Monday, February 9, 2015

ကျမနာမည် ခင်မေသိန်း (၈)

... " ကျမ နမည် ခင်မေသိန်း "
. . . . အပိုင်း(၈) . . . .

မနက်ကနေရောင် ခပ်နွေးနွေးနှင့် ကန်တော်ကြီးဥယာဉ်ကျယ်သည် ဆိုင်းမဆင့်ဗုံမဆင့် ပြိုကျလာသော မိုးရေတို့ ကြောင့် ကန်တော်ကြီးဥယာဉ်၏ လူလျှောက်လမ်းများသည်လည်း မိုးရေများနှင့်ခပ်စိုစိုဖြစ်နေသည်။

မိုးရွာချ၍လည်း ဒါရိုက်တာသည် ရိုက်ကွင်းမနားပဲ ဇာတ်ညွှန်းပြောင်း၍ ရိုက်နေသည်။ မင်းသမီးတွေ မိုးရေစိုသည့်အခန်းမျိုး ရိုက်ရမည်မို့  မိတ်ကပ်တွေပြန်ဖြတ်ကာ ရေစိုခံမိတ်ကပ်များပြန်ပြင်လိမ်းပေးရသည်။

မိုးရေခပ်ဖွဲဖွဲတွင် မင်းသမီးနှစ်ယောက် စကားများရန်ဖြစ်ငြင်းခုန်ကြသည့် အခန်းတွင် ခင်မေသိန်း မိတ်ကပ်လိမ်းပေးထားသော မင်းသမီး ငုဝါက ငိုသောအခါ မျက်ရည်နှင့် မိုးရေတို့ ပေါင်းကာ မျက်ဝန်းများမှ mascara အနက်ရောင် ခပ်သဲ့သဲ့သည် ပါးပြင်ပေါ်ဆင်းကျလာသည်။ ထိုအခါ ရိုက်ကူးရေးအဖွဲ့ သားများက နာမည်ပြောင်ပေးထားသော ဗြားကြီး ခေါ်နွဲ့ နွဲ့ မူသည်

" ဟယ် မိတ်ကပ်ဘယ်လို လိမ်းထားသလဲ ကြည့်ပါဦး အဲ့ဒါ ဂွမ်းတာလို့ ခေါ်တာပဲ ရေစိုခံ mascareမသုံးတတ်ဘူးလား မသိဘူး ဒီမင်းသမီး မိတ်ကပ်ဆရာက ကင်မရာမိတ်ကပ်ရော နားမလည်ရဲ့ လားမသိဘူး " ဟု ဒါရိုက်တာကြားလောက်ရုံ အတင်းသုပ်ပြောဆိုနေသည်။

နွဲ့ နွဲ့ မူသည် ထိုဆင်း(အခန်း)ပြီးပြီးချင်း ဒါရိုက်တာဆီသွား၍ မင်းသမီးကို သူ့ လိမ်းပေးထားသော မိတ်ကပ်အဆင်ပြေရဲ့ လား ဘာလိုလည်း သူဘယ်လိုလိမ်းပေးထားတယ် စသည်ဖြင့် သူများမကောင်းဘူးညွှန်ကာ ကိုယ်ရည်သွေး၍ နာမည်ပြောင်နဲ့ လိုက်အောင် နွဲ့ မူ၍ပြောဆိုနေသည် များက ရုပ်ကြမ်းကြီးနှင့် မလိုက်ဖြစ်နေကာ ရိုက်ချင်စရာကောင်းလောက်အောင် မူနွဲ့ လွန်းသည်။

ဒါရိုက်တာနှင့် ဓါတ်ပုံဆရာ တိမ်တောက်တို့ က နွဲ့ နွဲ့ မူအား မိတ်ကပ်ကောင်းပါတယ် အရမ်းကောင်းဟုပြောပြီး ခင်မေသိန်းဘက်လှည့်ကာ ချီးကျူးစကားပြောပြန်သည်။

ခင်မေသိန်းသည် မျက်လုံးဆိုးဆေး mascaraကို ရေစိုခံတစ်ထပ်လိမ်းပေးပြီး အပေါ်ကနေ ရိုးရိုးmascaraလေး ပါးပါးတို့ ပေးလိုက်တော့ မင်းသမီးအတွက် ပို၍သဘာဝဆန်သော ရုပ်ပျတ်ဆင်းပျတ်မဖြစ်သော မိုးရေဖွဲဖွဲလေးမှာ ငိုထားသော မိန်းကလေးမှန်း ပို၍ပေါ်လွင်အောင် မိတ်ကပ်ပညာနှင့် ပုံဖော်ပေးနိုင်ခဲ့သည်။ခင်မေသိန်းလိမ်းပေးထားသော ငုဝါ့ မျက်နာပေါ်က မိတ်ကပ်များကလည်း မိုးရေစိုလေ ပို၍ ဝင်းပြောင်ပြီးလှလာလေ ဖြစ်နေသည်။

နွဲ့ နွဲ့ မူသည် မျက်နာလိုကာ သွားပြောခါမှ ဂွမ်းသွားပြီဟူသော အသိနှင့် နှာခေါင်းကိုရှုံ့  ခင်မေသိန်းကိုမျက်စောင်းထိုးကာ ထွက်သွားလေသည်။
. . . . . . *. * . *. *. . . . .

