Friday, August 8, 2014

ဂေးဖြိုနည်း ... အခန်း (၃)

၃။ ဂရုဏာ၊ အကြင်နာ၊ ချစ်မေတ္တာ ...
ကျွန်မ အိပ်ယာက နိုးလာတော့ တစ်ကိုယ်လုံးလည်း ကိုက်ခဲနေပါတယ် ... ။ ဒါပေမယ့်
လမ်းတော့ ပြန်လျှောက်လို့ ရနေပါပြီ ... ။ အချစ်က ပေးတဲ့ ဒဏ်ရာပေါ့လေ ... ။
သည်နေ့ ကျောင်းသွားဖို့ ပြင်ဆင်ရင်းနဲ့မှ ကျွန်မ တစ်ခုကို ဖျက်ခနဲ
သတိရလိုက်ပါတယ် ... ။ ဟုတ်ပါရဲ့ ... ။ ငါ အဲ့ဒါကို ဘာလို့ မေ့နေရတာပါလိမ့် ...

ယောက်ျားလေး တစ်ယောက်ဆီမှ အကြင်နာ မေတ္တာကို ရရန်အတွက် ထိုယောက်ျားလေးသည်
ကျွန်မအပေါ်တွင် ဦးစွာ သနားဂရုဏာ ရှိနေရန်လိုအပ်သည်ဟု ကျွန်မ ယုံကြည်မိသည် ...
။ အိုး ... ကိုယ်က သူ့ကို ချစ်နေတာပဲ ... ။ နည်းနည်းပေါလည်း ကြံဆရမှာပေါ့ ... ။
သူသနားဖို့က အဓိကလေ ... ။
ကျွန်မ ပထမနှစ်က သူငယ်ချင်းတစ်ယောက် ဂျိုင်းထောက်နဲ့ ကျောင်းတက်တာကို
မြင်ခဲ့ဖူးပါတယ် ... ။ ကျွန်မကိုယ်တိုင် ဒါကြီးနဲ့ ကျောင်းသွားဖို့ကတော့
နည်းနည်းတော့ ၀န်လေးသား ... ။ ဒါပေမယ့် ကျွန်မ အဲ့လောက်တော့
စွန့်စားနိုင်ရမှာပေါ့ ... ။
ရုတ်တရက် ဂျိုင်းထောက်က ရှာလို့မလွယ်လှပါဘူး ... ။ နောက်ဆုံးတော့ ပထမနှစ်တုန်းက
သူငယ်ချင်းဆီက သွားငှားဖို့ပဲ ဆုံးဖြတ်လိုက်ပါတယ် ... ။ သူက အခု ကောင်းလို့
လမ်းတောင် လျှောက် ၊ အိုး ... လမ်းလျှောက်ရုံမကဘူး ... အမြီးတောင်
နန့်တတ်နေပါကော ... ။
တစ်ရက်တည်းပါ နေခြည်ရယ် ... ။
မလုပ်ပါနဲ့ဟယ် ... နင်တော့ မသိဘူး ... နင့်အစား ငါ ရှက်တယ် ... ငါတောင်
အဲ့ဒါကြီးနဲ့ လျှောက်သွားတုန်းက သေလောက်အောင် ရှက်တာ ... ။
ငါ့မှာ အကြောင်း ရှိလို့ပါဟယ် ... ။
ဘာ အကြောင်းလဲ ... ။
အသေသတ်လိုက် ... မပြောပြဘူး ... ။
ဟုတ်တယ်လေ ... ပြောပြလိုက်မှတော့ မိဝါတို့လောက် မိုက်တာ ရှိပါဦးမလား ... ။
မိဝါ မိဝါ ... လင်လိုချင်ရင် လင်လိုချင်တယ်လို့ စိတ်ထဲကမှတ် ... သိသာသိစေ
မမြင်စေနဲ့ပေါ့ ... ။

