Thursday, August 21, 2014

ထိုသူစိမ်း

( အနည်းငယ် Porn စာပေဆန်ပါသဖြင့် သည်းခံဖတ်ပေးကြရန်တောင်းဆိုအပ်ပါသည် )

သူ အိပ်ယာပေါ်တွင် တစ်ယောက်တည်း စာဖတ်နေမိသည် ။ သည်နေ့ အိမ်မှာ သူတစ်ယောက်တည်း ။ မိဘတွေက ခရီးဝေးတစ်ခု ထွက်သွားကြသည် ။ ခြံစောင့်လင်မယားက မိန်းမဖြစ်သူ ကလေးမွေးနေသဖြင့် ဆေးရုံရောက်နေကြသည် ။ အပြင်တွင်လည်း မိုးများက သည်းထန်စွာ ရွာသွန်းနေလေသည် ။ သူဖတ်နေသော စာအုပ်လေးက မိုးညအိပ်မက်မြူဆိုသော တက္ကသိုလ်ဘုန်းနိုင် ရေးသည့် စာအုပ်လေး ။

ရုတ်တရက် ခြေသံတစ်ခုကို သူ ကြားလိုက်ရသည် ။ အပြင်က မိုးသံလေသံဖြင့် ရောနေသဖြင့် ပီပီသသတော့ မဟုတ်လှ ။ သို့သော် သူ သိသည် ။ ထိုခြေသံသည် သူ့ဖေဖေ ခြေသံလည်း မဟုတ် ။ သူ့မေမေ ခြေသံလည်း မဟုတ် ။ ခြံစောင့် လင်မယား ခြေသံလည်း မဟုတ် ။ ဒါဆို ဘယ်သူ့ခြေသံလဲ ။ သူ ကြက်သီးထသွားမိသည် ။ သူတစ်စိမ်း တစ်ယောက်သည် သူ့အိမ်ထဲတွင် ရှိနေချေပြီ ။

ထိုသူစိမ်း၏ ခြေသံကို သူကြားနေရသည် ။ ဒါ ယောက်ျားတစ်ယောက်ခြေသံပဲ ။ ခြေသံတွေက ကြမ်းလိုက်တာ ။ သူ တစ်စုံတစ်ခုကို စိုးရိမ်နေမိသည် ။ လက်ထဲက စာအုပ်ကို သူ ဆက်မဖတ်ဖြစ်တော့ ။ ခြေသံလာရာဆီသို့သာ သူ စူးစိုက်ကြည့်နေမိသည် ။ ထိုသူစိမ်းသည် သူနေသော အခန်းနားသို့ တဖြည်းဖြည်း နီးလာပြီ ဖြစ်လေသည် ။

တစ်ယောက်ယောက် လာကယ်ကြစမ်းပါ ။ ထိုသူစိမ်း သူ့အခန်းထဲသို့ ၀င်လာတော့မည် ။ သူ ကြမ်းပြင်ကိုသာ ငေးစိုက်ကြည့်နေမိသည် ။ သူ ရုတ်တရက် ခြေဖ၀ါးများကို မြင်လိုက်ရသည် ။ ယောက်ျားတစ်ယောက်၏ ခြေဖ၀ါးများ ။ ခြေဖ၀ါးများက နူးညံ့မှုမရှိကြ ။ ကြမ်းတမ်းသော အသွင်ကို ဆောင်နေကြသည် ။ ထိုခြေဖ၀ါးပေါ်တွင် ခြေမွှေးများက ကြမ်းတမ်းစွာပေါက်ရောက်နေကြလေသည် ။

ထိုသူစိမ်းသည် ဂျင်းဘောင်းဘီတိုကို ၀တ်ထားလေသည် ။ ထို့ကြောင့် ထိုသူစိမ်း၏ ခြေသလုံးကြွက်သားများ ကြံ့ခိုင်မှုကို သူ မြင်နေရခြင်းဖြစ်သည် ။ ခြေသလုံးတွေက တောင့်တင်း သန်မာလှသည် ။ ကြွက်သားအဖုက ခြေလှမ်းပေါင်းများစွကို လျှောက်ခဲ့သူဖြစ်ကြောင်း သက်သေခံနေလေသည် ။

