Monday, February 9, 2015

February ရယ် Valentine ရယ် ကျနော် Nge တေဇ ရယ် (4)

February ရယ် Valentine ရယ် ကျနော် Nge တေဇ ရယ် ( IV )............

တုန်ရီနေသော လက်များဖြင့် တုန်ခါနေသော အသံထွက်ပေါ်မလာအောင် စိတ်ကို ထိန်းချုပ်ရင်း " .... အော သူရိန် သာကော ဆီမှာပဲလေ ဘာလို့လဲ" .... အဖြေပေးပီးတဲ့အချိန်ကွက်တိနှင့်အတူ စိုင်းဖြိုးဝေ ရဲ့ ဆိုင်ကယ်ထိုးရပ်သံ လီဗာဟဲသံ တို့က ထွက်ပေါ်လာတော့ " .... ဟုတ်လို့လား သားသား ဘေးမှာလဲ ဆိုင်ကယ်သံနဲ့" ........" .... အော ဘာလို့လဲ သူရိန်" .... သူ့ကိုအဖြေပေးရင်း စိုင်းဖြိုးဝေရဲ့ ဆိုင်ကယ်သော့ကို အမြန်ဆွဲဖြုတ်လိုက်ရပါတယ် စိုင်းဖြိုးဝေကတော့ နားမလည်သော အကြည့်တွေဖြင့်ကြည့် ရင်း ဆိုင်ကယ်ပေါ်မှာ လက်ပိုက်ကာ စောင့်နေရှာပါတယ်

 " .... မလိမ်နဲ့နော် သားသား " " .... ဟဲ တရုတ်တန်းဈေး လာပီး မုန့်ဝယ်နေတာ သာကော စားချင်တယ်ဆိုလို့ နေပါအုံး ငါ့ကို အဲဒီလောက် မေးနေတာ နင်ကရော ဘယ်မှာလဲ " .... " .... ငါက အခု ဂစ်တာတီးပီးပီ အဲဒါ မင်းကို လာခေါ်ရတော့မှာလား " .... အွန့် ကြာလှပီ ဒီက စောင့်နေတာ အခု ဘယ်မှာလဲလို့" ........အခု ကိုက နိုဘ်လ်မှာ အဲဒါ ပြန်စရာဆိုင်ကယ်မရှိလို့လေ မင်းကိုလာခေါ်ဖို့ကလဲ အခက်တွေ့နေတာ နိုဘ်လ်မှာ ဘော်ဘော်တွေကိုစောင့်ရင်း နဲနဲထပ်ကဲ မလားလို့ မင်း ဆိုင်ကယ်ပါ တယ်မို့လား internet ဆိုင်က ပြန်ပီး စောင့်နေမလား"" ........ ဘာ ပြန်စရာမရှိလို့ သူတို့ဆီက ဆိုင်ကယ်ဌားလိုက်လေ နိုဘ်လ်ကို နင့်ကို ဘယ်သူက သွားခိုင်း လို့လဲ သွားရင် အရက်တွေသောက်တော့မှာ ပီးရင် လူမှန်း သူမှန်းမသိ ဖြစ်တော့မယ် ဆိုင်ကယ်ဌားမပေးရင် ငါ လာခေါ်မယ် ထွက်စောင့်နေ အဲဒီမှာ " .... မင်း လာခေါ်မှာလား ဒီမှာ ကို က ကို့ဘော်ဘော်တွေကို နိုဘ်လ်မှာ ထိုင်မယ်လို့ ပြောထားပီးပီ မလာပါနဲ့ ကို ပြန်လာမှာပဲကို အရက်လဲ မသောက်ပါဘူး စိတ်ချပါ.." .... ထိုင်မယ်လို့ ပြောထားပီးရင်လဲရတယ် ငါလာမှာပဲ သူရိန် အပေါက်ကနေ စောင့်နေ နင့်ဘေးက ငါထိုင်ပေးမယ် အဓိက က နင် မမူးဖို့ရာ အဓိကပဲ " .... ဖုန်းအမြန်ချလိုက်ရပါတယ်
( ဇွဲသူရိန်က ဘီယာသောက်ရင် ပုံမှန်လောက်ပဲ ဒါပေမဲ့ သူအရက်သောက်လို့ မရဘူးဗျ သောက်ရင် လူမှန်း သူမှန်း မသိအောင်သောက်တာ သွေးဆိုးတယ်လေ ရန်လဲဖြစ်တယ် )

ဖုန်းချပီးတော့ စိုင်းဖြိုးဝေကို ဆိုင်ကယ်သော့ပေးမလို့ ကြည့်လိုက်တော့" .... သူရိန် ဆိုတာ မင်းဘဲလား " " .... အော ဟုတ်တယ် ဘာလို့လဲ " .... မင်း သူ့ကို တော်တော် ဂရုစိုက်တာပဲနော် " . " .... အင်း ချစ်တာကိုး........ ဒါဆို ငါ့ကို ရော " " ........ နင့်ကိုလား " .... ပြောပြောဆိုဆိုနှင့် သူ့နှုတ်ခမ်းသို့ တစ်ချက်လှမ်းပီး Kiss ပေးလိုက်ပါတယ် " .... အဲဒါ အဖြေပဲ " .... စိုင်းဖြိုးဝေ တစ်ချက်မျက်လုံးပြူးသွားပီး" .... မင်း တော်တော် ဆိုးတဲ့ကောင် ငါ မနိုင်တော့ဘူး ကဲ တက် ဘယ်လိုက်ပို့ ရမလဲ " " .... ဒီထဲကသာ အရင်ထွက်လိုက် အပြင်ရောက်ရင် ငါပြောမယ်"

