Friday, August 8, 2014

ပန်းမဟုတ်သော ပန်းတစ်ပွင့်အကြောင်း (ဇာတ်သိမ်း)

အပိုင်း (၁၅)
သူတို့အားလုံးကို အံ့သြပျော်ရွှင်စရာ တစ်ခုပြမည်ဟုခေါ်လြာ့ပီးမှ ဒီလိုအကွက်ချချလုပ်သွားသော အောင်ခိုင် နှင့်နိုင်နိုင်ကို ပိုလို့တောင်ဒေါကန်မိတော့သည်။
“ဒီလိုမင်းတို့အခြောက်လို့ပြောကြေးဆိုရင် ငါလဲခြောက်နေတယ် ငါညီညီငယ်ကိုတစ်ကယ်ချစ်တာကွ”
နန္ဒမျက်ရည်များဖြစ်ရင်ဖွင့်တော့သည်။ ကျောင်းသားများ အားလုံးအံ့သြသွားကြတော့သည်။
“ကဲ ၀ိုင်းဟားကြလေ ၀ိုင်းပြောကြလေ၊ မင်းတို့က အခြောက်အခြောက်လို့ ပြောပြီး ရွံစရာကောင်းပါတယ် ဘာဖြစ်ပါတယ်လို့ပြောနေကြတဲ့ မင်းတို့ပါစပ်တွေခုတော့ ပိတ်နေကြပါလာကွ..ဟင်….မင်းတို့က တစ်ကယ်တော့ ပုဒ်ကိုယ်ရေးအရ မုန်းတီးပြီးလိုက်လုပ်နေကြတာပဲ၊ ကဲငါအခု လွိင်တူနှစ်သက်တယ်ကွာ အခြောက်ကွာ ဘာဖြစ်သွားလဲ၊ ကဲပြောကြလေ ပြောကြစမ်းပါ၊ မင်းတို့ပြောစရာမရှိတော့ဘူးလာ၊ မင်းတို့သေနေကြပြီးလာ”
“ဟုတ်တယ် နန္ဒခြောက်နေသလို ငါလဲခြောက်နေတယ် ကဲဘာဖြစ်လဲ ပြောကြ”
“ဟင်”
အားလုံးအကြည့်များက အောင်အောင်ဆီသို့ရောက်သွားသည်။
“နန္ဒပြောတာအမှန်ဆုံးပဲ တစ်ကယ်တော့ မင်းတို့တွေက လူတစ်ဦးတစ်ယောက်ကို မုန်းတီးတာနဲ့ မင်းတို့စိတ်ဆွဲပြီးဖြစ်ပေါ်နေကြတာ၊ ကြည့်စမ်းမင်းတို့တွေကမှ ပိုပြီးလူမပီသတဲ့သူတွေက၊ အဖြူအမည်း ၀ါဒဆွဲနေကြတဲ့ကောင်တွေ”
နန္ဒနှင့်အောင်အောင်ပေါက်ကွဲကြတော့ ကျန်သူများကတောင်ပန်ကြသည်။ ထိုနောက်တွင်တော့ အားလုံးသော သူများသည်စိတ်မကောင်းဖြစ်ကာသွားကြသည်။ သူတို့လုပ်ရက်အတွက် စိတ်မကောင်းဖြစ်သွားကြတော့သည်။ သူတို့တွေ လွန်သွားကြသည်ကိုတော့ နားလည်လိုက်ကြသည်။ နိုင်နိုင် နှင့်အောင်ခိုင်မှာတော့ ခေါင်းကြီးငုံ့ကာ လွန်စွာမှ စိတ်ထဲမကောင်းကြတော့၊ ပြန်စဉ်းစားကြည့်လိုက်တော့ သူတို့လုပ်ရပ်သည် လူသားမဆန်စွာ တစ်ပါးသူကို နှိမ်နေကြသည်မဟုတ်လား။ မိမိတို့ အနိုင်ရယူရေးနှင့် ပျော်ရွှင်ရေးသည် တစ်ဘက်သားအပေါ် နိုင်ထက်စီးနင်းလုပ်ခဲ့ကြသည်ကို သဘောပေါက်သွားကြတော့သည်။
“ငါတို့မှားပါတယ် ငါတို့အားလုံး ညီညီငယ်ကို မနက်ကျရင်တောင်ပန်ကြပါ့မယ်”
ဆိုသော သဘောတူညီချက်များဖြင့်လူစု ခွဲထွက်သွားကြတော့သည်။ နှင်းဆီသည်လဲပဲ ၀မ်းနည်းစွာငိုကြွေးနေသည်။ နန္ဒကိုဆုံးရှူံးလိုက်ရလို့မဟုတ်ပါ၊ ညီညီငယ်အတွက် သူမလုပ်ရပ်တွေကြောင့် စိတ်မကောင်းဖြစ်သွားခြင်းဖြစ်ပါသည်။
နန္ဒမှာရပ်နိုင်စွမ်းမရှိတော့ချေ။ ဒူးများပင်မခိုင်တော့ချေ။အောင်အောင်သည် နန္ဒကိုတွဲကာ အခန်းထဲခေါ်ဆောင်လာခဲ့တော့သည်။ အခန်းထဲရောက်မှ နှစ်ယောက်သား စိတ်မကောင်းခြင်းများစွာအတွက် စကားများပင်မပြောနိုင်ပဲဖြစ်နေတော့သည်။ စိတ်မကောင်းစွာ လူမရှိသည့် ညီညီငယ်ကုတင်းလေးကို ဆွေးမြေ့စွာကြည့်နေမိကြတော့သည်။
“ညီညီငယ်ကို ဘယ်လိုမျက်နာပြရမှန်းတောင် မသိတော့ဘူးကွာ”
“နန္ဒရယ်မင်းကမှ ကံကောင်းပါသေးတယ် ညီညီငယ်မင်းကို ချစ်တာကို မင်းရရှိလိုက်တယ်လေ၊ ငါ့မှာတော့ အသဲတွေလည်းကွဲ ညီညီငယ်အတွက်လဲ စိတ်မကောင်းဖြစ်မိတာကို မင်းငါ့ရင်ထဲ မ၀င်ကြည့်တတ်လို့ပါကွာ”
နန္ဒနှင့်အောင်အောင်ကတော့ စိတ်တွေညစ်ကာ ကျောင်းပွဲလေးပင် မသွားနိုင်တော့ချေ။
ကိုကိုလေးကတော့ ကျောင်းအသင်းခေါင်းဆောင်ဖြစ်သည့်အတွက်ကြောင့် ကျောင်းပွဲကို ပြန်သွားခဲ့ရသည်။ သူသည် ညီညီငယ် အတွက်လဲစိတ်မကောင်းဖြစ်ခဲ့ရသည်။ အိမ်ကိုဖုန်းဆက်ကာ အိမ်ကို ခွင့်ရ၍ပြန်လာမည်ကို ပြောလိုက်တော့ မေမေကလဲ ၀မ်းတွေသာနေခဲ့သည်။ သားတွေကိုလွမ်းလို့ ဟုလည်းပြောပါသည်။
ကိုကိုလေးဖုန်းသွားဆက်မည်ကို ပြောသွားခဲ့သည့် အတွက်ကြောင့် ညီညီငယ်ကတော့ ကိုကိုလေးသည် သူ့အားမေမေနှင့် တိုင်တည်တော့မည်ဟု စိတ်မကောင်းဖြစ်သွားသည်ကို ကိုကိုလေး မသိရှိလိုက်၊ ထိုအတွက်ကြောင့် မဖြစ်သင့်သောအကြောင်းရာများက ကျောင်းကြီးတွင်ဖြစ်သွားခဲ့ပါတော့သည်။
