Tuesday, August 5, 2014

ပန်းမဟုတ်သော ပန်းတစ်ပွင့်အကြောင်း (၆)

အခန်း(၁၁)
အ…အား..
“ဟင်နန္ဒ“
အောင်ခိုင်ခြေထိုးခံလိုက်သည်က တစ်ယောက် ခြေထိုးခံရပြီး မှောက်ယက်လဲသွားသူက နန္ဒဖြစ်သွားသည်။ နန္ဒကလည်း ညီညီငယ်ဆင်းလာတာကိုမြင်ပြီး အားတက်သရော တက်လာကာ အောက်ခြေမှ ထောက်ချောက်ကို မမြင်မိလိုက်။
ထိုကြောင့်လည်း အချိန်မထိန်းနိုင်ဖြစ်သွားကာ ဘာမှ ပြင်ဆင်ချိန်မရလိုက်သလို အထိနာက လဲကျသွားတော့သည်။
“ဟင်နန္ဒ”
အောင်ခိုင်နန္ဒထိသွားမှန်လည်း သိရော ခြုံထဲကတိုးပြီး ထွက်ပြေးလာခဲ့တော့သည်။ နန္ဒနှင့်ညီညီငယ်ကတော့ ခြေထိုးခံလိုက်သော ခြေထောက်တစ်ခုသာအမှတ်တမဲ့တမှတ်တွေ့လိုက်ရသည်။ နန္ဒကတော့ မည်သူဘယ်ဝါဆိုတာ သိလိုက်ပေမယ့် ညီညီငယ်ကတော့ မသိလိုက်ချေ။ စိုးရီမ်တကြီး နန္ဒအနားသို့ပြေးသွားက ထူလိုက်သည်။
“နန္ဒ….နန္ဒ.. ဘယ်လိုနေသေးလဲ ဘာဖြစ်သွားသေးလဲ“
“အား …ငါ့ခြေကောက်ဝတ်တအားနာတယ်.. “
ဟုတ်ပါသည် ခြေကောက်ဝတ်မှာ ချက်ခြင်းယောင်တက်လာသည်။
“ဟာကျိုးသွားပြီးလာမသိဘူး အကြီးကြီးဖြစ်လာတယ်“
“အာ မင်းနော် ငါ့ကို….မင်းပြောမှပိုလို့တောင်နာလာသလိုပဲ.“
ညီညီငယ်ကလဲ အားပေးရှာသည်။ ဒဲ့ဒိုးသာပြောသည်။ နန္ဒလဲကျသွားသည်နှင့် အောင်ခိုင်ကတော့ ပြေးထွက်သွားတာ အမှီလေးတောင်မမြင်လိုက်ရ၊
အောင်ခိုင် ကြောက်ကြောက်နှင့် ဇွတ်ပြေးလိုက်လာတာ ရှေ့မှထွက်သွားသည့် အုပ်စုကိုပင် တောင်ကျချောင်းမကူးခင် မှီသွားခဲ့သည်။ ကျောင်းသူ၊သားများကလဲ မောကလဲမော မြန်မြန်ချောင်းကို ဖြတ်ချင်ဇောကြီးနေသဖြင့် အောင်ခိုင်ရောက်လာသည်ကို မည်သူကမှသတိမထားမိလိုက်ချေ။
“ဆရာ ဒီတောင်ကျချောင်းက ရေကြီးလာ“
ရေမရှိသော ချောင်းကလေးကို ဖြတ်နေစဉ် နှင်းဆီ ဆရာကိုမေးလိုက်ခြင်းဖြစ်ပါသည်။ သူ့အိတ်အား ပြန်ယူသော ညီညီငယ်အတွက်လည်း စိုးရိမ်မိပါသည်။
“အေးဟုတ်တယ်ကွယ့် ဒီချောင်းလေးက ရိုးရိုးသာမန်အချိန်ဆိုရင်တော့ ဒီလိုပဲရေတောင်မရှိဘူးကွယ့်၊ အင်း ဟိုတောင်အထက်ဘက်က မိုးတွေကျလာရင်တော့ ကြောက်ခမ်းမှန်းလိလိ ရေတွေကြီးတယ်၊ ဒါကြောင့်တောင်ခြေ ရွာကလူတွေက မိုးလာပြီးဆိုရင် ရွာကိုပြန်မအိပ်ရတဲ့ရက်တွေရှိကြတယ် ”
“ဒါဆိုဘယ်မှာအိပ်ကြတာလဲ ဆရာ”
“ဒီချောင်းရိုးကမ်းဘောင် အတိုင်းအပေါ်ကိုဆန်တက်သွားလိုက် သိပ်မကွာဝေးတဲ့နေရာလောက်မှာ တောင်စခန်းတွေလုပ်ထားတယ် လူတွေနားလို့လည်းရတယ်၊ အစားသောက်တွေလည်း မပူရဘူး အားလုံးကတော့ အဆင့်သင့်တွေလုပ်ပြီးထားကြတယ် ဒါကတော့ ရွာကလူတွေရဲ့စုပေါင်းဆောင်ရွက်တဲ့ ချစ်စရာဓလေ့တစ်ခုပေါ့ကွယ် ”
“ ဟုတ်တယ်နော် ဆရာ ”
တွယ်တာတို့နှင်းဆီတို့ကောင်မလေးတွေက ဆရာပြောပြသော ဗဟုသုတများနားထောင်ရင် နှင့်ပျော်ရွှင်နေပါသည်။ တစ်ဘက်ကမ်းသို့ရောက်မှ ဆရာက။
“ကဲကဲ ခဏနားမယ် အောင်ခိုင်တို့ကိုစောင့်ရင်း …ဟာအောင်ခိုင် ဘယ်မှာလည်း ညီညီငယ်က ”
“ ဗျာ…ဟိုလေ..ဟိုကျနော်မလိုက်သွားဖြစ်ဘူး နန္ဒက သူလိုက်သွားမယ်ပြောလို့ ”
“ ဟင် ”
ထိုအခါကြမှ နန္ဒကို ပြူးပြဲရှာကြတော့သည်။ နန္ဒလိုက်သွားသည်ကို မည်သူမှမသိလိုက်၊ အောင်ခိုင်လိုက်သွားသည်ဟုထင်ထားကြသည်ကို။
“ ဆရာ ”
“ ပြောသမီး နှင်းဆီ ”
“ ရေတွေက ကျလာတော့မှာလာ ”
နှင်းဆီစိုးရိမ်စွာမေးလိုက်သည်။ ဆရာကတော့ အခြေနေကို အကဲခတ်နေရင်းက။
