Friday, February 20, 2015

မင်းလည်းယောကျာ်း‬ ‪‎ငါလည်းယောက်ျား‬ (9)

မျိုးဆက်ရဲ့ အပြုအမူနဲ့စကားလုံးတွေကြောင့် ကျနော့်စိတ်တွေဗြောင်းဆန်သွားတယ်။
အံ့သြတာရော စိတ်လှုပ်ရှားတာရော သာယာသွားတာရောကြောင့်ပါ။
ကျနော်ဘာဆက်လုပ်ရမလဲ။ အလိုက်သင့်စီးမြောရမလား။ နောက်နေ့မှလို့ပြောပြီးငြင်းဆန်ရမလား။
တစ်ခုခုကို ရွေးချယ်ဖို့ ဒွိဟဖြစ်တိုင်း ကျနော်လုပ်လေ့လုပ်ထရှိတာတစ်ခုရှိတယ်။
အဲ့ဒါကတော့ ကိုယ့်ကိုယ်ကို မေးခွန်းထုတ်ကြည့်တာပါဘဲ။
'' ငါတကယ်ဖြစ်ချင်နေတာဘာလဲ ''
အဲ့လိုမေးကြည့်တော့ အဖြေက ဒီလိုထွက်တယ်။
ပွတ်သပ်ကိုင်တွယ်ရုံကလွဲပြီး တစ်ခြားဘာမှ မဖြစ်ချင်သေးဘူး။
sucking fucking ဘာတစ်ခုမှဆန္ဒမရှိသေးဘူး။
သူတို့နှစ်ယောက်နဲ့ပက်သက်ပြီးမှ
ကျနော် တစ်ချို့အစိတ်အပိုင်းတွေမှာ ကိုယ့်ကိုယ်ကို ပိုပြီးနားလည်သွားသလို တစ်ချို့အစိတ်အပိုင်းတွေမှာ ကိုယ့်ကိုယ်ကို ပိုပြီးနားလည်ရခက်သွားတယ်။
နားမလည်ခြင်းတွေထဲမှာ ကိုယ့်ကိုယ်ကို နားမလည်ခြင်းဟာ အဆိုးဆုံးဘဲလို့ကျနော်ထင်တာဘဲ။
ကိုယ့်ခံစားချက်ကိုယ်နားမလည်ရင် ကိုယ့်စိတ်ကိုယ်မသိရင် ပြီးတော့ ကိုယ်တကယ်ဖြစ်ချင်တာကိုမသိရင် ဘာတစ်ခုမှ ခရီးပေါက်မှာမဟုတ်ဘူး။ ဟိုလိုလို ဒီလိုလို အီစီကလီဝေ့ဝဲနေတာနဲ့တင် ဖွယ်တယ်တယ်လူစားမျိုးဖြစ်သွားမှာဘဲ။ ဘာသူနဲ့မှ တိတိကျကျ အံဝင်ဂွင်ကျဖြစ်မှာမဟုတ်ဘူး။
တပြိုင်နက်ထဲမှာဘဲ လူတိုင်းနဲ့အံဝင်ဂွင်ကျဖြစ်ဖို့ကြိုးစားလွန်းရင်လည်း ကိုယ်ပိုင်ပုံစံ ကိုယ်ပိုင်ယုံကြည်ချက်တွေပျက်ဆီးသွားမှာဘဲ။
ကိုယ့်ခံစားချက်ကို ကိုယ်ကိုယ်တိုင်တိတိကျကျသိဖို့နဲ့ ကိုယ့်မျှော်မှန်းချက်ကို တစ်ဖက်လူ တိတိကျကျသိဖို့ဟာ ဘယ်လိုကိစ္စတွေမှာဘဲဖြစ်ဖြစ် အင်မတန်အရေးကြီးတယ်လို့ ကျနော်မြင်တာဘဲ။
တစ်ချို့လူတွေအများကြီးကျနော်ကြုံဖူးတယ်။ ကိုယ်ကိုယ့်ကိုယ် gay ဖြစ်လို့ဖြစ်နေမှန်းမသိဘူး။
တစ်ချို့ကျတော့လည်း ကိုယ်ကြိုက်တာ top လား။ bot လား ver လား တိတိကျကျမသိဘူး။
တစ်ဖက်လူနဲ့ အံဝင်အောင် ဘယ်လိုနေပြမလဲတွေးရင်း အပြန်အလှန် စိတ်မချမ်းသာမှုတွေကို ဖန်တီးယူသလိုဖြစ်သွားတယ်။ ပင်ကိုယ်က မလိမ်တတ်တဲ့သူတောင် ကိုယ့်ကိုယ်ကိုယ် နားမလည်မှုတစ်ခုကြောင့် တစ်ဖက်သားကို လိမ်ညာလှည့်ဖြားသလိုဖြစ်သွားတယ်။
