Monday, December 22, 2014

Gay Offer များအကြောင်း


                                                    offer boy တစ်ယောက်၏ပုံ


ဟဲဟဲ ခေါင်းစဉ်ကိုမြင်လိုက်တာ နည်းနည်းတော့ စိတ်ဝင်စားသွားမယ်ထင်တယ်။ ဒီလိုဗျ ကျွန်တော်တို့ဂေး လောကမှာ sex ကိုအချစ်ထက်ဦးစားပေးကြတာ များတယ်။ အခု ခေတ်စားနေတဲ့ gay social ဆိုဒ်တွေမှာ အသုံးပြုနေကြတဲ့ ဂေးတွေဟာလည်း များသော အားဖြင့် ပါတနာ ရဖို့ သုံးနေကြတာဖြစ်ပါတယ်။ ကျွန်တော်တို့ ဂေးတွေဟာ သာမာန်လူတွေထက် ပိုပြီး လိင်စိတ်ပြင်းထန်တယ်လို့ ဆိုရမလားပဲ။ offer boy ဆိုတာက တစ်နည်းအားဖြင့်တော့ မြန်မာလို ရှုင်းရှုင်းပြောရရင် ဖာကောင်းပေါ့ဗျာ ယဉ်ယဉ်ကျေးကျေးပြောရရင်တော့ အမျိုးသားပြည့်တန်ဆာတွေပေါ့။ ဒီ 0ffer boy တွေဟာ များသောအားဖြင့် ကျွန်တော်တို့ ဂေးလောက မှာပဲ ကျင်လည်ကျက်စားလေ့ရှိပါတယ်။ အမျိုးသမီးတွေက offer boy ခေါ်တယ်ဆိုတာ ရှားတယ်လေ။ ဒီတော့ offer boy ဆိုတာ ဂေးတွေအတွက် သီးသန့်ဖြစ်လာသလိုမျိုးပေါ့ဗျာ။







Offer boy တွေဟာ ကျွန်တော်တို့ မြန်မာနိုင်ငံ အတိုင်းအတာအနေနဲ့ပြောရရင်တော့ သိပ်ပြီး တွင်ကျယ်မှုမရှိသေးပါဘူး။ ဒါပေမယ် ဖွင့်ဖြိုးပြီးနိုင်ငံတွေဖြစ်တဲ့ USA တို့လိုအနောက်နိုင်ငံတွေ ၊ ကျွန်တော်တို့ အာရှတိုက်မှာဆိုရင် ဂျပန်တို့ Singapore တို့လိုနိုင်ငံတွေ။ ပြီးတော့ ကျွန်တော်တို့ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ တရုတ်နိုင်ငံနဲ့ ထိုင်းနိုင်ငံတွေမှာဆိုရင် တော်တော်လေးကို လူသိများပြီး တွင်ကျယ်နေပါပြီခင်ဗျား။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာတော့ တစ်ဦးစ နှစ်ဦးစ ကြိုးကြားလုပ်စားတဲ့ သူတွေလောက်ပဲ ရှိပါသေးတယ်။ သူများနိုင်ငံတွေမှာဆိုရင်တော့ အသင်းလိုက် အဖွဲ့လိုက် လုပ်စားတာမျိုးတွေ ကိုတွေ့နေရပါပြီ။





ဥပမာ ကျွန်တော်လက်ရှိနေထိုင်တဲ့ တရုတ်နိုင်ငံ ကoffer boy အကြောင်းကိုလေ့လာကြည့်မယ်ဆို ပါစို့။ ကျွန်တော်တို့ ဒီတရုတ်နိုင်ငံမှာရှိတဲ့ gay site တွေမှာဆိုရင် ကြော်ညာတွေ အများကြီးတွေ့ရပါတယ်။ offer boy တွေဟာ သက်သက်ကြီး offer လိုက်တာမျိုးတော့မဟုတ်ဘူး။ သူတို့က နည်းနည်းတော့ မြင့်တယ် body massage only for man ဆိုပြီးလုပ်ကြတယ်။ အဲ့လို လုပ်ပြီး သူတို့မှာရှိတဲ့ offer model တွေကို website ပေါ်မှာ တင်။ ကိုယ်ရေးရာဇာဝင်အကျဉ်းချုပ်ကလေးတွေကိုဖော်ပြပြီး လိင်ဆွဲဆောင်မှု ရှိတဲ့ ဓာတ်ပုံလေးတွေနဲ့ customer ကိုဆွဲဆောင်လေ့ရှိပါတယ်။ ပြီးတော့ သူတို့ website ကိုလူသိအောင်လို့ နာမည်ကြီးနေတဲ့ gay site တွေမှာ တစ်ဆင့်ပြန်လည်ကြော်ညာကြပါတယ်။










