Saturday, August 16, 2014

သုံးပင်လိင်တဲ့ ည (27)

နောက်နေ့တွေမှာ ကိုမင်းမင်းတစ်ယောက် ကျွန်တော့်ကို ပြန်ကပ်လာသည်။
ပေါ်တင်နီးပါးလောက်ကို သ၀န်တိုမှုတွေပြလာသည်။
ကျွန်တော် ကျေနပ်မိသလို တစ်ခါတစ်လေ စိတ်လည်းမကောင်းမိပါ။
သူအပြစ်နဲ့ သူမို့ သူသိပ်တော့လည်း ကျွန်တော့်အား ပေါ်တင်မပြောရဲပါ။
ခုချိန်မှာ သူက အဖော်မဲ့နေပြီလေ။ အားလုံးက သူ့အကျင့်ကိုသိသဖြင့် ၀ိုင်းရှောင်နေသလို။ သူနဲ့ အနီးစပ်ဆုံး ကပ္ပလီကလည်း ကျွန်တော့်နားကပ်နေသည်။
သူ့ကောင်မလေးကလည်း သူ့ကိုခွာပြီလေ။ လူဆိုတာ ကံဆိုးတော့လည်း အာလုံးက တပြိုင်တည်းလိုလိုပင်။
ကျေနပ်ပေမယ့် စိတ်တော့မကောင်း။
ကိုကျော်စိုးကို ကိုရော အဘိုးကိုပါ သူကြောက်သဖြင့် ကျွန်တော့်ကို ပေါ်တင်အတင်းအဓမ္မလာ မကပ်ရဲတာ လည်းပါမည်။ သူ့ကပစ်သွားတဲ့လူလေ ခုမှ လွတ်တဲ့ငါးက ကြီးချင်လို့ဘယ်ရပါ့မလဲ။
သူဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက်ရအောင် လမ်းဘေးက ဇရပ်လည်းမဟုတ်တော့ဘူးလေ။
သူတော်တော် စိတ်ဆင်းရဲ အထီးကျန်တာကို တွေ့နေရတော့လည်း ကိုချင်းစာ သနားမိတာတော့ အမှန်ပင်။
ဒါပေမယ့် ကိုယ့်စိတ်ကိုယ်ထိန်းကာ နေခဲ့မိတော့သည်။ခုဆို ကပ္ပလီလည်း မူးပြီးလာ ရစ်ကတည်းက အဘိုးနဲ့ ထိပ်တိုက်တွေ့သလို နေ့ခင်းဘက်ကို ကျော်စိုးကြီးက လည်း အိမ်ကို ခုတလော ခဏ ခဏ ရေလာချိုးလိုက် သူ့မိန်းမ မီးဖွားစရိတ်ရအောင် ငွေပိုရှာသည့်အနေဖြင့် အပြင်အလုပ်တွေ ထွက်လုပ်သည့်အနေဖြင့် ခြံထဲ နေ့စားလာလုပ်လိုက်နှင့်မို့ ကျွန်တော့်နား ကပ်နေသလိုဖြစ် နေသည်။
ဒါကြောင့် ဒင်းတို့နှစ်ယောက် ကျွန်တော့်အနား မကပ်နိုင်ဖြစ်နေသည်။
တစ်ခါတလေ ကိုယ့်ဘ၀ကိုယ်စိတ်နာမိသည်။ ဘာဖြစ်လို့ သည်လိုဘ၀မျိုးရောက်ပြီး သာယာမိတာလဲ။
ကိုမင်းမင်းကလည်း ကပ္ပလီ ကျွန်တော့်နားကပ်လို့မရတော့တာကို သိသွားသဖြင့် ကျွန်တော့်အား မထိ တထိ လာစ လာကပ်သည်။
အလုပ်ချိန်တွင်းက မသိသာပေမယ့် အလုပ်အားရပ်တွေဆို သူတို့ကို ပတ်လျှောက်နေသည်က အလုပ်တစ်လုပ်။
