Tuesday, May 10, 2016

လွမ်းမိတဲ့ အောက်တိုဘာ


--------- (ဇတ်သိမ်း) ---------

"သူလည်း ချမ်းမှာပေါ့ သူမှာလည်း အင်းကျီအပါး လေးနဲ့လေ"
ကျော် တချက်တွေးမိပြီး
"ဦးလေးပဲ ဝတ်လိုက်ပါ ရပါတယ်။ ကျော် အဆင်ပြေ တယ်"
"မင်းကွာ သိပ်ပဲ များတာပဲ "
ဆိုပြီး သူအင်းကျီကို ကောက်ကိုင်ကာ ကျော့်ပုခုံး ပေါ်ကနေ ဖြန့်ချပြီး အုပ်မိုးပေးသည်။ ပြီးတော့ သူက ကျော့် မျက်နှာကို ကြည့်ကာ
"ငါတို့က ဒေသခံတွေ အေးဆေး မင်းက ဒီမှာနေကျ မဟုတ်တော့ ရာသီဒဏ်ကို ခံနိုင်မှာ မဟုတ်ဘူး တော်ကြာ ရန်ကုန်မပြန်နိုင်ဘဲ နေမယ်"
"ဘာဗျ"
ကျော် စိတ်တိုလို့ တချက်အော်တော့ သူတချက် ပြုံးကာ
"သိပ်မစွာနဲ့ ဖက်နမ်းပြိုက်မယ်"
သူ့ဆီက ပြောင်ချော်ချော် စကားကြောင့် ကျော် တချက်တော့ ရှက်မိကာ
"ဗျာ ခင်ဗျား စကားပြောတာ ဆင်ခြင်ဗျ လူကြီး ဆိုပြီး အနိုင်မကျင့်နဲ့ "
ကျော်ပြောပြီး သူကို မျက်စောင်းထိုးမိလာတော့ မသိပါဘူး။ တခါတလေ သူငယ်ချင်းတွေနဲ့ ရန်ဖြစ်ရင် ကျော်က မျက်မှုန်ကုပ်ပြီး မျက်စောင်း ထိုးစ ရှိနေတော့ အကျင့်ပါ နေသည်။ ကျော်တွေးနေတဲ့ အချိန်လေးမှာဘဲ တဝေါဝေါနဲ့ အသံမြည်ကာ ပြည်ဦးလွင် ဘက်ကနေ့ ပြေးတက် လာတဲ့ မိုးက ကျော်တို့အနား ရောက်လာသည်။
ရုတ်တရက် လေတွေလဲ တိုက်လာကာ အကာ မရှိတဲ့ တဲလေးထဲမှာ မိုးပက်တဲ့ ဒဏ်ကို အတော် ခံနေရသည်။ မိုးဒဏ်ကြောင့် ခုနက လင်းနေတဲ့ စက္ကူမီးပုံလည်း အလင်းရောင်မရှိတောဘဲ ရေစိုနေပြီ ဖြစ်သည်။
တလောကလုံးမှာ တချက်တချက် လက်လိုက်တဲ့ လျပ်စီးမှအပ အရာ အားလုံး မှောင်မိုက်ကာ ရှိနေ သည်။ တခါတလေ ချိန်းလိုက်တဲ့ မိုးခြိမ်းသံကြောင့် ကျော် လန့်မိကာ သူထိုင်နေတဲ့အနား ပိုပြီး တိုးကပ်သွား မိသည်။ အနား ရောက်လာတဲ့ ကျော်ကို သူက တချက်ကြည့်ပြီး
"ကြောက်နေတာလား မကြောက်နဲ့နော် ဦးလေး တစ်ယောက်လုံးရှိတယ်"
ဖြတ်ကနဲ့ လက်သွားတဲ့ လျပ်စီးရဲ့ အလင်းအောက်မှာ ရွန်းစိုစွာ ကျော်ကို စိုက်ကြည့်နေတဲ့ သူ့မျက်ဝန်း တစုံကို ရင်ဆိုင်မိတော့ ကျော်ရင်တွေ ခုန်သွားမိသည်။ ဘာလို့ပါလိမ့်။ ကျော် ကျော့်ခေါင်းကို တချက် ရမ်းလိုက်ပြီး ထောင်ထားတဲ့ ဒူးခေါင်းပေါ် လက်နှစ်ဖက်တင်ကာ ခေါင်းစိုက်ပြီး မှောက်နေလိုက်သည်။ ရင်တွေ ခုန်ဆဲ စိတ်တွေ လုပ်ရှားနေဆဲ ဖြစ်သည်။