ပေါင်လုံးများ၏ ကျစ်လစ်မှု ၊ တုတ်ခိုင်မှုကို သူ ခန့်မှန်း၍သာ မြင်လိုက်ရသည် ။ ဂျင်းဘောင်းဘီအောက်တွင် အတော်ပင် တုတ်ခိုင်ကာ ရှိနေလေသည် ။ ခြေတစ်လှမ်းလျှောက်လိုက်တိုင်းတွင် ထိုတုတ်ခိုင်ကျစ်လစ်သော ပေါင်လုံးများက ကြွရွတက်လာကြလေသည် ။ သူ ထိုသူစိမ်းကို ကြောက်ရွံ့သွားမိလေသည် ။ သူ ငါ့ကို သတ်များ သတ်မလို့လား ။

သူ ခေါင်းကို အနည်းငယ် မော့ကြည့်လိုက်မိသည် ။ စွပ်ကျယ်အမည်းတစ်ထည်ကို ထိုသူစိမ်းဝတ်ထားလေသည် ။ စွပ်ကျပ်အောက်မှ ဂုတ်သား၏ တောင့်တင်းမှု ၊ လက်မောင်းသားများ ထုထည်ကြီးမား တောင့်တင်းမှုတို့ကို သူ အတိုင်းသား မြင်နေရလေသည် ။ သူ ကြောက်နေမိသည် ။ ထိုသူစိမ်းသည် သူ့ကို အလွယ်တကူပင် တစ်ခုခု လုပ်သွားနိုင်လေသည် ။

ကျယ်ပြန့်သော ရင်အုပ်သားသည် အတော် သန်စွမ်းသော ယောက်ျားတစ်ယောက်ဖြစ်ကြောင်း ဖေါ်ပြနေလေသည် ။ စွပ်ကျယ်အမည်းအောက်တွင် ညိုမောင်းသန်မာသော သူ့ကိုယ်ကာယသည် အတော်ပင် ကြည့်ကောင်းနေလေသည် ။ သူ့လက်ကို ကွေးလိုက်သောအခါတွင် ကြွက်သားအဖုများသည် သန်မာစွာ ပေါ်ထွက်နေလေသည် ။

ထိုသူစိမ်းကို သူ ဆက်မကြည့်ရဲတော့ ။ မျက်နှာချင်း မဆိုင်ရဲပါ ။ သူ့ကို တစ်ခုခု ပြောလာမည်ကို သူ ကြောက်နေမိသည် ။ ဒါဟာ အိပ်မက်သာ ဖြစ်လိုက်ပါတော့ ။ သူ ဆုတောင်းနေမိသည် ။ သူ့ဆုတောင်း မပြည့်ခဲ့ပါ ။ ထိုအရာသည် တကယ်ပင် ဖြစ်ပျက်နေခြင်း ဖြစ်လေသည် ။ သို့သော် သူ အားတင်းကာ ထိုသူစိမ်းကို ကြည့်လိုက်မိသည် ။

ကြမ်းတမ်းသော ဆံပင်သားများ ၊ အိုး ... ကြည့်ကောင်းသော နှာတံ ၊ နက်နဲ စူးရှသော မျက်လုံးအစုံ ၊ ပါးလျသော နှုတ်ခမ်းတစ်စုံ ၊ ကျယ်ပြန့်ကားသော မေးရိုး ၊ ရေစိုသောကြောင့် ကြမ်းတမ်းသော်လည်း ကြည့်ကောင်းသော ဆံပင်သားများ ၊ ဘုရား ဘုရား ... သူဟာ လူချောတစ်ယောက်ပဲ ။ ပါးသိုင်းမွှေးများနှင့် မုတ်ဆိတ်မွှေးခပ်ကျဲကျဲတို့က သူ့ပုံစံကို ပို၍ ယောက်ျားပီသစေသည် ။

