Sunday, February 15, 2015

ကျမနာမည် ခင်မေသိန်း (၁၀) ဇာတ်သိမ်း

" ကျမ နမည် ခင်မေသိန်း "
... . . . အပိုင်း (၁၀) ဇာတ်သိမ်း

မိုးရာသီရဲ့ အလူးအလဲထိုးနှပ်မူ မိုးစက်တွေနဲ့ အသားကျနေလာခဲ့ပြီးမှ တစ်ရာသီကူးမို့  မိုးရာသီကုန်လာတော့မည်ဖြစ်ကာ ပူပြင်းလာသည့် နေရောင်အောက်မှာ မိတ်ကပ်သားတွေနဲ့ မျက်နာပြင်ဟာ အောက်စီဂျင်မရသည်အလား ပူပြင်းသလိုခံစားမိတော့ ရက်အနည်းငယ်အလွန်က ရွာချခဲ့တဲ့ မိုးစက်တွေကို လွမ်းနေမိပြန်သည်။

လူတွေဟာ ရယူပိုင်ဆိုင်ခွင့်ရှိသော အရာများကို အလိုလျောက်ရပိုင်ခွင့်ရှိတုန်းက တန်ဖိုးမေ့နေခဲ့သလောက် အချိန်ရာသီတွေကျော်လွန်သွားခါမှ တမ်းတမိတတ်ကြတဲ့ အကျင့်ဗီဇတွေ တစ်ယာက်နဲ့ တစ်ယောက် မထူးခြား မကွဲပြား တူနေတတ်ကြသည်။

အနားမှသူကို တွယ်တာရစ်နွယ် သံယောဇဉ်ပို ချစ်ခြင်းတရားနှောင်ဖွဲ့ ထားလည်း ပြောမထွက်သာ မထားခဲ့ချင်လည်း အချိန်စက်ဝိုင်း ချိန်ကိုက်ကျလျင် ဝေးကြရမှာ စိုးထိတ်သူတို့ ကသာ နီးစပ်မူရဲ့  အချိန်တွေကို မြတ်နိုးတတ်ကြတာမဟုတ်လား။

ဘယ်လောက်ဝေးလဲ ရင်ခုန်နှုန်းမပြတ် ချစ်နေချင်သည်မှာ အသေချာပါပဲ။

~~~~~~~ <<< ~~~~~~~~~~ <<<<< ~~~~~~~~~~~

"ထိုင်းမှာ သင်တန်းတက်ဖို့ ပြင်နေတယ်ဆို "

ခင်မေသိန်းသည် တိမ်သောက်၏ မျက်ခုံးများရှုံ့ ထားသော အလိုမကျမူမျက်နာအား တစ်ချက်ကြည့်၍ မျက်နာလွဲလိုက်သည်။ ထို့ နောက် ခေါင်းကို ဖြေးညှင်းစွာငြိမ့်မိသည်။

"ဘာလို့ ကြိုမပြောခဲ့လဲ"

အခုချိန်မှာ ခင်မေသိန်းသည် ဖြေရမည့်သူဖြစ်သော်လည်း ပြန်၍သာမေးချင်နေသည်။

" တိမ်သောက် ဘာဖြစ်လို့ လဲ "

"ဘာဖြစ်ရမှာလား ကျနော်က သိဖို့ မလိုဘူး၊ ခင်မေသိန်းအတွက် ကျနော်က နေရာမရှိဘူး အဲ့လိုလား "

တိမ်သောက်စကားသံများသည် အနည်းငယ်ခြောက်သွေ့ နေကာ ကလေးငယ်တစ်ယောက် ခိုးကိုးရာမဲ့ ဖြစ်တော့မည်ကို ကြောက်နေသည့် ပုံစံမျိုးလေးနှင့်တူနေသည်။ ခင်မေသိန်းသည် တိမ်သောက်က သူ့ အတွက် မရိုးမရွဖြစ်နေမူကို တွေ့ ရတော့ ခွဲခွါခဲ့ရမည်ဟူသော အကြောက်တရားထက် ရင်ထဲက သံယောဇဉ်တွေမြင်ခွင့်ရမူအတွက် ကျေနပ်၍သာနေသည်။

"တိမ်သောက် သိချင်မယ်မထင်ခဲ့ဘူးလေ"

တိမ်သောက်သည် ခင်မေသိန်းအဖြေအတွက် အံ့အားသင့်သွားကာ ဘာစကားမှ ပြန်မပြောနိုင်ဖြစ်သွားရှာသည်။ တိမ်သောက်၏မျက်နာသည် ခပ်ပုတ်ပုတ်ဖြစ်သွားကာ မျက်လုံးများသည် ဟန်ဆောင်နိုင်မူနည်းစွာနှင့် မကျေနပ်ဟန်ရှိနေသကဲ့သို့ လှည့်ထွက်သွားဖို့ ပြင်သည်။ ခင်မေသိန်းသည် လှည့်ထွက်သွားသော တိမ်သောက်၏ကျောပြင်ဆီမှ လက်တဖက်ကို လှမ်းယူစုတ်ကိုင်လိုက်သည်။ သို့ သော် တိမ်သောက်သည် ခင်မေသိန်း၏ လက်အား ရုန်းကန်ပုတ်ချခဲ့သည်။

တကယ်တော့ ခင်မေသိန်း မပြောထွက်နိုင်သေးတာပါ။ ခွဲခွါဖို့ အတွက် အားအင်တွေ မွေးနေရဆဲဆိုတာ ပြောပြရင် ယုံနိုင်ပါ့မလား။ တိမ်သောက်အနားမှာ မခွဲတမ်းနေချင်ပေမယ့် အချိန်တွေကြာလာသည်နှင့်အမျှ နှုတ်မရတဲ့ဆူးကို သူကြောက်နေ၍ ရည်မှန်းချက်တွေအတွက်သာ သူရွေးချယ်ခဲ့တာဟု ပြောပြနေချင်သည်။

ခနလောက်ဝေးဝေးနေပြီး အနေအထိုင်တည်ငြိမ်အောင် ကြိုးစားလို့ ရှေ့ ဆက်သင့်သည်ဟု ခင်မေသိန်း ယူစမိသည်။ သူ့ အတွက်နဲ့ တိမ်သောက် သိက္ခာချမည်ကိုလည်း တွေး၍ ပူမိသည်။ ကိုယ့်အတွက်ကြောင့် မိန်းမလျာတစ်ယောက်နှင့် အပုတ်နံ့ ထွက်သလို တိမ်သောက် အပြောခံရမှာမျိုးအတွက် ခင်မေသိန်းကြောက်သည်။

မိန်းမအတုတို့ မည်သည် ကိုယ်ချစ်ခင်ရသူတို့ အနားမှာ နေသာခိုက်သာ အကြောင်းပြုသစ္စာပေး ခိုလုံခွင့်ရသော်လည်း ပတ်ဝန်ကျင်ရဲ့  ကဲ့ရဲ့ ပုတ်ခက်မူကြုံသောအခါ ချစ်ရသူသည် ပတ်ဝန်းကျင်ကိုအပြစ်မမြင်ဘဲ ကိုယ့်ဘက်ကိုသာ ငူစူတတ်ကြ၍ ကျန်ခဲ့ကြရသည်မဟုတ်လား။

ဤသို့ ချစ်ရပါသော မိုးတိမ်သောက်ရေ........

~~~~ ~~~~~~ ~~~~~~~ ~~~~~~ ~~~~~~ ~~

စားသောက်ဆိုင်ထဲသို့  ခင်မေသိန်းဝင်လာသည်နှင့် မျက်လုံးပေါင်းမြောက်များစွာသည် သူ့ အား စူးစိုက်စွာကြည့်နေကြသည်။ ထိုထဲတွင်သူ့ အား မြန်မာဝတ်ထမီအင်္ကျီနှင့် ခန္ဓကိုယ် နည်းနည်းထွားသော မိန်းမလျာတစ်ယောက်ကို စူးစမ်းကြည့်မိနေကြသူများလည်း ပါသလို နာမည်ကြီးမိတ်ကပ်ဆရာအဖြစ် သိသောသူများလည်းပါလိမ့်မည်။

သူ့ အားဝိုင်းကြည့်နေသော မျက်စိများစွာထဲမှ ရင်းနီးပြီးသားမျက်လုံးပိုင်ရှင်၏ စားပွဲဝိုင်းလေးသို့  ခင်မေသိန်း အရောက်သွားလိုက်သည်။ စားပွဲမှာ နေရာယူပြီးသော် မောင်မောင်၏ဘေးတွင်ထိုင်နေသော အမျိုးသားတစ်ယောက်သည် သူ့ အား မမှိတ်မသုန်စိုက်ကြည့်လျက်

" မောင်မောင် မင်းငါ့ကို မိတ်ဆက်ပေးမယ် ဆိုတာ သူလား " တဲ့။

မောင်မောင်က ခေါင်းတစ်ချက်ငြိမ့်ပြလိုက်တော့ မချိုမချဉ်မျက်နာသည် စပ်ဖြဲဖြဲဖြစ်သွားကာ

" မဆိုးပါဘူး ... ကျန်ပါသေးတယ် " ဟု ထိုသူက ခင်မေသိန်းအားကြည့်၍ ပြောနေသည်။

"ကျန်ရအောင် ငါက ဘယ်မှာ သွားကုန်လို့ လဲ၊ စကားကို ကြည့်ပြော " ဟု ခင်မေသိန်းကပြာတော့ ထိုသူက ပို၍ရယ်နေသည်။