ခင်မေသိန်းသည် ရိုက်ကူးရေးမိတ်ကပ်လိမ်း မလိုက်ရသောနေ့ မျိုးတွင် တိမ်တောက်၏ဓာတ်ပုံစတူရီယိုတွင် ဓာတ်ပုံရိုက်သူများအတွက် မိတ်ကပ်လိမ်းပေးခြင်းအဖြစ် ရပ်တည်နိုင်လာသည်။သို့ သော် ခင်မေသိန်းသည် သူ့ အိမ်မက်အတိုင်း ကိုယ်ပိုင်အလှပြင်ခန်းမဖွင့်ကာ မိတ်ကပ်ဆံပင်ဖန်တီးရှင်တစ်ယောက်အဖြစ် ရပ်တည်လိုမူကိုတော့ မမေ့မလျော့ အားထုတ်လျက်ရှိသည်။ ရရှိသောငွေလေးတွေလည်း စုဆောင်းထားကာ တစ်လှမ်းခြင်းလျှောက်လှမ်းနိုင်အောင်သာ သူစတင်ကြိုးစားရပေသည်။ လောကမှာ ကျောထောက်နောက်ခံအင်အား မရှိသူတို့ မည်သည် ခက်ခဲပင်ပမ်းသော တောင်တက်လမ်းမှသာ တစ်လှမ်းခြင်း တက်လှမ်းရသူတို့ ဖြစ်သည်ဟု သူ့ ကိုယ်သူအားပေး၍ ဆက်လျှောက်နေခဲ့သည်။

#. #. #. #. #. ##. #. #. #. #. #. #. #

တစ်နေ့ မှာ ခင်မေသိန်းအမေဖြစ်သူသည် စုဆောင်းသိမ်းဆည်းထားသော စိန်နားကပ်အသေးလေးရယ် ရွှေလက်ကောက်ကွင်းသေးလေးနှစ်ကွင်းနှင့် ဆွဲကြိုးအသေးလေးတို့ ကိုထုတ်ကာ ခင်မေသိန်းအား ပေးလေသည်။ ခင်မေသိန်းသည် သူ့ အမေရဲ့ သဘော၊အဓိပ္ပါယ်ကို နားမလည်ပဲ သူ့ အမေကိုသာ ကြည့်နေဆဲ...

" ခင်မေသိန်း အမေတို့ မိသားစုမှာ အရင်ကသားတွေချည်းပဲ သမီးတစ်ယောက်မှ မပါခဲ့ဘူး ခွဲဝေပေးဖို့ လည်း ဘယ်သူမှ အိမ်ထောင်မကျခဲ့ဘူး အကြီးနှစ်ယောက်ကလည်း ဒီတစ်သက် ကြိုက်မည့်မိန်းမ မရှိ မိန်းမရမည့်ပုံလည်းမပေါ်တော့ သားကနေ သမီးဖြစ်လာတဲ့ နင့်ကိုပဲ နင်လိုနေတုန်း ပျိုးထောင်ပေးသင့်တယ်ဆိုတော့ ဒါကိုရောင်းချပြီး နင်စုထားတာလေးတွေနဲ့ ပေါင်းပြီး နင်ဖွင့်ချင်တဲ့ အလှပြင်ဆိုင်လေးဖွင့်ပါကွယ် "ဟု အမေက သူ့ အားပြောလာသည်။

"အစ်ကိုတို့ က ကျေနပ်ပါ့မလား " ဟု သူက အစ်ကိုတွေအတွက် ငဲ့ကာပြန်ပြောတော့

" နင့်အကိုတွေကို ငါမေးပြီးပါပြီ ငါတို့ အမျိုးတည်းမှာ ညည်းတစ်ယောက်ပဲ တစ်မီးပေါက်တစ်ကောင်ထွန်းနဲ့  ဝိုင်းပြီးပျိုးထောင်ပေးရမယ်ဆိုတာ နင့်အစ်ကိုတွေ နားလည်လက်ခံနေပါပြီ။ သဘာဝမကျတဲ့ သဘာဝတရားတွေကို လူတွေဟာ မလွဲသာလက်ခံကြရတာ ဘယ်ကတည်းက အစဉ်လာများလည်းတော့ မသိဘူး လက်ခံရတာပဲမဟုတ်လားကွယ်၊
နင့်အစ်ကိုတွေကပြောပါတယ် နင်သာရိုးသားကြိုးစားပါ အမေတို့ တွေ နင့်ရဲ့ ဖြစ်တည်မူကြောင့် မျက်နာမငယ်တော့ဘူးတဲ့ ဂုဏ်တက်ဖို့ ဆိုတာကတော့ နင့်ရဲ.့ ကြိုးစားမူပါပဲ "

ထိုသို့  အမေကပြောတော့ အမေနဲ့ အစ်ကိုနှစ်ယောက်၏ သူ့ ရဲ့ သဘာဝကြီးမှ ပြောင်းလဲနေထိုင် အံတုခဲ့မူများအတွက် နားလည်လက်ခံပေးမူရှိလာပြီကို သိရတော့ သူအတိုင်းမသိ ဝမ်းသာပီတိဖြစ်ကာ မျက်ဝန်းများမှ ထိန်းချုပ်ဖို့ အင်အားမရှိ မျက်ရည်ကျသည်အထိ ဖြစ်လာမိသည်။

မွေးဖွားလာလို့  လူမှန်းသိကတည်းက ယောင်္ကျားဝတ်ဆို မဝတ်ချင်ပဲ မိန်းမဝတ် အင်္ကျီအသုံးအဆောင်များသာ မြတ်နိုးတပ်မက်စွာ အသုံးပြုချင်တဲ့ သူ့ ဆန္ဒတွေသည် မိန်းမတစ်ယောက်အဖြစ်သာ ဘာလို့ မမွေးဖွားခဲ့ပါလိမ့်ဟု တွေးရင်းရှင်သန်ခဲ့ရသည်။ မိန်းမတစ်ယောက်သာ ဖြစ်ချင်သော မိန်းမစိတ်ပေါက်သူ ယောင်္ကျားတစ်ယောက်အနေနှင့် မိန်းမလိုဝတ်ဆင်နေထိုင်မူနှင့်သာ လောကကြီးကိုရင်ဆိုင်ရသည့် အခက်ခဲများသည် သူတစ်ယောက်တည်းမဟုတ်ပဲ မိဘညီအစ်ကိုများကိုပါ အရှက်ရ ထိခိုက်စေသည်အထိ ဖြစ်ခဲ့ရသည်။ ထိုအရာတွေကို ကျော်လွန်သည်အထိ ထိုးဖောက်ကာ သူ့ ရဲ့  ရပ်တည်မူ အလွဲများမှသည် ကောင်းမွန်သောဘဝတစ်ခုအဖြစ် ရပ်တည်နိုင်အောင်ကြိုးစားသွားမည်ဟု လမ်းကြောင်းမမှားစေဘဲ ဆက်လက်လျှောက်လှမ်းဦးမည်ဟု ဆုံးဖြတ်ချက်ခိုင်မာစွာချထားသည်။

..... ... ... .... ****. ***? *** ... .....

