Monday, February 9, 2015

မင်းလည်းယောက်ျား ငါလည်းယောက်ျား (၄)

ဒီလိုနဲ့ စောင့်ကြည့်ခဲ့တာ အချိန်တွေတစ်ရက်ပြီးတစ်ရက် ကုန်ဆုံးခဲ့တယ်။
တဖြည်းဖြည်းပိုပြီးရင်းနှီးလာတယ်။ အဆောင်မှာ တစ်ခြားလူတွေနဲ့ ကျနော်နဲ့ယှဉ်ရင် သူတို့နှစ်ယောက်ရဲ့ အရင်းအနှီးဆုံးက ကျနော်ဘဲ။
ဒါဟာ ကျနော့်ရဲ့ ဆက်ဆံရေးကြောင့် ဖြစ်နိုင်သလို ဥပဓိရုပ်ကြောင့်လည်းဖြစ်နိုင်ပါတယ်။
ကျနော့်ရုပ်က တစ်ဖက်သားက ကျနော်နဲ့ယှဉ်ပြီး မာနထားလို့မရမယ့် ရုပ်မျိုးပေါ့။ ဒါမှမဟုတ်
မာနထားစရာမလိုဘဲ ဆက်ဆံလို့ရမယ့် ချစ်ခင်နှစ်လိုဖွယ်ရုပ်မျိုးပေါ့။ (ခွိခွိ)
ဆရာမြသန်းတင့်ဘာသာပြန်တဲ့ “လူလေးသို့ပေးစာများ “ စာအုပ်မှာပါတဲ့ စကားနဲ့ပြောမယ်ဆိုရင်
“ ချစ်ခင်နှစ်လိုဖွယ်ရှိသော ဥပဓိရုပ်သည် ထာဝရတည်သောထောက်ခံချက်ဖြစ်သည်” ဆိုတာမျိုး
ပေါ့။ ကိုယ့်ကိုယ်ကို ချောတယ် လှတယ် ဆွဲဆောင်မှုရှိတယ်လို့တော့ မမြင်ပါဘူး။ ဒါပေမယ့်
အဲ့ဒိထက်ပိုကောင်းတဲ့ထောက်ခံချက်တစ်ခုခုပေါ့။
အဲ့လို တဖြည်းဖြည်းရင်းနှီးလာမှုကို အသုံးချရင်း သူတို့နှစ်ယောက်စလုံး ဟိုမိုဖြစ်ကြောင်း သေချာမှုကို ၉၀ ရာနှုန်းလောက် အတည်ပြုနိုင်ခဲ့တယ်။
၁၀ ရာခိုင်နှုန်းကတော့ မသေချာတဲ့ သံသယပေါ့။
ဥပဒေမှာ စကားတစ်ခွန်းရှိတယ်။ တရားခံဟာ ပြစ်မှုမြောက်ကြောင်း သက်သေအထောက်အထား
မခိုင်လုံရင် သံသယအဆင့်မှာ ရှိနေသေးရင် အဲ့ဒိသံသယရဲ့ အကျိုးကို တရားခံဟာ ခံစားပိုင်ခွင့်
ရှိတယ်။ ဘယ်လောက်ဘဲ သေချာနေပါစေ သက်သေမခိုင်လုံရင် လွတ်မြောက်စေပေါ့။
ဒီတော့ သူတို့ကို ဟိုမိုပါလို့ အတိအကျ စွပ်စွဲလို့မရပါဘူး။ မျက်မြင်သက်သေလိုပါသေးတယ်။
မျက်မြင်သက်သေကလည်း တစ်ခြားလူမဟုတ်ဘူး။ ကျနော်ဘဲဖြစ်ရပါမယ်။
ကျနော်ကိုယ်တိုင် အမှုဆင်ပြီး ခိုင်လုံကြောင်းအတည်ပြုမယ်။
ဥပဒေနဲ့နှိုင်းပြီး သူတို့ကို ဒီလိုစွဲချက်တင်နေမိတဲ့ ကျနော့်စိတ်ကျနော် ပြန်ကြည့်တော့ တရားလည်းကျမိပါတယ်။
သူတို့နှစ်ယောက်စလုံးက သူတို့ဘာသာ အေးအေးဆေးဆေးနေနေကြတာပါ။
ကိုယ့်အခွင့်အရေးနဲ့ကိုယ် ဘယ်သူ့ကိုမှ ဒုက္ခမပေးဘဲနေနေကြတာပါ။
ကျနော့်အဖြစ်က ဘာနဲ့တူသလဲဆိုရင် အပြစ်မရှိတဲ့သူကို အပြစ်မလုပ်လုပ်အောင် အမှုဆင်ထောင်ဖမ်းတဲ့ အာဏာရှင်တွေရဲ့ လုပ်ထုံးလုပ်နီးနဲ့သွားတူနေပါတယ်။
တစ်ခုဘဲကွာတယ်။ ရည်ရွယ်ချက်ပေါ့။
အာဏာရှင်တွေရဲ့ ရည်ရွယ်ချက်က အမှန်တရားကို ပိတ်ပင်ဖို့နဲ့ ကိုယ့်အတ္တကို ကာကွယ်ဖို့။
ကျနော့်ရည်ရွယ်ချက်က အမှန်တရားကို ဖော်ထုတ်ဖို့နဲ့ ဖေးမကူညီဖို့။
သူတို့နှစ်ယောက်စလုံး အကျဉ်းကျနေတဲ့ စိတ်ခံစားမှုတွေကနေ လွတ်မြောက်သွားစေဖို့။
အဲ့ဒါလေးတော့ ကွာပါတယ်။
