Friday, August 15, 2014
ဂေးဖြိုနည်း ... အခန်း(၅)
အခန်း ၅
စိတ်ကူးတည့်ရာ ...
အဲ့သည့်နေ့က ကျွန်မ ဆေးရုံ ဆင်းပါတယ် ... ။ သုတက ကျွန်မကို ညင်ညင်သာသာလေး ပြောပါတယ် ... ။ ၀ါခြည် ဖြည်းဖြည်း လမ်းကို စလျှောက်ကြည့်နော်တဲ့ ... ။ ကျွန်မ ကြည်နူးလိုက်တာလေ ... ။ ကျွန်မ သုတ လက်မောင်းလေးကို မှီပြီး လမ်းကို စမ်းပြီး စလျှောက်ကြည့်ပါတယ် ... ။ ကျွန်မလေ ... ပျော်လိုက်တာ ... သုတဆီက သည်လို အကြင်နာမျိုး ရမယ်လို့ ကျွန်မ ဘယ်မျှော်လင့်ရဲပါ့မလဲနော် ... ။
 သုတကတော့ ကျွန်မကို ညင်ညင်သာသာပဲ ဆက်ဆံပါတယ် ... ။ အရင်ကလို ကျွန်မကို မလိုလားတဲ့ပုံမျိုးလည်း သူ မပြတော့ပါဘူး ... ။ သုတရယ် ... ငါတို့ ချစ်သူတွေ ဖြစ်ကြရင် ကောင်းမယ်နော် ... ။ ကျွန်မဘာသာ စိတ်ထဲက ပြောမိလိုက်တာပါ .... ။
 ကျွန်မ နေကောင်းသွားတဲ့ တစ်နေ့ သူ ကျွန်မကို အိမ်ကို လာခေါ်ပါတယ် ... ။ သုတ ... ဘာကိစ္စ ရှိလို့လဲ ... ။ ငါ သည်နေ့ ဒင်းတို့ နှစ်ယောက်ကို ပြဿနာ သွားရှာမလို့ ... နင်ပါ လိုက်ခဲ့ပေးပါလား ... ။ အေးပါ သုတရယ် ... ငါဘယ်တုန်းက နင့်ကို ငြင်းဖူးလို့လဲကွယ် ... ။
 ကန်တော်ကြီးထဲရောက်တော့ ဟိုစုံတွဲက တော်ရုံနဲ့ မရောက်လာသေး ... ။ ၀ါခြည် ... ထိုင်စောင့်ရအောင်ဟာ ... ။ ဘယ်လို ထိုင်မလဲ သုတရဲ့ ... ခုံတွေက အပြည့်ပဲကို ... ။ သြော် ... ငါ ကြံပါ့မယ် ၀ါခြည်ရယ် ... နင် ဟိုဘက်မှာသာ သွားရပ်နေလိုက် ... ငါ သည်ဘက်ကနေ ရပ်မယ် ... ။
 သုတ ပြတာက စုံတွဲခုံ တစ်ခုံရဲ့ ဟိုဘက်နဲ့ သည်ဘက် အစွန်းပါ ... ။ ကျွန်မလည်း ၀င်ရပ်လိုက်တာပေါ့နော် ... ။
 သုတက ကျွန်မကို စကားစပြောပါတယ် ... ။ ဟဲ့ ၀ါခြည် ... ငါတို့ သည်နေ့ ရုပ်ရှင် သွားကြည့်ကြရအောင် ... နင် ဘာကား ကြည့်မလဲ ... အင်္ဂလိပ်ကား ကြည့်မယ်နော် ... ။ ဟာ ... မကြည့်ပါဘူး ... ကုလားကား သွားကြည့်မယ်လေ ... ။ ဟာ ... ငါ ကုလားကား မကြိုက်ဘူး ... လုပ်ပါ အင်္ဂလိပ်ကားပဲ သွားကြည့်မယ်ဟာ ... ။ နင်နော် ... ငါ့ကို အလို မလိုက်ရင် ငါ စိတ်ကောက်လိုက်မှာနော် ... ။ မကောက်ပါနဲ့ဟာ ... ငါ ချော့မယ်လေ ... ။ သွား ... မရဘူး ... ကုလားကား သွားကြည့်မယ်နော် သုတ ... ။
 စကားပြောတယ်သာ ပြောတာပါ ... အမှန်တော့ ကျွန်မတို့ နှစ်ယောက်လုံး အော်ပြီး ပြောကြတာပါ ... ။ ကြားထဲက စုံတွဲခမျာ နားတွေ ညည်းနေကြပုံပါပဲ ... ။ ကျွန်မတို့ ငြင်းကြတာ ကြာလာတော့ ကြားထဲက စုံတွဲလည်း ထထွက်သွားပါတယ် ... ။ သူတို့လည်း ကုလားကား သွားကြည့်ကြမယ့် ပုံပဲ ... ။