တဖြည်းဖြည်း သည်းလာတဲ့ မိုးနဲ့အတူ တအား ကြမ်းလာတဲ့ လေကြောင့် တဲအတွင်း နေစရာ မရ လောက်အောင် မိုးပက်နေကာ ကျော်မှာ တကိုယ်လုံး ရွဲစိုနေတော့သည်။
ရုတ်တရက် သူ ထိုင်နေရာမှ ထကာ ကျော့် နောက် ကျောဘက်ဝင်ထိုင်လိုက်ပြီး
"ချာတိတ် ချမ်းနေပြီ ဦး ဖက်ထာပေးမယ်နော်"
"မလုပ်နဲ့"
ကျော်ငြင်းပေမဲ့ ကျော်ခန္ဓာကိုယ် သေးသးလေး သူ့ရင်ခွင်ကျယ်ထဲ ရောက်နှင့်နေပြီ။ မိုးစိုးဒဏ်ကြောင့် တုန်နေတဲ့ ကျော်ကို သူတင်းကြပ်စွာ ဖက်ထားပြီး
"ဆောရီးပါ ချာတိတ်ရာ ဦး တောင်းပန်ပါတယ်"
သူတောင်းပန်းစကားဆိုနေတော့ ကျော် ခေါင်း ညိတ်ပြ မိသည်။ ကျော် စကားမပြောနိုင်တော့တာ အမှန်ပါ။ တကိုယ်လုံးအေးစက်နေပြီ။ သူ့ရင်ခွင်ထဲ ရောက်နေပေမဲ့ အချမ်းဒဏ်က မပြေပါ။ သူရော ကျော့်ကို ဘယ်အချိန်ထိ ဖက်ထားနိုင်မှာလဲ။
ဒါပေမဲ့ ကျော့်ရင်ထဲ ထူးဆန်းတဲ့ စိတ်လေး ဖြစ်လာ မိ သည်။ သူဒီလို ဖက်ထားတာကို နှစ်သက်တာ မဟုတ်ဘဲ တစ်စုံတစ်ယောက်က ကျော့်ကို ဂရုစိုက်ပြီး မိုးဒဏ်ကို ကာကွယ်ပေးကာ ဖက်ထားပေးပါလား ဆိုတဲ့ အသိက ကျော့်ရင်ထဲ ရောက်လာသည်။ ကျော့်ရင်တွေ လုပ်ရှား လာကာ ကျော်သူ့ရင်ခွင်ထဲ ငုံ့ထားတဲ့ကျော်ခေါင်းကို မြော့ပီး သူကိုကြည့်တော့ စိုးရွဲနေတဲ့ မိုးစက်တွေကြား သူ့မျက်ဝန်း တောက် တောက်တွေကို အမှောင် တွေကြား အနီးကပ် ကျော် တွေ့လိုက်ရသည်။
ဘယ်လိုမှ မခံနိုင်တော့တဲ့ ရင်ခုန်သံကြောင့် ကျော့် ခေါင်းကို ငုံ့မယ် လုပ်တော့ နွေးထွေးတဲ့ သူ့နှုတ်ခမ်း တစ်စုံက ကျော့်နဖူးပေါ် ကျရောက် လာသည်။ ကျော့် တကိုယ်လုံး မိုးကြိုးပစ်ခံ လိုက်ရသလို့ တုန်ကျင် သွားသည်။ မထင်မှတ်ဘဲ နွေးထွေးတဲ့ အနမ်းက ကျော့်နဖူးမှာ ကျရောက်နေဆဲ ကျော်မှင်သက်မိစွာ ကျော် ရင်ခုန်စွာနဲ့ ရှိနေမိပါသည်။
ပြီးတော့ သူ့ဆီက တိုးတိမ်စွာ ဆိုလာတဲ့ စကားသံ နှင့်အတူ
