Friday, February 6, 2015

ကျမ နမည် ခင်မေသိန်း (၆)

" ကျမ နမည် ခင်မေသိန်း "
. . . . အပိုင်း(၆) . . . .
. . .ကမ္ဘာကြီးကကျယ်ပေမယ့် ကိုယ်ကျင်လည်ရာအသိုင်းအဝိုင်းဟာ ကျဉ်းလွန်းသတဲ့။ ထိုစကားနှင့်အတူ တိမ်တောက်ကို ပြန်တွေ့ နိုင်မလား မမျှော်လင့်ရဲပဲ မျှော်လင့်နေမိခဲ့တာ ၄နှစ်ကျော်လောက်ရှိခဲ့ပေါ့။ မျှော်နေသူ ပေါ်လာသော်လည်း နှုတ်ဆက်ပြုံးပြဖို့  နှုတ်ခမ်းတွေစေးခဲနေခဲ့တာ ကုန်လွန်ခဲ့တဲ့ မျှော်လင့်တမ်းတမူ အချိန်တွေအတွက် မကောင်းဘူးပေါ့နော်။

. . .ငယ်ရွယ်နုပျိုစဉ် ဘာမှရေရေရာရာ မသိတဲ့အချိန်အခါမှာ အနားကို ပထမဆုံးရောက်လာသူအဖြစ် အမှတ်ရကျန်ခဲ့တတ်ကြတာ ကြုံဖူးသူတွေ ငြင်းကြမည်မဟုတ်ဘူးမလား။

ကိုးတန်းကျောင်းသား ခင်မောင်သိန်းဘဝမှာ ရယ်ရွှင်ဖွယ် ကနွဲ့ ကရဖြစ်စဉ်များနှင့် သူငယ်ချင်းများနှင့် အတူကျောင်းတက်ကြရင်း မိတ်ကပ်မာမီတစ်ယောက်နှင့် တွေ့ ဆုံကာ ခင်မောင်သိန်းမှ ခင်မေသိန်းဟု စတင်ပြောင်းလဲခဲ့သည်။
သူ ကိုးတန်းနဲ့ ကျောင်းထွက်လိုက်ပြီး သူ့ သူငယ်ချင်းတွေဖြစ်တဲ့ မောင်မောင်ကဆေးကျောင်းတက်ကာ ကောင်မလေးတစ်ယောက်နှင့်တွဲနေပြီး နှင်းဆီကမျက်နာများသော ကောင်မလေးအဖြစ် ဒဂုံတက္ကသိုလ်တွင် နမည်ကြီးကာ မောင်မောင်နဲ့ နှင်းဆီတို့ နှစ်ယောက် ပနံမသင့်တော့ပါ။

မိတ်ကပ်လိမ်း ဆံပင်ညှပ်ဆရာ မိန်းမလျာဘဝသို့ ပြောင်းလဲနေထိုင်ဖို့ ကြိုးစားလာသူ ခင်မေသိန်းသည် ပတ်ဝန်းကျင်ရိုက်ခက်မူ အခက်ခဲများကို ရင်ဆိုင်ရင်း၊
အမေနဲ့ အစ်ကိုများလက်ခံပေးနိုင်အောင် ကြိုးစားနေခဲ့ရင်း မိတ်ကပ်အလှဖန်တီးရှင်အဖြစ် ဆက်လက်လျှောက်လမ်းခဲ့ရသည်။ မြဇ္ဇူအလှပြင်ဆိုင်မှ အကောက်ကြံခံ စွတ်ဆွဲခံရ၍ ထိုမှထွက်လာခဲ့ရပြီးနောက် မိကျား၏ငွေအရင်းအနှီးမူနှင့်အတူ အလှပြင်ဆိုင်လေးတစ်ခု ဖွင့်ခဲ့သည်။
. . . . . .(ခ). . . .

. . .နှင်းဆီသည် fashion မဂ္ဂဇင်းအတွက် ရိုက်ပေးထားသော ဓာတ်ပုံအချောထည်များအား မိုးတိမ်တောက်Photo studioမှာ ပြန်သွားကြည့်သည်။ နှင်းဆီက တလက်စတည်းဟု တွေးကာ ကိုးတန်းကျောင်းသူအရွယ်က မောင်မောင်၊ခင်မေသိန်းတို့ နှင့်တွဲရိုက်ထားသော ဓာတ်ပုံဟောင်းတစ်ချို့ ကိုပြန်ကူးယူရန် မိုးတိမ်တောက်ခေါ် တိမ်တောက်ထံ ဓာတ်ပုံအပ်သည်။

တိမ်တောက်သည် ဓာတ်ပုံဟောင်းများမှ ခင်မေသိန်းကို ကြည့်ပြီး မျက်လုံးအပြူးသားနှင့် အံ့သြသွားသည်။