သူသည် မိန်းမစစ်တစ်ယောက် မဖြစ်နိုင်ပေမယ့် မိန်းမစိတ်ပေါက်သူ ပီသစွာ မိန်းမတို့ ကဲ့သို့ စိတ်ကူးယဉ်ခဲ့ဖူးသည်။ မိန်းမတို့ သည် ဆယ်ကျော်သက်အရွယ် စိတ်ကစားတတ်စဉ်မှ စ၍ လက်ထပ်မင်္ဂလာဆောင်လျင်ဟူသော အတွေးနှင့် အလှဆုံးပြင်ဆင်မူကို စိတ်ကူးယဉ်တတ်ကြသည်။ ထိုကဲ့သို့ သူလည်း စိတ်ကူးယဉ်ခဲ့တာပေါ့။ သို့ သော်ကိုယ်ကိုတိုင် သတိုးသမီးတစ်ယောက်အဖြစ် ထိုင်မသိမ်းလေးနဲ့  မိတ်ကပ်ဆံပင်ထုံးဖွဲ့ ဝတ်ဆင်ပြီးအလှဆုံး မဖြစ်နိုင်ပေမယ့် ဖြစ်နိုင်သူများကို သူအကောင်းဆုံးပံ့ပိုးပေးချင်သည်။ ထို့ ကြောင့် ခင်မေသိန်းသည် နာမည်ကြီးမင်းသမီးများကို အလှပြင်ပေးရသည်ထက် သာမာန်သာလှသောမိန်းမငယ်လေးများအား သတိုးသမီးချောများအဖြစ် ဖန်တီးပေးနိုင်မူကိုသာ ပို၍ခုန်မင်နှစ်သက်သည်။ ထိုကဲ့သို့ သူ့ အိမ်မက်တွေနောက် တစ်စတစ်စနဲ့ လျှောက်လှမ်းခဲ့သည်။

အိမ်မက်တွေသည် ခနတာမက်ရသော်လည်း ပုံတူပန်းချီများသည် အခြေအနေပေးမူနှင့် လက်ရည်လက်သွေးတို့ ပေါ်မူတည်၍ အချိန်များစွာ ကြာမြင့်တတ်သည်။

လသာမြို့ နယ် လမ်းသွယ်လေးထဲတွင် ဆိုင်လေးမကျဉ်းမကျယ်လေး တစ်ခု ငှားရမ်းရရှိမူသည် မောင်မောင့်ကျေးဇူး အများကြီးပါဝင်နေသည်။ အထပ်အောက်တွဲလျက် တိုက်ခန်းလေးသည် မောင်မောင်တို့ မိသားစု နှစ်ချုပ်ဖြင့်ငှားထားပြီး အပိုဖြစ်နေခြင်းဖြစ်သည်။ ချမ်းသာတဲ့မောင်မောင်တို့ မိသားစုက မောင်မောင့်မျက်နာနှင့် စပေါ်ကြေးပေးစရာမလိုပဲ သူ့ အားသက်သာသောဈေးနှုန်းနှင့် ပြန်ငှားကာ ကူညီပေးခဲ့ခြင်းဖြစ်သည်။ အခန်းတွင်းတွင် ဧည့်သည်ထိုင်စရာ စတီခုံများလည်းရှိပြီး အလှပြင်ပစ္စည်းများအတွက်ကျလည်း တိမ်သောက်က အလှပြင်ဆိုင်တစ်ခုမှ ဆိုင်ခန်းပိတ်၍ ပြန်ရောင်းချင်သူနှင့် ချိတ်စပ်ပေး၍ အသုံးတည့်သော လက်သုံးစက်သုံး အလှပြင်ခန်းသုံးပစ္စည်းများအား ဈေးသက်သာစွာရရှိခဲ့သည်။ သူ့ ဆိုင်တွင် ကူဖော်လောင်ဖက် ပြင်ဆင်ပေးမည့်သူကို တော့ သူ့ ရဲ့ လက်ဦးဆရာ မာမီသောင်းက ဆိုင်ဖွင့်ပွဲလက်ဆောင်အဖြစ် အနည်းငယ်သွေးပေးရုံနှင့် လက်ရည်တက်နိုင်သော အသက်၂၀ကျော်အရွယ် မိန်းမလျာလေးနှစ်ယောက်အား ထည့်ပေးပါသည်။

" ငါ့သမီးလေး စင်မြှင့်ပေါ်ကို တစ်လှမ်းချင်းတတ်လာမယ်ဆိုတာ မာမီသိပြီးသား ငါ့သမီးက အရည်ချင်းရှိတယ် အမေ့ထက်နှာတစ်ဖျားတင်မကဘူးနော် ရင်တစ်ဖျားပါ သာပါတယ် " ဟု ပြောပြောဆိုဆိုနှင့် မာမီသောင်းက သူဝတ်ထားသော ရင်ဖုန်းလက်တိုအင်္ကျီစိမ်းလေးကို ခါးစမှဆွဲပေးနေသည်။

ခင်မေသိန်းသည် မာမီရှေ့ မှာ သမီးငယ်လေးတစ်ယောက်လို ပြန်ခံစားမိကာ လွန်ခဲ့သောငါးနှစ်ကျော်ခြောက်နှစ်က မာမီသောင်းရှေ.့ မှ မိန်းမလျာအရိုင်းလေးဘဝသို့ ပြန်ရောက်သွားသလိုခံစားမိသည်။သူ့ အသက်၂၃နှစ်ကျော်ခဲ့ပြီ။ မိတ်ကပ်ဆံပင်ဖန်တီးရှင်အဖြစ် ကြိုးစားခဲ့သည်မှာလည်း ခြောက်နှစ်ကျော်ထဲဝင်ခဲ့ပြီ။မောင်မောင်တောင် အလုပ်သင်ဆရာဝန်အဖြစ် ဆေးရုံတွေမှာ စဆင်းနေပြီ။ နှင်းဆီကတော့ သူသိနည်းသော မော်ဒယ်သရုပ်ဆောင်အဖြစ်ကနေ ကြိုးစားနေရဆဲဖြစ်ကာ ငုဝါကတော့ ခိုင်ရမှုန်ငုဝါအဖြစ် သူသိများသော သရုပ်ဆောင်ဖြစ်လာလျက် ခင်မေသိန်းနှင့် ဆက်လက် လက်တွဲခဲ့သည်။

