Tuesday, May 10, 2016

လွမ်းမိတဲ့ အောက်တိုဘာ



--------- (ပထမပိုင်း) ---------

First Year စာမေးပွဲ ပြီးတော့ ကျော့်သူငယ်ချင်း နှစ်ယောက်က မန်းလေး ရောက်ဖူး ခြင်တယ်ဆိုလို့ ကျော် လူတတ်ကြီးလုပ်ပြီး ခေါ်လာခဲ့သည်။
အောက်တိုဘာလဆိုတာ သိတဲ့အတို်င် ဆောင်းဝင် စဆိုတော့ အေးစ ပြုနေပြီ။ ဖုန်ထူပြီး ခြင်ပေါတယ်ဆို တဲ့ မန်းလေးက ကျော်တို့သွားတော့ အအေးဒဏ် ကြောင့်ထင်သည် ခြင် သိပ်မရှိပါ။
ကျော်တို့ သီတင်းကျွတ်ရက် အမှီ ရန်ကုန်ပြန်ရမှာမို့ မတိုင်မှီ ငါးရက်အလိုလေးမှာ မရမက လည်နေကြတာ ဖြစ်သည်။ အမှန်တော့ ကျော်က မြစ်ကြီးနား ဇာတိ ဆိုပြီး မန်းလေးကို နှံ့နှံ့စပ်စပ် မရောက်ဖူးပါ။ ရန်ကုန်လာရင် မန်းလေးကို ကျော်သွား ခွသွား တာပဲ ရှိပြီး ဒါပထမဆုံး အကြိမ် မနိးလေးကို ရောက်တာ ဖြစ်သည်။ ဒါကြောင့် ယောင်တောင်တောင်တွေ ဖြစ်နေသည်။
ရန်ကုန်က မနက်ရထားစီးလာတော့ ကျော်တို့ ညဘက် ၇နာရီမှ မန်းလေး ကို ရောက်လာသည်။ သီတင်းကျွတ်တော့မှာမို့ မန်းလေးရဲ့ လမ်းတွေ၊ အိမ်တွေမှာ လျပ်စစ်မီးတွေ အလှဆင်ကာ တမြို့လုံးနီးပါး ထိန်လင်း နေကြသည်။ တချို့ အိမ်တွေ မီးပုံးလေးတွေ ချိတ်ဆွဲထား ကြသည်။
ကျော်တို့တွေ ဘူတာကြီးနားက တည်ခိုးခန်းမှာပဲ အလွယ်တကူ တည်းလိုက်ကြသည်။ တနေကုန် စီးလာရတဲ့ ရထားဒဏ်ကြောင့် သုံးယောက်သား အိပ်ပျော်သွားလိုက်ကြတာ တရေးတောင် မနိုးပါ။ သူငယ်ချင်းနဲ့ သူကောင်မလေးက နှစ်ယောက် တခန်း ကျော်က တစ်ခန်း တည်းခိုခန်းမှာ တည်းကြသည်။
ကျော်တို့တည်းတဲ့ တည်းခိုခန်းက ဘူတာကြီးနား ဆိုတော့ အဆင်ပြေတယ်လေ။ ကျော်ကြိုက်တဲ့ ဇလုံကြီး ထမင်းဆိုင်နဲ့လဲ နီးသည်။ ညဘက်မှ ဖွင့်တဲ့ ထမင်းဆိုင်တွေဆို လမ်းဘေး တလျောက် တန်းစီပြီး အရမ်းကြိုက်တဲ့ ဝက်သားဒုတ်ထိုးဆိုင်လဲ ရှိနေသည်။ သီတင်းကျွတ် ရောက်ခါနီး ဆိုတော့ တည်းခိုခန်းထဲ မီးပုံးလေးတွေတောင် ချိတ်ထားပြီး အလှဆင် နေကြပြီ။
မန်လေးမြို့က တော်တော်လှတဲ့ မြို့ပါ။ လမ်းတွေကို သေချာ ဖောက်ထားပြီး တိုက်အနိမ့်အမြင့် တွေကလည်း ညီသည်။ လက္ဖရည်ဆိုင်တွေလည်း အများကြီး၊ နောက် ကျော်ကြိုက်တဲ့ ထိုးမုန့်ဆိုင်တွေ ပြီးတော့ တောင်တန်းပြာပြာနဲ့ မန်းလေးကျုံး မန်လေးတောင်နဲ့ တအားကို လှပတင့်တယ်နေတာ ဖြစ်သည်။
မန်းလေးရာက်တဲ့ ပထမဆုံးရက်ရဲ့ မနက်ခင်းမှာ ကျော်တို့ ဘုရားကြီးကို အရင်သွားဖူးကြဖို့ စီစဉ်ကြသည်။ အောက်တိုဘာဆိုတော့ နှင်းမှုံလေးတွေတောင် နည်းနည်းကျပြီး အေးစိမ့်စိမ့်နဲ့ ဖြစ်သည်။ ဆေးရုံကြီး ရှေ့ဘက်ကနေ လိုင်းကား စီးကြသည်။ ဘာကားစီးရ မှန်း မသိတော့ စပါယ်ယာ အော်တာကို နားထောင် ရသည်။