"ငါ ဝန်ခံပါတယ်။ မနက်က ငါ့အဖေ ခိုင်းတုန်းက တော့ ငါ စိတ်မပါပဲ ထွက်လာခဲ့တာ။ မင်းလေးကို တွေ့တဲ့ အချိန် မှာ ငါ့ရင်ထဲမှာ ဟိုး အရင်ကတည်းက ရင်းနှီးထားတဲ့ သူ တစ်ယောက်ကို ပြန်တွေ့ရသလို ခံစားရတယ်။
ဘာကြောင့်မှန်း မသိဘဲကို ငါ ရင်တွေ ခုန်နေမိတယ်။ ပြီးတော့ ဒီနေ့လည်းငါ တနေကုန်အောင် စဉ်းစား နေမိတာ။ ဒီနေရာကို အရင်ကတည်း ကလဲ ငါ မင်းနဲ့ အတူ လာခဲ့ဖူးတယ် ဆိုတာမျိုး ငါ့စိတ်ထဲ ဖြစ်ပေါ်နေပြီး ထူးဆန်း နေမိတယ်။
အခု ငါ အရိုးသားဆုံး ဝန်ခံတာပါ ငါ့ရင်တွေ အရမ်း ခုန်နေတယ်။ ပြီးတော့ တမျိုးဘဲ ဒီညလေးကို ငါ မကုန်ဆုံးခြင်ဘူး။ ဒီညလေး ကုန်ဆုံသွားမှာကို ငါကြောက်နေမိတယ်ကွာ။ တွေးရင်းလဲ ငါ ဝမ်းနည်းလာမိတယ် ချာတိတ်"
သူ့ဆီက ဒီလို စကားသံတွေ ထွက်လာတော့ ကျော်လည်း ရင်တွေ ပိုခုန်လာကာ ရှိနေတုန်း
"မနက်ဖန်ရော မင်းကို တွေ့ခွင့်ရှိမလား"
သူမေးလာတာကြောင့် ကျော်ခုန်နေတဲ့ ရင်ကို တချက် ထိန်းလိုက်ပြီး သူကို နောက်လှည် တချက် မော့ကြည့် တော့ ကျော်ကို စိုက်ကြည့်နေတဲ့ သူမျက်ဝန်း စူးစူး တွေက ည အမှောင်ထဲ တောက်ပစွာ တွေ့ရပြီး
"မနက်ဖန် ညနေကားနဲ ရန်ကုန်ပြန်တော့မှာ ဒီနေ့ လည်တာ နောက်ဆုံးပဲ"
ကျော်ပြောတော့ သူမျက်ဝန်းတွေ ညိုမှိုင်းသွား
သည်။ ကျော် သူ့ကို သနားသလို့ ဖြစ်လာမိသည်။ ကျော့် စိတ်တွေလည်း ထူးဆန်းနေကာ သူကို အရင်းက အရမ်း ရင်းနှီးတဲ့သူ တစ်ယောက် လိုမျိုး ကျော့်ရင်ထဲလဲ ဖြစ်ပေါ် လာမိသည်။
ကျော်နောက်က သိုင်းဖက်ထားတဲ့ သူ့ကို ကျော် လှည့် ကြည့်တော့ သူနဲ့ ကျော် မျက်ဝန်းခြင်း အတန် ကြာ အောင်ဆုံမိကာ ရှိနေသည်။
တဖြည်းဖြည်းနဲ့ သူ မျက်နှာကြီး ကျော့်မျက်နှာနား နီးကပ်လာကာ တုန်ယင်နေတဲ့ ကျော့်နှုတ်ခမ်းလေးပေါ် သူ့နှုတ်ခမ်း ဖိကျလာသည်။ စိုစွတ်နေတဲ့ မိုးရေတွေအကြား ပူးနွေးတဲ့ သူ့အနမ်း ကြောင့် ကျော် တကိုယ်လုံး တုန်ကျင်ကာ ရင်တွေ ခုန်နေမိသည်။ သူအနမ်းတွေကို ကျော် အရင်ကတည်းက ခံစားဖူးသလို ရှိလာကာ ကျော် သူ့အနမ်းတွေအောက့် သာယာမိတယ် ဆိုတာ ဝန်ခံပါသည်။
ကျော် ပျော်သလို ခံစားမိတယ်။ ဘာကြောင့်မှန်း မသိဘဲ ကျော့် စိတ်တွေ လုပ်ရှားနေတယ်။ နှစ်ပေါင်း များစွာ ပျောက်ဆုံးနေတဲ့ အရာလေးတစ်ခုကို ကျော် ပြန်ရလိုက်သလို ကျော့်စိတ်ထဲ ခံစား နေမိသည်။