သူ့ဆိုင်ကယ်နောက်မှ တက်ကာ အမြန် ငသုဆီဖုန်းဆက်ရပါတယ်" .... ငသု ဘယ်မှာလဲ အခု valatine ဆိုင်မှာလား" " .... စဉ်းစားလေ နင် ဦးနှောက် မရှိဘူးလား နာရီပြန်ကြည့်အုံး 10 နာရီ ထိုးနေပီ valatine ဆိုင်သိမ်းပီးပီ အခု internet ဆိုင်မှာ ဘာလုပ် မလို့လဲ" " .... အန် 10 နာရီတောင် ထိုးသွားပီလား အခု ဆိုင်ကယ်လာယူမလို့ အဲဒီကစောင့်နေ ဘယ်မှမသွားနဲ့" " .... အင်း " .... ဖုန်းချပီးရော စိုင်းဖြိုးဝေကို internet ဆိုင်သို့ လိုက်ပို့ခိုင်းရပါတယ်။
ဆိုင်ရှေ့ရောက်ရော လမ်းပေါ်မှာ လူတွေရှင်းနေပါတယ် ဘေးက ဆိုင်တွေကလဲ ပိတ်ကုန်ပီလေ ဆိုင်ကယ်ပေါ်မှ အမြန်ဆင်းပီး ဆိုင်ထဲဝင်မယ်လုပ်တော့ စိုင်းဖြိုးဝေ လက်ကို ရုတ်တရက် လှမ်းဆွဲလိုက်ပီး " .... ငယ်တေဇ မင်းက စားပီး နားမလည်လုပ်တာလား နောက်တစ်ခါ မင်းနဲ့ဆုံချင်ရင် ဘယ်လိုလုပ်ရမှာလဲ " .... ဟုတ်ပါဘူး စိုင်းဖြိုးဝေ ဖုန်းဆက်လိုက်မယ်လေ ပြော နင့်ဖုန်းနံပါတ် " .... အင်း ဒါလဲ အဆင်ပြေတာပဲ 09-52××××× မင်း နံပါတ်ကရော " .... 09-2000××× ရပီနော် ငါ နင့်ဆီဖုန်းဆက် လိုက်မယ် " .... အိုကေ ဒါဆို ငါ ဒိုးပီ ငါ မင်းဖုန်းကို မျှော်နေမယ် " ....

ဆိုင်တံခါးကို ဖွင့်လိုက်တော့ အထဲက လော့ခ်ချထားတယ် နိုဘ်လ်ကို အမြန်သွားချင်ပါတယ် ဆိုမှ ငသုကို ဖုန်းဆက်ပီး အမြန်ဖွင့်ခိုင်း ဆိုင်ကယ်မြန်မြန်ထုတ်ပီး ဒိုးမယ်လုပ်တော့ ငသုက " .... ဟဲ့ သားသား ဘာဖြစ်လာတာလဲ " .... ဇွဲသူရိန် ဇွဲသူရိန်လေ " .... ရန်ဖြစ်တာလား ဘယ်မှာလဲ ဘယ်သူတွေနဲ့ ဖြစ်တာ လဲ" ........ သူရိန်ရန်ဖြစ်တယ်မဖြစ်တယ်တော့ မသိဘူး ဘော်ဘော်တွေတောင် သူ့အကြောင်းနော ကျေနေပီ ရန်ဖြစ်တိုင်းနောက်ကနေ အမြန်လိုက်ရတဲ့ကျနော့်အကျင်လဲ သူတို့ အလွတ်ကျက်မိနေကြ ပီလေ" .... ရန်မဖြစ်သေးဘူးဟေ့ အခုစင်တင်ရောက်နေလို့ ခဏနေမူးရင်ဖြစ်တော့မှာ ငါ မြန်မြန် လိုက်သွားမှ" " .... အေးအေး သားသား မြန်မြန်ပြန်ခေါ်ခဲ့ သူကသွေးဆိုးတယ် ပြန်ရောက်ရင် ဖုန်းခေါ်လိုက်" " .... ငသုကို အကြောင်း မပြန်နိုင်တော့ဘဲ စင်တင်ကို မြန်မြန်သွားရပါတယ်.......

ဆိုင်ကယ်ကိုဘယ်လိုစီးလိုက်လဲ မသိဘူး ခဏလေးနဲ့ စင်တင်ရှေ့ ရောက်သွားတယ်ဗျ စင်တင်ရှေ့မှာ ကားတွေကလဲ အများကြီးရပ်ထားတယ် ဆိုင်ရှေ့ကြည့်လိုက်တော့လဲ ၀ိတ်တာတွေ ပဲ ရပ်နေတယ် ဆိုင်ကယ်ကို ကားတစ်စီးရဲ့အရှေ့နေရာလွတ်တစ်ခုမှာ ထိုးရပ် လိုက်ပါတယ် စင်တင်သို့ ၀င်တဲ့အပေါက်နားထိ သွားကြည့်လိုက်တော့လဲ သူရိန်ကိုမတွေ့ ၀ိတ်တာတွေ မေးကြည့်တော့လဲ မသိ ၀ိတ်တာတွေကတော့ ပြောပါတယ် လူတွေကအများကြီးပဲတဲ့ အထဲကို ကိုယ်တိုင်ဝင် ရှာမှ အဆင်ပြေမှာတဲ့ဗျာ ကျနော် ၀င်ရမှာလိုမ၀င်ရဘူးလိုလို ဝေခွဲမရဖြစ်နေတုန်း ကျနော်ရပ်နေတဲ့ စင်တင်အပေါက်မှ မဟုတ်ဘဲ တခြားဘက်မှ စင်တင်ထဲက ကောင်မတစ်ယောက်ထွက်လာပါတယ် အဝေးက ကြည့်လိုက်တော့ မြင်ဖူးသလိုလိုပါပေါ့ သူက ကျနော်နဲ့ ဆန့်ကျင်ဘက် ဆီသို့ လမ်းလျှောက်သွားပါတယ် အဲဒီအချိန် သူလမ်းလျှောက်သွားတဲ့ ဘက်မှ ၀ိတ်တာတစ်ယောက်မှ အဲဒီဘက်မှာ အစ်ကိုတစ်ယောက်တော့ ဖုန်းကိုင်ပီး ဂိမ်းဆော့နေတာ တွေ့တယ်လို့ ကျနော့်ကို လာပြောတော့ သူရိန်များဖြစ်နေမလားဆိုပီး သွားကြည့်မိပါတယ်

