Monday, December 22, 2014

ကျွန်မနာမည် ခင်မေသိန်း (၂)


.. . . . . . . အပိုင်း ( ၂ ). . . . . .


ခင်မောင်သိန်းသည် မြဇ္ဇူ မိတ်ကပ် ဆံပင် မဂ်လာဆောင် အလှဖန်တီးခန်းမဟူသော ဆိုင်းဘုတ်လေးအား ကြည့်ရင်း ရင်တထိတ်ထိတ်ခုန်နေသည်။ အလှပြင်ခန်းမကျယ်ထဲဝင် လိုက်တော့. သတိုးသမီးဝတ်လေးနဲ့ မိန်းမလှလေးအား ပြင်ပေးနေသာ အလှဖန်တီးရှင်မှာ မာမီသောင်းပင်ဖြစ်သည်။ မာမီသည် သူ့ ကိုမြင်သော အခါ တန်း၍မှတ်မိကာ 

"ဟယ် ဘယ်သူ့ သမီးလေးလဲ ကြည့်ပါဦး" ဟု ဆိုသောအခါ ဆိုင်ထဲမှ ဧည့်တည်မိန်းမများနှင့် အကူအလှပြင်မိန်းမလျာများ၏ မျက်လုံးများအားလုံး သူ့ ဆီရောက်လာသည်။

" ဒါ မာမီ့ သမီးပေါက်စ အသစ်လေးလား နာမည်လေးက ဘူတဲ့တုန်း " ဟု မာမီတပည့်ဖြစ်ဟန်တူသော မိန်းမလျာတစ်ယောက်က သူ့ ကို လက်ကမ်းပေးရင်း မိတ်ဆက်စေသည်။

သူကလည်း အားရဝမ်းသာနဲ့ "နာမည်က ခင်မောင်သိန်းပါ " ဟု အပ်အောအောအသံနဲ့ လည်းပြောလိုက်ရော အခန်းထဲက မာမီအပါဝင် မိန်းမလျာ လေးယောက်လုံးသည် ဟင်....ကနဲဖြစ်သွားသည်။

" အောင်မလေး မိုးကြိုးတွေတော့ ပွတ်ကုန်တော့မှာပဲ အငယ်လေးရယ် အဲ့လို ကြမ်းကြမ်းကြီးတွေမသုံးရဘူးလေ၊ ငါ့သမီး အငုံလေးကို မာမီကိုယ်တိုင် နာမည်သစ်လေးနဲ့ ဖွင့်ပေးမယ်" ဟု ဆိုတော့ သူ့ ရင်တွေ ပို၍ ခုန်နေသည်။ဘယ်လိုဖြစ်လာမည်လဲ စိတ်ဝင်စားစွာ နားစွင့်နေမိသည်။ 
သူအထင်ကြီး အားကျနေသော မာမီကို လွန်ဆန်နိုင်လောက်အောင်တော့ သူအင်အားမရှိပါ။ 

" ဒီနေ့ ကစပြီး သမီးနာမည်ပြောင်းပြီ လွယ်လွယ်လေးပါ အမေပေးထားတာလဲ မပျောက်စေရအောင် ညဉ်း နာမည် ခင်မေသိန်း ၊ ကဲပြန်ပြောပါဦး ကျမနာမည် ဘာတဲ့လဲ "ဟု ချွဲချွဲပျစ်ပျစ်ပြောတော့ သူကလည်း 

" ကျမ နာမည် ခင်. မေ. သိန်း. "ဟု ခပ်ပျော့ပျော့လေး ဖြေလိုက်သည်။

-- ' ( အပိုင်း ၂. )