“ အင်းသိပ်မကြာတော့ဘူး ရေတွေကျလာတော့မယ် မိနစ် ၃၀လောက်တော့ ရနိုင်သေးတယ် သူတို့ပြန်ရောက်ကောင်းပါတယ် ”
“ဒုက္ခပါပဲ ညီညီငယ်တို့လည်း ပြန်တာတောင်မတွေ့သေးဘူး”
“မစိုးရိမ်ပါနဲ့ယောက်ျားလေးတွေပဲ သွက်ပါတယ် သူတို့ပြန်လာတော့မှာပါ”
ဆရာလည်းပြောသာပြောနေသည်။ မျက်လုံးများက ညီညီငယ်တို့လာရာလမ်းဆီသို့ကြည့်နေမိသည်။
အောင်ခိုင်မှာစိတ်မလုံခြုံစွာနှင့် ဆရာတို့နှင့် အနည်းငယ်ဝေးသော နေရာမှာသွားနေရင် ညီညီငယ်တို့ လာရာလမ်းသို့သူလည်း ကြည့်နေမိသည်။
နှင်းဆီကတော့ စိုရီမ်စွာ ပြန်ခဲ့သည့်လမ်းကို ကြည့်နေမိသည်။ ထိုအချိန်တွင် တစ်ခြားအဖွဲ့မှလူများလည်း တဖွဲဖွဲ ရောက်လာကြတော့သည်။
အောင်အောင် ကတော့ အရင်ဆုံး ညီညီငယ်ကိုလိုက်ရှာနေသည်။ နောက်ဆုံးမတွေ့တော့မှ စိုးရီမ်စွာ နိုင်နိုင်ကို မေးလိုက်သည်။
“ ညီညီငယ်တို့ရော ”
“ ဘယ်သိမှာလည်း နွားမကျောင်းဘူး ”
“ လဒ အကောင်းမေးတာကို ”
“ သူအကြောင်းလာမမေးနဲ့ ဖြေရမှာသနလို့ ”
အောင်အောင် ကန်ပစ်ချင်စိတ်ပေါက်ကာ ခြေဖြင့်ကောက်ရွယ်လိုက်သည်။ တကယ်တော့ မကန်ဖြစ်ပါ။ နောက်တော့ အောင်ခိုင်တစ်ယောက်တည်း ထိုင်နေသည်ကို ကြည့်လိုက်သည်။ သူအောင်ခိုင်ကို မေးရန်အတွက် ကြည့်လိုက်တော့၊ အောင်ခိုင်မျက်နာမှာ ပုံမှန်မဟုတ်ပဲ ပျက်ယွင်းနေသည်။ တစ်ခုခုကို စိုးရီမ်သောက ရောက်နေသည့် အနေထားတွင်တွေ့လိုက်ရတော့၊ အောင်အောင်စိုးရီမ်သွားတော့သည်။ ထိုနောက် ဆရာဆီထသွားကာ ပြောလိုက်သည်။
အောင်အောင်မှာပြာယာခတ်လို့နေပါတော့သည်။ နေမထိထိုင်မသာဆိုသည့်စကားသည် ထိုအရာမျိုးကိုပြောတာများလာမသိ၊ အောင်အောင်ထိုင်လို့လည်းမရ၊ ထလို့လည်းမရ၊ စိုးရိမ်ပူပန်မှု့ကငယ်ထိပ်စောင့်လို့လာသည်။
“ဆရာလုပ်ပါအုံး ညီညီငယ်တို့ ကိုဆရာရယ် တစ်ခုခုလုပ်ပါအုံး”
ဆရာမျိုးမင်းလည်း ကျန်အဖွဲ့များမှ ကျောင်းဆရာ ကိုကျော်မိုးထံသွားလိုက်သည်။
“ကဲဆရာကျော်မိုး ကျနော်ကို ဝေါ(လ်) ကီးတော်ကီးခဏလောက်ပေးပါဗျာ”
ထိုအသံလည်းကြားရော အောင်အောင် ဆရာမျိုးမင်းအနားသို့စွေ့ကနဲရောက်သွားသည်။ ဆရာမျိုးမင်းကတော့ အောင်အောင်ကိုကြည့်ရင်မျက်စိနောက်လာတော့သည်။
“နန္ဒ...နန္ဒ....နန္ဒ”
ဆရာမျိုးမင်း နန္ဒအဖြေကိုစောင့်နေရင်က လက်ကိုအောက်ချလိုက်တော့ အောင်အောင်က၊ ဆရာမျိုးမင်း၏ လက်အောက်ချသည့်ဘက်သို့ ခေါင်းစောင်းကာလိုက်သည်။
“ဟာ မင်းဘာဖြစ်နေတာလဲ”
“ဟိုဟို...မကြားရမှာစိုးလို့”
“ဟာကွာ မင်းကတစ်မှောင့်”
“ဆရာ ဆရာမျိုးမင်းလာ ကျနော် ညီညီငယ်ပါ”
“ညီညီငယ်လား အောင်အောင်ပါ”
အရေးထဲ အောင်အောင်ကလိုက်အော်နေသည်။
“ဟာကွာ သွားစမ်း မင်းအသံလည်းကြားရမှာမဟုတ်ဘူး ဒီကခလုတ်လေး နှိပ်ပြီးမှပြောရတာ မင်းအသာနေစမ်းပါ ဒီမှာ အရေးကြီးလို့ပြောနေတာကို”
ဆရာမျိုးမင်း အမြင်ကတ်ကာ ဘုတောပစ်လိုက်သည်။
“ဟုတ်ကဲ့ ဟုတ်ကဲ့ ဆရာ”
“အေး ညီညီငယ်တို့ဘယ်မှာလဲ ဆရာတို့တောင်ကျချောင်းတစ်ဘက်မှာစောင့်နေတယ် မြန်မြန်လာကြတော့လေ”
“ဒီမှာနန္ဒလေ ခြေခေါက်လဲသွားလို့”
“ဟာဒါဆိုခုဘယ်မှာလဲ ချောင်းကို မြင်ရပြီးလာ”
“ဘယ်မှာလဲတော့မပြောနိုင်သေးဘူးဆရာ ကျနော်တို့ ဖြေးဖြေးခြင်းပဲ ဆင်းလာလို့ရတယ် ချောင်းကိုလဲ မမြင်ရသေးဘူးဆရာ”
“ဟေ...”