"ဈေးချို ဘုရားကြီး ဈေးချို ဘုရားကြီး"
ဆိုတော့ ကျော်တို့ သုံးယောက် အဲ့ကားပေါ် အလု အယက်ပြေးတက်သည်။ မန်းလေးက လိုင်းကားတွေက ရန်ကုန်က လိုင်းကားတွေလို့ မဟုတ်ပါ။ အရမ်း အ သာ်။ တစ်စီးနဲ့ တစ်စီးလည်း မဖိုက်ကြ မပြိုင်ကြဘဲ အေးရာအေးကြောင်းဘဲ သွားသည်။ မှတ်တိုင်ဆို တော်တော်နဲ့ မထွက် ဖြစ်သည်။ လိုင်းကားစီးရတာ ပျင်းဖို့တော့ တော်တော့်ကို ကောင်းပါသည်။
မဟာမြတ်မုနိ ဘုရားကြီးကို ဖူးပြီးတော့ ကျော်တို့ ဓာတ်ပုံရိုက်ကြတယ်။ ပြီးတော့ ထမင်းဆိုင်တန်းမှာ ထမင်းစား။ ပြီး ဘယ်သွား ကောင်းမလဲ စဉ်းစား တော့ ကျော်တို့ ဦးပိန်တံတားကို ရောက်သွားပါသည်။
ဆိုင်ကယ်ကယ်ရီကို ဘုရားကြီးဘေးက ဦးလေးကြီး နှစ်ယောက်ဆီမှာ ဈေးသေချာဆစ်ပြီး ခေါ်ရသည်။ ဘာလို့ ဆိုတော့ မန်းလေးက ဆိုင်ကယ်သမားတွေ က ရိုက်စား များတယ်တဲ့။ ဈေးကို ဒီလိုဆစ် ဒီလိုမေး ဆိုပြီး သင်ပေးလိုက်တဲ့ သူငယ်ချင်း တစ်ယောက် ကျော့်မှာ ရှိနေသည်လေ။
နောက်ရက်တွေလဲ ဒီဦးလေးကြီးတွေ ဆို်င်ကယ်နဲ့ဘဲ ကျော်တို့ မန်းလေးကျုံး၊ ဈေးချို၊ ရွေကျောင်း သွားချင်တဲ့ နေရာတွေ လယ်ပြီး သကာလ ကျော်တို့ ပြည်ဦးလွင် သွားဖို့ ဆုံးဖြတ်ကြသည်။ ဆိုင်ကယ် ဦးလေးကြီးတွေက ကျော်တို့နဲ့ ရင်းနှီးနေပြီ ဖြစ်ကာ ကျော်တို့ သိခြင်တာကို မေးမြန်းသည့် အပေါ် စိတ်ရှည်ပြီး ရှင်းပြပေးသည်။ သံယောဇဉ် တောင်ဖြစ်နေကြပြီ ဖြစ်သည်။
ပြင်ဦးလွင် တက်ဖို့ မနက်ခင်း ကျော်တို့ သုံးယောက် စောစောထပြီး ရေမိုးချိုးပြင်ဆင်ကာ ကျော်လိုချင် တာတွေ ကျော့် ကျောပိုးအိတ်ထဲထည့်သည်။ ကျော်တို့ ဟိုတယ်ထဲ ထွက်လာတော့ ဦးလေးကြီးက အသင့် စောင့်နေပြီ ဖြစ်သည်။
"အိပ်လို့ကောင်းရဲ့လား ကလေးတွေရ ဘာစားပြီးပြီလဲ တစ်ခုခုစားလေ"
"ဟုတ် ဦးလေး ကျော်တို့ ဘာမ မစားရသေးလို့ ၁၅မိနစ်လောက်နော် ဦး ဦးလေးရော စားပြီးပြီ လား"
ဦးလေးကြီးက ကျော့်ကို ခေါင်းညိတ်ပြတော ကျော် တို့ လက္ဖရည်ဆိုင်ထဲ ဝင်ထိုင်ပြီး ကျော် ကြိုက်တဲ့ မနက်ခင်းစာ ရှမ်းခေါက်ဆွဲနဲ့ ချိုစိမ့်လေး တစ်ခွက် ဆွဲပြီးတော့ ကျော့ဗိုက်ကလေး ပူလာကာ နေလို့ ထိုင်လို့ ကောင်းသွားသည်။
အားလုံးစားပြီးတော့ ကျော်တို့ ပြည်ဦးလွင်သွားဖို့ ဆိုင်ကယ်ဆီလာသည်။ ကျော်စီးနေကျ ဦးလေးကြီး ကို မတွေ့ဘဲ ကျော်သူငယ်ချင်း နှစ်ယောက်စီးတဲ့ ခုနက ဦးလေးကြီး တစ်ယောက်ဘဲ ရောက်နေသေး သည်။ ကျော်တို့ ဆိုင်ထဲက ထွက်လာတော့ ဦလေးကြီးက
"ပြီးရင်သွားရအောင်ဟေ့ နေမပြင်းခင်လေး အမြန် မောင်းရအောင်လေ"
ပြောလည်းပြော ကျော်တို့ကိုလဲ သတိပေးတော့
"ဟို ကျော်စီးနေတဲ့ ဦးလေးရော မလာသေးတာ"
ကျော်ပြောတော့ ဦးလေးက