ကျောင်းပွဲတော် ပြီးတော့ ည ၁၂နာရီကျော်ခဲ့သည်။ ကိုကိုလေး အဆောင်ပြန်တော့ အောင်အောင် နှင့်နန္ဒ သူ့အားစောင့်ကြိုနေသည်။ ကိုကိုလေး သူတို့ကိုတွေ့တော့ စိတ်ထဲက မကျေနပ်ပဲ ဘာမှပြောချင်စိတ်မရှိတော့သည့် အတွက်အနားကဖြတ်သွားသည့်တိုင် လှည့်မကြည့်ခဲ့ပါ။
“ကိုကိုလေး”
အောင်အောင်ကိုကိုလေးကို အရဲ့စွန့်ကာ ခေါ်လိုက်ပါသည်။ ကိုကိုလေး ဘုကြည့်ပြန်ကြည့်လိုက်သည်။
“ဟိုလေ ငါတို့ညီညီငယ်ကိုတောင်ပန်ချင်လို့ပါ ငါတို့ကိုညီညီငယ်ကိုတွေ့ခွင့်ပေးပါလာ”
“မပေးနိုင်ဘူး၊ ငါ့ညီလေးက ခုမှစိတ်ကိုရိုက်ချိုးခံထားရတာ သူ့ကိုထက်ပြီး ဒုက္ခမပေးကြပါနဲ့”
“မဟုတ်ပါဘူး ငါတို့အမှားတွေကို တောင်ပန်ချင်လို့ပါကွာနော် အားလုံးကလဲ မနက်ကျရင်တောင်ပန် ချင်နေကြတယ်၊ အားလုံးလဲ စိတ်မကောင်းဖြစ်နေကြတယ်”
“စကားကတော့ လှပါတယ် အောင်အောင် ဒါပေမယ့်လို့ ငါကတော့ ခုညတွေ့ခွင့်မပေးနိုင်ဘူး”
“မဟုတ်တာကွာ ငါလဲခံစားနေရပါတယ်”
“နန္ဒမင်းက ပျော်နေရမှာလေ မင်းလောင်းထားတဲ့လောင်းကြေးကြောင့်”
“ထက်မပြောပါနဲ့လာ ကိုကိုလေးရယ် ငါတောင်ပန်ပါတယ် ဒီလောင်ကြေးကြီးကို ထက်မပြောပါနဲ့တော့”
“အေးမပြောစေချင်ရင် ငါပြောသလိုပဲ မနက်မှလာတွေ့တော့ ဒီညတော့ မင်းတို့ ငါ့ညီကိုတွေ့ခွင့်မပေးနိုင်ဘူး င့ါညီလေး ဘယ်လောက်ခံစားနေရမယ်ဆိုတာ မင်းတို့နားလည်ဘို့ကောင်းတယ်”
“အင်းလေ ဟုတ်ပါတယ် နန္ဒရယ် မနက်ကျမှ ငါတို့တောင်းပန်လိုက်တာပေါ့ ခုတော့ ညီညီငယ်လဲ သွေးပူနေတုံးဆိုတော့ ငါတို့တောင်ပန်တာ အရာရောက်မှာမဟုတ်လောက်ဘူးနော် မနက်ကျမှသွားကြတာပေါ့”
“ညီညီငယ် ဒီညဘယ်မှာအိပ်မှာလဲ”
“ငါ့အခန်းမှာပဲ မင်းတို့လဲ နားကြတော့ ငါလဲပင်ပန်းနေပြီး သွားတော့မယ်”
ကိုကိုလေး သူတို့ကိုထားခဲ့ကာ အခန်းထဲသို့ လှမ်းလိုက်ပါတော့သည်။့ကိုကိုလေး အခန်းထဲပြန်ရောက်တော့ ညီညီငယ်အိပ်နေသည်ကို တွေ့လိုက်သဖြင့် စိတ်အေးလက်အေး ညီညီငယ် ဘေးတွင်လှဲ အိပ်လိုက်တော့သည်။ တနေ့လုံးလည်း ဘောကန်ထားသဖြင့်လူက ပင်ပန်းနေသည်။ ထိုကြောင့်ကိုကိုလေး နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားတော့သည်။ ထိုညက ညီအစ်ကိုနှစ်ယောက် နောက်ဆုံးအိပ်ခဲ့သော ညဖြစ်ခဲ့ပါသည်။ သူ့စိတ်ထင် ထိုညက ညီညီငယ် စိတ်မကောင်းစွာ မျက်ရည်များကျနေခဲ့သည်ကို သိလိုက်ပါသည်။
တစ်ညလုံး အိပ်မရဖြစ်ခဲ့သည့်နှစ်ယောက်ကတော့ နန္ဒနှင့် အောင်အောင်သာ ဖြစ်ခဲ့သည်။ ထိုညက ညီညီငယ်ကို တွေ့ချင်သည့်စိတ်ကို မြိုသိပ်ထားခဲ့ရပါသည်။ မနက်မိုးပင်မလင်းသေး နန္ဒနှင့် အောင်အောင် တို့ကိုကိုလေး အခန်းထဲဝင်လာခဲ့တော့သည်။ ညီညီငယ်ကတော့မရှိတော့ချေ။
“ကိုကိုလေး ကိုကိုလေးထပါအုံး ညီညီငယ်ကော”
“ဟင်”
ကိုကိုလေး အိပ်မူးစုတ်ဖွာဖြင့်ထထိုင်လိုက်ြ့ပီး ညီညီငယ်အိပ်ခဲ့သည့်မိမိဘေးသို့ ကြည့်လိုက်တော့ ညီညီငယ်မရှိတော့ချေ။ ထိုကြောင့်စိုးရီမ်စိတ်များ ဖြင့်ထူပူသွားတော့သည်။ အခန်းအပြင်ထွက်ကာ လိုက်ရှာကြသည်။ အဆောင်တစ်ခုလုံးပြည့်သည့်တိုင်အောင် ညီညီငယ်ကို ရှာမတွေ့သေးချေ။
“ဘယ်လိုလုပ်ကြမလဲ ငါ့ညီလေး ဘယ်ရောက်သွားပြီးလဲ”
“ဒုက္ခပါပဲကွာ ဘယ်လိုလုပ်ကြမှာလဲ”
အောင်အောင်တစ်ချက်စဉ်းစားလိုက်ပြီး။
“မကျဉ်းပင် ဟုတ်တယ် မကျဉ်းပင်အောက် သွားကြည့်မယ် သူစိတ်ညစ်ရင် အဲ့ဒီမှာပဲ ထိုင်နေကြ”
သူတို့သုံးယောက် ဆူညံသံကြောင့် အဆောင်တစ်ခုလုံးလဲ နိုးသွားကြတော့သည်။
သူတို့သုံးယောက် မကျဉ်းပင်အောက်သို့ အမောတကောပြေးထွက်သွားလိုက်တော့သည်။
“ဟင်………….”
“ဟာ…………”
“ညီလေး ညီလေး…..”
မြင်ကွင်းကတော့ မလှပချေ။ ညီညီငယ်တစ်ယောက် လောကကြီးကို အရှုံးပေးသွားခဲ့သည့် မနက်ခင်းလေး ဖြစ်နေပါတော့သည်။ မင်္ဂလာရှိသော မနက်ခင်းတွင်တော့ ညီညီငယ်သည် လောကကြီးကို နူတ်ဆက်ကာ အားလုံးကို အရှုံးပေးသွားခဲ့တော့သည်။ မကျဉ်းပင်ကြီးအောက်မှာ လူငယ်လေးတစ်ယောက် ကြိုးတန်းလန်းနှင့် မြင်တွေ့လိုက်ရတော့သည်။
အောင်အောင်သည် ထိုနေရာမှာပင် မေ့လဲသွားခဲ့တော့သည်။
ကိုကိုလေးသည် ယူကျုံးမရအောင် ငိုကြွေးနေခဲ့သည်။
နန္ဒသည် ညီညီငယ်ကိုဖက်ကာ မျက်ရည်များ အပြိုင်ပြိုင်ကျကာ နောင်တများစွာဖြင့်……………….