ဆရာမျိုးမင်း ချောင်းအထက်ဘက် တောင်ပေါ်မော့ကြည့်လိုက်တော့ မိုးတွေရွာနေချေပြီး။ အောင်အောင် ကလည်းပြာယာခတ်လို့နေပါတော့သည်။
“ဘယ်လိုလုပ်မလဲ ဘယ်လိုလုပ်ကြမလဲ ဒုက္ခပါပဲ ကယ်ကြပါအုံး၊ ဘယ်လိုလုပ်မလည်း ဆရာ ဟာကွိုင်ပဲ ဘာလုပ်ကြမှာလဲ လုပ်ကြပါအုံး၊ ဆရာ ကျနော်လိုက်သွားလိုက်မယ်”
“ဟာ ဒီကောင်က တမှောင့် မင်းကိုပြောရဆိုရတာက ပိုပင်းပန်တယ် မျောက်လိုခုန်မနေနဲ့ သေခြင်လို့လာ၊ ဟိုမှာမြင်လာ ရေတွေကကျလာပြီး”
အောင်အောင်ထွက်သွားမယ်လုပ်တော့ ဆရာမျိုးမင်းက ဂုတ်ကနေပြီးဆွဲထားသည်။ အောင်အောင်မှာယပ်ကယ်ယပ်ကယ် ဖြစ်နေပါတော့သည်။
ဟုတ်ပါသည်။ ဆရာမျိုးမင်းပြောသလို ရေတွေကကျလာပါတော့သည်။ ပထမတော့ နည်းနည်းခြင်း နောက်တော့ တဖြည်းဖြည်းရေတွေများလာတော့သည်။
နှင်းဆီသည် အောင်အောင်တို့ ဖြစ်ပျက်နေတာကို ကြည့်နေရင်က ၀မ်းနည်းသွားတော့သည်။ နှင်းဆီ သူမကြောင့် ညီညီငယ်တို့ဒုက္ခတွေ့ကြပြီးမဟုတ်လာ။ သူမ အပြစ်မကင်းသလို ခံစားရပါသည်။ ဆုတောင်းရုံက လွယ်လို့ ဘာမှမတတ်နိုင်တော့။ မျက်ဝန်းမှ မျက်ရည်သီများပင် ဝေ့၀ဲလာတော့သည်။
“ဟာ ဟိုမှာ ဟိုမှာ ညီညီငယ်တို့”
တွယ်တာက အားရ၀မ်းသာ စွာအော်ပြောပါတော့သည်။ အားလုံးသော သူများကတော့ ချောင်းတစ်ဘက်ခြမ်းမှာ ငယ်ငယ်သည် နန္ဒကိုတွဲခေါ်လာသည်ကို မြင်လိုက်ရပါတော့သည်။ သို့သော် ချောင်းကတော့ ရေတွေပြည့်နေပြီးဖြစ်ပါတော့သည်။
“ညီည်ီငယ် နန္ဒ ညီညီငယ် နန္ဒ ကြားလာ”
“ဟုတ်ဆရာ ပြောပါ ကျနော်နန္ဒ”
“မင်းကလဲ ဘယ်လိုဖြစ်ရတာလဲကွာ ဒီအချိန်ကျမှ”
“ဟုတ်ကဲ့ ကျနော်အပြစ်ပါ ကျနော် သတိမထားမိလို့ ဖြစ်သွားတာပါ စိတ်ပူသွားစေတဲ့ ဆရာတို့ကိုကျနော်တောင်းပန်ပါတယ် ခင်များ”
“အေးအေးထားတော့ ဒီညတော့မင်းတို့ပြန်လာနိုင်မှာမဟုတ်တော့ဘူး”
“ဗျာ ဒါဆိုသူတို့ကဘယ်သွားနေရမှာလဲ ဆရာနော် ရအောင်ခေါ်ပေး”
ငိုသံပါကြီးနဲ့ပြောလာသည့် အောင်အောင်ကို ဆရာမျိုးမင်းအမြင်ကတ်စွာကြည့်လိုက်သည်။
“မင်းကလဲ ကဲကိုကဲတယ် မင်းယောက်ျားတွေကြနေတာပဲ”
နိုင်နိုင်အမြင်ကပ်စွာ ၀င်တွယ်သည်။
အောင်အောင် နိုင်နိုင်ကို ဂရုမစိုက်နိုင်၊ နိုင်နိုင်တင်မဟုတ်ပါ၊ တစ်ခြားသော သူများကိုလဲဂရုမစိုက်နိုင်တော့၊ သူစိတ်ပူတာက ပူသည်ပဲ၊ ဒါကဟန်ဆောင်ပြီးနေလို့မှမရတာကိုး။
“နန္ဒ နန္ဒ ကြားလာ”
“ဟုတ်ဆရာ”
“မင်းတို့ ဒီချောင်းရိုးအထက်တိုင်းတက်သွား အဲဒီမှာ တောကျစခန်းတွေရှိတယ် လူတွေလည်းရှိတယ် အစစ အရာရာ အဆင်ပြေလိမ့်မယ် သူတို့ကူညီပေးလိမ့်မယ်”
“ဟုတ်ကဲ့ဆရာ ကျနော်တို့ကိုစိတ်မပူပါနဲ့ ကျနော်တို့သေခြားဂရုစိုက်ပါ့မယ်”
“အေးအေး မနက် ဒါမှမဟုတ် ညပိုင်း ရေကျလို့စောရင်တော့ လာခေါ်မယ်၊ ဟုတ်ပြီးလာ”
“ဟုတ်ကဲ့ဆရာ ဟုတ်ကဲ့ ကျနော်တို့ခုပဲသွားလိုက်ပါ့မယ်”
ဆရာမျိုးမင်းခုမှ စိတ်အေးသွားသလိုဖြစ်သွားတော့သည်။ အရေးထဲ မျောက်လောင်း အောင်အောင်က ဆရာကို မကျေနပ်သလိုကြည့်နေသည်။
“ငါကိုပါပေးသွားရင်ပြီးရော ခုချိန်ဆိုငါလဲ အဲဒီအနားမှာရှိနေမှာ”
*****

ညီညီငယ် နန္ဒကိုတွဲခေါ်လာခဲ့တော့သည်။ နန္ဒကတော့ အတော်နာနေသဖြင့် ထင်သလောက်ခရီးကမတွင်ဖြစ်နေသည်။ ထိုအချိန် ဝေါ(လ) ကီတော့ကီးမှ မြည်လာသော အသံကြောင့် ညီညီထအော်သည်။
ဂလူး..ဂလူး…
“နန္ဒ...နန္ဒ....နန္ဒ”
“အောင်မလေး”
“အာမင်းကလဲ ဝေါ(လ) ကီတော့ကီးကပါကွ ဆရာခေါ်နေတာဖြစ်မယ် မင်းလုပ်တာနဲ့ငါတောင်လန့်သွားတယ်”
“ဟာကွာ ရုတ်တရက်ဆိုတော့ လန့်သွားတာပေါ့ကွ”
“မင်းလန့်သွားတဲ့ပုံလေးကလဲ…..”
