Thursday, August 7, 2014

ပန်းမဟုတ်သော ပန်းတစ်ပွင့်အကြောင်း (၇)

အခန်း (၁၃)
အခြေအနေတွေက ရုတ်တရက်ပြောင်းလဲသွားတော့ ညီညီငယ် နှင့်နန္ဒ အနေဝေးသွားသလို ဖြစ်သွားတော့သည်။ ကျောင်းကို ပြန်ရောက်တော့ နှင်းဆီတို့ မိန်းခလေးတွေကတော့ စိုးရိမ်စွာ စောင့်နေကြသည်။
ညီညီငယ် ကားပေါ်မှဆင်းဆင်းခြင်း နှင်းဆီ သည် ညီညီငယ်ဆီပြေးလာသည်။
“ညီငယ် ဘာဖြစ်သွားသေးလဲ”
“အော်နှင်းဆီ အင်းဘာမှမဖြစ်ခဲ့ပါဘူး အားလုံးအေးဆေးပါပဲ”
“အင်းဟယ် ငါကတော့ တညလုံး စိုးရီမ်ပြီး အိပ်တောင်မအိပ်နိုင်ဘူး ငါ့ကြောင့်လို့ တွေးပြီးစိတ်တောင်မကောင်းဘူး”
“အော် ဘာမှမဖြစ်ပါဘူး နှင်းဆီရယ် အားလုံးကောင်းပါတယ်၊ နင့်ကြောင့်လဲ မဟုတ်ပါဘူး”
ထိုအချိန်နန္ဒကားပေါ်မှဆင်းလာသည်ကို တွေ့လိုက်တော့ နှင်းဆီ နန္ဒကို ပြုံးပြလိုက်ပါသည်။
“နန္ဒ ကျေးဇူးတင်တယ်သိလာ”
“ဟင်..”
“ညီညီငယ်ကို စောင့်ရှောက်ပေးလို့ပါ၊ နင်သာမလိုက်သွားရင်လေ ညီညီငယ်တစ်ယောက်တည်းဖြစ်နေမှာ”
“အော်ရပါတယ် ငါ့ကြောင့်သာ ညီညီငယ် နှောင့်နှေးပြီးခုလိုဖြစ်သွားတာပါ၊ ငါသွားတော့မယ်နော်”
နန္ဒမျက်နာ တွင်ဖြစ်ပေါ်နေသော စိတ်မကောင်းမှု့တွေကို တွေ့ရတော့ နှင်းဆီပင် စိတ်ထဲတစ်မျိုးဖြစ်သွားသည်။
“နန္ဒဘာဖြစ်သွားတာလဲ မသိဘူးနော် မျက်နာလည်းမကောင်းဘူး”
“မသိဘူးလေ သူ့သွားမေးပေါ့”
ညီညီငယ်၏ အလိုမကျသော ဖြေသံကြောင့် နှင်းဆီ ညီညီငယ်ကို နာမလည်စွာကြည့်လိုက်သည်။
“နင်က နန္ဒကို ကျေးဇူးမတင်ဘူးလာ”
“ဘာဖြစ်လို့ တင်ရမှာတုံး အလာကားနေနင်က ကျေးဇူးတွေ တင်နေတာ နင်သာ အဲဒီကျေးဇူးတွေနဲ့ပိနေမယ်”
ညီညီငယ် နှင်းဆီကို စိတ်ဆိုး၍ပြောနေခြင်းမဟုတ်ပါ။ နန္ဒအကြောင်းပါလာသဖြင့် မကျေနပ်ပဲပြောခြင်းဖြစ်ပါသည်။
ညီညီငယ်နှင့် နှင်းဆီမကျဉ်းပင်အောက်သို့ရောက်တော့မှ တွယ်တာလည်းရောက်လာသည်။
“ဟယ် ညီငယ်ရယ်ငါတို့တွေ နင့်ကိုစိုးရီမ်လိုက်ရတာ ဘာမှမဖြစ်လို့တော်သေးတယ်၊ နှင်းဆီဆို တညလုံးငိုနေတာ သူ့ကြောင့်ဆိုပြီးတော့”
တွယ်တာစကားကြောင့် နှင်းဆီကို ညီညီငယ်ကြည့်လိုက်သည်။
“အေးဟာ ငါ့ကိုနင်တို့ပဲဂရုစိုက်ကြတာ တချို့တွေကတော့ ငါမပြန်မလာရင်ကောင်းမယ် လို့တောင် တွေးချင်တွေးနေမှာ”
“အို အဲလိုလည်းမဟုတ်ကြပါဘူး၊ ကျောင်းက သူငယ်ချင်းဆိုတော့ အားလုံးလဲ စိုးရီမ်နေကြတာပါ”
“နှင်းဆီရယ် ငါ့ကို မနှစ်သိမ့်ပါနဲ့ ငါလည်းမြင်တတ်ပါတယ်”
ညီညီငယ်၏ အားငယ်သံကြောင့်နှင်းဆီဘာမှထက်မပြောတော့ပါ။ ပြောလျှင်ပိုဆိုးလာမည် စိုးသောကြောင့်ဖြစ်ပါသည်။
ညီညီငယ် နှင်းဆီတို့နှင့်စကားပြော့ပီး နေ့လည် စာကြည့်တိုက်တွင်ဆုံရန်တိုင်ပင်ကာ အဆောင်သို့ပြန်လာခဲ့တော့သည်။ အခန်းတံခါးကို အသာဖွင့်ပြီးချောင်းကြည့်လိုက်သေးသည်။ သူမျှော်လင့်ထားတာက နန္ဒခရီးပန်းလို့အိပ်နေလောက်ပြီးဟုထင်ထားသည်။ ညကလဲ တစ်ညလုံး သူတို့နှစ်ယောက် မအိပ်ခဲ့ကြဘူးဆိုသည်ကို တစ်ယောက်နှင့်တစ်ယောက် သိရှိထားသည်မဟုတ်လား။
နန္ဒက ညီညီငယ် ထင်သလို အိပ်မနေပဲ တစ်စုံတရာကို အသဲသန်ရှာနေသည်။ ညီညီငယ်စာအုပ်စင်တွေရော ကုတင်ပေါ်တွေရော ရှာနေသည်။ ညီညီငယ်လည်း သိချင်လာသဖြင့် မ၀င်သေးပဲတံခါးအသာဟကာ ကြည့်နေမိသည်။
ကုတင်အောက်သို့ကုန်းရှာနေပြန်သည့် နန္ဒကတော့ ၀မ်းသာ သွားကာ စာရွက်လေးတစ်ရွက် လက်ထဲပါလာသည်။
“စာကဒီမှာကို ဘယ်လိုဖြစ်ပြီး ကုတင်အောက်ကျနေလဲ မသိဘူး၊ အော်..ငါပြတင်းတံခါးဖွင့်ထားတာကြောင့် လေနဲ့ပါသွားပြီး ကုတင်အောက်ရောက်သွားတာကို၊ ဒါကြောင့် ညီငယ်မမြင်တာပဲ”
နန္ဒအသံထွက်ပြောဆိုနေသောကြောင့် ညီညီငယ်လည်းကြားပါသည်။ နန္ဒတစ်ချက်ပြုံးလိုက်ကာ
“အကယ်၍ဒီစာသာ အဲဒီတုံးက ညီငယ်တွေ့ခဲ့ရင် သိပ်ကောင်းမှာပဲ၊ ငါနဲ့ညီငယ်လည်း ဒီလိုမျိုးပြဿနာဖြစ်လာမှာလဲ မဟုတ်ဘူး၊ ပြီးတော့ ညီငယ်လဲ ငါ့ကိုလာကြိုမှာ”
“ဘာကြောင့်ညီညီငယ်က မင်းကိုလာကြိုရမှာတုံး”
“အောင်မလေး”
“အောင်မလေး”
ညီညီငယ်ရော နန္ဒပါလန့်သွားခြင်းဖြစ်သည်။ အောင်အောင်ရောက်လာခြင်းဖြစ်ပါသည်။ အောင်အောင်က ဆောင်တွေ ခေါင်းအုံးတွေယူလာကာ ညီညီငယ်တို့အခန်းဘက်ကို ကူးလာခြင်းဖြစ်ပြီး၊ ညီညီငယ်က အောင်အောင်ကို မမြင်ပဲ ရှေ့သို့ အားရုံစူးစိုက်စွာကြည့်နေခြင်းကြောင့် အောင်အောင်လည်း ညီညီငယ်နောက်မှရပ်ကာ ခြေဖျားထောက်ပြီး ကြည့်လိုက်တော့ နန္ဒကတစ်ယောက်တည်းစကားပြောနေသည် ကိုတွေ့လိုက်ရသဖြင့် ၀င်ပြောလိုက်ခြင်းဖြစ်ပါသည်။
နန္ဒကတော့ တစ်ယောက်တည်းရှိသည့်အထင်ဖြစ် ပြောချင်ရာပြောလုပ်ချင်ရာလုပ်နေသည်။ ညီညီငယ် လည်းစိတ်ဝင်စားကာ ကြည့်နေမိသဖြင့် ဘယ်အချိန်က အခန်းပေါက်သို့ ရောက်လာကာ ညီညီငယ် နောက်မှာရပ်နေသည့် အောင်အောင်ကြောင့် မသိသော ညီညီငယ်ပင် အသံကြားမှလန့်ဖျတ်သွားတော့သည်။
ဘာကြောင့်မှန်းမသိ နန္ဒရှက်ကာသွားသည်။အောင်အောင် နန္ဒကို မကျေနပ်သလိုကြည့်လိုက်သည်။
“ဘာအရူးထနေတာလဲ တစ်ယောက်တည်းပြောနေတာ အံမယ်လက်ထဲမှာလည်း စာတစ်စောင်နဲ့ ဘယ်သူစာလဲ”
အောင်အောင်ပြောပြောဆိုဆို ဖြင့်ဝင်လုတော့ နန္ဒရှောင်လိုက်ကာ ဘောင်ဘီးထဲထိုးထည့်လိုက်တော့သည်။
“မင်းနဲ့ဘာမှမဆိုင်ဘူး”
“မင်းနော် မင်း…ငါဒါပဲပြောမယ်၊ နေပါအုံး ညီညီငယ်ကရော အခန်းထဲမ၀င်ပဲ ဘာလို့ အပေါက်မှာရပ်ပြီး ဒီကောင်ကို ချောင်းကြည့်နေတာလဲ”
“အာ…ဘာဖြစ်လို့ချောင်းကြည့်ရမှာလဲ ငါလည်းခုမှရောက်တာကို”
“ဟုတ်လို့လာ ငါရောက်နေတာကြာပြီးနော်”
ညီညီငယ် ဘာမှမပြောတော့ပဲ အထုတ်တွေကို ပစ်ချလိုက်ပြီး ကုတင်ပေါ်လှဲလိုက်သည်။ အောင်အောင်က ညီညီငယ်ကို တစ်ချက်ကြည့်ကာ ကုတင်ပေါ်ညီညီငယ် နှင့်အတူလိုက်လှဲသည်။ နန္ဒမကျေနပ်တော့။
“ဟေ့ကောင် အောင်အောင်”
“ဘာတုံး”
“မင်းဒါဘာလုပ်တာလဲ”
“မမြင်ဘူးလာ ငါလဲ အိပ်မလို့ပေါ့”
“မင်းနေရာမင်းအိပ်နော် အဲလိုဆိုရင်တော့ မင်းအခန်းမင်းပြန်တော့”
နန္ဒ၏ ရှူးရှူးရှားရှားဖြစ်သွားပုံကိုကြည့်ကာ ညီညီငယ်စိတ်ထဲမှ ကြိတ်ရယ်လိုက်မိသည်။
“ဟာကွာ မင်းအနိုင်မကျင့်နဲ့”
နန္ဒ အကြောများပင်ထောင်ကာ အံကြိတ်ကာ ကြည့်နေသည်။ ညီညီငယ်လဲ မနေသာတော့။
“အောင်အောင် မင်းဆင်းကွာ မင်းနေရာမင်းအိပ် အဲလိုဆိုရင်တော့ ငါအခန်းပြောင်းအိပ်ရလိမ့်မယ်”
“အာ…ပြောင်းတော့မပြောင်းနဲ့ ငါဆင်းအိပ်မယ်”
အောင်အောင် မကျေနပ်ပဲ အောက်ကို ဆင်းအိပ်သည်။
“ဟေ့ကောင်နန္ဒ”
“ဘာလဲ”
“မင်းကိုလိုက်လျောပြီး အိပ်တာမဟုတ်ဘူး ညီညီငယ်ကြောင့် အဲဒါမှတ်ထား”
“အဲ..”