ကျောင်းကြီးတခုလုံးသည် အားလုံးတိတ်ဆိတ်နေပါတော့သည်။ ကိုယ်စီကိုယ်စီ တွင် အပြစ်မကင်းသလို ခံစားရကာ မျက်ရည်များတိတ်တဆိတ်ကျနေကြပါတော့သည်။
ကျောင်းကြီး၏ ခမ်းမထဲတွင်တော့ ညီညီငယ်သည် လှပစွာလဲလျောင်းနေသည်။ ညီညီငယ်၏ မိဘများကတော့ သားငယ်အတွက်စိတ်မကောင်းခြင်းများစွာဖြင့် ယူကြုံးမရအောင် စိတ်ထိခိုက်နေပါတော့သည်။ ကျောင်းသား ကျောင်းသူ များ ဆရာ ဆရာမ များကလဲ ငိုကြွေးနေကြသည့် အသံများကတော့ တိတ်တဆိတ် ရှိုက်သံများနှင့် စိတ်မကောင်းစွာ ညီညီငယ်၏ နောက်ဆုံးအချိန်တွင် အားလုံးရှိနေခဲ့ကြပါသည်။
နှင်းဆီသည် ညီညီငယ် မိဘတွေဆီထသွားကာ ညီညီငယ်၏ နေ့စဉ်မှတ်တမ်းစာအုပ်လေးကို ထုတ်ပေးလိုက်သည်။ နှင်းဆီ၏ အသံများက ရှိုက်သံများဖြင့်ထွက်လာတော့သည်။
“ဒါလေ ညီညီငယ်စာအုပ်လေးပါ သမီးသူ့အခန်းထဲက ယူလာခဲ့တာပါ၊ သမီးက ညီညီငယ်ရဲ့ အကြောက်စရာ အကောင်းဆုံး အနီးဆုံးရန်သူဖြစ်ခဲ့သူပါ ဒေါ်ဒေါ်ရယ် သမီးကိုခွင့်လွှတ်ပါလို့တော့ မပြောရဲဘူး၊ ဒီစာအုပ်လေးကို ဒေါ်ဒေါ်ဖတ်စေချင်လို့ ဒေါ်ဒေါ်ကိုပေးလိုက်တာပါ”
ဒေါ်မမ ဘာမှမပြောနိုင်ရှာ၊ ရင်ထဲတွင်ဆို့တက်နေသည်။ သူမသားအတွက်တော့ တစ်ခြားသော သူများကိုလည်း အပစ်မတင်ရက်တော့ပါ။ သူမ တိတ်တဆိတ်ပင် စာအုပ်လေးကို လက်ခံလိုက်ပါသည်။ သူမကရော သားအတွက်မိခင်ကောင်းပီသခဲ့ရဲ့လာ ဟုသူမကိုယ်တိုင်မေးနေမိပါတော့သည်။
ကျောင်းကြီးမှ ဆရာမျိုးမင်းကတော့ ညီညီငယ်အတွက်စိတ်မကောင်းသည့် စကားများကို နူတ်ခွန်းခြွေသည်။ နန္ဒကတော့ ညီညီငယ်ကို တွေ့ခဲ့သည့် အချိန်ကတည်းက ငူငူကြီး အတိုင်း ရှေ့ဆုံးတန်းမှာထိုင်ကာ ညီညီငယ်ကို တွေတွေကြီးကြည့်နေရှာသည်။ အောင်အောင်ကတော့ မလာနိုင်တော့ချေ။ ဆေးရုံးသို့ချက်ခြင်းပို့လိုက်ရသောကြောင့် ဖြစ်ပါသည်။
ကိုကိုလေးသည်လဲ မေမေတို့နှင့်ထိုင်ကာ မျက်ရည်များကို တားမရအောင်ကျဆင်းနေပါသည်။ ဆရာ၏၀မ်းနည်းမှု့တွေ ပြောပြီးနောက် ကျောင်းသားကျောင်းသူများက ၀မ်းနည်းခြင်းအထိမ်းမှတ်ဖြင့် ပန်းလေးများကိုင်ကာ တိတ်တဆိတ် ညီညီငယ်ဆီ သို့တစ်ယောက်ခြင်းလာခဲ့ကြတော့သည်။ ထိုအချိန်တွင်တော့ နှင်းဆီစိတ်ထဲမှာ ပေါက်ကွဲထွက်ကုန်တော့ပါသည်။
“နင်တို့တစ်ယောက်မှ ညီညီငယ်အနားမကပ်နဲ့”
နှင်းဆီ၏ ဆူးဆူးဝါးဝါးအော်လိုက်သံကြောင့် အားလုံး ရပ်သွားတော့သည်။ နှင်းဆီကတော့ မျက်နာတွင် မျက်ရည်များပြည့်ကာ ကျောင်းသား ကျောင်းသူ အတန်းကြီး၏ ရှေ့တွင်ကား ကာရပ်နေပါတော့သည်။ တွယ်တာသည် နှင်းဆီကို တားရင်ထိမ်းရင် နှင်းဆီကို ဖြောင့်ဖျနေရပါသည်။ သို့သော် အရာမရောက်ခဲ့။
“နင်တို့ သိပ်ရွံပါတယ် သိပ်ပြီး မုန်းပါတယ်ဆိုတဲ့ နင်တို့ရဲ့ ညီညီငယ် သေသွားတာလေ၊ ဘာလို့ခုမှ မျက်နာမကောင်းတဲ့ အမူယာတွေလုပ်နေတာလဲ၊ နင်တို့ပျော်ရမှာလေ ဘာလို့ထက မနေကြတာလဲ၊ ပျော်လိုက်ကြပါတော့လာ၊ နင်တို့တွေ…….နင်တို့တွေ ရက်စက်ကြတယ်”
……..နှင်းဆီ အသံကြောင့် ကျောင်းသူတစ်ချို့ အိကနဲရှိုက် ကာငိုသွားကြတော့သည်။ ကျောင်းသားများကတော့ ရှိုက်သံများကင်းကာ မျက်ရည်များ အသွင်သွင်ဆီးလို့နေတော့သည်။ တွယ်တာသည်လဲ မတက်ရပ်နိုင်စွမ်းမရှိတော့ပဲ ထိုင်ချကာ ငိုလိုက်ပါတော့သည်။ ဆရာမျိုးမင်းသည် နှင်းဆီကို ထိမ်းရန်သွားသောအခါ ကိုကိုလေး ဆရာကိုလှမ်းဆွဲလိုက်သည်။
“ပြောပါစေ ဆရာရယ် ကျနော်တို့တွေ ကိုပြောပါစေ ကျနော်တို့တွေ မကောင်းခဲ့တာတွေကို ပြောပါစေ”
ဆရာမျိုးမင်း ဘာမှမပြောတော့ပဲ ရပ်ကြည့်နေရင် မျက်ရည်များကိုသုတ်လိုက်သည်။