ထိုသူသည် ဟိုအရင်ကအတိုင်း မပြောင်းမလဲ မျက်နာအတော်ပြောင်ပါလားဟု ခင်မေသိန်း တွေးနေမိသည်။

"မိတ်ကပ် ခင်မေသိန်းမဟုတ်လား တွေ့ ရတာဝမ်းသာတယ်ဗျာ ခင်မေသိန်းကို အပြင်မှာ ဒီလောက် အလက်ကြီးဖြစ်နေလိမ့်လို့ မထင်ဘူး"

"မလက်ရအောင် ငါက ရဲ ရင့်နောင်လို မသေခင်ကပုတ်နေတာလည်း မဟုတ်" ဟု ခင်မေသိန်းသည် ဇတ်ကလေးကို ပုကာ ပြန်ပြောင်ပြောလိုက်သည်။

ထိုအခါ ရဲရင့်နောင် သဘောကျကာ တဟားဟားရယ်ရင်း

"သိလှချည်လား မရှိုက်နဲ့ နော် " ဟု မျက်နာကို ပြီတီတီလုပ်ပြောနေသေးသည်။

"ဖင်က ဝဲတွေရော ပျောက်သွားပြီလား အောက်ခံဘောင်းဘီတွေရော သေချာလဲဝတ်ရဲ့ လား
....................
...........
မိန်းကလေးတွေ အောက်ခံဘောင်းဘီ ဘာရောင်ဝတ်လာလဲ လိုက်ချောင်းကြည့်တုန်းပဲလား" ဟု ခင်မေသိန်းက ပြောတော့ ရဲ ရင့်နောင်သည် သူ့ အကြောင်းတွေလာပြောပြနေပါလားဟု တွေခနဲ ဖြစ်ကာ မောင်မောင်များကြိုပြထားသလားဟု မောင်မောင့်ဘက်ကို လှည့်ကြည့်နေသည်။

မောင်မောင်သည် ပါးခုံးကို မြှောက်ကာ ခေါင်းကို စောင်းပြ၍ သူနှင့်ဘာမှမဆိုင်ဘူး ဟူသော ပုံစံမျိုးကြောင့် ရဲရင့်နောင် ပို၍ ဇဝေဇဝါဖြစ်သွားသည်။ ခင်မေသိန်း သူ့ ကို ဘယ်လို သိနေမှန်း သူမသိဖြစ်နေသည်။ ခင်မေသိန်းကတော့ ကိုးတန်းတုန်းက ဖြစ်ခဲ့သည်များအား ပြန်ပြောကာ ဟားနေခြင်းဖြစ်သည်။ ရဲရင့်နောင်ပုံစံသည် ဘာမှ သိပ်မပြောင်းသွားပေမယ့် မိန်းမလို ပြောင်းလဲဝတ်စင် နေထိုင်လိုက်သူ ဆံပင်ရှည်ကုတ်ဝဲလေးနဲ့ ခင်မေသိန်းကိုတော့ ရဲရင့်နောင်က မမှတ်မိတော့ပါ။

"မင်းက ဘယ်လို သိနေတာလဲ ဘယ်သူပြောပြထားလဲ ဝဲကြော်ဆိုတာ အလားကားလျှောက်ခေါ်တာ ဘာမှ ဝဲလည်းမကြော်ဘူး ဘာဘောင်းဘီမှလည်းမဟုတ်ဘူးနော်" ဟု ပြန်ရှင်းနေသည်။

"ဪ ဪ အေးပါ အေးပါ ငုဝါတို့ နှင်းဆီတို့ လူစုံမှ ငါပြန်ရှင်းပြလိုက်ပါ့မယ် ရဲရင့်နောင်က ကို တန်းတုန်းက ငုဝါခိုင်ကို သွားပြီး အဝါလေးမဟုတ်လားလို့ မေးတာ မဟုတ်ကြောင်း ကောင်မလေးတွေ အောက်ခံဘောင်းဘီအရောင်သွားမေးလို့  ပုဆိုးချွတ်ဖောင်ပြောင်နဲ့ အရိုက်ခံရတာကနေ ဝဲခြောက်တွေပေါ်ကုန်ပြီး ဝဲကြော်လို့ နာမည်အပေးခံရတာတွေ မဟုတ်ပါဘူးလို့  လူစုံမှ ငါပြန်ရှင်းပြလိုက်ပါ့မယ် "
ခင်မေသိန်းသည် ပြောရင်း မောင်မောင်နှင့် လက်ဝါးချင်းရိုက်ကာ တစ်ခစ်ခစ်ရယ်နေသည်။

"နင်ဘယ်သူလဲ ငါ့အကြောင်းတွေ မောင်မောင် ဖွထားတာလား "

"နင်က ငယ်ငယ်က ဝါယာလက်မှာနေတယ် နင့်အမေက မင်္ဂလာဒုံဈေးထဲမှာ ရွှေဆိုင်ဖွင့်ထားတယ် နင့်မှာ ညီမနှစ်ယောက်ရှိတယ် ပြီးတော့ .... ဆက်ပြောရဦးမလား "

ရဲရင့်နောင်သည် ရယ်ပြောပြောနေသော ခင်မေသိန်းအား မြင်ဘူးသလိုပဲဟု ထင်လာကာဆက်ကြည့်နေဆဲ......

" ဟဲ့ .... ခင်မောင်သိန်းဆိုတာ မိတ်ကပ်ခင်မေသိန်း၊ ခင်မေသိန်းဆိုတာ တစ်ချိန်က ခင်မောင်သိန်းပဲ ငအရဲ့  ဟား ဟား ဟားးးး "

ရဲရင့်နောင်သည် ဟင်ခနဲဖြစ်သွားကာ ခင်မေသိန်းကို ခေါင်းဆုံးခြေဆုံးပြန်ြ့ကည့်နေသည်။

"ဪ အေး တူတော့တူသား"

"မင်းက ဘာတူတယ်ပြောတာလဲ ရှင်းအောင်ပြော ရှင်းအောင်ပြော" ဟု မောင်မောင်ကဝင်ထောက်ပြောတော့ ရဲရင့်နောင်က ရယ်ကျဲကျဲဖြစ်ကာ ဖြေသည်။

"ဪ ခင်မောင်သိန်းနဲ့ တူတယ်လို့ "

"မင်းကလဲ တစ်ယောက်တည်းပါဆိုမှ တူတယ်လုပ်နေပြန်ပြီ "

"မဟုတ်ဘူးလေ ဟုတ်တယ်လေ ငါပြောတာက"

"ဟာကွာ မဟုတ်တာဘူးလဲ ပြောသေးတယ် ဟုတ်တယ်လဲ ပြန်ပြောနေသေးတယ်" မောင်မောင်က ရဲရင့်နောင်အား ကြပ်ပေးနေသည်။

"မဟုတ်ဘူး ငါပြောတာက အဲ့ဒါကြောင့် စတွေ့ ကတည်းက တစ်ယောက်ယောက်နဲ့ တူပါတယ် ငါတွေးနေတာလို့  ပြီးတော့ ခင်မောင်သိန်းက အခုမှ ပိုကြည့်ကောင်းလာတယ်လို့ ပြောလို့ ရတယ် အရင်လိုမဟုတ်ဘဲ ကြည့်ရတာတစ်မျိုးပဲ မိန်းမနဲ့ လည်း နည်းနည်းဆင်တယ် အသားတွေလည်း နုသွားတယ် ဘာဆေးတွေသုံးနေလို့ လဲ" ဟု ရဲရင့်နောင်သည် အံ့အားသင့်စွာဆက်ပြောနေသည်။

"ဘာလဲ နင်လိုက်သုံးချင်လို့ လား နင်သုံးမယ်ဆို ငါဆီက အလကားယူ အချိန်တိုအတွင်းအမှီလိုက်ပေါ့ "

"ဟာ တော်ပါ ငါကြောက်ပါတယ် " ဟု ရဲရင့်နောင်က ကျောကိုတွန့် ပြီးပြောတော့ ရယ်ရပြန်သည်။

