Friday, February 13, 2015

ကျမနာမည် ခင်မေသိန်း (၉)

" ကျမ နမည် ခင်မေသိန်း "
. . . . အပိုင်း(၉) . . . .

တိမ်သောက်သည် ခင်မေသိန်းရှေ့ တွင် တိတ်ဆိတ်နှုတ်ပိတ်စွာရှိနေသည်။ တိမ်သောက်၏မျက်နာဖြူဖြူလေးသည် တစ်ချက်ချက် လည်မြိုရှင်းရန် အလိုငှား ထောင်ထွက်လာသော လည်သီးလေးနှင့် အတူနီရဲတတ်လာသည်။

" တိမ်သောက် ပြောစရာရှိတာပြောလေ အားမနာပါနဲ့ "
ခင်မေသိန်းက စ၍ စကားလမ်းကြောင်းတည်လိုက်တော့မှ တိမ်သောက်သည် ခပ်ဖျော့ဖျော့တစ်ချက်ပြုံးသည်။

" ပေါက်စီအတွက် တောင်းပန်ချင်လို့ ပါ သူက ကလေးလိုဆိုးတယ်၊ ခင်မေသိန်းအတွက်ပေးတဲ့ မွေးနေ့ လက်ဆောင်က ကျနော်ပေးချင်လို့ ပေးတာပါပြန်မတောင်းပါဘူး"

တိမ်သောက်သည် အားလျော့နေသော အပြုံးများကို ကြိုးစား၍ တင်းထားဟန်ရှိသည်။ လှည့်ထွက်သွားသော တိမ်သောက်၏ ကျောပြင်ကို ခင်မေသိန်းဆက်ကြည့်နေရင်း မေးလိုက်သည်။

"ဘာလို့  တိမ်သောက်ကောင်မလေးနဲ့  ဆင်တူအောင် လက်ဆောင်ပေးတာလဲ ကောင်မလေးအတွက်က ချစ်သူဖြစ်တဲ့အထိန်းအမှတ်ပေးတာဆိုတော့ တို့ ကိုကျတော့ရော ...."

တိမ်သောက်သည် ရယ်ကျဲကျဲလေးပြုံးကာ

" ပြောနေဖို့ လိုသေးလို့ လား " တဲ့။

ခင်မေသိန်းသည် ချစ်ရသော တိမ်သောက်အပြုံးများစွာမှ ထိုအပြုံးလေးကို အချစ်ဆုံးအဖြစ် မေ့နိုင်လိမ့်မည် မဟုတ်တော့ပါ။

ခင်မေသိန်းအတွက် တိမ်သောက်ရဲ့ ကောင်မလေးက ဘယ်လောက်တောင် ဂျီကျပြောဆို နေလိုက်မလဲ။ မိန်းမလျာတစ်ယောက်နဲ့ ပတ်သက်မူအတွက် ယောက်ျားတို့ သည် စွတ်ဆွဲပြောဆိုခံရမည်မှာ သေမလောက်ကြောက်ကြသည်။ ထိုအကြောက်တရားနှင့်အတူ သံယောဇဉ်တရားများပါ ဆုံးရှုံးရမည်ကို တွေး၍ ခင်မေသိန်းကြောက်နေရပြီ။ အဖြူရောင်အတိုင်းထားပေမယ့် အရောင်ဆိုးကြသူတွေအလိုက် ညစ်နွမ်းဆွေးမြေ့ မှာ ခင်မေသိန်း ကြောက်နေပြီလေ။
öö öö ööö ööö ööö öö öö öö öö

" နှင်းဆီနီ "

နှင်းဆီသည် သူမအားခေါ်လိုက်သော ခပ်မာမာအသံကြောင့် မော့ကြည့်လိုက်တော့ တွေ့ လိုက်တိုင်း မိန်းမဆန်ဆန်မြန်မာဝတ်မျိုးကို အထာကျကျ ဝတ်တတ်သော ဖြူနှင်းမှုန်ကိုတွေ့ ရသည်။
" ဖြူနှင်းမှုန်" ၊ မောင်မောင်၏ကောင်မလေး.....။ နှင်းဆီရှိရာ showပွဲနှင့် outdoorရိုက်ကွင်းများသို့  မကြာခနလိုက်ကြည့်နေတတ်သည်။

" ငါပြောစရာရှိတယ်"

