Saturday, February 7, 2015

မင်းလည်းယောက်ျား ငါလည်းယောက်ျား (၃)

ညဘက် ကျနော် အဆောင်ပြန်ရောက်တော့ လှိုင်လေးစာကြည့်နေတယ်။
top ဘက်ပိုနီးတယ်လို့ထင်ရတဲ့ တစ်ယောက်ကတော့ ဂီတာလေးတဒေါင်ဒေါင်နဲ့ ဟိုစမ်းဒီညှိလုပ်
နေတယ်။ သူ့နာမည်က အာကာမျိုးဆက်။ ကျနော်ကတော့ မျိုးဆက်လို့ဘဲခေါ်လေ့ရှိတယ်။
ကျနော်ရော သူတို့နှစ်ယောက်စလုံးက အဆောင်အပေါ်ထပ်။ တိုက်ဆိုင်မှုနောက်တစ်ခုလို့ပြောရ
မလားဘဲ။ သူတို့နှစ်ယောက်ရဲ့အခန်းက ကျနော့်အခန်းရဲ့ ဘယ်ညာမှာ။
ကျနော်က အဆောင်ရွေးရင် တစ်ယောက်တည်းခန်းကိုဘဲရွေးလေ့ရှိတယ်။ ကျနော့်ပင်ကိုယ်
စရိုက်က တစ်ယောက်တည်းအေးအေးဆေးဆေးနေချင်တဲ့စိတ်ပိုများတယ်။
ကျနော့် ယုံကြည်ချက်ကလည်း တစ်ယောက်တည်းနေတာကသာ အများနဲ့ပိုပြီးသဟဇာတဖြစ်
မယ်လို့မြင်တယ်။ ငြိမ်းချမ်းခွင့် လွတ်လပ်ခွင့် စဉ်းစားတွေးတောခွင့်ဆိုတာတွေကလည်း
တစ်ယောက်တည်းနေတဲ့အချိန်တွေမှာဘဲရနိုင်ပါတယ်။
ပြီးတော့ ကျနော့်စိတ် ကျနော့်အတွေးက တစ်ခါတစ်လေမှာ အများနဲ့ဆန့်ကျင်နေတတ်တယ်။
အဲ့ဒါကြောင့် အများနဲ့အချိန်ပြည့်အတူရှိနေလို့မရဘူး။
ကျနော့်အလုပ်ကတော့ ပုံမှန်ပါဘဲ။ အဆောင်ပြန်ရောက်ရင် ခဏနား။ သူငယ်ချင်းတွေနဲ့
ဟိုပြောဒီပြော အချိန်နည်းနည်းပေး။ ပြီးရင် ပုတီးစိပ် ။ ရေဒီယိုနားထောင်။ စာကြည့်။ အိပ်။
ဒါပါဘဲ။
ခဏနားပြီး သူတို့နှစ်ယောက်နဲ့ ပိုပြီးရင်းနှီးခွင့်ရဖို့ ဘယ်လိုလုပ်ရင်ကောင်းမလဲစဉ်းစားလိုက်
တယ်။ အတင်းသွားရောလို့လည်းမဖြစ်ဘူး။ တစ်ချို့လူတွေက သူတို့ကို စိတ်ဝင်စားကြောင်းပြ
လိုက်ရင် ဆန့်ကျင်ဘက်တွေတုန့်ပြန်တတ်တယ်။ အဲ့လိုလူစားမျိုးထဲမှာ ကျနော်မပါအောင်တော့
ကိုယ့်ကိုယ်ကိုယ် အမြဲသတိပေးတဲ့ အကျင့်လုပ်ထားရတယ်။
နှစ်ယောက်စလုံး အခန်းတံခါးဖွင့်ထားတယ်။ ကိုယ့်အာရုံနဲ့ကိုယ်ဘဲ။ တစ်ခြားဘယ်သူငယ်ချင်းနဲ့မှ
လည်းရောရောနှောနှောမရှိဘူး။
လက်ရှိအခြေအနေမှာ သိဖို့လမ်းစပေါ်နေတာက လှိုင်လေးဘဲ။
ကျနော် ချောင်းတစ်ချက်ဟန့်ပြီး သူ့အခန်းထဲဝင်လိုက်တယ်။ အကြောင်းပြချက်တစ်ခုတော့ ယူ
သွားရတယ်။
“ လှိုင်လေး... ငါ့ ခဲတံတစ်ချောင်းလောက် ခဏငှားစမ်းပါ...”