မောင်မောင်နှင့် ရဲရင့်နောင်တို့  မြို့ ထဲမှာ ပြန်ဆုံကြရာမှ အဆက်သွယ်ပြန်ရခြင်းဖြစ်သည်။
ရဲရင့်နောင်က မင်းသမီးဖြစ်လာသော ငုဝါကို ပြန်ပိုးချင်၍ ချိတ်ဆက်ပေးရန် မောင်မောင့်ကိုနားပူရာမှ မောင်မောင်က ရဲရင့်နောင်အား ခင်မေသိန်းဆီပြန်လွှဲပေးရန် ဆုံပေးခဲ့ခြင်းဖြစ်သည်။

~~~~~~~ ~~~~~~~~~~ ~~~~~~~~ ~~~~~~~~ ~~~~~

fashion show ပွဲကြီးတစ်ခုမှာ နှင်းဆီရော ငုဝါပါ ပါဝင်နေသဖြင့် ခင်မေသိန်းကိုယ်တိုင်မိတ်ကပ်လိုက်လိမ်းပေးပြီး ခင်မေသိန်းသည် ပွဲပြီးသည်ထိကြည့်ရှူ့ အားပေးနေသည်။

stageစင်ပေါ်မှ modelများအား ဓာတ်ပုံတစ်ဖျက်ဖျက်ရိုက်ယူနေသော တိမ်သောက်အား အဝေးမှ သူ ကြည့်နေမိသည်။ ခင်မေသိမ်းဖုန်းဆက်တိုင်း တိမ်သောက် ဖုန်းမကိုင်ပဲနေသည်မှာ နှစ်ပတ်ရှိသွားပြီ။သူ နိင်ငံခြားထွက်မည့် ကိစ္စနှင့် စိတ်ဆိုးနေဆဲဖြစ်သည်။ showပြီးချိန်ထိစောင့်ကာ တိမ်သောက်လက်တွေကို ဆွဲယူ၍ ဖုန်းမကိုင်ရကောင်းသလား ရန်တွေ့ ဦးမည်ဟု သူတွေးနေလိုက်သည်။

ခင်မေသိန်းသည် showပွဲအား ထိုင်ကြည့်နေရာမှ ဗိုက်ထဲမှ ခပ်အောင့်အောင့်ဖြစ်လာသည်။ မနေ့ ညကတည်းမှ ဗိုက်ခနခနအောင့်သလိုဖြစ်နေ၍ ဝမ်းနှုတ်ဆေးစားကာ ဝမ်းသွားမှသက်သာသွားခြင်းဖြစ်သည်။ ခုတလော ခင်မေသိန်း ဝမ်းခနခနချုပ်ကာ ဗိုက်အောင့်တတ်သလို ဖြစ်နေသည်။ အခုတစ်ခါ အရင်အခါတွေထက် ပိုအောင့်ကာ ချွေးစေးများပင်ပြန်လာသည်။

ခင်မေသိန်းသည် သက်သာလို သက်သာငှား အိမ်သာသွားတက်တော့လည်း ဝမ်းမသွားပဲ အနာလည်းမသက်သာဖြစ်ကာ ပိုအောင့်လာသည်။ နေ့ လည်စာစားထားတာ များသွားသလားဟု ခင်မေသိန်းတွေးကာ ဗိုက်နာသည်ထက်နာလာ၍ ကြောက်ချွေးများပြန်လာသည်။

ခင်မေသိန်းသည် နာကျင်မူဓာတ်ကို မခံနိုင်တော့ပဲ ဒူးချထိုင်လိုက်ကာ သက်သာလိုငှား ဗိုက်ကိုဖိကိုင်ထားမိသည်။

" ခင်မေ ဘာဖြစ်တာလဲ "

"အား ..... နာတယ် "

ခင်မေသိန်း ခန္ဓာကိုယ်သည် တိမ်သောက် ရင်ခွင်ထဲသို့  အလိုက်သင့်ပြေကျသွားသည်။ ထိုအခိုက်အသန့် လေးတော့ သူ့ နာကျင်မူများ အနည်းငယ်ပြေလျော့သွားသည်။
~~~~~~~ ~~~~~~~~ ~~~~~~~~~~ ~~~~~~~ ~~~~~~

ဆေးရုံတွင် ကနဦးစစ်ဆေးမူများ ပြုလုပ်ရသည်။ဗိုက်ကို တီဗွီဓာတ်မှန်ဟု ခေါ်သော ultrasound ရိုက်ကြည့်တော့ ခင်မေသိန်းအတွက် ကြောက်စရာအဖြေဖြစ်နေသည်။ ကြည့်ရှူ့ ပေးသော ဆရာဝန်သည် ခင်မေသိန်းအား ရောဂါအကြောင်းသေချာမသိရသေးသော်ငှားလည်း စိတ်ခိုင်ခိုင်ထားဖို့  ဦးစွာ councelling နှစ်သိမ့်ဆွေးနွေးပေးရှာသည်။

အူသိမ်တွင် အကျိတ်တွေ့ သည်ဟု ထွက်လာသော အဖြေကြောင့် ဖြူဖတ်ဖတ်ဖြစ်နေသော ခင်မေသိန်းမျက်နာသည် သွေးမရှိတော့သည်အလား ပိုဆိုးသွားရှာသည်။
ဘာအကျိတ်လဲ သေချာခွဲခြားသိရှိနိုင်ရန် စစ်ဆေးရှာဖွေမူများစွာဆက်လုပ်ရဦးမည်ဟု လက်ထောက်ခွဲစိတ် ဆရာဝန်ဆိုသောသူက သေချာစွာရှင်းပြသည်။

တီဗွီရောဂါ tuberculosis ဖြစ်ဘူး၊မဖြစ်ဘူးနှင့် လောလောဆယ် မည်သည့်လက္ခဏာများခံစားရသည်အား ခင်မေသိန်းကို ပြန်မေးနေသည်။ တကယ်တော့ ခင်မေသိန်းတွင် သိသာသော ရောဂါလက္ခဏာမျိုး သိပ်မခံစားခဲ့ရပါ။ ဝမ်းချုပ်သည့်အခါ ဗိုက်နာတတ်သလို ဖြစ်လာတတ်သည်ကလည်း ရက်တစ်ပတ်အနည်းငယ်သာရှိသည်။
ဆရာဝန်ကလည်း အူမှာ အကျိတ်ဖြစ်နေသည်မို့  ဝမ်းချုပ်လို့ အူကို ပိုပိတ်စေကာ ဗိုက်နာတတ်ကြောင်း နားလည်အောင်ရှင်းပြပေးသည်။ လက်ရှိအူမှာတွေ့ ရသော အကျိတ်သည် ဗိုက်တီဗွီအကျိတ်လား တစ်ခြားအကျိတ်လား ကင်ဆာလား စသည်ဖြင့် ဘာအကျိတ်ဖြစ်မည်ကို သေချာသိရှိနိုင်ရန် ဆက်လက်စစ်ဆေးရမည်ဟု ရှင်းပြသည်။

ကြောက်ရွံ့ ထိတ်လန့် မူအောက်တွင် ခင်မေသိန်းလက်များသည် တုန်ရင်နေသည်။ ဆရာဝန်က မစိုးရိမ်ပါနဲ့ ပြောလေ စိုးရိမ်စိတ် ကြောက်ရွံ့ စိတ်သည် ပိုကြီးမားလာလေဖြစ်နေသည်။

ခင်မေသိန်းသည် တိမ်သောက်၏လက်များကို စုတ်ကိုင်ထားမိသည်။ တိမ်သောက်၏ ခပ်တင်းတင်းစုတ်ကိုင်လိုက်ထားသော လက်များအောက်တွင် ခင်မေသိန်းသည် ကြိုးစားလို့  ပြုံးနေရသည်။
နောက်ဆုံးသေရမည်ဆိုလျင်တောင် အနားမှာ ချစ်သောသူများ၏မျက်နာကို ကြည့်ခွင့်ရခဲ့ခြင်းနှင့်သာ ဖြေသိမ့်နိုင်လိမ့်မည်ဟု သူတွေး၍ တရားမှတ်နေမိသည်။ သို့ သော် ဆေးစစ်ထားသည့် resultများမထွက်မချင်း သူရင်တုန်ခြောက်လန့် နေသေးသည်။

ခင်မေသိန်းသည် သူ့ အမေနှင့် အစ်ကိုများအား သူ့ အခြေအနေအား အကြောင်းကြားရန်အတွက် တုန့် ဆိုင်းနေမိသည်။ သူ နာကျင်စွာ ခံစားရသလို သူချစ်သောများကိုလည်း နာကျင်အောင် မပြောရက်နိုင်သေးပါ။
တစ်ခနအကြာတွင် နှင်းဆီနှင့် ငုဝါတို့ ရောက်လာပြီးနောက် မောင်မောင်ပါ ရှေ့ ဆင့်နောက်ဆင့် ရောက်လာသည်။နှင်းဆီတို့ အားပေးလို့  စိတ်အနည်းငယ် သက်သာသလို မောင်မောင်က သူငယ်ချင်းဆရာဝန်ဆိုတော့ ခင်မေသိန်း အားရှိသလို ခံစားမိသည်။ သူငယ်ချင်းအရင်းဖြစ်၍ သူ့  စိတ်ကိုကောင်းကောင်းသိသလို သူ့ အခြေအနေအတွက် အားမနာတမ်း စိတ်ထဲရှိသည့်အတိုင်း ပို၍ ကောင်းစွာ၊ လွတ်လပ်စွာ မေးမြန်းနိုင်သည်မဟုတ်လား။

မောင်မောင်သည် စစ်ဆေးပြီးသမျှရလဒ်များကို ဖတ်ကာ ကြည့်ရှူ့ ပေးသော သက်ဆိုင်ရာဆရာဝန်ကြီးနှင့် သွား၍ တိုင်ပင်ကာ ခင်မေသိန်းကို လိုအပ်သည့် investiicationတွေလုပ်ပေးရန် တောင်းဆိုပန်ကြားပေးသည်။

ခင်မေသိန်းအား CT-scan ခေါ် ကွန်ပြူတာဓာတ်မှန်နှင့် ရောဂါစစ်ဆေးရှာဖွေရန် စီစဉ်ပေးသည်။ ထို CT တစ်ခါရိုက်စာသည် တစ်သိန်းဝန်းကျင်ကုန်ကျ၍ ထို CTရိုက်ရန် လိုအပ်သောလူနာများမှာ ငွေကြေးအခက်အခဲ နည်းသောသူများဖြစ်မှသာ ချက်ခြင်းရိုက်ကူးနိုင်ခြင်းဖြစ်သည်။ Private Hospitalဆိုတော့ ကုန်ကျငွေသည်လည်း ရောဂါမဖြစ်ရဲလောက်အောင် ကုန်ကျသည်။
ပိုက်စံဆိုသည်လည်း ထိုနေရာတွင် မရှိမဖြစ်အဖြစ် ခံစားရပြန်သည်။ လူ့ အတွက် ကျန်းမာရေးသည် အရေးကြီးဆုံးဆိုသည်ကလည်း မကျန်းမာမှ ပို၍နားလည်နိုင်စွမ်း ရှိလာပြန်သည်။

CT result အဖြေရတော့ မောင်မောင်သည် ခင်မေသိန်းအား မစိုးရိမ်ဖို့ အရင်ပြောနေသည်။ ထိုစကားနှင့်အတူ ခင်မေသိန်း ပို၍ ကြောက်လန့် လာသည်။

"...................... ...................
အဖြေထွက်လာပြီ.................
.........................................."