ညီညီငယ်မျက်လုံးပြူးသွားသည်။ နန္ဒကတော့ ပျော်သွားသည်။
“ဘယ်သူ့ကြောင့်ဖြစ်ဖြစ်၊ မင်းဆင်းအိပ်ရင်ပြီးရော”
“နေပါအုံးမင်းက ဘာဖြစ်နေတာလဲ၊ တစ်ခုခုပဲ ငါ့ကို လိုက်တိုက်ခိုက်နေသလိုပဲ”
“အာ ဘာဆိုင်လဲ မသင့်တော်လို့ ပြောတာကို”
“ဘာမသင့်တော်ရမှာလဲ ယောက်ျားအခြင်းခြင်းပဲ၊ ဘာလဲ မင်းညီညီငယ်နဲ့ မအိပ်ရလို့လာ”
“အာ..”
နန္ဒ ရှက်ကိုးရှက်ကန်း ဖြစ်သွားတော့သည်။ ထိုနောက်စကားပင်မပြောတော့ပဲ အခန်းထဲမှ သုတ်ချေတင်လာခဲ့တော့သည်။ တံခါးပေါက်ရောက်တော့ အောင်အောင် ကပြောလိုက်သည်။
“အဲဒါကဘယ်တုံး”
“ရေသွားချိုးမလို့”
“ဘာလဲ တုံးလုံးချိုးမလို့လာ၊ ဘာမှလဲမယူသွားပဲနဲ့”
အောင်အောင် ပြောမှ သတိရကာ ရေလဲ ပုဆိုးကိုပြေးယူပြီး ပြေးထွက်လာခဲ့တော့သည်။ ညီညီငယ် ကြိတ်ရယ်မိသည်။ နန္ဒရှက်သွားသည့် ပုံက စချင်စရာဖြစ်နေသည်မဟုတ်လား။ ညီညီငယ်သည်နန္ဒကို ကြည့်ရင်မှ အစောပိုင်းက စိတ်ညစ်တာတွေပင် ဘယ်ရောက်သွားသည်မသိတော့၊ ပျော်ရွှင်သွားသည်ကတော့ အမှန်ပင်ဖြစ်ပါသည်။
“ညီညီငယ်”
“အင်းပြော”
“ညနေကျရင်ဘယ်သွားမှာလဲ”
“ဘယ်မှသွားဘူး နှင်းဆီတို့နဲ့ ချိန်းထားတယ်၊ စာကြည့်တိုက်မှာ”
“တွယ်တာရောလာ”
“အင်းဟုတ်တယ်”
အောင်အောင်ကတော့ သဘောရိုးနှင့်မေးလိုက်သည်။ သို့သော် ညီညီငယ်ကတော့ တမျိုးထင်မြင်သွားသည်။
“ငါလဲလိုက်မယ်”
“အင်းလိုက်လေ၊ ခုအိပ်တော့မယ်ကွာ ငါအိပ်ချင်ပြီး”
ညီညီငယ်ပြောပြောဆိုနှင့်တဘက်သို့လှည့်သွားကာ အိပ်လိုက်တော့သည်။ နန္ဒရေချိုးပြန်လာတော့ ညီညီငယ်ရော အောင်အောင်ပါ အိပ်နေပါသည်။ နန္ဒလည်း ညီညီငယ်မျက်နာလေးကို ခိုးကြည့်ပြီးမှ အိပ်ယာဝင်လိုက်တော့သည်။
နန္ဒအိပ်ယာကနိုးလာတော့ အခန်းထဲမည်သူမှမရှိကြတော့ချေ။ စိတ်နည်းနည်းညစ်လာသဖြင့် အခန်းထဲမှထွက်လိုက်တော့သည်။ အဆောင်တစ်ခုလုံးလည်း တိတ်ဆိတ်နေသည်။ အဆောင်မှ သူငယ်ချင်းများ ဘောကန်သွားကြပြီးဖြစ်မည်။ ထိုကြောင့်လဲ တိတ်ဆိတ်နေခြင်း ဖြစ်ပါသည်။
နန္ဒလမ်းလျှောက်နေရင်က အဆောင်၏နောက်ဘက်သို့ရောက်လာကာ ဆရာမျိုးမင်း အုတ်ခုံတွင် ထိုင်နေသည်ကို တွေ့လိုက်ရတော့ ဆရာအနားသို့ ထွက်လာခဲ့လိုက်သည်။
ဆရာမျိုးမင်းသည်လဲ အနောက်ဘက်မှ ခြေသံကြားလိုက်သော ကြောင့်လှည့်ကြည့်လိုက်သည်။
“နန္ဒပါလာကွ ဘောလုံးကန်မသွားဘူးလာ”
“မသွားဖြစ်ဘူးဆရာ၊ ဆရာကရောဘာတွေလုပ်နေတာလဲ၊ အရင်ကဆရာကို ဒီမှာထိုင်တာ မမြင်မိပါဘူး”
“အော် ဘာရယ်မဟုတ်ပါဘူးကွာ ဟိုကောင်ကင်းက ပုဇွန်စီရောင် ဖြစ်နေတဲ့တိမ်ညွတ်တွေကို ကြည့်နေတာ၊ ဘာမှတော့မဟုတ်ဘူးပေါ့”
“ဘာလဲ ဆရာ့ရည်းစားကို လွမ်းလို့မဟုတ်လာ”
“ဟားဟား အထင်ကြီးလှကြီလာကွ၊ ဆရာမှရည်းစားဆိုလို့ မူးလို့ရူးစရာတောင်မရှိပါဘူးကွာ၊ ဒါနဲ့မင်းမျက်နာလဲ မကောင်းပါလာ ဘာဖြစ်လို့လဲ”
နန္ဒတစ်ချက်သာ ရယ်ပြလိုက်ပြီး ဆရာ့ဘေးနားတွင် ၀င်ထိုင်လိုက်သည်။
“ဘာမှမဖြစ်ပါဘူး ဆရာ”
“ဟားဟား နန္ဒ နန္ဒ တစ်ခြားလူတွေကို သွားလိမ်လို့တော့ ရမယ် ငါ့ကိုတော့မရဘူး အမှန်တိုင်း ပြောစမ်း”
“ဘာမှမဟုတ်ပါဘုး”
နန္ဒလည်း ဆရာ့ဘေးက ၀င်ထိုင်ရင် ဆရာကြည့်နေသည့် ပုဇွန်စီရောင် ကောင်းကင်းကြီးကိုကြည့်လိုက်တော့ လွမ်းသလိုလိုတောင်ခံစားရသည်။
“မင်းအသဲကွဲလာတာလာ ရည်းစားပူမိနေတာလာ”
“အဟက်”
နန္ဒရှက်ရယ် ရယ်လိုက်မိသည်။
“နန္ဒရေ မင်းတို့ အရွယ်တုံးကလဲ ဆရာလည်း ချစ်ခဲ့ဖူတာပဲကွ”
“ဟုတ်လား”
“အင်း…အချစ်ကိုလေး အရမ်းလဲ အပေးမကြမ်းနဲ့၊ အယူလဲမကြမ်းစေနဲ့ကွ”
“ဗျာ”
“ဟုတ်တယ် အချစ်ကနူညံ့တယ် ဖြေးဖြေးလေးနဲ့ ညိမ့်ညိမ့်လေ သွားတာကောင်းတယ်”
“ဆရာက အလာကြီးပဲ”
“ဟုတ်တယ် နန္ဒ အချစ်က နူညံ့တယ် ပျော့ပြောင်းတယ် ဒါကြောင့် အချစ်ကိုတော့ သွားမကြမ်းနဲ့ ကွ မထင်မှတ်တာတွေ ရလာတတ်တယ်၊ သတိတော့ထားပါ”
“ဘယ်လိုသတိထားရမှာလဲဆရာ”
“ကြည့်ရတာ မင်းလဲ မင်းနံရိုးတစ်ချောင်းကို တွေ့နေပြီးနဲ့တူတယ်”
“ဗျာ”
“စကားအလှပြောတာပါကွာ”
“ကျနော်နားလည်အောင်တော့ ပြောပြလေ”
“ဒီလိုကွ ပုံပြင်တွေရှိတာပေါ့၊ ကမ္ဘာဦး အစက လူတွေဖန်းတီးတော့ အာဒံစပေါ်တယ်ကွာ၊ အာဒံတစ်ယောက်တည်းပျင်းမှာဆိုးလို့ အာဒံရဲ့နံရိုးတစ်ချောင်းနဲ့ အေးဝ ကိုဖန်းတီးခဲ့တယ်လို့ ပြောကြတယ်လေ၊ ဒါကြောင့်မင်းလဲ မင်းနံရိုးတစ်ချောင်းကို တွေ့နေပြီးမဟုတ်လာ”
“ဆရာက ကဗျာတွေဘာတွေ ဆန်လို့ ဆရာကော ဆရာ့နံရိုးတစ်ချောင်းမတွေ့သေးဘူးလာ”
“တွေ့ခဲ့တယ် ဒါပေမယ့် နံရိုးက ကြိုးနေပြီး၊ ဟားဟားဟား”
“လုပ်ပြီးဆရာကတော့လေ”
ဆရာ့ဟာသ ထဲတွင်မျောသွားပြီး နန္ဒရယ်နေမိတော့သည်။ ဒီလိုဆိုရင်တော့ နန္ဒနံရိုးလေးသည် နှင်းဆီဖြစ်နေမလား ဒါမှမဟုတ် ညီညီငယ်များလာ….