"ဟုတ်သားပဲ မေ့နေတာပြောဘို့ မင်းရဲ့ ဦးလေးက မနေ့က ချော်လဲလို့ဟေ့ အဲဒါ ခြေထောက်နာပြီး မလာနိုင်ဘူး"
"အမ်း ဒါဆို ကျော်တို့က သုံးယောက်လုံး ဦးလေး ဆိုင်ကယ်နဲ့လား"
ကျော်မေးတော့ ဦးလေးကြီးက သူ့ ပါးစပ်ထဲ ကွမ်းတယာကို ထည့်ပြီး
"မဟုတ်ပါဘူး ဟိုမှာ မင်းကို ဟိုက လူလေး လိုက်ပို့လိမ့်မယ်"
ဦးလေးကြီး လက်ညိုးထိုးပြတဲ့ သူကို ကျော်ကြည့် လိုက်တော့ မန်းလေးဘက် နှံကောင်လို့ ခေါ် တဲ့ DT အမျိုးအစား ဆိုင်ကယ် အနီရဲရဲကို ခွထိုင်ကာ ကျော့်ကို ကြည့်နေတဲ့ လူတစ်ယောက် ကို တွေ့ရသည်။
"သူက ဆိုင်ကယ် ကယ်ရီသမားတော့ မဟုတ်ဘူး မင်းစီး နေကျ ဦးလေးကြီးရဲ့သား"
အညိုရောင် သားရေဂျက်ကတ်ကို သူဘော်ဒီနဲ့ ချပ် ရပ်စွာ ဝတ်ထားပြီး သူ့လက်တွေမှာ ဝတ်ထားတဲ့ အနက်ရောင် လက်အိပ်တွေ။ ပြီးတော့ ခြေသလုံး ထိ ရှည်တဲ့ အနက်ရောင်country shoe ကို သူ့ ခြေထောက်တလျောက် ချပ်ရပ်စွာ ဝတ်ထားတဲ့ အပြာရောင် ဂျင်းပန်ပေါ်က ထပ်ဝတ်ထားတာ ဖြစ်သည်။ လက်ထဲ ကိုင်ထားတဲ့မျက်မှန် အနက် တလက်နဲ့ ကျော်ကိုကြည့်နေတဲ့ သူမျက်လုံးတွေက သိပ်မကြည်ချင် သလို့ ရှိနေသည်။
ပုံစံက ဆိုင်ကယ်ကယ်ရီ လိုက်ဖို့ မကောင်းဘဲ ရှိုးတစ်ခုမှာ ကတ် ဝေါလ် လျောက်ဖို့ ကောင်းနေသည်။ ကျော်က ကျော့်သူငယ်ချင်း နှစ်ယောက်ကို
"မင်းတို့နှစ်ကောင် သူ့နောက် သွားစီးကွာ ငါ ဦးလေး နောက်က စီးမယ်"
ကျော်ပြောတော့ ကျော့်သူငယ်ချင်းက ဆိုင်ကယ် ဦးထုပ် ကို ဆောင်းပြီး ဦးလေးကြီးနောက် တက်ခွကာ
"ဆောရီး သယ်ရင်း ငါတို့က ဒီဦးလေးနဲ့ ကီးကိုက် နေပြီကွ ကွကိုယ် သွားစီးကွာ"
ကျော် သူငယ်ချင်းကို ကျော်လက်သီး တချက်ရွယ်ကာ သူ့ဆိုင်ကယ်ဘက် လျောက်လာတော့
"ဒီနေ့ သွားဦးမှာလား မင်း"
ခပ်ဆတ်ဆတ် သူဆီကမေးလာတဲ့ အသံ ထွက်လာသည်။
"အမ် "
"အမ် လုပ်မနေနဲ့ တုံ့နှေးတုံနှေးနဲ့ မင်းတို့ ရန်ကုန် သားတွေ ပဲသိပ်များတယ်"
"ဘာဗျ"
ကျော် မျက်မှောင်တချက် ကုပ်မိပြီး။ ကျော် သူ့ကို ပြောတော့ သူက
"ကြားတဲ့အတိုင်းဘဲ"
ဟွန်း လူကြီးကျယ်ဗျာ ပိုက်ဆံပေးပြီး ငှါးထားတာ မန်းလေးသားက လူပါးဝတယ်။ သူ စကားပြောတာ ကျော် စိတ်ထဲ ဒေါသက ထောင်းကနဲ ဖြစ်သွာကာ
"ညီဇော် ငါ မသွားတော့ဘူး မင်းတို့ပဲသွားတော့"
ကျော် ကျော့်သူငယ်ချင်းကို ပြောပြီး တည်းခိုခန်းထဲ ပြန်ဝင်မယ်လုပ်တော့
"ဟေ့ဟေ့ မင်းဒီလို လုပ်လို့ မရဘူးလေ မင်းခေါ်ထား လို့ အိပ်ရေး ပျက်ပြီး မနက်အစောကြီး ထပြီး ငါ စောင့်နေရတာ ငါဘယ်တော့မှ စောစောထတဲ့ ကောင် မဟုတ်ဘူး"
ကျော့်နောက်ကျော်ဘက်ကနေ အော်သံတချက်နဲ့ သူက ပြောလာတော့
"အာ့ ခင်ဗျာ ကိစ္စလေ ကျော်နဲ့ မဆိုင်ဘူး ကျော် မသွားချင်တော့လို မသွားတာ"