ကျနော့်အရှေ့က ခုနက ကောင်မ အရင်လမ်းလျှောက်နေတာပေါ့ သူ့နောက်က လိုက်ရင်း အရှေ့သို့ ဦးတည်နေတုန်း အဲဒီကောင်မ လမ်းလျှောက်တာ ရပ်သွားပါတယ် သူပြောလိုက်တဲ့ စကားက " .... ဟဲ့ နင်က ဘယ်ကကောင်လဲ ငါ့ကားနားမှာ ဘာလုပ်နေတာလဲ တစ်ခုခု ဖြုတ်ဖို့ ကြံနေတာလား " .... ကျနော်လဲ ရပ်ပီးဆက်နားထောင်ကြည့်တော့ " .... မဟုတ်ပါဘူး လူတစ်ယောက်ကို စောင့်နေတာပါ ကျနော်ဘာမှ မဖြုတ်ပါဘူး " .... သေချာပီ အဲဒါ ဇွဲသူရိန် အသံပါ ကျနော် ဒေါသတွေ တော်တော်ထွက်သွားတယ်ဗျ ခြေလှမ်းအမြန် လှမ်းလိုက်ပီး အဲဒီကောင်မကို နောက်က ဆွဲလှည့်လိုက်တော့ ကျနော်တို့အဖွဲ့နဲ့သိတဲ့ " ........ ဟန်နီ ဖြစ်နေပါတယ်

သူကလဲ ရုတ်တရက်လန့်သွားပီး " .... ဟဲ့ ဘာလုပ်တာလဲ " .... အော် ငါက ဘယ်သူများလဲလို့ ဟန်နီ ကိုး" .... ဟဲ့ သားသား နင် ဘာလာလုပ်တာလဲ ဒီကို " .... အဲဒါနောက်မှပြော ခုနကိစ္စအရင်ရှင်း ကြက်မ နင် ခုန ဘာပြောတာလဲ သူရိန်ကို " .... ကျနော်လဲ ဇွဲသူရိန်ကို လက်ညှိုးထိုးပြ လိုက်ပါတယ် ဇွဲသူရိန်ကတော့သိနေတယ်ထင်ပါတယ် ကျနော်ရန်ဖြစ်တော့မယ်ဆိုတာလေ ဇွဲသူရိန်ကျနော့်ကို ကြည့်နေတဲ့ မျက်နှာလေးက ရန်မဖြစ်စေချင်တဲ့ အမူယာလေးပါ သူက ရန်ဖြစ်တာကို မကြိုက်ဘူးလေ ကျနော် ကို့ဟာကိုနေရင် အေးပါတယ် ဒါပေမဲ့ သူနဲ့ ပတ်သက်ပီး ရန်ဖြစ်ခဲ့ရတာ မနဲတော့ပါဘူး ဟိုမိုအချင်းချင်း တွေရော ကောင်မတွေနဲ့ရော" .... အော် သူရိန်တဲ့လား သားသားရယ် နင် ဒီလို ကလေကချေ တွေနဲ့တွဲနေတာလား ငါတကယ့် ဘောစိတွေ ရှာပေးပါ့မယ် နင်နဲ့မတန်ဘူး " .... ကြက်မ နာတော့မယ် ငါနဲ့သိလို့ သက်သာနေတာနော် ငါ့ ဘဲကိုများကလေကချေတဲ့ အေး နင်တို့လို စင်တင်က ကောင်မတွေလေ တစ်ခါတစ်လေ အဲဒီလို ကလေကချေတွေဆီကနေ မရမက ငွေညှစ်ပီး ခံတာလေ " .... အဲဒီအချိန် ဇွဲသူရိန် လှမ်းကြည့်လိုက်တော့ ကျနော်တို့ နှစ်ယောက်ဘက်ကို မျက်နှာလွဲထားပါတယ်
..လူကြီးတစ်ယောက် အမြန်လမ်းလျှောက်လာတဲ့ ခြေသံကိုကြားလိုက်ရတော့ ဇွဲသူရိန် လှည့်လာ ပါတယ် ကျနော်နဲ့ ဟန်နီလဲ ခြေသံဘက်ကို လှမ်းကြည့်လိုက် " .... ဟဲ့ ကြက်မ ဟိုမှာ နင့်အဖေ လိုက်လာပီ နင် ဒီလိုနေရာကို အဖေတွေ ခေါ်လာရသလား နင်တို့သားအဖ နှစ်ယောက်တော့ တကယ်ပါပဲ" .... လူကြီးက ကျနော်ပြောတာကို ကြားသွားသလလားမသိ ခြေလှမ်းတွေ ရပ်တန့်သွားပီး ကြောင်ကြည့် နေပါတယ်

ဟန်နီက အမြန် အဲဒီလူကြီးကို လက်မောင်းကို ဖက်တွယ်ပီး " .... ဟဲ့ သားသား အဲဒါ ကိုကြီး ကိုကြီးလေ ဒါ ငါ့ကိုကြီးပေါ့ ကိုကြီးလာ သမီး ဘော်ဘော်တွေနဲ့ မိတ်ဆက်ပေးမယ် " .... ကျနော်တို့နားကို ခေါ်လာပါတယ် အနားကို ရောက်လာတော့ " .... ကိုကြီး ဒါ သားသား တဲ့ " .... ဒါကတော့ သူရိန်လို့ပြောတာပဲ မသိဘူး" .... အဲဒီလူကြီးက သူရိန်ဘက်ကို လှည့်လိုက်ပီး လက်ညှိုးထိုးကာ " .... ဟာ ဇွဲသူရိန် မင်း ဒီကို လာတာလား ဘာလာလုပ်တာလဲ " .... သူရိန်က အားနာတဲ့ အနေအထားနဲ့ " .... ကျနော်လာလည်တာပါ အန်ကယ် ကျနော့်ချစ်သူနဲ့လေ " .... ပြောပြောဆိုဆို ကျနော့်ပုခုံးကို လှမ်းဖက်လိုက် ပါတယ်

