Wednesday, May 11, 2016

ကြယ်စင် ကိုဖမ်းသောလက်တစ်စုံ - EP - 4


သန်းထိုက်သည်မီးချောင်းပြင်ပြီးတော့နောက်ဘက်အခန်းရှိအန်တီမာလာနောက်လိုက်သွား
၏၊ ကိုကျော်စွာကတော့သူမီးပြင်လို့ ပစ္စည်းများရှင်းတုန်းကပင်ပြန်သွားခဲ့ပြီးဖြစ်၏၊
သန်းထိုက်တို့ ရပ်ကွက်ကထို့ သို့ ပင်ရိုင်းပင်းကူညီ၍တစ်ဦးပေါ်တစ်ဦးဖေးမကူညီကြတာ
လွန်စွာမှစိတ်ကြည်နူးမှု့ကောင်းပေ၏၊
“သန်းထိုက်..သား”
“ဗျာ..အန်တီ”
“ဟိုကလေး..လေနဲ့ကောတည့်တယ်မှတ်လား”
“ဟုတ်တည့်ပါတယ်အန်တီ”
“အေး..အေး..တည့်အောင်လည်းနေနော်..ဒီမှာအန်တီငါးခြောက်တွေကြော်ပေးခဲ့မယ်..
နောက်..လိုတာရှိလည်းပြောအုံး...ခုဒီနေ့စားဘို့ ကြက်သားနဲ့ဘူးသီးချက်ပေးခဲ့မယ်..
ဘာစားချင်သေးလည်း..ငပိထောင်းကိုလည်းလုပ်ပေးခဲ့အုံးမယ်”
“အဲ့ဒါတွေကြောင့်အန်တီကိုချစ်ရတာ”
“တော်ပါ..တစ်နေ့နေလို့ မှအိမ်ဘက်တောင်မလာပဲနဲ့ ..ခုမှချွဲမနေနဲ့ ”
“ဟဲ..ဟဲ”
အန်တီမာလာ.သန်းထိုက်ကိုလုပ်ပေးစရာရှိတာတွေလုပ်ပေးပြီးတော့၁၀နာရီကျော်လောက်
မှအိမ်ပြန်သွားတော့သည်။ သန်းထိုက်လည်းလုပ်စရာရှိသောအိမ်အလုပ်တွေလုပ်နေတုန်း
အိမ်ရှေ့ မှလူသံကြောင့်ထွက်လာလိုက်၏
“သြော်ကောင်းထက်..လာလေ”
ကောင်းထက်ဦး..သန်းထိုက်သူငယ်ချင်းသင်းတန်းကပါ၊ ကောင်းထက်ဦးကနယ်ကလာ၍
အလုပ်..လုပ်ရင်သင်းတန်းတက်နေသောအဆောင်နေတစ်ယောက်ဖြစ်ပါသည်။
“အင်း..မင်းကိုတိုင်ပင်စရာရှိလို့ လာတာ”
“အင်းပြောလေ”
“နေအုံး..ခုအိမ်ကိုဖုန်းခေါ်လိုက်အုံးမယ်”
“အင်း”
ကောင်းထက်ဦးကဒီလိုပါပဲ၊ သန်းထိုက်ဆီလာတိုင်းသူ့ ရဲ့အိမ်ကိုဖုန်းခေါ်နေကျဖြစ်သည်။
ပိုက်ဆံချွေတာဖြစ်မည်။ကောင်းထက်ဦးဖုန်းပြောပြီးသွားမှသန်းထိုက်ဘေးနားလာထိုင်၏
“အင်းပြော”
“ဘာတုန်း”
“မင်းပဲပြောစရာရှိတယ်ဆို”
“အော်အေး..ဟုတ်သားပဲ”
ခုမှကောင်းထက်ဦး..လှို့ဝှက်သောအရာကိုပြောရန်ဘေးဘီကိုတစ်ချက်ဝေ့ကြည့်ပြီးနောက်
“ငါမှာပွေးတွေပေါက်နေလို့ ”
“အာ..”