နှင်းဆီသည် ဘေးပတ်ဝန်ကျင်ကို တစ်ချက်ငဲ့ ကြည့်လိုက်ကာ

" နောက်မှပြောပါ အလုပ်ထဲမှာ ဖြစ်နေတယ်" ဟု နှင်းဆီက ရိတ်မိစွာပြောလိုက်သည်။
ဖြူနှင်းမှုန်သည် ခေါင်းကိုတစ်ချက်ရမ်းကာ မဲ့ပြုံးပြုံးလိုက်သည်။ ဖြူနှင်းမှုန် ခေါင်းမာနေပြီကို နှင်းဆီသတိထားမိသည်။ indoorရိုက်ကွင်းထဲထိ လိုက်လာရဲသော သူမကို နှင်းဆီ အံ့သြနေသည်။

" နင် မောင်မောင်နဲ့  အတည်တွဲနေတာလား နင်အဆင်ပြေဖို့ အပျော်တွဲနေတာတွေ ရပ်တော့ နင်ဘာလို့  မောင်မောင့်ကို ခုတုံးလုပ်နေတာလဲ နင်က မိန်းမပျတ်သာသာပဲရှိတာပဲ "

ဖြူနှင်းမှုန်၏ ခက်မာမာအသံသည် ရိုက်ကူးရေးနားနေခန်းထဲတွင် ရှိသောလူအနည်းစု ကောင်းစွာ ကြားနိုင်လောက်အောင် ထွက်လာသည်။

နှင်းဆီသည် ထိုင်ရာမှ ထကာ ဒေါသအရိပ်များလွှားကာ

"နင့်ကို မုန်းလို့  သောက်မြင်ကပ်လို့  ရှင်းပါလား " ဟု ပြောလိုက်သောအခါ

ဖြူနှင်းမှုန်သည် စိတ်ထဲကမကျေနပ်မူများအား သူမ၏လက်သည်းများပေါ်သို့  အားစိုက်ချကာ နှင်းဆီ၏ မျက်နာကို ကုတ်ဖဲ့ဖို့ ကြိုးစားသည်။

မိန်းမနှစ်ယောက် မတ်တပ်ရပ်လျက် လုံးထွေးပုတ်သတ်လျက်ဖြစ်သွားတော့ ဘေးကလူများသည် ရွစိရွစိဖြစ်ကာ အံ့သြစွာကြည့်နေသည်။

နှင်းဆီသည် ဖြူနှင်းမှုန်၏ မျက်နာအား လက်ဝါးဖြင့် အားကုန်လွဲကာ ရိုက်လိုက်သည်။ ဖြူနှင်းမှုန်သည် ပလက်လှန်ကျသွားသည်။ လဲကျသွားသော ဖြူနှင်းမှုန်သည် နှင်းဆီကို တစ်ချက်ကြည့်၍ ခက်သဲ့သဲ့ရယ်နေသည်။

နှင်းဆီသည် ဖြူနှင်းမှုန်၏ ခြောက်ကပ်ကပ်ရယ်သံအား အံ့သြစွာကြည့်နေရင်း နာကျင်လာသော သူမပါးပြင်ကို သတိထားမိ၍ လက်ဖျားများနှင့် ကိုင်ကြည့်သောအခါ မျက်နှာပေါ်မှ သွေးများထွက်နေသည်ကို သတိထားမိသည်။

နှင်းဆီသည် အနီးမှာရှိသော မှန်ကို ယူကြည့်လိုက်တော့ မျက်နာနှစ်ဖက်ပေါ်တွင် လက်သည်းကုက်ယာကြီးကိုတွေ့ ရသည်။

နှင်းဆီ၏ မိတ်ကပ်လိမ်းမာမီဂျက်မ (ခင်မေသိန်းတပည့်) ရောက်လာပြီး

" ဟဲ့ဟဲ့ ဒါကဘယ်ကကောင်မလဲ ရိုက်ကွင်း အိမ်ထဲထိ ဘယ်လိုရောက်လာသလဲ ဘယ်သူမှ မောင်းမထုတ်ကျဘူးလား " ဟု အော်တော့မှ ပွဲကြီးပွဲကောင်း တစ်ခန်းရပ်သွားသည်။

