Saturday, August 9, 2014

ဂေးဖြိုနည်း ... အခန်း(၄)

သုတ ... နင် ငိုနေတာလား ... ငါ စိတ်မကောင်းလိုက်တာ သုတရယ် ... ငါလေ ... ။
မိုးပွင့်များနှင့်အတူ ကျွန်မပါ လိုက်ငိုမိသည် ... ။ သုတကတော့ ကျွန်မကို ကျောခိုင်းထားပါသည် ... ။ သုတရယ် ... ငါလေ ... နင့်ကို ပျော်စေချင်လိုက်တာဟာ ... ။
ကျွန်မ ဂျိုင်းထောက်ကြီးကိုလည်း သတိထားပြီး ကိုင်ရပါသေးတယ် ... ။ အိုး ... စိတ်ရှုပ်လွန်းလို့ လွှင့်တောင် ပစ်လိုက်ချင်တယ် ... ။ ပြောရင်းမှ သုတ ကျွန်မ ဘက်ကို လှည့်လာပါတယ် ... ။
ဝါခြည် ... နင် လူတစ်ယောက်ယောက်ကို ချစ်ဖူးလား ... ။
ကျွန်မ ခေါင်းငြိမ့်လိုက်ပါတယ် ... ။ ဟုတ်တယ်လေ ... ကျွန်မ သုတကို သိပ်ချစ်တာကိုး ... ။
နင် သိပ်ချစ်တဲ့ သူက နင့်ကို ထားသွားမယ် ဆိုတာ သိရင် နင်ဘာလုပ်မှာလဲ ... ။
ကျွန်မ ဘယ်သိပါ့မလဲနော် ... ခေါင်းခါ ပြလိုက်ပါတယ် ... ။
ငါလေ ... ဘာလုပ်ရမလဲ မသိတော့ဘူး ၀ါခြည်ရယ် ... ငါ့ကို သူ တကယ်ထားသွားတော့မှာလား ... သူ့မွေးနေ့ ... သူ့မွေးနေ့ ရောက်မှာကို ငါ ကြောက်နေပြီ ၀ါခြည်ရယ် ... ။
ကျွန်မ သက်ပြင်းလေးကို ခိုးချလိုက်ပါတယ် ... ။ တကယ်လို့များ သူတို့နှစ်ယောက်ရဲ့ ပြတ်စဲမှု အဆုံးသတ်ဟာ ကျွန်မနဲ့ သုတရဲ့ ချစ်ခြင်းတွေ စတင်ဖို့ အစများ ဖြစ်လာခဲ့ရင် ... ။ မတွေးသင့်တာကို တွေးမိလို့ ကိုယ့်ဖာသာတောင် မလုံမလဲ ဖြစ်သွားမိပါတယ် ... ။ သုတရယ် ... နင်ငါ့ကို ချစ်ရင် သိပ်ကောင်းမှာပဲနော် ... ။
မိုးတွေ ရွာတာ ပိုပို သည်းသည်းလာပါပြီ ... ။ သုတ ... အအေး မိမယ် ... ပြန်ကြရအောင်နော် ... ။ သုတ ကျွန်မကို ဘာမှ ပြန်မပြောပါဘူး ... သူ့ဘာသာ လှည့်ထွက်သွားပါတယ် ... ။ လှေကားတွေအောက် သူဆင်းတာ မြန်လို့ ... ကျွန်မလည်း နောက်က ဂျိုင်းထောက်နဲ့ ပြေးလိုက်ပါတယ် ... ။ အသွားမတော် တစ်လှမ်းတဲ့ ခြေခေါက်ပြီး ပြုတ်ကျပါလေရော ... အမေ့ ..... ။
ဝါခြည့်တစ်ကိုယ်လုံး မူးတက်သွားပါတယ် ... ။ ခြေထောက်က နာကျင်တဲ့ ဝေဒနာက စူးကနဲပါပဲ ... ။ သုတ ကျွန်မကို စိုးရိမ်တကြီး ကြည့်တော့ ကျွန်မ ကြည်နူးလိုက်တာ ... ။ သတိလည်း မလစ်ပါပဲနဲ့ ကျွန်မလည်း သုတ လက်မောင်းပေါ်မှာကို လဲကျ ပစ်လိုက်ပါတယ် ... ။
ဝါခြည် ... ၀ါခြည် ...  ဟာ ... နင်မေ့လဲတော့ ငါ ဘယ်လို လုပ်ရမှာလဲ ... ဒုက္ခပဲ ... ဆေးရုံကို ဖုန်းခေါ်မှ ရမှာပေါ့ ... ။
ဖုတ် ... ။ အမလေး သုတရယ် ... လူနာပါဆိုနေမှ လူကို ပစ်ချသွားပြီး ဖုန်းသွားခေါ်နေလေရဲ့ ... ။
မကြာခင် ဆေးရုံကား လာတော့မှ ကျွန်မလည်း သတိပြန်လည် လာသလို လုပ်လိုက်တာပေါ့လေ ... ။ ပြီးတော့ ဆေးရုံကားကြီးပေါ်မှာ မင်းသမီးတွေ မေးသလို မေးလိုက်တာပေါ့နော် ... ။ ကျွန်မ ဘယ်ကို ရောက်နေတာလဲဟင် ... ။ ဘေးမှာ သုတက ရှိနေပါတယ် ... ။ နင့်ကို ဆေးရုံ ခေါ်သွားမလို့ ... နင်လှေကား ပေါ်က ပြုတ်ကျတာလေ ... မမှတ်မိတော့ဘူးလား ... ။
အား ... ကျွတ်ကျွတ် ... မှတ်မိပြီ မှတ်မိပြီ ... ။