သန်းထိုက်ကောင်းထက်ဦးကိုသူငယ်ချင်းထက်ပိုမချစ်နိုင်သောကြောင့်နောက်ကိုဆုတ်ကာ
နည်းနည်းလေးရွေ့ ထိုင်လိုက်သည်။
“မင်းကလည်း”
ကောင်းထက်ဦးမျက်နာငယ်လေးနှင့်သန်းထိုက်အားကြည့်နေသည်။
“ပြောပါ...ပြောပါ”
“ငါတစ်ယောက်တည်းပေါက်တာမဟုတ်ဘူး..ငါတို့ တစ်ဆောင်လုံးပေါက်တာ”
“အင်း..တစ်ယောက်ယောက်ဆီကကူးတာနေမှာပေါ့”
“ဟုတ်တယ်...ငါတော့တင်မောင်မောင်မြင့်မိုး..ကိုမသကာင်္ဘူး
“ဘာဖြစ်လို့ လည်း”
“သူ့ အကိုက..မလေးရှားကပြန်လာတာလေ..ပြီးတော့သူနာမည်ကလည်းကြည့်အုံး..
တင်မောင်မောင်မြင့်မိုးတဲ့..”
“အာ...ဘာမှလည်းမဆိုင်ဘူး...မဆိုင်တာမင်းကလည်းတစ်အားပြော.အဲ့ဒါဘာဖြစ်လည်း.”
“အဲဒါဘယ်လိုလုပ်ရင်းကောင်းမလည်းလို့ မင်းနဲ့လာတိုင်ပင်တာ”
“ငါကဘာလုပ်တတ်မှာတုန်းဟ”
“မင်းကဟိုစပ်စပ်ဒီစပ်စပ်သိတတ်လို့ လေ..နည်းနည်းပါပါးအကြံပေးပါအုံး”
“ကဲမင်းကခုဘာလုပ်ထားလည်း”
“ပွေးကိုင်ရွက်နဲ့ ပွတ်တယ်”
“ပျောက်လား”
“ပျောက်ဘူး..ဒီမှာကြည့်ပါလား”
ပုဆိုးလှန်ပြမလိုလုပ်နေသောကောင်းထက်ဦးကိုအမြန်တားရသည်
“နေပါ..နေပါ...မကြည့်တော့ဘူး”
“အဲဒါဘယ်လိုလုပ်ရမလည်း...လုပ်ပါအုံး”
“ပွေးကိုင်ရွက်ကို ဒီအတိုင်းမပွတ်ပဲ ဓါတ်ဆီဆွတ်ပြီးမှပွတ်၊ ပျောက်သွားလိမ့်မယ်”
“တစ်ကယ်လား”
“အေးမယုံရင်..တစ်ကိုယ်လုံးပွတ်လည်းရတယ်”
“ဒီလိုတော့လည်းလွယ်လွယ်လေးပဲ”
“ဒါပဲလား”
“အင်း”
“ငါလည်းပြောစရာရှိသေးတယ်”
“ဘာလည်း..မင်းလည်းယားနာတွေပေါက်လို့ လား”
“လဒ..မင်းလိုမဟုတ်ဘူးကွ”
“ဟီး..စတာပါ”
“မင်း..အချစ်ဆိုတာကိုဘယ်လိုနားလည်လဲ”
“အံမယ်..မင်းကအချစ်အကြောင်းတွေဘာတွေပြောလို့ ”
မင်းကလည်းလို့ သန်းထိုက်ရှက်ကိုးရှက်ကန်းလုပ်ပြရမလိုဖြစ်နေသည်။
“ပြောမှာသား ပြောစမ်းပါ မင်းစိတ်ထဲရှိတဲ့အတိုင်း”
“အင်း..ငါသိသလောက်ဆိုရင်တော့..အချစ်ကဘလိုင်းကြီးတော့ထပြီး ခုတွေ့ ခုချစ်ဆို
တာတော့ သိပ်မဟုတ်ဘူး တစ်ခုခုကို ပုဒ်ကိုယ်ရေးအရ နှစ်သက်လို့ စွဲလမ်းရင်း အဲဒါက
ချစ်တာမဟုတ်ဘူး ကြိုက်တာ”
“အဲ..လုပ်စမ်းပါအုံး”
“အချစ် ဆိုတာတော့ လုပ်ယူလို့ ရတာလည်းမဟုတ်ဘူး သံယောဇဉ်ကနေပြီးအခြေခံ..
