Saturday, August 23, 2014

သုံးပင်လိင်တဲ့ ည (28)

ကိုကျော်စိုးရဲ့ မျက်နှာက အပြုံးတွေက ညဘက် လရောင်အောက် ကားမီးအထိုး လင်းလက်တောက်ပါနေ သည်။
“ လာလေ… အတူတူ သွားမယ်…”
ကျွန်တော် ဘာမျှ ပြန်မပြောနိုင်ခင်မှာပင် သူက ကျွန်တော့်လက်ကိုဆွဲကာ ကျွန်တော်တို့ရှေ့လာရပ်သော Bus ကားပေါ်သို့ ဆွဲတင်လိုက်ပါတော့သည်။
ကားခကိုလည်း သူပဲ ရှင်းလိုက်သည်။
ကားကလည်း ကျွန်တော်တို့ အပေါ်ရောက်တာနဲ့ဆက်လက်မောင်းထွက်လာ ခဲ့တော့သည်။
ညပိုင်းဖြစ်သဖြင့် ကားပေါ်တွင်လူရှင်းပေမယ့် ကား driver နောက်က ထိုင်ခုံတစ်ခုသာ လွတ်သည်။
နှစ်ယောက်သား သူထိုင်ပါ ငါထိုင်ပါနှင့် နောက်ဆုံး ကိုကျော်စိုးက စိတ်မရှည်တော့ဘဲ သူဝင်ထိုင်လိုက်ကာ ကျွန်တော့်အား သူ့ပေါင်ပေါ်သို့ ဆွဲထိုင်ဖို့ ဆောင့်ဆွဲလိုက်တော့ သည်။
ကားကလည်း အကွေသူကအဆွဲ လူက သူ့ပေါင်ပေါ် ထိုင်လျက်ကျသွားသည်။
“ အို..”
သူက ဘာကိုမျှ ဂရုမစိုက်တော့ ကျွန်တော့်အား သူ့ပေါင်ပေါ်ဆွဲတင်ထိုင်စေပြီး ဖက်ထားလိုက်တော့သည်။
ကျွန်တော့်မှာသာ မျက်နှာတွေပူကာ ရှက်ပြီး ရုန်းနေသည်။
“ ဘာတွေ ဖြစ်နေတာလဲ ငြိမ် ငြိမ်နေကွာ…. ထိုင်ခုံမရှိလို့ ပေါင်ပေါ် တင်ပီး ပေးထိုင်ထားတာကို ….”
ပြောပြောဆိုဆို သူက ပိုပြီး ဖက်လိုက်သဖြင့် ကျွန်တော့်ကိုယ်လုံးလေးမှာ သူ့ရင်ခွင်ထဲတွင်ပျောက်မတတ် ဖြစ်သွားသည်။
ကျွန်တော့် ပါးနဲ့ သူ့နှာခေါင်းကလည်း မိတ်ဆက်ဖို့ သိပ်မလိုတော့ဖြစ်နေသည်။
သူ့ရဲ့ စတိုင်ကျလှပါနေတဲ့ ၀တ်စားဆင်ယင်မှုတွေ အပြုအမူတွေက ထူးဆန်း အံ့သြဖွယ်ကောင်းနေသလို ရဲတင်သွက်လက်တဲ့ အထိအတွေ့ တွေက ရင်ခုန်မြန်စေ သည်။
ကားလှုပ်တိုင်း ဘရိတ်အုပ်တိုင်း သူ့ရင်ခွင်ထဲ ဆွဲသွင်းသလိုဖြစ်နေသလို သူ့ပေါင်ကြားက ညီဘွားကြီးက လည်း သိသိသာသာ ကျွန်တော့်ခရေလေးအား အ၀တ်အစားတွေခံနေသည့်ကြားမှ လာထောင့်နေသဖြင့် လူ တစ်ကိုယ်လုံး ရှိန်းတိန်းဖိန်းတိန်းနဲ့ နေရသည်မှာ မလုံမလဲဖြစ်ကာ အရသာတစ်မျိုးဖြစ်နေသည်။
တစ်လမ်းလုံး ကိုယ့်အသက်ရှူသံတွေမြန်သလို ကိုကျော်စိုးရဲ့ နှာခေါင်းမှ လေပူများ အသက်ရှူသံများကလည်း အတိုင်သား ထိတွေ့ခံစားနေရ ကြားနေရသည်။
စိတ်ထဲ ပျော်သလို ရှက်သလို ခံစားမှုများနဲ့ bus ကားပေါ်မှာ လူလစ်ရင် ကားဘရိတ် အုပ်ရင် ကိုကျော်စိုးလူ လည်ကြီးရဲ့ နှာခေါင်းကြီးက ကျွန်တော့်ပါးပြင်ပေါ် ဖိဖိလာတော့ သည်။