အချစ်ကထူးဆန်းသည် အချစ်ကြောင့် နန္ဒကိုပြောင်းလဲသွားစေတော့သည်။ နန္ဒထိုနောက်ပိုင်းတွင် တော်တော်ငြိမ်ကျသွားတော့သည်။ အပေါင်းသင်းများဖြစ်လဲ သိပ်ရောရောမနေတော့၊ အမြဲလိုလို တစ်ယောက်တည်း ဆွေးငေးနေတာများလာသည်။ ပြောင်းလဲမှု့ရဲ့အကျိုးသက်ရောက်မှု့ကတော့ နှင်းဆီ နန္ဒကို ချစ်နေတာသေခြားသလို၊ ညီညီငယ်သည်လဲ နန္ဒ၏အရူးမူးဖြစ်ကာ ညီညီငယ်ကို ကပ်ပါးတစ်ကောင်လို တွယ်ကပ်နေတာကို ပြန်လည်းတောင်းတလာသည်။
နန္ဒကတော့ ညီညီငယ်နှင့်အောင်အောင် အခန်းထဲတွင်ရှိနေခဲ့လျှင်မသိချင်ယောင်ဆောင်ကာ တစ်ယောက်တည်းရှိနေသလိုမျိုးဖြင့် အခန်းထဲတွင်စာကျက်နေသလို၊ တခါတရံ အခန်းပြင်သို့ထွက်သွားတတ်သည်။ ထိုသို့သော်အခါးမျိုးတွင် ညီညီငယ်စိတ်ထဲခိုလို့ခုလု ဖြစ်ရသည်။
ထိုအချိန်မျိုးများတွင် ဘာကိုမကျေနပ်ဖြစ်နေသည်ကိုတော့ ညီညီငယ်မသိတော့ချေ။ မကျေနပ်ဖြစ်သည့် စိတ်တွင်းကတော့ ခံစားရသည်။ တံခါးတရံတွင်တော့ နန္ဒသူ့ကိုနမ်းခဲ့သည့် အချိန်လေကို ပြန်ပြောင်းတမ်းတမိသည်။
အောင်အောင်ကတော့ ညီညီငယ်သွားလာသမျှ ကပ်ပါးတစ်ကောင်လို တွယ်ကပ်နေသောကြောင့် ညီညီငယ်တို့ အပေါင်းသင်းထဲတွင် အောင်အောင်ပါ တိုးလာတော့သည်။ အခြေအနေကလဲ နည်းနည်းတော့ ကသိကအောက်နိုင်လှသည်။ အောင်အောင် ကိုကြိတ်ခိုက်နေသော တွယ်တာကလဲ သူတို့အဖွဲ့ထဲဝင်လာသည့် အောင်အောင်ကို တွယ်တာကို ကြိုက်နေ၍၀င်လာသည်ဟု သူတို့တစ်ဖွဲ့လုံးက ထင်မှတ်ထားကြသည်။
နှင်းဆီဘက်ကလဲ ပိုမိုခိုင်မာလာသည်။ သူမနန္ဒကို ချစ်နေသည်ဟု ခိုင်မာသော အဖြေထွက်လာသည်။ သို့သော် မြန်မာမိန်းခလေး ဖြစ်သည့်နှင်းဆီကတော့ ကိုယ်ကျင့်သိက္ခာကိုထိမ်းကာ ဘာမှမဖြစ်သလိုတော့ နေနိုင်ခဲ့ပါသည်။ ညီညီငယ် ..သူကတော့ ဆူးနှစ်ခွကြားထဲတက်ရပ်သလို ဖြစ်နေတော့သည်။ မိမိထံကပ်လာသော အချစ်ကို အနားမလာပါနဲ့လို့ မောင်းထုတ်နိုင်ခဲ့ပေမယ့် အနားမလာတော့သော အချစ်ကိုတော့ ပြန်လည်တမ်းတနေမိတော့သည်။
အောင်ခိုင်ကတော့ သူလုပ်ဆောင်ခဲ့သည့် အပြစ်အတွက်ကြောင့် စိတ်ထဲသိပ်မလုံခြုံသလိုခံစားရသည်။ ထိုကြောင့်လဲပဲ နန္ဒနှင့် ရှောင်ဖယ်ကာနေတော့သည်။ နိုင်နိုင်ကတော့ ညီညီငယ်ကို သိပ်မကျေနပ်သောကြောင့် အမြဲပင်အကြံများဖြင့်စောင့်ကြည့်နေသည်။ ကိုကိုလေးကတော့ ညီညီငယ်ကို အရင်လို သိပ်မစိမ်းကားတော့ချေ။ သူသည်လဲပဲ ညီညီငယ်ကို ညီလေးတစ်ယောက်လို တန်းဘိုးထားကာ အမြဲပင်ဂရုစိုက်လာတော့သည်။ ထိုကြောင့်လဲပဲ နိုင်နိုင်၊ အောင်ခိုင်၊ အောင်အောင်နှင့် နန္ဒတို့ကို စောင့်ကြည့်ရင်းက ညီညီငယ်ကို မသိမသာ စောင့်ရှောက်နေခဲ့တော့သည်။
တစ်ရက်သောရက်တစ်ရက်မှာ အောင်အောင်သည် ညီညီငယ်တို့အခန်းထဲမှာ စာကြည့်နေရင်က စကားတွေပြောဖြစ်နေသည်။ နန္ဒကတော့ သူတို့နှစ်ယောက်၏ မြင်ကွင်းကိုပြောင်းကာစာကြည့်နေပေမယ့် အကြားကိုတော့ ပြောင်းလို့မရတော့ နားကတော့သူတို့ပြောနေတာကို ကြားနေရပါသည်။
“ညီညီငယ်”
“အင်း”
“မနက်ဖြန်ကျရင် ကျောင်းကို မြိုင်မဟာ ပညာရေးကျောင်းက ချစ်ကြည်ရေး ဘောလုံးလာကန်ကြမယ်”
“အဲဒီတော့”
“ဘောလုံးပွဲလာကြည့်လေ”
“ဟင်…မင်းတို့ကန်တာပဲ မကြည့်ချင်ပါဘူး”
“မဟုတ်ပါဘူးကွာ ကျောင်းက ကစားပွဲဆိုတော့လာအားပေးစေချင်တာပေါ့”
“အော်”
“လာခဲ့နော် မင်းတို့လာအားပေးတော့ ငါနဲ့နန္ဒလဲအားတက်တာပေါ့ မဟုတ်ဘူးလာနန္ဒ”
နန္ဒကတော့ မကြားသလို မသိချင်ယောင်ဆောင်နေသည်။ သို့သော် သူ့စိတ်ထဲကတော့ ညီညီငယ်ကို လာအားပေးစေချင်သည်။
“နန္ဒ”
“ဘာလဲကွာ”
“ငါပြောတာမကြားသလိုနဲ့ မင်းလဲဝင်ပြောလေကွာ၊ ညီညီငယ်ကိုမင်းပဲပြောပြီးတော့ ညီညီငယ်မျက်နာလေးကို မြင်ရတာ စိတ်ချမ်းသာတယ်ဆို”
“အဲ”
နန္ဒရှက်သွားသည်။ ထိုစကားကလဲ ဟိုတစ်ချိန်တုံးက သူပြောခဲ့သည့်စကားဖြစ်ပါသည်။ ညီညီငယ်ကတော့ စိတ်ထဲကျေနပ်သွားသည်။ မိမိကိုအကောင်းပြောသည့် စကားသည် ဟုတ်သည်မဟုတ်သည် ထားပါ စိတ်ချမ်းသာကြသည့်သဘာဝ မို့ညီညီငယ်လည်း ထိုနည်းအတိုင်းပင် ဖြစ်ပါသည်။
“ပြောလိုက်လေကွာ ဒီမှာညီညီငယ်နားထောင်နေတယ်”
အောင်အောင်စကားကြောင့် နန္ဒဟန်ပင်မဆောင်နိုင်တော့ပဲ လှည့်ကြည့်လိုက်တော့သည်။ ညီညီငယ်မှာတော့ အောင်အောင်ပြောလိုက်သော စကားကြောင့် ကြောင်ကာကြည့်နေမိပြီးမှ နန္ဒကဗြုန်းဆို လှည့်လိုက်တော့ ညီညီငယ်မျက်လုံးပြူးကာ လန့်ပြီးကြည့်လိုက်သလို၊ အစကပြောလိုက်သော အောင်အောင်ပင် မထင်မှတ်ထားသော နန္ဒလုပ်ရက်ကြောင့် ထိုင်နေရာမှ နောက်သို့လန့်ကာ ဖြစ်ကာသွားတော့သည်။
“ဟ အသာလုပ်ပါဟ ငါတောင်လန့်သွားတယ်”
အောင်အောင်စကားကြောင့် နန္ဒပင်အနည်းငယ်ရှက်သွားတော့သည်။
“ဟာကွာ မင်းပဲပြော့ပီးတော့”
“အံမယ် ငါကပြောပဲပြောတာလေ မင်းကို လှည့်ကြည့်ပါလို့ပြောလို့လာ”
“မသိဘူးကွာ”
“မင်းကတော့လေ”
အောင်အောင်မျက်မှောင်ကုတ်ကာ ကြည့်လိုက်သည်။
“ညီငယ် လာကြည့်မှာလာ”
“မင်းကလာစေချင်လို့လာ”
“အင်း လာစေချင်တယ် မင်းလာကြည့်တော့ပိုကောင်းတာပေါ့”
အောင်အောင် သူတို့နှစ်ယောက်ပြောဆိုနေတာကို စိတ်ထဲမသကာင်္သလိုကြည့်နေမိသည်။
“အင်းလေ လာကြည့်ပါ့မယ်”
နန္ဒကတော့ ၀မ်းသာသလို ကြည့်နေမိသည်။ ညီညီငယ်လည်း ကျေနပ်စွာကြည့်နေမိသည်။