ကျော်လည်း ဒီညလေးကို ကုန်သွားမှာ စိုးထိတ် နေမိတယ်ဗျ။ ကျော်တို့ နှစ်ယောက် နမ်းလို့ မဝခင် လေးမှာပဲ ပြည်ဦးလွင်ဘက်က တက်လာတဲ့ ဂေါ်ဖီထုပ်တွေ အပြည့် တင်ထားတဲ့ ကုန်ကားတစီး ရောက်လာသည်။ သူ ထိုင်နေရာမှ ထပြီး ကားနား သွားကာ ကားဒရိုင်ဘာကို မိုးရေတွေထဲ တစ်ခုခု ပြောတာကို ကျော်တွေ့နေရသည်။ ပြီးတော့ ကျော့် ဆီ ပြန်လာပြီး
"ချာတိတ် ကားပေါ်တက်"
သူပြောတော့ ကျော့် ကျောပိုးအိတ်ကို ခေါင်းဆောင်းပြီး ကားဆီ ပြေးလာကာ ကားရှေ့ခန်းပေါ် ကျော် တက်ထိုင်နေလိုက်သည်။ ကျော်တက်ပြီး ကားတံခါးကို အပြင်ကနေ သူဆောင့် ပိတ်လိုက်သည်။
"တည်းခိုခန်း ရောက်ရင် ခေါင်းတွေ သေချာ စင်အောင် သုပ်နော် ပြီးတော့ ရေနွေးပူပူ တောင်းပြီးသောက်
နွေးနွေးထွေးထွေးနေနော် "
သူက တံခါးကိုပိတ်ပေးပြီး မိုးရေတွေထဲ ရပ်ကာ ကျော့်ကို ပြောနေတော့
"ဟာ ဦးလေးရော အတူ မပြန်ဘူးလား"
ကျော်မေးတော့ သူက
"ဦးလေး နောက်မှ လိုက်ခဲ့မယ် ချာတိတ်ပြန်နှင့်နော် ဒီကားက ဈေးချို သွားမှာ ချာတိတ်ကို ဒီကား မောင်းတဲ့ ဦးလေးကြီးက ဘူတာကြီးနဲ့ အနီးဆုံးမှာ ချပေး လိမ့်မယ် ဘူတာကြီးနားရောက်ရင် ချာတိတ် သွားတတ်တယ် မဟုတ်လား"
ကျော် ခေါင်တော့ ငြိမ့်ပြလိုက်သည်။
"ဦးကို ခွင့်လွတ်ပါ ဦးကြောင့် ချာတိတ် ဒီလိုဖြစ်ရတာပါ"
ဘာကြောင့်မှန်းမသိဘဲ ကျော်ဝမ်းနည်းနေမိတယ်။ သူကို ကျော်နဲ့ အတူ ပြန်စေခြင်သည်။ မိုးရွာကြီးထဲ သူ့ကို တစ်ယောက်တည်း မနေခဲ့ စေခြင်ပါ။ ကျော့်စိတ်ကို ကျော် နားမလည်စွာပဲကို ရှိနေခဲ့သည်။
"ဦး တစ်ယောက်တည်း ဖြစ်ရဲ့လား"
ကျော် စိုးရိမ်စွာ ပြောတော့ သူက မိုးစက်တွေကြား တချက် ပြုံးကာ
"ဘာလို့ မဖြစ်ရမှာလဲ သွားတော့ မနက်ဖန် ကားဂိတ်မှာ ဦး လာတွေ့မယ်"
ကားက နှစ်ဆယ့်တစ်မိုင်ကနေ တဖြည်းဖြည်း ထွက်လာသည်။ အပြန်လမ်း တစ်လမ်းလုံး ကျော်စိတ်တွေ သူနဲ့သာ ကျန်ခဲ့သည်။ ကားပေါ်က ဦးလေးဒရိုင်ဘာကြီးက