ကျွန်တော် ရေတွေ စိုလာလို့ သည်မှ ခဏလောက် မီးလှုံလို့ရမလား

ထိုသူစိမ်းက သူ့ကို မေးလာသည် ။ ဟုတ်ပါရဲ့ ။ သူ့အခန်းမှာ မီးလှုံတဲ့ မီးလင်းဖိုလေးရှိတယ်လေ ။ မိုးရွာပြီဆို ချမ်းလွမ်းလို့ သူ သည်မီးလင်းဖိုလေးကို လှုံနေလေ့ရှိတတ်သည် ။ သူ ရောယောင်ပြီး ခေါင်းငြိမ့်ပြလိုက်သည် ။ ထိုသူစိမ်းသည် သူ့ကို ပြုံးပြသည် ။ သို့သော် ထိုအပြုံးသည် အကြံအစည်တစ်ခုခု ရှိနေသည့် အပြုံးမျိုး ။

ထိုသူစိမ်းသည် စွပ်ကျယ်ကို ချွတ်ပစ်လိုက်လေသည် ။ အား ... ။ အခုမှပင် ထိုသူစိမ်း၏ ကိုယ်ကို သေချာစွာ မြင်ရတော့သည် ။ ကျောကုန်းတွင် နဂါးရုပ် ခပ်ကြီးကြီးကို ဆေးမင်ကြောင် ထိုးထားသည် ။ သူ့အသားခပ်ကြမ်းကြမ်း ပေါ်တွင် တစ်မျိုးလိုက်ဖက်ကာ ကြည့်ကောင်းနေလေသည် ။

ဝမ်းဗိုက်သားများက ရှပ်နေသည် ။ အဆီပိုမရှိ ။ ဘယ်လီတုံးလေးများက ကျစ်လျစ်ကာ ကြည့်ကောင်းနေသည် ။ ဗိုက်သားချပ်ရပ်သလောက် ပြန့်ကားသော ရင်အုပ်ကားကားက သူ့ကို ပိုမိုကြည့်ကောင်းအောင် ထောက်ပံ့ပေးထားသည် ။ ထိုသူစိမ်း၏ ကြွက်သားများ တောင့်တင်းသော ကိုယ်ကာယကို သူ ကြည့်နေမိသည် ။

ထိုသူစိမ်းသည် စွပ်ကျယ်ကိုသာမက ၊ ဘောင်းဘီတိုကိုပါ ချွတ်ပစ်လိုက်သည် ။ အား ။ အောက်တွင် အောက်ခံဘောင်းဘီလေး တစ်ထည်သာ ကျန်တော့သည် ။ ပေါင်သားများက တောင်းတင်းစွာ လှပနေကြသည် ။ အောက်ခံဘောင်းဘီသည်လည်း စိုရွှဲနေလေသည် ။ ထိုသူစိမ်းက ဘောင်းဘီနှင့် စွပ်ကျယ်ကို ဘေးတစ်နေရာတွင် လှမ်းထားလိုက်လေသည် ။

အောက်ခံဘောင်းဘီ ရေစိုနေရင် ဗိုက်အောင့်တတ်တယ်ဗျ ... ကျွန်တော် ချွတ်ထားလိုက်မယ်နော် ...

ပြောပြီး ထိုသူစိမ်းက သူ့ကို ပြုံးကာ ကြည့်နေလေသည် ။ သူ ပြန်မပြုံးပြမိ ။ သူ ကြောက်နေမိသည် ။ သူ တစ်ခုခုမေးချင်နေမိသည် ။ သို့သော် သူ မမေးရဲ ။ ထိုသူစိမ်းသည် သူ့အိမ်သူ ရောကနေသကဲ့သို့အေးဆေးစွာပင် နေနေလေသည် ။ ထို့နောက်တွင် အောက်ခံဘောင်းဘီကို ချွတ်ချလိုက်လေသည် ။