“နင်တို့တွေ ရက်စက်တုံးကတော့ ရက်စက်ခဲ့ကြပြီးမှ ခုတော့ ၀မ်းနည်းနေလိုက်ကြတာ၊ ဒီမှာအောင်ခိုင် နိုင်နိုင် နင်တို့ကို ငါဘယ်တော့မှခွင့်မလွှတ်ဘူး ညီညီငယ်အတွက်တော့ ဒီလိုပန်းလေးနဲ့လာပြီး တောင်ပန်မနေနဲ့၊ နင်တို့တွေရောပါတယ် အားလုံးပဲ အခန်းထဲမှာ စာသင်တာတောင် ဖြောင့်ဖြောင့် မသင်ခဲ့ရတဲ့ ငါ့သူငယ်ချင်းကို နင်တို့ရက်စက်ကြတာ နင်တို့ကို နင်တို့ ဟုတ်လြှ့ပီးလို့ထင်လို့လာ၊ ဟင် ပြောကြစမ်းပါ ခုမှ မျက်ရည်အတုတွေနဲ့လာပြီး ၀မ်းနည်းမနေကြနဲ့”
နှင်းဆီပြောလဲပြော ငိုလဲငိုကာ ဖြင့်ဒေါသများကို လွှတ်ပစ်လိုက်တော့သည်။ ထိုနောက် နန္ဒထိုင်နေသည့် နေရာကိုသွားကာ ထုရိုက်လိုက်ပါတော့သည်။
“နန္ဒ နင်အဆိုးဆုံးပဲ နင်သာ ညီညီငယ်ကို မပက်သက်ခဲ့ရင် ညီညီငယ်ဒီလိုနေမှာမဟုတ်ဘူး ညီညီငယ်သေရတာ နင့်ကြောင့် နင့်ကြောင့်”
နှင်းဆီ၏ ထုရိုက်ကာ ငိုနေပေမယ့် နန္ဒကတော့ အသံတိတ်ကာ ညီညီငယ်ကို ကြည့်နေပါသည်။ ကိုကိုလေး မနေနိုင်တော့ပဲ နှင်းဆီကိုသွားထိမ်းရသည်။ နှင်းဆီမှာတော့ မောပန်းစွာ ပျော့ခွေလဲကျသွားတော့သည်။
“ဟင်”
ကိုကိုလေး နှင်းဆီကို ထိမ်းထားရင်က နန္ဒကိုအံ့သြသလိုကြည့်နေမိသည်။ အဘယ်ကြောင့်ဆိုသော် နန္ဒသည် တွေတွေကြီးရပ်ကာ မတ်တက်ရပ်လိုက်သည်။
“ညီညီငယ် မသေပါဘူး”
“ဟင်”
ကိုကိုလေးရော နှင်းဆီပါ နန္ဒစကားကြောင့် ညီညီငယ်ကိုလှည့်ကြည့်လိုက်တော့ ညီညီငယ်ခန္ဒကိုယ်ကတော့ မလှုပ်မရပ်ရှိနေပါသည်။
“နင်တို့တွေကလဲ ညီညီငယ်မသေပါဘူး သူအိပ်နေတာပါဟ”
“နန္ဒ”
“တပည့်နန္ဒ”
ဆရာမျိုးမင်းပင် စိုးရိမ်ကာ နန္ဒဆီသို့ပြေးသွားသည်။
“နင်တို့ကလဲ မငိုကြပါနဲ့ နင်တို့ငိုတော့ ငါတောင်ဝမ်းနည်းလာတယ် အမှန်တော့ ညီညီငယ် အိပ်နေတာပါ၊ ညီညီငယ်ကို ငါခေါ်သွားလိုက်မယ်၊ ဒီကောင်ကလဲ ဒီမှာလာအိပ်သေးတယ် လူတွေဝိုင်းကြည့်နေတာ မသိဘူးလာမသိဘူး”
နန္ဒညီညီငယ်ဆီသို့လှမ်းသွားလိုက်တော့ ဆရာမျိုးမင်းလိုက်ပြီး ထိမ်းရသည်။
“သတိထားလေ နန္ဒ”
“ညီညီငယ် ထလေကွာ ငါတို့ ဟိုးတောင်ပေါ်စခန်းလေး ဆီပြန်သွားရအောင်နော် ဒီမှာကလူတွေပေါ်တယ်ကွ၊ ဟိုအရင်လို ငါတို့နှစ်ယောက်တည်း ရှိတဲ့ အချိန်ကို ပြန်သွားရအောင်ကွာနော်၊ မင်းက ကြယ်တွေကိုကြည့်ပြီး အရေတွက်တွေ ရေတွက်ပေါ့ ငါကတော့ ဟိုအရင်လို အခန်းထဲကနေပြီး မင်းကို ကြည့်နေမယ်လေ၊ ငါ့ကိုချစ်တယ်ဆို ညီညီငယ်ရယ် ငါ့ပြောတာကို နားထောင်နော် လူတွေနဲ့ ဝေးရာမှာ ငါတို့နေကြမယ်လေ နော်၊ မင်းနဲ့ငါနဲ့ အတူတူ…….”
“နန္ဒရယ် တပည့်ကြီး စိတ်ထိမ်းလေကွာနော် လာသွားကြမယ်”
“ဟာ ကျနော်ကို မခေါ်နဲ့ ကျနော် ညီညီငယ်ပါမှလိုက်မယ် ညီညီငယ်ကိုပါခေါ်ပေး”
“ညီညီငယ် မနိုးတော့ဘူးသားရယ်”
ဒေါ်မမ အိခနဲငိုချကာ နန္ဒကိုတောင်ပန်သည်။
“ဆရာ၊ ဒေါ်ဒေါ်လုပ်ပါအုံးဗျာ ညီညီငယ် ကျနော်ကို စိတ်ဆိုးပြီးပြန်မထူးတော့ဘူး၊ သူကိုပြောပေးပါ ကျနော်သူ့ကိုတကယ်ချစ်တာပါ၊ ကျနော်ညာနေတာမဟုတ်ပါဘူးဗျာ၊ ကျနော်ကိုပြောကူးပေးကြပါအုံး ကျနော်ကိုသနားကြပါအုံး ညီညီငယ်ရေ ထပါတော့ကွာ ငါတို့တွေသွားကြရအောင်နော် ညီညီငယ် ထပါတော့ကွာ၊ အောင်အောင် ဘယ်မှာလဲ ဟေ့ကောင်အောင်အောင် လာခဲ့ ငါ့ကိုကူပါအုံး မင်းပြောတော့ ငါ့ကိုကူညီပေးမယ်ဆို ခုတော့ဘယ်ရောက်နေတာလဲ ဒီမှာညီညီငယ်ကို ခေါ်ပေးအုံး ကူပြောပေးပါအုံးကွာ”
အားလုံးသော သူများကတော့ စိတ်မကောင်းခြင်းများစွာဖြင့် နန္ဒကိုဝိုင်းထိမ်းနေခဲ့ကြသည်။ နှင်းဆီသည်လဲပဲ မေ့တစ်ချက်သတိရတချက်ဖြင့်ကြေကွဲနေပါတော့သည်။ ဒေါ်မမသည် ရပ်တည်နိုင်စွမ်းမရှိတော့ သူမသည် နှလုံးသားများအေးစက်သွားကာ လဲကျသွားပါတော့သည်။
“မေမေ….”