" လူကြီးပဲဆို တင်လို့ရပါတယ် သူဆိုင်ကယ်ကတော့ ဦးကားလည်း ကုန်တွေ ပြည့်နေတော့ တင်မရဘူး မိုးကတော့ သိပ်ဦးမှာ မဟုတ်ဘူး မုန်တိုင်းရှိတယ် လို့တော့ ပြောတာပဲ တညလုံး ရွာမဲ့ သဘောမှာ ရှိတယ်"
ဦးလေးကြီး စကားကြောင့် ကျော် သူ့ကို တအား စိတ်ပူမိသည်။ ကျော် ဟိုတယ်ကို ပြန်ရောက် လာပါပြီ။ တည်းခိုခန်းရောက်တော့ ကျော့်သူငယ်ချင်းက အိပ်မပျော်သေးပဲ စိတ်ပူစွာ ကျော်ကိုစောင့်နေကြသည်။ ကျော်အခန်းထဲ ရောက်မှ နာရီကို ကြည့်မိသည်။ အချိန်သည် ည ၁၂နာရီ ရှိနေပြီ။ မိုးက မန်းလေးမှာလဲ အတော်ကို သည်းနေတာ ဖြစ်သည်။
ဒါတောင် ခုနက ဦးလေးကြီးက ပန်းဂေါ်ဖီအုပ်တဲ့ မိုးကာ တလွှာကို ကျော်ကိုပေးလို့ ကျော် ခေါင်းဆောင်းပြီး တည်းခိုခန်းကို လမ်းလျောက်လာတာ ဖြစ်သည်။ ကျော် ရေစိုနေတဲ့ ကျော်ပိုးအိတ်ကို ကြမ်းပြင်ပေါ် ချပြီး အဝတ်စိုတွေကို ချွတ်တော့မှ
"ဟာ"
"သူ့အင်းကျီကြီး ပါလာတာပဲ ငါဘာလို့ ပြန်ပေးဖို့ သတိမရ ရတာလဲ သူကရော ဘာလို့ မတောင်းတာလဲ။ ဘာပဲပြောပြော ဒီသားရေ အင်းကျီကြောင့် ကျော် အအေးဒဏ်ကို သက်သာတာ
သူကို ပေးထားခဲ့ရင် သူလည်း အအေးဒဏ် သက်သာမှာပေါ့"
ကျော် ကျော့်ကိုယ်ကျော် စိတ်တိုနေမိသည်။ တကယ် ဆို ကျော်သူ့ကို ပေးခဲ့သင့်တာလေ။ဘာမ မဆိုင်ပဲ ရွာနေတဲ့ မိုးကိုသာ ကျော် စိတ်တိုနေမိသည်။
သူ့အင်းကျီနဲ့အတူ ဘေးအိတ်ထဲ သူ့ပိုက်ဆံအိတ်ပါ ပါလာ သည်ကို ကျော် သူ့အင်းကျီကို နံရံက ချိတ်လေးမှာ ချိတ် လိုက်မှ သတိထားမိလိုက်သည်။
************
ညကလည်း ကောင်းကောင်း အိပ်မရဘဲ သူ့ကို စိတ်ပူနေသည်။ သူရော အိမ်ပြန် ရောက်နေပြီလား။ မနက်ရောက်တော့ ညကမိုးက သူမဟုတ်တော့ သလို တိတ်နေပြီ ဖြစ်သည်။ ဆောင်းနှင်းပွင့်လေတွေ ဝေဆာစွာ ကျနေတဲ့ မန်းရဲ့ မနက်ခင်းကို ကျော် တည်းခိုခန်းရဲ့ ပြတင်းကနေ ငေးနေမိသည်။ သူ ဟိုတယ်ကို လိုက်လာရင် ကောင်းမယ်ဆိုတဲ့ မျှော်လင့်ချက်လေး ကျော့်ရင်မှာ အရောင် သန်းနေမိသည်။ မန်းလေးကိုရော သူပြန်ရောက်ပြီးလား မသိပါ။
သူပြန်ရောက်လာရင်တော့ ကျော့်ဆီလာမှာ သေချာ ပါတယ်။ ဘာလို့ ဆိုတော့ သူ့ပိုက်ဆံအိတ် တွေရော အင်းကျီတွေ ကျော့်ဆီပါလာတာ ဆိုတော့လေ။
ဒါပေမဲ့ နေ့ခင်း ထမင်းစားချိန်ထိ သူ ရောက်မလာပါ။
