Sunday, February 15, 2015

မင်းလည်းယောကျာ်း ငါလည်းယောက်ျား (၆)

ဂျပိုးထိုးခံလိုက်ရတဲ့ကျနော် ဘာဆက်လုပ်ပါ့မလဲ။
သူလည်း အတော်ကလေး လန့်သွားရှာတယ်။ ဟန်မပျက် စာဆက်ကြည့်နေပေမယ့် တုန်ရီနေတဲ့
သူ့လက်တွေကို ကြည့်လိုက်ရင် သူ့စိတ်ကိုခန့်မှန်းနိုင်တယ်။
သူအရမ်းရှက်နေတယ်။ လန့်နေတယ်။ အရမ်းစိုးရိမ်နေတယ်။
သူ့စိတ်ထဲ ဘာပြောနေမလဲဆိုတာကိုလည်း ကျနော်ခန့်မှန်းမိတယ်။
“ ငါ gay တစ်ယောက်ဖြစ်တယ်ဆိုတာကို ဒီကောင်သိသွားပြီလား...“
ဆိုတာမျိုးပေါ့။
ကျနော့်စိတ်ထဲ ဘာပြန်ပြောတယ်ဆိုတာကိုတော့ ဒီကောင်မသိနိုင်ဘူး။
“ မရှက်ပါနဲ့လှိုင်လေးရာ... ငါလေ ... မင်း gay ဖြစ်နေတာကိုဘဲပျော်နေမိတာ...“
ကျနော်ဘာဆက်လုပ်ရင်ကောင်းမလဲ စဉ်းစားလိုက်တယ်။ ဆက်ပြီးအိပ်ချင်ယောင်ဆောင်မလား။
နိုးသွားပြီပုံစံနဲ့ ထလိုက်ရတော့မလား။ ကျနော် ချီတုံချတုံဖြစ်နေတယ်။
နောက်တော့ အခုလို ဆုံးဖြတ်လိုက်တယ်။
ဒီနေ့အတွက်တော့ ဒီနေရာမှာဘဲအရှိန်သပ်လိုက်မယ်။ သူ့စိတ်ကို အနားပေးလိုက်မယ်။ သုံးသပ်ခွင့်ပေးလိုက်မယ်။
အဲ့လိုဆုံးဖြတ်ပြီး ကျနော်ထထိုင်လိုက်တယ်။
“ မင်းကုတင်မှာ ဂျပိုးရှိတယ်နဲ့တူတယ်... ယားလိုက်တာကွာ...”
ကျနော်ပြောရင်း ဟိုကုတ်ဒီကုတ်လုပ်လိုက်တယ်။
ပုံမှန်ပြောနေကျ အိပ်ချင်မူးတူးလေသံနဲ့ဘဲပြောလိုက်တယ်။ သူ့အပြုအမူကို ဘာတစ်ခုမှ သံသယ
မရှိခဲ့တဲ့ပုံစံနဲ့ပေါ့။ သူလုပ်တာ ကျနော်ဘာတစ်ခုမှမသိခဲ့ဘူးပေါ့။
အောင်မယ်။ ဒီကောင်ကလည်း လည်တယ်ဗျ။ အခုလိုပြောတယ်။
“ မင်း အတော် အအိပ်ကြမ်းတာဘဲ... ဟိုပေါ်ဒီပေါ်နဲ့... ငါ ဖုံးပေးလို့သာပေါ့... မဟုတ်ရင် ရှက်စရာ“
တကယ်လို့ ကျနော့်ဘက်က သံသယရှိသွားမယ်ဆိုရင် ဒါဟာ ကျနော့်ပုဆိုးကို လှန်ကြည့်တာမဟုတ်ဘူး။ ဖုံးပေးတာဆိုတဲ့ပုံစံမျိုး တွေးလို့ရအောင်ပေါ့။
သံသယကို ကျနော့်ဘက်ရှင်းထုတ်ပြီး သူ့ကိုယ်သူ ကာကွယ်လိုက်တာ။
ကျနော်သဘောကျပြီးပြုံးမိတယ်။ တကယ်အိပ်ပျော်နေတဲ့သူဆိုရင်တော့ အဲ့လိုတွေးပြီး သံသယရှင်းလိုက်မှာပေါ့။ ကျနော်က အိပ်ချင်ယောင်ဆောင်နေတာလေ။
သူ့စိတ်ပိုပြီးသက်သက်သာသာ ဖြစ်သွားအောင် ကျနော်အခုလိုပြောလိုက်တယ်။
“ အော် ဟုတ်လား... ဒါပေမယ့် မရှက်ပါဘူးကွာ... ယောက်ျားချင်းဘဲ...”
သူ့စိတ်ကို ဖော့ပေးလိုက်တယ်။
အိပ်ယာကအထ ပုဆိုးအောက်က ငေါထွက်နေတဲ့ ကျနော့်ပစ္စည်းကို သူ မသိမသာလှမ်းကြည့်
လိုက်တယ်။ ကျနော်လည်း ကုသိုလ်ဖြစ် သူမြင်သာအောင် သူ့ဘက်လှည့်ရင်း နည်းနည်းလှုပ်ရမ်း
ပြလိုက်တယ်။
သူ့အခန်းက ထွက်ခါနီး သူ့ဘက်လှည့်ရင်း အခုလိုပြောလိုက်တယ်။
“ငါ့ပစ္စည်းကိုတော့ မင်း မမြင်လိုက်ပါဘူးနော်...”
မထိတထိ ကျနော်ကလိလိုက်တယ်။ သူ့စိတ်ထဲ ဒီကိစ္စကိုပိုပြီး ယဉ်ပါးသွားအောင်လို့။ ပြီးတော့
