Tuesday, February 17, 2015

မင်းလည်းယောက်ျား ငါလည်းယောကျာ်း (၇)

လှိုင်လေးကို ကျနော် တစ်ပတ်လောက်အချိန်ပေးထားလိုက်တယ်။
ပုံမှန်လေးဘဲနေပေးလိုက်တယ်။
အဲဒိအတောအတွင်းမှာ ဟိုကောင်မျိုးဆက်အကြောင်းသိအောင်လုပ်ဖို့ကြိုးစားခဲ့တယ်။
မျိုးဆက်လည်း လူထူးလူဆန်းဆိုပေမယ့် လှိုင်းလေးလောက်တော့ ချည်းကပ်ရတာမခက်ပါဘူး။
ဒါပေမယ့် တစ်ခါတစ်လေ ကျနော်သံသယဖြစ်မိတာက ဒီကောင်ကလည်း ကျနော့်ကိုတစ်ခုတစ်ခု
သံသယရှိနေပုံဘဲ။
ကိုယ့်ကိုယ်ကိုလည်း ပြန်သုံးသပ်ကြည့်မိသေးတယ်။
ကျနော့်မျက်နှာက နုတာမှန်တယ်။ ဒါပေမယ့် gay ရုပ်မပေါက်ပါဘူး။
gentleman ရုပ်၊ လူကောင်းရုပ်၊ လူရည်သန့်ရုပ်။ ကိုယ့်ကိုယ်ကိုတော့အဲ့လိုမြင်တာဘဲလေ။ ခွိခွိ။
တစ်ခြားသူငယ်ချင်းတွေကလည်း ဒီလိုမကြာခဏပြောတယ်။
“ မင်းရုပ်က သန့်တယ်...”
ကြော်ငြာတာမဟုတ်ဘူး။ ခိုင်လုံအောင် ဘေးလူစကားနဲ့အတည်ပြုပေးတာပါ။ ခ်ခ်။
အဲ့ဒိလိုဘဲ ကျနော့်အမူအရာက သိမ်မွေ့တာမှန်ပါတယ်။ ဒါပေမယ့် မနွဲ့ပါဘူး။
အသံနဲ့လေယူလေသိမ်းကလည်း လုံးဝနှာသံမပါပါဘူး။ တကယ့်ယောကျာ်း အရင့်အမာကြီးရဲ့အသံပါ။
သြဇာညောင်းလွန်းလို့တောင် ခက်နေပါသေးတယ်။
သူငယ်ချင်းအများစုက ကျနော့်အသံကို ဒီလိုမကြာခဏပြောကြတယ်။
“ မင်းအသံက မိုက်တယ်။ သြဇာညောင်းတယ်။ “
“ မိန့်ခွန်းပြောရမယ့်အသံ။ တရားဟောဆရာဖြစ်မယ့်အသံ ။ “
တစ်ချို့ကတော့ ဒီလိုပြောတယ်။
“ အသံနဲ့ ရုပ်နဲ့ မလိုက်ဘူး..။”
“ အသံနဲ့ အသက်နဲ့မလိုက်ဘူး။ လူကြီးသံကြီး...။“
အဆောင်ပိုင်ရှင်ကလည်း ဒီလိုပြောဖူးတယ်။
“ မင်းမျက်နှာကိုမမြင်ဘဲ မင်းအသံကိုကြားရမယ်ဆိုရင် အသက်လေးဆယ်ကျော်လူကြီးလို့ထင်မှာ
ဘဲ..“
(မှတ်ချက်။ ။ FB ကနေတဆင့် ဖုန်းဆက်ဖြစ်တဲ့ fri အများစုကလည်း အဲ့လိုပြောကြတယ်။
“အကို့အသံက ကြောက်စရာကြီး“
“ညီ့အသံက သြဇာညောင်းလွန်းတဲ့အသံ“
“ အသံနဲ့ ရုပ်နဲ့မလိုက်ဘူး“
တစ်ချို့ကတော့ ဒီလိုပြောပြန်တယ်။
“မေတ္တာဓာတ်ပြည့်ဝတဲ့အသံ“
“အားကိုးချင်စရာကောင်းတယ်“