တာပဲ တစ်ယောက်နဲ့ တစ်ယောက် ၂ဦးသဘောဖြစ်နေရမယ် တစ်ကိုယ်ကောင်းမဆန်
ရဘူး နားလည်ပေးနိုင်တယ် ညှိယူလို့ ရတယ်..တစ်ဦးသဘောတည်း လုပ်တာထက်
၂ဦးသဘောတူ တာကပိုပြီးသက်ဝင်တယ် ရယူမှု့ထက်ပေးဆပ်မှု့ကပိုနေရင်တော့
အချစ်ပဲ”
“ဘာဖြစ်လို့ ”
“ဥပမာကွာ မင်းကဆိုင်တစ်ဆိုင်မှာ တင်ထားတဲ့အရုပ်တစ်ခုကိုနှစ် သက်လို့ ဝယ်ယူတာ
ဆိုရင် မင်းပိုင်ဆိုင်သွားပြီး ဒါကမင်းကြိုက်လို့ ၀ယ်လိုက်တာ နောက်ထက်ကြိုက်တာတွေ
တွေ့ ရင်းလည်းမင်းထက်ဝယ်မှာပဲ အဲဒီအခါကျရင် အဟောင်းကိုမင်းပစ်ထားလိုက် ပြီး
အသစ်မှာမင်းပျော်နေရင်..အဲဒါကြိုက်တာပေါ့ အချစ်ကျတော့မဟုတ်ဘူး ပန်းပင်ကိုမင်း
ပြုစုသလိုပေါ့ ပန်းပင်ကြီးထွားလာတာကိုလည်းမင်းသဘောကျကြည့် နေမယ်....
ပန်းပွင့်လာရင်းလည်း မင်းကမခူးရက်ပဲအလှကြည့်နေနိုင်တာမျိုးပေါ့.ဒါကျတော့အချစ်”
“ဟာ...မင်းအဲလောက်တော်မှန်းငါမသိဘူး..မင်းကတော်တယ်ကွ”
“နေစမ်းပါအုံး...မင်းကအချစ်အကြောင်းတွေပြောနေတာထူးဆန်းလို့ ..ဘာလည်းမင်း
ချစ်ရမယ့်ကောင်မလေးတွေ့ နေပြီးလား”
“မဟုတ်ပါ ဘူးကွာ..ဒီအတိုင်းသိချင်လာလို့ ”
“မဖြစ်နိုင်ပါဘူး...မင်းမရိုးတော့ဘူး”
“အေး..မင်းညီမကို”
“ လဒ ငါ့ညီမကိုတောင်မမြင်ဖူပဲနဲ့ တစ်ကယ်လား..ငါညီမကိုပြောလိုက်မှာနော်”
“ဟဲဟဲ”
ထိုနောက်ကောင်းထက်ဦးနေ့လည်စားထမင်းစားပြီးမှအဆောင်ပြန်သွားတော့သည်။
သန်းထိုက်လည်းတစ်ယောက်တည်းရှိတော့မှ စဉ်းစားဆင်ခြင်ရင် မိမိကိုယ်ကို ဝေဖန်
နေကြည့်သည်။ ဒီပုံစံတိုင်းဆိုရင်တော့သူကြယ်စင်မောင်ကိုချစ်နေမိပြီးထင်တယ်
မဖြစ်နိုင်ဘူးလို့ ဦးနှောက်ကတွေးပေးမယ့် နှလုံးသားကတော့လက်ခံနေသည်။