အောင်အောင် သူတို့နှစ်ယောက်ကို ကြည့်ကာ မကျေနပ်တော့၊ ထိုကြောင့် နှစ်ယောက်အကြည့်ကြားထဲ မတက်ရပ်ကာ ကွယ်လိုက်ပါတော့သည်။
“ရပြီး စာကျက်ကြတော့ ဒီလို ကြည့်မနေကြနဲ့၊ ငါမကျေနပ်ဘူး”
“ဘာဆိုင်တာကြနေတာပဲ”
အောင်အောင်ပြောလိုက်တော့ နန္ဒသည်လဲ ရှက်ကာဘုတောသည်။ ညီညီငယ်သည်လဲပဲ စာအုပ်ကို ဟိုလှဲဒီလှဲလုပ်လိုက်သည်။ အောင်အောင်ကတော့ သူတို့နှစ်ယောက်ကိုကြည့်ရင်း စိတ်ထဲမသကာင်္ဖြစ် မိတာတော့အမှန်ပင်၊ မသကာင်္ဖြစ်လာတွေပေါ်များလာတော့ အောင်အောင်စိတ်ထဲ သိချင်စိတ်ကပိုလို့လာတော့သည်။ ညီညီငယ် စာကျက်နေရင်းက အပေါ့သွားချင်၍ အခန်းထဲမှ ထွက်သွားတော့မှ အောင်အောင် နန္ဒအနားကပ်သွားသည်။
“မင်းကိုတော့ မသကာင်္တာကြာပြီး မသေခြားသေးလို့မပြောသေးတာ၊ မင်းက ညီညီငယ်ကို ဘယ်လို သဘောထားနေတာလဲ၊ ငါကြိုက်နေတာလို့ အသိအလင်းကြေငြာပြီးသားနော်၊ မင်းလူကြမ်းဝင်မလုပ်နဲ့”
“ဟ ဘလိုင်းကြီးနဲ့ အထိုင်ဘက်က လာပြောနေပါလာ”
“ဘာဘလိုင်းကြီးလဲ မင်းလုပ်ပုံတွေမဟုတ်လို့ပေါ့”
“ငါဘာတွေလုပ်နေလို့လဲ”
“မင်းမှာ နှင်းဆီရှိနေတာပဲကွာနော် ငါ့အတွက်တော့ ညီညီငယ်လေးကို ထားပေးပါ”
“အောင်အောင်”
“အင်းပြောသူငယ်ချင်း မင်းသူငယ်ချင်းကောင်းပီသလိမ့်မယ်လို့ထင်လို့ အဟီး”
“သေလိုက်တော့”
“ဟေ့ကောင်နန္ဒမင်းက ခုထိမပွင့်လင်းသေးပါလာကွ”
“တော်တော့ကွာ ငါစာကျက်တော့မယ်”
အောင်အောင်မကျေနပ်ပေမယ့်တော်လိုက်ရတော့သည်။ ညီညီငယ် အခန်းထဲဝင်လာသောကြောင့် ဖြစ်ပါသည်။
ဘောလုံးကွင်းထဲတွင်လူများပြည့်လို့နေပါသည်။ လူဦးရည်များကလည်း ဘောလုံးကွင်းဘေးတစ်ဘက်ခြမ်းဆီတွင် ပြည့်လို့နေပါသည်။ အားပေးကြသည့်လူတွေကြားထဲတွင်တော့ ညီညီငယ်၊ နှင်းဆီ နှင့်တွယ်တာတို့ အတူထိုင်ကာ အားပေးနေကြပါသည်။ ကျောင်းမှကောင်မလေးများက အသံမျိုးစုံအော်ကာ အားပေးနေကြပါသည်။ ရှေ့တန်းမှ ကစားနေသော နန္ဒနှင့်အောင်အောင်ကတော့ ဘယ်ညာယူလျှက် အပေးယူကောင်းစွာကစားပြနေသည်။ အောင်အောင်နှင့်နန္ဒကတော့ ပထမဦးဆုံးလာ အားပေးသော ညီညီငယ်အတွက် အပြိုင်အဆိုင် ကစားနေကြပါသည်။ ညီညီငယ်ထိုင်နေသည့်ဘက်ကိုလည်း ခဏခဏ ကြည့်ကာ လက်ပြနေသည်က များပါသည်။ သို့သော် အများအမြင်မှာတော့ နှင်းဆီအားလက်ပြနေကြသည်ဟု ထင်ထားကြပါသည်။ သူတို့သုံးဦး၏ ကိုယ်စီစိတ်ထဲတွင်တော့ သိရှိနေခဲ့ကြပါသည်။ မည်သူကိုလက်ပြကာ နေသည်ကိုတော့ဖြင့် သိရှိကြပါသည်။
နန္ဒကတော့ အောင်အောင်ကို မကျေနပ်ပါ၊ အောင်အောင်လုပ်ပုံတွေက သိပ်သိသာလွန်းသည်မဟုတ်လား။ ခဏနာရီဝက် နားချိန်ကျတော့ အောင်အောင်နှင့်နန္ဒအနားသို့ ညီညီငယ်ရောက်လာပါသည်။ နန္ဒအား ရေဗူးကမ်းပေးလိုက်ရင်
“နှင်းဆီကပေးခိုင်းတာ”
နန္ဒနှင်းဆီဘက်ကို လှမ်းကြည့်လိုက်တော့ နှင်းဆီကလက်ပြသည်။ နန္ဒ ညီညီငယ်ကိုပြန်ကြည့်လိုက်တော့ အောင်အောင် အနားကပ်ကာ တိုးတိုးနှင့်ပြောနေသည်ကို မကျေနပ်ပါချေ။ အောင်အောင်ကတော့ ဘာတွေသဘောကျနေသည်မသိပြုံးရွှင်နေပါသည်။ တစ်ကယ်တော့ အောင်အောင်ကို တိုးတိုးပြောလိုက်သည့်စကားက (တွယ်တာက နိုင်အောင်ကစားရင် မင်းကိုလက်ဆောင်ပေးမယ်တဲ့) ထိုစကားကို တိုးတိုးပြောလိုက်သည်ကို နန္ဒကတော့မကြားပဲ အောင်အောင်ပြုံးနေသည်ကို ကြည့်ပြီး တော်တော် ဒေါသထွက်သွားတော့သည်။
ညီညီငယ်ထွက်သွားတော့မှ အောင်အောင်ကိုမေးလိုက်သည်။
“ညီညီငယ်ဘာပြောသွားတာလဲ”
“ငါ့ကို နိုင်အောင်ကစားတဲ့ နိုင်ရင် ငါ့ကြိုက်တာပေးမယ်တဲ့”
“ဟင်”
အောင်အောင်က အမြင်ကပ်၍ အမှန်ကို မပြောပဲ လုပ်ကြံ ပြောပစ်လိုက်ပါသည်။ နန္ဒကတော့ အောင်အောင်ကို ပစ်ထိုးချင်စိတ်ကို ကြိတ်မှိတ်ထားရင် ညီညီငယ်ကိုလည်း ဒေါသထွက်မိသည်။ နောက်ပိုင်းကစားကြတော့ နန္ဒကစားကွက်တွေ ပျောက်လို့နေပါတော့သည်။ ကိုကိုလေးမှာတော့ နန္ဒကို ကြည့်ကစားရန် အကြိမ်ကြိမ်သတိပေးနေရပါတော့သည်။ လူတွေကစိတ်ပဲ ဦးဆောင်နေသည်မဟုတ်လား။ စိတ်ပျော်ရွှင်နေရင် ဘာမဆိုလုပ်ဖြစ်သလောက် စိတ်ညစ်နေရင်တော့ ဘာမဆိုကျဆုံးတာကြီးပင်ဖြစ်တော့သည် မဟုတ်လား။
နောက်ဆုံးမှာတော့ အားကစားကိုအလှပဆုံး ကစားပြနိုင်သော သူတို့ကျောင်းမှ အနိုင်ရခဲ့ပါသည်။ ထိုကြောင့်လဲပဲ သူတို့ထိုညက ပျော်ပွဲစားလေးအသေးစားလေးကို ညပိုင်းတွင် ကျောင်းဘောလုံးကွင်းထဲတွင် ပြုလုပ်လိုက်ပါသည်။
အားလုံးသော သူများကတော့ ပျော်ရွှင်စွာ ပွဲကိုတက်ရောက်ခဲ့ကြပါသည်။ ညီညီငယ်လဲပဲ ပွဲကိုတက်ရောက်ရန် ပြင်ဆင်နေပါသည်။ နန္ဒတို့တွေကတော့ ဟီးရိုးအဖွဲ့အဖြင့် နာမည်ကောင်းယူခဲ့သဖြင့် အစောကြီးပွဲသို့ထွက်သွားပါတော့သည်။ ထိုကြောင့်ညီညီငယ်တစ်ယောက်တည်း အခန်းထဲတွင်ကျန်ခဲ့သည့် အချိန်တွင်ဖြစ်ပါသည်။
အ၀တ်စားများကို လဲနေသော ညီညီငယ် တစ်ယောက်တည်းရှိနေသည့် အတွက်လွတ်လွတ်လပ်လပ် လဲရန်ပြင်လိုက်ချိန်မှာတော့ အခန်းတံခါးဖွင့်လိုက်သည်ကို သိလိုက်သဖြင့် ကုတ်င်ပေါ်တက်ပြေးကာ အရှက်ကိုလုံးအောင်ဖုန်းနိုင်ရန်ကြိုးစားတော့သည်။ သို့သော်နောက်ကျသွားခဲ့သည်။
“အား…”
နန္ဒသည်လဲ မိမိဘောလုံးကန် ယူနီဖောင်းကျန်ခဲ့သဖြင့် ပြန်လာယူခြင်းဖြစ်ပါသည်။ မထင်မှတ်စွာ ညီညီငယ်ကို ကိုယ်တုံးလုံးဖြင့်မြင်လိုက်ရတော့ နည်းနည်းပင်ကြောင်ကာ လန့်သွားသည်။