သည်လိုနဲ့ အထီးကျန်မှု၊ မာနတရား၊ သိက္ခာ ရှိစုမဲ့စုလေးကိုထိန်း။ လူမသိအောင်နေ။ ၀မ်းနည်းအားငယ်မှုများ ကို ထိန်းသိမ်းကာ တစ်ကိုယ်တည်း ညနေဘက်ဆို ခြံထဲမှာမနေဘဲ ခြံတံခါးဝ ကားလမ်းဘေး အုတ်ခုံနား ထိုင်နေကာ ကိုမင်းမင်းနဲ့ ကပ္ပလီတို့ကို တိမ်းလျှောင်ရင်း ညနေတိုင်း ချောင်းကမ်းနားက ရေလယ် ဘုရားဆီ ဒါမှ မဟုတ် ဟိုဘက် တောတန်းတောင် ကုန်းနားက ရွာတွေဆီကို တစ်ယောက်တည်းလေလွင့်မိသလို။
Waiter ထဲက နည်းနည်းပွင့်သလိုဖြစ်ကာ ပျော်ပျော်နေတတ်သော ကိုအောင်ကြီးနဲ့ အဖော်စပ်မိသလို လျှောက် လည်ဖြစ်သည်။ ညဘက် တရုတ်ကားတွေကို အိမ်မကြီးမှ ကြည့်ကာ တစ်နေ့တာ တစ်ညတာကို ကုန်ဆုံးမိသလို တစ်ခါတစ်လေ အစားအသောက်လုပ်စားကာ ခြံခေါင်းရင်း နှစ်ခြံကျော်က ပန်းစိုက်ရောင်းသော ကရင် အဖွား အမိုးဆီသို့ သွားလည် အစားအသောက်လုပ်စားခြင်းဖြင့် အသည်းကွဲ အထီးကျန် အားငယ်မှုကို ကုစားရတော့သည်။
ဒါပေမယ့်လည်း လိုနေတာကတော့ ညအိပ်တိုင်း ကိုယ့်ကိုယ် ကြင်နာမှု ယုယမှုတွေနဲ့ ချစ်နေမယ့် အဖော်တစ် ယောက်ကတော့ တစ်ခါတစ်လေလိုနေသလိုပဲ။ အသက်ကငယ်။ သွေးကဆူမို့လား။ စားဖူးတဲ့ ကလေးငတ် တာလား ၀ဠ်ကြွေးပဲ မကုန်နိုင်သေးလို့လား။
မရင့်ကြက်သေးတာပဲလားတော့မသိ။
တတ်နိုင်သလောက်တော့ ထိန်းနေရသည်။
ခက်ခဲပေမယ့် မတတ်နိုင်။ ကိုမင်းမင်းကို သနားပြီး ပြန်လက်မခံချင်သလို။ ကပ္ပလီနဲ့လည်း ထပ်မဖြစ်ချင်တော့ ပေ။
ကိုကျော်စိုးကတော့ အိမ်ထောင်သည်လေ ငရဲကြီးမှာကြောက်တယ်။
ကျွန်တော်အစက ဘယ်ယောက်ျားလေးနဲ့မှ လိင်ကိစ္စမပတ်သက်ခဲ့ပေမယ်။ ကိုမင်းမင်းတစ်ယောက်နဲ့ မထိန်းနိုင်ပတ်သက်ခဲ့မိတာ ခု ကပ္ပလီကပါ တမ်းလန်းစွဲလာလုပ်နေ သဖြင့် ခြံထဲက လူတွေ ရိပ်မိမှာလည်း ကြောက်ရသည်။
သူတို့နဲ့ ပတ်သက်ပြီးမှ အခြားတောင့်တောင့်ဖြောင့်ဖြောင့် ရုပ်ရည်ချောမောတဲ့ waiter အစ်ကိုချောချော တွေကရော၊ ကျွန်တော့်ထက် အသက်နည်းနည်းငယ်ကာ ခပ်ထွားထွား water လေးတွေကပါ တစ်ခါ တစ်လေ ကျွန်တော့်ကို ရိသဲ့သဲ့လုပ်တယ်လို့ထင်မိသည်။
အရင်လို မတော်တဆ စတာ ဖက်တာမဟုတ် အတင်းလာဖက် လာ စသလိုဖြစ်နေသည်။
ဟိုနှစ်ကောင်နဲ့ ပြတ်ခါနီး အရမ်းခင်မင် ရင်းနှီးမိသော ကိုအောင်ကြီးကို waiter တွေ ခုတလော ရိသဲ့သဲ့လုပ်တာ မေးကြည့်တော့-