“ဘာဖြစ်လဲ”
“ဘာမှမဖြစ်ဘူး ရော့ဖြေလိုက် ဆရာခေါ်နေတယ်”
“ဆရာ ဆရာမျိုးမင်းလာ ကျနော် ညီညီငယ်ပါ”
“အေး ညီညီငယ်တို့ဘယ်မှာလဲ ဆရာတို့တောင်ကျချောင်းတစ်ဘက်မှာစောင့်နေတယ် မြန်မြန်လာကြတော့လေ”
“ဒီမှာနန္ဒလေ ခြေခေါက်လဲသွားလို့”
“ဟာဒါဆိုခုဘယ်မှာလဲ ချောင်းကို မြင်ရပြီးလာ”
“ဘယ်မှာလဲတော့မပြောနိုင်သေးဘူးဆရာ ကျနော်တို့ ဖြေးဖြေးခြင်းပဲ ဆင်းလာလို့ရတယ် ချောင်းကိုလဲ မမြင်ရသေးဘူးဆရာ”
ထိုကြောင့်သူတို့နှစ်ယောက် အရင်ကထက်ခြေလှမ်းများကို ခပ်သွက်သွက်လှမ်းလာတော့သည်။ သို့သော် သူတို့နောက်ကျခဲ့ချေပြီး။
တစ်ဘက်ကမ်းမှသူငယ်ချင်းများလက်ပြနေသည်ကိုသာ မြင်ရတော့သည်။ ထို့နောက် ဆရာမျိုးမင်းပြောသလို သူတို့အထက်ဘက်သို့ဆန်တက်ခဲ့တော့သည်။
နောက်ဆုံးတော့ သူတို့နှစ်ယောက် ဆရာပြောသည့်တောင်စခန်းသို့ရောက်ရှိသွားတော့သည်။ ကံကောင်းသည်က တောင်စခန်းတွင် လူကြီးတွေရှိနေကြခြင်းဖြစ်သည်။ သူတို့ကျောင်းသားတွေ တောင်တက်ခရီးလာသည်ကိုလည်း သိရှိပြီးသားဖြစ်နေပါသည်။
သူတို့နှစ်ယောက်ကို ကြည့်ခြင်းဖြင့် အခြေအနေကိုရိပ်မိကြသော လူကြီးများက နန္ဒခြေထောက်ကို တုင်းရင်းဆေးရိုးရာ ပုံစံအတိုင်း လုပ်ပေးကြပါသည်။ ထိုနောက်စားစရာများပေးကာ သူတို့လုပ်စရာရှိသည်များ လုပ်ရန်ထသွားကြတော့သည်။
နန္ဒနှင့်ညီညီငယ်သာကျန်ခဲ့ပါတော့သည်။
“မင်းနာသေးလာ”
“နည်းနည်းတော့သက်သာတယ်ကွ”
“တော်သေးတာပေါ့ ဘာမှမဖြစ်လို့၊ ဒါနဲ့ဘယ်လိုဖြစ်ပြီးလဲကျသွားတာလဲ”
နန္ဒ ညီညီငယ်စိတ်ညစ်သွားမည်စိုးသဖြင့် အောင်ခိုင်လုပ်သည်ကို မပြောတော့ပါ။
“အင်း ငုတ်တိုကို မမြင်လိုက်ဘူး တိုက်ပြီးလဲသွားတာ”
“မင်းငါ့နောက်လိုက်လာတာလာ”
“မဟုတ်ပါဘူး ဆရာကမင်းကိုစိတ်မချလို့ဆိုလို့လိုက်လာတာ”
နန္ဒသူစိုးရိမ် ၍လိုက်လာသည်ကိုတော့ အမှန်တိုင်းဝန်မခံရဲပါ။ ဘာကြောင့်လဲ လို့မေးခဲ့လျှင် နန္ဒတွင် အဖြေမရှိပါ။
ညီညီငယ် နန္ဒခြေကောက်ဝတ်ကို လူကြီးများ နှိပ်နယ်ပေးသလိုလုပ်နေပါသည်။ နန္ဒညီညီငယ် မျက်နာကို ငုံ့ကြည့်နေရင်းသည်။
“မင်းတော်တော် မာနကြီးတယ်နော်”
“ငါက ဟုတ်လား ၊ မင်းပြောသလို ငါသာမာနကြီးရင် မင်းကို ဒီလိုလုပ်ပေးနေစရာမရှိဘူး၊ ဟိုညကလဲ မင်းကိုနှစ်သိမ့်ပေးစရာ ဖြစ်လာမှာမဟုတ်ဘူး”
နန္ဒ အရင်ကစာကိစ္စကိုသိချင်စိတ်ဖြင့်မေးလိုက်ပါသည်။
“မင်းကိုစာရေးခဲ့တာမမြင်ဘူးလာ”
“စာ…ဘာစာလဲ ဘယ်တုန်းကလဲ”
“ဟင်…မင်းမမြင်ဘူးပေါ့”
“မင်းဘာတွေပြောနေတာလဲ”
“ငါ့အဘွားကိစ္စနဲ့ ရွာပြန်သွားတုံးက မနက်မှာ စာရေးထားခဲ့တယ်လေ”
“ဟင် ငါမသိပါဘူး မြင်လဲမမြင်ဘူး”
“ဒါဆိုဘယ်သူယူသွားလဲ”
“မင်းကလဲ ဘာတွေလာမေးနေလဲမသိဘူး အဲဒီနေ့က ငါနေ့ဝက်ရောက်ခါးနီးမှ နိုးတာ၊ မသိလိုက်ဘူး”
နန္ဒပြန်စဉ်းစားလိုက်သည် ထိုရက်က သူစာကို ညီညီငယ်စားပွဲပေါ်မှာထားခဲ့သည်။ တံခါးကို လော့(ခ) မချထားခဲ့မိ။ ထိုသို့ဆိုလျှင် မည်သူဝင်လာပြီး ထိုစာကိုယူသွားသနည်း။ မည်သူမှမယူလျှင် စာကိုမတွေ့စရာ အကြောင်းမှမရှိတာ။