သူက "ကျွတ်"တချက်သပ်ကာ သူလက်ခလယ်ကို သူနားထဲ ထိုးမွေပြီး ကျော်ကို မျက်ထောက်နဲ့ ကြည့်နေကာ
"ရတယ်လေ မသွားဘူးဆိုရင် မနေ့က ကျုပ်အဖေ တောင်းထားတဲ့ ခရီးစရိတ်ရဲ့ တဝက်ခ ပေးရမယ်"
သွေးအေးအေးနဲ့ ဘယ်သူကိုမှ လူမထင်သလို ပြောနေ တဲ့ သူ့ပုံစံကြောင့် ကျော်စိတ်တွေ ပိုဒေါသ ထွက်လာကာ စိတ်ပိုတိုလာတော့
"ဘာလုပ်ချင်လို့လဲ ဒါ မန်းလေးနော် ရန်ကုန် မဟုတ်ဘူး ကိုယ့်ကိုကိုယ် ဧည့်သည် ဆိုတာလည်း သတိထားဦး"
ထီမထင်သလို ပုံစံ ဂျစ်ကန်ကန် သူ့ပုံစံနဲ့ စကားကို တစ်လုံးချင်း ပြောနေတဲ့ သူ့ကိုကြည့်ပြီး လက်သီး တချက် နှစ်ချက်လောက်တော့ ကျွေးချင်နေသည်။ ကျော့်ဒေါသကို ထိန်းနေတုန်း ဦးလေးကြီးက
"တော်ပါတော့ မောင်ရင်တို့ရယ် ဘာမ မဟုတ်ဘဲ ပြသနာဖြစ်နေတယ်။ ကဲ့ ဦးတောင်းပန်ပါတယ် စကားတွေလည်း ပြောပြီသားဖြစ်နေပြီ သွားလိုက် ရအောင် နေလဲ မြင့်နေပြီ"
ကျော် ဦးလေးကြီး တောင်းပန်စကား ကျော် သူငယ် ချင်းတွေကို အားနာလို့ သူပေးတဲ့ ဆို်င်ကယ် ဦးထုပ် ကို ခပ်ဆောင့်ဆောင့် ဆွဲယူကာ ကျော်သူနောက်ဖက် ဆိုင်ကယ်ကို ခွတက်လိုက်သည်။ သူနဲ့ ခပ်ခွါခွါထိုင်ကာ ကျော့် လက်နှစ်ဖက်ကို နှောက်ပစ်ပြီး ဆိုင်ကယ်နောက် အမြီးပိုင်ကို ကိုင်ပြီး ထိန်းထားလိုက်သည်။
ဆိုင်ကယ်ပေါ် ဒီလို ထိုင်စီးလာတာ မန်းလေးမြို့ အထွက် မြေပြန့်တွေအတွက် အဆင်ပြေပေမဲ့ တောင်တက်လမ်းတွေမှာ သူ လီဗာတင်ပြီး တချက် တချက် ဆောင့်ထွက်လိုက်ရင် နောက်ကို လှန်လှန် ကျသွားတာကြောင့် ကျော်လက်တွေ သူသာရေ ဂျာကင်ကို ဆွဲကိုင်မိသား ဖြစ်သွားသည်။
တဖြည်းဖြည်းနဲ့ သူဆိုင်ကယ်ကို အရှိန်ကုန် မောင်းကာ ဆိုင်ကယ် အရှိန်ကြောင့် တိုးလာတဲ့ လေပြင်းတွေက မျက်နှာကို အသာကုန်ရိုက်တာ။ တော်တော် အမောင်းကြမ်းတာဘဲ ဒီလူ။
ဘေးပတ်ဝန်းကျင်က ရှုခင်းအလှတွေကိုလည်း မခံစားရကာ ကျော်စိတ်တွေ ညစ်လာမိသည်။
"ဦးလေးကြီးနဲ့သာဆို ဘယ်လောက်ကောင်းမလဲ စကားပြောရတာလည်း အဆင်ပြေသည်။ သူလဲ ဦးလေးကြီးဘဲ သူက ဦးစိတ်တို။ တကယ်ဆို သူချော်လဲကမှာ ဟို ဦးလေးကြီး မချော်လဲပဲ "
ဘယ်အချိန်က ရောက်သွားမှန်းမသိတဲ့ ကျော့်လက် တွေ သူခါးကို အသေအချာ ဖက်ထားမိသည်။ သတိထားမိလို့ ပြန်လွတ်လိုက်ပေမဲ့ ဘယ်အချိန် ပြန်ဖက်မိ ပြန်မှန်းမသိပါ။ ဖက်လိုက် ဖြုတ်လိုက် ဖြစ်လာတော့
"ငါ့ခါးကို မဖက်နဲ့လို့ ငါမပြောဘူးနော် အေး ပြုတ်ကျ ရင်တော့ အာမခံ မရှိဘူး"
သူ့ ပြောစကားကို ကျော် စိတ်တိုလာတာကြောင့် သူ့ကျောကုန်းကို နောက်ဖက်ကနေ ကျော့်မှေးစေ့ နဲ့ တချက်ခုပ်ပစ်လိုက်သည်။ သူက တော့ ဘာဖြစ် လဲ မသိ ကျော့်မှေးစေ့ တော်တော် နာတာဗျ။