စသဖြင့်ပေါ့။
တစ်ချို့ဟိုမိုတွေက စကားပြောရင် သူတို့အသံကို ယောက်ျားပီသတဲ့အသံဖြစ်အောင် မနည်းထိန်း
ပြောကြရတယ်။
ကျနော့်မှာတော့ ယောက်ျားပီသလွန်းပြီး သြဇာညောင်းတဲ့အသံကို တစ်ဖက်သားကြောက်
သွားမှာဆိုးလို့ မနည်း“နု“အောင်ထိန်းပြောရတယ်။ ပြောင်းပြန်ပါဘဲ။
လူတိုင်းမှာ ဒုက္ခတစ်မျိုးစီရှိကြတယ်လို့ပြောရမှာပေါ့။ ကျနော့်မှာ နူးညံ့ညင်သာအောင်ထိန်းရတဲ့
ဒုက္ခရှိနေပါတယ်။
ကိုယ့်ကိုယ်လေးစားပြီးကြောက်သွားရင် ပေါက်ကလေးတွေပြောဖို့အဆင်မပြေဘူးလေ။ ခ်ခ်။)
ပြောချင်တာက ကျနော့်အသံမှာ ကျနော် gay ဖြစ်တယ်ဆိုတာကို လုံးဝခန့်မှန်းလို့မရပါဘူး။
ဒါဆိုရင် ကျနော့်အမူအရာနဲ့ ကိုယ်လက်လှုပ်ရှားဟန်ကရော ...
သူတစ်ပါးကို အသေးစိတ်ခွဲခြမ်းစိတ်ဖြာ စမ်းစစ်ရင် ကိုယ့်ကိုယ်ကိုယ်လည်း အဲ့လိုဘဲ ပြန်စမ်းစစ်
ရမှာမဟုတ်လား။
ကျနော့်အမူအရာကို ကျနော့်ကိုယ်ကျနော်တော့ ညင်သာတယ်လို့ဘဲမြင်ပါတယ်။
ခြုံပြီးသုံးသပ်လိုက်ရင် ကျနော့်ရဲ့ အပြင်ပန်းကိုကြည့်ရုံနဲ့ ကျနော် gay ဖြစ်တယ်ဆိုတာကိုခန့်မှန်းလို့ မရနိုင်ဘူးပေါ့။ ပေါင်းကြည့်မှ အကြောင်းသိမယ့်လူစားမျိုးပေါ့။ ခ်ခ်။
ဒါဆိုရင် သူ ကျနော့်ကို သံသယရှိတယ်ဆိုတာမဖြစ်နိုင်ဘူးပေါ့။
ကျနော့်ဘာသာ စိတ်မလုံလို့ အဲ့လိုတွေးမိနေတာပေါ့။
အဲ့လိုဘဲ ကျနော်ကောက်ချက်ချလိုက်တော့တယ်။
ကျနော့်အကြောင်းကျနော်မတွေးတော့ဘူး။ သူ့အကြောင်းသိဖို့ဘဲ ခေါင်းထဲထည့်ထားတော့တယ်။
တစ်ညပေါ့။
အဲ့ဒိညက စနေကျောင်းပိတ်ရက်ည။ လှိုင်လေးသူ့အိမ်ပြန်သွားတဲ့ညပေါ့။
ကျောင်းပိတ်ရက်ဆိုရင် ကျောင်းသားအများစုအိမ်ပြန်တတ်ကြတယ်။
တကယ်တော့ အဲ့ဒိအပတ်က ကျနော်လည်း အိမ်ပြန်ဖို့ဘဲ။ ဒါပေမယ့် ဒီကောင်မပြန်တော့ ကျနော်
လည်းမပြန်တော့ဘူး။
လှိုင်လေးလည်း မရှိတော့ အပေါ်ထပ်မှာ သူနဲ့ကျနော်နှစ်ယောက်တည်း။
ကျနော်သူ့အခန်းထဲဝင်လိုက်တယ်။ စာအတူကြည့်ဖို့ပါဘဲ။ ဒီကောင်လည်း လှိုင်လေးကိုဘဲ။