ယခင်ဇာတ်ကြောင်း- ကိုးတန်းကျောင်းသား ခင်မောင်သိန်းရဲ့  ရယ်ရွှင်ဖွယ် ကနွဲ့ ကရဖြစ်စဉ်များနှင့်စတင်ပြီး၊ မိတ်ကပ်မာမီတစ်ယောက်နှင့် တွေ့ ဆုံကာ ခင်မောင်သိန်းမှ ခင်မေသိန်းဟု စတင်ပြောင်းလဲခဲ့သည်။ သူ့ တွင် အမြဲမခွဲတစ်တွဲတွဲနှင့် အရမ်းချစ်ခင်ရသော မောင်မောင်နှင့် နှင်းဆီဟူသော သူငယ်ချင်းများရှိသည်။ 

. .. ( က)
- ခင်မောင်သိန်းတစ်ယောက် ခုတလော ကျောင်းမှန်မှန်မတက်ဘဲ ကျောင်းလစ်တတ်နေသည်။ အတန်းပိုင်ဆရာမသည်လည်း နေမကောင်းဖြစ်၍ ခွင့်ယူပြန်သည်နှင့် သူက နောက်ကလိုက်ပြီး ကျောင်းပြေးတော့သည်။ ဆရာမ လာသည့်နေများတွင်လည်း မနက်လာ ညနေပျောက်သွားတတ်သည်။ သူကျောင်းပြေးကာ အမြဲလစ်နေသော အကြောင်းမှာကား သူ့ စိတ်တွေသည် စာထဲတွင်မရှိပဲ မြဇ္ဇူ အလှပြင်ခန်းမသို့ သာ ရောက်နေသောကြောင့်ဖြစ်သည်။ 

- သူ့ အနေနဲ့  ဆံပင်ညှပ်မိတ်ကပ်လိမ်းပညာတို့ အား ကြည့်ရှူ့ လေ့လာကာ ဆိုင်ရှိဝေရာဝစ္စများကို လုပ်ကိုင်ကူပေးရင်း အလုပ်သင်အဖြစ်လေ့လာနေသည်။စနေတနင်္ဂနွေဆိုလျင် ဆိုင်မှာ မိုးလင်းမိုးချုပ်နေတော့သည်။အဖော်တူ မိန်းမလျာများကြား နေရသော လုပ်ကိုင်မူဘဝအား သူကျေနပ်လာမိသည်။

- ဆံပင်ညှပ်ပြီးသူအား ဆံပင်လျှော်ပေးခြင်းသည် သူ့ အလုပ်ဖြစ်လာသည်။ တစ်နေ့  ဆံပင်ညှပ်လာသူအား ခေါင်းလျှော်ပေးနေစဉ် သူ့ နံဘေးနားလူတစ်ယောက် ဖျတ်ကနဲရောက်လာကာ သူ့ လက်အားစွတ်အတင်းစွဲကိုင်ကာ ခန္ဓာကိုယ်အား ဆောင့်ဆွဲခေါ်ယူလိုက်သည်။ ထိုသူဆွဲရာသို့  ခြေလှမ်းလေးငါးလှမ်း ကြောက်လန့် စွာပါသွားပြီးမှ ထိုသူ၏ကျောပြင်ကျယ်ကိုကြည့်မိတော့ မောင်မောင်ဖြစ်နေသည်။

- မောင်မောင်သည် အားကုန်ညစ်ဆွဲထားသော သူ့ လက်အား ဆိုင်အပြင်ရောက်မှ ဆောင့်လွှတ်ချလိုက်သည်။ မောင်မောင့်လက်ဖျန်ပေါ်မှ အကြာများက သန်မာမူအပြည့်ရှိနေသည်ကိုပြနေသည်။ မောင်မောင့်မျက်ဝန်းများသည် စူးရှသကဲ့သို့ ပြတ်သားမူကိုပြနေသည်။

" ခင်မောင်သိန်း မင်း ဒီမှာ ဘာလာလုပ်နေတာလည်း မင်းကို မင်းအိမ်က ကျောင်းထားပေးတာ ဒီမှာ ဆံပင်လျှော်နှိပ် သန့် ရှင်းရေးလုပ်နေဖို့ လား " တဲ့
သူ့ အိမ်သည် ငွေရေးကြေးရေး အဆင်ပြေသော မိသားစုမျိုးမဟုတ်ပါ။ အဖေကမရှိ အမေက ကုန်စုံဆိုင်လေးရောင်းကာ အစ်ကိုတွေလည်း ကျောင်းထွက်ကာ ရရာအလုပ်လုပ်နေကြရသည်။