ခင်မေသိန်းသည် ငုဝါရဲ့ ရိုက်ကွင်းတစ်လှည့် သူ့ ရဲ့ အလှပြင်ဆိုင်လေးတစ်ဖက်နဲ့  အပြေးအလွှားကြည့်ရင်း မိတ်ကပ်ဆံပင်အလှပညာရှင်အဖြစ် ရပ်တည်နိုင်အောင် ဆက်လက်ကြိုးစားခဲ့သည်။ ဆိုင်ဖွင့်ပွဲတုန်းက သူ့ အိမ်မှ အမေသာလာခဲ့သော်လည်း နောက်ပိုင်းတွင် ခင်မေသိန်းမအားရင်မအားသလို အစ်ကိုနှစ်ယောက်က သူတို့ အားသည်နှင့် ဆိုင်လေးကိုအမေနှင့် အတူလာကြည့်ပေးတတ်သည်။ အစ်ကိုတွေရဲ့ သူ့ အပေါ် လက်ခံနားလည်ပေးမူ၊ ဖေးမမူတွေအတွက် ညီတစ်ယောက်အဖြစ်ရော ညီမတစ်ယောက်အဖြစ်ပါ ခံစားမိကာ သူအခုထိ တွေးမိတိုင်း ငိုမိနေဆဲဖြစ်ရသည်။

ဤသို့ ဖြင့် ချစ်ရသောသူများ၏ ဖေးမမူနှင့် လောကကြီးသည် သာယာခဲ့ပါသည်။ သို့ သော် ထိုအလှတရားများ ကြာရှည်စွာ တည်တန့် နိုင်ဖို့  ဖြစ်နိုင်ပါ့မလားဟု သူ့ မသိစိတ်မှ ဆိုးရွံ့ နေမိသည်။

"ခင်မေသိန်း" မိတ်ကပ်၊ဆံပင်အလှပြင်ခန်းမ ဟူသော ကြေငြာဘုတ်များသည် ရန်ကုန်မြို့ လူစည်ကားရာ မီးပွိုင့်နေရာတစ်ချို့ တွင် နေရာယူထားသည်။ ကြေငြာမော်ဒယ်အဖြစ် ငုဝါနဲ့ နှင်းဆီတို့ က အကူအညီပေးကာ ဓာတ်ပုံအတွက် ထုံးစံအတိုင်း တိမ်သောက်က လိုလေသေးမရှိ အကူညီပေးရှာသည်။ နာမည်ကြီးမော်ဒယ်သရုပ်ဆောင်များ၏ မိတ်ကပ်ဆံပင်ဖန်တီးရှင်အဖြစ် မဂ္ဂဇင်းအင်တာဗျူးတွေမှာ ပါဝင်အောင်လည်း တိမ်သောက်က လစဉ်ချိပ်ဆက်ကူညီပေးရှာသည်။

မမောနိုင်မပန်းနိုင်နဲ့  သူ့ အတွက်အကူညီပေးရှာသော တိမ်တောက်ရဲ.့ အပြုံးတွေဟာ သူ့အတွက် ကြိုးစားဖို့ အင်အားတွေ ပိုဖြစ်ခဲ့သည်။ ကျေးဇူးတင်စကားပြောရင်

"အဲဒါ လိုလို့ လား" လို့ မေးတတ်တဲ့ တိမ်သောက်၏အပြောတွေ အမေးတွေဟာ သူ့ ရင်ကိုပို၍နွေးရပါဘိ။

" တိမ်သောက် ကောင်မလေးမြင်ရင်တော့ စိတ်ဆိုးမလားပဲနော် " ဟု တိမ်သောက်၏နှလုံးသားကို မည်သူစိုးမိုးနေသလဲ မေးကြည့်မိသည်။ မိန်မလှလေးတွေများစွာ ဝိုင်းနေသော တိမ်သောက်ထံမှ ချစ်သူရည်စားကောင်မလေးအကြောင်း တစ်ခါမှ မကြားဘူးခဲ့ပါ။

"ချစ်စရာကောင်းတဲ့ မိန်းကလေးတစ်ယောက်တော့ တွေ့ ထားပါတယ် ဒါပေမယ့် ခင်မေသိန်းလို မြန်မာဆန်ဆန်နဲ့ နုညံသိမ့်မွေ့ မူမရှိပါဘူး သူနဲ့ ရည်စားဖြစ်ရင် ခင်မေသိန်းဆီမှာ တပည့်ခံခိုင်းရမယ်ထင်ပါတယ်ဗျာ "

တိမ်သောက်သည် သူသိပ်သိချင်သော အဖြေကို ရယ်ကျဲကျဲလေးသာ လုပ်၍ပြောနေခဲ့သည်။ မည်သူမည်ဝါအသိအကျမသိသော ထိုမိန်းကလေး သိပ်ကံကောင်းတာပဲ ဟု သူတွေးနေမိသည်။

သူ့ လိုအပ်သည်အကုန် အားသွန်ခွန်စိုက်ကူညီပေးနေမူများကရော သူ့ အပေါ်ဘယ်အထိ သံယောဇဉ်ရှိလို့ လဲဟု တွေးကာ မေးချင်သော်လည်း အမေး၏အဖြေကို စိုးရွံ့ မူနှင့်အတူ အမေးကြောင့် အက်ကွဲပြိုကွဲသွားမည်အလား အဖြူရောင်လေးကို နှမြောနေမိသည်။

ကားစီယာတိုင်ကို ကိုင်ထားသော သူ့ လက်ချောင်းသွယ်သွယ်လေးများကို သူကိုင်ကြည့်ချင်နေမိသည်။

" Toyota ကားဖြူလေးပေါ် သူ့ အနားမှအမြဲလိုက်ပါခွင့်မဟုတ်တောင် အပါးတော်ခေါ်သည်နှင့် အနားမှာကပ်၍ အခစားဝင်ချင်သူပါ အမောင်ရေ "