“အာ….ဘာလာလုပ်တာလဲ”
“ဟိုလေ ဟိုယူနီဖောင်းကျန်ခဲ့လို့”
“တံခါးလေး ဘာလေးလဲခေါက်ပါလာ၊ ယဉ်ကျေးမှု့မရှိလိုက်တာ”
“ဆော်ဒီးကွာ ငါကလဲလောလောနဲ့ဖြစ်သွားလို့”
“သိပ်မုန်းဘို့ကောင်းတာပဲ”
ညီညီငယ်ကတော့ ဆောင်တွေဖြင့်လုံးအောင်ဖုံးနေရင်းက ပြောနေပါသည်။
“ဘာကွ မင်းဘာပြောလိုက်တယ်”
“ဟုတ်တယ် မုန်းဘို့ကောင်းတယ်မင်းက ယဉ်ကျေးမှု့လည်းမရှိ၊ တစ်ဘက်သားကို နားလည်မှု့လဲမပေးနိုင်တော့”
“နေစမ်းပါအုံး မင်းကငါ့ကိုတော့မုန်းတယ်မုန်းတယ် နဲ့အောင်အောင်ကိုတော့ မင်းက”
“ဘာဖြစ်လဲ”
“တော်ပြီးထက်မပြောချင်ဘူး”
“ပြော…မင်းပြော…မင်းအသံထဲမှာငါ့ကို အထင်သေးတာတွေပါနေတယ်”
“မင်းကို အထင်သေးတယ်လို့ပြောတာမဟုတ်ဘူး၊ ငါနဲ့အောင်အောင်ကိုမင်း ဆက်ဆံတာမတူဘူး ခွဲခြားထားတယ်”
“အေးခွဲခြားမှာပေါ့ အောင်အောင်က ရိုးသားတယ် မင်းလိုမရိုင်းဘူး မင်းကငါ့ကို..”
“ဟေ့ကောင် ညီညီငယ် မင်းကိုငါက ချစ်လို့ကွ ချစ်လို့”
“ထက်ပြောပြန်ပြီးဒီစကား”
“ဟုတ်တယ်ပြောရမှာပဲ ငါမနေနိုင်တော့ဘူး မင်းလုပ်ပုံတွေကြောင့် ရင်ထဲမှာ ဗုံးတလုံးကို မြိုထားရသလိုပဲ ဘယ်အချိန်ပေါက်ကွဲမလဲ မသိအောင်ကို ခံစားရတယ်ကွ”
“အဲ..ငါနဲ့ဘာဆိုင်လဲ”
“ဆိုင်တာပေါ့ကွ”
နန္ဒပြောပြောဆိုဆိုနှင့် ညီညီငယ် ကုတင်အနားသို့ကပ်လိုက်ပါတော့သည်။ ညီညီငယ်မှာတော့ ဆောင်ကို ကျစ်ကျစ်ပါအောင်ဆုပ်ထားရင် မျက်လုံးပြူးကာ ကြည့်နေမိသည်။
ထိုအချိန်အောင်အောင်ကလဲ ညီညီငယ်ကို ခေါ်ရန် ညီညီငယ် အခန်းဘက်သို့ လှမ်းလာပါတော့သည်။


အခန်း(၁၄)
အားလုံးသော သူများကတော့ ပျော်ရွှင်စွာ ပွဲကိုတက်ရောက်ခဲ့ကြပါသည်။ ညီညီငယ်လဲပဲ ပွဲကိုတက်ရောက်ရန် ပြင်ဆင်နေပါသည်။ နန္ဒတို့တွေကတော့ ဟီးရိုးအဖွဲ့အဖြင့် နာမည်ကောင်းယူခဲ့သဖြင့် အစောကြီးပွဲသို့ထွက်သွားပါတော့သည်။ ထိုကြောင့်ညီညီငယ်တစ်ယောက်တည်း အခန်းထဲတွင်ကျန်ခဲ့သည့် အချိန်တွင်ဖြစ်ပါသည်။
အ၀တ်စားများကို လဲနေသော ညီညီငယ် တစ်ယောက်တည်းရှိနေသည့် အတွက်လွတ်လွတ်လပ်လပ် လဲရန်ပြင်လိုက်ချိန်မှာတော့ အခန်းတံခါးဖွင့်လိုက်သည်ကို သိလိုက်သဖြင့် ကုတ်င်ပေါ်တက်ပြေးကာ အရှက်ကိုလုံးအောင်ဖုန်းနိုင်ရန်ကြိုးစားတော့သည်။ သို့သော်နောက်ကျသွားခဲ့သည်။
“အား…”
နန္ဒသည်လဲ မိမိဘောလုံးကန် ယူနီဖောင်းကျန်ခဲ့သဖြင့် ပြန်လာယူခြင်းဖြစ်ပါသည်။ မထင်မှတ်စွာ ညီညီငယ်ကို ကိုယ်တုံးလုံးဖြင့်မြင်လိုက်ရတော့ နည်းနည်းပင်ကြောင်ကာ လန့်သွားသည်။
“အာ….ဘာလာလုပ်တာလဲ”
“ဟိုလေ ဟိုယူနီဖောင်းကျန်ခဲ့လို့”
“တံခါးလေး ဘာလေးလဲခေါက်ပါလာ၊ ယဉ်ကျေးမှု့မရှိလိုက်တာ”
“ဆော်ဒီးကွာ ငါကလဲလောလောနဲ့ဖြစ်သွားလို့”
“သိပ်မုန်းဘို့ကောင်းတာပဲ”
ညီညီငယ်ကတော့ ဆောင်တွေဖြင့်လုံးအောင်ဖုံးနေရင်းက ပြောနေပါသည်။
“ဘာကွ မင်းဘာပြောလိုက်တယ်”
“ဟုတ်တယ် မုန်းဘို့ကောင်းတယ်မင်းက ယဉ်ကျေးမှု့လည်းမရှိ၊ တစ်ဘက်သားကို နားလည်မှု့လဲမပေးနိုင်တော့”
“နေစမ်းပါအုံး မင်းကငါ့ကိုတော့မုန်းတယ်မုန်းတယ် နဲ့အောင်အောင်ကိုတော့ မင်းက”
“ဘာဖြစ်လဲ”
“တော်ပြီးထက်မပြောချင်ဘူး”
“ပြော…မင်းပြော…မင်းအသံထဲမှာငါ့ကို အထင်သေးတာတွေပါနေတယ်”
“မင်းကို အထင်သေးတယ်လို့ပြောတာမဟုတ်ဘူး၊ ငါနဲ့အောင်အောင်ကိုမင်း ဆက်ဆံတာမတူဘူး ခွဲခြားထားတယ်”
“အေးခွဲခြားမှာပေါ့ အောင်အောင်က ရိုးသားတယ် မင်းလိုမရိုင်းဘူး မင်းကငါ့ကို..”
“ဟေ့ကောင် ညီညီငယ် မင်းကိုငါက ချစ်လို့ကွ ချစ်လို့”
“ထက်ပြောပြန်ပြီးဒီစကား”
“ဟုတ်တယ်ပြောရမှာပဲ ငါမနေနိုင်တော့ဘူး မင်းလုပ်ပုံတွေကြောင့် ရင်ထဲမှာ ဗုံးတလုံးကို မြိုထားရသလိုပဲ ဘယ်အချိန်ပေါက်ကွဲမလဲ မသိအောင်ကို ခံစားရတယ်ကွ”
“အဲ..ငါနဲ့ဘာဆိုင်လဲ”
“ဆိုင်တာပေါ့ကွ”
နန္ဒပြောပြောဆိုဆိုနှင့် ညီညီငယ် ကုတင်အနားသို့ကပ်လိုက်ပါတော့သည်။ ညီညီငယ်မှာတော့ ဆောင်ကို ကျစ်ကျစ်ပါအောင်ဆုပ်ထားရင် မျက်လုံးပြူးကာ ကြည့်နေမိသည်။
“မင်း…မင်း…”
နန္ဒ ညီညီငယ်ကို ခပ်စိမ်းစိမ်းကြည့်ကာ အနားသို့ကပ်ပြီးမှ ညီညီငယ် ဖိထိုင်ထားသော သူ့၏ ယူနီဖောင်းကို ဆွဲယူလိုက်တော့သည်။ ထိုအခါမှ ညီညီငယ်ပြန်တွေးကြည့်မိတော့ ညီညီငယ်လက်လွတ်စပယ်တက်လိုက်သော ကုတင်းက နန္ဒကုတင်ဖြစ်နေကြောင်းကို ခုမှသိလိုက်တော့သည်။
“ရှက်လဲမရှက်ဘူး တုံးလုံးကြီး”
“အာ ဟေ့ကောင်”
ညီညီငယ် ကြုံးအော်လိုက်သည်။
“မင်းလောက်တော့မဆိုးပါဘူး မင်းကမှ ဟိုဒင်းဟိုဟာတောင်လုပ်နေတာပဲ”
“ဟေ့ကောင်တော်တော့ မင်းဆက်မပြောနဲ့ ပြောလို့ကတော့ တောင်ပေါ်မှာငြိမ်နေပေမယ့် ခုတော့ ငါကြမ်းပစ်လိုက်မှာနော်”
“ဘာကြမ်းမှာလဲ”
ထိုအချိန်အောင်အောင်ရောက်လာ ခြင်းဖြစ်ပါသည်။ သူကလဲ ညီညီငယ်ကို ခေါ်ရန် ညီညီငယ် အခန်းဘက်သို့ လာခဲ့ခြင်းဖြစ်ပြီး၊ ညီညီငယ်အခန်းဝင်ဝင် ခြင်းနားစွန်းနားဖျားကြားလိုက်သော ကြမ်းပစ်လိုက်မည်စကားကို မေးလိုက်ခြင်းဖြစ်ပါသည်။ နန္ဒ အောင်အောင်စကားကြောင့် တွန့်သွားပြီးတော့မှ လှည့်ကြည့်လိုက်သည်။
“ဟင် မင်းမင်း ညီညီငယ်ကိုဘာလုပ်တာလဲ”
“အာ..”