မောင်မောင့်အား နားလည်အောင်ပြောချင်သော်လည်း စေတနာဇောဒေါသတွေနှင့် မောင်မောင့်ကို ကြည့်၍ သူဘယ်ကစပြောရမှန်းမသိ။ မောင်မောင်ရဲ့ ဂရုစိုက်မူအတွက် သူ ကျေနပ်နေသလိုတောင် ဖြစ်နေမိသည်။

"ငါ ဝါသနာ ပါလို့  ဒီပညာတွေကို ငါလေ့လာချင်လို့ ပါ မောင်မောင်ရယ် "ဟု မိန်းမငယ်လေးက သူ့  ဆန္ဒကို အစ်ကိုကြီးတစ်ယောက်ထံ တောင်းခံသလို ပြောနေလေသည်။

သို့ သော် မောင်မောင်၏စကားကို သူ မလွန်ဆန်နိုင်ပါ။ လက်ပေါ်ပေကျန်နေတဲ့ ခေါင်းလျှော်ရည်တွေကို ပုဆိုးနဲ့ ပွတ်သုတ်၍ ကျောင်းစိမ်းဝတ်တောင်ပြန်မလဲနိုင်ပဲ မောင်မောင့်နောက်သာလိုက်ခဲ့ရသည်။

မောင်မောင်နဲ့ နှင်းဆီတို့ ဖျောင်းဖျ၍ ကျောင်းသာတက်နေရသည်။ သူ့ စိတ်တွေသည် မိတ်ကပ်တွေ၊ ဆံပင်ညှပ်ကပ်ကြေးတွေဆီသာ စိတ်ရောက်နေသည်။ ကျောင်းအဆင်းညနေတွေနဲ့ စနေ၊တနင်္ဂနွေနေ့ တွေသာ ဆိုင်ကိုသွားနိုင်တော့သည်။ ဒါကိုတောင် မောင်မောင်ကမကျေနပ်ကာ ပြဿနာစတော့သည်။

အိမ်ကိုပြန်ရောက်သည်နှင့် အမေနဲ့ အစ်ကိုနှစ်ယောက်က စီးကြို၍ ဆူပူကြိမ်းမောင်းတော့သည်။ ပြောချက်တွေက ကြောက်စရာ။

" နင် မာမီလုပ်တော့မလို့ လား ခုတလော နင်နေပုံထိုင်ပုံတွေ မကြိုက်ဘူး အရင်ကထက် ကနွဲ့ ကရနဲ့ ၊ နင်ကျောင်းမတတ်ပဲ မာမီလုပ်မလို့ လား နင်နော် ငါတို့ မွေးထားတာ ယောင်္ကျားလေး "

အမေက ကိုယ်မွေးထားတဲ့သားအကြောင်း သိပြီးသားမို့ သိပ်ပြောလေ့မရှိသော်လည်း ကျောင်းပြေးတဲ့အတွက်ကြောင့် သိပ်မကြည်ပဲ ပေါင်းဆူတော့သည်။

အစ်ကိုတွေကလည်း ဆူလိုက်သည်များ မျက်နာထားစရာမရှိ။

" ငါတို့ တွေသိက္ခာချအောင်မလုပ်နဲ့ ။ခင်မောင်သိန်း မင်းကို စစ်ထဲထည့်ပစ်မယ် ဘာမှတ်နေလည်း၊ ယောက်ျား ယောက်ျားလိုနေ ဟိုမောင်မောင်ဆိုတဲ့ ကောင်နဲ့ လည်း မင်းကဘာတွေလဲ၊ ပွတ်တီးပွတ်ကပ်နဲ့  ကြည့်လို့ ကို အဆင်မပြေဘူး" စသည်ဖြင့် ဆူတော့ သူ့ မှာ မျက်နှာကပူ ရှက်လည်းရှက်နဲ့  ဝမ်းနည်းစွာငိုမိတော့သည်။