သန်းထိုက်မည်သို့ လုပ်ရမည်နည်း။ ကြယ်စင်မောင်ကိုဖွင့်ပြောလိုက်ရင်ကောင်းမလား
မည်သို့ ပြောရမလဲ။ မိန်းခလေးလိုကနွဲ့ ကရနဲ့ 
“ကြယ်လေးရယ်..ရှင့်ကိုချစ်လို့ ပါလို့ ”
မျက်လုံးထဲမိမိကိုယ်ကိုမိန်းခလေးဝတ်ပုံမျိုးကနွဲ့ ကရနှင့်စဉ်းစားကြည့်တော့ လုံးဝမအပ်
စပ်..ဘယ်လိုမှကိုလိုက်ဖက်မည်မဟုတ်။
“အာ...ငါတော့ရူးပြီးကွာ”
****
ညနေ၃နာရီလောက်ရောက်တော့မိုးတွေရွာလာသည်။ သန်းထိုက်မိုးတွေကျတာကိုမော
ကြည့်ရင်း...ဒီပုံစံအတိုင်းဆိုမိုးကတော်တော်တိတ်မည်မဟုတ်သဲကြီးမဲကြီးကိုမိုးကရွာ
နေသည်။ ကြယ်စင်မောင်သင်းတန်းဆင်းလို့ အိမ်ပြန်ရောက်ချိန်ပင်နီးလာတော့သည်။
ကြယ်စင်မောင်အတွက်စိုးရိမ်စိတ်ကလေးဝင်သွားကွာ...ဘာမှမစဉ်းစားတော့ပဲ..ထီးအပို
တစ်ချောင်းယူ၍လမ်းထိပ်သို့ ထွက်ခဲ့ပါတော့သည်။
ကိုစန်းဝင်တို့ ဆိုင်ရှေ့ ရောက်တော့မျက်နာကိုထီးနှင့်ကွယ်ကားလျှောက်လာမိသည်။
အဲလိုမှမလျှောက်လျှင်လည်းကိုစန်းဝင်က..ဘယ်တုန်းလို့ လှမ်းမေးခဲ့ရင်..သန်းထိုက်
ဖြေရမှာရှက်သည်။ မဖြေလည်းမဖြေချင်ပါ..ဒါကြောင့်လည်းကွယ်ကာလျှောက်လာမိ
သည်။ ကားဂိတ်ရောက်တော့ ကားမှတ်တိုင်မှာကြယ်စင်မောင်ပါလာမည့်ကားတွေကို
ကြည့်ကားစောင့်နေမိသည်။ ကားတွေကတော့လာကြပါသည်။ ကြယ်စင်မောင်ကတော့
ပါမလားသေးပါ။
ကြယ်စင်မောင်ကိုစောင့်ရင်း..သန်းထိုက်မိမိအဖြစ်ကိုဆင်ချင်သုံးသပ်နေမိသည်။
မိမိကြယ်စင်မောင်အား..နှစ်သက်တာမည်သို့ သော်အမျိုးစားလည်း..ကြိုက်တာ
လား..ချစ်တာလား..၊ ကြိုက်တာဆိုလျှင်ကြယ်စင်မောင်၏ရုပ်ရည်ကိုလား..