" နုညံ့တဲ့သံယောဇဉ်တွေကတော့ တို့ နှစ်ယောက်ကြား ရစ်ပတ်ထားလိမ့်မည်လို့ မျှော်လင့်နေမိတယ် တိမ်သောက်ရယ် "

ကမ်းနားလမ်းပေါ်ကျဆင်းလာသော မိုးဖွဲလေးများအား ကားပေါ်မှ ငေးကြည့်နေမိရင်း မိုးအညိုမှာ အလွမ်းနဲ့ မငိုချင်ကြောင်း သူခံစားမိတော့သည်။

~~~. ~~~. ~~~~. ~~~~. ~~~~. ~~~~~~. ~~~. ~~~. ~~~~

အောင်မြင်ခြင်းသည် ကြည့်လို့ ကောင်းသော ဇာတ်သဘင်အလှတစ်ခု ဆိုပါလျင် ကန့် လန့် ကာ နောက်ကွယ်က ကြုံစုံရင်ဆိုင်ခဲ့ရသည့် အခက်အခဲများကိုတော့ မည်သူကနားဆင်ကြည့်ရှူ့  ခံစားချင်ပါ့မလား။ အောင်မြင်ခြင်းအသီးအပွင့်များကို နားဘေးနားမှကပ်၍ လွယ်လင့်တကူ လာရောက်ခိုလုံ စားမှီချင်သောသူသည် များစွာပေါများလွန်းသည်။ ချစ်ခြင်းမေတ္တာတရားသည်လည်း အောင်မြင်ခြင်း၊ ငွေကြေးပေါကြွယ်ခြင်းနောက်သို့  အစစ်အမှန် အတုအရောင်အမျိုးအမည်ခွဲရန်ခက်ခဲစွာ ကပ်ငြိပါလာတတ်သည်။

အရောင်အဆင်းတောက်ပြောင်သေး ကောင်လေးများစွာသည် ခင်မေသိန်း၏ကားပေါ်သို့ လိုက်ပါချင်သူများအဖြစ် များစွာပေါလာသည်။ ရုပ်လှသော်လည်း စိတ်အလှကောင်းစွာ မမြင်ရသော ထိုကောင်လေးများစွာကို ခင်မေသိန်းသည် ခနတာအဖြစ်တောင် သူ့ အနားကမထားလိုပါ။ သူ့ ရင်ထဲတွင်တော့ အဖြူထည်လေးအတိုင်းထားပေမယ့် ခိုင်မြဲနေသော သံယောဇဉ်အဖြစ် တစ်ယောက်သောသူသာ ရှိနေသည်။

ကြိုးစားအားထုတ်မူ၊ ပေးစပ်ကူညီနိုင်မူမဲ့စွာ အနားသာမှာလာမှီလိုသောသူများသည် မိန်းမလျာများအနားမှာ ပျောမွေ့ တတ်ကြတာ ဘယ်ခေတ်ကတည်းကပါလိမ့်ဟု တွေးမိတော့ ကမ္ဘာပေါ်မှာ မိန်းမအဝတ်များဝတ်ထားသော ယောက်ျားတစ်ယောက်အဖြစ် ပထမဆုံးသော Open type မိန်းမလျာသည် မည်သူဖြစ်မည်လဲဟု တွေးမိကာ ပြုံးနေမိသည်။

ဝါကျွတ်အမှီ မင်္ဂလာ wedding showများစွာအတွက် မိပ်ကပ်လိမ်းပေးရန် ခင်မေသိန်းနှင့်အဖွဲ့ သည် တာဝန်ယူပေးရသည်။ ဆိုင်သို့ လာပြင်သော သတိုးသမီးအများစုကိုလည်း သူကိုယ်တိုင်ပြင်ဆင်ပေးကာ အလှဆုံးအပြုံးများနှင့် ပြန်ထွက်သွားနိုင်အောင် ခင်မေသိန်းသည် အမြဲကြိုးစားလျက်ရှိသည်။
...... ..... ...... ...... ....... ........ ..... ...... ....

ခင်မေသိန်း အလှဖန်တီးမူ ခန်းမလေးသည် လူမပြတ်စည်ကားလျက်ရှိနေသည်။ ဆိုင်တွင် အလုပ်သင် သင်တန်းသူ မိန်းကလေးများ၊ မိန်းမလျာငယ်လေးများနှင့် အင်အားတောင့်တင်းလျက်ရှိသည်။ နှစ်နှစ်ဆိုသည့် အတိုင်းအတာနှင့်အတူ မြန်မာနိုင်ငံမိတ်ကပ်လောကရဲ.့  ပြောစရာအဆင့်တစ်ခုလောက်ထိတော့ ခင်မေသိန်းအရောက် တက်နိုင်ခဲ့သည်။ အနုပညာလောကရဲ.့ နောက်ခံပံ့ပိုးမူ အလှဖန်တီးရှင်တစ်ယောက်အဖြစ်လည်း အသိအမှတ်ပြုလာကြသည်။ သို့ သော် အလုပ်များလာသဖြင့် ငုဝါကိုပြင်ဆင်ပေးရန် ရိုက်ကွင်းသို့ မလိုက်နိုင်တော့ပဲ ပွဲကြီးများနှင့် ဆိုင်ပြင်များသာ လက်ခံနိုင်တော့သည်။ သူ့ ငယ်သူငယ်ချင်း နှင်းဆီအတွက်တော့ မိတ်ကပ်ဆံပင် အဝတ်အစားအကြံဥာဏ်ကအစ အားလျင်အားသလိုတော့ ကူညီပြင်ဆင်ပေးရသည်။
: : :: :: :: . :: ::: :: : ;