- ထမီဝတ်ချင်သည့် မိမိဘဝကိုအပြစ်တင်ရမည်လား၊ ကိုယ့်မိဘ ညီကိုမောင်နှစ်မတွေကတောင် နားလည်မူမပေးနိုင်သည်ကိုပဲ သူတို့ ကိုအပြစ်တင်ရမလား။ ဖြစ်တည်လာတဲ့ ကံကြမ္မာကို အပြစ်ဖို့ ရင်း ရှေ့ ဘဝက အကုသိုလ်အလားဟုတွေး၍ စိတ်ကျစွာ ငိုနေမိတော့သည်။

မိန်းမလျာဆန်သော ဘဝတစ်ခုကမှားနေတာလား။ ယောက်ျားတစ်ယောက် ဖြစ်လာသည်ကပဲ လွဲနေတာလား ဘာကိုလက်ခံရမည်မသိ၊ သူ့ စိတ်ကို ဝေခွဲမရဖြစ်နေရသည်။ ဆိုင်လည်းမသွားရဲပဲ ငြိမ်နေရတော့သည်။ မိမိကိုယ်ကို ယောက်ျားတစ်ယောက်လို နေကြည့်ဖို့ ထပ်ကြိုးစားရဦးမည်လား။ အနေထိုင်ကိုသာ ထိန်းလို့ ရသည်ထားလေဦး၊ ဝါသနာနဲ့ စိတ်ဝင်စားမူကို ဘယ်မှာသွား၍ထားရမည်လဲ။ 

- စိတ်သည် ဖြစ်တည်မူနှင့် ထိန်းချုပ်မူ ပတ်ဝန်းကျင်တွေအောက် အနာကျတ်ဖို့ စောင့်စားရင်း ဘယ်လိုရှေ့ ဆက်ရမည်လည်း အရွေးခက်နေဦးမည်။ 

. . ... . . (ခ)
- ကိုးတန်းစာမေးပွဲဖြေပြီးပြီ။ စားမေးပွဲလည်း ကောင်းကောင်းမဖြေနိုင်။ ကိုယ့်အခြေအနေ ကိုယ်သိနေသည်။ သေချာပေါက် ကျတော့မည်။ အောင်စာရင်းထွက်ရင် နှင်းဆီတော့ သူ့ အတွက် ငိုတော့မည်လား။ 

- သူတို့ တွေအမြဲမခွဲအတူ ကျောင်းတတ်လာတာ ခွဲရရင်နှင်းဆီက ငိုမှာလို့ ပြောဖူးသည်။ မောင်မောင်ကရော သူ့ ကို စာမကျက်ပဲ ပေါက်ကရအလုပ်တွေလုပ်နေသည်ဟု စွတ်စွဲကာ ဆူတော့မည်လား။ ထိုအတွေးတွေတွေးမိတော့ ကျောင်းစာတွေသည် သူ့ အတွက်ခက်ခဲလာကာ ဘာမှမဆိုင်သလို ပိုခံစားမိလာသည်။ သူငယ်ချင်းတွေထက် အတန်းတစ်တန်းကျန်ခဲ့ပြီး ကျောင်းပြန်တက်ရမည်ကို တွေး၍ မတက်ချင်သလိုဖြစ်လာသည်။

နွေကျာင်းပိတ်ရက်တွေမှာ သူရဲ့ ပျဉ်းရိဖွယ်အချိန်များအား အမေ့ရဲ့ ဈေးဆိုင်လေးကူရောင်းပေးနေသော်လည်း မြဇ္ဇူသို့ သွားချင်သော စိတ်သည် ပျယ်ပျောက်၍မသွားခဲ့ပါ။