မောင်မောင့်မျက်နာကိုသာ ခင်မေသိန်းနှင့် သူငယ်ချင်းအုပ်စုကြီး ဝိုင်းကြည့်နေကြသည်။ ခင်မေသိန်းသည် ရင်တထိတ်ထိတ်နှင့် တိမ်သောက်လက်မောင်းကို ခပ်တင်းတင်းဆွဲစုတ်ထားမိသည်။

" Lynphoma တဲ့  မြန်မာလိုနားလည်အောင်ပြောရင် သွေးဖြူဥနဲ့ ဆိုင်တဲ့ ပြန်ရည်ကြောအကျိတ်ပဲ၊ ကြောက်မသွားနဲ့ နော် ခင်မေသိန်း စကားကို ဆုံးအောင်နားထောင်ပေး တစ်နည်းပြောရရင် .......
သွေးကင်ဆာအနွယ်ဝင်လို့ ပြောလို့ ရတယ် "

ခင်မေသိန်း၏ မြင်ကွင်းများသည် ခြာခြာလည်သလိုဖြစ်သွားကာ မြင်ကွင်းများသည် ပုံရိပ်များထပ်ကုန်ကြသည်။ တိမ်သောက်၊ နှင်းဆီနှင့် ငုဝါတို့ က ခင်မေသိန်း၏ လက်များကို တင်းတင်းစုတ်ကိုင်၍ အားပေးရန်ကြိုးစားကြသည်။

မောင်မောင်သည် ခင်မေသိန်းအနားသို့  ပိုနီးကပ်စွာ တိုးဝင်သွားပြီး ကြောက်ရွံ့ နေသော ခင်မေသိန်းအား ပြာပြာသလဲ ဆက်ရှင်းပြရန်ကြိုးစားသည်။

"နင် သိပ်မကြောက်ပါနဲ့ ဟ ဒါက ကင်ဆာအနွယ်ဝင် ဆိုပေမယ့် နင့်ရောဂါရဲ့ Stage က မဆိုးသေးပါဘူးဟ၊ အဆင့်ပေါ်မူတည်ပြီး အကောင်းဆုံးဖြစ်အောင် ကုလို့ ရပါတယ်၊ ငါ့ဆရာ ကင်ဆာအထူးကုကြီးတွေဆီ ငါကိုယ်တိုင် အကူညီလိုက်တောင်းပြီး ကုကြမယ်လေဟာ နော် ၊ ငါတို့ ကုသမူ ကောင်းကောင်းယူရင် မျှော်လင့်ချက်အကြီးကြီးရနိုင်ပါတယ်ဟ နင်က မကြောက်စမ်းပါနဲ့  နင် ခင်မေသိန်းမဟုတ်တာကျနေတာပဲ "

မောင်မောင်သည် ခင်မေသိန်းအား အားပေးစကားပြောရင် ရောဂါဆိုး၏ အတိမ်အနက်မသိရသေးမူ၏ ခြောက်လန့် မူနှင့်အတူ ခင်မေသိန်းအတွက် စိုးရိမ်ဝမ်းနည်းလာသည်။ ငိုကြွေးချင်လာသော စိတ်ကို ရအောင်မြိုသိပ်ကာ ကွဲအက်လာသော လေသံကို ကြိုးစား၍ ဖိထားရသည်။

ကျန်ရှိနေသေးသော သွေးစစ်မှတ်တမ်းအဖြေများကို လည်းစောင့်နေရင်း ရင်တထိတ်ထိတ်ဖြစ်နေကြရသည်။

~~~~~ ~~~~~~~~~ ~~~~~~~~~ ~~~~~

ခင်မေသိန်းက သူ့ အိမ်ကို မပြောပြပါသေးနဲ့ ဦးဆို၍ သူခရီးလွန်နေတယ်ဟူ၍ သူငယ်ချင်းများက ဖုန်းဖိထားပေးရသည်။

သွေး resultများထွက်လာသည်။ ထိုတွင် HIVကဲ့သို့ ကိုယ်ခံစွမ်းအားနည်းစေသော Virus မျိုးနှင့် တစ်ခြား Virusများကို စစ်ဆေးရသည်။ ၎င်းပိုးများနှင့် ရောဂါဆက်စပ်မူ ဇစ်မြစ်ကိုလိုက်ရသည်။ ခင်မေသိန်း ကံကောင်းပါသည်။ ခင်မေသိန်းတွင် HIV၊အသည်းရောင်အသားဝါဘီ၊စီ နှင့်တခြားvirus များတစ်မှ ရှိမနေပါ။ ထို့ ကြောင့် ခင်မေသိန်း ကင်ဆာကုထုံး လက်ခံနိုင်ရန် များစွာ အထောက်အကူဖြစ်လေသည်။

Lynphomaမှာ Non-Hodgkim Lynphoma ဟု အမျိုးနွယ်ခွဲ သတ်မှတ်ချက်ထွက်လာသည်။ ရောဂါအဆင့်အနေဖြင့် Stage 1 ကိုယ်တွင်းကလီဆာ(အူ) တစ်နေရာတွင် ဖြစ်ပေါ်နေမူအဖြစ်သတ်မှတ်ရရှိသည်။

မောင်မောင်သည် လက်ထဲတွင်အသင့်ပါလာသော I Pad ကိုဖွင့်ကာ ရောဂါနှင့် ပတ်သက်သည်များအား ခင်မေသိန်းကို ရှင်းပြ၍ နှစ်သိမ့်ဆွေးနွေးပေးသည်။ Stage 1 အဆင့်သာဖြစ်၍ ကုသ၍ ကောင်းမွန်လာရန် များစွာမျှော်လင့်နိုင်ကြောင်း မောင်မောင်က ခင်မေသိန်းအား နှစ်သိမ့် ပြောပြပေးသည်။

အူသိမ်တွင် အကျိတ်သည် အူပိတ်လောက်အောင် ဖြစ်နေရ၍ ခွဲထုတ်ရမည်လိုလိုဖြစ်နေသည်။ ခင်မေသိန်းသည် လက်ရှိအချိန်တွင် ခွဲထုတ်ယူသွားလို့ တစ်ခါတည်းသက်သာသွားမည်ဆို ချက်ချင်းခွဲထုတ် ပစ်ချင်နေမိသည်။ သို့ သော် ကုသမူသည် ဤမျှမလွယ်ကူခဲ့ပါ။

ခင်မေသိန်းကို ကင်ဆာဆေးကုထုံးနည်းနှင့် ပထမဆုံးကုသရန် ကင်ဆာအထူးကုဆရာဝန်ကြီးက ရွေးချယ်ပေးသည်။ ဓာတ်ရောင်ခြည်ကင်ဆာကုသနည်းနှင့်လည်း လိုအပ်သလို ကုသရဦးမည်ဖြစ်သည်။

ခင်မေသိန်းသည် ကင်ဆာကုထုံးများ၏ နောက်ဆက်တွဲများကို တွေး၍ ပိုကြောက်လာသည်။ လက်ရှိတွင် ရောဂါလက္ခဏာ ဆိုးဆိုးရွားရွားကြီး မခံစားရသော်လည်း ကင်ဆာဆေးတွေ ဓာတ်ရောင်ခြည်တွေနှင့်ကုမှ အိပ်ယာထဲ ဗုန်းဗုန်းလဲမှာ ကြောက်လန့် နေရှာသည်။ ကင်ဆာကုထုံးအား လက်ခံမည် လက်မခံမည်တောင် စဉ်းစားရသည်အထိ ခင်မေသိန်းကြောက်လန့် နေသည်။ အားလုံးက ဝိုင်း၍ အားပြောနေသော်လည်း ကာယကံရှင်ဖြစ်သူ၏ စိတ်ခံစားအားငယ်မူ၊ ကြောက်လန့် စိုးထိတ်မူကို မည်မျှနားလည်ပါ့မလဲ။ လူကောင်းတစ်ယောက်နီးနီး ထိုင်နေနိုင်သေး၍ သူ့ လောက်ခြောက်လန့် နိုင်မည်မဟုတ်ပါ။

ခင်မေသိန်းအမေသည် သမီးတစ်ဖြစ်လဲ သားဖြစ်သူအား ကြည့်၍ ဝမ်းနည်းစွာ မျက်ရည်ကျနေသော်လည်း ကြိုးစား၍ အားပေးနေရှာသည်။ မစိုးရိမ်ပါပဲ ဆေးကုသမူကို လက်ခံရန် တိုင်တွန်းနေသည်။ ခင်မေသိန်း ခေါင်းမာမည်ကို အမေဖြစ်သူ ဒီတစ်ခါ အကြောက်ဆုံးဖြစ်သည်။ အစ်ကိုများက သူ ဆက်လျှောက်လှမ်းရမှာတွေ အများကြီးရှိသေး၍ နေကောင်းအောင် ကြိုးစားဖို့  အသွင်သွင်မှာနေသည်။

မောင်မောင်နှင့်တိမ်သောက်တို့ သည် ခင်မေသိန်းအားရှိစေရန် တားထားသည့်ကြားမှ မိဘအိမ်သို့  အကြောင်းကြားပေးခဲ့ခြင်းဖြစ်သည်။

မောင်မောင်ကတော့ ဆရာဝန်ပီသစွာ တိုက်တွန်းအကြံပေးတတ်သည်။ သူ့ ရောဂါအဆင့်သည် ဆိုးရွားသည်မဟုတ်သကဲ့သို့ ဆိုးရွားသော ရောဂါအဆင့်များပင် ကုသမူကြောင့် များစွာနေသာကြောင်းရှင်းပြသည်။ ဆေးကုသမူကြောင့် နောက်ဆက်တွဲခံစားရမူသည် လူတိုင်းလည်း မခံစားရတတ်ကာ ခံစားရသောသူများအတွက်လည်း ဆေးကောင်းများစွာ လိုက်နိုင်ကြောင်း ရှင်းပြသည်။ ထို့ အပြင် ခင်မေသိန်းအတွက် ကံကောင်းသည်က နိုင်ငံခြားဆေးအဖွဲ့ မှ ကင်ဆာကုသရေး projectနှင့် မြန်မာနိုင်ငံသို့ ရောက်ရှိနေသဖြင့် ဆေးကုသမူများအတွက် ပို၍အထောက်ကူဖြစ်သလို ကုန်ကျစရိတ်များစွာ သက်သာနိုင်လာသည်။

တိမ်သောက်သည်လည်း ခင်မေသိန်းနေကောင်းလျင် အနားမှာ အမြဲအတူတူရှိနေနိုင်မည်ဟု အားပေးနေသည်။ တိမ်သောက်သည် ခင်မေသိန်း၏ လက်များအားစုတ်ကိုင်၍ နှုတ်ခမ်းသားများနှင့် ခပ်ဖွဖွနမ်းလိုက်သည်။ တိမ်သောက်၏ အနမ်းတစ်ခုရလိမ့်မည်ဟု ခင်မေသိန်းမမျှော်လင့်ခဲ့ပါ။ ထိုသို့  ရင်းနှီးသူလူအများကြားတွင် တိမ်သောက်၏အနမ်းတစ်ခု ရလိမံ့မည်ဟု ခင်မေသိန်း ပို၍ မမျှော်လင့်မိခဲ့။ ထိုအနမ်းတွေတွင် ကြင်နာမူနှင့်အတူ ရဲရင့်မူတွေပါရှိနေသည်ဟု ခင်မေသိန်း ယုံကြည်သည်။

တိမ်သောက်၏ ပထမအနမ်းသည် ခင်မေသိန်း၏ လက်ဖမိုးများမှ ခန္ဓာကိုယ်အနှံ့  နွေးးထွေးစွာ စီးမျောသွားတော့သည်။