အဲဒီလူကြီးက " ........အော် ဇွဲသူရိန်က ချစ်သူနဲ့ လာလည်တာလား ဒါ မင်း ချစ်သူပေါ့ ဟုတ်လား " .... မေးခွန်း ထုတ်လိုက်တော့ ကျနော်က " .... ဟုတ်တယ် အန်ကယ် ကျနော်က gay ပါ သူ့ချစ်သူလေ ဘာလို့လဲ" .... ကျနော့်အမေးကို ဖြေဖို့ အဲဒီလူကြီး စွံ့အသွားချိန်မှာ ဟန်နီက ကိုကြီးက ဒီလိုကလေကချေ ကောင်နဲ့သိသလား ဇွဲသူရိန်ကို လက်ညှိုးထိုးလိုက်ပါတယ် ကျနော်ကလက်ရှေ့တိုးမယ်လုပ်လိုက်တော့ ဇွဲသူရိန်က သူ့လက်နဲ့အမြန်လှမ်းဖမ်းလိုက်ပီး သူ့ခန္ဒာကိုယ်အတွင်းကိုပိုသွင်းတာ ကျနော့်ကို ထိန်းချုပ်ထား ပါတယ် " .... မီးလေး အဲဒါက အန်ကယ်တို့ ကုမ္မဏီ မန်နေဂျင်းရဲ့ ဒုတိယ သား ဇွဲသူရိန် ကလေကချေ မဟုတ်ဘူး မီးလေးရဲ့"" .... အဲဒီလူကြီးက ဟန်နီကို ခေါင်းလေးပုတ်ကာ ရှင်းပြလိုက်တော့ " .... အော် ဆောရီးနော် ကို မှားသွားလို့နော် ကို ခွင့်လွှတ်နော် " .... ရပါတယ် ဟန်နီ မလိုပါဘူး သားသား အသိဆိုရင် ကျနော်ခွင့်လွှတ်ပါတယ် " ........ ဒါဆို ဇွဲသူရိန်နဲ့သားသား အန်ကယ်တို့ကို ခွင့်ပြုအုံးနော် " ........ ဆိုပီး ဟန်နီကို ဖက်ကာ ကားထဲသို့ ၀င်သွားပါ တော့တယ်

ကျန်ခဲ့တာက ကျနော်တို့နှစ်ယောက်ပေါ့ " .... သားသား မင်းနော် ရန်မဖြစ်ပါနဲ့လို့ ပြောထားတာကို " .... အန် ကြက်မက နင့်ကို အဲဒီလိုပြောနေတာကို ငါက ပြုံးပီးကြည့်နေရမှာလား" .... မင်း ငါ့အတွက် စိတ်ဆိုးတာကို သိပါတယ် မကောင်းဘူးလေကွာ ရှက်စရာကြီဲး " .... ကျနော့်ကို သူ့ရင်ခွင်လေးထဲ ထည့်ပီး နှစ်ယောက်သား လမ်းလျှောက်ကာ နားချနေပါတယ် စင်တင်အပေါက်ဝနားပြန်ရောက်တော့

" .... ဆိုင်ထဲဝင်လေ ဘယ်ဆက်သွားမလို့လဲ နင်ပဲ ထိုင်မှာဆို" .... မထိုင်ပါဘူး ဘော်ဘော်တွေပဲ ထိုင်လိမ့်မယ် ငါ ပြန်ချင်နေတာ အဲဒါ ဆိုင်ကယ်အဆင်မပြေလို့ ဖုန်းဆက်အုံးမယ်ပြောပီး လစ်ထွက်လာတာ မင်းစိတ်ကို ငါစမ်းချင်လို့ ငါ့ဆီ ချက်ချင်းရောက်လာသားပဲ" ........ အော ငါ့ကို စမ်းတာပေါ့လေ ချစ်တာကိုး ဘယ်တုန်းက နင်ခေါ်ရင် ငါ မလာဘဲနေဖူးလို့လဲ အဲဗားလာ အခု ဘယ်သွားမှာလဲ ဒါဆို........ပြန်မယ်လေ တက် ဆိုင်ကယ်ပေါ် ကားပြန်ယူမယ် သွားစို့" ........

သူ့နောက်ကနေခါးဖက် ကျနော့်ခန္ဒကိုယ်ကို အရှေ့သို့ကပ်လိုက်ပီး ခေါင်းကတော့ သူ့ခေါင်းဘေး ကနေထိုးထွက်ကာ ကျနော်တို့နှစ်ယောက်ရဲ့ နားရွက်သားလေးတွေပွတ်တိုက်ကာ သိပ္ပံလမ်းအတိုင်း ဆိုင်ကယ်စီးရင်း" ........ ငါခုန စင်တင်ကဆော်တော့ ကြွေတယ်ဗျ" ........ နောက်ကနေ သူ့ခေါင်းကို ခေါက်ကာ" ........ သေနာကောင် အဲဒါ နင့်ကို ပြောသွားတဲ့ကောင်မလေ " ........ ပြောပြောကွာ မင်းကလဲ ငါ စားချင်တာပဲသိတယ်" ........အေး စားတာ အရေးမကြီးဘူး အဲဒီကောင်မက ကပ်ပီးရင် ခွာဖို့မလွယ်ဘူး နားလည်လား ပိုင်းလုံးမ သူက" ........ မင်းကွာ သူများကို အဲဒီလိုမပြောပါနဲ့" ........ အောင်မာ လာသေးတယ် မရသေးဘူး နာနေပီ နင် အဲဒီကောင်မအကြောင်း ဘယ်လောက်သိလို့လဲ ငါ လက်တွေ့ပြမယ် နောက်နေ့ ကျရင်" ........ အေးပါ ဟုတ်ပါပီ ဒါပေမဲ့ကွာ ပိုင်းလုံးလုံးမလုံးလုံး ငါ့ကို လာရောလို့ ရရင်တော့ စားမှာပဲ " ........ အေး ဘာကြီးနဲ့စားမှာလဲ ဒါကြီးနဲ့စားမှာလား " ........ ပြောပြောဆိုဆို သူ့ဘောင်းဘီရဲ့ လီးတံပေါ်ကို လက်တင်ပီး စမ်းလိုက်ပါတယ်