                                        offer site မှကြောညာထားသည့် model များ


ဒီတော့ ဂေးဆိုဒ်သုံးနေတဲ့သူတွေက သူတို့ကြော်ညာကိုတွေ့သွားမယ် ပြီးရင် တစ်ဆင့်သူတို့ website ကိုရောက်သွားကြမယ်။ အဲ့မှာ သူတို့ဆွဲဆောင်ထားတဲ့ မော်ဒယ်တွေကိုတွေ့မယ်။ ဟော ကျွန်တော်တို့ ဂေးတွေဟာလဲ သိတဲ့အတိုင်းပဲလေ ယောကျာ်းချောချောလှလှလေးတွေ တွေ့ပြီဆို ခံနိုင်ရိုးလားဗျ။ ဒီတော့ offer တွေအလုပ်ဖြစ်ကြတာပေါ့ဗျာ။



တစ်ချို့ကျတော့ဒီလိုဗျ။ gay club တွေထောင်ထားကျတယ်။ ပြီးတော့ အထက်က ကျွန်တော်ပြောခဲ့သလိုပဲ ဘယ်နေ့ဘယ်နေ့မှာ ဘာပါတီရှိမယ်ဆိုပြီး ကြော်ညာထားကျတယ်ဗျာ။ ပြီးရင် သူတို့ကလပ်မှာ ပျော်စရာတွေထည့်ထားတယ်။ ဥပမာ တရုတ်တွေဆိုရင် မာဂျန်ဝိုင်းတွေ ထည့်ထားတယ်။ ပြီးတော့ ၀တ်စလစ်နဲ့ ကတဲ့ dancer တွေရှိမယ် gay performance အမျိုးမျိုးနဲ့ ဆွဲဆောင်ကျတာပေါ့။ အဲ့ဒီကလပ်တွေမှာ ရောင်းတဲ့ ယမကာတွေကလည်း  အရမ်းဈေးကြီးတာနော် ။ ဒါပေမယ့် လူတွေဆိုတာ သိတဲ့အတိုင်းပဲလေ အပျော်အပါးအတွက်ဆိုရင် ပိုက်စံကိုကုန်တယ်လို့ မြင်ကျတာမဟုတ်ဘူးလေ။



                                  လောင်းကစားဝိုင်းများ အခန်းအနားများနှင့် ယခုလိုဆွဲဆောင်



ကျွန်တော်လေ့လာမိသလောက်ဆိုရင် offer တွေက အရင်ဆုံးသူတို့ဆီလာပြီဆိုရင် body massage အတွက် အရင်စကားပြောကြတယ်ဗျ။ ဥပမာ body massage လုပ်ဖို့ ဘယ်လို ဆီမျိုးသုံးမလဲ ဈေးနှုန်းဘယ်လောက်တန်သုံး မလဲ စသည်ဖြင့်ပေါ့ဗျာ။ နောက်ပြီးကျမှ  customer က sex service ပါလိုချင်သေးရင် သူတို့က ထပ်ပြီးတော့ ၀န်ဆောင်မှုပေးကြတာမျိုးပေါ့။ အမှန်တော့ လိင်လုပ်စားတယ် လို့ဗြောင်မပြောချင်တဲ့သဘောမျိုးပါ။ အရှေ့က body massage လေးခံလိုက်တော့ ဘာပဲဖြစ်ဖြစ် လူကြားလို့ကောင်းသေးတာပေါ့ ဗျာ ဟဲဟဲဟဲ။