နှင်းဆီရဲ့ မိတ်ကပ်လိမ်း မိန်းမဝတ် မိန်းမဟန်များနှင့် မိန်းမလျာကိုမြင်တော့ သူ့ အတွေးအရိပ်ထဲမှာ တစ်စုံတစ်ယောက်နှင့် တူလွန်းသည်ဟု ထင်မိသော်လည်း တစ်ယောက်ထည်းဖြစ်နေလိမ့်မည်ဟု သူ မတွေးမိခဲ့။

" ဒါ ဒါ ဘယ်သူလဲ " ဟု တိမ်တောက်က ဓာတ်ပုံဟောင်းများမှ ယောက်ျားဝတ်အဝတ်စားများနှင့် ခင်မေသိန်းကို လက်ထိုးမေးနေသည်။

နှင်းဆီသည် မျှော်လင့်မထားသော တိမ်တောက်၏အမေးအတွက် ရုတ်တရက် နားမလည်ကြောင်နေသလို ဖြစ်ပြီး အကင်းပါးစွာနှင့်

" ဪ ဒါ နှင်းဆီ့ မိတ်ကပ်Artistရဲ့ မောင်လေး ခင်မောင်သိန်းပါ ရုပ်တူလို့ လား " ဟု ရိပ်စားမိဟန်နှင့် ပြန်ဖြေသည်။

တိမ်တောက်သည် အံ့သြမူနှင့်မယုံကြည်မူကို စုတ်ကိုင်လျက်...

"နှင်းဆီရဲ့ မိတ်ကပ် artist နာမည်က ခင်..မေ...သိန်း လား" ဟု အတွေးတစ်ချို့ အား ယုံကြည်မျှော်လင့်စွာ မေးမိသည်။

"အင်း ဟုတ်တယ်လေ ခင်မေသိန်း ဟိုနေ့ ကပါလာတယ်လေ အဲ့တုန်းက နာမည် သိသွားတာလား" ဟု နှင်းဆီက နားမလည်စွာ မေးတော့ တိမ်တောက်က ယောင်ယောင်ကန်းကန်းနှင့် ခေါင်းပြန်ခါတော့ နှင်းဆီက ပို၍နားမလည်စွာပဲ ရှိနေသည်။

ခင်မေသိန်းရဲ့ ယောက်ျားလေးဟန် ခင်မောင်သိန်းဘဝတုန်းက ဓာတ်ပုံများကို တွေ့ သောသူတစ်ချို.့ သည် " ဟယ် သူက အရင်တုန်းက ဒီလိုမျိုးလေးလား " ဟု ပြောလေ့ရှိတိုင်း ခင်မေသိန်းသည် မနေတတ်သလို ဖြစ်နေတတ်သည်။ ၎င်းပုံများကို ကြည့်၍သဘောကျလောင်ရယ်ကျေနပ်စွာ ပြောနေတတ်သူတို့ အဖို့  လေးနက်သော အဓိပ္ပါယ်မပါသော်လည်း ခံရသူအဖို့ မိမိရဲ့ ဇွတ်ပြုပြင်ပြောင်းလဲထားသော မိန်းမလျာတစ်ယောက်၏ ရပ်တည်မူ အားနည်ချက်များကို ထောက်ပြသလို မလုံမလဲ ခံစားရတာ အနည်းနှင့်အများဆိုတာ ကိုယ်တိုင်ရပ်တည်ရသူနှင့် နားလည်ပေးနိုင်သူတို့ မှ သိကြလိမ့်မည်။

ထို့ ကြောင့် ခင်မေသိန်းသည် ထိုပုံများကို တွေ့ သောလူတစ်ချို့ အား ခင်မေသိန်းရဲ့ ယခင်ဘဝနေထိုင်မူဆိုတာထက် ခင်မေသိန်းရဲ.့ မောင်လေးလို့ သာ ပြောလိုက်ပါဟု ပေါ်တင်ပဲလိမ်၍ စကားဖြတ်စေခဲ့သည်။

. . . . . . . (ဂ). . . .