~~~~~~~ ~~~~~~~~~ ~~~~~~~ ~~~~~~~~~ ~~~~~~

ခင်မေသိန်းသည် ကင်ဆာကုသမူခံယူရန် စိုးရိမ်မူတစ်ဝက်နှင့် အသင့်စောင့်နေရသည်။ ကင်ဆာကုသမူဆေးများ တွင်းပေးအပြီး ခင်မေသိန်းသည် တဖြေးဖြေးနှင့် ခေါင်းများမူးဝေကာ ပြို့ အန်ချင်သလိုခံစားရသည်။ ခင်မေသိန်း၏ အမေ၊ အစ်ကိုတွေနှင့် တိမ်သောက်၊မောင်မောင်၊ နှင်းဆီတို့ ကလည်း အနားမှာကြည့်ပေးနေခဲ့သည်။

ခင်မေသိန်းအတွက် ကံကောင်းတာတစ်ခုမှာ ကင်ဆာဆေးများ၏ ဒဏ်ကိုခံနိုင်ရည်ရှိခြင်းဖြစ်သည်။ ဆေးကုသမူအပြီး ခံနိုင်ရည်အတွက် သွေးစစ်ချက်များကောင်းမွန်နေပြီး ဆိုးဆိုးဝါးဝါးမခံစားရ၍ ခင်မေသိန်းအတွက် အားလုံးပျော်နေကြသည်။

ခင်မေသိန်းသည် ကင်ဆာဆေးကုသမူများအတွက် လစဉ်ဆေးရုံကဆင်းလိုက် ပြန်တတ်လိုက်နှင့် ကုသမူခံယူနေရသည်။ ကင်ဆာဆေးကုသမူခံယူရသော ရက်များတွင် ဆေးရုံသို့  တက်ရပြီး ကျန်ရက်များတွင်တော့ ပုံမှန်နီးနီး အလုပ်များကိုလည်ပတ်လုပ်ကိုင်နိုင်နေသည်။ ဆေးကုသမူ လများအနည်းငယ်အကြာတွင် အူတွင်ဖြစ်နေသော ပြန်ရည်ကြော သွေးဖြူဥအကျိတ်သည်လည်း ရှူံ့ သွားကာ များမကြာမှီတွင် ကင်ဆာရောဂါ ဓာတ်ရောင်ကြည်ကုသမူကို ပေါင်းစပ် ခံယူရမည်ဖြစ်သည်။

မောင်မောင်သည် သံလျင်ပြည်သူ့ ဆေးရုံတွင် ဂျူတီဆင်းနေပြီမို့  ခင်မေသိန်း ဓာတ်ရောင်ခြည်ဆေးကုသမူ ခံယူသောနေ့ တွင် မလာနိုင်ခဲ့ပါ။ ထိုသို့ ပင် တိမ်သောက်သည်လည်း ချစ်သူကောင်မလေးမှ တောင်းဆိုလွန်းသဖြင့် ပဲခူးသို့ လိုက်ပို့ ပေးနေရသည်။ နှင်းဆီကလည်း မအား။ သူ့ အတွက်နှင့် ရှူတင်မဖြတ်စေလို။ ခနခနဆေးရုံတတ်နေရသူ သူ့ အတွက် ဘယ်သူ့ ကိုမှ အလုပ်မပြတ်စေလိုတော့ပါ။

ဓာတ်ရောင်ခြည်ကုသမူသည် ခင်မေသိန်းအတွက် ပထမဆုံးအကြိမ်ဖြစ်သဖြင့် ကုသပြီးမည်သို့ ဖြစ်မလဲ စိုးရွံစွာနှင့် ဓာတ်ရောင်ခြည်ပေးစက်များအောက် လှဲလျောင်းနေရင်း သူ့ လက်သွေးကြောများအတွင်း ဆေးတစ်ချက်ထိုးပေးပြီးနောက် အိပ်ပျော်သွားသည်။

သူပြန်နိုးလာသော အခါ သူ့ ခန္ဓကိုယ်သည် ဖျော့တော့စွာ အားအင်ကုန်ခမ်းသကဲ့သို့ ရှိနေသည်။ ပြည်သူ့ ဆေးရုံ ကင်ဆာဆောင်ကြီးဆီမှ ထွက်ပေါ်လာသော တိုးလျလျအသံများသည် သူ့ အတွက် အလွန်ကြောက်စရာကောင်းသော စူးစူးဝါးဝါးမြည်ဟီးသံများပမာ ဟိန်းထွက်နေသည်။ သူ့ နာထင်းသွေးကြောများသည်လည်း တဒိတ်ဒိတ်နှင့် ခုန်နေသည်။ နှုတ်ခမ်းများသည်လည်း အသွေးအရောင် ဖျော့တော့နေသည်။ သူ့ မျက်လုံးများကို ကြိုးစားဖွင့်လို့ ကြည့်မိတော့ အမေဖြစ်သူက သူ့ အား စိုးရိမ်စွာကြည့်နေသည်။ အမေ့မျက်နာကြောင့်နာကျင်မူတစ်ချို့ သ က်သာသွားသလို ခံစားမိသော်လည်း အားငယ်သည့်အချိန်တိုင်း တောင်းတမိနေကျ မျက်နာတစ်ချို့ ကို ခင်မေသိန်းလိုက်ရှာမိနေသည်။

ပဲခူးကမြန်မြန်ပြန်လာမယ် ပြောသွားတဲ့ တိမ်သောက်များ ပြန်ရောက်လာပြီလားဟု မျှော်နေမိသလို၊ ဘာမှမဖြစ်ဘူးလို့ အားပေးစကားပြောပေးနေကျ မောင်မောင့်ကိုလည်း စောင့်နေမိသည်။ အနည်းဆုံး မောင်မောင်လာရင် ဆရာဝန်တစ်ယောက်အနေနဲ့  သူပိုအားရှိလိမ့်မည်။ မျှော်လင့်နေရင်း သူ အားအင်ဖျော့တော့စွာ မျက်လုံးများမှေးစင်းသွားသည်။ အိပ်မက်ထဲတွင် သူအားငယ်စွာ ငိုနေမိပြန်သည်။