" ........ အမလေးဗျ အမားရေ လုပ်ပါအုံး ဒီမှာ သားသားဆိုတဲ့ကောင်လေ ကျနော့်ကို ကိုယ်ထိလက် ရောက်တွေ ကျူးလွန်ကုန်ပီ ကျနော့် လူပျိုရေ ပျက်ပါပီ " ........ ဆိုပီး လမ်းပေါ်မှာ အကျယ်ကြီးအော်ပါတယ် တော်ပါသေးရဲ့ လမ်းပေါ်မှာလဲ ကျနော်တို့ ဆိုင်ကယ်တစ်စီးပဲ ရှိလို့" ........ ဘာလဲ မကြိုက်ဘူးလား နေလေ ပွန်းသွားတဲ့ အရာလဲ မဟုတ်ဘဲနဲ့ နှမြောရင် မကိုင်တော့ဘူး" ........ စိတ်ဆိုးတဲ့ လေသံနဲ့ ချက်ချင်းကို လက်ကို နောက်ရုတ်သိမ်းပီး ခါးကိုပဲ ပြန်ဖက်ထားလိုက်ပါတယ်. လက်ကို အမြန် ပြန်လိုက်ဖမ်းကာ " ........ ကြိုက်ပါတယ် စိတ်ဆိုးပါဘူး ချမ်းနေတယ်မို့လား ကိုင်ထားလေ အပူချောင်းကြီးကို ဟိ ဟိ" ........ သူ့ဂွေးကို ဘောင်းဘီပေါ်မှ ပွတ်ရင်း သူ့ခန္ဒာကိုယ်နဲ့ ပိုမိုတိုးကပ်လိုက်မိပါတယ်

ဆိုင်ကယ်စီးရင် လီးကို ပွတ်လာလိုက်တာ ဘောင်းဘီထဲမှာ နဲနဲမာတောင့်လာတယ်ဗျ လီးတောင်လာပီနေမှာပေါ့ " ........ အာ သားသား အေးနေတာကို ဟိုကောင်က ထောင်လာတယ်နော် " ........အွန့် ဟုတ်တယ် နော် " ........ ဒီကောင်ကြီးကို အပြင်ထုတ်ပီး အာငွေ့ပေးလိုက် ရင်ပိုကောင်းမယ် ထင်တယ် " ........ အွန့် နင်နော် လာလာ မစမ်းနဲ့ ငါ တကယ်လုပ်ပေးလိုက်မှာ " ........ မင်းစတဲ့ ဇာတ်လမ်းလေ မင်းဆုံးအောင် တာဝန်ယူရမှာပေါ့ ဒါနဲ့ ငါတို့ နှစ်ယောက်မလုပ်ဖြစ်တာ ဘယ်လောက်ကြာပီလဲ " ........ နှစ်ပတ် သူရိန် " ........ ကောင်းလိုက်တဲ့ ဦးနှောက် မောင်သားသား ဒါမျိုးကျ မှတ်ထားတယ် " ........ တော်ပီ နင် တော်တော် မိုက်ရိုင်းတယ် နင်မေးလို့လဲ ပြောရသေးတယ်  ရှက်စရာကြီး " ........ အာ ရှက်တယ်ပေါ့ မင်းက ပြစမ်းပြစမ်း မင်း ရှက်တာ ဘယ်လိုပုံစံလဲ" ........ နောက်ပြန်လှည့်ကာ ကျနော့်ကို ကြည့်လိုက်ပါသေးတယ် ကျနော်တို့ နှစ်ယောက် ကျီစယ်ရင်း ဆိုင်နားကို ရောက်လာတော့ သူ့ဘောင်းဘီ ပေါ်မှ လက်ပြန်ရုတ်သိမ်းကာ ခါးကိုပဲပိုဖက်ထားမိပါတယ်။

ဆိုင်နားကို ရောက်တော့ ဆိုင်ကယ်တစ်စီး ၀င်သွားတာ မြင်နေရပါတယ် သူရိန်က ဆိုင်ကယ်ကိုအမြန်မောင်းလိုက်တော့ ဆိုင်တံခါးပိတ်ဖို့ ထွက်လာတဲ့ ငသုနဲ့ ဆုံပါတယ်။ " ........ငသု ခုန ၀င်သွားတာ ဘယ်သူလဲ " ........ ငါ့ဘဲလေ နင်တို့ နှစ်ယောက်ပြန်လာ ပီလား သားသား " ........ အင်း ပြန်လာပီ " ........  အခု ဘာလုပ်မှာလဲ ဆိုင်ထဲကို ၀င်အုံးမှာလား" ........