နှင်းဆီသည်လည်း ဇာတ်ကားများ ပုံမှန်လက်ခံရိုက်နေရသော သရုပ်ဆောင်မင်းသမီး တစ်လက်တော့ ဖြစ်လာခဲ့သည်။ နှင်းဆီသည် ငယ်ငယ်ကတည်းက ငုဝါခိုင်နှင့် အပြိုင်အဆိုင်တွေဖြစ်ကာ မင်းသမီးတွေဖြစ်လာတော့လည်း ခိုင်ရမှုန်ငုဝါနှင့် နှင်းဆီနီအဖြစ် အပြိုင်ချဲနေကြသည်။ ထို့ အတူ အောင်မြင်မူ၏နောက်သို့  မကောင်းသည့်အရိပ်များ ပြန်ဟပ်ကပ်ပါလာတတ်သည်မှာ နှင်းဆီအတွက် အဆိုးတစ်ခုဖြစ်လာတော့သည်။

နှင်းဆီ၏ ယခင်ကတွဲခဲ့သော ကောင်လေးများနှင့်ရှုပ်ရှုပ်ရှက်ရှက်ဓာတ်ပုံများနှင့်အတူ ဒါရိုက်တာအချို့ ၊ မင်းသားအချို.့ နှင့်အလုပ်သဘောအတူရှိသော ပုံများပါမကျန်ကိုးကား၍ အင်တာနက်တွင် ကောလဟာလများထွက်လာတော့သည်။

နှင်းဆီအတွက် ကောလဟာလများသည် နှင်းဆီအတွက် ပရိတ်သတ်များ၏ ချစ်ခင်နှစ်သက်မူကို လျော့နည်းစေဖို့ ဖြစ်လာတော့သည်။ လွန်လွန်ကျူးကျူးပုံမျိုးများမဟုတ်သည့်အတွက် အချိန်မှီ အကောင်းဆုံးဖြေရှင်းရန် ကြိုးစားကြရသည်။
နှင်းဆီအတွက် ခင်မေသိန်း၊မောင်မောင်နဲ့ နှင်းဆီတို့ သူတို့ ငယ်သူငယ်ချင်းသုံးယောက်အတူ ခေါင်းချင်းဆိုင်ရတော့သည်။
အကောင်းဆုံးအဖြေကို မောင်မောင်ကသာ တည်ငြိမ်စွာ ဆုံးဖြတ်တော့သည်။

" နှင်းဆီ နင်နဲ့ ငါ ခိုင်ခိုင်မြဲမြဲတွဲလာတဲ့ ရည်းစားတွေလို့  လူအများအသိမှတ်ပြုအောင်လုပ်ပြီး နင့်သိက္ခာကို ပြန်ဆယ်ရမယ် "

မောင်မောင်ပြောပြောချင်း နှင်းဆီသည် အံ့သြစွာ မောင့်မောင့်ကို ကြည့်နေသည်။ ခင်မေသိန်းကတော့ ခပ်ဖျော့ဖျော့ပြုံးနေမိသည်။ သူတို့ သုံးယောက်ကြားက သံယောဇဉ်ကြိုး သွယ်ငင်မူတွေကို သူတို့ သုံးယောက်လုံး သိနေပြီးသားပါ။

"ဟင့်အင်း ငါလက်မခံဟူး ငါ့ကြောင့်နင့်ကို မထိခိုက်စေချင်ဘူး"

"ငါ ကယောကျာ်းလေးပါ၊ celebrityလည်းမဟုတ်ဘူး ပြီးရင်လူတွေမေ့သွားမှာပါ။ နောက်ကြာတော့မှ ငါကလူဆိုးမို့  နင့်ကငါ့ကို လမ်းခွဲတယ်လို့ ငါ့မကောင်းကြောင်းပြောပြီး နင်ဇာတ်နာအောင်ပြောလိုက်ပေါ့ဟာ"

"ဟင့်အင်း နင့်ကောင်မလေးကို ဘယ်လိုလုပ်မလဲ ငါဗွီလိန်မဖြစ်ချင်ဘူး"

"ခုချိန်မှာ နင့်ကို ရုပ်တိရှိရှိကူညီနိုင်တာ ငါပဲရှိတယ် နှင်းဆီ၊ ငယ်ငယ်ကတည်းကတွဲရိုက်ထားတဲ့ ပုံတွေနဲ့ အတူ အခုပုံသစ်တွေထက်ရိုက်ပြီး အင်တာနက်မှာ ပြန့် အောင်ပြန်လုပ်ရမယ် ဒါဆို နင်ဟာ သစ္စာမေတ္တာကြီးတဲ့ မိန်းမတစ်ယောက်အဖြစ် လူအများလက်ခံလာပြီး ကောလဟာလနောက်က အဖြည်နဲ့ အတူ နင်ပိုအောင်မြင်လာနိုင်တယ် ငါပြောသလိုသာ နင်လုပ်ပါ ငါက အမြဲတမ်း နင်တို့  အတွက်ပါ "

သူတို့ ရှေ့ မှာမားမားရပ်တည်ကာ အမြဲကူညီတတ်တဲ့ မောင်မောင့်ကို နှင်းဆီရော ခင်မေသိန်းပါ လှိုက်လဲစွာ ကျေးဇူးတင်နေမိသည်။ ယောက်ျားလိုဝတ်ဆင်နေထိုင်နေရာမှ မိန်းမလိုပြောင်းဝတ်ဆင်လာသည့် ခင်မေသိန်းကို အနားမှ ရှက်ရွံ့ စွာခွဲခွါမသွားတဲ့ မောင်မောင်၏ စိတ်ဓာတ်တွေအတွက် မောင်မောင်သည် ခင်မေသိန်းအတွက်လည်း မရှိမဖြစ်သောသူ တစ်ယောက်အဖြစ် ချစ်ခင်ရသည်။မောင်မောင့်လို သူငယ်ချင်းယောက်ျားလေး တစ်ယောက်တည်းနဲ့  သူတို့ ဘဝတွေ လုံခြုံသလိုခံစားမိသည်။ ထိုကဲ့သို့  ငယ်သူငယ်ချင်းလေးအား အရာရာအတွက် သူတို့ ကျေးဇူးတင်နေမိသည်။ နှင်းဆီနဲ့ မောင်မောင်ရင်ထဲက တံခါးများပွင့်လာစေချင်သည်။ သူတို့ နှစ်ယောက် တကယ်ရိုးရိုးလား ဆန်းဆန်းလား ခင်မေသိန်းစောင့်ကြည့်နေမိသည်။

