Monday, December 22, 2014

ဟိန်း (တတိယပိုင်း)

ချစ်.. ဘာတွေဆွေးနေတာလဲ… အထဲကိုပြန်လာလေကွာ
အို..ရဲတင်းလိုက်တာ.. ပေါက်ဆိန်လိုက်တာ။
မင်းသူ..လွှတ်ပါအုံးး… ငါမကြိုက်ဘူးနော်…
အညို ကိုယ့်ကိုလွှတ်လိုက်တယ်။ ဟက်ခနဲ တချက်ရယ်တယ်။
မင်းကိုလူချင်းမတွေ့ခင်ကတည်းက မင်းဘာဆိုတာ ငါသိတယ်…
ကိုယ်နည်းနည်းရှက်သွားတယ်။
မင်းတို့သိသွားရင် ဆက်ဆံရတာ အဆင်မပြေမှာစိုးလို့ပါ… ငါဝန်ခံပါတယ်… ဘာမှလဲဖုံးကွယ်စရာမရှိဘူးလေ
ကိုယ့်မျက်နှာကို ဆေးလိပ်မီးခိုးများနှင့်  အညိုမှုတ်ထုတ်လိုက်သည်။
ကောင်းပါတယ်.. ဝန်ခံတော့လဲ အဆင်ပြေတာပေါ့… ဒီလိုလေ.. ပွင့်ပွင့်လင်းလင်းပဲပြောမယ်  မင်းကိုငါစိတ်ဝင်စားတယ်…
အို..ဘလို။ ကိုယ်အံ့သြသွားမိသည်။ ကံဆိုတာမျိုးက အဲလိုမျိုး ။ ယုန်ထောင်ကြောင်မိဆိုသလိုပဲ.. မဖြစ်သေးပါဘူး… ကိုယ်လိုချင်တာကယုန်… ကြောင်မှမဟုတ်ပဲ..။ ယုန်မိပြီးတော့မှ ကြောင်ဖမ်းမယ်လေ.. အဟိ…။
မဖြစ်နိုင်ပါဘူး… မင်းသူရယ်…။ ငါ… ငါ…
ဘာလဲ… မင်းငါ့ကို မကြိုက်ဘူးလား.. ဟမ်
သူကလဲ ခပ်ပြတ်ပြတ်… ကိုယ်ကလဲ ပြတ်သားအုံးမှ..။
ဟုတ်တယ်…
အညိုသက်ပြင်းချသည်။
မင်း… ဗိုဟိန်းကို စိတ်ဝင်စားနေတာ မဟုတ်လား…
ဒီတခါ အညိုစကားက ခုနက ကိုယ့်ကိုစိတ်ဝင်စားတယ် ဆိုတာထက်ပိုလန့်ဖို့ကောင်းသည်။
အေး… ဗိုဟိန်းကလဲ မင်းကိုစိတ်ဝင်စားနေတယ်…
ကိုယ် ပြာပြာသလဲငြင်းလိုက်သည်။
မဟုတ်နိုင်တာ.. မဟုတ်ပါဘူးမင်းသူရယ်… သူကငါ့ကိုခင်တာပါ.. မင်းတဖက်သက်မစွတ်စွဲပါနဲ့
ဟေ့ကောင်… ငါသူနဲ့နေတာ ကြာပြီ… သူ့အကြောင်းအကုန်သိတယ် သူအသည်းကွဲနေတယ်… ဂရုစိုက်မယ့်သူလိုနေတာ..  မင်းသိပ်တောင် ကြိုးစားရမှာ မဟုတ်ဘူး
ကိုယ်တော်တော်အံ့သြရပါသည်။ ဘဝမှာ အညို့လို သူငယ်ချင်းများနှင့်အခါတရာမက ဆုံချင်ပါသေးသည်။
မျက်လုံးပြူးကြီးနဲ့ ကြည့်မနေစမ်းပါနဲ့ ကွာ.. မလှတော့ဘူး… ငါရှောင်ပေးမယ်… မင်းဘာသာ ကြည့်ကျက်လုပ်လိုက်
အညိုက လှည့်ထွက်သွားမလို့ ပြင်တော့ ကိုယ်လှမ်းဆွဲလိုက်သည်။
မင်းသူ… ဒါကဘာသဘောလဲ … ငါနားမလည်တော့ဘူးနော်
ငါ အခြောက်တွေ အများကြီးနဲ့ ဆက်ဆံဖူးတယ်… အထာနပ်တယ်။ အေး… မင်းစိတ်လေးကိုလဲ ငါသဘောကျသွားလို့ ငါ့သူငယ်ချင်းနဲ့ လွှတ်ပေးတာ… ဘာမှ ပြန်ပေးစရာ မလိုဘူးနော်… ပေးချင်သပါ့ဆိုလဲ မင်းယူလာတဲ့ ဟိုဘက်ခန်းသော့ ငါ့ကိုပေး…. မင်းဒီညဒီမှာပဲ အိပ်လိုက်တော့…