မထူးတော့တာမို့ ကျော် သူငယ်ချင်းတွေကို ခဏ ဆိုပြီး ရေမခြောက်သေးတဲ့ သူ့အင်းကျီကို ကျော် ကျောပိုးအိပ်ထဲ ထည့်ပြီး ဆိုင်ကယ် ကယ်ရီ ငှါးကာ ဘုရားကြီးဘက် ထွက်လာခဲ့သည်။ ဘုရားကြီး ဆိုင်ကယ် ကယ်ရီသမား တွေကြား ကျော်ကို လိုက်ပို့တဲ့ ဦးလေးကြီးတွေကို လိုက်ရှာတော့လည်း မတွေ့ပါ။ တခြား ဆိုင်ကယ်သမား တွေကို မေးတော့လည်း သူတို့က မသိဘူးဘဲ ပြောနေကြ သည်။ ကျော် ဦးလေးကြီးတွေ ကယ်ရီပါသွားလို့လား ဆိုပြီး ကျော် ဘုရားကြီးရဲ့ တောင်ဘက်မုဒ်က မန်းကျီးပင်လေးအောက် ထိုင်စောင့် နေမိသည်။
တီးးးးးတီးးးးးးးး
ရုတ်တရက်ဖုန်းမြည်လာတာကြောင့် ကျော် နားထောင် တော့ ကျော့်သူငယ်ချင်းက
"ဘယ်သွားနေတာလဲ ပြန်ဖို့ ကားချိန်နီးနေပြီ ငါတို့ ကားဝင်းဆင်းရမယ်လေ ဒီညနေ"
ပြောတော့မှ ကျော် မဟာမြတ်မုနိဘုရားကြီးထဲ ဝင်ပြီး
"နောက်ဆုံး တကြိမ်းတော့ သူနဲ့ တွေ့ဆုံခွင့် ရပါရစေ"
ဆိုပြီး ကျော် ဆုတောင်းမိ လိုက်သေးသည်။
*******************
ကျွဲဆည်ကန် ကားဝင်းအတွင်း မြတ်မန္တလာ ကားကြီးက ခရီးသည်တွေ စုံနေပြီ ဖြစ်သည်။ ကားထွက်ဖို့လဲ ၅မိနစ်သာ လိုပါတော့သည်။ ကျော် ရပ်နေတဲ့ ကျော့် ခြေထောက်တွေကို ငုံ့ကြည့်နေရင်း မျက်ဝန်းက မျက်ရည်လေးတစက် ကျော့်ခြေဖမိုးပေါ် ကျသည်အထိ တစုံတစ်ယောက်ကို မျှော်နေမိသည်။
သူ့အင်းကျီ သူ့ပိုက်ဆံအိတ်ကို ကျော် တည်းခိုခန်းက RECEPTION မှာ အပ်ထားပေးကာ ကျော့် ဖုန်းနံပါတ်ကိုပါ ပေးထားပါသည်။ ပစ္စည်းတွေ ရရင် ကျော့်ကို ဆက်သွယ်ဖို့ အမှာစာလေး တစ်ကြောင်းကိုပါ ကျော် စာရွက်ပေါ်မှာ ရေးပြီး သူ့ပိုက်ဆံအိတ်ထဲ ညပ်ထား ပေးခဲ့သည်။
"မနက်ဖန် ကားဝင်းကို ဦး လာခဲ့မယ်"
မနေ့ညက ပြောလိုက်တဲ့ သူ့စကားကို ကျော် ယုံကြည်မိပြီး သူလိုက်လာဦးမလားဆိုတဲ့ မျှော်လင့်ချက် တစ်ခုနဲ့ ကျော်ရပ်နေမိတာ ခုချိန်ထိပဲ ဖြစ်သည်။
လေအဝှေ့လေးမှာ ကျော့်မျက်စိရှေ့ ရောက်လာတဲ့ ဝါဂွမ်းစလေးတစ်ခုက ကျော်ပါးလေးကို ပွတ်သပ်ပြီး ရှိနေတော့ ကျော် ကျော်လက်နဲ့ ဖမ်းယူလိုက်ပြီး အဝေးကို မှုတ်ထုပ်လိုက်သည်။ ဒါပေမဲ့ ထိုဝါဂွမ်းစလေးက အဝေးကို မသွားဘဲ ကျော်နား တဝဲလည်စွာ ရှိနေတော့ ကျော့်စိတ်ထဲ ပျော်လာမိသည်။