သူတော်တော် ဆိုးလာပါလား လူတစ်ကိုယ်လုံးလဲ အရိုးတွေကျိုးတော့မယ် ဖက်ထားတာ လဲမှာစိုးလို့ဆိုပြီး။
တော်သေးတာပေါ့ အခြားလူတွေက သူ့အာရုံနဲ့သူမို့ ကျွန်တော်တို့ကို စိတ်မ၀င်စား သလို ယောက်ျားလေးနှစ် ယောက် ခုံတစ်လုံးပေါ် တွင် တစ်ယောက်ပေါ်တစ်ယောက် ထပ်ထိုင်တာကိုလဲး အထူးအဆန်းလို မကြည့်ပါ။
ဒီလိုနဲ့ ကားက ဂိတ်ဆုံးတော့မှ သူက ကျွန်တော့်ဖခုံးကို ဖက်ကာ ကမ်းနားဘက်သို့ ထွက်လာခဲ့တော့သည်။
ကမ်းနားတွင် တစ်ဦးနဲ့ တစ်ဦး စကားမဆိုမိဘဲ သန့်ရှင်းသော လေကို ရှူရှိုက် လိုက် ချောင်းရေပြင် နဲ့ တစ်ဖက် ကမ်းရှုခင်းကို ကြည့်လိုက်ငေးလိုက်ဖြင့် စိတ် လွတ်ကိုယ်လွတ် ကမ်းစပ်တွင် အနားယူနေမိသည်။
မိုးချုပ်ပေမယ့် မီးရောင်တွေဖြင့်ချောင်းက တစ်မျိုးလှနေသလို ရေလယ်ဘုရားကိုလည်း မီးရောင်စုံများကြားမှ ဖူးမြင်ရသည်။
အတော်ကြာမှ---
“ ညီ….. ဟိုနားက အအေးဆိုင်မှာ တစ်ခုခုစားသောက်ပြီး ပြန်မယ်လေ…. ’’
“ ဟုတ်”
ညဘက် လရောင်က ချောင်းတစ်ခုလုံး ရှိရေပြင်နဲ့ အခြားတစ်ဖက်ကမ်းကို လင်း လက်သော အရောင်ဖြင့် လွှမ်းခြုံထားပေမယ့် ကျွန်တော်တို့ရှိရာ ကမ်းနားကိုတော့ ဓာတ်မီးတိုင်များကြောင့် မထိုးဖောက်နိုင်ပါ။
အေးဆေး ငြိမ်သက်ကာ သပ်ရပ်လှသော ချောင်းကမ်းနားရှိ အအေးဆိုင် တစ်ခုတွင်ထိုင်ကာ အအေးနဲ့ လက်ဖက် သုတ်စားရင်း စကားပြောဖြစ်ကြသည်။
“ ကိုကျော်စိုးကြီး… သည်နေ့ လူတောင်မှားတယ် ရုပ်ရှင်မင်းသားကျနေတာပဲ ၀တ်စားထားတာ သန့်ပြန့် ချောမောနေတာပဲ… ဘာတွေဖြစ်လို့လဲ”
“သြော်… ဒီလိုပါပဲ…. ဟင်း…. ဟင်း… မိန်းမ မရှိတုန်း လူပျိုလုပ်ရတာပေါ့… ညီလေးလောက် မချောပါဘူး…”
“အံမယ်…. မိန်းမက ဘယ်သွားလို့တုန်း….”
“ ဗိုက်ကြီးနေတော့ ညဘက် ညတာ ငါက ပြန်တာနောက်ကျတယ်လေ… သူက ထမင်းမစားပဲ စောင့်နေတတ် တယ် တစ်ခါတစ်လေ…. မီးတွေဘာတွေပျ့က်တော့ တစ်ယောက်တည်း တစ်ခုခုဖြစ်မှာစိုးလို့ သူ့အဖေအိမ် ကို ပြန်ပို့ထားတယ်လေ…”
“ သြော်…. မွေးတော့မယ်ပေါ့…. ဒါကြောင့် လူပျိုလုပ်နေတာပေါ့…. ပြန်လာရင် တိုင်ပြောမယ်…. ဟိ…ဟိ.. ဒါနဲ့ … အစ်ကို့မိန်းမက အစ်ကို့ကို တော်တော်ချစ်ပုံ ရတယ်နော်…”
“ အဟိ…. အင်…. နာချင်လို့နေမှာပေါ့...”