ဖြစ်ချင်တော့ ကမ္ဘာကြီးက ကျယ်ပေမယ့် ဒီအတိုင်းဝိုင်းသည် သေးငယ်လွန်းပါသည်။ သူတို့ တွေနဲ့  ပြန်ဆုံဖို့ ဖန်လာသည်က မဂ်လာဒုံ ကျိုက္ကလို့ ဘုရားပွဲ ညဈေးတန်းတစ်ခုမှာပေါ့။

သူနေတဲ့ ဝါယာလက်နဲ့ မဝေးသည့်အတွက် ဘုရားပွဲဈေးသို့  ရပ်ကွက်ထဲက သူ့ အဖော် မိကျားနဲ့ အတူ လျှောက်ကြသည်။ ပွဲထဲတွင် မိကျားနဲ့  မခင်မသိသော မိန်းမလျာဟူ၍ မရှိသလောက်ပင်ဖြစ်လေသည်။ ဒီလိုနှင့် မိန်မလျာအပေါင်း သူတော်ကောင်းတို့ အကြား မိန်းမလျာစိတ်ပီပီ သာယာနေမိသည်။ ဝတ်လာသော ပုဆိုးကိုလည်း ထမီလို ပြောင်းပတ်ဝတ်လိုက်မိသည်။

ဇာတ်စင်အနောက်ထဲသို့ ဝင်ကြည့်ကြတော့ နာမည်ကြီးဇာတ်မင်းသားကို ပြင်ဆင်ပေးနေသူမှာ သူ့ ရဲ့ လက်ဦးဆရာ မာမီသောင်းပင်ဖြစ်နေသည်။

" မာမီ " ဟု ခေါ်ကာ သွားနှုတ်ဆက်တော့ မာမီသည် အံ့သြဝမ်းသာနေသည်။ မာမီနဲ့ လည်းမတွေ့ ရပဲ စိတ်ကသာရောက်နေပြီး မလုပ်ရမကိုင်ရဖြစ်နေခဲ့တဲ့  မိတ်ကပ်တွေ ကပ်ကြေးတွေနဲ့ သူ့ ဝါသနာအတွက် ငယ်ရွယ်သူ အသည်းနုသူပီပီ မျက်ရည်လေးကလည်ကလည် ဖြစ်လာမိပြန်သည်။

မာမီသည် သူ့ အား "ကောင်လေးတစ်ယောက် လက်ဆွဲခေါ်သွားကတည်းက ပျောက်သွားလိုက်တာ " ဟု ဆိုကာ သူ့ အား ဆူပူအပြစ်တင်နေသည်။ 

" အရည်ချင်းရှိတဲ့ ငါ့သမီးလေးကို မီးခဲပြာဖုန်းမဖြစ်စေရပါဘူးတော် အားရင် မာမီ့ဆီပြန်လာခဲ့။ အရင်ထက်ဂရုတစိုက်သင်ပေးမယ် ငါ့သမီးကတော်ပြီးသား တတ်လွယ်ပြီးသား၊ လူဆိုတာ ကိုယ် ဝါသနာပါရာ ပါရမီသန်ရာ ပေါ်လျှောက်မှ ရုပ်လုံးလှလှပေါ်လာတာကွဲ့  ၊ဟိုရောင်ရောင်ဒီရောင်ရောင်နဲ့ မရောင်ရာဆီလူးပြီး ဖြစ်သင့်တာလည်းမလုပ်ချင် ဖြစ်ချင်တာလည်း မကြိုးစားလို့ ကတော့ ရည်မှန်းချက်နဲ့ ဘဝဟာ တခြားဆီဖြစ်ပြီး လမ်းပျောက်သွားလိမ့်မယ်၊ အေး၊ ငါတို့ က ယောက်ျားဆိုပေမယ့် မိန်းမလိုနေရမှ ကြိုက်လို့ မိန်းမလျာဖြစ်နေတာ၊ ဘယ်သူ့ ကိုထိခိုက်နေလဲ၊ ဒါဟာ မှားသည်မှန်သည် ဆုံးဖြတ်နေဖို့ ထက် မိမိရွေးချယ်မူကို မိမိကျေနပ်လက်ခံဖို့ အရေးအကြီးဆုံးကွဲ့  ကြားလား "
ဟုဆိုလေသည်။ မာမီ့စကားများသည် သူအတွက် အင်အားများစွာဖြစ်လာလေသည်။