ဝါခြည် ဖြစ်သွားရတာ ကျွန်တော့်ကြောင့်လည်း ပါမှန်း ကျွန်တော် သိလို့ သူ့ကိုပဲဂရုစိုက်ပေးခဲ့မိပါတယ် ... ။ သူ ဆေးရုံတက်တဲ့ အချိန်တစ်လျှောက်မှာ ကျွန်တော် သူ့နားမှာပဲ နေပေးဖြစ်ခဲ့ပါတယ် ... ။
ဝါခြည် ... နေကောင်းအောင်နေနော် ... ။
အင်း ... ငါ နေကောင်းနေပါပြီ သုတရယ် ... နင့်ကိုကိုက နင့်ကို မဆက်သွယ်ဘူးလားဟင် ... ။ မဆက်သွယ်မှန်းသိသိနဲ့ ကျွန်မ မေးလိုက်တာပါ ... ။ မဆက်သွယ်ပါဘူးဟာ ... အင်းလေ ... သူ အသစ်ရနေပြီဆိုတာ ငါ ကြားပါတယ်လေ ... ။
ငါ စိတ်မကောင်းပါဘူး သုတရယ် ... ။
ငါလေ ... ယောက်ျားတွေကို စိတ်ကုန်သွားပြီ ၀ါခြည်ရယ် ... ငါနဲ့နင်နဲ့ ချစ်ချစ်ခင်ခင်နဲ့ ညီအစ်မ အရင်းတွေလို နေကြတာပေါ့ ... ။
ဟာ ... ဘာဆိုင်လို့လဲ ... မောင်နှမလို နေကြမယ်လေ ... ။
နင် နေချင်သလို နေဟာ ... ငါ အခု လုပ်ချင်တာ တစ်ခု ရှိတယ် ... ။
ဘာကိုလဲ ... ။
နင်ဆေးရုံက ဆင်းမှပါ ... ။
ပြောကြည့်လေ ... ။
ငါ ... သူ့ကို ကလဲ့စားချေချင်တယ် ... ။
ဘယ်သူ့ကိုလဲ ... ။
နင်သိပါတယ် ... ကိုကို့ကိုလေ ... နင်ဆေးရုံက ဆင်းရင် နင်နဲ့ ပူးပေါင်းပြီ သူ့ကို ကလဲ့စားချေကြမယ် ... ။
ဟာ ... နင်ကလည်း သူ့ကို စိတ်မကုန်သေးဘူးလား ... ။
ကုန်သွားပါပြီ ... ငါ သူ့အတွက် ကျခဲ့တဲ့ မျက်ရည်လည်း ကုန်ပါပြီ ... ငါ သူ့ကို မကျေနပ်ဘူး ၀ါခြည်ရာ ... သူ့ကို ငါ့လိုပဲ ပြန်ခံစားစေချင်တယ် ... ။
သုတရယ် ... ငါ နင့်အတွက်ဆို အမြဲ ကူညီဖို့ အသင့်ပါ ...  ငါ ကူညီပါ့မယ် ... ။
ကျွန်တော် ၀ါခြည့်ကို တော်တော် ကျေးဇူး တင်သွားမိသည် ... ။ ယခုအခါတွင် ၀ါခြည်သည် ကျွန်တော့်အတွက် အားအကိုးရဆုံး သူငယ်ချင်းတစ်ယောက် ဖြစ်လာခဲ့ချေပြီ ... ။

မင်းခန့်နိုင်

No comments:

Post a Comment

အချစ်တစ်ခု ပြယုဂ်တစ်ခု

“......................”  သားကြီးဆီမှ ကြားလိုက်ရသော နာမည်ကြောင့် ကျွန်မတစ်ကိုယ်လုံး တောင့်ခဲ သွားသည်။အဆုံးမရှိသောတွင်းနက်ကြီးထဲသို့ ပြုတ်ကျ...