“…. ဗျာ…..”
“ မဗျာနဲ့ ….ဘာမှမသိဘူး..”
သူ့အကြည့်တွေက ရွှန်းလဲ့ ၀င်းပနေသလို ကျွန်တော့်အား စိုက်စိုက်ကြည့်နေသဖြင့် ကျွန်တော်ရင်တွေခုန်ကာ အကြည့်လွှဲနေရသည်။
ရှက်ရှက်နဲ့ အသုတ်ပန်ကန်ထဲဇွန်းယူခပ်စားခိုက် သူ့လက်နဲ့ဆုံကာ သူ့လက်တွေနဲ့ ထိမိလိုက် ဇွန်းမှားဆွဲလိုက်နဲ့ ဖြစ်နေသော ကျွန်တော့်အား သူသဘောကျနေသည်။
တစ်ချိန် ငရုတ်သီးတောင့်အား မှားပီးဝါးမိတော့..
“ ….အား…”
သူလည်း မနေသာတော့ပဲ အအေးပုလင်းအား ကျွန်တော့်အားထိုးပေးရင်း….
“ငရုတ်သီးတောင့်တောင်မမြင်ဘူးပေါ့…..ဘာတွေဖြစ်နေတာလဲ...ဟင်း….”
ကျွန်တော်လည်း အအေးပုလင်းထဲမှ ပိုက်ကိုပါးစပ်ကိုတေ့ပြီး အအေးများ စုပ်သောက်လိုက်ရင်း ယောင်ယမ်းပြီး ပြောမိပြောရာပြောလိုက်တာကာ…..
“.. အ… ဟုတ်….ငရုတ်သီးတောင့်ကသေးလို့ပါ…..မမြင်…မိဘူး…”
အအေးပိုက်က တစ်ဆင့် သူအအေးတွေကို စုပ်နေရင်း ကျွန်တော့်အဖြေကို ကြားတော့ မျက်လုံးတွေပြူးကာ ဘာကို သဘောပေါက်သွားတယ်မသိ သဘောကျကာ ရယ်မလိုဖြစ် သွားပြီး…
“…. အဟီး… အ…. ဟွတ်….ဟွတ်…. ဘာ…. သေးတာ…ကို …မမြင်ဘူး….ပေါ့… ကြီး…မှ… အ….ဟွတ်….”
ပြောချင်ဇောလောသွားပြီး အအေးသီးသွားတော့သည်။
တစ်ယောက်ကို တစ်ယောက်ကြည့်ပြီး သူက အအေးသီး ကျွန်တော်က ငရုတ်သီးစပ်နေသဖြင့် ရယ်ချင်စရာ ဖြစ်ရာ ရယ်လိုက်မိကြသည်။
စားသောက်လိုက် ချောင်းကမ်းစပ်က ရှုခင်း မြင်ကွင်းတွေ ကြည့်လိုက် စလိုက် စကားပြောလိုက်ဖြင့် ည 8 နာရီထိုးတော့သည်။
ပိုက်ဆံရှင်းမလို့လုပ်တော့ သူကပဲ အတင်းလုရှင်းသည်။
အပြန်ကို Bus ကား မရှိတော့သဖြင့် လရောင်အောက်တွင် လမ်းလျှောက် ရင်းပြန်လာခဲ့သည်။ မြို့ထဲက အထွက်တွင် သူက ကွမ်းယာဝယ်ကာ ကျွန်တော့်အားပေးလိုက်သည်။
ကျွန်တော်လည်း မေ့ပြီး စိတ်ပြေလက်ပျောက် ပါးစပ်ထဲထည့်ကာ ၀ါးမိသည်။
ခါးသက် ပူလောင်ကာ မခံနိုင်သော အနံ့အသက်တို့နဲ့ အရသာတို့ကြောင့် မျက်နှာကို ရှုံ့မဲ့ကာ ကြိတ်မှိတ်ကာ ၀ါးနေမိသည်။
နောက်တော့ မရတော့ ကွမ်းယာကိုထွေးပစ်လိုက်သည်။
နောက်မှသိရသည်က ကွမ်းယာထဲ ကွမ်းစားဆေးထည့်တာကို စားမိသဖြင့် မူးချင်းဖြစ်သည်ကို။
လူလည်း ချွေးတွေပြန်လာကာ အော့အန်ချင်သလိုဖြစ်ကာ အသက်ရှူပင်မ၀တော့။