ငယ်ငယ်တုန်းကလဲ ကျော်တို့ တောင်ယာတွေထဲ ဒီလို ဖြူနုနု ဝါစတွေနဲ့ ကစားတာကို ပြန်သတိ ရမိသည်။ ကျော် ထိုဝါဂွမ်းစလေးကို လက်နဲ့ ဒုတိယအကြိမ် ဖမ်းယူလိုက်တော့ ကျော့်လက်ထဲ အသင့်ပါလာကာ ကျော်လက်ဖဝါးလေးထဲ ငြိမ်သက်ကာ ရှိနေလေသည်။
"ကောင်းလေး သွားရအောင်ဟေ့"
ကားစပယ်ရာ အော်ခေါ်လိုက်တဲ့ အသံကြောင့် ကျော် သူနဲ့ မတွေ့ရတော့ဘူးဆိုတာကို သိကာ ကျော့်စိတ်ထဲ ရုတ်တရက် ဝမ်းနည်းလာမိသည်။
"ဦး ကျော် သွားပြီ နှုတ်ဆက်ခဲ့ပါတယ်ဗျာ ကံမကုန်ရင်တော့ ကျော် ပြန်ဆုံခြင်ပါသေးတယ်"
ကျော့်ရင်ထဲ ဝမ်းနည်းမိကာ သူကို နှုတ်ဆက်ပြီး ကျော့် လက်ဖဝါးထဲ ရှိနေတဲ့ ဝါဂွမ်းစလေးကို အသာလေး ကျော် မှုတ်ထုပ်ပေးလိုက်ပြီး ကျော် ကားဆီ လျောက်လာခဲ့ သည်။ ခုချိန်ထိ သူ့ကို မျှော်နေမိကာ ကားပေါ်တက်တဲ့ အချိန်ထိ ကျော် နောက်ကို လှည့်ကြည့်နေမိသည်။ ကားခြေနင်းခုံကို ကျော် ခြေချတော့ ကားမှန်တံခါးက တကျီးကျီးနဲ့ ပိတ်နေတုန်း
"ချာတိတ်"
ဆိုတဲ့ ကျော် နောက်ကျောဘက်က ကျယ်ကျယ် လောင်လောင် အော်ခေါ်လိုက်တဲ့ သူ့အသံကြောင့် ကျော်ပျော်မိကာ
" ဦး လိုက်လာတယ်"
ဆိုပြီး ကျော့်ပါးစပ်က ဟန်မဆောင်နိုင်စွာ ထွက်ကျလာတဲ့ စကားသံနဲ့အတူ ကျော် နောက်ကို လှည့်ကြည့် မိသည်။
ဒါပေမဲ့
မှန်တံခါး အပြင်ဘက် ခြေနင်းခုံအောင်ဖက် တစ်စုံ တစ်ယောက်မျှ ရပ်မနေဘဲ မြေပြင်က ပြောင်ရှင်းနေကာ ပကတိအတိုင်း ရှိနေသည်။ ကျော် ရုတ်တရက် ကြောင်သွားမိသည်။ သူခေါ်သံကို ကျော့်နားနဲ့ ပီပီသသ ကြားလိုက် တာပါ။ ကားမှန်တံခါးကလည်း အလုံးစုံ ပိတ်လျက် ရှိနေပြီး ကားကြီးက ရပ်နေရာမှ စတင် ထွက်ခွါနေပါပြီ ဖြစ်သည်။
ကျော် အိပ်ရေးမဝတာကြောင့်လည်း ဖြစ်နိုင်သလို့ ကျော့် စိတ်တွေ သူ့ကို မျှော်နေမိတာကြောင့်လဲ ဖြစ်နိုင်ပါသည်။ ဒါပေမဲ့ ကျော်ရင်ထဲ ဘာကြောင့်မှန်း မသိဘဲ ရုတ်တရက် ပိုဝမ်းနည်းလာကာ မျက်လုံးအိမ်မှာ မျက်ရည်တွေ ဝဲတက် လာသည်။ ကျော် မန်းလေးနဲ့ သူ့ကို နှုတ်ဆက်ကာ ကျွဲဆည်ကန် ကားဝင်းကြီးမှ တဖြည့်ဖြည်း ထွက်ခွါ လာတဲ့ ခရီးသည်တင် လိုင်းကားကြီးနဲ့အတူ ကျော် ရန်ကုန်ကို ပြန်လာခဲ့ပါပြီ။