- ပွဲဈေးတန်းသည် မီးရောင်စုံများနှင့် ပြိုးပြိုးပျက်ပျက်လှနေသည်။ မီးရောင်စုံများနဲ့ လေပေါ် ရဟတ်ကြီးသည် လူတို့ ၏တအားအား အော်သံများနှင့်အတူ အပေါ်အောက်လှည့်လည် လည်ပတ်နေသည်။ 

ပင်လယ်ဓါးပြဟုခေါ်သော ချားရဟတ်သင်္ဘောများသည်လည်း ရှေ့ တိုးနောက်ငင် ကူးလူးနေကြသည်။ မုန့် လင်မယားမုန့် လေးများနဲ့ ဘုရားပွဲဈေးမုန့် အစုံအလင်သည် လာရောက်ဝယ်ယူမည့်သူအား မျှော်လင့်နေကြသည်။

- ပွဲဈေးမီးရောင်စုံများနှင့်အပြိုင် ပြိုးပြိုးပျက်ပျက်နဲ့ လှချင်တိုင်း လှနေကြသည့် မိန်းမလျာမလေးများသည်လည်း ကောင်လေးငယ်များ၏ ကြည်စယ်နောက်ပြောင်မူနှင့်အတူ တရုန်းရုန်းဖြစ်နေကြသည်။ သူတစ်ယောက်သာ ပုဆိုးကိုထမီလုပ် ရုက်အင်္ကျီကို အပြင်ထုတ်ဝတ်၍ ရိုးရိုးကြီးဖြစ်နေသည်။ ဒါကြောင့် ဒီလိုမဝံ့မရဲ သူ့  အဖြစ်ကိုသိလို့  မာမီက မီးမှောင်းထိုးပေးတာပဲဖြစ်မည်။ 

- ကောင်လေးတစ်စုသည် မိန်းမလျာများနှင့် စနောက်စကားပြောနေကြသည်။ ထိုအဖွဲ့ နားသို့  မိကျားက သူ့ လက်ဆွဲကာခေါ်သွားသည်။ မိကျားက ထိုကောင်လေးအဖွဲ့ ထဲမှ ခပ်ချောချောကောင်လေးအား သဘောကျနေ၍ဖြစ်သည်။ ထိုကောင်လေးသည် အတူပါလာသောအဖော်များကဲ့သို့ မဟုတ်ပဲ မိန်းမလျာများနှင့် ခပ်တည်တည်သာနေလေသည်။

- သူတို့ နှစ်ယောက် လူစုအနား ရောက်သွားတော့ ကောင်လေးများက ဝိုင်း၍ ကြည့်နေကြသည်။သူ့ ရဲ့  တောသူဟန်မိန်မလျာပုံက မိတ်ကပ်အဖွေးသား၊ ဆံပင်အတုများ အင်္ကျီလည်ဟိုက် ဂါဝန်မျိုးစုံနဲ့  မိန်းမလျာမလေးများအကြား မြင်ရသူအဖို့  ရယ်ချင်စရာ ဖြစ်နေလိမ့်မည်။ သူ့ အား ထိုကောင်လေးများက ကော်ပတ်ရုပ်များသကဲ့ သို့ ဆံပင်တုများနှင့်လှနေသော မိန်းမလျာမလေးများကဲ့သို့  သူ့ အား စိတ်ဝင်တစားနှုတ်ဆက်ခြင်းမရှိပါ။ ထိုကဲ့သို့ ဖြင့် သူ နဲ့  ကောင်လေးချောချောလေးသည် စကားဝိုင်းမှ ဘေးသို့ ထွက်နေသည်။ 