နောက်တစ်ခါပိုပြီးရဲတင်းလာအောင်လို့။
အဲ့လိုပြောတဲ့အချိန်မှာ ကျနော့်လေသံက ကြည်သာချိုမြနေတယ်။ ကျနော့်အပြုံးကလည်း နူးညံ့နွေးထွေးနေတယ်။
ဒါတွေကို ပေါင်းစပ်ကြည့်ရင် “မင်းတကယ်လှန်ကြည့်လည်း ငါသဘောကျပါတယ်...“ဆိုတာမျိုး
သူ့ မသိစိတ်ထဲ ခံစားမိသွားနိုင်တယ်။
သိစိတ်ထဲ တိုက်ရိုက်ရောက်အောင် ပေါ်တင်လောင်းချပြလိုက်တာထက် မသိစိတ်ထဲခံစားမိအောင် ခပ်ပါးပါးလေးထည့်လိုက်တာက ပိုပြီးခရီးတွင်တယ်။
ဘယ်ကိစ္စမှာဖြစ်ဖြစ် သိစိတ်နဲ့မသိစိတ်ယှဉ်ရင် မသိစိတ်ကဘဲ အနိုင်ယူသွားတာများတယ်။
စိတ်တွေကို စမ်းစစ်ရင် သုံးသပ်ကြည့်မိတာပါ။
အဲ့ဒီညက ကျနော် ကောင်းကောင်းအိပ်မပျော်ဘူး။ သိချင်တာသိလိုက်ရလို့ ပျော်နေတဲ့ စိတ်ရယ်
ရှေ့ဆက်တက်ချင်တဲ့စိတ်ကို ထိန်းချုပ်လိုက်ရတာရယ်ကြောင့်ပါ။ နောက်တော့ ကိုယ့်ဟာကိုယ်
masturbate လုပ်ပြီးစိတ်လျှော့လိုက်ရတယ်။
ဒီကောင် လှိုင်လေးအကြောင်းကတော့ ကျနော်သိသွားပြီ။ bot gay ဆိုတာလည်းသေချာသွားပြီ။
ဟိုကောင် မျိုးဆက်အကြောင်းဘဲ သိဖို့လိုတော့တယ်။ မျိုးဆက်ကတော့ gay ဖြစ်မယ်ဆိုရင်တောင် top gay ဘဲဖြစ်ဖို့များတယ်။ စိတ်ထဲခံစားပြီး ခန့်မှန်းကြည့်တာပါ။
တကယ်ဟုတ်မဟုတ်ကတော့ စမ်းကြည့်ရဦးမှာဘဲ။
straight တွေနဲ့ပက်သက်ခဲ့ဖူးတဲ့ကျနော်ဟာ bot gay ထက် top gay ကို ချဉ်းကပ်တဲ့ပညာပိုပြီး
ကျွမ်းကျင်လိမ့်မယ်လို့ယုံကြည်တယ်။ ဒါပေမယ့် straight နဲ့ top မတူတဲ့အချက်က cock ကိုကြိုက်မကြိုက်ဆိုတာပါဘဲ။ straight က cock ကို မကြိုက်ပါဘူး။ top ကတော့ လုပ်လို့သာ
top ဖြစ်နေပေမယ့် ယောကျာ်းချင်းသာစိတ်ဝင်စားတဲ့ gay သာဖြစ်တဲ့အတွက် cock ကိုကြိုက်ပါ
တယ်။
မှတ်ချက်။ ။ ဒီနေ့ချိန်ထိ online မှာ ကြုံသမျှစမ်းစစ်ကြည့်တာ cock မကြိုက်တဲ့ top ဆိုတာ
မတွေ့သေးပါဘူး။ သူတို့ကိုယ်သူတို့ ယောကျာ်းပီသတဲ့ဘက် ပိုပြီးပြချင်တာနဲ့ မကြိုက်ချင်ယောင်
ဆောင်တာပါ။ တကယ်တော့ ဘာမထူးတဲ့ အာလူးပါဘဲ။ ကျနော့်အမြင်သက်သက်ပါ။ တကယ်လို့
ချွင်းချက်ဆိုတာရှိရင် ကျနော်အတွေ့အကြုံနည်းသေးတာ ဖြစ်ပါလိမ့်မယ်။
(top တွေဟာ နွဲ့နေတဲ့ bot ထက် မနွဲ့တဲ့ bot ကို ပိုကြိုက်ကြတယ်ဆိုတဲ့အချက်ကို အခြေခံအမြင်
အဖြစ်ကိုင်ဆွဲကြည့်ရင် ဆင့်ကဲသုံးသပ်ချက်တွေဟာ ကျနော့်အမြင်မှာ ဘောင်ဝင်လာနိုင်ပါတယ်။)
ဆက်ရန်..................................................
ချစ်မိုးစွေ...............................................

No comments:

Post a Comment

အချစ်တစ်ခု ပြယုဂ်တစ်ခု

“......................”  သားကြီးဆီမှ ကြားလိုက်ရသော နာမည်ကြောင့် ကျွန်မတစ်ကိုယ်လုံး တောင့်ခဲ သွားသည်။အဆုံးမရှိသောတွင်းနက်ကြီးထဲသို့ ပြုတ်ကျ...