အား ။ သူ မျက်လုံးကို လွှဲဖို့ ကြိုးစားလိုက်သည် ။ သို့သော် ထိုသူစိမ်း၏ အောက်ပိုင်းကို အကာအကွယ် မပါဘဲ သူ မြင်လိုက်ရလေသည် ။ အရာရာသည် ကြည့်ကောင်းနေလေသည် ။ ထိုသူစိမ်း၏ ပစ္စည်းသည် တဖြည်းဖြည်း ထောင်မတ်လာနေသည် ။ သူ ကြည့်လိုက်သောအခါတွင် ထိုသူစိမ်းသည် သူ့မျက်နှာကို ကြည့်နေလေသည် ။

ထိုသူစိမ်းသည် သူ့ကို မီးလှုံမည်ဟု လိမ်ပြောခဲ့သည် ။ တကယ်တော့ ထိုသူစိမ်းသည် မီးမလှုံခဲ့ပါ ။ သူ့အနားသို့ တဖြည်းဖြည်း တိုးကပ်လာလေသည် ။ သူ ကြောက်လန့်နေမိသည် ။ သို့သော် သူမရုန်းရဲ ။ ထိုသူစိမ်း သူ့ကို တစ်ခုခု လုပ်သွားမည်ကို သူ စိုးရိမ်နေမိသည် ။

တဖြည်းဖြည်း ထိုသူစိမ်း၏ နှုတ်ခမ်းများသည် သူ့နှုတ်ခမ်းများနှင့် ထိကပ်လာကြသည် ။ ထိုသူစိမ်း၏ လျှာဖျားလေးသည် သူ့နှုတ်ခမ်းများကို ကလိနေကြလေသည် ။ ထို့နောက် သူ့မျက်နှာအနှံ့ကို ထိုသူစိမ်းသည် နမ်းရှိုက်နေလေသည် ။ ခင်ဗျား ထွက်သွားစမ်းပါ ။ သူ အော်လိုက်ချင်သည် ။ သို့သော် သူ့ပါးစပ်များက အော်ဖို့ မအားလပ်ကြ ။

ထိုသူစိမ်းသည် သူ့ပါးစပ်များကို ထိုသူစိမ်း၏ ပေါင်ရင်းနားဆီသို့ တိုးကပ်သွားစေသည် ။ ထို့နောက် သူ့ပျော်ရွှင်မှုအတွက် ပြုစုစေလေသည် ။ သူ ရုန်းဖို့ကြိုးစားလိုက်သည် ။ သို့သော် ထိုသူစိမ်း၏ သန်မာသော ကြွက်သားများနှင့် လက်မောင်းအောက်မှ သူရုန်းမထွက်နိုင် ။ သူ့ပါးစပ်များသည် ထိုသူစိမ်း၏ သာယာစေမှုအတွက် ဦးတည်နေရလေသည် ။

ထိုသူစိမ်းသည် ကျေနပ်သွားဟန်ရှိလေသည် ။ ထို့နောက် သူ့အ၀တ်များကို ချွတ်နေသည် ။ သူ မချွတ်ချင်ပါ ။ ရာသီဥတုကလည်း အေးနေသည် ။ မိုးတွေကလည်း တ၀ုန်းဝုန်းရွာနေသည် ။ သူ အေးလွန်းနေသည် ။ အ၀တ်တွေကို သူမချွတ်ချင်ပါ ။ ကြောက်လွန်းသောကြောင့်လည်း သူ တခိုက်ခိုက်တုန်နေလေသည် ။

သို့သော် သူရုန်းသည့်ကြားမှပင် သူ့အ၀တ်များကို ထိုသူစိမ်းချွတ်တော့သည် ။ သူ ရုန်းသောကြောင့်အ၀တ်များသည် ကောင်းကောင်းမကျွတ်ပဲ အချို့နေရာများတွင် စုတ်ပြဲသွားလေသည် ။ မည်သို့ပင်ဖြစ်စေ ၊ ထိုသူစိမ်းသည် သူ့အ၀တ်များကို အောင်မြင်စွာ ချွတ်သွားလေသည် ။