လမ်းတလျောက် ကျော့်ကိုယ်ခန္ဓာကြီးက ကားကြီး ခေါ် ဆောင်ရာသို့ ပါလာခဲ့ပေမဲ့ ကျော့်စိတ်တွေ မန်းလေးမြို့ အတွင်းမှာဘဲ ကျန်နေခဲ့တယ် ဆိုတာ ကျော်တစ်ယောက် သာလျှင် သိပါတော့သည်။
တရက်သာ တွေ့မိတဲ့ သူ့အပေါ် ကျော် ဒီလောက်ထိ သံယောဇဉ် ဖြစ်သွားမိမယ် ဆိုတာကို ကျော် တွေးမ ထင်ထားခဲ့တာ အမှန်ပါ။ ဒါကြောင့်လဲ သူ ရောက်မလာ တာကို ကျော် သိပ်ကို ဝမ်းနည်းနေမိတာ ဖြစ်သည်။
နောက်ဆုံတစ်ခု အနေနဲ့ ကျော် သူဆက်သွယ်လာမဲ့ သူ ကျော်ကို ခေါ်လာမဲ့ ဖုန်းကိုဘဲ ကျော် မျှော်ရတော့မှာ ဖြစ်သည်။
**************
ထိုအချိန်မှာ ပြင်ဦးလွင်မှ မန်းလေးမြို့သို့ အဝင် တနေရာမှာ ဆိုင်ကယ်တစ်စီး အရှိန်လွန် မောင်းနှင်မှုကြောင့် တိမ်းမှောက်မှု ဖြစ်ပေါ်နေတဲ့ အမှုခင်းအနီး ဝိုင်းအုံနေတဲ့ လူအုပ်ကြီး ရှိနေပါသည်။
အနက်ရောင် ကတ္တယာလမ်းမကြီးပေါ် မှောက်ရက် လဲကျနေတဲ့ လူငယ်လေးတစ်ယာက်၏ အသက်မဲ့ ခန္ဓာကိုယ် ရုပ်အလောင်းတစ်ခုနဲ့ အတူ ဘေးအနား လဲကျနေသော အနီရောင် ဆိုင်ကယ်တစ်စီး။
ပြီး သူ့ပတ်ဝန်ကျင်မှာ နီရဲသော သွေးတွေ အိုင်ထွန်း နေကာ ပျံ့ကျဲနေတဲ့ ဓာတ်ပုံတွေလည်း များစွာ ရှိနေပါသည်။ တချို့ဓာတ်ပုံတွေက မှောက်လျက် တချို့ ဓာတ်ပုံတွေက သွေးအိုင်တွေထဲ နစ်နေသည်။
ထိုဓာတ်ပုံတွေထဲ မှာတော့ ကောင်ငယ်လေး တစ်ယောက်ရဲ့ လုပ်ရှားမှုတွေကို လျှပ်တပြတ် ရိုက်ယူထားမှုတွေ ရှိနေသည်။ ထို ဓာတ်ပုံတွေက လမ်းမကြီးပေါ် ပြန်ကျဲကာ နေလေသည်။
အကယ်၍များ ဤဆိုင်ကယ် တိမ်းမှောက်မှုအား ဂျာနယ် တစ်စောင်၏ စာမျက်နှာ၌လည်းကောင် (သို့ ) Facebook စာမျက်နှာတစ်ခု၌ သော်လည်းကောင်း ပျံနှံ့ခဲ့သည်ရှိသော် ……………………
 


ကြိုးစားပါဦမည်။
ချွန်းချွန်း

No comments:

Post a Comment

အချစ်တစ်ခု ပြယုဂ်တစ်ခု

“......................”  သားကြီးဆီမှ ကြားလိုက်ရသော နာမည်ကြောင့် ကျွန်မတစ်ကိုယ်လုံး တောင့်ခဲ သွားသည်။အဆုံးမရှိသောတွင်းနက်ကြီးထဲသို့ ပြုတ်ကျ...