အောင်အောင်မှာတော့ အချိန်တွေကြာလာသမျှစိုးရိမ်စိတ်တွေပိုလာတော့သည်။ နန္ဒသည် ညီညီငယ်ကို မရိုးသားဟု စိတ်ထဲမှာ သံသယဖြစ်မိသည်။ ထိုကြောင့်သူပိုလို့ပင် စိုးရိမ်မိသည်။
“ဆရာ ရေတွေကျလောက်ပြီးနော်”
“ဟာကွာ မင်းကလဲ ဒီအချိန်ရေဘယ်လိုကျမလဲ အထက်ဘက်မှာ ဒီလောက်မိုးကောင်းနေတာကို”
“ဟင်း….ဒုက္ခပဲ”
“ဘာမှစိုးရီမ်မနေနဲ့ သွားနားတော့”
“ဟိုလေ ဆရာ ကျနော်ကို ဝေါ(လ)ကီတော့ကီးလေး ငှားပါလာ”
“ဟာ ဒီကောင်တော့ မဌားဘူး သွား”
အောင်အောင် ဇက်ပုပြီးထွက်လာခဲ့တော့သည်။
နန္ဒသည် ညီညီငယ် ကသူ့ခြေထောက်ကို နှိပ်နယ်ပေးနေသည်ကို တစ်ချက်ချက်တွန့်သွားကာ နာနေရင်းက ညီညီငယ်ကို ငုံ့ကြည့်နေမိသည်။ သေခြားကြည့်တော့မှ ညီညီငယ် တော်တော်ချောပါသည်။ မျက်နာလေးက အပြစ်ကင်းစင်သည်။ အေးမြနေသည်။ သူ့စိတ်တွေဘာဖြစ်သွားသည်မသိတော့ ညီညီငယ်ကို ဆွဲမော့လိုက်ပြီး နုတ်ခမ်းကို တစ်ခြိုက်မက်မက် နမ်းပစ်လိုက်တော့သည်။
“ဟင်”
ညီညီငယ် နန္ဒလက်က သူ့မျက်နာကို မော့စေလိုက်ပြီး နမ်းပစ်လိုက်သော အခါ၊ အံ့သြမက်သက် ကာ မျက်လုံးများပြူးသွားပါတော့သည်။
အောင်အောင်ကတော့ စိုးရိမ်းစိတ်များဖြင့်၊
နန္ဒကတော့ သတိကင်းလွတ်ကာ ညီညီငယ်အား တစ်ခြိုက်မက်မက်…..
ညီညီငယ်ကတော့ မျက်လုံးများပြူးကာ နန္ဒအနမ်းတွင်………………..


အခန်း(၁၂)
နန္ဒသည် ညီညီငယ် ကသူ့ခြေထောက်ကို နှိပ်နယ်ပေးနေသည်ကို တစ်ချက်ချက်တွန့်သွားကာ နာနေရင်းက ညီညီငယ်ကို ငုံ့ကြည့်နေမိသည်။ သေခြားကြည့်တော့မှ ညီညီငယ် တော်တော်ချောပါသည်။ မျက်နာလေးက အပြစ်ကင်းစင်သည်။ အေးမြနေသည်။ နုတ်ခမ်းလေးက ရဲတက်နေသည်။ ထိုအရဲလေးပေါ်မှ အသားကဖြူတော့ အမွေးစိမ်းစိမ်းလေတွေ နှင့်တော်တော်ကို ကြည့်ကောင်းနေသည်။
ဟိုအရင်တုံးကလို နာကျဉ်းစိတ်တွေမရှိတော့၊ ရွံရှာတဲ့စိတ်တွေမရှိတော့၊ သူရင်ထဲမှာ ထိုအရာများနှင့် ဆန့်ကျင်ဘက် ခံစားနေရသည်ဟု စိတ်ထဲထင်မိသည်။
ပန်းကလေးတွေပေါ်မှာ ပျားပတုန်းတွေဝဲပျံနေသလား ထင်ရအောင် ကြည်နူးနေပါသည်။ ဘေးပတ်ဝန်ကျင် သည်ရင်ခုန်ဖွယ်ကောင်းလှအောင် အမြင်တွင် တင့်တယ်လှပနေပါတော့သည်။
သူ့စိတ်တွေဘာဖြစ်သွားသည်မသိတော့ ညီညီငယ်ကို ဆွဲမော့လိုက်ပြီး နုတ်ခမ်းကို တစ်ခြိုက်မက်မက် နမ်းပစ်လိုက်တော့သည်။
“ဟင်”
ညီညီငယ် နန္ဒလက်က သူ့မျက်နာကို မော့စေလိုက်ပြီး နမ်းပစ်လိုက်သော အခါ၊ အံ့သြမက်သက် ကာ မျက်လုံးများပြူးသွားပါတော့သည်။
အချိန်သည် ၁ မိနစ်တောင် ပြည့်မည်မထင်၊ ထိုအချိန်လေတွင် ညီညီငယ်လွင့်မျော်သွားတော့သည်။ မိမိအား နန္ဒနမ်းလိုက်သည်ကို သိလိုက်သည်။ ထိုအနမ်းသည် ချိုမြိန်ပါသည်။ နောက်ခါးသက်လှပါသည်။ နောက် အဆိပ်တွေပါလာသည် ဟုအသိက ၀င်လာတော့ ညီညီငယ် နန္ဒကို စောင့်တွန်းလိုက်တော့သည်။
“မင်းဒါဘာလုပ်တာလဲ”
ညီညီငယ် ဒေါသများထွက်ကာ အသက်ရှူသံပင်ပြင်းလာသည့် အတွက်၊ ရင်တစ်စုံမှာလည်း နိမ့်ချည်မြင့်ချည်နှင့် အသက်ရှူသံပြင်းလို့နေပါတော့သည်။
“ဟို…ဟို…ငါ…ငါလေ…ငါဘာဖြစ်သွားလဲမသိဘူး..ငါ”