သူ့တင်ပါးကို ထိုသူစိမ်း၏ လက်ကြမ်းများနှင့် ထိတွေ့လိုက်သောအခါတွင် သူလန့်ဖျတ်သွားမိသည် ။ ဘုရားရေ ။ ထိုသူစိမ်းက သူ့ကို ဘာလုပ်မှာပါလိမ့် ။ သူ ထွက်ပြေးဖို့ကြိုးစားမိသည် ။ အချည်းနှီးပင် ။ ထိုသူစိမ်း၏ လက်များက သူ့ခါးနှစ်ဖက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသည် ။ ထို့နောက်တွင် သူ့တင်ပါးသည် ထိုသူစိမ်း၏ ပေါင်ကြားထဲသို့ရောက်သွားလေသည် ။

သူ့ကျောကုန်းကို ထိုသူစိမ်း၏ ကျယ်ပြန်သော ရင်အုပ်က အုပ်မိုးကာ ဖက်ထားလေသည် ။ သူ့တင်ပါးထဲတွင် ထိုသူစိမ်းသည် လက်ချောင်းများနှင့် ကစားနေလေသည် ။ ရုတ်တရက် လက်ချောင်းထက် ပိုမိုကြီးမားသော အရာတစ်ခု ၀င်သွားသကဲ့သို့ သူခံစားလိုက်ရသည် ။ သူ ချက်ခြင်းပင် အရှေ့ကို ကော့လိုက်သော်လည်း နောက်ကျသွားချေပြီ ။

ထိုသူစိမ်းသည် ယခုအခါတွင် သူ့ကို ပုံစံအမျိုးမျိုး ကစားနေတော့သည် ။ သူ ဘယ်လိုမှလည်း ရုန်းမရတော့ ။ နာကျင်မှုကို သူ ခံစားနေရသည် ။ တစ်ပြိုင်တည်းမှာပင် သူသည် မိန်းမောနေမိလေသည် ။ လူတွေ နာကျင်မှုကို ဘာကြောင့်ကြိုက်ကြသလဲဟု သူနားလည်သလိုလိုရှိလာသည် ။

ထိုသူစိမ်းထံမှ ညည်းသံများ ထွက်လာသည် ။ နာလွန်းသော်လည်း သူ ကြိတ်မှိတ်နေလိုက်သည် ။ ထိုသူစိမ်းသည် ဆက်ဆံနေရင်းဖြင့် သူ့မျက်နှာကို အကြိမ်ကြိမ်ကြည့်နေသည် ။ သူ့နှုတ်ခမ်းကို အကြိမ်ကြိမ်နမ်းလေသည် ။ ထိုသူစိမ်း၏ စားသုံးခြင်းကို သူသည် တဖြည်းဖြည်း ကျေနပ်သလို ခံစားလာရလေသည် ။

ထို့နောက်တွင် ထိုသူစိမ်း၏ လှုပ်ရှားမှုများ ပိုမိုမြန်ဆန်လာသည် ။ တဖြည်းဖြည်း ညည်းသံက ပိုကျယ်လာသည် ။ သူသိသည် ။ ထိုသူစိမ်းပြီးတော့မည် ။ သူ့တင်ပါးကိုလည်း ထိုသူစိမ်းက လက်များဖြင့် ပွတ်ချေနေလေသည် ။ ထိုသူစိမ်း၏ ကာယဗလကို သူပွတ်သပ်နေမိသည် ။ ထိုသူစိမ်း၏ ပါးသိုင်းမွှေးများက သူ့ပါးကို ပွတ်လာသည် ။

ဆီးခုံမွှေးကြမ်းကြမ်းများက သူ့တင်ပါးတွင် ထိကပ်နေကြသည် ။ ထိုသူစိမ်း၏ အသက်ရှူသံက ပိုမိုကြမ်းတမ်းလာသလို ထိုသူစိမ်း၏ အပြုအမူများသည်လည်း ပိုမိုကြမ်းတမ်းလာလေသည် ။ ထိုသူစိမ်း၏ မေးရိုးကားကားကို သူ ကြည့်နေမိသည် ။ တိုကာ ကြမ်းတမ်းသော ဆံပင်များကလည်း ထိုးထိုးထောင်ထောင် ဖြစ်နေလေသည် ။