တစ်ချို့ကျတော့လည်း တစ်ဖက်သားကိုယ့်ကို သဘောကျဖို့အတွက် သို့မဟုတ် သဘောမကျမှာစိုးရိမ်တဲ့အတွက် လိမ်ညာမှုကိုကျူးလွန်ပြန်တယ်။
စိတ်အင်အားနည်းသူများနဲ့ သတ္တိနည်းသူများဟာ ဘယ်အရာကိုမှ တိတိကျကျချမပြတတ်ကြဘူး။
တစ်ဖက်သားကို စိတ်ရှုပ်ထွေးမှုတွေချည်းပေးတတ်ကြတယ်။
ကျနော် အဲ့လို လူစားမျိုးမဖြစ်ချင်ဘူး။
ဒီတော့ ကျနော့် ခံစားချက်ကို တိတိကျကျချပြမယ်။
ကိုယ့်ဖီးကိုမညာဘဲ မရှက်ဘဲ စိတ်ထဲရှိတဲ့အတိုင်းချပြလိုက်မယ်။
သူအခု သူ့ဟာကို ကျနော့်ကို တိတိကျကျ ကိုင်ခိုင်းနေတယ်။
ကျနော်လည်း တိတိကျကျကိုကိုင်ချင်နေတယ်။
အဲ့ဒါကြောင့် တစ်ချက်ကလေးမှ မူမပြဘဲ တိတိကျကျကိုင်လိုက်တယ်။ ဘယ်လိုနေလဲမေးရင် အခုလိုတိတိကျကျဖြေမယ်။
'' ကောင်းတယ် ''
လက်ရှိ ကျနော့်ဖီးကို တိတိကျကျထပ်ချပြရရင် သူ့ဟာနဲ့ကျနော့်ဟာ တေ့ပြီးပွတ်ဆွဲကြည့်ချင်နေတယ်။
ဒါကိုလည်းသူသိအောင်တိတိကျကျချပြမှဖြစ်မယporn movie တွေထဲမှာတော့ တစ်ဖက်က အဲ့လိုလုပ်ချင်ရင် အခုခုလိုပွင့်ပွင့်လင်းမေးတတ်တယ်။
'' do u like rolling ''
တစ်ဖက်က သဘောတူရင် yes., ok နဲ့အလုပ်ဖြစ်ပြီဘဲ။
ကျနော်အဲ့လို ဘိုလိုမှုတ်ပြီး ပြောကြည့်လိုက်တယ်။
အဲ့လိုပြောတော့ ဒီကောင်က သူ့ဖီးကို အခုလိုတိတိကျကျပြောတယ်။
'' No no.. i wanna fuck ur ass exactly definitely ''
ဟိုက်။
ဗမာလိုကတော့
'' မင်းဖင်ကို ငါ တိတိကျကျကို ချချင်နေတာ ''
တဲ့။
သေရောဗျာ။
ဆက်ရန်.....
ချစ်မိုးစွေ‬

2 comments:

  1. မြသန်းတင့်ရဲ့ လေလွင့်သူစာအုပ်ကိုဖတ်ပြီးပါပြီ ကမ္ဘာပေါ်မှာအိမ်ထောင်သည်အမျိုးသား ငါးဆယ်ရာခိုင်နှုန်းဟာဂေးတွေပါတဲ့ စာမျက်နှာ ၁၉၉ နဲ့ ၂၀၀ မှာပါ

    ReplyDelete
  2. စာအုပ်ကသိပ်တော့ဖတ်မကောင်းဘူး ပျင်းစရာကြီး

    ReplyDelete

အချစ်တစ်ခု ပြယုဂ်တစ်ခု

“......................”  သားကြီးဆီမှ ကြားလိုက်ရသော နာမည်ကြောင့် ကျွန်မတစ်ကိုယ်လုံး တောင့်ခဲ သွားသည်။အဆုံးမရှိသောတွင်းနက်ကြီးထဲသို့ ပြုတ်ကျ...