ခင်မေသိန်းသည် နှင်းဆီအိမ်သို့  ရောက်သောအခါ နှင်းဆီသည် တရှုံ့ ရှုံ့ နဲ့ ငိုနေသည်။ ရိုက်ကွင်းထဲမှာ အရှက်ကွဲကာ မျက်နာဒဏ်ယာများနှင့် ပြန်လာရ၍ မကျေမနပ် ငိုနေသည်။
ခင်မေသိန်းသည် နှင်းဆီကို နှစ်သိမ့်ပေးကာ မောင်မောင်ကို ဒီကိစ္စနှင့်ပတ်သက်၍ အကျေအလည်ပြောပြီး ရန်တွေ့ ရတော့မည်ဟု ကျိမ်းဝါးလိုက်သည်။
~~~~~~~~~~~~~~ ~~~~~~~~~ ~~~~~~~~~~~~~~

မောင်မောင်နဲ့ ဖြူနှင်းမှုန်သည် ထုံးစံအတိုင်း နှင်းဆီကိစ္စအတွက် စကားများကြပြန်သည်။ နှင်းဆီအတွက် ဟန်ဆောင်ရည်စားလုပ်ပေးနေသော မောင်မောင့်ကို ဆက်မလုပ်ဖို့  မျိုးစုံအပြစ်တင်လာသည်။ ဒီလိုနဲ့  မောင်မောင်နဲ့ ဖြူနှင်းတို့  စိတ်ကောက်ကာ မခေါ်မပြော ဖြစ်သွားကြပြန်သည်။ သူတို့ အတွဲသည် နှင်းဆီအတွက် ဖြစ်ပေါင်းများ၍ မဆန်းသော်လည်း သံယောဇဉ်မေတ္တာတော့ မပျတ်နိုင်ကြပါ။
~~~~~~~~ ~~~~~~~~~~~ ~~~~~~~~~~~~~~~

မောင်မောင်နှင့် ခင်မေသိန်းသည် ပုဂ္ဂလိကဆေးရုံ၏ သားဖွားမီးယပ်အထူးကုအခန်းလေးရှေ့ တွင် ထိုင်စောင့်နေသည်။ ခင်မေသိန်း၏ အမေဖြစ်သူ မိန်းမရောဂါခံစားနေရ၍ မောင်မောင်က သူ့  ဆရာမဆီ ခေါ်လာ၍ ပြပေးခြင်းဖြစ်သည်။

"မောင်မောင် နင် ဖြူနှင်းနဲ့  နှင်းဆီ ဘယ်သူ့ ကို ပိုချစ်သလဲ " ဟု ခင်မေသိန်းကမေးတော့ မောင်မောင်သည် မဲ့ပြုံးလေးမပီမပြင်ပြုံးနေသည်။

"ငါ နှင်းဆီကို ချစ်တယ်လို့ နင့်ကိုဘယ်သူပြောလဲ "

" ငါ သိနေသလို နှင်းဆီလည်းသိနေတာပါ ငါတို့ တွေ မငယ်တော့ဘူးလေ နင်လည်း အလုပ်သင်ဆရာဝန်ပြီးလို့ ဘွဲ့ ယူတော့မယ် ဆုံးဖြတ်ချက် ပြတ်ပြတ်သားသားချပါတော့ နင်က ကျောင်းတစ်ဖက်နဲ့  မိဘအရိပ်အောက်ကမို့  ငယ်တယ်ထင်ပေမယ့် အလုပ်နယ်ပယ်ထဲက ငါတို့ နှင်းဆီတို့  ဖြူနှင်းတို့ မိန်းကလေးတွေကျတော့ မငယ်တော့ဘူးလေ နင်ပျတ်ပျတ်သားသား ဆုံးဖြတ်တော့ နင် ဖြူနှင်းကို ရွေးမယ်ဆိုလည်း နှင်းဆီနဲ့  ခပ်ခွါခွါနေဖို့ နင်ပြင်ထားရလိမ့်မယ် မောင်မောင်"

မောင်မောင်သည် ခေါင်းကိုငုံ့ ထားကာ နှုတ်ဆိတ်နေသည်။ သူ့ ရင်ထဲက အရာကို ခင်မေသိန်းဖြေရှင်းလို့ မတတ်နိုင်ပါ။

"မောင်မောင် ငါ နင့်ကို တစ်ခုလောက်မေးကြည့်ဦးမယ်"

ထိုကဲ့သို့  ခင်မေသိန်းစကားအစပြုလျင် ဆေးပညာဆိုင်ရာတစ်ခုခု မေးမလို့ ဟု မောင်မောင် သဘောပေါက်ပြီးသားဖြစ်သည်။

" ငါ့ရဲ့ ဟို.........ဟို..........ဟိုလေ

ဟို...........အဝမှာလေ အသားပိုလို အလုံး အစလေးတွေ့ နေလို့  ဟ"

"ဘယ်အဝလည်း နင်က ရှင်းအောင်ပြောလေ " ဟု မောင်မောင်က ရယ်ကျဲကျဲလုပ်နေသည်။

ခင်မေသိန်းသည် သက်ပျင်းတစ်ချက်ချ၍ မျက်စောင်းတစ်ချက် ပစ်ထိုးလိုက်ကာ

" ဟဲ့  တင်ပါးအဝကို ပြောနေတာဟေ့........
...................................................
တော်ကြာတစ်ခုခုဖြစ်နေမှာစိုးလို့  နင့်ကိုတိုင်ပင်တာ "