မြွေလိမ် မြွေကောက် တောင်အတက် တောင် အဆင်းတွေကို ကျော်လာပြီး ပြင်ဦးလွင်မြို့ထဲ ကျော်တို့ ဆိုင်ကယ်လေ ရောက်လာပြီ။ မွေးပျံ့တဲ့ ပန်းပေါင်းစုံ သင်းရနံ့လေးတွေ၊ ခပ်မြင်ြ့မင့် ထင်းရူပင်တွေ၊ ချယ်ရီပင်တွေ၊ မြေနီ လမ်းတွေ၊ အိမ်တိုင်းမှာ ရောင်စုံ ပန်းကလေးတွေ နဲ့ လှနေတဲ့ မြိုကြီးကို ကျော်ရောက်လာပြီ ဖြစ်သည်။
နောက်က ကျော့်သူငယ်ချင်းဆိုင်ကယ်က တော် တော် ပြတ်ကျန်ခဲ့တာမို့ သူတို့ကို မြို့ အဝင်မှာ စောင့်ရင်း ကျော် ရှုခင်းတွေကို ကျော့်ဖုန်းနဲ့ ဓာတ်ပုံရိုက်ယူ နေမိသည်။
ပြီးတော့ ကျော်တို့ကို ဦးလေးကြီးက နွားနိုဆိုင် လိုက်ပို့သည်။ ကျော်တို့ နွားနို့ သောက်သည်။ စတော်ဘယ်ရီ တွေ ကိုယ်တိုင်ခူးပြီး ဝယ်ကြသည်။ ပြီးတော့ ကျော်တို့ ပြည်ချစ်ဘုရားကို ဝင်ဖူးသည်။ ပြီ ပိတ်ချင်းမြောင်ကိုလည်း ရောက်သည်။ တအားလှတဲ့ ကျောက်ခက်ပန်းဆွဲတွေ ကျောက် စက်ရေတွေနဲ့ လိုင်ဂူကြီး အတွင်းမှာ တအားကို အေးစိမ့်နေသည်။ ဂူကြီး အတွင်းဘက်မှာ အရမ်း လှသည်။
ကျော်တို့နေ့လယ်စာကို ပိတ်ချင်းမြောင်မှာပဲ စား ဖြစ်လိုက်သည်။ ပြီးတော့ ဦးလေးကြီးက မြိုမဈေး လိုက်ပို့ပြန်ရော။ ဦးလေးကြီးက သဘော ကောင်းပြီး ချစ်ဖို့ ကောင်းသလောက် ကျော့်ဆိုင်ကယ်သမား ဦးစိတ်တိုကတော့ မျက်နှာကြီး စူပုတ်နေမြဲ ဖြစ်သည်။ ကျော်တို့ အမျိုးသား ကန်တော်ကြီး ဥယျာဉ်ရောက်တော့ ညနေ သုံးနာရီရှိနေပြီ။
ပိတ်ဖို့ အချိန်တောင်နီး နေသည်။ ကျော်တို့ ဥယျာဉ် အတွင်း ဓာတ်ပုံရိုက် အဝပျော်ပြီး ပြန်ထွက်လာတော့ ညနေ ငါးနာရီ ကျော်နေပြီ။ ဗိုက်ဆာတာ ဘာမှလဲ မစားရသေး တော့ ပန်းခြံရှေ့ရောင်းသော အားလူးကြော်ထုပ် တစ် ထုပ် ဝယ်စားပြီး ကျော်တို့ ပြင်ဦးမြို့ကနေ ပြန်လာကြသည်။
အပြန် တောင်တက်လမ်းတွေ တက်လိုက် ဆင်း လိုက်နဲ့ ရှိနေပြီး မှောင်နေတာကြောင့် ပတ်ဝန်းကျင်ကို ဘာမျှ သေချာစွာ မမြင်ရတော့ပါ။ ၂၁မိုင် ရောက်ခါနီးမှာတော့ သူ့ဆိုင်ကယ်နောက်ဘီး လေပြား လာတာကြောင့် ဆက်မောင်းလို့ မရတော့ပါ။ သူ့ ဆိုင်ကယ်ကိုရပ်ကာ
"ဟာ ဒီကောင်ကွာ ဖြစ်လိုက်ရင် ဒီအတိုင်းကြီးဘဲ"
သူ စိတ်လဲ တိုသလို့ ကျော်ကိုကြည့်လာပြီး
"ဘီးပေါက်သွားပြီ"
သူ့ဆီက စကားကြားတော့ ကျော်က
"အမ် အာ့ဆို ဘယ်လိုလုပ်မလဲ"
ကျော်မေးနေတဲ့ အချိန်မှာ ကျော့်သူငယ်ချင်းတွေ ကျော်တို့ကို အနောက်ကနေ မှီလာသည်။ အနားရောက်လာတဲ့ ဦးလေးကြီးကို သူက
"ဘီးပေါက်သွားလို့ ဦးလေးစိုးရ"
"ဟေ့ ဟုတ်လား"
"ရပါတယ် ဦးလေးစိုးတို့ပြန်နှင့်လိုက်ပါ ရှေ့နာ ၂၁မိုင် ရောက်နေပြီ။ ကျွတ်ဖာတဲ့ ဆိုင်တွေ ရှိဦးမယ် ထင်တယ်။ မရှိလဲကျနော် ကားကြုံရှိရင် ကားကြုံနဲ့ပြန်ခဲ့မယ်"