နန္ဒ၏ရှက်ကိုးရှက်ကန် ခေါင်းငုံ့ဖြေနေသော အပြုမူက ညီညီငယ်ဒေါသကို ပိုထွက်စေသည်။
“တောက်”
ညီညီငယ် ထိုနေရာမှထထွက်လာခဲ့တော့သည်။ ဒေါသကလည်း အရမ်းထွက်လာသည်။ သူကိုနန္ဒအထင်သေးလို့ ဒီလိုဆက်ဆံလိုက်တာဟုပင် ညီညီငယ်ခေါင်းထဲဆွဲနေသည်။
ညီညီငယ် ထထွက်သွားသည့်နောက်သို့ နန္ဒစိတ်မကောင်းစွာ ကြည့်နေမိသည်။ သူသည် လွန်ပါသည်။ သူသိပါသည်။ ညီညီငယ်အပေါ်မှာ သူမတရားတာကို သူသိသည်။ ထိုကြောင့် စိတ်လည်း လွန်စွာ မကောင်းအောင် ခံစားရသည်။
ညီညီငယ် ထထွက်လာကာ စခန်း၃ ခုကြားက တောင်ဂမုလေးရှိကျောက်တုံးပေါ်ထိုင်နေရင် အဝေးသို့ငေးကာ နေမိသည်။
(တောက် ငါ့ဘ၀ကလဲ တော်တော်ဆိုးပါ့လာ၊ အရင်တခါတုံးကလဲ မလိုတူပါပဲ အနမ်းခံခဲ့ရတယ်၊ ခုဒီတစ်ခါကရော ဘာထူးသလဲ၊ ဒီလိုကြီးပဲ လူတွေကိုငါ့က ဒုက္ခပေးနေတာလာ၊ လူတွေကပဲငါ့ကို ရွေးပြီး ဒုက္ခပေးနေကြတာလာ၊ တောက်…..လောကကြီးမတရားဘူး)
ညီညီငယ် မိမိကိုယ်ကို သိမ်ငယ်စွာ ပထမဦးဆုံးအကြိမ်ခံစားလိုက်ရသည်။ အရင်တစ်ချိန်တုံးက ငယ်သေးသည့်အတွက် ဒီလောက် အတွေးခေါ်ဗဟုသုတမရှိတော့ ဒီလောက်မခံစားခဲ့ရ၊ ခုတော့ အရွယ်ကလဲ ရောက်၊ အသိပညာတွေလည်း တိုးတက်လာတော့ ပိုလို့တောင် ခံစားရပါသည်။
ညီညီငယ်ကိုယ့်ဘ၀ကို သနားလာသည်။ ရှေးဘ၀က ကုသိုလ်နည်းခဲ့လို့ ခုတာ့ တစ်ပါးသူ အထင်သေးအမြင်သေးခံခဲ့ရပြီးဖြစ်သည်။
ညညီအတွေးကောင်းနေတုံး အနားသို့ နန္ဒလာထိုင်သည်ကို သိလိုက်ရသည်။ သူထထွက်သွားမည်လုပ်တော့ နန္ဒသည် ညီညီငယ်လက်ကို လှမ်းဆွဲထားသည်။
“ငါတောင်းပန်မလို့ပါညီငယ်၊ ထတော့မထွက်သွားပါနဲ့ကွာ၊ ငါတောင်ပန်ပါတယ်”
“ဘာလဲ မင်းတို့တွေက လွန်သွားမှ တောင်ပန်တတ်တာလာ မလွန်ခင်ကတော့ မစဉ်းစားမိကြဘူးလာ”
“မင်းတို့တွေ…”
နန္ဒအံ့သြကာ သံယောင်လိုက်မိသည်။
“ဟုတ်တယ် မင်းတို့တွေ အားလုံးအတူတူပဲ မင်းတို့တွေက ငါ့ကို တော်တော် အထင်မြင်သေးကြတဲ့သူတွေလေ မင်းကြောင့် ငါတစ်ခါ လူကြားထဲဘယ်လို နေရမှန်းမသိအောင် ဖြစ်ခဲ့ပြီးပြီ၊ ခုတစ်ခါ မင်းက မင်းတို့ဆီမှာ ငါကိုမမြင်တွေ့ချင်တော့လို့ ထက်ကြိုးစားနေတာလာ”
“တော် တော့ညီညီငယ် ငါကိုတစ်ခြားလူတွေနဲ့ မနှိုင်းနဲ့”
“မဟုတ်လို့လာ မင်းတို့လုပ်ခဲ့တဲ့ အတိတ်က အရာတွေက သက်သေတွေပဲလေ”
“တော်တော့ ညီညီငယ် မင်းလွန်လှပြီး ငါ့အချစ်ကို မစော်ကားနဲ့ ငါမင်းကို ချစ်တာ မင်းကိုပျက်စီးရာ ပျက်စီးကြောင်း ဘယ်လိုမှမလုပ်ဘူး”
“ဘာ…….”
ညီညီငယ် ခေါင်းများပင်ကြီးသွားတော့သည်။ မထင်မှတ်သော စကားသည် နန္ဒဆီမှကြားလိုက်သောကြောင့် ဖြစ်သည်။
“ဟုတ်တယ် ငါမင်းကိုချစ်လို့ ဒီလို မထင်မှတ်ပဲ ဖြစ်သွားတာ”
“ဟားဟားဟား…..နန္ဒ…နန္ဒ…ငါ့ကို အခြောက် အခြောက်နဲ့ ပြောနေပြီးတော့ တကယ်တမ်းခြောက်နေတာက မင်းဖြစ်နေတာကို တော်တော်ရီရပါလာဟ…မင်းဟာသ တော်တော်ပြောတတ်တာပဲ”
“မင်းငါ့ကို စော်ကားလို့ရတယ် ငါ့အချစ်ကိုတော့ မစော်ကားနဲ့ ချစ်တယ်ပြောတာ ဟာသပြောနေတာမဟုတ်ဘူး”
“အလဲ့…ဒါဆိုမင်းက အခြောက်လာ”
“ဘာ….”