သူ ရုတ်တရက် နှမြောသလို ဖြစ်လာသည် ။ ဆက်ဆံချိန် ကုန်ဆုံးသွားမှာကို နှမြောသလိုဖြစ်လာမိသည် ။ မျက်လုံးများမှေးစင်းသွားကာ ထိုသူစိမ်းသည် အရသာခံလိုက်သည် ။ ထို့နောက်တွင် ထိုသူစိမ်း၏ သုတ်ရည်များသည် သူ့ထဲတွင် ပေါင်းစပ်ကာ စီးဆင်းသွားလေသည် ။ ထိုသူစိမ်းသည် ကျေနပ်စွာဖြင့် သူ့ကို လွပ်လပ်ခွင့်ပေးလိုက်လေသည် ။

သူ ယခု လွတ်လပ်သွားပြီ ။ ခုနကလို တစ်စုံတစ်ခု ၀င်ရောက်နေခြင်းလည်း မရှိတော့ ။ ထိုသူစိမ်းသည် သူ့ကို ရင်ဘတ်ပေါ်တွင် အိပ်စေသည် ။ သူ့တင်ပါးများကို ပွတ်သပ်ပေးနေသည် ။ သူ မျက်လုံးများမှေးကာ နေနေမိသည် ။ ထိုသူစိမ်း၏ နှုတ်ခမ်းများသည် သူ့နှုတ်ခမ်းများကို လာရောက်ထိကပ်နေကြလေသည် ။

ချစ်တယ် ...

ထိုသူစိမ်းပြောသော စကားကို သူကြားလိုက်ရသည် ။ သူ ပြုံးလိုက်မိသည် ။ မဖြစ်နိုင်ပါ ။ ထိုသူစိမ်းသည် သူ့ကို မချစ်နိုင်ပါ ။ လိမ်နေခြင်းသာ ဖြစ်လိမ့်မည် ။ ထိုသူစိမ်းသည် အခြားသူများကိုလည်း သူ့ကို ပြုမူသကဲ့သို့ပင် ပြုမူခဲ့လိမ့်မည် ။ ရုတ်တရက် သူ ရွံသွားမိသည် ။ သူ့ကိုယ်သူ တော်တော်လေး ရွံသွားမိသည် ။

သူ ရုတ်တရက် ထလိုက်မိသည် ။ ထိုသူစိမ်းကို သူ မောင်းထုတ်ပစ်လိုက်သည် ။ ထိုသူစိမ်းသည် သူ့ကို ကြောင်အမ်းစွာ ငေးကြည့်နေသည် ။ ထို့နောက် အ၀တ်အစားများဝတ်ကာ ထွက်သွားလေသည် ။ သူတစ်ယောက်တည်း အခန်းထဲတွင် ကျန်ရစ်ခဲ့သည် ။ သူ့ကိုယ်သူ သိလိုက်သည် ။ သူသည် အပြစ်ရှိနေပြီ ။ မဖြစ်သင့်သည်ကို သူဖြစ်ခဲ့သည် ။ သူသည် သိပ်ရွံစရာကောင်းနေလေသည် ။

*******************************************************************

နောက်တစ်နေ့တွင် သူ အိပ်ရာက စောစောနိုးနေမိသည် ။ ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ ရာသီဥတု ကြည်လင်နေသည် ။ မနေ့ကလို မိုးများရွာမနေ ။ အာ ။ သူ အိမ်ရှေ့က မီးသွေးအိတ်တွေ တွေ့လိုက်သည် ။ ဒုက္ခပဲ ။ မီးသွေးတွေရေစိုကုန်ရင် ဒုက္ခပဲ ။ ခြံစောင့် လင်မယား ပြန်ရောက်နေကြပြီ ။ သူတို့ကို သိမ်းခိုင်းရမည် ။

ဦးလေး ... မီးသွေးအိတ်တွေ သိမ်းလိုက်ဦးလေ ... မိုးရွာရင်ဒုက္ခရောက်ကုန်မယ် ...