. . .လူလည်ပန်ကာမ မိကျားသည် အလှပြင်ဆိုင်ကို အတူဖွင့်ကြတုန်းက ပညာအားနှင့် ငွေအားစပ်တူဟူ၍ အချိုးကျနီးနီး အတူလုပ်ကိုင်မည် စတင်ပြောဆိုခဲ့သော်လည်း တဖြည်းဖြည်းနဲ့  ငွေရှင်လုပ်ငန်းရှင်ဟန်နှင့် ခင်မေသိန်းအား အငှားခန့် အလုပ်သမားဟန် ဆက်ဆံလာသည်။ ပို၍ဆိုးသည်က မိကျားသည် နဂိုကတည်းကမှ ယဉ်ကျေးစွာဆက်ဆံပြောဆိုတတ်ခြင်း အလျင်းမရှိတော့ ပိုဆိုးသည်။ ခင်မေသိန်းအပေါ် ပညာသည်ဆိုသည့် ပုံစံမျိုးတောင် မဟုတ်ဘဲ ဧည့်သည်ရှေ.့ မရှောင်ဆရာလုပ် ဆူပူတတ်သည်။ ငွေကောင်တာကို တစ်ဦးတည်းကိုင်ကာ အလုပ်ရှင် အလုပ်သမားဟန်နှင့် ဆက်ဆံလာသည်။

ငယ်ငယ်ကတည်းက ပေါင်းလာကြပြီး ဒီဆိုင်လေးအောင်မြင်ဖို့  အတူလုပ်လာကြတာ အောင်မြင်မည်ကြံမှ အချိုးပြောင်းလွယ်တတ်သော မိကျားကို ခင်မေသိန်းဟာ မကျေနပ်သော်ငှား အားနာတတ်မူနှင့် အလုပ်လက်မဲ့ပြန်ဖြစ်မှာဆိုးရွံ.့ မူစသည်တို့ ဖြင့် ပြန်မပြောဖြစ်ဘဲ အောင့်အီးနေမိသည်။ ထိုသို့ သောအဖြစ်အား ကြောက်တတ်သည်ကို သိ၍ မိကျားသည် ပို၍ပို၍နိုင်စားလာသည်။ ဧည့်သည်အလာနည်းသောနေ့ တစ်ချို.့ ဆိုလျင် ဒီနေ့  အတွက်တော့ မယူပါနဲ့ တော့ ဆိုင်ကြေးနဲ့ မကံမိဘူးဟု ဆိုကာ ငွေမရှင်းပေးဘဲတောင်ရှိကာ လူလည်ကျလွန်းလာသည်။ သူမိတ်ကပ်လိမ်းပြင်ဆင်ပေးတာ ဘေးကကြည့်နားလည်လာပြီး မိတ်ကပ်လိမ်းရင် ဟိုဟာက ဘယ်လို ဒီဟာကဘယ်ပုံနဲ့ ဆရာဝင်ဝင်လုပ်လာသည်။ အလှလာပြင်သူတချို့ သည် လူရှေ.့ သူရှေ.့ ဆရာလုပ်လွန်းတဲ့ မိကျားကို အဟုတ်မှတ်ကာ မိတ်ကပ်ဖန်တီးရှင်သူ့ ထက်ပင် အားကိုးသလို ဖြစ်လာသည်။

နောက်ဆုံးမှာ ခင်မေသိန်းသည် လွတ်လပ်စွာ ဖန်တီးခွင့်မရ မိမိကိုယ်ကို ရပ်တည်ချင်သော အိမ်မက်နှင့်ဝေးနေသည်ကို မခံနိုင်တော့ပဲ ငါမလုပ်နိုင်တော့ဘူးဟု ပြတ်ပြတ်သားသားပြောကာ လမ်းခွဲရတော့သည်။ အနုပညာသမားဟူသည် ကိုယ်ပိုင်လွတ်လပ်ခွင့်နှင့် ဘောင်ကင်းစွာ ရပ်တည်လိုချင်ကြသည်သာ ဖြစ်သည်မဟုတ်လား။

. . . . . . (ဃ). . . . .

. . .ခင်မေသိန်းသည် အလုပ်လက်မဲ့ပြန်ဖြစ်ကာ အရင်လို မနေတတ်မထိုင်တတ်နဲ့ ဖြစ်နေပြန်သည်။ အောင်မြင်ချင်လွန်းသောသူ ကြိုးစားချင်သူတို့ အဖို့ အလုပ်သည်သာ အဖော်မွန်၊ အလုပ်သည်သာ အားကိုးရာဖြစ်သည်မဟုတ်လား။

. . . နှင်းဆီ Showလျှောက်စရာရှိသောအခါမျိုး၊ဓာတ်ပုံရိုက်ရန်ရှိသောအခါမျိုးသာ အလုပ်ရှိပြီး ကျန်တဲ့အချိန်တွေမှာ သူ့ အမေရဲ့ ဈေးဆိုင်လေးတွင်သာ ကူညီပေးရသည်။ ခင်မေသိန်းအဖို့  airconခန်းထဲမှ မိတ်ကပ်Artistတစ်ယောက်အဖြစ်မှ ရွှံ့ ထူဗွတ်ထူဈေးထဲက ပြန်ကျဈေးသည်အဖြစ် နေ့ ချင်းညချင်း ပြန်ဖြစ်သွားသည်။