စိတ်ကိုလား...စဉ်းစားကြည့်တော့..ဘာမှမရေရာ..အဖြေကမရှိ...ချစ်တယ်ဆို
တာကိုတော့သန်းထိုက်ဘာမှမပြောတတ်...ကိုင်တွယ်ပြီးလည်းပြလို့ မရချေ ။
အကြောင်းပြချက်ဘာမှမရှိပဲ...ရင်တွေခုန်နေသည်၊ တွေ့ မြင်နေရလည်း...ကျေနပ်
သည်။ အမြဲတမ်းလည်းတွေ့ မြင်ချင်နေသည်ဆိုတာတော့သန်းထိုက်စိတ်ကခံစား
လို့ ရသည်။ မဖြစ်သင့်ဘူးလို့ ဦးနှောက်ကတားပင်မဲ့ နှလုံးသားကလက်ခံနေသည်။
သန်းထိုက်တွေး ရင်းဖြစ်ကြယ်စင်မောင်ကိုစောင့်နေသည်က ရင်မောလာသည် ။
“ဟော....ကားတစ်စီးတော့လာပြီး..ပါလာပါစေဗျာ”..သန်းထိုက်စိတ်ထဲကပင်ဆုတောင်း
နေရပြီး...အော်ရင်မောရပါလား
သန်းထိုက်ဆုတောင်းပြည့်ခဲ့ပါသည်။ ကြယ်စင်မောင်ကားပေါ်ကဆင်းလာတာတွေ့ လိုက်၏၊
“ကြယ်စင်မောင်...ဟေ့ကောင်”
“ဟင်...”
ကြယ်စင်မောင်ကားပေါ်ကဆင်းတော့မိမိနာမည်ကိုခေါ်သံကြား၍ကြည့်လိုက်တော့သန်းထိုက်
ကိုအံ့သြစွာတွေ့ လိုက်ရသည်။
“ဟဲဟဲ..”
“မင်း ဘယ်ကပြန်လာတာလည်း”
“ငါဒီနားကိုဝယ်စရာရှိလို့ လာတာ..မင်းကိုတွေ့ လို့ ..မင်းကလည်းတစ်ကိုယ်လုံးရွှဲနေတာပဲ..
မိုးတိတ်အောင်တော့မခိုနေဘူး
“အင်း..သင်းတန်းဆင်းတုန်းကမိုးကနည်းသေးတယ်..ကားဂိတ်ရောက်ခါနီးမှမိုးမိသွားတာ”
“အော်....ရော့”
သန်းထိုက်အပိုယူလာတဲ့ထီးကိုပေးလိုက်ပါသည်။ ကြယ်စင်မောင်သန်းထိုက်ကိုမသင်္ကာသလို
ကြည့်ပြီးတော့မှယူလိုက်ပြီး
“ငါကိုလာကြိုတာလား”
“မဟုတ်ပါဘူး..လမ်းကြုံလို့ ယူလာပေးတာ”
ကြယ်စင်မောင်လည်းဘာမှတော့ပြန်မပြောတော့ပဲ..အတူတူလမ်းထဲကိုဝင်လာပါတော့သည်။
ကိုစန်းဝင်းတို့ ဆိုင်ရှေ့ရောက်တော့သန်းထိုက်မိမိကိုယ်ကိုမလုံပဲ..ထီးနဲ့ကာကားဖြတ်လျောက်
လာသည်။ အိမ်သို့ ရောက်တော့
“ကျေးဇူးတင်ပါတယ်..ငါကိုလာကြိုလို့ ”
“မင်းကိုလာကြိုတာမဟုတ်ပါဘူး
“ဘယ်လိုပဲဖြစ်ဖြစ်ပါ..ကျေးဇူးတင်ပါတယ်”
“ရပါတယ်...မင်းနေမကောင်းဖြစ်နေအုံးမယ်ရေမြန်မြန်ချိုးလိုက်..မနက်ကအန်တီမာလာချက်
ထားတဲ့ဟင်းကို..ငါပြန်နွှေးလိုက်အုံးမယ်..ပြီးရင်ထမင်းစားကြတာပေါ့”
“အင်း..”