သူရိန်က ကျနော့်ကို ဆိုင်ကယ်ကို ဒီဆိုင်မှာပဲထားခဲ့ဖို့သူလိုက်ပို့မယ်ဆိုတဲ့ အကြောင်း ပြောတော့ " ........ သားသားဆိုင်ကယ်ထား ပီးရင် ပြန်တော့ " ........ငသုအကျင့်က အဲဒီလိုပဲလေ သူ့ဘဲကို တအားနှမျောတာ ကျနော်လဲ သူ့ကို စချင်တာနဲ့ " ........ ခဏ ငသု ငါ အ၀တ်အစားဝင်ဝတ်အုံးမယ် မျက်နှာသစ် သွားလေး ဘာလေး တိုက်လိုက်အုံးမယ် သူရိန် ခုန အနွေးထည်ရော" ........ အန် ဘာအနွေး ထည်လဲ " ........ ခုန နင်ပဲ လမ်း 80 ပေါ်မှာဆို အဲဒီတုန်းက ၀ယ်ခိုင်းတဲ့ဟာလေ " ........ အော် ခဏ ကားထဲမှာ သွားယူပေးမယ် " ........ ဇွဲသူရိန် ကားဆီသို့ သွားပီး ကားထဲမှ အထုပ်နှစ်ခုနဲ့ ထွက်လာပါတယ် " ........ ဘာအထုပ်တွေလဲ သူရိန်" ........ တစ်ထုပ်က အနွေးထည် တစ်ခုက မင်းအတွက် ည၀တ်အကျီ ရယ် မာဖလာရယ် ၀ယ်လာပေးတာ" ........
ကျနော်လဲ ဇွဲသူရိန်ဆီမှ အထုပ်နှစ်ခုကို ပျော်ရွှင်မြူးထူးစွာဖြင့် ယူပီး ငသုဘက်ကို လှည့်ကာ " ........ တွေ့လားတွေ့လား " ........လို့ပြောပီး အနောက်ခန်းထဲသို့ ပြေးဝင်ပါတော့တယ် ငသုကဘဲက အနောက်ခန်း အပေါက်ဝမှာ စာစောင် ထိုင်ဖတ်နေတယ်ဗျ သူ့ကိုတွေ့တော့ ပြုံးပြပီးအထဲသို့ ၀င်ကာ သွားတိုက် မျက်နှာသစ် လက်ဆေးပေါ့ ပီးတော့ Victoria secret lotion လေးလိမ်းလိုက် သေးတယ်လေ သူရိန် ကြိုက်တဲ့အနံ့လေးပေါ့ အဲဒါတွေ ပီးပီဆိုမှ အောက်က သူရိန်ဝယ်ပေးတဲ့ ည၀တ်အကျီတစ်စုံရယ် အပေါ်က အနွေးထည်လေးရယ် မာဖလာလေးပတ်ပီးမှ ပြန်ထွက်ခဲ့ပါတယ် ငသုကတော့ သူ့ဘဲနားမှာထိုင်ပီး အနောက်ခန်းမှထွက်လာတဲ့ ကျနော့်ကို " ........ သာသနာဖျက်မ မိနစ် 20 ကြာတယ် သွား မြန်မြန် " ........ငသုဘဲက ရယ်နေပါတယ် " ........ ဟဲ့ ငသု သူရိန် ဘယ်ရောက်သွားလဲ သူရိန်ရော " ........ကားပေါ်က စောင့်မယ်တဲ့ သွားတော့ မြန်မြန် ဆိုင်ထဲမှ မြန်မြန် ပြေးထွက်ပီး ကားဆီသို့ သွားလိုက်ကာ ကားနောက်ခန်းမှာပဲ ၀င်ထိုင်လိုက်ပါတယ်

ကားထဲရောက်တော့ Twilight Breaking Dawn Part I video ကို ကားထဲက စက်နဲ့ ဇွဲသူရိန် ကြည့်နေပီး သူကပါ ကျနော်နဲ့ ဆင်တူ ည၀တ်အကျီလေးဝတ်ထားပါတယ် ကျနော်က သူ့နားလေးသို့ ခေါင်းလေးတိုးကာ" ........ အဲ့ သူရိန် တူတူဝယ်လာ တာလား" video ကို pause လုပ်ထားပီး  ကျနော့်ဘက် သို့ စောင်းထိုင်လိုက်ပီး သူ့မျက်နှာကို video ဘက်မှခွာကာ ........အင်း ဟုတ်တယ် မင်းနဲ့တူအောင်လို့လေ မနက်ဖြန် အမှီပေါ့" ........အွန့် ဒါဆိုလဲ တခြားအကျီ ၀ယ်ပါလား ည၀တ်အကျီမှ ၀ယ်တယ် နင်ကလဲ" ........ မင်း ဘာသိလို့လဲ ည၀တ်အကျီ ဆင်တူဝတ်ထားတော့ ညအိပ်တဲ့အချိန်တိုင်း သတိရတာပေါ့ ငအရ" ........

 " ........အိမ်ပြန်စို့နော် သူရိန် ငါပင်ပန်းနေပီ ငါ့ကို အိမ်လိုက်ပို့ပေး " ........မင်းက ပင်ပန်းရအောင် ဘာလုပ်ထားလို့လဲ " ........ ဘာမှလုပ်ပါဘူး ဘာလို့လဲ" ........သားသား ငါတော့ ဗိုက်နဲနဲ ဆာတယ် မင်းရော တစ်ခုခု မဆွဲချင်ဘူးလား " ........အင်း နင့်သဘောလေ ငါကတော့သွားတိုက်ပီးပီလေ " ........ဘာဖြစ်လဲ ဗိုက်ဆာရင် ထပ်စားပေါ့ သွားထပ်မတိုက်ချင်ရင် mouthwash နဲ့ လုပ်လိုက်လေ" ........အင်း ဒါဆိုရင် နဲနဲတော့ စားမယ်" ........ဘယ်သွားမလဲ ဒါဆိုရင် " ........နီးနီးနားနား လှိုင်း tea shop ပဲ သွားရအောင် လေ" ........ အင်း ဒါဆို ရွှေ့ပီနော် " ........