                                                 offer site တစ်ခုမှ offer boy များ



နောက်တစ်ခုရှိသေးတာက ဈေးနှုန်းတွေ့ပဲဗျ။ ဒီoffer boy တွေရဲ့ ဈေးနှုန်းကလဲ မခေဘူးနော်။ သာမာန် မိန်းကလေး ပြည့်တန်ဆာမတစ်ယောက်တောင် offer boy တွေရဲ့ ၀င်ငွေကို လိုက်မမှီဘူး။ မိန်းမပြည့်တန်ဆာတွေက တစ်ယောက်မှ ဘယ်လောက်ရှိမှာလဲ ကျွန်တော်တို့ ဒီမှာဆိုရင် အများဆုံး ယွမ်တစ်ရာပေါ့ (မြန်မာငွေ တစ်သောင်းသုံးထောင်ခန့်) ဒီထက်ပိုများ နှစ်ရာဗျာ။ ဒါပေမယ့် offer boy တွေကတော့ အနည်းဆုံး လေးရာနဲ့ ငါးရာ အထက်မှာ ရှိတယ်ဆရာရေ။ ကျွန်တော်စဉ်းစာမိတာ တစ်ခုရှိတယ်။ offer boy တစ်ယောက်ဟာ တစ်နေ့ကို customer တစ်ယောက်ပဲ ရတယ်ထားဦး။ တစ်နေ့ကို မြန်မာငွေ အနည်းဆုံး ငါးသောင်းအထက်မှာရှိမယ်ဗျာ။ ဆယ်ရက်ကို ငါးသိန်း တစ်လကို ဆယ့်ငါးသိန်းလောက်ရှိမယ်။ အားပါးပါး စင်္ကာပူတို့ US တို့မှာအလုပ်လုပ်နေတဲ့ ပညာရှင်တွေရဲ့ လစာနည်းပါးလောက်ရှိတယ်ဗျ။





ကျွန်တော်တို့ စင်္ကာပူမှာ အလုပ်လုပ်တဲ့ ရိုးရိုးအလုပ်သမားတစ်ယောက်က တစ်လကိုမြန်မာငွေ လေးငါးသိန်းထက် ပိုမရပါဘူး အလွန်ဆုံးရ ခြောက်သိန်း ခုနှစ်သိန်းပေါ့ဗျာ။ မလေးရှာမှာ အလုပ်လုပ်မယ်ဆိုရင်ပိုတောင်ဆိုးသေး တစ်လမှ နှစ်သိန်းကျော်လောက်ပဲရတာ။ ဒီတော့ ဒီoffer boy တွေတစ်နေ့ထက်တစ်နေ့ များပြားလာတာ အဆန်းတော့မဟုတ်ပါဘူးလေ။ လူ့ဘ၀ ဆိုတာက စားဝတ်နေရေးဆိုတဲ့ စာလုံးကြီးလေးလုံးကို ထမ်းဆောင်နေကျရတာကိုးဗျ။ တစ်နေ့တစ်နေ့ ကုန်ကျစရိတ်တွေ အသုံးစရိတ်စကတွေကလဲ မြင့်လာတယ်လေ။ ရေတောင်ဈေးကြီးကြီးပေးပြီး ၀ယ်သောက်နေရတဲ့ ကျွန်တော့်တို့ ခေတ်ကြီးဟာ နောက်ဆိုရင် ဘာတွေများ ဆက်ဖြစ်လာမယ်ဆိုတာ ကျွန်တော်ဖြင့်တွေးတောင်မတွေးမိတော့ပါဘူး။



   မှတ်ချက်။        ။ ဗဟုသုတ ရစေရန်ရည်ရွယ်၍တင်ပြထားခြင်းဖြစ်ပါသည်

                                                                                                    

                                                                                                             lovealone

No comments:

Post a Comment

အချစ်တစ်ခု ပြယုဂ်တစ်ခု

“......................”  သားကြီးဆီမှ ကြားလိုက်ရသော နာမည်ကြောင့် ကျွန်မတစ်ကိုယ်လုံး တောင့်ခဲ သွားသည်။အဆုံးမရှိသောတွင်းနက်ကြီးထဲသို့ ပြုတ်ကျ...