“ ယောက်ျားတွေက သည်လိုပါပဲအေ။ နင်ကလည်း မိန်းကလေးချော ချောသလို လက်ချောင်းလေးတွေကအစ သွယ်သွယ်လှလှ အသားကလည်းဖြူဖြူဝင်းဝင်း ကိုယ်လုံးကိုယ်ပေါက် ကလည်း မိန်းကလေးလိုဖြစ်မနေပေမယ့် အချိုးအစားက မိန်းကလေးလည်းကြိုက် ယောက်ျားလေးလဲကြိုက် တယ်။ ငါကတော့ မင်းကို ညီလေးလိုပဲခင်တာနော်။ အားလည်းကျတယ် ဟိဟိ…။ ဘာမှ မပူနဲ့ တင်အောင်မြင့်ဆို တဲ့ ဖော်ရင်နာ လူဖြူနဲ့ တူတဲ့လ။ူ အရပ်မြင့်မြင့် အသားဖြူဖြူ။ နှာခေါင်းချွန်ချွန်ထူထူနဲ့ ဗလနည်းနည်းတောင့်တဲ့ လီးကြီးတဲ့ တစ်ယောက်နဲ့ ထက်မောင် ဆိုတဲ့ အသားညိုညို အရပ်သိပ်မြင့်ဘူး ဗလတောင့်တောင့်။ အတောင့်ဆင့်လေး နှစ် ယောက်ကပဲ နင့်ကို အရမ်းစိတ် ၀င်စားနေတာပါ။ ဒါကလည်း ဟိုအကောင် ကပ္ပလီ နဲ့ မင်းမင်းလက်ချက်ဖြစ် မယ်။ ငါကတော့ မပွင့်တပွင့်ပေါ့။ သူတို့က နှာအရမ်းသန်တော့ မိန်းကလေးတွေ မစရတော့ အားယားပြီး နင့်ကို စတာနေမှာပါ။ ငါ ကြည့်ရှင်းလိုက်မယ်။ နင် ကတော့ ယောက်ျားလေးလိုပဲနေတာ့မသိတော့ သူတို့အစက မစရဲဘူးလေ။
ခု ဟိုနှစ်ကောင်က ပါစပ်ဖွာပြီး လိုက်စတော့ သူတို့လည်း ရဲလာတာပေါ့။ ငါက နင့်ကို အစက မရိပ်မိဘူး။ မင်းမင်းနဲ့ နည်းနည်းရောနေတာကြာမှ သူတို့စကားအရ ရိပ်မိတာ။ ငါအဖော်ရတာပေါ့… ဘာမှမပူနဲ့ ငါတစ်ယောက်လည်းရှိတယ် တင်အောင်မြင့်ကော ထက်မောင်ပါ နှစ်ယောက်လုံး နှာသန်တော့ နင့်ကို စမ်းချင်တာနေမှာပေါ့။ ငါလည်း နည်းနည်းတော့ခြောက်တယ်လေ ဒါပေမယ့် ငါ့ကို ဆိုသူတို့ကလန့်တယ် ငါက သူတို့ကို မထင်ရင် မထင်သလို တက်ညှောက့်တယ်။ လီးတွေကို ဆောင့်ဆက်ဆွဲတာလေ။ နင်က ခပ်အေးအေး နေတော့ ဖက်လို့ရမလား စလို့ရမလား အကြောထရင်း လက်တည့်စမ်းတာပေါ့ နင့်ကို မရိပ်မိပါဘူး။ လာစမ်းတာနေမှာပေါ့။ ငါ့လို့ ပြန်ပြီးလုပ်ပစ်လိုက်။ ခေါင်းထဲ မထည့်နဲ့။”
“ အား…. မလုပ်ရဲပါဘူး…”
“ဒီလိုဆို …. ငါ့ကိုပြော… နင့်ကို ဘယ်သူမှ မထိစေရဘူး… စောက်ကောင်တွေက အကျောကိုတင်တယ်”
ကိုအောင်ကြီးက တစ်ခါတစ်လေ မိန်းမလိုမိန်းမရပြောတတ်သလို။ လက်ရဲ ဇက်ရဲရှိသည်။ သူက ပင်မ အိမ်ရဲ့ မိန်းမထိန်းလိုဖြစ်နေတော့ အားလုံးက သူ့ကိုတော့ ရှိန်သည်။