ကြယ်စင်မောင်လည်း..အခန်းထဲဝင်သွားတော့မှသန်းထိုက်..နောက်အခန်းထဲသို့ ဝင်ပြီးဟင်းတွေ
နွှေးနေလိုက်သည်။ ရင်ထဲမှာလည်းပျော်ရွှင်နေသည်။ ကြည်းနူးနေသည်လို့ ပြောလျှင်ပိုမှန်မည်လော။
သန်းထိုက်နဲ့ကြယ်စင်မောင်..ထမင်းကိုလက်စုံစားကြသည်။ ကြယ်စင်မောင်တော့မည်သို့ နေမည်မသိ
သန်းထိုက်ကတော့ပျော်ရွှင်နေသည်။
ထမင်းစားပြီးကြတော့နှစ်ယောက်သား..video တွေတူတူထိုင်ကြည့်တော့လည်းသန်းထိုက်ပျော်ရွင်နေသည်
သန်းထိုက်ရင်ထဲမှာပန်းတွေပွင့်နေပြီး၊ လောကကြီးကလည်းသာယာနေလိုက်တာ၊ မိုးတွေမည်းမှောင်နေပင်
မယ့်..သန်းထိုက်ရင်ထဲမှာတော့ကြယ်စင်တွေလင်းနေသည်။ ပျော်ရွင်မူ့ကတော့ပြောမပြတတ်အောင်ပါပဲ၊
ကြယ်စင်မောင်အိပ်ယာစောစောဝင်သွားတော့ သန်းထိုက်တစ်ယောက်တည်းဧည့်ခန်းမှာထိုင်နေရင်း..
ကဗျာကောက်ရေး..နေလိုက်သည်။ ကဗျာရေနေတုန်း..ဘာမှမဆိုင်ပဲဘေးအိမ်ကအပျိုကြီးကိုမြင်ယောင်မိ
သေးသည်။ ဒီတစ်ခေါက်တော့လေရူးလေလည်းမလာနိုင်တောု့လို့ ထင်ရတာပဲလေ။
အချစ်
အသည်းတစ် လျလျနဲ့ 
တစ်စ.ချင်..တိုးလို့ လာတာ
မင်းခြေလှမ်းလာ..
ငါကိုမြူဘို့ အတွက်
လက်တစ်စုံလှမ်းလို့ 
ထွက်ခဲ့တာလား
မလွှတ်တမ်းသာ..ငါကိုင်လို့ 
အမြဲတမ်း...ချစ်ပရစေ...ချစ်သူ။
***
ကဗျာလေးကိုကြည်းနူးစွာကြည့်နေတုံး...အသံတစ်ခုခုကြားသံထင်မလို့ သန်းထိုက်နားစွင့်ကြည့်မိတော့
“ဟင်း..ဟင်း.”
ညီးသံတစ်ခုကြားလိုက်တာသန်းထိုက်ဆံပင်များပင်ထောင်သွားသည်။ ဒီအချိန်ကြီးညီးသံကလန့် မိသွား
သည်။ နောက်..သန်းထိုက်ကြယ်စင်မောင်ကိုသတိရပြီး..သူအခန်းရှေ့ကိုသွားကာနားစွင့်ကြည့်မိသည်။
“ဟင်း...ဟင်း”
ကြယ်စင်မောင်အခန်းဆီမှထွက်လာသောအသံ၊ သန်းထိုက်စိုးရီမ်သွားတော့သည်။
“ကြယ်စင်မောင်...ကြယ်စင်မောင်”
ပြန်ထူးသံမကြားသည့်အဆုံးကြယ်စင်မောင်အခန်းထဲသန်းထိုက်ဝင်သွားလိုက်တော့သည်။ ကြယ်စင်မောင်
လော့မချထား၍လည်းသူဝင်လို့ ရခဲ့သည်။ ကြယ်စင်မောင်ကတော့ကုတင်ပေါ်မှာကွေးနေကာညီးလို့ နေသည်။
သန်းထိုက်စိတ်ပူကာ...နှဖူးကိုစမ်းလိုက်တော့..