နှစ်ယောက်တည်းဖြစ်နေ၍ထင် ကောင်လေးသည် သူ့ အား စ၍နှုတ်ဆက်တော့သည်။

" မင်းနာမည် ဘယ်လို ခေါ်သလဲ "တဲ့

"ကျမ နာမည် ခင်မေသိန်း ပါ "ဟု သူရှက်ရွံ့ စွာဖြေမိလိုက်သည်။

ကောင်လေးသည် သူ့ အား ခြေဆုံးခေါင်းဆုံးကြည့်၍ အကဲခတ်နေသည်။ တစ်ခြားကော်ပတ်ရုပ်ဟန် မိန်းမလျာများနှင့်မတူ ခပ်ရိုးရိုး
ပြင်ဆင်မူကြောင့် ကြည့်ရယ်ချင်နေသည်လားမသိ။ သူကတော့ တည်ငြိမ်အောင်ကြိုးစား၍ ရပ်နေမိသည်။ ကော်ပတ်ရုပ်မိန်းမလျာများကဲ့သို့  သူ လျှပ်စီးလပ်ပြီး မနေတတ်ပါ။

သူနှင့်ကောင်လေးတို့  တစ်ယောက်ကိုတစ်ယောက် အသံတိတ်အကဲခတ်နေဆဲ နံဘေးမှ မိန်းမလျာအုပ်စုသည် အဝေမတည့်အချင်းများသည်အလား စကားများသံထွက်လာသည်။ ခနကလေးတင် တဟီးဟီးနဲ့  တည့်နေကြတာ အခုတစ်မျိုးဘယ်လို ပြောင်းသွားသည်မသိ။

- မိန်းမလျာနှစ်ယောက် တစ်ယောက်ကိုတစ်ယောက် တွန်းလားပုတ်လားနှင့် စကားများနေသည်။ ထိုတွင် အနက်ရောင်ဝမ်းဆက်ဆံပင်အတိုနဲ့ တစ်ယောက်က ကြက်သွေးရောင်ဂါဝန်နဲ့ တစ်ယောက်၏ ဦးခေါင်းအား ဆွဲလိုက်ရာ အနီရောင်ခပ်လှလှဆံပင်တုကြီးကျွတ်သွားသည်။ 

မိန်းမလျာများအဖွဲ့ ထဲတွင် ထိုသူရဲ့ ဆံပင်တုသည် အလှဆုံးဟုပြောရမည်အလား ပျော့ပြောင်းရှည်လျားလှပကာ အကောင်းစားမှန်းသိသာလွန်းနေသည်။ ထိုဆံပင်တုကြီးအား အနက်ရောင်နဲ့ မိန်းမလျာမှ သက်သက်ဆွဲချွတ်ခံလိုက်ရတော့ မျက်လုံးပြူးပြူး နားဆွဲရှည်ရှည်များနှင့် မိတ်ကပ်အဖွေးသားမျက်နာသည် ကြက်သွေးရောင်ဂါဝန်ကြီးနှင့်အတူ ဆံပင်မွှေးမရှိ ထိပ်ပြောင်မကြီးအဖြစ် ရယ်ချင်စရာအနေထားမျိုးနဲ့ ကျန်ခဲ့သည်။ ထိုအဖြစ်အား ကြည့်နေရသော ပွဲဈေးထဲ ဘေးနားမှကောင်ကလေးများမှာ တစ်ဝါးဝါးရယ်ကြတော့သည်။ 