 အဲ့သည့်တော့မှ သုတနဲ့ ကျွန်မနဲ့လည်း ထိုင်ခုံရကြပါတော့တယ် ... ။
သုတ .... နင်ကလေ ... ကလိမ်ကကျစ် ... ။ အံမယ် ... နင်ရော မပါလို့လား ... ကြံရာပါကြီး ... ။ သေပေါ့ ... ။
 သုတ မျက်ရည်ဝဲလာတော့ ကျွန်မလည်း မကြည့်ရက်ပါဘူး ... ။ သုတ နင်က ယောက်ျားပဲဟာ ... အဲ့လို မနေစမ်းပါနဲ့ ... နင်သူ့ကို ရင်ဆိုင်ရဲတယ် မဟုတ်လား ... ။ ဒါပေါ့ ဘာလို့ ရင်မဆိုင်ရဲရမှာလဲ ... ။ အေး ... သူ့ကို ထိပ်တိုက် ရင်ဆိုင်တာပေါ့ ... ။
ကျွန်တော် စိတ်ကို တင်းထားလိုက်ပါတယ် ... ။ ဟုတ်တယ်လေ ... ငါက သူ့ကို ဘာလို့ ရင်မဆိုင်ရဲရမှာလဲ ... အခုလာတာလည်း သူ့ကို ပြဿနာ ရှာဖို့ ... ။ ကိုကိုနဲ့ သူ့ နယူးလေးရဲ့ အရှေ့မှာ ၀င်ရပ်ပလိုက်ပါတယ် ... ။ ဒီမယ် ... ကိုကို ... ကျွန်တော့်ကို သည်နေ့ ချိန်းထားပြီး ဘာလို့ မလာတာလဲ ... ။ တကယ်တော့ ကိုကို မချိန်းပါဘူး ... ကိုယ့်ဘာသာ စကားရှာလိုက်တာပါ ... ။ ဟင် ... ငါ မင်းကို ဘယ်တုန်းက ချိန်းလို့လဲ ... ။ ချိန်းတုန်းက ချိန်းပြီး အခုတော့ မေ့ပြီပေါ့လေ ... ။ ကိုကို ချွေးပြန်တော့မယ် ဆိုတာ သိပါတယ် ... ။ သူ့မျက်နှာကြီး နီရဲနေတယ်လေ ... ။ ဟေ့ကောင် ... မင်းပြောတော့ သူနဲ့ ပြတ်သွားပြီဆို ... ။ ဘေးနားက ဘီလူးငမဲမက ၀င်ပြောတာပါ ... အမလေး ... ဒင်းက ပြောရအောင် ဘာမို့လဲ ... စိတ်တွေ တိုလိုက်တာနော် ... ။
 ဘယ်တုန်းက ပြတ်လို့လဲ ... ခင်ဗျား မှားနေပြီထင်တယ် ... သူများ ရည်းစားကို ကြောင်တောင် မနှိုက်ချင်ပါနဲ့ အမဲမရယ် ... ။ ဘာ ... နင် မရိုင်းလာနဲ့နော် ... ။ ရိုင်းတော့ ဘာလုပ်ချင်လို့လဲ ... ။ သုတ ... ပြဿနာ မရှာစမ်းနဲ့ကွာ ... မင်းနဲ့ ငါနဲ့က ပတ်သတ်တော့တာ မဟုတ်ဘူးလေ ... ။ သည်တစ်ခါ ပြောလိုက်တာက ကိုကို့အသံပါ ... ။ ကျွန်တော် ဘာမှ ဆက်မပြောနိုင်တော့ပါဘူး ... အသံတွေတောင် တိမ်ဝင်သွားပါတယ် ... ။ ပြောရက်လိုက်တာ ကိုကိုရယ် ... ။
 ကိုကို သူ့ဘေးက ငမဲမရဲ့ လက်ကို ဆွဲပြီး ထွက်သွားတော့ ကျွန်တော့် နှလုံးသား တစ်ခုလုံး ကျိုးကြေကျသွားပါတော့တယ် ... ။ မျက်ရည် အပြည့် နှပ်အပြည့်နဲ့ပေါ့ ... ။ ကိုကို့နောက်ကို လိုက်ဖို့ အားတင်းပြီး လိုက်လိုက်တာ မျက်ရည်တွေကြောင့် ရှေ့ကို သေချာ မမြင်ဘဲ သစ်ငုပ်နဲ့ တိုက်မိပြီး လဲကျသွားပါတယ် ... ။ ကျွန်တော့်ကို မြင်တော့ ၀ါခြည် ဒေါသ အရမ်း ထွက်သွားပုံရပါတယ် .... ။