ကျွန်တော့်ကိုတော့ ညီလေးတစ်ယောက်လို ခင်သည်။ အဲဒါကလည်း ကျွန်တော်က သူ့ကို အခြားသူတွေလို လိုတစ်မျိုး မလိုတစ်မျိုးမလုပ်ဘဲ သူလိုအပ်တာ ကူညီတယ်။ ကျွန်တော် အထီးကျန်တဲ့အချိန် သူ့ကို အဖော်လုပ်ကာ သူ့စိတ်ကြိုက် မုန့်လုပ်စားတာ။ အိမ်လည်တာ တရုတ်ကား ကိုရီးယားကား အတူတူကြည့်ရာ ကနေ ခင်မင်ရင်းနှီးကာ ။ ဈေးအတူတူသွား။ သူကြိုက်တဲ့ အလှကုန်ပစ္စည်းတွေဝယ်ပေး။ သူပြောတဲ့ အလှကုန်ပစ္စည်း fore man တွေ အတူတူ သုံး။ ပိုက်ဆံချေးလိုက်၊ ပြန်ဆပ်လိုက်။ မုန့်ဝယ်စားလိုက်ဖြင့် သူငယ်ချင်း လိုဖြစ်ကာ ပွင့်ပွင့်လင်းလင်း ပြောဆိုဆက်ဆံမိကြသည်။
ဒါပေမယ့် သူက ကျွန်တော် ဖင်ခံတာကိုတော့ မသိခဲ့ပါ။
သူလည်း ဖင်ခံတဲ့လူတော့မဟုတ်။ ယောက်ျားလေးချင်း တော့ နည်းနည်းစိတ်ဝင်စားကာ အကုန်သိသလို မထင်ရင်မထင်သလို သူ့ကိုစတဲ့သူကို အပေါ်တက်ခွ ညှောက်တတ်သောကြောင့် Waiter ဆောင်က watier တွေ အကုန်ကြောက်ကြသည်။ သူ့ကိုယ်လုံးကကြီး သလို အရပ်ကတော့ 5 ပေ 7 လောက်ရှိသည်။
သူကတော့ ပွင့်ပွင့်လင်းလင်းပြောသည်။ ယောက်ျားချင်းစိတ်ဝင်စားပေမယ့် အားလုံးနဲ့တော့ မဖြစ် ကပ္ပလီတို့နဲ့ တစ်ရက်တည်း အလုပ်ဝင်တဲ့ အရပ်ပုပု ကရင်လေးကိုတော့ သူခင်သည် ချစ်သည်။ ဂွင်းထုတာ သင်ပေးသည်လို့တော့ ပြောဖူးသည်။ သည့်ထက် ပိုပြီး ဘာမှမလုပ်ဖြစ်ကြောင်း။ မိန်းမထိန်းလုပ်နေရသဖြင့် တစ်ခါတစ်လေ မိန်းမ ပုံ စံ မျိုးဖြစ်နေသည်။
ဒါပေမယ့် အားလုံးက သူ့ကို ခင်ကြ ကြောက်ကြသည်။ ပါစပ်ရော လက်ပါ။
ကျွန်တော်ကသာ သူ့လောက် မိန်းမပုံစံမပေါက်ပဲ ခံနေရတာ သူသာသိခဲ့ရင်…။
အခုတလော ကိုအောင်ငြိမ်းလည်း မြိုက သူဌေးက အလုပ်ခေါ်ခိုင်းတတ်သဖြင့် ခြံထဲကို ပြန်လာတာ နည်းနေ သည်။
ကျွန်တော် ပျင်းနေသဖြင့် တစ်ကိုယ်တော် လေလွင့်နေမိသည်။
စိတ်တွေကလည်း ဖောက်ပြန်ချင်တဲ့ ဘက်ကို ပြန်ရောက်လာမိသည်။
သီတင်းကျွတ်ခါနီး တစ်ရက်အလို မိုးလည်း ကုန်ခါနီးနေသဖြင့် သိပ်မရွာတော့ လဆန်းရက်ဖြစ်သဖြင့် လကလည်း သာသည်။