- ထိပ်ပြောင်ကြီးနှင့် မိတ်ကပ်အဖွေးသား နားစွဲရမ်းရမ်း ရမ်းရမ်းဖြစ်နေသော မိန်းမပုံယောင်္ကျားကြီးအဖြစ်အရယ်ခံရကာ ထိုသူသည် ရှက်ရမ်းရမ်းတော့သည်။ ဝတ်ထားသော အပေါ်ဝတ်မိန်းမဝတ်များကို ချွတ်လိုက်တော့ ရင်သားတွင် ခုထားသော ဘလာစီယာအပွသားနဲ့ အဝတ်စထွက်လာသည်။ ထိုသူ ရဲ့ ခပ်ထွားထွားဗလနဲ့ ခန္တာကိုယ်သည် ထင်းခနပေါ်လာသည်။ထိုသူသည် အမှန်တော့ အပျော်တန်းလက်ရွေးစင် လက်ဝှေ့ သမားဖြစ်သည်။ 
ညအခါအဖော်စုံမှ အသွင်ပြောင်းကာ ဖူးပွင့်ချင်သူသာဖြစ်နေသည်။

" သတ္တိရှိတဲ့  အခြောက်မ ရှေ့ ထွက်ခဲ့  တစ်ယာက်ချင်းချမယ် ထွက်ခဲ့  ယှဉ်ထိုးရဲရင်ထွက်ခဲ့စမ်း " ဟုဆိုတော့ လူအားလုံးခပ် ကျဲကျဲဖြစ်သွားကာ လူများကွပ်ကြည့်ကွပ်ကြည့်ဖြစ်လာသည်။ ဘုရားပွဲထိန်းရဲလာလျင် အဖမ်းခံနေရဦးမည်ဆိုး၍ အချင်းများနေသော မိန်းမလျာများအနားမှ 
ကောင်လေးများသည် ရှောင်ထွက်သွားကာ မိန်းမလျာအုပ်စုသာ ထီးထီးကျန်ခဲ့တော့သည်။သို့ သော် သူ့ အနားက ကောင်ကလေးသည် ထွက်၍မသွားပဲ ခပ်ပြုံးပြုံးလေးရပ်နေသည်။ ပြုံးလိုက်ခါမှ ပို၍ချောလာသည်ဟု ပြောရမလို သူ့ အား နှစ်လိုဖွယ်ပြုံးပြနေသည်။ 

"ငါ့နာမည် တိမ်သောက် " တဲ့။ သူ့ အား ရင်းနှီးဟန်အလိုနှင့် မိတ်ဆက်နေသည်။နာမည်နှင့်လိုက်အောင် ကောင်ကလေးသည် ပိန်ပိန်ရှည်ရှည်၊ ဖြူဖြူချောချောလေးဖြစ်သည်။သူသည် သဘောကျကျေနပ်စွာ ပြုံးမိနေဆဲ .....

- သူ့ မြင်ကွင်းထောင့်တစ်ခုသို့ ရင်းနှီးနေကျ အရိပ်တစ်ခုပေါ်လာသည်။ ထိုအရာမှာ သူသိသော မောင်မောင် ၊
မောင်မောင် သူ့ ကိုဒီပုံစံမျိုးနဲ့ မြင်လျင် ပွဲထဲမှာပင် လူကြားထဲ ဝုန်းဒိုင်းကျဲမည်လား။ လက်ဆွဲစောင့်၍ တရွတ်တိုက်ခေါ်သွားမည်လား။ " ခင်မေသိန်း " ဟု လူကြားထဲ သူမိတ်ဆက်ပြောပြီးကာမှ မောင်မောင်က "ခင်မောင်သိန်း " ဟု အော်ငှောက်နေမည်လား။ သူတွေး၍ ချွေးစီးများပြန်လာသည်။

(သူ ရှေ့ ဆက်ဘယ်လို စခန်းသွားမည်ပါလိမ့်)

ဆက်ပါဦးမည်........

ချစ်ခြင်းအားဖြင့် 

ကိတ်မုန့် 
10;25pm,29july2013

No comments:

Post a Comment

အချစ်တစ်ခု ပြယုဂ်တစ်ခု

“......................”  သားကြီးဆီမှ ကြားလိုက်ရသော နာမည်ကြောင့် ကျွန်မတစ်ကိုယ်လုံး တောင့်ခဲ သွားသည်။အဆုံးမရှိသောတွင်းနက်ကြီးထဲသို့ ပြုတ်ကျ...