 သည်မယ် ကိုကို ... ။ ၀ါခြည် ခေါ်လိုက်တဲ့ အသံပါ ... ။ သူ အရမ်း ဒေါသ ထွက်နေပုံပါပဲ ... ။ ရှင် သူနဲ့ တစ်ချိန်တုန်းက ပတ်သတ်ခဲ့ဖူးတယ် ဆိုတာ ဟုတ်ပါတယ် ... အခု မပတ်သတ်တော့ဘူး ဆိုတာလည်း ဟုတ်ပါတယ် ... ဒါပေမယ့် သူ ဘာအပြစ်မှ မရှိဘဲ ရှင် သက်သက်ကြီး ချိုးသွားခဲ့တာလေ ... အဲ့သည့် အတွက် ရှင့်ကိုယ်ရှင် အပြစ် ရှိတယ်လို့ ရှင့်ကိုယ်ရှင် မခံစားရဘူးလား ... ။ နိုးပါ ... ပြတ်ပြီး အဲ့လို ငါ မခံစားတတ်ဘူး ... ။ ရှင် ... ရှင် ... ။
 ပြီးတော့ ၀ါခြည့်အိမ်မှာ ငိုတာ ငိုတာ ဆိုတာလေ ... လူလည်း ညစ်ပတ်နေရောပဲ ... ။ ၀ါခြည်ရယ် ... ငါ ယောက်ျားတွေကို စိတ်ကုန်သွားပြီဟယ် ... ။ အို ... သုတရယ် ... ငါနင့်ကို သနားလိုက်တာနော် ... ။
 ပြောတာမှ မဆုံးသေးပါဘူး ... ။ ၀ါခြည်တို့ အိမ်ထဲကို ကျောင်းစိမ်းလေးနဲ့ သူငယ် အဆင်လေး ၀င်လာပါတယ် ... ။ ပုဆိုးလေး ၀တ်ထားတာ ချပ်ရပ်လို့ ... ကြည့်ရတာ ဆယ်တန်း ကျောင်းသားလေး ထင်ပါတယ် ... ။ အဲ့တာ ၀ါခြည့် မောင်လေးလေ ... အခု ဆယ်တန်း ... ။
 ကျွန်တော့်မှာ ၀ါခြည့်မောင်လေးကို ကြည့်ရင်း လက်သည်းတောင် စုပ်မိပါတယ် ... ။ ဆင်လိုက်တာလေ ... ။ ခုနက ယေက်ျားတွေကို စိတ်ကုန်ပြီ ပြောတဲ့ ပါးစပ်ကိုတောင် ပိတ်ရိုက်ချင်သွားပါတယ် ... ။ လက်သည်းသာ စုပ်နေတာ ... တကယ် စုပ်ချင်တာက အဲ့ဒါ ဘယ်ဟုတ်ပါ့မလဲနော် ... အယ် ... ငါလည်း မှားကုန်ပြီ ... ခုနက အသည်းကွဲတာတွေတောင် ဘယ်ပျောက်သွားလဲ မဟုတ်ဘူး ... ။
 ကျွန်မ မျက်ခုံး စလှုပ်နေပါပြီ ... ။ ကျွန်မတော့ မြွေပါလည်းဆုံး သားလည်းဆုံး ဖြစ်တော့မယ်နဲ့တူပါ့ ... ။ ဒါပေမယ့် ကျွန်မလည်း ဟန်လုပ်ပြီး မိတ်ဆက်ပေးလိုက်တာပေါ့နော် ... ။ သူ့နာမည်က ဇင်မင်းလေ ... ။
 သြော် ... ဟုတ်လား ... မင်း စာတွေရော လိုက်နိုင်ရဲ့လားကွ ... ။ ဗျာ ... ဟုတ် ... ဟုတ်ကဲ့ ... ။ မလိုက်နိုင်ရင်ပြောနော် ... အစ်ကို စာလာသင်ပေးမယ် ... ။ ဟယ် ... သုတရယ် ... ရပါတယ် ... ငါသင်ပေးနေကျပဲကို ... ။ ဟာ ... ရပါတယ် ... နင့်မောင်လေးဆိုတော့ ငါ့ မောင်လေးပဲပေါ့ဟာ ... ငါ ပိတ်ရက်တွေ စာလာသင်ပေးပါ့မယ်ဟာ ... ။ ရပါတယ်ဆို သုတရယ် ... ။ ရပါတယ် ၀ါချည်ရယ် ... ။
 နောက်ဆုံး သုတကို ကျွန်မ အလျှော့ပေးလိုက်ရပါတယ် ... ။ သုတ ပြောသလိုပဲ စာသင်ဖို့ကို ကျွန်မ ခေါင်းငြိမ့်လိုက်ရပါတော့တယ်လေ ... ။
ဆက်ပါဦးမည် ... မင်းခန့်နိုင်
1 comment:
  1. အခန်းဆက်​​တွေ မရှိ​တော့ဘူးလားဗျ
    ReplyDelete
အချစ်တစ်ခု ပြယုဂ်တစ်ခု
“......................”  သားကြီးဆီမှ ကြားလိုက်ရသော နာမည်ကြောင့် ကျွန်မတစ်ကိုယ်လုံး တောင့်ခဲ သွားသည်။အဆုံးမရှိသောတွင်းနက်ကြီးထဲသို့ ပြုတ်ကျ...