သူ့ လက်ကို ညှင်သာစွာ စုတ်ကိုင်ထားသော လက်များဆီမှ နွေးထွေးမူတစ်ချို့ ကြောင့် သူနှုတ်ခမ်းတွေသည် ခပ်ဖျော့ဖျော့ပြုံးရယ်နိုင်လာသည်။ လက်ဖဝါးများ၏ အထိအတွေ့ ကို သူကောင်းစွာ မှတ်မိနေသည်။ အပြုံးတစ်ခုကို မြင်ရတော့မှ သူခေါင်းတွေ ခြာခြာလည်မူမရှိတော့သလို တဒဂ်ခံစားမိသည်။ သူ့ မျက်နာအနားသို့ ကပ်၍ စူးစိုက်စွာကြည့်နေသော တိမ်သောက်၏မျက်ဝန်းများမှ ကြင်နာမူများကို သူကျေနပ်စွာ ဖတ်ကြည့်နေမိသည်။

သွေးစစ်ချက် အဖြေထွက်လာသောအခါ သွေးဖြူဥများ အားနည်းပြိုကွဲနေသည်။ သွေးဖြူဥသွေးအိတ်တစ်ချို့  လိုင်းသွင်းယူရန် ဆရာဝန်ကြီးက ဆုံးဖြတ်သည်။ သူ့ နှုတ်ခမ်းသားများ ခြောက်သွေ့ ဖြူဖက်နေကာ အသက်ရှူနှုန်းများ မြန်ဆန်လာသည်။ အသက်ဆက်ရှင်ရန် ခက်ခဲသလို သူ ခံစားနေရသည်။ သူ့ အတွက် ဝင်သက်ထွက်သက်တစ်ကြိမ်စာသည် အပင်ပမ်းဆုံး အခြေအနေရောက်လာသည်။

ခင်မေသိန်းသည် သွေးဖြူဥထုတ်များသွင်းခံနေရဆဲတွင် မျက်လုံးများမှေးစက်သွားသည်။ သို့ သော် မြန်နေသော သွေးခုန်နှုန်းများ၊ အသက်ရှူနှုန်းများသည် ပုံမှန်ပြန်ဖြစ်လာသည်။

သူ့ နဖူးဆီသို့ အနမ်းဖွဖွကျလာသောအခါ သူပြန်နိုးလို့ ကြည့်မိတော့ ချစ်ရသူ၏ အပြုံးနုနုတစ်ခု ဖူးပွင့်လို့ နေသည်။

~~~~~~ ~~~~~~~ ~~~~~~~ ~~~~~~~~ ~~~~~~~~~

ခင်မေသိန်းဟာ ကင်ဆာဆေးကုသများအတွက် ဆေးရုံရက်ချိန်းအတိုင်း ဆေးရုံတက်လိုက်ပြန်ဆင်းလိုက်လုပ်နေရင်း အချိန်တွေ လများစွာကုန်ခဲ့သည်။ ထိုအတောအတွင်း ရဲရင့်နောင်နှင့် ငုဝါတို့ အဆင်ပြေသွားကြကာ ဘယ်နေ့ လက်ထပ်မလဲ ရက်ရွေးရန်သာရှိတော့သည်။ ငုဝါက အနုပညာသမားပီပီ အနုပညာလောဘကြောင့် အချိန်ဆွဲထားသေးသည်။

မောင်မောင့်ကောင်မလေးဖြူနှင်းမှုံကတော့ မောင်မောင်နဲ့ နှင်းဆီကြားမရှင်းရှင်း ဆက်တွဲနေတယ်ဟု ဆိုကာ မောင်မောင့်ကိုအဆက်အသွယ်မလုပ်ပဲပစ်ထားသည်။ မောင်မောင်လည်း မချော့ဘဲရှိနေ၍ ဖြူနှင်းနှင့်ပြတ်ကာ နှင်းဆီနှင့် ဟန်ဆောင်တွဲရာမှ တကယ်တွဲတော့မလား ထင်နေရသည်။

ခင်မေသိန်းသည် ဆေးကုသမူcourseပြည့်ခဲ့သော်လည်း သုံးလခြားတစ်ခါချိန်းနှင့်တော့ ပြန်လည်အစစ်ဆေးခံယူနေရဆဲဖြစ်သည်။ သို့ သော် သူ ရဲ့ အလှအပမပြတ်ရှိနေသော ခန္ဓာကိုယ်ကို ကြည့်လျင် သူ့ တွင်ကြောက်စရာကောင်းသော ကင်ဆာနွယ်ဝင် အကျိတ်တစ်ခုရှိခဲ့သည်ဟု ပြောလျင် ယုံနိုင်ပါ့မလား။

ခင်မေသိန်းသည် ပုံမှန်အလုပ်များကို ဆက်လက်လုပ်ကိုင်နေရင်း အင်္ဂလိပ်စာကိုလည်း လေ့လာနေခဲ့သည်။ သူ့ အိမ်မက်ရည်မှန်းချက်တွေအတိုင်း နိုင်ငံခြားမှာ သင်တန်းတက်မည့် ဆုံးဖြတ်ချက်ကို ပြန်လည်အကောင်အထည်ဖော်နေပြီဖြစ်သည်။ လွယ်ကူစွာ အရှူံးမပေးတတ်သော သူ့ စိတ်တွေအတိုင်း ရွက်လွင့်ဦးမည်ဟု ဆုံးဖြတ်ထားသည်။ ထိုင်းကိုသွားရန် ရွေးခြယ်ထားပြီးဖြစ်၍ ထိုင်းဘာသာစကားကိုလည်း အနည်းငယ်ပြောတတ် ရေးတတ်အောင် လေ့လာထားခဲ့သည်။

သူ့ ကျန်းမာရေးအတွက် စိတ်မချစွာဝိုင်းပြောနေသည်ထဲမှ သူခေါင်းမာစွာ ငြင်းဆန်ခဲ့ပြီးမို့  ဘယ်သူမှ သူ့ ကို နားမချနိုင်တော့ပါ။
သူ ဟိုရောက်လို့  တစ်နှစ်ပြည့် သင်တန်းနားရက်များတွင် မြန်မာပြန်ပြန်လာကာ ပြနေကျ ကင်ဆာအထူးကုနှင့် ပြန် check up လုပ်ဖို့ သာ စီစဉ်ထားသည်။ ရောဂါသည် အမြစ်ပြတ်ကုသနိုင်ခဲ့သော်လည်း လူကောင်းပမာ အမြဲကျန်းမာစွာ သက်တမ်းစေ့နေနိုင် လိမ့်မည်ဟု ဆရာဝန်များက အာမ မခံနိုင်ခဲ့ပါ။ သို့ သော် သူ လူကောင်းနီးနီး ခံနိုင်ရည်ရှိစွာ ရပ်တည်နိုင်မည်တော့ အသေချာဖြစ်သည်။

တစ်ခါတစ်လေမှာ သွေးစစ်ချက်များကို မောင်မောင်ကသာဖတ်ပေး၍ ရလဒ်ကောင်းများထွက်သဖြင့် ကင်ဆာအထူးကုဆရာဝန်ကြီးများနှင့်တောင် တစ်ခါတစ်ခါမပြဖြစ်ပဲ နောက်တစ်ကြိမ်မှသာ ပေါင်းပြဖြစ်သည်။ သူ့ အခြေအနေသည် အတော်လေးကောင်းနေပြီဖြစ်သည်။ နောက်တစ်နှစ်လောက်နေမှ ဆေးရုံသို့  follow up ပြန်ပြရန် ချိန်းဆိုခံရတော့သည်။

~~~~~~~ ~~~~~~~ ~~~~~~ ~~~~ ~~~~~~~~

တိမ်သောက်နှင့် နောက်ဆုံးတွေ့ ဖြစ်ခဲ့သည်မှာ ဆိတ်ငြိမ်သော ကဖေးဆိုင်လေးတစ်ခုတွင်ဖြစ်သည်။ တိမ်သောက်၏ စကားများတွင် "မသွားပါနဲ့ လား"ဟု ခနခနပါနေခဲ့သော်လည်း ခင်မေသိန်းသည် အသည်းမာချင်ယောင်ဆောင်ကာ ခေါင်းကိုသာခါခဲ့သည်။

"ဟိုမှာ နေမကောင်းဖြစ်မှာ စိုးရိမ်တယ် ကိုယ်ကသူများလို မဟုတ်တာလည်း ကိုယ်ဘာသာ သိရက်နဲ့ " ဟု တိမ်သောက်က သတိပေးတော့ သူ့ စိုးရိမ်စိတ်တွေကို ပြန်မြိုချဖြစ်ရပြန်သည်။

မိတ်ကပ်ပညာအတွက် Advance course တစ်ခုထိတက်ရန် ရည်မှန်းထား၍ နှစ်နှစ်အနည်းဆုံးကြာမည်ဖြစ်ကာ ထိုအချိန်အတွင်းမှာ သူအားလုံးကို ခံနိုင်ရည်ရှိစွာဖြတ်ကျော်မည်ဟု ရည်မှန်းထားသည်။ ကျန်ခဲ့မည့်ဆိုင်ကို ဆက်ဖွင့်နိုင်ရန် အမေနှင့်အစ်ကိုဖြစ်သူတို့ ကို အကူညီပေးရန် ဆိုင်ကလူယုံမာမီမာတို့ အား အစီစဉ်သေချာချပေးခဲ့သည်။ ဆိုင်ကိစ္စများကိုလည်း အစ်ကိုနှစ်ယောက်လုံး ကောင်းစွာစီမံတတ်နေပြီဖြစ်သည်။