တဆက်တည်း သူက ကျော့်သူငယ်ချင်းတွေဖက် လှည့်ကြည့်ပြီး
"စိတ်မပူပါနဲ့ မင်းတို့ သူငယ်ချင်းကို ငါဘာမလုပ်ဘူး ရောင်းလဲမစားဘူး ပြန်ပို့ပေးပါမယ့် နော်"
သူတမင်လုပ်တာလား မတော်တဆလားဆိုတာ ကျော်မသိပေမဲ့ မနက်က ပြသနာကလည်း ပူပူ နွေးနွေးလေ ရှိသေးတာ ဖြစ်သည်။ ကိုယ့်ကို မကြည်တဲ့ လူတစ်ယောက်နဲ့ ကျော် ဘယ်လိုလုပ်ပြီး အတူ နေရမလဲ မသိပါ။ လူချင်းယှဉ်ချရင် ကျော်ရှုံးမှာ အသေ အချာပဲ ဖြစ်သည်။ သူလို ကိုယ်ထက်လည်း အသက်ကြီးကြီး လူကောင်လည်း ကြီးတဲ့ သူနဲ့ ကျော်လို ပုပုသေး သေးလေးက အကွာကြီး ဖြစ်သည်။
"ငါမကြောက်ဘူးကွ " ဆိုပြီး ကျော် ဘုရားစာတွေ ရွတ်ခါ ဆိုင်ကယ်ကို တွန်းပြီး တက်လာတဲ့ သူ့နောက် လိုက်လာခဲ့သည်။ လမ်းတလျောက် တော်တော်မှောင်နေပြီ ဖြစ်သည်။ တချက် တချက် တောကောင်တွေ အော်သံကိုလည်း ကြားရကာ လေပြေတွေလဲ တိုက်ခတ်လျက်ရှိသည်။
ကျော်တို ၂၁မိုင်ထိပ်ရောက်တော့ အချိန်က ည၇နာရီခန့် ရှိနေပြီ။ ကင်းတဲလား ဒါမ မဟုတ် ခရီး တစ်ထောက် နားဖို့အတွက်လားမသိ ဆောက်ထားတဲ့ တဲလေးတစ်လုံး ရှိနေသည်။
ပြီးတော့ ဖယောင်းတစ်တိုင် ထွန်းထားတဲ့ စက္ကူ မီးပုံးလေး တစ်လုံး တဲထောင့်မှာ ချိတ်ထားလျက် ရှိနေသည်။ တိုက်ခတ်နေတဲ့ လေကြောင့် ထိုမီးပုံးလေးက လေယူရာ ယိမ်းထိုးနေသည်။ တဲ့ရှေ့ မျက်နှာချင်ဆိုင်မှာ ဆိုင်ပိတ်တော့မည့် ကုန်စုံဆိုင်လေး တစ်လုံး ရှိနေသည်။ ထိုဆိုင်မှ ဘက်ထရီအိုးနဲ့ ထွန်းထားတဲ့ ဖန်မီးလုံးလေးရဲ့ အလင်းရောင် မှတပါး အရားအားလုံးဟာ ထိုပတ်ဝန်းကျင်အနား မှောင်ပိန်းနေပြီ ဖြစ်သည်။
သူ ဆိုင်ကယ်ကို တဲ့ရှေ့ ကျော်နဲ့ အတူ ထားခဲ့ပြီး အဲ့ဒီကုန်စုံဆိုင်လေးဆီကို လျောက်သွားကာ ဘာတွေ သွားမေးနေသည် မသိပါ။ အတန်ကြာ စကားပြောပြီး ပြန်လာတော့ သူ့လက်ထဲ ရေသန့်နှစ်ဗူးနဲ့ ပေါင်မုန့် နှစ်လုံးပါလာကာ ကျော်ကို လှမ်းပေးတော့ ကျော် ယူသင့် မယူသင့်စဉ်းစာနေမိသည်။ ဝေဝါးနေတဲ့ ကျော့်ကို သူက
"မင်းကွာ ပြောလဲ ထပ်ရန်ဖြစ်ဖို့ဘဲ ရှိတော့တယ် ပြောလည် မကြိုက်ဘူး စားစရာရှိ စားလိုက်တာ မဟုတ်ဘူး ယောကျာ်းလေးဖြစ်ပြီ ပျော့စိစိနဲ့"
သူ ကျော့်ပေါင်ပေါ် တင်ထားတဲ့ ကျောပိုးအိတ်ပေါ် ပစ်ပေးတဲ့ လိုက်တဲ့ ရေသန်ဗူးနဲ့ ပေါင်မုန့်ထုပ်ကို ယူကာ သူ့ပြောစကားကို မကြားခြင် ယောင်ဆောင် နေလိုက်သည်။ ခုအချိန်မှာ ကျော် မန်းလေးကို အမြန်ရောက်ချင်နေတာပဲ သိသည်။ ကျော့် စိတ်ထဲ ဘာမှ မသိပါ။
ညကနက်သထက် နက်လာပြီး အရှေ့ဘက်က ဈေးဆိုင်လေးလဲ သိမ်းသွားပြီ ဖြစ်သည်။ တဲထောင့်က မီးပုံးလေးလည်း ဖယောင်းတိုင် ကုန်သွားပြီ။ ပတ်ဝန်းကျင်ကလည်း မှောင်ပိတ်ကာ ရှိနေလေသည်။
"ဦးလေး"