“ဟာ...ကိုယ်တွေတစ်အားပူနေတာပဲ”
သန်းထိုက်..စိုးရိမ်ပူပန်စွာနဲ့ တတ်သမျှမှတ်သမျှလေနဲ့ ကြယ်စင်မောင်အားပြုစုပေးနေတော့သည်။ ရေအေး
ကပ်ပေးရ..ဆေးတိုက်ရနှင့်..သန်းထိုက်ပင်းပန်တယ်လို့ တောင်မထင်...ပြုစုလို့ ပေးနေသည်။
******
မျက်နာကိုနေခြည်နုနုလာထိတော့ကြယ်စင်မောင်နိုးလာသည်။ ကိုယ်ကိုလွန့်လိုက်တော့ နှဖူးပေါ်ကအ၀တ်ဖတ်
ကပြုတ်ကျသွားသည်..မိမိလက်ကိုလည်းတစ်ယောက်ယောက်ကိုင်ထားတာသိနေသည်ဖြစ်၍ေ ဘးကိုကြည့်
လိုက်တော့ သန်းထိုက်..မိမိကုတင်ဘောင်ပေါ်မှာ..အိပ်နေသည်။ သန်းထိုက် ကုတင်အောက်မှထိုင်၍..မျက်နာ
ကကုတင်ပေါ်တင်ကာအိပ်နေသည်။ မိမိလက်ကိုလည်းကိုင်ထားသည်။ သန်းထိုက်မျကနာလေးကိုအနီးကပ
မြင်ရတော့ချစ်စရာကောင်းသည်။ ကလေးတစ်ယောက်လိုအပြစ်ကင်းစင်စွာအိပ်နေသည်။ ကြည့်ရတာ..တစ်ည
လုံးသူကိုပြုစုပေးနေပုံရသည်။ ကြယ်စင်မောင်သန်းထိုက်နိုးမည်စို၍.ညိမ်ညိမ်နေ..ကြည့်နေပါသည်။ သန်းထိုက်
လူးလွန့် လာတာတွေ့ လိုက်၍ကြယ်စင်မောင်ရောင်ယမ်းကမျက်လုံးကိုချက်ခြင်းပိတ်လိုက်ပါသည်။ သန်းထိုက်
နိုးလာတာကိုသူသိလိုက်သည်။ သန်းထိုက်လက်ကသူနှဖူးကိုလာစမ်းတော့..ကြယ်စင်မောင်ဆက်ပြီးအိပ်ချင်
ယောင်မဆောင်တော့ပဲ မျက်လုံးကိုဖွင့်လိုက်ပါတော့သည်။
“နိုးပြီးလား”
“အင်း”
“ညကဘာလို့ မပြောတာလည်း..ဖျားချင်နေတယ်လို့ ”
“အားနာလို့ ”
“မဟုတ်တာပဲ..မင်းကလည်း..တော်သေးတာပေါ့ခုတော့အဖျားမရှိတော့ဘူး..ဆေးခန်းတော့သွားရမှာပဲ”
“ရပါတယ်..ပျောက်နေပြီးပဲ”
“ဒါပေမယ့်တော့..သွားမှကောင်းမယ်လေ..”
ကြယ်စင်မောင်..သန်းထိုက်ကိုခေါင်းညိမ့်ပြလိုက်ပါတော့သည်။

JIN JAR

No comments:

Post a Comment

အချစ်တစ်ခု ပြယုဂ်တစ်ခု

“......................”  သားကြီးဆီမှ ကြားလိုက်ရသော နာမည်ကြောင့် ကျွန်မတစ်ကိုယ်လုံး တောင့်ခဲ သွားသည်။အဆုံးမရှိသောတွင်းနက်ကြီးထဲသို့ ပြုတ်ကျ...