ကားစက်နှိုးလိုက်ပီး ရပ်ထားတဲ့ video ကို play လုပ်ကာ ........ကြည့်ပီးပီလား သားသား ဒီကားကောင်းတယ် " ........ဟုတ်လား ကြည့်ရသေးဘူး " ........အစပိုင်းတော့ နဲနဲ ပီးသွားပီ အခု အလယ်ရောက်နေပီဗျ" ........အင် ဟုတ်လား ငါ ဘယ်လိုကြည့်မှာလဲ အဆက်အစပ် မရှိဘဲနဲ့" ........ကြည့်ချင်ရင် နောက်နေ့ငါဌားပေးမယ် ဒီနေ့တော့ ငါအပီး ကြည့်လိုက်အုံးမယ်" ........အင်း ဒီနေ့မအိပ်တော့ဘူးလား" ........ဒီဇာတ်ကားပီးမှ အိပ်မှာ ( သူ့အကျင့်က အဲဒီလိုပဲလေ တစ်ခုခုသူလုပ်ချင်တာဆို လုပ်ကို လုပ်ရမှာ ကျေနပ်တာ ) သူက ကားမောင်းရင်း video ကြည့်ရင်း ကျနော့်ကိုလဲ စကားပြောရင်းဆိုတော့ " ........သူရိန် video ခဏ ရပ်ထားလိုက်မယ်လေ ကားမောင်းရင်းဆိုတော့ " ........အာ ငါ့ကို အထင်သေးတာလား အခုချိန် ကျုံးဘေးမှာ မျက်စိမှိတ်မောင်းရင်ကို ရတယ် ဒီလောက်တော့ အေးဆေး " ........

ကျနော်တို့ဆိုင်နဲ့ လှိုင်း tea shop နဲ့က သိပ်မဝေးဘူးဗျ ကားကို အကြာကြီး မမောင်းလိုက်ရဘဲ
လက်ဖက်ရည်ဆိုင်ကို ရောက်သွားတဲ့အချိန် ရောဘတ်နဲ့သူ့ကောင်မလေး မင်္ဂလာဆောင်ပီး ကားနဲ့ထွက်သွား တဲ့အခန်းရောက်တဲ့အချိန်က ကွက်တိဖြစ်နေပီး video လဲ အော်တို ရပ်သွားပါတယ် ကျနော်တို့ နှစ်ယောက် လက်ဖက်ရည်ဆိုင်ထဲမှာ မုန့်စားကြပါတယ် ကျနော်က အပေါ်က အနွေးထည်ထပ်ထားတော့ ည၀တ်အကျီ ဆင်တူတွေကို သေချာကြည့်မှ မြင်ရလို့တော်ပါသေးတယ် ကျနော်က အပေါ်က အနွေးထည်နဲ့ အောက်က ဆင်တူအကျီကို ဖုန်းမယ်လုပ်တော့ " ........လုပ်မနေနဲ့ သားသား မြင်တော့လဲ ဘာဖြစ်လဲ ပတ်ဝန်းကျင်ကို ဂရုစိုက်မနေစမ်းပါနဲ့ကွာ " ........ ငါက ဂရုမစိုက်ပါဘူး နင့်ကို တစ်မျိုးထင်သွားမှာစိုးလို့ပါ" ........ ဘာထင်မှာလဲ အလွန်ဆုံးထင်ရင်လဲ အခြောက်ပေါ့ ဒါမှမဟုတ်လဲ အခြောက်ယောကျာ်းပေါ့ ဘယ်လိုထင်ထင် ကွာ ဂရုမစိုက်ဘူး ကို့ ထမင်း ကိုယ်စားတာ ဘယ်သူ့မှ ဂရုစိုက်မနေနဲ့ မင်း ပျော်တယ်မို့လား မင်းပျော်ဖို့ အရေးကြီးတယ် " ........ မုန့်စားရင်း သူ့ နှုတ်ခမ်းမှ အဲဒီလို စကားတွေ ထွက်ပေါ်လာတော့ ကျနော့်မှာ ပီတိတွေဖြာပီး စားနေတဲ့ ယမ်ယမ်ချဉ်စပ်တွေကို အမြန်မြိုချမိပါတယ်။သူက အဲဒါကို ရိပ်မိပီး" ........ ဟော ကြွေသွားပီ ငါ့talkingတွေကို ကြွေသွားပီမို့လား သားသား " ........ ကျနော်က မျက်စောင်းတစ်ချက်ထိုးလိုက်ကာ " ........ဘာလဲ နင်က စိတ်ထဲက မပါဘဲ ပြောတာလား သူရိန် " ........ ဟုတ်ပါဘူးဟ မင်းရဲ့ ရန်ထောင်တဲ့အသံ ကြားချင်လို့ ငါ သေချာစလိုက်တာ " ........ ကျနော်တို့ နှစ်ယောက် လက်ဖက်ရည်ဆိုင်ထဲမှာ အ၀တီးပီး ပြန်ထွက်လာခဲ့ကြပါတယ်။