ဒီတော့မှ ကိုကျော်စိုးက မျက်လုံးပြူးကာ ကွမ်းယာအားလုံးကို ထွေးထုတ်စေပြီး
ရေသန့်တစ်ဗူး ပြေးဝယ်ကာ ပလုပ်ကျင်းခိုင်းသည်။ ရေသောက်ခိုင်းသည်။
ကျွန်တော်လမ်းပင်မလျှောက်နိုင်တော့။ ချွေသီး ချွေးပေါက်များထွက်လာကာ လေတွေ
တက်ပြီး အန်နေတော့ သည်။
“ အား… ညီလေး… ရလား…. ငါက မင်းကွမ်းယာစားတတ်တယ်ထင် လို့ မေ့ပြီး ကျွေးမိတာ… မင်းကလည်း တစ်ခါတည်း ထည့်စားလိုက်တာပဲ
ချက်ချင်းကို မထွေးထုတ်ဘူး… ခက်ပြီ… သက်သာလား…”
ကျွန်တော် ခေါင်းတွေခါလား ညိတ်သလားမသိတော့…. လူလည်း မထနိုင်ဖြစ်နေ သည်။ အားလုံးက ချာလပတ် လည်နေသလို အမြင်တွေေ၀၀ါးကာ အန်ချင်တာ အသက်ရှူမ၀တာကပိုဆိုးနေသည်။
ရေတစ်ဗူးလုံး ကုန်အောင် ပလုပ်ကျင်း။ ရေသောက်ခိုင်းကာ။ အနီးရှိ ကွမ်းယာဆိုင်မှာ ရှူဆေးဗူး၊ သကြားလုံး တို့ပြေးဝယ်ကာ ရှူခိုင်းလိုက် ငုံခိုင်းလိုက် ကျောကုန်းကို ပုတ်ပေးလိုက်ဖြင့် ကိုကျော်စိုး တစ်ယောက်ပြာယာ ခတ် သွားသည်။
ပြီးတော့ ယပ်တောင်တစ်ချောင်းကို ပြေးယူလာကာ ကျွန်တော့်အား ယပ်ခပ်ပေးနေသည်။
ကျွန်တော် အံတာရပ်သွားမှ သူက ကျွန်တော့်အားတွဲကာ ဆိုက်ကားဂိတ်ကိုသွားသည်။
ဒါပေမဲ့ ဂိတ်မှ ထိုးထားတဲ့ ဆိုက်ကား တစ်စီးမှမရှိတော့။
ကျွန်တော်လည်း ပျော့ခွေကာ မထနိုင်ဖြစ်နေသည်။
ကြံရာမရတဲ့အဆုံး ရုတ်တရက် ကိုကျော်စိုးတစ်ယောက် ကျွန်တော့်အား သူ့ကျောကုန်းပေါ်တက်ခွစေပြီး ကုန်းပိုးဖို့လုပ်တော့သည်။
ကျွန်တော် မူးနေသည့်ကြားက အားနာကာ ငြင်းပေမယ့် အပြန်နောက်ကျရင် ခြံတံခါးပိတ်ပါက ၀င်ဖို့ ခက်မည်စိုးသဖြင့် သူပြောသလိုပင် သူ့ကျောကုန်းပေါ် တက်ခွကာ သူ့လည်ဂုတ် ကနေ သိုင်းဖက်လိုက်သည်။
မြင့်မား ထွားကြိုင်းကာ သန်မာသူဖြစ်သဖြင့် ကျွန်တော့်ကိုယ်လုံးလေးက ကလေးတစ်ယောက်လို့ သူ့ရဲ့ ကြီးမား ကျယ်ပြန့်သော ကျောကုန်းပေါ်တွင် ခွလျက်သား မှေးပြီးလိုက်ပါလာခဲ့တော့သည်။
နွေးထွေးမှု၊ မွှေးပြန့်မှုတွေနဲ့အတူမြို့ ပြင်လမ်းတစ်လျှောက်ရှိ သောက်ရေကန်ကြီးဘေးမှ
ဖြတ်တိုက်လာသော လေနုအေးများကြောင့် ကျွန်တော်နည်းနည်းလန်းလာသည်။
သူ့အား အားနာသဖြင့် ခဏ ချပေးပါဆိုကာ လမ်းလျှောက်ဖို့လုပ်တော့မှ .......