“မမ…မိန်းမ သတိထားလေ”
ကျောင်းကြီးကတော့ တိတ်ဆိတ်စွာငိုကြွေးနေပါတော့သည်။
ဇာတ်သိမ်းပိုင်း ( ပန်းတစ်ပွင့် မဟုတ်ခဲ့သော ပန်းကလေး )
ကိုကိုလေးမေမေကိုကြည့်ကာ စိတ်ထဲနင့်နေအောင်ခံစားရသည်။ ညီညီငယ်ကိစ္စကြောင့် သူကျောင်းကို ပြန်မသွားသည်က နှစ်ပတ်ပင်ရှိခဲ့ပြီး၊ ကျောင်းလည်းတက်ချင်စိတ်မရှိတော့ချေ။ မေမေကတော့ အိမ်ရောက်သည်နှင့် အိပ်ယာထဲလဲပါတော့သည်။ အိပ်ယာထဲလဲနေရင်းက နှင်းဆီပေးလိုက်သော ညီညီငယ်၏ နေ့စဉ်မှတ်တမ်းလေးကို တစ်ရွက်ဖတ်ပြီးတိုင်သာ ငိုနေပါတော့သည်။ မေမေငိုတော့ ကိုကိုလေးပါ လိုက်ငိုသဖြင့် မေမေသည် နောက်ပိုင်းတွင်တော့ သူ့၏ရှေ့တွင် မငိုတော့ချေ။ အိမ်၌ရောက်နေသည်ကို မေမေ သည်ကိုကိုလေးကို နှစ်ပတ်ပြည့်သည့်နေ့တွင် ကျောင်းသွားရန်ပြောပါလေတော့သည်။
“သားကျောင်းကို ပြန်မသွားချင်တော့ဘူး ညီလေးရဲ့အရိပ်တွေရှိခဲ့တဲ့ ကျောင်းကို သားပြန်မသွားရဲတော့ဘူးမေမေရယ်၊ ညီလေးက သားကိုမုန်းနေမှာ”
“သားကြီးရယ် သားငယ်ကလေ သူ့အကို ကိုယ်ဘယ်တော့မှမမုန်းပါဘူးကွယ် အကိုတစ်ယောက်ကို ငတ်လျင်စွာနဲ့ ချစ်ခဲ့တာပါ၊ သားကြီးကို ချစ်တဲ့အကြောင်းတွေ ဒီစာအုပ်ထဲမှာ အပြည့်ပါပဲကွယ်၊ သားကြီးသာ ညီလေးကို တစ်ကယ်ချစ်ရင်လေ ညီလေးဖြစ်စေချင်တဲ့ ပညာရေးကို ဆုံးခန်းတိုင်အောင်သင်စေချင်တယ်”
“မေမေ ညီလေးက သားကိုဘာဖြစ်စေချင်တာလဲဟင်”
“သူ့ရဲ့အကိုနဲ့ အတူဆေးကျောင်းမှာ ပညာအတူတူသင်ယူရရင်သိပ်ကောင်းမှာပဲတဲ့ကွယ်”
ကိုကိုလေး နင့်နေအောင်ခံစားရပါသည်။ သူတို့ကိုဖေဖေမေးခဲ့စဉ်က သူကအင်ဂျင်နီယာ ဖြစ်ချင်သည်ဟု ဖြေခဲ့သလို ညီညီငယ်ကတော့ ဆရာဝန်ကြီးဖြစ်ချင်သည်ဟု ပြောစကားများကိုကြားယောင်နေမိပါတော့သည်။
“မေမေ သားမနက်ဖြန် ကျောင်းပြန်သွားတော့မယ်နော်”
မေမေသည် ကိုကိုလေးကို ဖက်ကာ ၀မ်းသာ ၀မ်းနည်းမျက်ရည်များကျခဲ့ပါသည်။
ကိုကိုလေးကျောင်းကြီးကို ပြန်ရောက်တော့ ကျောင်းကြီးသည် အေးစက်နေသည်ဟုခံစားရသည်။ အားလုံးသော သူများက သက်မဲ့လှုပ်ရှားနေကြသည်ဟုခံစားရသည်။
ကျောင်းကြီးကတော့ ငြိမ်သက်စွာ စိတ်မကောင်းစွာ နေမြဲတိုင်းရှိနေပါသည်။ ညီညီငယ်ကိစ္စများပြီးမြောက်သွားသည့်တိုင် ကျောင်းသားကျောင်းသူ များ၏ကိုယ်စီစိတ်ထဲတွင် အပြစ်မကင်းသလိုဖြစ်ကာ စိတ်မကောင်းခြင်းများစွာဖြင့်........
ညီညီငယ်တို့စာသင်ခဲ့သော ကျောင်းခန်းကတော့ ထိုင်ခုန်လေး ၄ ခုလွတ်မြောက်နေသည်။ ထိုထိုင်ခုန် များကိုမည်သူကမှ ဖယ်ရှားခြင်းမပြုခဲ့ကြ၊ အားလုံးသော အခန်းထဲမှ ကျောင်းသားကျောင်းသူမျာကတော့ စာသင်ချိန်တွင်လည်း မျက်ဝန်းထဲမှ မျက်ရည်ကြည်များ ခိုတွဲနေခဲ့ကြသည်။ သူတို့၏ရင်ထဲမှာ နာကျင်ခြင်း၊ ထိခိုက်ခြင်း၊ ခွင့်မလွှတ်နိုင်ခြင်းများ ကိမ်းအောင်းနေကြပါသည်။ သူတို့လို နူနူနယ်နယ် နှလုံးသားလေ တွေရင်မှာ မထင်မှတ်ပဲ ဒါဏ်ရာဒါဏ်ချက်လေးများက အရွယ်များနှင့်မမျှအောင် ထိခိုက်ခဲ့ကြပါသည်။ သူတို့ရဲ့စိတ်ထဲမှာ လက်ရှိဖြစ်ပေါ်နေသည့် အကြောင်းရာများကို လက်မခံနိုင်ကြသေးချေ။ တခါတရံတွင်.....
“နှင်းဆီ နင်ဒီပုဒ်စာလေ........”
တွယ်တာ၏အမှတ်မထင်သော သတိလက်လွတ်ဖြစ်တတ်ခဲ့ကြသည်။ တစ်ချို့တွေကလဲ
“နန္ဒမင်းစာအုပ်လေးတစ်ချက်လောက်......
“အောင်အောင်...မင်းဘောလုံးသွားကန်မှာလာ....
ယောင်ယမ်းကာ ထွက်သွားကြပြီး အမှတ်မထင်လှည့်ကြည့်လိုက်မှ ထိုင်ခုန်လွတ်များသာ ရှိကြသည့် သူတို့ခုန်လေးတွေကိုတွေ့မှ ပျက်ယွင်းသွားသည့်မျက်နာများကိုတော့ တားမရချေ။
အဆိုးဆုံးကတော့ ဆရာ၊ဆရာမများ၏ စာသင်ချိန်များတွင် စာထဲစိတ်ရောက်ကာ သင်ကြားနေရင်က
“ကဲဒီပုဒ်စာလေး ဖြေးကြည့်ပါအုံးလာ သားညီညီ.......ဟင်.....အဲ..သား...အို...ဆော်ဒီးကွယ်”
ထိုအခါမျိုးများတွင် ကျောင်းသူများက ထိုင်ခုန်အောက်သို့ ငုံ့ကာ မျက်လွှာများချကာ စိတ်မကောင်းဖြစ်ခဲ့သည်။ ဆရာ၊ ဆရာမ များလဲ ထိုအချိန်မျိုးတွင်တော့ စာသင်နိုင်ခြင်းမရှိတော့ မျက်ရည်များသုတ်ကာ စာသင်ချိန်ကိုစောစော နားလိုက်ကြတော့သည်။
သူတို့စိတ်ထဲတွင်တော့ အသိကလက်တွေ့ကို ခံစားနေရပေမယ့် မသိစိတ်ကတော့ သူတို့သူငယ်ချင်းတွေ ရှိနေသည်ဟု အသိများက ဖက်သွယ်ထားမိကြတော့သည်။ သူတို့၏ရင်ထဲတွင်တော့ နောင်တများစွာဖြင့် ကိန်းအောင်းနေကြပါတော့သည်။