ဒါပေမယ့် တစ်ဖက်မှာလည်း လူ့ကျင့်ဝတ်အရ လုပ်သင့်မလုပ်သင့်စဉ်းစားရပါသေးတယ်။
ကျနော်က သိချင်စိတ်နဲ့စမ်းသပ်ကြည့်မှာ။ အဲ့လို စမ်းသပ်ရင်း နှစ်ယောက်စလုံးက ကျနော့်ကို
တကယ်ချစ်မိသွားတယ်ဆိုပါတော့။ အဲ့ဒါဆို နောက်ဆက်တွဲသူတို့ ခံစားမှုတွေကို တာဝန်ယူမှာ
လား ကိုယ့်ကိုယ်ကို မေးခွန်းထုတ်ရပါသေးတယ်။ ဟုတ်တယ်လေ ကိုယ်က သွားစတာမဟုတ်
လား။ ကိုယ်က စမိပြီဆိုရင် အဆုံးထိ တာဝန်ယူပေးရမယ်။ အဲ့ဒိအတွက် ဘယ်နိုင်ငံကမှ
ဥပဒေ ပြဌာန်းထားတာ မဟုတ်ပေမယ့် ကျနော့်အမြင် ဒါဟာ လူ့ကျင့်ဝတ်ဘဲ။ လူသားဥပဒေဘဲ။
တစ်ဖက်သားရဲ့ နှလုံးသားကို ကစားပြီး ဝေဒနာတွေပေးခဲ့ပြီးမှ
“ နောက်တာနော် “
လို့ ဒဏ်ရာတွေချန်ထားခဲ့လို့ဘယ်ဖြစ်မလဲ။ သိပ်ကိုရက်စက်ရာကျမှာပေါ့။
မှတ်ချက်။ ။ အဲ့ဒါ ကျနော့်ရဲ့ ခံယူချက်ဘဲ။ အဲ့ဒါကြောင့် ဘယ်သူ့ကိုမှ ကျနော့်ဘက်က
စပြီး ခံစားမှုတွေမပေးဘူး။ စမိပြီဆိုရင်လည်း အဆုံးထိတာဝန်ယူလိုက်တယ်။ တစ်ဖက်သား
ကိုယ့်ကိုရိုးသွားလို့ ကျောခိုင်းသွားတဲ့အထိပေါ့။ ကိုယ့်ဘက်ကတော့ ဘယ်သူ့ကိုမှစပြီး လမ်းမခွဲ
ဘူး။ ကိုယ်လက်မခံနိုင်တဲ့အပြစ်ကို မကျူးလွန်ခဲ့ရင်ပေါ့။ အဲ့ဒိလိုမဟုတ်ရင် ကျနော့်စိတ်က
“ သူကျောခိုင်းမှ ကိုယ်မေ့ပစ်မယ် ။ အတင်းတော့ဆွဲမထားဘူး“ ဆိုတာမျိုးဘဲ။
ကျနော်ယုံကြည်တဲ့ သစ္စာတရားက အဲ့ဒိပုံစံမျိုးဘဲ။
သူက စတာဆိုရင်တော့ ကိုယ့်ဘက်က ငြင်းခွင့် ကျောခိုင်းခွင့်ရှိတယ်။ ကျနော်မြင်တဲ့
နှလုံးသားအခွင့်အရေးက အဲ့လိုပါဘဲ။
(စောစောက စကားကို ပြန်ဆက်ပါမယ်။)
အဲ့လို ကိုယ့်ကိုယ်ကို မေးခွန်းထုတ်တော့ အဖြေက ဒီလိုထွက်တယ်။ အိုကေ။ ဖြစ်တယ်။
တာဝန်ယူနိုင်တယ်။
နှစ်ယောက်စလုံးက ယောက်ျားဂုဏ်မပျက်တော့ ဘယ်လိုပုံစံနဲ့ဘဲဖြစ်ဖြစ် ဆွဲဆောင်မှုရှိနေတာဘဲ။
ဒီတော့ ရှေ့ဆက်တိုးဖို့ ကျနော်ဆုံးဖြတ်လိုက်တယ်။
အဲ့ဒိအတွက် နည်းလမ်းကို စဉ်းစားရပြန်တယ်။ နည်းလမ်းမှန်မှ လမ်းနီးမှာ မဟုတ်လား။
လှိုင်လေးကို အရင်လေ့လာမယ်လို့ ကျနော်ဆုံးဖြတ်လိုက်တယ်။ လှိုင်လေး ကျနော့်လမ်းကိုနီးလာအောင် ဒီည သူ့အခန်းထဲစာဝင်ကြည့်မယ်။ ပြီးတော့ သူ့ကုတင်မှာ စာကျက်
ရင်း အိပ်ပျော်ချင်ယောင်ဆောင်မယ်။
ဒါဟာ မာယာလို့ဆိုရင်လည်း အချစ်နဲ့ပက်သက်ရင် ဒီလိုမာယာမျိုးတော့ လူတိုင်းသုံးခွင့်ရှိတယ်လို့
ကျနော်မြင်တယ်။
ဆက်ရန်.................................................
ချစ်မိုးစွေ

No comments:

Post a Comment

အချစ်တစ်ခု ပြယုဂ်တစ်ခု

“......................”  သားကြီးဆီမှ ကြားလိုက်ရသော နာမည်ကြောင့် ကျွန်မတစ်ကိုယ်လုံး တောင့်ခဲ သွားသည်။အဆုံးမရှိသောတွင်းနက်ကြီးထဲသို့ ပြုတ်ကျ...