မနက်ပိုင်းဈေးထဲမှာ ဆိုင်ထွက်သောအခါ ကိုယ့်ဆိုင်ဘေးနားကပ်လျက်က တောဆင်တောင်ဆင်ဟန်နှင့် အာကြမ်းလျှာကြမ်း မိန်းမလျာငါးသည်မနှင့်ကလည်း ဆိုင်နေရာစွန်းသည် ကျော်သည်ဟုဆိုကာ စကားခနခနများရသည်။
ဝတ်ထားတော့ ယောက်ျားရှပ်အင်္ကျီပွပွနှင့် နွှဲလိုက်နွှာလိုက်တာများ ဘာပြောမလဲနော်။ ပါးစပ်ကလည်း ငါးသည်အားလုံးကိုယ်စားပြုသလား ဘာစွာသလဲမပြောနဲ့ ၊

" ဒါမျိုး မကြောက်တဲ့ ရွားဂျိုးအခြောက်" တဲ့ ၊

" ဟဲ့ လူတကာဗျင်းတဲ့ သူဇာဝင်းနဲ့ တော့ တွေ့ ကြပြီပေါ့ "

ဟုလည်းဆိုတတ်ကာ သီဟဝင်းကို ကိုယ့်ကိုကိုယ် လူတကာနဲ့ မတည့် အမြဲအနိုင်ယူ သတ်ပုတ်နေရသူ လူတကာဗျင်းတဲ့ သူဇာဝင်းဟု တလွဲကြီး ဂုဏ်ဖော်အော်လေ့လည်းရှိသည်။

အရှက်မဲ့စွာ ဂုဏ်ဖော်နေလိုက်သည်များက ခရားရေလွတ်တတွတ်တွတ်နဲ့  ပြောမဆုံးပေါင် တောသုံးတောင်အလားပါပဲ။
သူ့ ကိုလည်း အချိန်အခါ နေရာမသိ လာရောင်းတော့ ဆင်းရဲသားဈေးထဲ ဝတ်စားထားတာ အမြင့်စားရှောက်သီးဆေးပြားသည်လားပဲဟု သူ့ ရဲ့ မြန်မာဟန်ဝတ်စားဆင်ယဉ်မူတွေကို စောင်းငဲ့ပြောနေသေးသည်။

ဆင်းရဲတာချင်းတူတဲ့ မိန်းမလျာချင်းဖြစ်ပေမယ့် အသိုင်းအဝိုင်း ကျင်လာရာဘဝချင်းမတူ ခံယူချက်၊ ရည်မှန်းချက်ခြင်းမတူ၊ စရိုက်ခြင်းမတူတော့ ဘယ်လိုမှ ပြေရာပြေကြောင်းညိုမရပါ။ဒါကိုပင် ခင်မေသိန်းက အဆင့်မြင့်အသိုင်းအဝိုင်းဟန်ဆောင်ကာ ချေနေပါတယ်ဟု အတင်းစကားပြောကာ အမြဲအမြင်စောင်းလေ့ရှိသည်။

ထိုနေရာသည် သူ့ နေ့ ရာအစစ်မဟုတ် သူ့ အရည်အချင်းနှင့် နွမ်ထဲမှာမြုပ်မနေသင့်တော့ဟု အားပေးတွေးကာ
"တစ်နေ့ မှာ ကျမနာမည် ခင်မေသိန်းဆိုတာ အားလုံးသိရမည် " ဟု ကြိမ်းဝါးလိုက်သည်။

. . . . . . .(င). . . . .
"အာလူး ဘယ်လိုရောင်းလဲ"ဟူသော အသံကို ခေါင်းမော့ကြည့်လိုက်တော့ နုညံ့သောအပြုံးတစ်ခုသည် သူ့ အားစီးမိုးထားသည်။ ဖြူနုနုအသားရည်ပေါ်က ပန်းနုရောင်ခပ်ဖျော့ဖျော့ နှုတ်ခမ်းထူထူလေးသည် ကွေးညွှတ်နေသည်။ အတိတ်ပွဲခင်းညထဲက ကောင်လေးတစ်ယောက် သူ့ အနားကိုပြန်ရောက်လာခဲ့ပြီ။

ဆက်ပါဦးမည်.........
Credit :  to read more, to be a liker or follower on page
www.facebook.com/cakewritter

ချစ်ခြင်းအားဖြင့်

ကိတ်မုန့် 
Aug13,2013

No comments:

Post a Comment

အချစ်တစ်ခု ပြယုဂ်တစ်ခု

“......................”  သားကြီးဆီမှ ကြားလိုက်ရသော နာမည်ကြောင့် ကျွန်မတစ်ကိုယ်လုံး တောင့်ခဲ သွားသည်။အဆုံးမရှိသောတွင်းနက်ကြီးထဲသို့ ပြုတ်ကျ...