ကြာလာတော့ ဆရာ၊ဆရာမ များကျောင်းသား ကျောင်းသူများ၏ ပညာရေးကို စိုးရိမ်စ ပြုလာတော့သည်။ ပျောက်သောသူကြာရင်တွေ့ သေသောသူကြာရင်မေ့ဆိုပေမယ့် ခုတော့ ကျောင်း၏ဒီဇင်ဘာ စားမေးပွဲပင်နီးလာပြီး မည်သူကမျှ ညီညီငယ် အကြောင်းရာကို မမေ့နိုင်ကြသေချေ။
ဆရာမျိုးမင်း တစ်ခုခုလုပ်မှ ဖြစ်တော့မည်။ ထိုကြောင့် ကျောင်း၏ ကျောက်သင်ပုန်း၏ ဘေးဘက်တွင် စက္ကူဖြူကြီးနှင့် စာလုံးကြီးကြီးရေးကာ ကျောင်းခန်းတွင် တင်လိုက်ပါတော့သည်။
( မည်သူသည် ညီညီငယ်ကို ချစ်သည်နည်း၊ မည်သူသည် ညီညီငယ်ကို ခင်တွယ်သည်နည်း၊ မည်သူသည် ညီညီငယ်ကို စိတ်ချမ်းသာစေသည်နည်း၊ )
( ညီညီငယ်ကို ချစ်သောသူသည် ညီညီငယ်လိုချင်သော ကျောင်းသား၊ ကျောင်းသူကောင်းကို လိုက်နိုင်ရမည်။ ညီညီငယ်ကို ခင်တွယ်သော သူသည် တပါးသူကို အားပေးနှစ်သိမ့်တက်ရမည်။ ညီညီငယ်ကို စိတ်ချမ်းသာစေချင်သောသူသည် ညီညီငယ်မျှော်မှန်းထားသော ပညာရေးပန်းတိုင် ကိုအောင်မြင်စွာ လျှောက်လှမ်းနိုင်မည်သူ ဖြစ်ရမည်။ )
( မင်း ညီညီငယ် အတွက်ဘာလုပ်ပေးမည်နည်း ၊ သင် ညီညီငယ်အတွက် ဘာလုပ်ပေးခဲ့ပြီးနည်း၊ မိမိကိုယ်ကို မေးပါ၊ အဖြေထုတ်ပါ၊ ရှင်းလင်းပါ )
ထိုအရာက ထိရောက်ခဲ့ပါသည်။ ကျောင်းသား ကျောင်းသူများသည် ထိုစာကို ဖတ်ကို အံကိုကြိတ်ကာ မိမိတို့ခံစားရသမျှကို စာထဲတွင်နှစ်သည်။ နန္ဒအတွက် နာကျင်ရသမျှကို စာထဲတွင် နှစ်သည်။ နှင်းဆီ အတွက် ယူကြုံးမရ ဖြစ်ခြင်းများကို စာထဲတွင်နှစ်သည်။ အောင်အောင်အတွက် သနားသမျှကို စာထဲတွင်နှစ်သည်။ ညီညီငယ်အတွက် နောင်တများကို စာထဲတွင်နှစ်သည်။ ကြိုးစားကြသည်။
ဆရာမျိုးမင်းမှာတော့ မျက်ရည်များဖြင့် ကြည်နူးနေပါသည်။
“ညီညီငယ် သားချစ်တပည့်ရေ သားကျေနပ်နေမယ်လို့ ဆရာရဲ့ အနက်ချိုင်းဆုံးကတည်းကကိုက ယုံကြည်နေပါတယ် ချစ်တပည့်ရယ် စိတ်ထားကောင်းတဲ့ ချစ်တပည့်လေ ၀ဠ်ကြွေးတွေ ဒီမှာတင်ပဲ ကုန်ဆုံးပါစေလို့ ဆရာမင်းအတွက်ဆုတောင်းပေးလိုက်ပါတယ်”
------------------------------------



ကျောင်းကြီး၏နှစ်ပတ်လည် စားမေးပွဲကို ဒီဇင်ဘာလ ဒုတိယပတ်မှာ ဖြေဆိုခဲ့ကြပြီး နှစ်သစ်တွင် ဆုပေးပွဲ ခမ်းမလေးကို ပြုလုပ်ကြပါသည်။ ထိုပွဲလေသည် ယခင်နှစ်ကကဲ့သို့ ကျောင်းတွင် ကျောင်းသားမိဘများနှင့် အတူကျောင်းသား၊ကျောင်းသူများကို ဆုပေးပွဲလေးကို ပြုလုပ်ပါသည်။ ဒီနှစ်ကတော့  ကျောင်းသားများ၏ အားလုံးရင်တွင်ထဲတွင် မိမိတို့၏အမှတ်စာရင်းများကို ကြည့်ကာ ရင်ထဲမှ ညီညီငယ်ရေး မင်းအတွက်ကြိုးစားထားတယ်သိလားဟု ပြောကြားနေကြသည်မှာ သူတို့ကိုယ်တိုင် ညီညီငယ်အား ပြောကြားနေကြပါသည်။
ဒီနှစ်တော့ ကိုကိုလေးသည် ညီညီငယ်၏ နေရာသို့ဝင်ရောက်ခဲ့သည်။ မေမေ၏တောင်းဆိုချက်ကြောင့် ကျောင်းကဆရာ၊ဆရာမ များကခွင့်ပြုကာ မေမေကို ကျေးဇူးတင်စကား နုတ်ခွန်းပြောကြားရန် ဆင်မြင့်ပေါ်သို့ ဖိတ်ခေါ်လိုက်ပါသည်။
ဒေါ်မမ သည်ခြေလှမ်းများကို တစ်လှမ်းခြင်းလှမ်းကာ ဆင်မြင့်ပေါ်သို့တက်လာပါသည်။ သူမ၏လက်ထဲမှာတော့ ဟောင်းနေပြီးဖြစ်သည့် နေ့စဉ်မှတ်တမ်းစာအုပ် အနီရောင်လေး ကိုင်ဆောင်လို့ထားပါသည်။
“အားလုံးပဲ မင်္ဂလာပါရှင်၊ ကြွရောက်လာကြတဲ့ ဂုဏ်သူရေရှိ ဆရာ၊ ဆရာမ များ၊ ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများနှင့် ဧည့်သည်တော်များရှင်၊ ကျမနာမည်ကတော့ ဒေါ်မမဖြစ်ပါတယ်၊ ကျမကို ခုလို စကားပြောခွင့်ပေးကြတဲ့ ဆရာ၊ဆရာမ များကိုလွန်စွာမှ ကျေးဇူးတင်ကြောင်း ပထမပြောကြားလိုပါတယ်၊ ဒီနေ့ဒီနေရာမှာ ကျမသားကြီးအတွက် ဂုဏ်ယူစွာ ပြောကြားရမည့် အချိန်ဖြစ်ပေမယ့်လေ၊ ကျမရင်ထဲမှာ ခုချိန်ခါမှာ သားငယ်သာ ရှိနေမယ်ဆိုရင်လေ သားငယ်အတွက် ပြောဖြစ်နေမှာပါ”
သူမအသံများတိမ်ဝင်သွားသည်။ အားတင်းကာ ရင်ထဲရှိုက်သံကို နစ်မြုပ်လိုက်ရသည်။ ကျောင်းသား ကျောင်းသူများသည် ခေါင်းလေးတွေငုံ့ကာ ငြိမ်သက်သွားတော့သည်။ မြေကြီးကိုပဲကြည့်နေကြလာ၊ မျက်ဝန်းထဲက မျက်ရည်များကို လူမမြင်အောင်ပဲ ကွယ်နေကြလာ ဆိုတာတော့ သူတို့သာသိပါလိမ့်မည်။
“ဒီနေ့ ဒီနေရာလေမှာ ကျမကတော့ မိခင်ကောင်းပီသစွာ ရပ်တည်ပေးခဲ့သူတစ်ယောက်မဟုတ်ပါဘူး၊ ကျမလေ ဒီစာအုပ်လေးကို ဖတ်လိုက်ရတဲ့နေ့ကစပြီး တော့မှ ကျမလွန်စွာ ဆိုးခဲ့သည့် မိခင်မှန်းသိခဲ့ရပါသည်”