ကျော်ခေါ်တော့ သူ ကျော့်ဘက်လှည်လာပြီး ဘယ်သူ့ကို ခေါ်တာလည်း ဆိုသည့်သဘောနဲ့ ကျော်ကို ကြည့်လာသည်။
"ခင်ဗျားကိုခေါ်တာဗျ ကြောင်းတောင်တောင် လုပ်မနေနဲ့"
သူက ကျော်ပြောတာကို သဘောကျသလို ရယ်ကာ ကျော်ထိုင်နေသည့် အနား ကပ်လာပြီး
…………………………………………… ………………………………………………
သူ ကျော့်နဘေး ဝင်ထိုင်ပြီး ကျော့်ကို သေချာ ကြည့်လာသည်။ တချက်တချက် လက်သွားတဲ့ လျပ်စီးအရောင်အောက်မှာ သူ့မျက်နှာကို ကျော် အခုမှ ကောင်းကောင်း ကြည့်မိသည်။
မျက်ခုံးကောင်းကောင်း မေးရိုးကားကားနဲ့ ကြည့်ပျော်သော ရုပ်ရည် အသင့်အတင့် ရှိသော သူပါ။ မန်းလေးသာ ဆိုသည့်အတိုင်း အသာညိုညို ရှိပေမဲ့ စိုပြေတဲ့ အသားအရည်နဲ့တော့ သူက ကြည့်ကောင်း နေပါသည်။။
"အင်းပါ မင်းကဦးလေး ဆိုတော့လည်း ငါ့က ဦးလေး ပေါ့ ပြော ဘာပြောမလို့လဲ"
သူစကားတွေက မနက်ကလို့ မာထန် မနေတော့ဘဲ ပျော့ပြောင်း လာတာတွေ့ရသည်။ ကျော်ကို အားနာလို့လား ဘာကြောင့်လဲ ဆိုတာ မသိပေမဲ့ ချိုချိုသာသာ ကျော်ကို ဆက်ဆံနေတာတော့ သိသည်။
"ကျော်တို့ ဘယ်လိုပြန်မှာလဲ ဘယ်အချိန် ပြန်မှာလဲ သူငယ်ချင်းတွေ စိတ်ပူနေမှာ စိုးရိမ်နေပြီ"
ကျော်မေးတော့ သူက တချက် ပြောရခက်သည့် ပုံစံနဲ့ မျက်နှာကို တချက် ရှုံ့သွားပြီး
"ဘယ်လို့ပြန်ရမလဲ ဆိုတော့ မသိသေးဘူးကွ ခုနက ဆိုင်က အဒေါ်ကတော့ ပြောတယ် မန်းလေးဘက် ဆင်းတဲ့ ကုန်ကားတွေ ရှိတယ်တဲ့ ငါတို့ ကုန်ကားနဲ့ အဆင်ပြေရင် လိုက်သွားမယ်လေ။ မဟုတ်ရင်တော့ ညအိပ်ပေါ့ ဒီမှာဘဲ"
"ဗျာ"
ကျော်က တချက် အော်တော့ သူမျက်နှာကြီး ပြုံးဖြီးဖြီး ဖြစ်လာကာ
"ယောက်ကျားလေးပဲ ဘာကြောက်စရာရှိလို့ "
သူ စသလိုလို နောက်သလိုလို ပြောတာကို ကျော် မကြားခြင်ယောင်ဆောင်ကာ တခါမှ မရောက်ဖူး တဲ့ ဒီနေရာ ဘယ်သူမှလည်း အသိမရှိပါ။ ခုနေ တောကောင်တွေများ ငါ့ကို ဝင်ဆွဲသွားရင် ဆိုတဲ့ အတွေးနဲ့ ကျော် ထိုင်နေရာကနေ သူထိုင်နေတဲ့ အနား တဖြည်းဖြည်း တိုးကပ်သွားမိသည်။
သူကတော ဘာကိုမှ ဂရုမစိုက်တဲ့ ပုံနဲ့ ဆေးလိပ်တွေ တလိပ်ပြီး တစ်လိပ် ထပ်သောက်နေသည်။ သူက မီးငြိမ်းသွားပြီ ဖြစ်တဲ့ မီးပုံးလေးကို တချက် ဖြုတ်လိုက်ပြီး တဲအနားမှာ ပျံဝဲနေတဲ့ ပိုးစုန်းကြူးလေးတွေကို လိုက်ဖမ်းကာ မီးပုံးအတွင်း ထည့်ပြီး ခုနက နေရာလေးမှာ ပြန်ချိတ်ထားလိုက်ကာ
"သီတင်းကျွတ်နေပြီ သိလား"
သူက ဘာမလဲ မဆိုင်ဘဲ ပြောလာတော့ သီတင်း ကျွတ်ဖို့က နောက်နှစ်ရက်တောင်လိုသေးတာကို။ လူတွေကလည်း ဘာလို့ ဒီမီးပုံးကို ဒီမှာ ချိတ်ထား တာလဲ မသိ။ မတော် လေတွေတိုက်ပြီး မီးတွေ စွဲရင် ပြသနာ။
"မကျွတ်သေးပါဘူး အဝေးကြီး လိုသေးတယ်"
ရယ်စရာ မပါတဲ့ ကျော့်စကားကို သူ တချက် ရယ်လိုက်ပြီး