အညို…သူပြောချင်ရာတွေ ပြောပီး ထွက်သွားသည်။ ဗိုဟိန်းကလဲ မင်းကိုစိတ်ဝင်စားနေတယ် ဆိုတဲ့စကားက နားနားမှာ ကပ်ပြောနေသလို… ဆူညံနေသည်။ ရင်ဘတ်ကလဲ ဆူညံစွာခုန်နေသည်။
ဟေ့ရောင်… ဗိုဟိန်း ငါဆေးလိပ်ဆင်းဝယ်အုံးမယ်..
ဒီမှာလဲ ဆေးလိပ်တွေကျန်သေးတာပဲ…
အာ.. အဲတာတွေမသောက်ချင်ဘူး Mild Seven သောက်ချင်လာလို့
မင်းကွာ…မူးလာရင် ကောင်းကောင်းမနေဘူး… နေအုံး.. ငါလိုက်ခဲ့မယ်
နေနေ… ငါပြန်တက်လာမယ် ပြဿနာလဲ မရှာဘူး.. ဟိုကောင်တယောက်ထဲ ပျင်းနေမယ်
သူတို့နှစ်ယောက်အချေအတင် ပြောသံတွေ ကြားမှပဲ ကိုယ်သတိပြန်ဝင်လာသည်။ ကိုယ်ဘာလုပ်လို့ ဘာကိုင်ရမှန်းလဲ မသိ.. ။ ခုချိန်အထဲ ပြန်ဝင်သွားရင် မောင့်ရှေ့မှာ ဂယောင်ချောက်ခြားတွေ ဖြစ်မှာသေချာတယ်။ အညို…အညို လူကိုနှောက်သွားသေးတယ်…။ ဟိုက တကယ်စိတ်ဝင်စားမစားတော့ မသိဘူး…။ကိုယ့်မှာတော့ အရူးဖင်သရဲလိုးသလိုပဲ… ။ တဖြည်းဖြည်းစိတ်ကိုလျော့… လျော့စမ်း… ပွစိမ။ ကိုယ့်ဘာသာကိုယ်လဲ အားပေးရသေးသည်။ တကယ်တော့ကိုယ် ယောကျာ်းတယောက်ကို နင့်နင့်နဲနဲ မခံစားမိတာ တော်တော်ကြာပြီဖြစ်သည်။ ဖာဆန်တာကြာပီဆိုပါတော့…။ ခုမှ ကိုယ်အရင်ချစ်ခဲ့မိသူ တယောက်နဲ့ ပြန်ဆုံ ပြန်အဆင်ပြေတော့လည်း တခါမှ မချစ်ဖူးတဲ့ အခြောက်ပျိုမလေးလို ဗရမ်းဗတာ ဖြစ်တာလဲ မဆန်းဘူးပေါ့နော်… ဟုတ်တယ်မလား သူငယ်ချင်းတို့ရေ (မေမြတ်မွန်လေသံဖြင့် ၆သည်)။
*           *           *           *           *
အပြင်မှာ မအေးဘူးလား…
မောင်ဖြစ်သည်။
ဟင်အင်း…အထဲမှာ နည်းနည်းမွန်းကြပ်လာလို့ လေလာရှူနေတာ… လလေးကလဲသာတော့လေ… အထဲပြန်မဝင်ဖြစ်တာ…
စကားက နည်းနည်းတော့ အပေါက်အလမ်းတည့်ချင်မှ တည့်မည်။ မောင်ကလဲ သတိထားမိပုံ မပေါ်။
ဒါဆိုလဲ ဒီမှာပဲဆက်သောက်ရအောင်… ကျွန်တော်ပုလင်းသွားယူလိုက်အုံးမယ်… ဒါနဲ့အကိုဂစ်တာ တီးတတ်လား
ဟင်အင်း…
ကျွန်တော်တီးတတ်တယ် … အကိုဆိုတတ်လား…
အို… သီချင်းပဲ… စကားပြောတတ်တဲ့သူတိုင်းဆိုတတ်တယ်.. ကိုယ်ကမဆိုတတ်စရာလား ကြွေပါသွားအုံးမယ်…။
ဆိုတတ်ပါတယ်..
ဒါဆို ဂစ်တာလာသယ်ပေး… ကျွန်တော် ဘီယာပုလင်းတွေသယ်မယ်