သူမသည် စာအုပ်လေးအား အများမြင်သာအောင် ပြလိုက်ပါသည်။
“ကျမလေ မိခင်တစ်ယောက်အနေနဲ့ ကျမသားလေးအပေါ်မှာ အတ္တများဖြင့် အကောင်းဆုံးဖြစ်အောင် ကျမရဲ့ဖြစ်စေချင်သည်များကို ရှေ့တန်းတင်ခဲ့သူပါ၊ ကျမသားလေး ကိုကျမဘာဖြစ်ချင်လဲ လို့တစ်ခါမှ မမေးမိခဲ့ဘူး၊ ကျမနောင်တရလို့မဆုံးပါဘူး၊ ကျမသားလေးနာမည်က ညီညီငယ်တဲ့၊ သူကကျမကို ပြောပြချင်တဲ့ အကြောင်းရာတွေ ရှိခဲ့ပါတယ်၊ ကျမဘယ်တုံးကမှ ကောင်းကောင်းနားမထောင်ခဲ့ပါဘူး၊ ကျမစိတ်ထဲမှာ ငါမိဘ ငါပြောတာကို နားထောင်ရမယ် ဆိုသည့် အတွေးသာ ကြီးဆိုးနေခဲ့သူပါ၊ ကျမသားတွေကို ကျမလျှောက်စေချင်တဲ့ လမ်းပေါ်အတင်းတွန်းလို့တွန်း မောင်းလို့မောင်းနှင့် ကျမလွန်စွာမှ မိုက်မဲခဲ့သည့် မိခင်တစ်ယောက် ဖြစ်ခဲ့သူပါ၊ ကျမလေး အခါးနှောင်းမှ ကျမလွန်တာတွေမြင်ခဲ့တယ်၊ ကျမသားလေးကို အသက်ငယ်ငယ်လေး နဲ့ဆုံးရှုံးလိုက်ရတော့မှ ကျမနောင်တအကြီးအကျယ်ရခဲ့တယ်၊ ခုဒီလိုချိန်မှာ ဒီစကားပြောမိတာကို ကျမကိုခွင့်လွှတ်ကြစေချင်ပါတယ်၊ ကျမလိုပဲ မိခင်ကောင်းမပီသသူများ ၊ အခါးနှောင်းမှ နောင်တရမိမှာကို ကျမလိုလားပါဘူး၊ ဒါကြောင့် ဒီနေ့ဒီအချိန်မှာ ကျမဒီစကားကို ပြောရခြင်းဖြစ်ပါတယ်၊ အိမ်ပြန်ရင်လေ ရှင်တို့လဲ ရှင်တို့သားသမီးတွေ ဘာပြောချင်လည်းဆိုတာကို နားထောင်ပေးလိုက်ပါ၊ ပြောခွင့်ပေးလိုက်ပါ၊ သူတို့လေးတွေကို မွန်းကြတ်စွာ မထားစေချင်ဘူး”
သူမရင်တွင်ဆို့တက်လာသဖြင့် ရှိုက်သံကို အသာထိန်းရန် ခဏတာနားလိုက်ပါသည်။ ကျောင်းသား ကျောင်းသူများကတော့ ရင်နင့်စွာနားဆင်နေကြသည်။
“တခါတရံမှာ လူလောကကြီးမှာ သာမန်မဟုတ်တဲ့ လူတွေကို ကျမတို့ဘာလို့ပစ်ပယ်ထားကြမှာလဲ၊ ၀ိုင်းဝန်းဖြေးဖြောင့်စေချင်ကြပါတယ်၊ ကျမတို့က မိန်းခလေးတွေကို ပန်းတစ်ပွင့် နဲ့ တင်စားကြတယ်ဆိုပါဆို့ ပန်းတစ်ပွင့်မဟုတ်ခဲ့တဲ့ ကျမသားလေးလိုမျိုးကလေးတွေကိုလေး ဒီပန်းလေးတစ်ပွင့်အကြောင်းနဲ့ သင်ခန်းစားများယူသွားစေချင်ပါတယ်။ ကျမသားလေးဟာ အသက်ငယ်ငယ်လေးနဲ့ လောကကို အရှုံးပေးခဲ့သူတစ်ယောက်ပါ၊ ထိုကြောင့် သူနှင့်ဆက်နွယ်ခဲ့သည့် နန္ဒဆိုသည့်ကလေး လေးပါ အဆစ်ပါကာ အသိမဲ့တဲ့ဘ၀ကို ရောက်စေခဲ့ပြီး ကျမတို့သားကောင်းရတနာတွေ နစ်မွန်းခဲ့ရပါတယ်၊ ဒီတော့ လူလူချင်းစာနာကြပါ၊ ကူညီကြပါလို့ ကျမတိုက်တွန်းချင်ပါတယ်၊ ကျမတို့ နောက်ထက် အပစ်မဲ့တဲ့ကလေးတွေကိုမရှုံးစေချင်တော့ဘူး၊ နောက်ထက် ညီညီငယ်တစ်ယောက်လည်း ထက်မပေါ်လာစေချင်တော့ဘူး၊ နောက်ထက် နန္ဒတစ်ယောက်လည်း ထက်မဖြစ်စေချင်တော့ဘူး၊ ဒီနေရာမှာ ကျမလေး အားလုံးသော မိဘတွေကို မိမိတို့ရဲ့သား သမီးတွေကို နားလည်နိုင်အောင်ကြိုးစားပါလို့ ပြောကြားရင် နိဂုန်းချုပ်လိုက်ပါတယ်၊ ကျမထက်လောင် မှာကြားပါရစေ အိမ်ပြန်ရင်လေ သားသမီးတွေ ဘာတွေပြောချင်လဲ ဆိုတာကို နားထောင်ပေးလိုက်ပါ”
ဖြောင်းဖြောင်း……..ဖြောင်းဖြောင်း                  
လက်ခုပ်သံများ မိုးယံသို့လွင့်မျောတက်သွားပါတော့သည်။
နောက်ဆုံးရလဒ်ကတော့…
အောင်ခိုင် နှင့် နိုင်နိုင်
သူတို့နှစ်ယောက်သည် ဆယ်တန်းစာမေးပွဲပြီသည်နှင့် ထိုနယ်ကလေးမှ ပြောင်းရွေ့သွားခဲ့ကြသည်။ ကိုကိုလေး နှင့်အတူ ဆေးကျောင်းကြီးတွင်ပညာသင်ယူခဲ့ပါသည်။ ခုတော့ လူမှု့ရေးများတွင် တက်အားသ၍ ပါဝင်လုပ်ကိုင်နေကြသော စေတနာ့ ၀န်ထမ်းဆရာဝန်ကြီးများ အဖြင့်ရပ်တည်နေကြပါသည်။
♣♣♣♣♣♣♣♣♣♣♣♣♣♣♣
တွယ်တာ
သူမကတော့ သူနာပြုဆရာမကြီးအဖြင့် ထိုနယ်ကလေးမှာပင် နေထိုင်နေခဲ့ပါသည်။ သူမတို့ရပ်ကွက်မှ လူတစ်ယောက်ဖြင့် အိမ်ထောင်ကျကာ မိခင်ကောင်းသဖွယ် နေထိုင်နေပါတော့သည်။
♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦
ကျောင်းတော်ကြီးကတော့ လူတော်လေး ၄ ယောက်ကိုဆုံးရုံးလိုက်ရပါတော့သည်။
အောင်အောင်                                                                       