“ဟာ …ဘာမှလုပ်ပါဘူးဟ”
“ဒါဆို ဒါဆို ညီညီငယ်က ဘယ်လိုဖြစ်ပြီး မင်းကုတင်ပေါ်ရောက်နေတာလဲ”
“အဲ…အဲဒါကလေ..ဟိုဒင်း”
“အင်း ဘာဒင်းလဲ”
“အာ………သွားကြတော့ မင်းတို့နှစ်ကောင်လုံး အခန်းထဲကထွက်သွားကြ တစ်ယောက်မှမနေနဲ့”
ညီညီငယ် ကြုံးအော်လိုက်တော့သည်။ မအော်လို့လဲ မရတော့ သူတုံးလုံး ဖြစ်နေတာကို နန္ဒသိသွားသည်ဟု မကြားချင်တော့ချေ။ ဒီနှစ်ယောက်ကြောင့်လဲ ညီညီငယ်စိတ်ညစ်ရသည်။
“ညီငယ်ကလဲ ငါကမင်းကိုလာခေါ်တာကို”
“ရတယ်မလိုဘူး ငါ့ဟာငါလာမယ်”
“မင်းမလာမှာစိုးရီမ်လို့ပါ”
“ငါလာမယ်လို့ ပြောပြီးပြီ မှတ်လာအောင်အောင် စိတ်ညစ်အောင်မလုပ်နဲ့ ငါလာမယ်ဆိုလာမှာပေါ့”
“အော်…အေး..စိတ်တော့မညစ်နဲ့နော် ငါကွင်းကပဲစောင့်တော့မယ်”
အောင်အောင်ပြောပြောဆိုဆိုနှင့်ထွက်သွားတော့သည်။ နန္ဒက ပေကာရပ်နေသေးသည်။
“ဟေ့ကောင် နန္ဒဘာလုပ်နေတာလဲ လာသွားမယ်”
အောင်အောင် အတင်းဇွတ်ခေါ်နေသဖြင့် နန္ဒမလိုက်ချင်လိုက်ချင် နှင့်လိုက်သွားလိုက်ရတော့သည်။ စိတ်ကတော့ မကျေနပ်သေးပါ။ ညီညီငယ်ကို သူချစ်သည့်အကြောင်းများကို ပြောချင်နေသေးသည်။ ထိုအရာများကို ညီညီငယ်သိပါစေလို့လဲ ဆုတောင်းနေမိပါတော့သည်။
ညီညီငယ်မှာတော့ သူတို့ထွက်သွားမှ အပြင်သို့ထွက်လာတော့သည်။ ထိုအချိန်ဝယ် ဘယ်အချိန်ထဲက ချောင်းမြောင်းနေသည်မသိသော နိုင်နိုင်သည် ညီညီငယ်ထွက်လာသည့် လမ်းတွင်ကြိုးတန်းထားသည်ကိုတော့ ညီညီငယ်မသိလိုက်ပါ၊ ဒီနေ့မှလမ်းမီးများကလည်း ပိတ်ထားကာ မှောင်နေပါသည်။ ရာသီဥတုကသာယာနေသည်မဟုတ်လာ (ညီညီငယ်ကိုပြောင်လှောင်ကြသည့် အချိန်များကနည်းနေသည်ကိုဆိုလိုပါသည်)  ထိုကြောင့်လဲ ညီညီငယ် မထင်မှတ်ထားပဲ လျှောက်လို့လာရင်းက ကြိုးကိုမမြင်ပဲ ခလုတ်တိုက်လဲကျသွားပါတော့သည်။
အ….
ညီညီငယ်ပြန်ထလိုက်တော့ ညီညီငယ် အကျီင်္တွင် နွားချီးများပေကျံနေပါတော့သည်။ လဲကျမည့်နေရာတည့် တည့်တွင် နွားချီးများထာ ထားသည်။ ထိုကြောင့်လဲ ပေကျံသွားပါတော့သည်။
“ဟားဟားဟား….ချီးတွေနဲ့ ချီးပေ ချီးပေ…”
ကျောင်းသား ကျောင်းသူ ၆ ယောက်လောက်က ညီညီငယ်လဲကျသွားသည်ကို ပျော်ရွှင်စွာ ခုန်ပေါက်နေသေးသည်။ သူတို့ညီညီငယ်ကို ကြည့်ကာ ပျော်ရွှင်နေကြသည်ကတော့ ညီညီငယ်စိတ်တွေ ဒေါသများထွက်လာသည်။ မိမိကိုယ်တိုင် နမော်နမဲ့နိုင်သည်ဟုလည်း အပစ်တင်မိသည်။ ညီညီငယ်ဖြစ်ပျက်နေသည့် နေရာက ပွဲလုပ်နေသည့် ဘောလုံးကွင်းနှင့် အလှမ်းဝေးကာ ကြားထဲတွင် ကျောင်းသင်စာခန်းများက ကွယ်ထားသဖြင့် ကျောင်း၏ပျော်ပွဲလုပ်နေသည့် နေရာမှဘာမှမသိနိုင်ချေ။
“မှတ်ထား ညီညီငယ် အခြောက်တွေက အဲဒီလိုပဲခံရတယ်ကွ”
“ဟေးချစ်လေး ထထ ချီးတွေပေနေတယ်”
“ဟယ်ချီးတွေက မှကောင်းအုံးမယ် လူကပိုပြီးရွံစရာကောင်းတာပါဟယ်”
“ဟားဟားဟား….ချီးကမှ သန့်အုံးမယ်”
“အော့…အော့…အန်ချင်စရာ အော့ဂလီဆန်ကွယ်”
ညီညီငယ်မှာ လူပင်မုးမိုက်လာတော့သည်။ နွားချီးကနံ လူကိုလည်းစော်ကားခံရတော့ စိတ်များပင်ပျက်မိပါတော့သည်။
“ဟေ့ကောင်တွေ”
ထိုအချိန် နန္ဒပြန်ရောက်လာပါသည်။ နန္ဒသည် ညီညီငယ်ကို ပြောချင်သည့်စကားများကို မအောင့်နိုင်တော့ပဲ ညီညီငယ်ဆီသို့ ပြန်လာခြင်းဖြစ်ပြီး မြင်ရသည့်မြင်ကွင်းကတော့ မလှပချေ။ ထိုကြောင့်လဲ ဒေါသထွက်မိသည်။ တစ်ဘက်ချစ်ရသောသူ၊ တစ်ဘက်ကတော့ သူ၏သူငယ်ချင်းများဖြစ်နေသည်။
“မင်းတို့တွေလွန်ပြီးကွ”
“ဟာမင်းရဲ့….”
“တော်တော့ ထက်မပြောတော့နဲ့ ငါပြောနေတယ် မင်းတို့ ထွက်သွားတော့ မင်းတို့ ပြဿနာမတက် ချင်ရင်ထွက်သွားကြတော့”
“မင်းကလဲ….မင်းပဲ အရင်တုန်းက…”
ဖခုံးကိုလာကိုင်သော နိုင်နိုင်လက်ကို နန္ဒပုတ်ချလိုက်သည်။ နိုင်နိုင်ဆက်လာမည့် စကားကိုလဲ အဆက်မခံနိုင်တော့ချေ။ နိုင်နိုင်သည် နန္ဒအပြုမူကြောင့် လန့်ကာသွားတော့သည်။
“မင်းတို့တွေကို ငါဒီထက်ပိုသည်းမခံနိုင်တော့ဘူး မင်းတို့ထွက်သွားတော့လို့ပြောနေတယ်နော် ပြီးမှ ငါ့အဆိုး မဆိုနဲ့”
နိုင်နိုင်ကို ကျန်သည့်သူငယ်ချင်းများက ဆွဲခေါ်သွားတော့သည်။ နိုင်နိုင်မကျေနပ်ပါ။ ခုတော့ဒီကောင် ဘာအချိုးချိုးသွားသည်မသိတော့။
နန္ဒ ညီညီငယ်အနားတွင်ထိုင်လိုက်သည်။ ထိုနောက်မှာတော့ ညီညီငယ်ကိုတွဲထူပြီးထစေသည်။ ညီညီငယ်ကတော့ နန္ဒလက်ကိုပုတ်ချလိုက်သည်။
“သွားလာမထိနဲ့”
“ငါတောင်ပန်ပါတယ်ကွာနော် မင်းကိုသူတို့စနေတာကို ငါမကြည့်နိုင်ဘူး”
ညီညီငယ်ဝမ်းနည်းတာတော့ အမှန်ပင်ဖြစ်သည်။ ထိုကြောင့်လည်းပဲ ညီညီငယ်စိတ်ထဲတွင် နန္ဒသည်လည်းပဲ ထိုအပေါင်းဖေါ်များနှင့် တဖွဲ့တည်းတစ်ကျိတ်တည်း တစ်ဥာဏ်တည်းလို့ တွက်ချက်ထားမိသည်။ ညီညီငယ်ကို ပြန်ထူးစေပြီးမှ နန္ဒတွဲခေါ်ရာသို့ ညီညီငယ်မှာ စိတ်ဓါတ်ကျစွာ လိုက်ပါလာသည်။
နန္ဒသည်ညီညီငယ်ကို ရေချိုးခန်းကိုခေါ်ဆောင်သွားကာ မျက်နာနှုင့် တစ်ကိုယ်လုံးကို သန့်ရှင်းပေးနေသည်။
“ငါ့ကိုအထင်လွဲတုန်းပဲလာဟင်”
ညီညီငယ်ဘာမှပြန်မပြောပါ။
“ငါ့စိတ်ထဲမှာရော ခုဖြစ်ပေါ်နေတာတွေပါ ငါနဲ့မသက်ဆိုင်ပါဘူး ညီညီငယ်ရယ်၊ မင်းကဘာကြီးပဲ ဖြစ်နေပါစေ ငါ့စိတ်ထဲက လုပ်ယူပြီးဖြစ်ပေါ်လာတာမဟုတ်တဲ့ မင်းကိုချစ်တဲ့ အချစ်ကတော့ မလျော့သွားပါဘူးကွာ၊ ငါ့ကိုမယုံချင်နေပါ ငါ့အချစ်ကိုတော့ သံသယ မဖြစ်စေချင်ဘူး”
“….”
