်ရှေ့ခန်းမှာ ရွထနေတုံး လူခေါ်ဘဲလ်က အသံမြည်တယ်။ ဖွင့်လိုက်တော့ အကြမ်းစင် အဖွာစင် ထောင်ထောင်မောင်းမောင်း ကောင်လေးတကောင်။
အရက်ပြန်တို့ ဂွမ်းတို့ ပတ်တီးတို့ ရှိသလားတဲ့
ကြက်ခြေနီရုံးခန်းနဲ့မှားနေပီထင်တယ်နော်လို့ ချေလိုက်တယ်
ကောင်လေးကလေ မျက်ခုံးလေး တဖက်ထဲ မြင့်ပြီး ပြုံးတယ်။ သူ့သူငယ်ချင်းဘောလုံးကန်ပီး ခြေထောက်ကွဲလာလို့ပါတဲ့။ နောက်ကိုကျော်ကြည့်လိုက်တော့… အို… ဟိန်း … ကျမရဲ့ဟိန်း
မျက်နှာလေးကမဲ့ရှုံ့နေလိုက်တာ ကိုက်ချင်စရာလေး။
သူဘာဖြစ်လို့လဲလို့မေးလိုက်တယ်။ အညိုက ခုနကပြောပြီးပြီလေ ခြေထောက်ကွဲသွားပါတယ်ဆို လို့ ထပ်ပြောတယ်။ ခုချိန်ကစပီး သူ့ကို အညိုလို့ခေါ်ပီး ဟိန်းကို အဖြူ သို့မဟုတ် မောင်လို့ သုံးနှုန်းမယ်နော်။ ဒါက ကိုယ့်စိတ်ထဲက ပြောတဲ့စကား။ နေနေ အဲဘက်မှာပဲနေ။ ကိုယ်ဆေးတွေယူပီးလာခဲ့မယ် လို့ပြောလိုက်တယ်။ သူတို့ပြန်သွားတော့ ကိုယ်က သူငယ်ချင်းရဲ့ ဆေးသေတ္တာကို ဖွင့်တယ်။ လိုတာလေးတွေ ယူလာတယ်။ ကိုယ့်လက်တွေ တုန်နေတယ် ။ ကိုယ့်ဒူးတွေလဲ တုန်နေတယ်။ သိပ်ဆိုးတာက ကိုယ့်ရင်က ယောကျာ်းတယောက်နဲ့ ပတ်သက်နေကြအရင်အချိန်တွေထက် ပိုပြီးတုန်နေတယ်။
အဲ့အချိန်ထဲက မောင့်ကိုချစ်မိသွာတာပေါ့နော်…။
မဟုတ်ဘူး…မဟုတ်ဘူး
ဟိုးအရင် facebook မှာစ add ပြီးကတည်းကချစ်တာပါနော်….မောင်ယုံ။

ဆက်ရန်.....
ဘေဘီပွစိ

No comments:

Post a Comment

အချစ်တစ်ခု ပြယုဂ်တစ်ခု

“......................”  သားကြီးဆီမှ ကြားလိုက်ရသော နာမည်ကြောင့် ကျွန်မတစ်ကိုယ်လုံး တောင့်ခဲ သွားသည်။အဆုံးမရှိသောတွင်းနက်ကြီးထဲသို့ ပြုတ်ကျ...