သူသည် ညီညီငယ်၏နောက်ဆုံးခရီးကို ပို့ဆောင်သည့်သူထဲတွင်မပါရှိခဲ့ပါ။ ထိုရက်က သူဆေးရုံးမှာပဲ အသဲကွဲဝေဒနာနှင့် နေခဲ့ရပါသည်။ ကျောင်းမှ နူတ်ထွက်သွားကာ ကျောင်းတော်ကြီးဆီသို့ ပြန်မလာခဲ့တော့ ချေ။ သူ့၏ နှလုံးသားများသည် ညီညီငယ်နဲ့အတူပါသွားခဲ့သည်။ ဆေးရုံးတွင် ရက်ပေါင်းများစွာ စိတ်ထောင်းကိုယ်ကျေဖြင့်ကုသရင်းက ကျောင်းကိုကျော်ခိုင်းသွားခဲ့တော့သည်။ ကျောင်းပြောင်းကာ နယ်ပင်ပြောင်းသွားကာ အစအန ဘာသတင်းမှမကြားတော့အောင် ပုန်းရှောင်သွားခဲ့တော့သည်။ သူကိုသွားကြည့်ကြသည့် ကျောင်းသားများပြောပြချက်အရ…
“ညီညီငယ်မရှိတော့တာကို လက်မခံချင်ပေမယ့် လက်ခံလိုက်ရပြီး ညီညီငယ်ငါ့ဆီကို တစ်ရက်မှ ရောက်မလာခဲ့ဘူးလေ၊ ညီညီငယ်သာ ရှိနေမယ်ဆိုရင် သူငါ့ဆီကိုလာမယ်ဆိုတာ သေချာပေါက်ပြောရဲတယ် ညီညီငယ်က လူတစ်ဘက်သားကို ကူညီတတ်တာ ငါအသိဆုံးမို့ပါ၊ ငါဒီမြို့မှာဆက်ပြီး နေနိုင်စွမ်းမရှိတော့ဘူး၊ ညီညီငယ်ရဲ့အရိပ်တွေကို ငါကျော်လွှာနိုင်တော့ဘူးလေ”
ထိုစကားလက်ဆောင်သာထားခဲ့သည့် အောင်အောင် ခုတော့ဘယ်ဆီရောက်နေသည်မသိတော့ပါ။
♦♦♦♦♦♦♦♦♦♦♦♦
နှင်းဆီ…
သူမကတော့ ညီညီငယ်ကိုလိုက်ပို့သည့်ရက်က နောက်ဆုံးကျောင်းတွင် မြင်တွေ့ခဲ့ရပြီး၊ ကျောင်းမှ နူတ်ထွက်ကာ တစ်ရပ်တစ်ပါးသို့ ပြောင်းရွေ့သွားတော့သည်။ တွယ်တာ၏ပြောပြချက်အရ နှင်းဆီသည် ညီညီငယ်ခုလိုနောက်ဆုံးအချိန်ဖြစ်သွားသည်က သူမ၏မရောဂမကင်းဟု ထင်မှတ်ထားကာ သူမသည် ဒီကျောင်းကြီးတွင်မျက်နာ မပြ၀ံ့အောင်ဖြစ်ခဲ့ရပါသည်။ ထိုကြောင့် ညီညီငယ်နှင့်ပါက်သက်ခဲ့သမျှကို ရင်ဆိုင်နိုင်အားမရှိတော့သဖြင့် ကျောင်းကြီးကိုနူတ်ဆက်ကာ ထွက်သွားခဲ့တော့သည်။
ယခုတော့ သူတို့တက်ခဲ့သည့်ကျောင်းတော်ကြီး၌ပင် ကျောင်းဆရာမအဖြစ်လုပ်ကိုင်နေပါတော့သည်။
♠♠♠♠♠♠♠♠♠♠♠♠♠♠♠♠♠♠
နန္ဒ
သူကတော့ ညီညီငယ်၏နောက်ဆုံးရက်တွင် အခြေအနေဆိုးကာ စိတ္တဇဆေးရုံးသို့ပို့လိုက်ရတော့သည်။ သူ၏နူတ်ဖျားက အဆက်မပျက် ရွတ်သွားသည်ကတော့..
“ညီညီငယ်….ညီညီငယ်….ညီညီငယ်…..ညီညီငယ်……ညီညီငယ်”
နန္ဒ၏အဖြစ်ပျက်ကြောင့် ကျောင်းသား ကျောင်းသူ နှင့် ဆရာ ဆရာမ များ၏ရင်ထဲတွင်တော့ သင်ခန်းစာများကိုယ် စီကိမ်းအောင်းနေခဲ့ကြပါတော့သည်။
♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥
ယခုတော့ ကိုကိုလေး စွန့်ခွာခဲ့သော နယ်မြေကိုပြန်ရောက်လို့နေပါပြီး၊ ညီလေးဆန္ဒဖြစ်စေချင်ခဲ့သော ဆရာဝန်ကြီးကိုပိုင်ဆိုင်နိုင်ပြီး ညီလေး လုပ်ပေးမည်ဆိုသော် မိဘများကို ပြုဆုရန်ပြန်ရောက်လာခဲ့ပါတော့သည်။
တောင်တန်းကြီးက မိုးတွေအုပ်နေပါသည်။ ထိုတောင်တန်းကြီးထဲရှိ တောစခန်းတစ်ခုလေးသည် ပန်းပင်များဖြင့် ဝေေ၀ဆာဆာရှိနေသည်။ ရေတွေလောင်းနေသော ဦးမျိုးမင်းသည် တောစခန်းလေး သုံးခုကြားက ကျောက်ခုံလေးတစ်ခုတွင် လူတစ်ယောက်ထိုင်နေသည်ကို ကြည့်လိုက်သည်။ ထိုလူလတ်ပိုင်း အရွယ်ကောင်လေးကတော့ တောင်ကြီးကိုမော့ကြည့်နေပါသည်။
“ကြယ်လေးတွေ အရေတွက်ရေရအောင် ညီညီငယ် မင်းငါ့ကိုချစ်တယ်ဆိုရင်လေ အဲ့ဒီကြယ်တွေကို ခေါ်လာပေးနော်”
ဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝ
ပြီးပါပြီ
(အားလုံးကိုကျေးဇူးတင်ပါတယ်ခင်များ)
ညီညီငယ်လို နောက်တစ်ယောက် မဖြစ်ပါစေနဲ့ အားလုံးသော ညီအကိုများ စိတ်ဓါတ်ခိုင်မားကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

4 comments:

  1. အိ၊ ရက်စက်လိုက်တာ စာရေးဆရာရယ်။ လူက အိပ်ရေးပျက်ခံဖတ်ရတဲ့ထဲ ငိုလိုက်ရတော့ မျက်လုံးပါအောင့်တယ်��������

    ReplyDelete
  2. စာရေးဆရာ။ တွေးရင်းတွေးရင်းနဲ့ ခင်ဗျားကို ကျွန်တော် ထိုးချင်လာပြီ။ ရက်စက်လိုက်တာဗျာ။ ညီညီကဒီလောက်ခံလာရပီးမှ ပေးညားလိုက်တာမဟုတ်ဘူး။နန္ဒ ကိုလည်းရူးခိုင်းတယ်။ ဒေါသထွက်လာပီနော်။ ဂီးးးးး

    ReplyDelete
  3. မျက်ရည်ပါကျတယ်ဗျာ အကြိုက်ဆုံးပဲ

    ReplyDelete
  4. တကယ်ကောင်းပါတယ် ပညာလဲ ပေးသလို ရသလဲ ရစေပါတယ်.. ဝမ်းနည်းစရာလဲ ခံစားမှုပေးပါတယ်
    တကယ်ဖြစ်နေသလိုခံစားသွားစေပါတယ် တကယ်တော့ ဇတ်လမ်းတခုဆိုတာ မေ့မေ့သွားတယ်
    internet လိုင်းမကောင်းလို့ အချိန် ၂ ပတ်လောက်ယူဖတ်လိုက်ရတယ် အခုတောင် ည ၁ နာရီခွဲနေပြီ
    ဆက်ကြိုးစားပါဦးဗျို့

    ReplyDelete

အချစ်တစ်ခု ပြယုဂ်တစ်ခု

“......................”  သားကြီးဆီမှ ကြားလိုက်ရသော နာမည်ကြောင့် ကျွန်မတစ်ကိုယ်လုံး တောင့်ခဲ သွားသည်။အဆုံးမရှိသောတွင်းနက်ကြီးထဲသို့ ပြုတ်ကျ...