ကျွန်တော် ပျင်းသဖြင့် ကမ်းနားဘက် ရေလယ်ဘုရားကိုသွားရန် ဆုံးဖြတ်ကာ ခြံရှေ့ကားလမ်းမဘက်မှ ဘုရား ဘက်သွားသော ကားကိုစောင့်နေမိသည်။
ကျွန်တော့်အနောက်ဘက်က ရေမွှေးအနံ့နဲ့ လူတစ်ယောက်လျှောက်လာသည်ကိုတော့ အနံ့ရသလို သိနေမိ သည်။
“ညီလေး… ဘယ်သွားမလို့လဲ….တစ်ယောက်တည်းလား…”
ကျွန်တော်လှည့်ကြည့်မိတော့ အရပ်မြင့်မြင့် ကိုယ်လုံးကိုယ်ထည် ဗလတောင့်တောင့်တင်းတင်း စတိုင်ဘောင်း ဘီအနက်၊ အင်္ကျီကြက်သွေးရောင် အကွက်လက်ရှည်ကို သေသေသပ် သပ်ဝတ်ကာ ကျွန်တော့်နောက်မှ ကျွန်တော့်အား သေချာကြည့်ပြီး ကပ်လာသော လူတစ်ယောက်ကို လရောင်အောက်တွင် မော့ကြည့်မိသည်။
ဘယ်သူပါလိမ့်……
“ဟုတ်… ဟုတ်ကဲ့….. ရေလယ် ဘုရားဘက် ကမ်းနားကိုသွားမလို့….. အစ်ကိုက….”
သူက ကျွန်တော်မေးတာကို မဖြေဘဲ ကျွန်တော့် ပခုံးပေါ်လက်တင်ကာ ကျွန်တော့်အား ဆွဲဖက်လိုက်သည်။
“ဟာ…”
အနီးကပ် ကားမီးယောင်နဲ့ လရောင်အောက်မှာ သေချာကြည့်မိတော့ အိုး…. ကိုကျော်စိုးပါလား… ရုပ်ရှင်မင်းသားလိုလို… မော်ဒယ်လိုလို…. သေချာ ကျကျနန ၀တ်စားထားရုံမ က မွှေးကြိုင်လန်းဆန်းနေသည်။
ခါတိုင်းမြင်နေကျ ပုဆိုးတိုတို စုတ်တီးစုပ်ပြတ် ဂျစ်ကန်ကန် မိုက်ကန်းကန်းပုံမဟုတ်ဘဲ သပ်သပ်ရပ်ရပ် ခန့်ခန့်ထည်ထည်နဲ့ စတိုင်ကျနေသည်။
နေ့ခင်းဘက် သည်လိုပုံစံမျိုး အရပ်အမောင်း ကိုယ်လုံးကိုယ်ထည် အချိုးအစား ဆို နိုင်ငံခြားသားတစ်ယောက် လို့ထင်မိမည်။
ခုတော့ ကျွန်တော် စွဲလန်းသော ပါးချိုင့်လေးပေါ်အောင်ပြုံးပြတာကိုမြင်လိုက် သလို မေးစေ့နှစ်ခွ လေးနဲ့ နှုတ်ခမ်း မွေးရေးရေးထောင်ထောင်လေးများကို ပါမြင်လိုက်ရသဖြင့်…..
“ဟာ…. ကို….ကို…. ကျော်…စိုးကြီး…”
-----------------------------------------------------------------------------------------------
အပိုင်း(28) အားဆက်လက်ဖော်ပြပါမည်။
ချစ်ဦးကို

No comments:

Post a Comment

အချစ်တစ်ခု ပြယုဂ်တစ်ခု

“......................”  သားကြီးဆီမှ ကြားလိုက်ရသော နာမည်ကြောင့် ကျွန်မတစ်ကိုယ်လုံး တောင့်ခဲ သွားသည်။အဆုံးမရှိသောတွင်းနက်ကြီးထဲသို့ ပြုတ်ကျ...