ဦးလေးက ကျွန်တော့်ကို တအံ့တသြ ကြည့်နေသည် ။

မိုးရွာရင် ... မိုးရွာရင် ဟုတ်လား ... အခုက ဆောင်းတွင်းလေ ကလေးရဲ့ ...

သူ ကြောင်အသွားမိသည် ။ ဘာကို ဆောင်းတွင်းလဲ ။ မနေ့ကတင် မိုးတွင်းပါ ။ ထိုသူစိမ်းကို သူတွေ့ခဲ့သေးသည် ။ သူ ဦးလေးကြီးနှင့် မငြင်းချင်ပါ ။ ထို့ကြောင့် သူ ဘာမှ မပြောဘဲ အိမ်ထဲဝင်သွားလိုက်သည် ။ သူ မနေ့က ဖတ်သော စာအုပ်ကို ဖတ်ရဦးမည် ။ အောက်က ဦးလေကြီး လှမ်းအော်လိုက်သံကို သူကြားလိုက်ရသည် ။

ကလေးရေ ... ဦးလေး မင်းမိဘတွေရဲ့ အုတ်ဂူကို သန့်ရှင်းရေး သွားလုပ်မလို့ ... ညနေမှ ပြန်လာမယ်နော် ...

သူ စဉ်းစားမိသည် ။ မဖြစ်နိုင် ။ သူ့မိဘတွေ ခရီးထွက်သွားခြင်းသာ ဖြစ်သည် ။ ခရီးထွက်ပြီး ဘာတွေ ဖြစ်ခဲ့သလဲ သူ မသိချင် ။ ထိုနေ့တွင် သူ့ကို တစ်စုံတစ်ယောက်သည် လိင်ပိုင်းဆိုင်ရာအနိုင်ကျင့်ခဲ့သည် ။ ဒါကိုလည်း သူ ပြန်မတွေးချင် ။ ဖြစ်နိုင်ရင် သူ အတိတ်တွေမေ့လိုက်ချင်သည် ။

မိုးညအိပ်မက်မြူ ဇာတ်လမ်းထဲမှ ဇာတ်ကောင်လို ကိုမြင့်ဝေ ၊ ကိုညိုမှိုင်း ၊ ကိုသစ္စာဆိုပြီး ဘ၀တွေ တစ်ခုပြီးတစ်ခု သူ ပြောင်းလဲလိုက်ချင်သည် ။ သူ ဖတ်နေသည်မှာ ဘယ်နှခါမှန်းမသိတော့သော မိုးညအိပ်မက်မြူ စာအုပ်ကို သူပြန်ဖတ်နေမိသည် ။ ရုတ်တရက် မိုးတွေ ရွာလာပြန်သည် ။ သူသိနေသည် ။ မကြာခင် သူခြေသံတွေ ကြားရဦးမည် ။

ပထမဆုံးအကြိမ်က သူ့ကိုယ်သူ သတ်သေရန် ကြိုးစားခဲ့သည်အထိ သူမုန်းခဲ့သော ခြေသံများကို ယခုအခါတွင် သူ မျှော်လင့်နေမိပြီဖြစ်လေသည် ။ ရုတ်တရက်ခြေသံများကို သူကြားလိုက်ရသည် ။ သူသည် ထိုခြေသံများကို သိနေသည် ။ ထို့နောက်တွင် သူသိပ်မုန်းခဲ့ဖူးသော လူတစ်ယောက်သည် ဂျင်းဘောင်းဘီအတိုနှင့် စွပ်ကျယ်အမည်းကို ၀တ်ကာ သူ့အခန်းထဲသို့ ၀င်လာဦးမည် ဖြစ်လေသည် ။

ပြီး (မင်းခန့်နိုင်)

No comments:

Post a Comment

အချစ်တစ်ခု ပြယုဂ်တစ်ခု

“......................”  သားကြီးဆီမှ ကြားလိုက်ရသော နာမည်ကြောင့် ကျွန်မတစ်ကိုယ်လုံး တောင့်ခဲ သွားသည်။အဆုံးမရှိသောတွင်းနက်ကြီးထဲသို့ ပြုတ်ကျ...