"ဘယ်လိုပုံမျိုးလဲ ရိုးတန်လေးလိုလား ခေါင်းလုံးလေးနဲ့  လည်ပင်ရှည်နဲ့ အသားပိုလား"

"အင်းအဲ့လို ပုံစံမျိုးပဲ"

"သာမန်အားဖြင့်တော့ အဲ့ဒါအသားပိုမျိုးပါပဲ ဘာမှမဖြစ်ဘူး ဒုက္ခတော့မပေးတတ်ဘူး ဖြတ်လည်းရတယ် မဖြတ်ပစ်လည်းရတယ် နင့်ရဲ့ အဝက ခံစားမူပေါ်နင် နေသာသလိုပဲ မူတည်တယ် ဟဲဟဲ ..." ဟု တစ်ဟဲဟဲ ရယ်နေသည်။

ခင်မေသိန်းသည် စကားကောင်းပြောနေရင်း ဖောက်လာသော မောင်မာင်ကို ခါးဆွဲလိမ်လိုက်တော့ မောင်မောင်သည် နာလို့ အော်သည်မျိုးမဟုတ်ဘဲ အူမြူးလို့ ရယ်ဟန်ဖြစ်နေသည်။

"တစ်ခုတော့ရှိတယ် အဲ့ဒါစစ်ကြည့်ဆန်းကြည့်ရင်တော့ ပိုကောင်းတာပေါ့ အဲဒါမျိုးရှိသူတွေက သူများတွေထက် စအိုလမ်းကြောင်းနဲ့  အူမကြီးမှာ အလုံးအကြိတ်တွေ ဖြစ်တတ်တယ်။ အလုံးအကြိတ်ဖြစ်လာရင် ကင်ဆာတွေဘာတွေ သတိထားရတယ် မျိုးရိုးဗီဇနဲ့ လည်းဆိုင်တယ်၊ ဝမ်းချုပ်မခံနဲ့  အသီးရွက်များများစား "

ခင်မေသိန်းသည် မောင်မောင်ပြောသမျှကို နားထောင်ကာ ကြောက်တောင်လာသည်။

" အဲ့ဒါဆို ဘယ်လိုလုပ်ရမလဲ "

"ဪ medical check up လုပ်ပေးပေါ့ဟ၊ လောလောဆယ်တော့ စအိုလမ်းကြောင်းအတွင်းပိုင်းတွေမှာရောရှိသေးလား နည်းသလားများသလား စစ်ကြည့်လေ၊ လာ ငါ စမ်းပေးမယ် "
ဟု မောင်မောင်က မျက်နာပိုးမသေစွာ ရယ်နေသည်။

"ဘယ်လိုစမ်းမှာလဲ"

" လက်နဲ့ အရင်စမ်းရမှာပေါ့ .......
..................
..................
ငါ့လက်ညိုးက နည်းနည်းတော့ ကြီးတယ်နော် ....ဟားးးးး "

"တိတ်စမ်း မထော်မနှမ်းတွေ ငါ့လာပြောနေတယ်"