“ဖြေလေ မင်းက အခြောက်လာ အခြောက်ကို ကြည့်မရပါဘူး ရွံပါတယ်လို့ ပြောပြောနေတဲ့ မင်းပါစပ်က ထွက်လာတဲ့ စကားနော် ငါပြောတာမဟုတ်ဘူး ဒါတွေကို ပြန်ပြောနေစရာ မလိုပဲ မင်းသိပါတယ်”
နန္ဒ ညီညီငယ်ကို ကြောင်ငေးနေသည်။
“ဖြေလေ မင်းကအခြောက်လာ”
ညီညီငယ် မျက်နာတွင် နာကျင်နေသည့် အနေထားကို တွေ့မြင်နေရသော နန္ဒ စိတ်မကောင်းဖြစ်မိသည်။
“ဟုတ်တယ် ကွာ ငါခြောက်နေတယ် ဘာဖြစ်လဲ ဘာဖြစ်လဲ ငါခြောက်နေတယ်ကွာ”
ညီညီငယ် မုန်းတီးသော အကြည့်များဖြင့် နန္ဒကိုသေခြားစိုက်ကြည့်လိုက်သည်။ ထိုနောက် မပြောမဆိုဖြင့် နန္ဒလက်ကို ဆွဲကာ ခေါ်ခဲ့တော့သည်။
“လာခဲ့”
နန္ဒသည် ခြေထောက်က နာနေသည့် အနာကို ကြိတ်မှိတ်ခံကာ ညီညီငယ်ခပ်ကြမ်းကြမ်းဆွဲခေါ်သွားရာနောက်သို့ တရွတ်တိုက် မပါရုံတမယ် ဖြစ်လိုက်ပါသွားရတော့သည်။ ညီညီငယ်တို့ တည်းဘို့ စခန်းပေးထားသည့် အခန်းထဲသို့ နန္ဒကို ဆွဲတွန်းလိုက်တော့သည်။
“အ…”
“လာခဲ့ မင်းဒီလောက်ခြောက်နေတဲ့ကောင် လာလေ၊ ဘာဖြစ်လို့ခုမှရုန်းနေတာလဲ”
ညီညီငယ် ပြောလည်းပြော နန္ဒကို အတင်းဆွဲဖက်နမ်းတော့သည်။ ထိုနောက် အပေါ်မှ ၀တ်ထားသော အ၀တ်စားများကို ဆွဲချွတ်ပစ်လိုက်ကာ ညီညီငယ် ပွဲကြမ်းပါတော့သည်။
အစပထမ နန္ဒရုန်းပါသေးသည်။ နောက်တော့ ၀မ်းနည်းသွားတော့သည်။ ညီညီငယ်သည် သူ့အချစ်ကို စော်ကားမော်ကား ပြောရက်သည်။ ထိုသို့ပြောလို့လည်း နန္ဒစိတ်တွင်းမှ ယခင်က ညီညီငယ်အပေါ်အနိုင် ယူခဲ့သော အကြောင်းရာများဖြင့်ဖြေသိမ့်နိုင်ပါသည်။ သို့သော် ယခုလိုမျိုးအလိုမတူပါပဲ လုပ်ဆောင်ချက်ကိုတော့ ၀မ်းနည်းမိသည်။ ညီညီငယ်ကို ချစ်သည့်စိတ်က ပိုလို့နေတော့သည့်အတွက် ညီညီငယ်လုပ်သမျှကို မရုန်းတော့ပဲ အသာငြိမ်နေလိုက်တော့သည်။
အကယ်၍များ ညီညီငယ် နန္ဒကို အနိုင်ယူချင်လျှင်လည်း နန္ဒစိတ်ကတော့ မလိုလာပါပဲ ညီညီငယ်ကျေနပ်မယ် ဆိုရင်တော့ လုပ်ပါတော့၊ ညီညီငယ် သူ့၏အချစ်ကို စော်ကားသည်ကိုတော့ ၀မ်းနည်းမိသည်။ တခါမှမချစ်ဖူသည့် သူ့အချစ်သည် ညီညီငယ်ကို ချစ်နေမိပါတော့သည်။ နှစ်နှစ်ကာကာကို ချစ်မိပါသည်။
ညီညီငယ် နန္ဒကိုအတင်းနမ်းကာ နို့တွေရော ကျောတွေရော ပွတ်သပ်ကာ နေသည်။ ညီညီငယ် အဖြစ်က ဒေါသများဖြင့် အသိများပျောက်လို့နေပါတော့သည်။ ညီညီငယ် နန္ဒလည်ပင်ကိုနမ်းနေရင်က နူတ်ခမ်းကို သွားနမ်းတော့ နန္ဒမျက်နာရှောင်လိုက်သည်။ ထိုကြောင့်မျကနာချင်းအနီးကပ်မြင်သွားတော့ နန္ဒမျက်ဝန်းမှ မျက်ရည်များကို မြင်လိုက်တော့ ညီညီငယ် အသိများပြန်ဝင်လာတော့သည်။
နန္ဒကိုကြည့်နေရင်းမှ အတိတ်က မိမိဖြစ်ပျက်ခဲ့သော အကြောင်းရာများကပေါ်လာတော့သည်။ ညီညီငယ် လန့်ဖျတ်ကာ နောက်သို့ဆုတ်လိုက်ကာ နန္ဒကို တအံ့တသြကြည့်နေမိတော့သည်။ နန္ဒကတော့ ညီညီငယ်နမ်းနေခဲ့သည့် နံရံလေမှာ မှီပြီးထိုင်နေဆဲ၊ မျက်နာကတော့ ညီညီငယ်ဘက်သို့ကြည့်မနေပါ။ အပြင်သို့သာ ငေးနေသည်။ ကိုယ်ပေါ်မှာတော့ အ၀တ်က တပိုင်းတပျက် ချွတ်လျှက်နှင့် ရှိနေသည်။ အောက်ပိုင်းဂျင်းပင်ကတော့ ဇစ်တွေပြုတ်နေသည်။ ထိုအရာတွေကို ညီညီငယ်လုပ်လိုက်သည်ဟု ကိုယ်တိုင်ပင်မယုံကြည်လောက်အောင် ဖြစ်သွားသည်။ ညီညီငယ် စိတ်မကောင်းဖြစ်သွားတော့သည်။
“ငါတောင်ပန်ပါတယ် ငါလွန်သွားတယ် နန္ဒ ဆော်ဒီး”