ကျနော်ပြောလိုက်တယ်။ ဒီကောင် တစ်ခွန်းမှ ပြန်မပြောဘူး။ ကျနော့်ကိုလည်း တစ်ချက်မှ
လှည့်မကြည့်ဘူး။ ခဲတံကိုသာ ကျနော့်ကို အသာထိုးပေးတယ်။
ကျနော်လည်း အူကြောင်ကြောင်နဲ့လှည့်ပြန်ခဲ့ရတယ်။ သူ့မျက်နှာပေးက ကျနော့်ကို လုံးဝ
စကားပြောချင်စိတ်မရှိဘူးဆိုတာကို တင်းတင်းစေ့ထားတဲ့ သူ့နှုတ်ခမ်းတွေကတဆင့်သိခဲ့ရတယ်။
ဇွတ်အတင်း ပြောဖို့တော့ ကျနော်မကြိုးစားပါဘူး။ ဒါက သူ့ဂွင်သူ့နေရာလေ။ သူများဂွင်ကို ကိုယ်
က ၀င်တာဆိုတော့ တစ်ဖက်လူက ကန့်သတ်ထားတဲ့ဘောင်ထက်ကျော်လို့မရဘူး။ ကိုယ့်ဂွင်ထဲ
ဝင်လာရင်တော့ တိုးကြည့်ဖို့အခွင့်အရေးရှိတယ်။
သူ့အခန်းကထွက်လာတော့ ကျနော့်အခန်းထဲချက်ချင်းမ၀င်သေးဘဲ ဟိုကောင် မျိုးဆက်အခန်း
ဘက် တစ်ချက်လှည့်ကြည့်လိုက်တယ်း ပြီးတော့ ထုံစံအတိုင်း လူသံပေး ချောင်းဟန့် လိုက်တယ်။
“ မျိုးဆက်... ငါ့ကို steel rule ခဏငှားစမ်းပါ... ငါ့ဟာ ဆိုင်မှာကျန်ခဲ့လို့...”
ခဲတံငှားပြီး ပေတံပါထပ်ငှားတာ တစ်ယောက်တည်းဆီကဘဲ ငှားမယ်ဆိုရင် နည်းနည်းတော့
ရယ်စရာကောင်းသားဘဲ။
မျိုးဆက် ကျနော့်မျက်နှာကို တစ်ချက်လှန်းကြည့်တယ်။
ပြီးတော့...
“ ဟိုမှာ ယူသွားလိုက်...”
လို့ပြောရင်း စာကြည့်စားပွဲကို မေးငေါ့ပြတယ်။ ဒီကောင်ကတော့ အဲ့လိုလေး တုံ့ပြန်သေးတယ်။ တစ်ခွန်းစ နှစ်ခွန်းစ ထွက်သေးတယ်။ ပြီးတော့ သူ့ဘာသာ ဂီတာကို တဒေါင်ဒေါင်ဆက်ခေါက်
နေတယ်။ ဒီကောင် တီလုံးလက်ကွက် အသစ်အဆန်းတွေ ထွင်နေတာလားမသိ။
ထွက်လာတဲ့သံစဉ်တွေက ကျနော်တစ်ခါမှမကြားဖူးတဲ့သီချင်းတွေ။
ကျနော့်မှာ အလွမ်းဓာတ်ခံရှိနေတာလား သူကဘဲ အလွမ်းသံစဉ်တွေလွှင့်နေတာလားတော့မသိ
ပါဘူး။ တစ်ချက် တစ်ချက် သူ့သံစဉ်တွေက ကျနော့်နှလုံးသားကို ထိချက်ပြင်းပြင်းနဲ့ လွမ်းဆွတ်
သွားစေသလိုပါဘဲ။
ကျနော့်အခန်းထဲပြန်ရောက်တော့ စာရွက်တွေကို ဟိုလှန်ဒီဆွဲ အသံပေးလိုက်တယ်။ ပြီးတော့
စိတ်လျှော့ပြီး လုပ်စရာရှိတာ ဆက်လုပ်လိုက်တယ်။ ခဏနေတော့ရေဒီယိုဖွင့်လိုက်တယ်။
ကျနော့်မှာ သူငယ်ချင်းတစ်ယောက် လက်ဆောင်ပေးထားတဲ့ ရေဒီယိုအသေးလေး
တစ်လုံးရှိတယ်။
ဘာအကြောင်းဘဲရှိရှိ နိုင်ငံရေးကတော့ ကျနော်အဆက်မပြတ်ဘူး။ အမြဲနားထောင်တယ်။
ဖိနှိပ်ထားတဲ့အချိန်ဆိုတော့ နားထောင်ရတာလည်း အရသာရှိတယ်။