ကျနော့်ကိုတော့ သူ့အခန်းထဲ နေချင်သလိုနေဖို့ခွင့်ပေးထားတယ်။
အောင်မယ်။ တိုက်ဆိုင်တာလား။ ရည်ရွယ်ချက်ရှိတာလားတော့ မပြောတတ်ဘူး။ ကျနော့်ကိုမြင်မှ
ဒီကောင်ဟာ အိုက်တဲ့ဟန်နဲ့ သူ့အိကျီ င်္ကိုချွုတ်ချလိုက်တယ်။
သူ့ဘော်ဒီကို ကြည့်ရင်း ကျနော့်စိတ်ထဲနွေးခနဲဖြစ်သွားတယ်။
ဒီကောင့်ဘော်ဒီ တော်တော်မိုက်တယ်ဗျ။
ရင်အုံနှစ်ဖက်ဆို ပွင့်ပြီးမောက်နေတာဘဲ။ လက်မောင်းကြွက်သားကလား လှသား။
အဲ့ဒိဆွဲဆောင်မှုတွေကို ထပ်ပြီးအားဖြည့်ပေးတာကတော့ ရင်ညွှန့်ကနေ ဆီးခုံထိတစ်ဆက်တည်း
ဖြစ်နေတဲ့ မွှေးညင်းကောက်ပင်လိမ်လေးတွေပေါ့။ တကယ့် sexy ပါဘဲ။
ကျနော်စာကြည့်မယ်ဆိုတော့ ဒီကောင်က သူ့နေရာ ကျနော့်ဖယ်ပေးတယ်။ သူကတော့ စာအုပ်တစ်အုပ်ကိုင်ရင်း အိပ်ယာမှာလှဲချလိုက်တယ်။
အောင်မယ် ။ ဒီကောင် ကျနော့်စိတ်ကိုကလိနေတာများလား။
“အိုက်လိုက်တာကွာ....”
လို့ပြောပြီး သူ့ပုဆိုးကို ပေါင်ရင်းထိမတင်လိုက်တယ်။
ဟိုက် ရှားပါး။ ဒီကောင့် ခြေသလုံးနဲ့ပေါင်တံကလည်း မိုက်တာဘဲဗျ။ တကယ့် great တန်းဘဲ။
ကျနော့်ထက်အများကြီးပိုလှတယ်။
အမွှေးကလည်း ထူသလားမမေးနဲ့။ အသားဖြူတော့ သူ့အမွှေးတွေက ပိုပြီးပေါါ်လွင်တယ်။
ပိုပြီး sexy ဖြစ်သွားတယ်။
ဒီကောင် ကျနော့်ကို လုပ်ပြနေတာတွေက လှိုင်လေးကို ကျနော်လုပ်ပြခဲ့တာတွေထက်တောင်
ပိုသွက်နေသလိုဘဲ။
အောင်မယ်။ ခဏနေတော့ ဒီကောင်က ဒီလိုပြောတယ်ဗျ။
“ ညောင်းလိုက်တာ တရုတ်လေးရာ။ ”
ကျနော့်နာမည်ရင်းကိုမခေါ်ဘဲ တရုတ်လေးလို့ခေါ်တာ တစ်ဆောင်လုံးမှာ ဒီကောင်တစ်ယောက်ဘဲရှိတယ်။
ပြီးတော့ သူကဘဲ အခုလိုဆက်ပြောတယ်။
“ မင်းနဲ့ငါ တစ်ယောက်တစ်လှည့်စီနှိပ်ရအောင်လေ... မင်းသဘောတူမယ်ဆိုရင်ပေါ့...“
ကျနော်ဘာပြန်ပြောရမှန်းကို မသိတော့အောင် စိတ်လှုပ်ရှားနေမိတယ်။
ကျနော်ခင်းမယ့်လမ်းကို သူကချည်းရှေ့ကဦးဆောင်ပြနေတော့ ကျနော့်မှာ တကယ်ကို “အ“ နေတာပေါ့။ အံ့လည်း အံ့သြမိရဲ့။
ဒီကောင်မျိုးဆက် ပေါ့သေးသေးမဟုတ်ဘူး။ ဘယ်လိုဘဲဖြစ်ဖြစ် ကျနော်ကြိုမထင်ထားတဲ့အကွက်