"ဘာလဲ ငါက တိမ်သောက်မဟုတ်လို့ လား" ဟု ပြောပြီး

မောင်မောင်သည် တစ်ဟားဟား ဆက်၍ရယ်နေတော့ ခင်မေသိန်းသည် မောင်မောင့်ကျောကို ရိုက်ထုမိတော့သည်။
~~~~~~ ~~~~~~~~~~ ~~~~~~~~~ ~~~~~~~~~~ ~~~~

ခင်မေသိန်းသည် မိတ်ကပ်လောကတွင် အောင်မြင်လာတော့ သူ့ ရဲ့ အမေနှင့်အစ်ကိုနှစ်ယောက်၊ ဆွေမျိုးသားချင်းတို့ သည် သူ့ အတွက် ရှက်စရာမဟုတ်တော့ပဲ ဂုဏ်ယူစရာအဖြစ်သာ နေတတ်လာကြသည်။ ခင်မေသိန်းသည်လည်း ပညာဟူသည် ကုန်သည်မရှိ သဘောထားကာ အမြဲလေ့လာဆည်းပူးနိုင်အောင် ကြိုးစားနေသည်။

နိုင်ငံခြားမှာ မိတ်ကပ်ဒီဂရီတစ်ခုသွားယူနိုင်ရန် tofelကို ပြင်ဆင်နေရသည်။ အင်္ဂလိပ်စာနှင့်ဝေးခဲ့သည်မှာ အတော်ကြာခဲ့၍ tofelအတွက် အချိန်အတော်ယူကာ ကြိုးစားခဲ့ရသည်။ ထိုင်းတွင် diplomaတန်းတစ်ခု တက်ရောက်နိုင်ရန် စ၍စီစဉ်နေပြီဖြစ်သည်။ ဆီလီကွန်အသုံးချမူ မိတ်ကပ်ပညာကိုပါ တတ်အောင်သင်မည်ဟု သူတွေးထားသည်။ Professional artist တစ်ယောက်ဖြစ်အောင် advance course တစ်ခုခုယူဖြစ်သွားရင် နှစ်နှစ်တော့ အနည်းဆုံး ကြာသွားလိမ့်မည်ထင်သည်။

သူထွက်သွားလျင် ကျန်ရစ်ခဲ့မည့် သံယောဇဉ်တွေအတွက် ကြိုးစား၍ မငိုမိအောင်နေရမည်ဟု တွေးနေမိသည်။ သူ ပြန်လာပြီးလို့  ခနကြာမှ တိမ်သောက်တို့  လက်ထပ်ကြရင်ကောင်းမည်ဟု တွေးနေမိသည်။ တိမ်သောက်တို့ က စောင့်နိုင်မည်တဲ့လား။ မပိုင်ဆိုင်နိုင်မှန်း သိပေမယ့် ယခုကဲ့သို့  အနားမှာနေနိုင်ဖို့  အချိန်တွေအရမ်းနည်းသွားမှာ သူစိုးရိမ်နေသည်။ မလျှောက်မဖြစ် တည်ဆောက်ရမည့် ဘဝတွေအတွက် သူ သွားမှဖြစ်မည်ဟုလည်း တွေးနေမိသည်။

ကျန်ရစ်ခဲ့သော ဆိုင်ကိုတော့ အမေ၊အစ်ကိုတို့ နင့်အတူ ညာလက်ရုံးမာမီမာတို့ အဖွဲ့ နှင့်သာ အပ်ခဲ့ရမည်ဖြစ်သည်။ ထွက်မသွားခင် မောင်မောင်နဲ့ နှင်းဆီကိုလည်း နီးစပ်စေချင်မိသည်။

တစ်နေ့ သူထွက်သွားရလို့  " လွမ်းလို့ ကျန်ရစ်ခဲ့မှာ အားနာပါတယ်လေ ဟု သူ မပြောရဘဲ၊ အလွမ်းများနှင့် ထွက်ပြေးရသလို ဖြစ်တော့မှာ သူကြောက်နေပြီ "

မသွားခင်တစ်ခေါက်တော့ တစ်ယောက်သောသူရဲ့  အနမ်းတွေ တစ်ခါလောက် လိုချင်မိတာ သူ့ ဘက်ကကြည့်လို့  မမှားယွမ်းတဲ့ လောဘတစ်ခုသာ သက်မှတ်ပါရစေတော့။

" ကျမတို့ လည်း အချစ်စစ်နဲ့  ချစ်တတ်ကြပေမယ့် ခံစားနားလည်ပေးမယ့်သူ သိပ်နည်းနေတာ ဘယ်သူသိမှာလဲ၊ မိန်းမစစ်တွေဟာ ခူးမယ့်သူကိုမျှော်နေရုံသာဆို ကျမတို့ မိန်းမအတုတွေအတွက် မမျှော်နိုင်တာ ပြောမထွက်နိုင် မသင့်တယ်ဖြစ်တည်ရမူကို မမုန်းချင်တော့ပါဘူး၊
ပေးစပ်သူသာ ဖြစ်ပါရစေလို့  ဆုတောင်းကောင်းခဲ့ဖူးသလား ........ခင်မေသိန်းရေ "

ဆက်ပါဦးမည်......

( to read more, to be a liker or follower on page

likeဘားကို clickနှိပ်ပြီး ကျလာတဲ့ဘောက်ထဲက notification နှိပ်ထားလိုက်ပါ။အဲ့လိုဆို storyအသစ်တွေ မလွတ်တော့ဘူးပေါ့။

www.facebook.com/cakewritter )

ချစ်ခြင်းအားဖြင့်-
ကိတ်မုန့် 
29Aug13,

No comments:

Post a Comment

အချစ်တစ်ခု ပြယုဂ်တစ်ခု

“......................”  သားကြီးဆီမှ ကြားလိုက်ရသော နာမည်ကြောင့် ကျွန်မတစ်ကိုယ်လုံး တောင့်ခဲ သွားသည်။အဆုံးမရှိသောတွင်းနက်ကြီးထဲသို့ ပြုတ်ကျ...