“ညီညီငယ်ရယ် မင်းကိုလေ ဒီနေ့ကစပြီးတော့ ငါ့အသက်နဲ့ကာကွယ်သွားမယ်ဆိုတာတော့ ယုံပေးပါနော်”
ညီညီငယ် နန္ဒပြုဆုနေသည်ကို စိတ်ကဘာမှမပါပဲ ခံယူနေမိပါသည်။ နန္ဒက ညီညီငယ်ကိုယ်ခန္ဒာပေါ်က အညစ်ကျေးများကို ဖယ်ရှားပေးရင်က သန့်ရှင်းမှု့များပြုလုပ်ပေးနေပါသည်။
အခန်းထဲပြန်ရောက်သည်ထိ ညီညီငယ်ဘာစကားမှမပြောမိပါ။ သို့ပေမယ့်ပေါ့ ညီညီငယ်သည်လဲပဲ လူသားမို့ သူ့အားဂရုတစိုက်လုပ်ပေးနေသော နန္ဒအပေါ်တွင်ယခင်ကလောက်တော့ စိတ်ခုမှု့တွေမရှိတော့ပါ။ နန္ဒကိုယုံချင်ပေမယ့် ကံမကောင်းသော ညီညီငယ်ကတော့ ကြောက်နေမိသည်။
အ၀တ်စားများကို နန္ဒကိုယ်တိုင် ညီညီငယ်ကို ကလေးတစ်ယောက်လို ပြုဆုပြီး ၀တ်ပေးနေပါသည်။
“ငါ့ကိုမင်းမချစ်သင့်ဘူး”
“ဘာလို့လဲ ငါကမင်းချစ်သင့်တဲ့လူတစ်ယောက်မဟုတ်ဘူးလာ၊ ဒါမှမဟုတ်မင်းမှာချစ်နေတဲ့ သူရှိနေလို့လာ”
“မရှိပါဘူး”
“ဒါနဲ့များကွာ”
“မင်းက ငါ့ကိုအခြောက် ခပ်နွဲ့နွဲ့နေတဲ့ကောင်ဆိုပြီး လက်တည့်စမ်းချင်တဲ့သဘောလား”
“ဟင်”
“တော်ပါတော့ နန္ဒရယ် ငါမင်းတို့အဖွဲ့ကိုလဲ ကြောက်ပါတယ် ငါ့ကိုထက်ပြီး နှလုံးသားကို မနှိပ်စက်ပါနဲ့တော့”
နန္ဒ ညီညီငယ်စကားများကြောင့် အသဲထိအောင်ခံရခက်လှသည်။
“ငါမင်းကို ချစ်ဘို့ကိုကြောက်တယ် မင်းကတောင်ပေါ်မှာတုံးကလဲ ငါ့ကိုနှိပ်စက်ပြီးပြီ ခုထက်လုပ်ဘို့ကြိုးစားနေတာလာ”
“တော်တော့ ညီညီငယ် မင်းကိုချစ်တာကလေ ငါနှလုံးသားက အလိုလိုပေါ်လာတာကွ မင်းကိုကြည်စယ်နေတာမဟုတ်ဘူး မင်းငါ့ကိုစော်ကားတာ နှစ်ခါရြှိ့ပီး မင်းဘယ်လိုထင်နေလို့လဲ ငါကမင်းကို ဒီလိုပြောရတာ ငါ့နှလုံးသားကို ငါ့ထိခိုက်ပြီးမှ ပြောနေရတာကိုရောမင်းနားလည်လာ တော်ပြီး ညီညီငယ် ငါ့ကတော့မင်းကို ချစ်တာပဲ ငါသိတယ် ငါ့ကိုမင်းမချစ်နိုင်လဲရတယ် အဲ့ဒါမင်းသဘော ဒါပေမယ့်လို့တော့ ငါ့အချစ်ကိုတော့ မစော်ကားနဲ့ကွ ငါ့မှာမင်းကို ပထမဦးဆုံးချစ်တဲ့အချစ် သေရာပါမယ့်အချစ်ကွ”
နန္ဒပြောပြောဆိုဆိုဖြင့် ထထွက်သွားတော့သည်။ တံခါးကိုလဲ စိတ်မထိန်းနိုင်တော့ပဲ ၀ုန်းကနဲစောင့်ပိတ်လိုက်တော့သည်။ ညီညီငယ် မှာတွေဝေစွာ အခန်းထဲမှရပ်နေမိပါတော့သည်။ အနည်းငယ်ကြာတော့မှ နန္ဒနောက်သို့ပြေးလိုက်သွားတော့သည်။ နန္ဒသည် ညီညီငယ်လဲကျခဲ့သည့် နေရာသို့ရောက်နေပါပြီး၊ ညီညီငယ် နောက်မှပြေးလိုက်သွားကာ နန္ဒနောက်ကျောမှနေ၍ ပြေးဖက်လိုက်ပါတော့သည်။
“မင်းထွက်မသွားပါနဲ့ကွာ ငါအနားမှာပဲနေပေးပါ၊ ငါလေငါ့နှလုံးသားလဲ မညာချင်တော့ပါဘူး မင်းကိုချစ်ခဲ့ပါတယ်၊ မင်းကိုစော်ကားတာမဟုတ်ပါဘူး၊ ငါ့ရင်ထဲမှာလဲ မင်းကိုချစ်ခဲ့တယ် ဘယ်အချိန်က စချစ်လဲလို့တော့ ငါမသိဘူး၊ ဒါပေမယ့် မင်းထွက်သွားမှာ မင်းမုန်းသွားမှာတော့ငါကြောက်တယ် မင်းကို ငါလက်မလွှတ်နိုင်ဘူး နန္ဒမင်းက ငါ့အတွက် မချစ်မဖြစ် မိုးကောင်းကင်ကြီးပါကွာ”
နန္ဒစိတ်ထဲ ပျော်ရွှင်သွားတော့သည်။ သူ့၏ချစ်သူသည် သူ့အားချစ်သည်ဟု ကြားလိုက်ရတော့ နန္ဒထခုန်မိမတက် ၀မ်းသာသွားသည်။ ညီညီငယ်လက်ကို ကိုင်ကာ ပြန်လှည့်လိုက်သည့်အချိန်မှာတော့၊
လမ်းမီးများရုတ်တရက်လင်းထိန်းသွားတော့သည်။ ထိုနောက်လက်ခုပ်အော်ဘာသံများဖြင့်ကျောင်း ၀န်းထဲက ပျော်ပွဲလုပ်နေသည့် ကျောင်းသားတစ်ချို့ ရှင်းရှင်းပြောရလျှင် သူတို့အခန်းမှ ကျောင်းသား၊သူ အားလုံးနီးပါရောက်လို့နေပါသည်။ ညီညီငယ်နှင့်နန္ဒမှာလန့်ဖျတ်သွားတော့သည်။ နိုင်နိုင်က
“brvo……. နန္ဒမင်းသိပ်တော်တယ် မင်းရဲ့အိုက်တင်က မထင်မှတ်လောက်အောင်ပြောင်မြှောက်ပါလာကွ”
ဝေး…..
ကျောင်းသား ကျောင်းသူများကတော့ လက်ခုပ်တီးနေကြပေမယ့် ညီညီငယ်ကိုတော့ မလိုမုန်းတီးသည့် အကြည့်များဖြင့်ကြည့်နေကြသည်။ ညီညီငယ်နားမလည်နိုင်တော့
“ဘာတွေလဲ”
နန္ဒကိုညီညီငယ်ကြည့်လိုက်တော့ နန္ဒမျက်ဝန်းထဲတွင်စိုးရီမ်ကြောက်ကြမှု့တွေပါနေသည်ဟုထင်ရသည်။ နန္ဒကတော့ မဟုတ်ဘူး မဟုတ်ဘူးလို့ပဲ နူတ်ကရွတ်နေသည်။
“ဟားဟား ညီညီငယ် ညီညီငယ် မင်းကတော့လေ တကယ်မကောင်းဆိုးဝါးလေပါလာ ခုတော့မင်းဘာတတ်နိုင်သေးလဲ”
“နန္ဒ ငါ့ကိုရှင်းပြအုံး ဘာတွေလဲ”
ညီညီငယ် နိုင်နိုင်စကားများကို နားမလည်စွာမေးလိုက်သည်။ ထိုအခါမှာတော့ အောင်ခိုင်ထွက်လာလိုက်ပြီး
“ညီညီငယ် မင်းကိုအခြောက်လို့ သက်သေယူလိုက်တာလေ”
“တော်ကြတော့ ဆက်မပြောနဲ့”
“ဟာ နန္ဒမင်းအောင်ပွဲယူနေတာလေ မင်းကဂုဏ်ယူရမှာကို မင်းကဘယ့်နဲ့တော်ခိုင်းနေတာလဲကွ၊ ဒီမယ် မင်းကိုအခြောက်ဟုတ်မဟုတ် နန္ဒနဲ့ နှင်းဆီ လာင်းထားကြတယ်”
“ဘာ နှင်းဆီနဲ့”
နှင်းဆီကိုသူလှမ်းကြည့်လိုက်တော့ မျက်ဝန်းထဲမှာ မျက်ရည်သီများဖြင့် ခွင့်လွှတ်ပါဟုပြောနေသေယောင်ယောင် ညီညီငယ်မယုံချင်ပါ။
“ငါရယ်၊ နိုင်နိုင်၊ အောင်အောင် နဲ့တွယ်တာတို့ပဲ၊ ဒိုင်ကတော့ မင်း…..”