"မင်းတို့ ရန်ကုန်သားတွေ တအား စွာတယ်နော်"
တဆိတ်ရှိ ရန်ကုန်သားကိုပဲ သူ ရန်ရှာနေသည်။
"ကျော် ရန်ကုန်သား မဟုတ်ဘူးဗျ"
ကျော်က ပြန်ဖြေတော့ သူက
"အော့ အာဆို ဘာသားလဲ"
သူက ကျော်ကိုပြုံးပြလာကာ မေးလာသည်။
"မြစ်ကြီးနားက တောင်ပေါ်သာ ခင်ဗျားတို့လို့ နေပူပူမှာ နေတဲ့ အလယ်ပိုင်းသား မဟုတ်ဘူး"
"မင်းကွာ တအားစွာတယ် အသက် ဘယ်လောက် ရှိပြီးလဲ"
သူမေးလာတာကို ကျော်က မျက်မှောင်ကုတ် ကြည့်ပြီး
"ခင်ဗျားက သိပ်စပ်စုပါလားဗျ ခင်ဗျားတို မန်လေး သားတွေ ဒီလိုပဲလားဗျ စပ်စပ်စုစုနဲ့"
ကျော် သူကို ဘုကလန့်ပြောတော့
"အေးပါကွာ မင်းမပြောခြင်ရင်လဲ ရပါပြီ ငါ့နာမည်က ခန့်ထယ်စိုးပါ။ မင်းခေါ်ရင်တော့ ဦးခန့်ထယ်စိုး ပေါ့ အသက်က ၂၆။ မင်းက ဦးလေးဆိုလည်း ကျုပ်က ဦးလေးပေါ့ "
သူက ပြောလည်းပြော စီးကရက်တွေ ဆက် သောက်နေကာ ပြည်ဦးလွင်ဘက်က တက်လာတဲ့ ကုန်ကားတစ်စီးဆီ သူသွားမေးတော့ လူတွေ ကုန်တွေ ပြည့်နေကာ ကျော်တို့ လိုက်လို့ မရဘဲ ရှိနေသည်။
ဖုန်းကလည် အားကုန် ခုလောက်ဆို ဟိုကောင်တွေ စိတ်ပူနေလောက်ပြီ။ ခုမှ နောင်တတွေ ရနေတာ။ ၃၈လမ်းက ဘုရားဖူးကား ဆိုတာနဲ့ လိုက်ရင် ခုလောက်ဆို မန်လေး ပြန်ရောက်နေလောက်ပြီ။
လေတွေ တချက် တိုက်လာပြီး မီးပုံးလေးက လေအဝှေ့နဲ့ အတူ ယိမ်းထိုးကာနေသည်။ ညက နက်လာလေ တစစနဲ့ အေးလာပါသည်။ မိုး ရွာတော့မည် ထင်သည်။
ကျော် အေးလာတာကြောင့် လက်နှစ်ဖက်ကို ပိုက်ပြီး ထို်င်နေတော့ သူ စီးကရက်ကို တချက် ဖွာရင်း ကျော့်ကို ကြည့်လာသည်။ ပြီးတော့ သောက်လက်စ စီးကရက်ကို သူနှုတ်ခမ်းမှာ ကိုက်ထားကာ သူဝတ်ထားတဲ့ သားရေဂျာကင်ကို ချွတ်လိုက်ပြီး ကျော်ရှေ့လျောက်လာကာ
"ဝတ်ထား မင်း ချမ်းနေပြီ နေမကောင်းဖြစ်လိမ်မယ်"
သူက စီးကရက်ကိုလည်း ပါးစပ်မှာ ကိုက်ထားကာ ကျော်ကို ပြောနေတော့ ကျော် သူ့ မျက်နှာကို မော့ကြည့်မိသည်။ ကျော် မော့ကြည့်နေတာကို သူစိတ်မရှည်စွာ
"ဘာလဲ မင်းက ရွံ့လိုလား မဝတ်လဲ နေကွာ "
ဆိုပြီးသူအင်းကျီကို သစ်သားခုံတန်းပေါ် ပစ်ချပြီး သူကျော့်ကို ကျောပေးကာ ထိုင်ပြီး စီးကရက်ကို ရှိုက်ဖွာနေသည်။ လေက တဖြေးဖြေး တိုက်လာကာ မိုးရဲ့ ရနံ့လေးတွေပါ ပါလာသည်။ တစိမ့်စိမ့် အေး လာတာကြောင့် ကျော် ဟန်မဆောင်နိုင်တော့စွာ သူအင်းကျီဆီ အကြည့်ရောက်ပြီ ကောက်ကိုင်ကာ သူ့ကို တချက်ကြည့်မိသည်။

~ ဆက်ရန် ~
Chun Chun.

No comments:

Post a Comment

အချစ်တစ်ခု ပြယုဂ်တစ်ခု

“......................”  သားကြီးဆီမှ ကြားလိုက်ရသော နာမည်ကြောင့် ကျွန်မတစ်ကိုယ်လုံး တောင့်ခဲ သွားသည်။အဆုံးမရှိသောတွင်းနက်ကြီးထဲသို့ ပြုတ်ကျ...