ဒါပေမယ့် ဒီည ရေဒီယိုနားထောင်ရတာ အာရုံမရောက်ဘူး။ စိတ်က သူတို့ဆီဘဲရောက်နေတယ်။
သူတို့အကြောင်းဘဲသိချင်နေတယ်။
ဒီလိုနဲ့သူတို့ပုံရိပ်တွေကို ပြန်ပြီးသုံးသပ်နေမိတယ်။ နောက်တော့ ကျနော် အကြံတစ်ခုရသွားတယ်။ အဲ့ဒီအကြံကတော့ သူတို့ရဲ့ ပုံရိပ်ကို အသေးစိတ်စောင့်ကြည့်ဖို့ဘဲ။
သူတို့ရဲ့မျက်နှာပေး နဲ့ ကိုယ်လက်လှုပ်ရှားဟန်။
သူတို့ရဲ့ လေယူလေသိမ်းနဲ့ အသံအစစ်အမှန်။
ပြီးတော့ သူတို့တွေ ဖုံးဖိထားတတ်တဲ့အချက်နဲ့ ထုတ်ပြတတ်တဲ့အချက်။
အဲ့ဒိအချက်တွေကို ကျနော်စောင့်ကြည့်မယ်။
gay မှန်းမသိသာတဲ့ ယောကျာ်းဟန်အပြည့်နဲ့ အပုံးတွေဟာ သူတို့ကို gay မှန်းရိပ်မိမှာဆိုးလို့ ဒီလိုအချက်တွေကို ထိန်းသိမ်းဖုံးဖိထားတတ်ကြတယ်။ နွဲ့နေတဲ့အစိတ်အပိုင်းပေါ်သွားမှာဆိုးလို့
ပါ။
မျက်နှာပေး ကိုယ်လက်လှုပ်ရှားဟန် နဲ့ လေယူလေသိမ်းကို ထိမ်းသိမ်းတတ်ကြတယ်။
အသံဘက်မှာတော့ အထူးသဖြင့် နှာသံမပါအောင် ထိန်းသိမ်းတတ်ကြတယ်။
ဒါပေမယ့် စိုးရိမ်စရာမလိုတဲ့အခြေအနေမှာတော့ သူတို့ရဲ့အစစ်အမှန်ဟာ
ပေါ်လွင်သွားတတ်တယ်။
သူတို့ထုတ်ပြတတ်တဲ့အရာတွေထဲမှာတော့ သူတို့ယောက်ျားပီသကြောင်း မိန်းကလေးရည်းစား
ထားပြတတ်ကြတယ်။ ဒါပေမယ့် တစ်ခါတစ်လေမှာ သူတို့ထုတ်ပြတာတွေကြောင့် သူတို့ဖုံးဖိ
ထားတွေက ပိုပြီးပေါ်လွင်သွားတတ်တယ်။
အခုကျနော်ပြောနေတာတွေက gay မှန်းမသိသာတဲ့ ယောက်ျားဟန်အပြည့်နဲ့ အပုံးတွေကို
ပြောနေတာပါ။ အပွင့်ဘက်နွှယ်တာတွေကတော့ လူတိုင်းအလွယ်တကူခန့်မှန်းနိုင်ပါတယ်။
မှတ်ချက်။ ။ ကျနော်မှာတော့ ဖုံးဖိထားတာလည်းမရှိ။ ထုတ်ပြထားတာလည်းမရှိပါဘူး။ ဒီလိုဘဲ ပကတိဟန်နဲ့ဘဲ နေတတ်သလိုနေပါတယ်။ တစ်ဖက်သားကို ထင်ချင်သလိုထင်ခွင့်ပေး
ထားပါတယ်။ ရှောင်ခွင့် ပက်သက်ခွင့်ပေးထားပါတယ်။ ကိုယ့်ပုံစံအစစ်အမှန်ကိုဘဲ တစ်ဖက်သား
သဘောကျတာ လိုလားပါတယ်။
ဆက်ရန် ..........................................
ချစ်မိုးစွေ

No comments:

Post a Comment

အချစ်တစ်ခု ပြယုဂ်တစ်ခု

“......................”  သားကြီးဆီမှ ကြားလိုက်ရသော နာမည်ကြောင့် ကျွန်မတစ်ကိုယ်လုံး တောင့်ခဲ သွားသည်။အဆုံးမရှိသောတွင်းနက်ကြီးထဲသို့ ပြုတ်ကျ...