ကားပေါ်ရောက်ပီး ကားစက်ဖွင့်လိုက်တော့ ခုန ဇာတ်ကား ပြန်ပွင့်လာတယ်လေ " ........သူရိန် ရောဘတ်က ဘယ်ခေါ် သွားမလဲ မသိဘူးနော် သူ့ကောင်မလေးကို "........ဟ မင်္ဂလာဆောင်ပီးပီဆိုမှတော့ အုတ်မှာ ပေါ့ဟ မင်းကလဲ " ........ ဒါဆို ဟိုအခန်း ပါမှာပေါ့နော် " ........ မသိဘူးလေ ငါလဲ အခုမှ ကြည့်နေတာ " ........ ပါရင်ကောင်းမှာပဲ ရောဘတ် အကျီချွတ်ရင် ဘယ်လိုလေးလဲ ဆိုတာ သိချင်လိုက် တာ" ........ သားသား မင်းတော်တော် နှာဘူးတဲ့ကောင်ပဲ ဘာမှ ရောဘတ် အကျီ ချွတ်တာတွေ ဘာတွေ မလုပ်နဲ့ မင်း ခုနပြောတော့ အိမ်ပြန်မှာတဲ့ အိမ်ပြန်ပို့မယ် မင်းကို နောက်မှကြည့် " ........ နင်ရော နင်ရော ဘာထူးလဲ ရောဘတ်ကောင်မလေးကို ကြည့်ချင်နေတာမို့လား အန် ပြန်ပို့တော့မှာလား ငါ အဲဒီအခန်းလေး တော့ ကြည့်ချင်သေးတယ်လေ ကိုယ်ချင်းစာပါနော်  " ........ဟိ ဟိ အေး ဟုတ်တယ် ဒါဆို ကို့ လိုင်းနဲ့ ကိုယ်နေ ငါ အိမ်ဘက်မမောင်းတော့ဘူးနော် ဘယ်မှာကြည့်မှာလဲ ကားမောင်းရင်းနဲ့တော့ ကြည့်လို့မဖြစ်ဘူး" သူကပြောပြောဆိုဆို ကားကို လမ်း 30 ဘက် ပြန်ကွေ့ပီး video ကို pause လုပ်လိုက်ပါ တယ်  ........အင်း ဒါဆိုလဲ ကျုံးဘေးသွား ကျုံးဘေးသွားကြည့်ရအောင် သူရိန်" ........ ဟော လုပ်ပီ ပေါက်တတ်ကရ အေးပါ မင်းကြည့်ချင်တယ်ဆိုလဲ သွားမယ်လေ

ကားကို ကျုံးဘေးသို့မောင်းကာ ကိုယ်တော်ချောက ကားရပ်တော့ 73x26 ထောင့် မင်္ဂလာတံတားရဲ့ အနောက်ဖက် ကပ်လျက်နေရာကို ရပ်လိုက်ပါတယ် " .... သူရိန် ဒီနေရာ ရပ်တာ အရေးမကြီးဘူးနော် နင့်အဖေတွေ လာရင် ဒီနားရပ်လို့ ရစ်ခံရအုံးမယ် " ....စိတ်ချ မရစ်ဘူး စတစ်ကာကပ်ထားတယ် ကားတစ်ခုလုံးကို ရစ်လဲ ရှင်းမယ်ကွာ " ....သူကကျနော့်ကို ပြန်ပြောပီး နောက်ခန်းသို့ ရွှေ့လာပါတယ် " .... ဘာလာလုပ်တာလဲ ကို့ ဟာကို ကြည့်လေ သူရိန် " ....သားသား အဲလိုမလုပ်နဲ့ တူတူကြည့်ရအောင်လို့လဲ လာပေးရသေးတယ်" ....ဟီး စတာ  လာထိုင် သူရိန် " ....မင်းကရော သားသား " ....ငါကတော့ နင့်ပေါင်ပေါ်မှာ အိပ်မယ် လို့ပြောပီး ကျနော်သူ့ပေါင်လေးပေါ်ကို အမြန် ခေါင်းလှဲချလိုက်ပါတယ်

" ....တော်ပီကွာ မင်းဟာမင်း ခေါင်းပဲ အုံးအုံး အိပ်ပဲအိပ်အိပ် ငါကတော့ ကြည့်တော့မယ် Video ကို ပြန် Play လိုက်ပါတယ်.. ဇာတ်လမ်းကိုတူတူကြည့်ရင်း ရောဘတ်က သူ့ကောင်မလေးကို ကားနဲ့ ခေါ်ပီးတော့ သူတို့ အိပ်မယ့်တည်နေရာဆီသို့ ဦးတည်နေပါတယ် ဒါပေမဲ့ အဲဒီနေရာမရောက်ခင် လမ်းမှာ ပွဲဈေးလို ပုံစံမျိုး တစ်ခုကို ၀င်ပီး နှစ်ယောက်သား Kissing ဆွဲလိုက်တော့ " .... အမလေး ရောဘတ်ရယ် သားသားကိုများ လာဆွဲပါတော့ " ....လို့ပြောလိုက်တော့ " ....မင်း ညိမ်ညိမ်ကြည့်ကွာ စကားမပေါနဲ့ ဖီလ်ငုတ်တယ်" ပါးစပ်ကို သူ့လက်နဲ့လာပိတ်ပါတယ် သူ့လက်ကို ပြန်ပုတ်ချကာ" ....ဘာဖြစ်လဲ အဲဒီလိုပြောမှ ပျော်စရာကောင်းတာ" .... သားသား မင်းနော် မပိတ်ဘူးလား" ....ပိတ်ပါဘူး ဘာလုပ်ချင်လဲ" ....ကျနော်က သူ့ပေါင်ပေါ်မှ သူ့မျက်နှာဆီသို့ ဦးတည်ပီး ခေါင်းလေးထောင်ကာ ရန်တွေ့လိုက်တော့ " ....အေး မပိတ်ရင်ပိတ်အောင်လုပ်ရမှာပေါ့ ကျနော့်ခေါင်းကို သူ့လက်တစ်ဖက်နဲ့မတင်လိုက်ပီး နှုတ်ခမ်းပါးနှစ်ခုရဲ့ထိစပ်သံ" ....ပြွတ်…..ပြွတ်……ပြွတ် " ....ကျနော်လဲ အောက်မှ အလိုက်သင့်လေး ပြန်လည် စုပ်ယူရင်း……….

To be continue.....
Nge တေဇ

No comments:

Post a Comment

အချစ်တစ်ခု ပြယုဂ်တစ်ခု

“......................”  သားကြီးဆီမှ ကြားလိုက်ရသော နာမည်ကြောင့် ကျွန်မတစ်ကိုယ်လုံး တောင့်ခဲ သွားသည်။အဆုံးမရှိသောတွင်းနက်ကြီးထဲသို့ ပြုတ်ကျ...