ကျွန်တော်တို့အနောက်မှ ဆိုက်ကား တစ်စီးက ဘဲတီးသဖြင့် လှည့်ကြည့်လိုက်မိသည်။
“ ဟေ့ယောင်… ကျော်စိုး… ကလေးကို ဘာတွေ ကျွေးလိုက်လို့လဲ…. လာ… တက်… မင်း..ကလေးတွေကို အရက်လိုက်တိုက်ပြီး ဖျက်ဆီးနေတယ်ပေါ့…”
“ ဟာ… ငလင်း… အတော်ပဲ… ဒီကောင်လေးကို ကွမ်းယာကျွေးမိ တာ… ဆေးပါသွားလို့ မူးနေတာ…ငါတို့ကို ခြံထိပ် လိုက်ပို့ပေးကွာ…”
ကျွန်တော့်အား ဆိုက်ကား ရှေ့တွင်ထိုင်စေလျက် သူက ကျွန်တော့်အားနောက်ကနေ သိုင်းဖက်ကာ ထိန်းလာ ခဲ့တော့သည်။
လရောင်အောက် ဆိုက်ကားပေါ်တွင် သူ့ရင်ခုန်သံတွေလား ကျွန်တော့်ရင်ခုန် သံတွေလား လေတိုး သံတွေလား မသိ ဆူညံစွာကြားနေရသည်။
ခြံရှေ့ရောက်တော့ သူက ကျွန်တော့်ကို တွဲချကာ သူ့သူငယ်ချင်းအား ဆိုက်ကားခ ရှင်းပေးပြီး ခြံရှေ့ စွယ်တော်ပင်အောက်ရှိ အုတ်ခုံလေးပေါ်တွင် ထိုင်နေမိသည်။
ကျွန်တော်လည်း အတော်သက်သာလာပြီ ဖြစ်သဖြင့် သူ့အားကျေးဇူးစကားဆိုကာ ခြံထဲ ၀င်ဖို့ ထရပ်လိုက် ပေမယ့်…
သန်မာတဲ့ သူ့လက်တစ်ဖက်က လှမ်းဆွဲလိုက်သဖြင့် သူ့ဘေးတွင် ပြန်ထိုင်လိုက်ရသည်။
“ ညီလေးကလည်း မပြန်ပါနဲ့ဦး ခဏနေပါဦးကွာ...”
“ ဘာပြောမလို့လဲ အစ်ကို ခြံတံခါးပိတ်ရမယ် သော့သွားယူရဦးမယ် အဘိုးဆူလိမ့်မယ်..”
သူက ဘာမပြော ညာမပြောဖြင့် ကျွန်တော့်အားအတင်းဆွဲဖက်လိုက်သည်။
“… အို….”
ကျွန်တော် မရုန်းမိပါ။ သူ့ဆီက စိုစွတ်တဲ့အနမ်းတွေ မျက်နှာပေါ်ရောက်လာကာ ပူနွေးသလို ခံစားမိ မှ သတိ ၀င်လာကာ အနည်းငယ်ရုန်းကန် ငြင်းဆန်နေမိသည်။
“ လွှတ်.. လွှတ်ပါ.. .ကိုကျော်စိုး… လူမြင်လို့မကောင်းပါဘူး… ကိုကျော်စိုးက မိန်းမနဲ့…. မနောက်ပါနဲ့ဗျ… ညီလေးကို… နော်….”
“ မလွှတ်ဘူးကွာ…. ငါ…. ငါ… မင်းကို…. ချစ်နေတာ…ကြာပြီး…. မင်း…မင်းက… စိမ်းကားတယ်….”
ဘုရား… ဘုရား… ကိုယ့်နားကိုယ်တောင် မယုံနိုင်တော့… သူ…သူ…က ငါ့ကို အစကတည်းက ချစ်နေ…တာတဲ့.. ငါ…နားကြားများလွဲတာလား…. ကွမ်းယာမူးတာက ငါပါ…. သူ..လည်း မူးနေပြီလား…
“ ဘာ…. ဘာ….တွေ ပြောနေ…တာလဲဗျ…. ကျွန်တော်နားမလည်ဘူး… ကို…ကျော်စိုး… မနောက် နဲ့ ဗျာ…”
“ ငါ… ဘာမှ.. မဖြစ်ဘူး…. မနောက်ဘူး…. မင်းကို စစ တွေ့ကတည်းက ငါချစ်တာ… ငါ…အခု မနေနိုင် တော့ဘူး….”