တွေ ဒီကောင်ကြိုရွှေ့သွားတာ ကျနော့်ရဲ့ မဟာသုတေသနလုပ်ငန်းက ထင်တာထက်ပိုပြီးခရီး
ရောက်တော့မယ့်ပုံဘဲ။
ဒီကောင် ကျနော့်ကိုထပ်မေးတယ်။ ကျနော်ခေါင်းငြိမ့်လိုက်တော့ သူကအခုလိုပြောတယ်။
“ဒါဆိုရင် မင်းအရင်နှိပ်ပေးလေ တရုတ်လေး...“
ကျနော်နည်းနည်း မူပြလိုက်ပြီးတော့
“အိုကေ “
လို့ပြောလိုက်တယ်။ အဆောင်နေကျောင်းသားဘ၀ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်
နင်းနှိပ်ကြတာ သိပ်ထူးဆန်းတာမှ မဟုတ်ဘဲကိုး။
ဒီလိုနဲ့ သူ့ကုတင်ပေါ် ကျနော်ရောက်ပြီး သူ့ခြေထောက်ဘေးမှာ ထိုင်ချလိုက်တယ်ဆိုပါတော့။
ကျနော့်သူ့ပေါင်ကို စပြီးနှိပ်ပေးလိုက်တယ်။ အသားချင်းထိတွေ့မှုကြောင့် ကျနော့်စိတ်ထဲရှိန်းခနဲ
နွေးခနဲဖြစ်သွားတယ်။
အောင်မယ်။ ဒီကောင်မျိုးဆက်။ ကျနော့်ကို အထာပေးနေတာလား။
သူ့ပုဆိုးကို မကြာခဏ အိုက်တဲ့ဟန်နဲ့ မ မ တင်နေတာ သူ့ဥကလေးတွေတောင် ပေါ်မတတ်ပါဘဲ။
ဒီကောင် ကျနော့်ကို သိသိကြီးနဲ့ကလိနေတာလား မသိသေးဘဲ စမ်းကလိနေတာလား ဆိုတာတော့ သူကိုယ်တိုင်ဘဲ သိပါလိမ့်မယ်။
ခဏနေတော့ ဒီကောင်မျိုးဆက် အနှိပ်ခံရင်း အိပ်ပျော်သွားတဲ့ပုံဘဲ။
ပြီးတော့ဗျာ ။ မကြာပါဘူး။ သူ့အပြုအမူကြောင့် ကျနော်မျက်လုံးပြူးသွားတယ်။
တပြိုင်နက်ထဲမှာဘဲ ကျနော့်နှလုံးခုန်သွားလိုက်တာ ဒုန်းခနဲ ၀ုန်းခနဲပါဘဲ။
သူ့ပုဆိုးကို ဗိုက်ပေါ်ထိရောက်အောင် လှန်တင်လိုက်တာဗျာ။
တကယ်ပါ။ နည်းနည်းနောနောဟာကြီးမဟုတ်ဘူး။
ဒုံးကျည်နဲ့ တင်စားရင်တောင် ဒီကောင်က ပျင်းသနားတယ် ပြောဦးမှာ။
ဆက်ရန်..................................................
ချစ်မိုးစွေ................................................

No comments:

Post a Comment

အချစ်တစ်ခု ပြယုဂ်တစ်ခု

“......................”  သားကြီးဆီမှ ကြားလိုက်ရသော နာမည်ကြောင့် ကျွန်မတစ်ကိုယ်လုံး တောင့်ခဲ သွားသည်။အဆုံးမရှိသောတွင်းနက်ကြီးထဲသို့ ပြုတ်ကျ...