ကျန်ရစ်ခဲ့မည့်အလွမ်းတွေအတွက်တော့ ခင်မေသိန်းမပူပန်တော့ပါ။ စကတည်းကမှ မျှော်လင့်ချက် တစ်စုံတစ်ရာမပါခဲ့၍ အရယူရန်မဖြစ်နိုင်သည်ကို ကဲ့ကွက်မူများနှင့်ခြယ်မှုန်းကာ ခနလောက်ခွဲခွာရသည်က ပို၍အသားကျလိမ့်မည်ဟု ထင်မိသည်။ သို့ သော် ခဏတာပဲ သူ ခွဲခွါနိုင်လိမ့်မည်။ သူပြန်လာမည့်နေ့ တွေ ရောက်လျင်တော့ သိပ်မဝေးတဲ့ တစ်နေရာမှနေကာ ချစ်သောသူကို မလှမ်းမကမ်းမှ ပြန်လည်စောင့်ရှောက်ချင်သော မေတ္တာ၏နောက်ဆက်တွဲ လောဘလိုအင်တစ်ခုနှင့် ရပ်တည်ချင်သေးသည်။

သူသွားဖို့ ပြင်စင်ချိန်အနည်းငယ်သာ ကျန်တော့သည်။ ထိုအတောအတွင်း တိမ်သောက်ကို မတွေ့ ရတော့ပါ။ တိမ်သောက်သည် အလုပ်ကိစ္စတွေအပြင် ဖြူနှင်းမှုန်နှင့် လက်ထပ်ရန်အတွက် စီစဉ်နေရ၍ အားသည်ဆိုသည့်အချိန် သိပ်နည်းနေခဲ့သည်။ သူဖုန်းဆက်သည့်အချိန်တိုင်းတွင်လည်း ဖြူနှင်းအနားမှာ အမြဲရှိနေတတ်၍ ညအိပ်ချိန်များသာရွေးဆက်ရတော့သည်။ သူဆက်မှ ဖုန်းပြောလေ့ရှိသည့် တိမ်သောက်အတွက် ဖုန်းဘာလို့ မဆက်လည်း မေးချင်ပေမယ့် ဖုန်းမဆက်လျင် အပြစ်ရှိသည် စွတ်ဆွဲနိုင်လောက်အောင် သူ့ မှာအခွင့်ရေးမရှိတော့ပါ။

တိမ်သောက်၏ နူးညံ့သောအပြောများသည် မေတ္တာကိုဖော်ပြနေသော်လည်း တစ်ခါတစ်ခါပစ်ထားသလိုခံစားရ၍ တိမ်သောက်၏ ရင်ထဲမှာ သူနေရာတစ်ခုတောင် မယူနိုင်ပါလားဟုတွေးကာ ငိုချင်မိပြန်သည်။ သူတစ်ပါး၏စိတ်ကို အပိုင်ဆိုးချင်မူ လောဘများကြောင့် ပူပန်မိသည်များကို ကြောက်ရွံ့ စွာ ပြန်အသောသတ်ရန် ကြိုးစားရပြန်သည်။

ထွက်ခွါရတော့မည့်သူအတွက် ချစ်သောသူကို အချိန်အကန့် အသတ်နှင့်သာ မြင်ပိုင်ခွင့်ရှိသော ခံစားချက်သည် ကိုယ်တိုင်ကြုံမှ သိလိမ့်မည်။ ထိုအချိန်တွေသည် သိပ်တိုတောင်းလွန်းပါသည်။