နှင်းဆီ၏ချစ်သူသည် အလုပ်သင်ဆရာဝန်လေးအဖြစ် သတင်းမွှေးလာသည်။ မောင်မောင့်ကောင်မလေးကတော့ နှင်းဆီကိစ္စအား မောင်မောင့်ကို အချိန်ကန့် သတ်ချက်နှင့် အပြီးသတ်ရန် ရာဇသံပေးထားခဲ့ပြီးဖြစ်သည်။ မောင်မောင်နဲ့ နှင်းဆီတို့ တကယ်ပဲ သူငယ်ချင်းတွေလိုနေကြမှာလား ခင်မေသိန်းသိချင်နေသည်။ သူတို့ နှစ်ယောက်ကို အရောက်တွန်းပို့ နေသော်လည်း ယောက်ျားလေးဖြစ်တဲ့ မောင်မောင်က စာခြောက်ရုပ်ပမာလှုပ်တာလှုပ် အသက်မဝင်တော့ ခရီးမပေါက်ဖြစ်နေရသည်။
_ __ __. __. ___. ___. ____. __. ____

ခင်မေသိန်းရဲ့ ၂ရနှစ်မြောက်မွေးနေ့ လေးသည် မီးရောင်စုံခန်းမငယ်လေးထဲတွင် စည်သည်ကားကား ဆူဆူညံညံဖြစ်နေသည်။ အနုပညာအသိုင်းအဝိုင်းမှ လူများနှင့် သတင်းထောက်များကတစ်ဖက် ကျောင်းနေဖက်ငယ်ပေါင်းများကြီးဖော်တစ်ချို့ ကတစ်ဖက်နှင့် မိန်မးလျာပွဲဆိုတော့လည်း မပါမဖြစ် မိတ်ကပ်လိမ်းအလှဖန်တီးရှင် မာမီကြီး၊မာမီငယ်များနှင့် ၎င်းတို့ ၏တစ်ခါပြင် ပွဲတက်သူငယ်တော်များကတစ်ဖက် စသည်ဖြင့် ဘူဖေးစတိုင်ရပ်တဲ့သူကရပ်၊ discoသီချင်းခပ်သဲ့သဲ့အောက် စုံတွဲခုတ်ကပြနေတဲ့ မာမီစုံများလည်း ရှန်ပိန်တစ်ချို.့ နဲ့ ပျော်နေကြသည်။ ခင်မေသိန်းသည် ဒီပွဲလေးကို အကြောင်းပြုပြီး သူ့ ရဲ့ ကြိုးစားအောက်မြင်မူတွေကို သတင်းထောက်များ၊အနုပညာရှင်များနှင့်အတူ ကျင်းပ၍ ထပ်မံကြေငြာခြင်းလည်းဖြစ်သည်။ ခင်မေသိန်းသည် အောင်မြင်သည်ထက်အောင်မြင်အောင် မည်သို့ လုပ်ရမလဲ ကောင်းစွာအသုံးချတတ်နေပြီဖြစ်သည်။

နှင်းဆီသည် မောင်မောင်နှင့် စုံတွဲများအဖြစ်တက်ရောက်ကာ ဓာတ်ပုံများအရိုက်ခံသည်။

မွေးနေ့ ပွဲသို့  ခင်မေသိန်းရဲ.့ အထူးဧည့်သည်တော် တိမ်သောက်သည်လည်း သူ့ ရဲ့ အသစ်စက်စက်ကောင်မလေးနှင့် စုံတွဲခုတ်လာသည်။ ထိုကောင်မလေးကို တိမ်သောက်ကိုချစ်၍ ညီမလေးလို ခင်မေသိန်းချစ်ရပါသည်။ ပေးစပ်သူတို့  ဝယ်ယူကြရသည့်ဝဋ်ကြွေးထင်ပါရဲ.့ ။
ကောင်မလေးသည်လည်း ခင်မေသိန်းနှင့် ဆံပင်မိတ်ကပ်ပြင်ဆင်ရ၍ သူ့ အားချစ်ခင်သော်လည်း တိမ်သောက်အား အရိပ်တစ်ကြည့်ကြည့်နှင့် မည်သူနဲ့ မှစိတ်မချသည့်သူမျိုးဖြစ်၍ ခင်မေသိန်းသည် ကောင်မလေးရှေ.့ တွင် တိမ်သောက်ကို နည်းနည်းလေးတောင်မှ မစရဲမနောက်ရဲ စကားမှား၍သော်လည်းကောင်း စကားမှန်ထွက်၍သော်လည်းကောင်း မေတ္တာပိုသည်များရယ် မလုပ်နိုင်ပါ။ မိန်းမစစ်တွေနဲ့ ယဉ်ပြိုင်ထိုးသတ်ဖို့  ခင်မေသိန်းတို့ ဘဝတွေက အနာအဆာမကင်းဘူးလေ။ ခင်မေသိန်းတို့  မိန်းမလျာအပေါင်းက ငံပြာရည်လို စွန်းတဲ့ မိန်းမတွေကဲ့သို့  ယောက်ျားများအတွက် ခပ်သင်းသင်းအနံနဲ့  လေးပင်တဲ့သူတွေမှ မဟုတ်ကြတာမဟုတ်လား။

တိမ်သောက်၏မွေးနေ့ လက်ဆောင်သည် ခင်မေသိန်းအတွက် အံ့အားအသင့်ဆုံးသော လက်စောင်တစ်ခုဖြစ်နေခဲ့သည်။ တကယ်ပါ။ ခင်မေသိန်းအတွက် ကျေနပ်စရာဖြစ်နေသည်။ တိမ်သောက်သည် သူ့ ကောင်မလေးကို စိန်လော့ကပ်သီးလက်ဆောင်ပေးဖူးသကဲ့သို့  ခင်မေသိန်းကိုလည်း စိန်လော့ကပ်သီးလေး လက်ဆောင်ပေးခြင်းဖြစ်နေသည်။ ခင်မေသိန်းအတွက် တွေးလေ ကျေနပ်ပီတိနားဂွင်းစည် ထိသလို ဖြစ်နေရသည်။ ချစ်သူကောင်မလေးကဲ့သို့ သူ့ အပေါ်သံယောဇဉ်ထားလေသလားဟု အတွေးနှင့်ပျော်ကာ မောရပြန်သည်။