ညီညီငယ် နန္ဒအ၀တ်စားများကို နေရာတကျဖြစ်ရန် နန္ဒကို ပြန်လုပ်ပေးနေသည်။ နန္ဒကတော့ ငြိမ်သက်လျှက် ဘာမှလည်း ပြန်မပြောတော့ပါ။ ညီညီငယ် စိတ်မကောင်းဖြစ်ကာ သွားသည်။ နန္ဒအ၀တ်စားများကို ကိုယ်တိုင်ပြန်ဝတ်ပေးခဲ့ပြီးမှ ညီညီငယ် ထိုအခန်းထဲမှ ပြန်ထွက်ခဲ့ပါတော့သည်။
နန္ဒကတော့ ထိုနေရာမှာပဲ မလှုပ်မရက် ကျန်ခဲ့ပါတော့သည်။ သူရင်ထဲမှာတော့ ၀မ်းနည်းမှု့တွေနဲ့။
နှလုံးသားက အသံတစ်ချက်ထအခုန်မှာ
ငါ့အသဲတံခါးပွင့်နေခဲ့တယ်။
စမ်းစစ်လိုက်တော့ ခြေရာတစ်စုံက အနက်ချိုင်းဆုံးမှာ ရပ်နေသည်။
ရပ်နေသည့်ခြေအစုံကို မလာပါနဲ့လို့ မပြောရက်သလို၊ ထွက်သွားမှာကိုလည်း မလိုလာ၊
မသိလိုက်တဲ့အချိန်မှာ မထင်မှတ်စွာ ခြေအစုံပိုင်ရှင်ကို မက်မောနေခဲ့ပြီး။
ငါချောက်ထဲနစ်ခဲ့ပြီး။
<<<<<<<<<<<<<<<<<<>>>>>>>>>>>>>>>>>>
နန္ဒနှင့် ညီညီငယ်တညလုံးမအိပ်ခဲ့ကြပါ။ တစ်ယောက်က အခန်းထဲရှိ နံရံတွင် မလှုပ်မယက်နေခဲ့သလို အခန်းအပြင်ဘက်မှာငုတ်တုတ်ထိုင်ခဲ့သည့် တစ်ယောက်ကလဲ ကြယ်များကိုကြည့်ရင် ၀မ်းနည်းစွာ ငိုကြွေးနေခဲ့သည်။ မျက်ရည် နှစ်စီးတွယ်ကျခဲ့သော ညလေးတစ်ည ကို အသံတိတ်စွာ ဖြတ်တမ်းခဲ့ကြသည်။
မနက်မိုးလင်းတော့ ညီညီငယ် နှင့်နန္ဒကို တောစခန်းမှ လူကြီးများက ရွာသို့လိုက်ပို့သည်။ ရွာရှိစောင့်နေကြသော ဆရာများနှင့်ကျောင်းသားတွေဆီရာသို့ သူတို့ မနက်မိုးလင်း တုံးခေါက်တော့ ဆင်းလာခဲ့သည်။
ရွာတွင်တော့ ဆရာနှင့်ကျောင်းသား အနည်းငယ်သာ ညီညီငယ်နှင့်နန္ဒကို စောင့်နေကြပြီး ဆရာတစ်ချို့နှင့်ကျောင်းသား အနည်းငယ် ကျောင်းသူအားလုံးကတော့ ကျောင်းကြီးဆီသို့ပြန်သွားနှင့်ကြပါသည်။
“ဘယ်လိုလုပ်မလဲ ကွိုင်ပဲ ဘယ်လိုလုပ်ကြမလဲ”
“ပြောရမှာလာ ဘယ်လိုလုပ်ရမယ်ဆိုတာကို”
ကိုကိုလေး အောင်အောင်ကို အမြင်ကတ်စွာမေးလိုက်သည်။ ဘာတွေဖြစ်နေသည်ကိုမသိ၊ တစ်ညလုံးလည်း ပွက်လောရိုက်နေသည်က အနားကလူတွေပင်စိတ်ညစ်ရသည်။
“မင်းပါးစပ်ကိုပိတ် ငြိမ်ငြိမ်လေ နေရင်ပိုကောင်းမယ်”
“ဟာကိုကိုလေး မင်းကလေ ငါ့ဆိုတစ်စက်မှ အကောင်းမပြောဘူး”
“မင်းက အကောင်းပြောချင်စရာကိုး ၊တော်တော် အမြင်ကတ်အောင်လုပ်တာပဲ၊ ငါ့ညီကို ငါလည်းစိုးရိမ်တာပဲကွ”
အောင်အောင်မကျေနပ်ပဲ တစ်ကိုယ်သာကြားနိုင်သည့် လေသံမျိုးဖြင့် နုတ်ခမ်းလှုပ်ရုံသာ ပြောဆိုလိုက်ပါသည်။
“အပိုတွေ၊ တစ်ခြားလူသွားပြော မသိတာကြနေတာပဲ”
“ဘာပွစိ ပွစိနဲ့လုပ်နေတာလဲ ဘာပြောတာလဲ”
“ဘာမှမပြောဘူး”
“ရုပ်ကိုက၊ မျောက်လောင်းကြနေတာပဲ တစ်စက်မှကို အငြိမ်မနေဘူး”
အောင်အောင် ကိုကိုလေးပြောနေသည်ကို ဂရုမစိုက်ပဲ မျက်နာတောင် မော့ထားလိုက်သေးသည်။ သို့ပေမယ့် စိုးရိမ်စိတ်ကတော့ လျော့မသွားပါ။
အောင်အောင်ကတော့ မိုးနတ်မင်းတွေရော တောစောင့်နတ်တွေရော အားလုံးစုံသွားသည်။ ဆုတောင်းရသည်။
သူဆုတောင်းပြည့်ခဲ့သည် ဟုပြောရမည်လာပင် ညီညီငယ်တို့ ပြန်ရောက်လာတော့ အောင်အောင် ပျော်ရွှင်နေသည်။ ရောက်တော့လည်း ပျာယာခက်ကာ မမောတမ်းမေးနေတော့သည်။ အောင်အောင် မေးသမျှကို ညီညီငယ်နှင့် နန္ဒစိတ်မပါပဲ ဖြေဆိုနေကြပါသည်။
သူတို့ရောက်မှပင် အားလုံး ကျောင်းကြီးဆီသို့ပြန်ခဲ့ကြပါတော့သည်။

ဆက်ရန်
Jinjar

No comments:

Post a Comment

အချစ်တစ်ခု ပြယုဂ်တစ်ခု

“......................”  သားကြီးဆီမှ ကြားလိုက်ရသော နာမည်ကြောင့် ကျွန်မတစ်ကိုယ်လုံး တောင့်ခဲ သွားသည်။အဆုံးမရှိသောတွင်းနက်ကြီးထဲသို့ ပြုတ်ကျ...