သြော်… ခက်ပြီ…. လူက ယုံချင်ပေမယ့် အသိစိတ်က လက်မခံ ပတ်သက်ခဲ့ဖူးတဲ့ ယောက်ျားတွေကြောင့် ခဲမှန် ဖူးတဲ့စာသူငယ်လိုပင်…
“ အား… ကိုယ့် ..ညီလေး …တစ်ယောက်လို ချစ်တာပဲ…ချစ်ပေါ့… ထူးထူးဆန်းဆန်း….. မူးနေပြီထင်တယ်...”
“ ငါ မမူးဘူး…. တ..ကယ်ပြောတာ…. မင်းကသာ မသိချင်သလိုဆောင်ပြီးနေတာ.”
“ ဟာ…. ကိုကျော်စိုးကလည်း…. ယောက်ျားလေးအချင်းချင်းကို… လွှတ်ပါ…တော်ပါဗျာ … မနက်မှ တွေ့မယ်..”
“ မနေ့ညက အရက်ဆိုင်မှာ ကပ္ပလီနဲ့တွေ့ပြီးပြီ… သူနဲ့… အရက်သောက်တုန်း… မင်းအကြောင်းတွေ ငါ့ ကို အကုန်ပြောပြတယ်။ မင်း မညာပါနဲ့….မင်းမင်းနဲ့ မင်းဖြစ်သလို သူနဲ့လည်းဖြစ်ခဲ့တယ်ဆိုတာလေ….”
“.. ဗျာ….”
ကျွန်တော် အလန့်တကြားအော်မိသည်။
“ …မဗျာနဲ့… မင်းက ရုပ်တည်နဲ့ ယောက်ျားလေးလိုနေခဲ့တော့ ငါက ရှိန်တာပေါ့….. ငါက အရိပ်တကြည့်ကြည့်နဲ့ ချစ်ခဲ့တာ… ဘာမှန်းညာမှန်းမသိချစ်ခဲ့တာ … ယောက်ျားလေးချင်း ဒီလိုနေလို့ရမယ်မှန်း ငါမသိခဲ့ဘူး… စိတ် မ၀င်စားခဲ့ဘူး… မင်းနဲ့တွေ့မှ စိတ်လှုပ်ရှားလာတာ…. ဟိုခွေးကောင်တွေက လက်သွက်ခြေသွက် ဦးဦးဖျား ဖျား စားပြီးမှ ငါအရင်တွေ့ တန်ဖိုးထားတဲ့ မင်းကို … မင်းကို…. ငါသိရတာ… မင်း…မင်း…. တော်တော် နေရက် တယ်… ရက်စက်တယ်..ကွာ… ဒါတောင် ငါ့ကို ဟန်ဆောင်တုန်း….”
ကိုကျော်စိုး ကွမ်းမူးနေလို့လား ကျွန်တော်နဲ့ မတွေ့ခင် အရက်ပဲဝင်သောက်ထားပြီး အရှိန်က ခုမှတက်နေလား မသိ အသံတွေတုန်ကာ ကျွန်တော့်ကို တင်းကျပ်စွာ ဖက်ထားရင်း ၀မ်းနည်းသံကြီးနဲ့ပြောနေသည်။
ကျွန်တော်လည်း စိတ်မကောင်းဖြစ်သွားမိကာ ၀မ်းနည်းသွားသည်။
“… ကျွန်တော်လည်း… မထင်မှတ်ပဲ… သူတို့နဲ့… ဖြစ်သွားတာ့ပါ….တောင်းပန်ပါ တယ်….ကျွန်တော်… ကျွန်တော်လည်း… ကိုကျော်စိုးကို….”
ကျွန်တော်အသံတို့က ဒီနေရာမှာတင် ရပ်တန့်ကာ နွေးထွေးထူထဲ အိစက်တဲ့ ကိုကျော်စိုးရဲ့ နှုတ်ခမ်းတစ်စုံရဲ့ စုပ်ယူမှုကို ခံလိုက်ရတော့သည်။
----------------------------------------------
အပိုင်း(29) အားဆက်လက်ဖော်ပြပါမည်။
ချစ်ဦးကို

No comments:

Post a Comment

အချစ်တစ်ခု ပြယုဂ်တစ်ခု

“......................”  သားကြီးဆီမှ ကြားလိုက်ရသော နာမည်ကြောင့် ကျွန်မတစ်ကိုယ်လုံး တောင့်ခဲ သွားသည်။အဆုံးမရှိသောတွင်းနက်ကြီးထဲသို့ ပြုတ်ကျ...