"ပန်းကြာဝတ်မှုန်လို တင်စားပြောရလျင် တို့ မိန်းမလျာဘဝကလည်း လရောင်သာမှ ပွင့်ရသလို ပန်ကြာအာမှုန်အလား ပြောရမလားနော်"

ပြဿနာသည် ထိုမွေးနေ့ အပြီး နောက်တစ်နေ့ မှ စတော့သည်။ တိမ်သောက်ကောင်မလေးသည် ခင်မေသိန်းထံရောက်လာသည်။
ပေါက်စီရောက်လာတော့ ခင်မေသိန်းသည် ခါတိုင်းလို အားရဝမ်းသာကြိုဆိုသည်။သို့ သော် သူမ. လာခြင်းသည် ခင်မေသိန်းဆီကောင်းသော လာခြင်းမဟုတ်ပါ။

" စိတ်တော့မရှိပါနဲ့ မမမေ၊ ကျမချစ်သူက ကျမနဲ့ ဆင်တူတဲ့ စိန်လော့ကပ်လက်ဆောင်ကို တစ်ခြားတစ်ယောက်ကို ထပ်ပေးတာမျိုး ကျမ မကြိုက်ဘူးဖြစ်နေတယ်"

ပေါက်စီလို့ ချစ်စနိုးခေါ်သော တိမ်သောက်ကောင်မလေး၏ မျက်နာဖြူဖြူလေးသည် စကားများနှင့်အတူ နီရဲတက်လာသည်။ သူမစိတ်ကို တည်ငြိမ်အောင် ကြိုးစားပြောနေဟန်ရှိသည်ဟု ခင်မေသိန်းယူစမိသည်။ ငံပြာရည်ပုံးတော့ သူ့ ပေါ်စင်ယုံမဟုတ် ဖိတ်ကျလေပြီ။

ခင်မေသိန်းသည် တိမ်သောက်၏ ချစ်စရာအပြုံးလေးများကို ပြန်စဉ်းစားကာ လည်ချောင်းကိုတစ်ချက်ရှင်း၍ ကြိုးစား၍ ပြုံးလိုက်သည်။

"စိန်လော့ကပ်လေးတွေက တစ်ပုံစံတည်းမဟုတ်ပါဘူး ပေါက်စီလေးရဲ့ "

ကောင်မလေးသည် ခေါင်းကို အသွင်သွင်ခါလိုက်သည်။

"ကျမ မကြိုက်ဘူး"
ကောင်မလေးအသံသည် ပို၍မာလာသည်။

"ကျမချစ်သူပေးထားတဲ့ စိန်လော့ကပ်လေးပြန်ဝယ်လို့ ရရင်ဝယ်ပါရစေ၊"

ခင်မေသိန်း၏ ညာလက်ရုံး မာမီမာသည် စစ်ကူခေါ်စရာမလိုဘဲ ခင်မေသိန်းအတွက် သီးမခံနိုင်ပဲဝင်ပြောတော့သည်။

"ဟဲ့အောင်မလေး ဘယ့်နယ့်ဟာမျိုးလည်းကွယ် မကြိုက်ရင်အစကတည်းက ကိုယ့်ဟာကို မပေးခိုင်းနဲ့ ပေါ့ အခုမှ ဘာမွှေနေတာလဲကောင်မလေးရယ်၊ သူဘာသာ လှလှပပရပ်နေတဲ့ worldtrade centerကို အကြမ်းဖက်ဝင်တိုက်ချင်သေးလို့ လား၊ ညည်းအေ ကိုယ်ကတစ်ပန်းသာပြီးသားကိုး ဂနာမငြိမ်အမာစိန်လုပ်မှ ကိုင်းကြိုးပြီး ကန္တာရစစ်သလင်းထဲ ပြန်ကျနေပါမယ်တော် ငံပြာရည်သွန်မယ်ဆိုလည်း ဝေးဝေးသွန်ပါ ငါတို့ က ငံပြာရည်ဖိတ်တာမျိုးဆို allergicပဲတော်ရေ "

ခင်မေသိန်းသည် မာမီမာအား လက်ကာပြ၍ မချိတင်ကဲပြောနေမူအား ရပ်ခိုင်းကာ ခပ်ဖျော့ဖျော့လေးပြုံးကာ ကောင်မလေးကို ကြည့်လိုက်သည်။

" တိမ်သောက်ကို ပြန်တောင်းခိုင်းလိုက်ပါကွယ် မမမေပေးမှာပေါ့ "

တိမ်သောက် ဘယ်သူ့ ဘက်ကရှိမလဲ ခင်မေသိန်းသိချင်စမ်းပါဘိ။ တိမ်သောက်သည် သူ့ ကောင်မလေး၏ စိတ်ဆိုးဂျီကျမူဒဏ်ကို အရင်လိုပဲ ကြောက်ရွံစွာအရှူံးပေးမည်လား။ ဒီလိုဆို တိမ်သောက်အတွက် ခင်မေသိန်းက မြောင်းထဲရောက်သွားမလား။

" မင်းအတွက် နစ်နာရမည်ဆို မြောင်းပုတ်ငါးလေး ဖြစ်ချင်ဖြစ်ပါစေ၊ မင်းအရိပ်လေးကို ပိုင်ဆိုင်ရမည်ဆိုလည်း ညနေလေးသာ ဖြစ်ချင်သူက ကျမ နာမည် ခင်မေသိန်းပါရှင် "

ဆက်ပါဦးမည်......

Credit : to read more, to be a liker or follower on page
www.facebook.com/cakewritter

ချစ်ခြင်းအားဖြင့်

ကိတ်မုန့် 
Aug27,2013

No comments:

Post a Comment

အချစ်တစ်ခု ပြယုဂ်တစ်ခု

“......................”  သားကြီးဆီမှ ကြားလိုက်ရသော နာမည်ကြောင့် ကျွန်မတစ်ကိုယ်လုံး တောင့်ခဲ သွားသည်။အဆုံးမရှိသောတွင်းနက်ကြီးထဲသို့ ပြုတ်ကျ...