ဒါနဲ့ပဲ ကိုယ်တို့ဝိုင်းက ဝရန်တာကို ရောက်သွားသည်။ မြားနတ်မောင်အညိုတော့ ဘယ်အခန်း ရောက်နေပီလဲမသိ။ ကိုယ့်သော့က ဆိုဖာနားက ခုံဝိုင်းလေးပေါ်မှာ ဒီတိုင်းတင်လျှက်သားလေး..။
ဘာသီချင်းရလဲ
သီချင်းတွေကတော့ အများကြီးပဲရတယ်
အမ်.. တခုပြောကြည့်လေ
တကယ်ပဲလဲ နင်မချစ်ပဲနဲ့
အဟွတ်… (မောင်သီးသွားသည်… ဘာမှလဲမသောက်ပဲ)
အာ့မရဘူး… ဟီးဟီး
ကိုယ်လဲ နည်းနည်းပွင့်သွားတယ် ထင်တယ်နော်..။ ထားပါတော့လေ.. မထူးတော့ပါဘူး.. ပွင့်လက်စနဲ့။
မိန်းခလေး သီချင်းမတီးတတ်ဘူးလား…
ဝိုင်းစုသီချင်းတွေရတယ်… ဆိုတတ်လား
ဟတ်လား… ဝိုင်းစုသီချင်းတော်တော်များများ အလွတ်ရတယ်…
ကဲ… ဘာသီချင်းဆိုမလဲဆို.. မြန်မြန်လုပ်လေ
မောင်က စိတ်မရှည်သလိုပြောတော့ ကိုယ်မျက်စောင်းထိုးမိသည်။ သေချာပါသည်.. ဒါက အမေက အဖေ့ကို စိတ်ဆိုးချင်ယောင်ဆောင်သောအခါထိုးသော ကိုယ့်ဘဝမှာ အမှတ်ထင်ထင်ရှိသော မျက်စောင်းမျိုး… ။ အမေရေ.. အမေ့မျက်စောင်းမျိုးသမီးထိုးတတ်ပီ သိလား…
မျက်စောင်းဒဏ်ကို မောင်သည် ချိုပြုံးစွာတုန့်ပြန်ပါသည်။
အကိုက မိန်းခလေးနဲ့တူတယ်နော်… အဲလိုမျိုးကြည့်ရင်
အဲတာ မျက်စောင်းထိုးတယ်ခေါ်တယ်… မသာလေးရဲ့.. နင့်ကောင်မလေး နင့်ကိုမထိုးဖူးဘူးလား လို့ကိုယ်မေးလိုက်မိတော့မလို့။ ငါတို့ရဲ့ချစ်စရာအချိန်လေးတွေ ငံပြာရည်စော်ထပ်မနံစေရဟု ချက်ချင်းဆုံးဖြတ်ချက်ချလိုက်သည်။
ဟတ်လား… အဲတာဆို မိန်းခလေး အချစ်သီချင်းကို တီးတော့
မောင်က အဟက်ဟု တချက်ရယ်သည်။
ကံတွေဆိုးဆိုး
မင်းမျက်လုံးက ရိုးရိုး…
မင်းရင်ခုန်သံတိုးတိုး…
ဘယ်လိုလုပ်ကိုယ်ရှေ့ဆက်မှာလဲ
ဆိုးဆိုး…
တဖက်သတ်ချစ်တာမျိုးမို့ ကိုယ်ငိုချင်နေပြီ
မောင့်နှုတ်ခမ်းတို့က ရိုးရိုးပြုံးရုံပြုံးနေသော်လည်း မောင့်မျက်လုံးတို့က ဆန်းချင်နေသလိုလို..။ အို… ကိုယ်မူးများနေသလား… မောင်ရယ်။
တကယ်လို့ ကိုယ်မူးသွားရင်လည်း မောင့်ရဲ့ အပြုံးလေးတွေ မောင့်ရဲ့ဂစ်တာသံစဉ်လေးတွေ မောင့်ရဲ့ ဂရုစိုက်မှုတွေကြောင့်မူးတာပဲ ဖြစ်မှာပေါ့လေ…. နော်။

2 comments:

အချစ်တစ်ခု ပြယုဂ်တစ်ခု

“......................”  သားကြီးဆီမှ ကြားလိုက်ရသော နာမည်ကြောင့် ကျွန်မတစ်ကိုယ်လုံး တောင့်ခဲ သွားသည်။အဆုံးမရှိသောတွင်းနက်ကြီးထဲသို့ ပြုတ်ကျ...