အနာဂတ်တိုးတတ်မူတွေအတွက် နောက်ဆုတ်ကာ မသွားဘဲနေခဲ့ရင်ကောဟု မတွေးမိဘူးလားဟု မေးလျင် သူပြန်ဖြေချင်သည်။ အချစ်အတွက် မသွားဘဲနေလိုကမသွားဘဲ သူနေချင်တာပေါ့။ သို့ ပေမယ့် တကယ်ပေါင်းစီးရန်မဖြစ်နိုင်ခြင်းအတူတူ ခနလောက်တော့ တည်ငြိမ်အောင် ခွဲနေတာပိုကောင်းလိမ့်မည်ဟုပဲ သူထပ်ခါထပ်ခါတွေးနေမိသည်။ နောက်ပြီး အောင်မြင်ခြင်းအတွက် အမြဲကြိုးစားနေမှလည်း ခင်မေသိန်းအစစ်ဖြစ်တော့မှာပေါ့။

~~~~~~~~~ ~~~~~~~~~~ ~~~~~~~~~ ~~~~~~~~

Yangon international airport ထဲက depatureရှေ့ ကခုံလေးတွင် ထွက်ခွါရမည့်အချိန်ကို အတွေးများစွာနှင့်အတူ စောင့်နေရသည်။ အောင်မြင်မူမျှော်လင့်ချက်လမ်းစများ၊ ရန်ရစ်ခဲ့မည့် အလွမ်းများ၊ အဆင်ပြေပါ့မလာ ပူပန်မူများ၊ ပြန်လာမည့်တစ်နေ့ စသည်ဖြင့် အတွေးများနှင့်အတူ လေဆိပ်အထိ လိုက်ပို့ ပေးသော အမေ၊အစ်ကိုများ၊လုပ်ဖော်ကိုင်ဖက်တစ်ချို့ နှင့် သူငယ်ချင်းများကို ပြုံးပြနေမိသည်။

မောင်မောင်က သူ့ ကိုလက်တွဲနှုတ်ဆက်ရင်း ဟိုမှာ အကြာကြီးမနေဖို့ ကတိတောင်းနေသည်။

" နင်ပြန်လာမှ ငါနဲ့ နှင်းဆီ မင်္ဂလာဆောင်ကြမှာ " ဟု မောင်မောင်ကပြောတော့ နှင်းဆီသည် ပါးစပ်အဝိုင်းသားဖြစ်သွားကာ "နင့်ကို ဘယ်သူက ယူမယ်ပြောလဲ" ဟု ဆိုကာ နှုတ်ခမ်းလေးကို စူထားသည်။

" ဒါဆို ယောက်ျားမယူတော့ဘူးလား " ဟု မောင်မောင်ကပြန်မေးတော့

"အောင်မယ် နင်ပြောပုံက ငါကနင့်မယူရင် ဒီတစ်သက်ယောက်ျားမရတော့မယ့် ပုံစံမျိုး" ဟု ခါးထောက်ရန်တွေ့ တော့ ငုဝါနှင့် ရဲရင့်တို့  အတွဲသည် သဘောကျစွာ ချချဟု နှင်းဆီကို မောင်မောင်အား တစ်ခုခုလုပ်ရန် မြှောက်ပေးနေကြသည်။

"ဒါဆို နင် ငါ့ကို မယူဘူးလား " ဟု မောင်မောင်က မျက်နာငယ်လေးလုပ်ကာ ပြန်မေးတော့ နှင်းဆီသည် မချိုမချဉ်မျက်နာပေးလေးနှင့်

" ယူမှာ " ဟု ဆိုကာ နှုတ်ခမ်းများအား လက်ဝါးလေးနှင့် ဖိပိတ်ကာ ရယ်ကျဲကျဲလုပ်တော့ အားလုံး ဟေးခန သဘောကျကာ ရယ်နေသည်။

လေဆိပ်အတွင်း အမှတ်တရဓာတ်ပုံများတွဲရိုက်ကာ နှုတ်ဆက်ရန်အချိန်အား အသင့်စောင့်နေကြသည်။

အမေ့ရဲ့ ကျန်းမာရေးဂရုစိုက်၊ နေမကောင်းရင် ဆရာဝန်သွားပြပိုက်ဆံမနှမြောနဲ့ ၊ မကျန်းမာရင် ဟိုမှာ ဘာအလုပ်မှမလုပ်နဲ့ ၊ လိုတဲ့ပိုက်ဆံဒီကပြန်မှာ စသဖြင့် အမေရဲ့  ပူပန်စကားများကို ခေါင်းပြန်ငြိမ့်ပြနေမိရင်း ပေါ်မလောသူအား မလာတော့ဘူးလားဟူသော အတွေးနှင့်အတူ မျှော်နေမိသည်။

ရက်စက်လျင်လည်း အပြစ်ဆိုသာ မရှိသော အခြေအနေသို့ ရောက်လာပြီလားဟု သူတွေးမိနေသည်။

မှတ်မိနေသော အပြုံးများစွဲလန်းမိသော ရယ်သံများ
နှစ်သက်မိသော ကိုယ်သင်းနံ့ များ
ဘုရားပွဲမှာ တွေ့ ခဲ့ရသော ပထမဆုံ အကြည့်တစ်ခု
ဈေးထဲက ဈေးသည်မိန်းမအတုတစ်ယောက်ဆီ အကူအညီရောက်ပေးခဲ့သော သူ့ ခြေလှမ်းများ
ဒီအခြေအနေထိ အတူအရောက်တွန်းပို့ ပေးသော သူ့ ရင်ခွင် စသည်တို့ ကို အတွေးမေားနှင့်သာ နှုတ်ဆက်နေမိတော့သည်။
တကယ်မလာတော့ဘူးလား ဟူသော အဖြေသည်...... .....
.... ......... ......... ....... ...... .....
..... ..... ...... ..... ..... .......

ထွက်ခွါရန် သိပ်မလိုသော အချိန်တွင် သူ့ အနားသို့  မှတ်မိနေကျ ရေမွှေးနံ့ သင်းသင်းတစ်ခုပျံ့ လွင့်ပျံလာတော့ သူမျှော်လင့်ကြီးစွာ လှည့်ကြည့်မိသည်။ နုညံ့သော အပြုံးတစ်ခုသည် သူ့ အားစီးမိုး၍ ကြည့်ထားသည်။ ထိုအကြည့်တွေသည် လွန်ခဲ့သော ၁၃နှစ်လောက်က ကျိုက္ကလို့ ဘုရားပွဲထဲမှာ နောက်ပြန်လှည့်ကြည့်ရာတွင် ကျန်ရစ်ခဲ့သော မျက်ဝန်းများပမာ ပြန်တွေ့ ရသည်။

ထိုမျက်ဝန်းများသည် နုညံ့ဆဲဖြစ်သည်။
ထိုမျက်ဝန်းများသည် ဖြူစင်မူကိုအခြေခံသော မေတ္တာနှင့် သံယောဇဉ်တို့ ပါနေတယ်ဆိုတာတော့ ခင်မေသိန်းကောင်းစွာ ယုံကြည်နေခဲ့တယ်လေ။

လူအုပ်ကြာားထဲမှာ ရပ်နေရင်းတစ်ယောက်ကိုတစ်ယောက် အပြုံးဖျော့ဖျော့နှင့် နှုတ်ဆက်နေမိသည်။

မောင်မောင်က အလိုက်သိစွာနှင့် သူငယ်ချင်းတစ်သိုက်ကို ဓာတ်ပုံရိုက်ရန်ခေါ်ယူထားပေးသည်။ depatureရှေ့ က ခုံလေးတွင် သူတို့ နှစ်ယောက် ထိုင်လိုက်ကြသည်။ တိမ်သောက်က လက်တွဲနှုတ်ဆက်တော့ ထိုလက်တွေကို ခင်မေသိန်းပြန်လွှတ်မပေးဘဲ စုတ်ကိုင်ထားလိုက်သည်။ သူ့ လက်တွေ ပူနွေးလာသည်အထိ တိမ်သောက်လက်တွေကို စုတ်ကိုင်ထားချင်နေမိသည်။

လေအဟုန်ထဲ တိုးဝင်ပြန်သွားရမည့် အချိန်တွေအစား ခနတာလေးဖြစ်ဖြစ် မရောင့်ရဲစွာ ဆွဲထားနေမိသည်။ တတ်နိုင်လျင် ဆေးရုံမှာ နေမကောင်းတုန်းကကဲ့သို့  တိမ်သောက်လက်များကို စုတ်ကိုင်ကာ သူ့ မျက်နာအနားထိ ကပ်ထားချင်သည်။ ဒါမှမဟုတ် သူ့ လက်ဖဝါးများအတွက် နောက်ဆုံးတစ်ကြိမ်အဖြစ် တိမ်သောက်၏အနမ်းများကို လိုချင်မိနေသည်။

ဘေးချင်းကပ်ထိုင်ရင်း တိမ်သောက်၏ ပါးပြင်ကိုအနီးကပ်ကြည့်နေမိသည်။ မျက်နာပြင်ပေါ်တွင် အမာရွတ်အသေးလေးများတွေ့ နေရသော်လည်း ထိုအမာရွတ်ငယ်များကြောင့် ပို၍ယောက်ျားပီသစွာလှနေသည်ဟု သူတွေးမိသည်။ နှုတ်ခမ်းသားထူအိအိများသည်လည်း ဘာကြောင့်များ ချိုမြအောင်ပြုံးနေနိုင်သလဲတွေးမိတော့ သူရင်တွေ ပိုခုန်လာသလိုပါပဲလား။

" မြန်မြန်ပြန်လာခဲ့နော် " ဟူသော စကားကြောင့် မသွားနှင့်ခင်က ပြန်လာချင်စိတ်တွေ ပို၍ဖြစ်ရပြန်သည်။

သို့ သော် သူပြန်လာသည့်အချိန်တွင် တိမ်သောက်သည် ကလေးအဖေတောင် ဖြစ်နေမလားမသိဘူးဟု တွေးမိတော့ တိမ်သောက်တစ်ယောက် အနေဝေးလို့  သံယောဇဉ်တွေ သွေးအေးသွားသလို ဖြစ်သွားမလားဟု မေးချင်နေမိသည်။ သို့ သော် ဘယ်ကပေါ်လာသည်မသိသော မိမိဘက်က အားနည်းချက်ရှိသလိုလို ခံစားချက်များကြောင့် နှုတ်ခမ်းတွေကို တင်းတင်းစေ့ကာ မငိုမိအောင် ပြုံးထားရပြန်သည်။ သို့ သော် သူမျက်ရည်တွေဝဲနေတာ တိမ်သောက်ကောင်းစွာ မြင်နေပါလိမ့်မည်။

စုတ်ကိုင်ထားသော လက်ဖဝါးများကို လွှတ်ခါ depature အတွင်းသို့ ဝင်ရသော အချိန်သည် ရောက်လာခဲ့သည်။ မှန်နံရံများအတွင်းမှ အပြင်ဆီကိုလှန်းကြည့်နေရင်း ခပ်ဖျော့ဖျော့အပြုံးကို အဝကြည့်နေမိသည်။

ပြန်ရောက်လာမည့်အချိန်ခါကျရင် မေတ္တာတရားတွေ မပျတ်ပျယ်ဘဲ ရှိနေလိမ့်မည်ဟု သူယုံထားလိုက်သည်။ ကုန်လွန်ခဲ့သော အချိန်များသည် သံယောဇဉ်ဖြစ်တည်မူအတွက် အကြီးမားဆုံး ထုထည်အဖြစ် အုပ်မြစ်တွေဖြစ်ခဲ့သည်ပဲမဟုတ်လား။

ပြန်လာခါမှ ကျန်ရှိနေသော လိုချင်သည့် အကြွေးတွေကို အတိုးနှင့်ပေါင်းယူတော့မည်ဟု တွေးကာ ခပ်ဖျော့ဖျော့ပြုံး၍ နောက်ဆုံးအကြိမ်အဖြစ် လက်ပြနှုတ်ဆက်လိုက်သည်။

ချစ်ခင်ရသော အပေါင်းသင်းဆွေမျိုးများနှင့် ချစ်ရသူအတွက် ပျံသန်းလိုက်ဦးမည်ဟု သူတစ်ချက်တွေးလိုက်သည်။

ခက်ခဲကြမ်းတမ်းခဲ့သော အတိတ်ဘဝများအတွက် ဆက်လက်ကြိုးစားနေမည်ဟု သူကိုယ်သူ အားပေးလိုက်တော့ ရင်ထဲက အထီးကျန်ဆန်မူ အပိုင်းအစများ ဖြစ်တည်မူသည် လျော့ပါးသွားတော့သည်။

လေကြောင်းကူးသန်းမူ ဂိတ်အဝအရောက် ဥပတိရုပ်ကောင်းကောင်းနှင့် စစ်ဆေးရေးအရာရှိသည် သူ့ အားခြေဆုံးခေါင်းဆုံးကြည့်နေသည်။ သူသည် ခေါင်းကိုတစ်ချက်ငဲ့ မေးစေ့ကိုအနည်းငယ်ဆွဲ၍ မျက်နာလေးမချိုမချဉ်လုပ်ကာ အရွမ်းဖောက်ချင်ဟန် မျက်နာပေးလေးလုပ်လိုက်သည်။

ဘော်ကြယ်အနည်းငယ် ထိုးထားသော အင်္ကျီအဖြူလေးနှင့် ဂျင်းဘောင်းဘီရှည်လေးသည် အနည်းငယ်ခပ်တောင့်တောင့်ရှိသော သူ့ ခန္ဓာကိုယ်ကို အချိုးအဆစ်ပိုလှနေစေရန် လုပ်ပေးနေလိမ့်မည်ဟု ခင်မေသိန်းယုံကြည်နေသည်။ မျက်နာပေါ်က မိတ်ကပ်နှင့်နှုတ်ခမ်းနီများကလည်း အပိုအလိုမရှိလှနေမှာပေါ့၊မိတ်ကပ်က ခင်မေသိန်းပဲကိုး။

ထိုအရာရှိသည် စူးရှသောအကြည့်များနှင့်အတူ ခပ်ပြုံးပြုံးလေးလုပ်ကာ သူ့ visa စာအုပ်လေးကို ကိုင်ရင်း သူ့ အား နာမည် ပြန်မေးတော့

"ကျမနာမည် ခင်မေသိန်း ပါ " ဟု ဖြေကာ မျက်လုံးနှစ်ဖက်အား ဇက်ခနဲ ပြိုင်တူမှိတ်ပြလိုက်သည်။ သူအပြုံးတွေ အသစ်ဖြစ်နေအောင် ကြိုးစားပြုံးထားလိုက်သည်။

ခင်မေသိန်းသည် ယုံကြည်ရာနေရက်များသို့  အားသစ်များနှင့်အတူ ဆက်လက်ပျံသန်းနေဦးမည်ဖြစ်သည်။

( ပြီးပါပြီ။)

ချစ်ခြင်းအားဖြင့်
ကိတ်မုန့် 
1:30pm,sep8,2013

No comments:

Post a Comment

အချစ်တစ်ခု ပြယုဂ်တစ်ခု

“......................”  သားကြီးဆီမှ ကြားလိုက်ရသော နာမည်ကြောင့် ကျွန်မတစ်ကိုယ်လုံး တောင့်ခဲ သွားသည်။အဆုံးမရှိသောတွင်းနက်ကြီးထဲသို့ ပြုတ်ကျ...