“တော်တော့ ဟေ့ကောင်”
ကိုကိုလေး ၀င်လာကာ အောင်ခိုင်ကိုစောင့်တွန်းလိုက်သည်။ အောင်ခိုင်ကတော့ အမြင်ကတ်စွာရယ်နေပါတော့သည်။
“ဟားဟား…”
ညီညီငယ် သူ့၏သူငယ်ချင်းများကို တစ်ယောက်ချင်းလိုက်ကြည့်နေမိသည်။ သူတို့အားလုံးကတော့ ငြင်းချက်မလုပ်ကြ ငြိမ်နေကြသည်။ ငြိမ်နေပုံထောက်လျှင် အောင်ခိုင်ပြောသမျှတွေက အမှန်တွေကြီးပဲပေါ့၊ ညီညီငယ် သည်ခုတော့ လူယုံသတ်လို့ သေခဲ့ပြီး၊ ညီညီငယ်မျက်ရည်များပင် မထွက်တော့ နာကျင်လှပါသည်။ နာကျင်ချက်ကတော့ အသဲထိအောင်၊ ဟိုးအနက်ချိုင်းထိအောင်လှပါသည်။ နန္ဒကိုတော့ ပို၍ပင်နာကျင်မိတော့သည်။ မိမိအချစ်သည် အလကားအချစ်ဖြစ်သွားပါသည်။ နန္ဒသူအချစ်ကို မိန်းမတစ်ယောက်နှင့် လောင်းကြေးချလိုက်သည်။ ထိုမိန်းမသည် သူ့အားလွန်စွာမှ နားလည်ပေးနိုင်သည်ဟု ထင်မှတ်ထားသော အချစ်ဆုံးသူငယ်ချင်းဖြစ်နေသည်။
ကိုကိုလေး သည်နန္ဒကို စောင့်တွန်းလိုက်ပါသည်။ ထိုနောက် ညီညီငယ်လက်ကိုဆွဲကာ ခေါ်သွားတော့သည်။ ကိုကိုလေး၏ အခန်းထဲသို့ ညီညီငယ်ကို ခေါ်သွားလိုက်သည်။
“ညီညီ မင်းဒီမှာ ဒီညအိပ်လိုက်တော့ ကိုယ်တို့ညီအကို အိမ်ပြန်မယ် မနက်ဖြန်”
“မနက်ဖြန် အိမ်ပြန်မယ်ဟုတ်လာ”
“အေး အိမ်ပြန်မယ် ခုအိမ်ကို ဖုန်းသွားဆက်လိုက်အုံးမယ် ဘယ်မှသွားမနေနဲ့”
အိမ်လို့ဆိုခဲ့သဖြင့် အိမ်ပြန်ရန်ညီညီငယ်ကြောက်လှပါသည်။ ကျောင်းပိတ်ချိန်းမဟုတ်ပဲ ပြန်ကြလျှင် မေမေကို ဘယ်လိုပြောကြမည်နည်း။ မေမေသည် သူ့အားတသက်လုံးမုန်းသွားနိုင်သည်မဟုတ်လာ။ ကိုကိုလေးထွက်သွားတော့ ညီညီငယ် ငူကြောင်ကြောင်ကြီးကျန်ခဲ့သည်။ ငိုချင်ပေမယ့် မျက်ရည်များက ထွက်မလာ။
ပြီးတော့ ကျောင်းသူကျောင်းသားများနှင့် ကြားထဲတွင် ညီညီငယ် ဘယ်လိုနေရမည်နည်း။ ညီညီငယ် ခုတော့ လူသိရှင်ကြားအခြောက်တစ်ယောက်ဖြစ်သွားခဲ့သည်။ လူတကာက မုန်းသည့် လူသားဖြစ်သွားတော့သည်။ လောကကြီးက ညီညီငယ်ကို ကြည်စယ်လိုက်ပုံများက ကြမ်းတမ်းလှပါသည်။
ညီညီငယ်မသိလိုက်သော နောက်ကွယ်က နောက်ဇာတ်လမ်းကတော့….
နန္ဒတစ်ကိုယ်လုံးတုန်ခါနေတော့သည်။ ဒေါသများလဲ ထွက်ကာ နိုင်နိုင် နှင့်အောင်ခိုင်ဆီသို့ပြေးထိုးရန် ရွယ်လိုက်တော့သည်။ ကျန်သည့်သူငယ်ချင်းများက ၀ိုင်းဆွဲထားကြသည်။ နှင်းဆီကတော့ ငိုနေသည်။ တွယ်တာသည်လဲ နှင်းဆီကိုနှစ်သိမ့်ပေးနေသည်။ အောင်အောင်ကတော့ နန္ဒကိုဒေါကန်တာထက် နိုင်နိုင် နှင့်အောင်ခိုင်ကို ဒေါသပိုထွက်မိပါသည်။ သူတို့အားလုံးကို အံ့သြပျော်ရွှင်စရာ တစ်ခုပြမည်ဟုခေါ်လြာ့ပီးမှ ဒီလိုအကွက်ချချလုပ်သွားသော အောင်ခိုင် နှင့်နိုင်နိုင်ကို ပိုလို့တောင်ဒေါကန်မိတော့သည်။
“ဒီလိုမင်းတို့အခြောက်လို့ပြောကြေးဆိုရင် ငါလဲခြောက်နေတယ် ငါညီညီငယ်ကိုတစ်ကယ်ချစ်တာကွ”
နန္ဒမျက်ရည်များဖြစ်ရင်ဖွင့်တော့သည်။ ကျောင်းသားများ အားလုံးအံ့သြသွားကြတော့သည်။
“ကဲ ၀ိုင်းဟားကြလေ ၀ိုင်းပြောကြလေ၊ မင်းတို့က အခြောက်အခြောက်လို့ ပြောပြီး ရွံစရာကောင်းပါတယ် ဘာဖြစ်ပါတယ်လို့ပြောနေကြတဲ့ မင်းတို့ပါစပ်တွေခုတော့ ပိတ်နေကြပါလာကွ..ဟင်….မင်းတို့က တစ်ကယ်တော့ ပုဒ်ကိုယ်ရေးအရ မုန်းတီးပြီးလိုက်လုပ်နေကြတာပဲ၊ ကဲငါအခု လွိင်တူနှစ်သက်တယ်ကွာ အခြောက်ကွာ ဘာဖြစ်သွားလဲ၊ ကဲပြောကြလေ ပြောကြစမ်းပါ၊ မင်းတို့ပြောစရာမရှိတော့ဘူးလာ၊ မင်းတို့သေနေကြပြီးလာ”
“ဟုတ်တယ် နန္ဒခြောက်နေသလို ငါလဲခြောက်နေတယ် ကဲဘာဖြစ်လဲ ပြောကြ”
“ဟင်”
အားလုံးအကြည့်များက အောင်အောင်ဆီသို့ရောက်သွားသည်။
“နန္ဒပြောတာအမှန်ဆုံးပဲ တစ်ကယ်တော့ မင်းတို့တွေက လူတစ်ဦးတစ်ယောက်ကို မုန်းတီးတာနဲ့ မင်းတို့စိတ်ဆွဲပြီးဖြစ်ပေါ်နေကြတာ၊ ကြည့်စမ်းမင်းတို့တွေကမှ ပိုပြီးလူမပီသတဲ့သူတွေက၊ အဖြူအမည်း ၀ါဒဆွဲနေကြတဲ့ကောင်တွေ”
နန္ဒနှင့်အောင်အောင်ပေါက်ကွဲကြတော့ ကျန်သူများကတောင်ပန်ကြသည်။ ထိုနောက်တွင်တော့ အားလုံးသော သူများသည်စိတ်မကောင်းဖြစ်ကာသွားကြသည်။
“ငါတို့မှားပါတယ် ငါတို့အားလုံး ညီညီငယ်ကို မနက်ကျရင်တောင်ပန်ကြပါ့မယ်”
ဆိုသော သဘောတူညီချက်များဖြင့်လူဆု ခွဲထွက်သွားကြတော့သည်။ နှင်းဆီသည်လဲပဲ ၀မ်းနည်းစွာငိုကြွေးနေသည်။ နန္ဒကိုဆုံးရှူံးလိုက်ရလို့မဟုတ်ပါ၊ ညီညီငယ်အတွက် သူမလုပ်ရပ်တွေကြောင့် စိတ်မကောင်းဖြစ်သွားခြင်းဖြစ်ပါသည်။
အောင်အောင်သည် နန္ဒကိုတွဲကာ အခန်းထဲခေါ်ဆောင်လာခဲ့တော့သည်။ အခန်းထဲရောက်မှ နှစ်ယောက်သား စိတ်မကောင်းခြင်းများစွာအတွက် စကားများပင်မပြောနိုင်ပဲဖြစ်နေတော့သည်။

ဆက်ရန်
Jinjar

No comments:

Post a Comment

အချစ်တစ်ခု ပြယုဂ်တစ်ခု

“......................”  သားကြီးဆီမှ ကြားလိုက်ရသော နာမည်ကြောင့် ကျွန်မတစ်ကိုယ်လုံး တောင့်ခဲ သွားသည်။အဆုံးမရှိသောတွင်းနက်ကြီးထဲသို့ ပြုတ်ကျ...