သည်နေ့တော့ ကျောင်းမှာ မိဝါလောက် ဒီဇိုင်း လန်ထွက်တာ မရှိတော့ဘူး ထင်ပါ့ ... ။
ဂျိုင်းထောက်က တကားကားနဲ့ ... ။ နေခြည့် ဂျိုင်းထောက်က လွန်ခဲ့တဲ့ နှစ်နှစ်က
ဂျိုင်းထောက်ဆိုတော့ အနည်းငယ် ပျက်ဆီးစ ပြုပြီပေါ့ ... ။ ဒါပေမယ့် မျက်နှာကတော့
သိတယ်ဟုတ် ... ။ ၀ါဝါ၀င်းရွှေလေ ... ။ သနားစရာ အလွန်ကောင်းသော
မျက်နှာပေးလေးနဲ့ပေါ့ ... ။ လင်သေပြီးစ မျက်နှာလေးဆိုလား ဘာလား ... ။ အဲ ...
သေစရာ လင်တော့ မရှိသေးပါဘူး ... ။ ဟို မတော်ရသေးတဲ့ လင်ကလည်း အလွန်ဆုံးမှ
ပန်းသေရုံလောက်ပဲ ရှိမှာပါ ... ။
သည်နေ့ မနက် ဆယ်နာရီ ကျော်နေပါပြီ ... ။ အခုထိလည်း သုတရဲ့ အရိပ်အယောင်ကို
တွေ့ကို မတွေ့သေးတာပါ ... ။ ဟူး ... သည်လောက် ပါဖောင်းမန့်တွေ လုပ်လာတာ ...
ဖြူဖြူကျော်သိန်းတော့ အရှက်ကွဲပြီထင်ပါ့ ... ။
ကျွန်မ စိတ်ပျက်စ ပြုနေပါပြီ ... ။ ဟူး ... သည်နေ့မှ သုတရယ် ... ။ ရုတ်တရက်
ဖုန်းမြည်လာတော့ ကျွန်မ မသိတဲ့ နံပါတ် တစ်ခုပါ ... ။ အင်း ... ဘာပဲ ဖြစ်ဖြစ်
ဖုန်းကိုင်လိုက်ပါတယ်လေ ... ။
ဟဲလို ... ဘယ်သူပါလဲ ... ပြောပါ ... ။
သြော် ... ၀ါခြည်လား ... ဥပါ ... ။
ကျွန်မ ဖုန်းကို ချမလို လုပ်ပြီးမှ သုတနဲ့ ပတ်သတ်ရာ ပတ်သတ်ကြောင်းမို့ စိတ်ကို
လျှော့လိုက်ရပါတယ် ... ။
သြော် ... ပြောပါ ... အရေးမကြီးရင် နောက်မှ ပြန်ဆက်ပါလားနော် ... အခု
လက်ချာခန်းထဲမှာမို့ ... ။
အရေးကြီးတယ် ၀ါခြည်ရဲ့ ... ၀ါခြည်နဲ့ ကိုယ်နဲ့တွေ့ဖို့လေ ... ။
ဘာ.... ။
ကျွန်မအသံ နည်းနည်း ကျယ်သွားတယ် ထင်ပါတယ် ... ။ ပြီးမှ စိတ်ကို
ပြန်လျှော့လိုက်ရပါတယ် ... ။
ဆောရီးနော် ... ၀ါခြည် မအားဘူး ... အဲ့လို တွေ့ရလောက်အောင် ... ။
သြော် ... ဒါဆို ၀ါခြည် သုတ မွေးနေ့ကို ဘယ်လာနိုင်ပါ့မလဲနော် ... တို့ကတော့
ဝါခြည်လာစေချင်လို့ သုတကို ပြောထားလိုက်ရတာ ... အင်းလေ ... ၀ါခြည် မလာနိုင်လည်း
... ။
သု ... သုတ မွေးနေ့ ဟုတ်လား ... ဘယ်မှာလုပ်မှာလဲ ... ဘယ်အချိန်လဲ ... ။
အယ် ... ၀ါခြည်မအားဘူးဆို ... ။
အခုအားပြီ ... ဟိုမှာ ဆရာမ ထွက်သွားပြီလေ ... ၀ါခြည်လာခဲ့မှာပေါ့ ... ။
အင်း ... အမျိုးမျိုးပဲ ... နေရာပြောမယ် .... အချိန်ကတော့ အခုချက်ခြင်း
ထွက်လာခဲ့မှရမှာ ... ။

ဒါနဲ့ပဲ ကျွန်မမှာ သုတအတွက် မွေးနေ့လက်ဆောင် ၀ယ်ရပါတယ် ... ။ I love you ဆိုတဲ့
စာသားလေး ပါတဲ့ ၀က်ဝံရုပ်လေးကို ကျွန်မ ရွေးလိုက်ပါတယ် ... ။ ဟုတ်တယ်လေ ....
ကိုယ်မှ မပြောရဲတာ ကိုယ့်အစား ၀က်ဝံရုပ်လေးက ပြောစေပေါ့ ... ။
တက္ကစီ ငှားပြီး ချိုင်းထောက်ကြီးနဲ့ပဲ ထွက်လာခဲ့ပါတယ် ... ။ ဘာပဲဖြစ်ဖြစ် သည်
ဂျိုင်းထောက်ကြောင့် သူ ငါ့အပေါ် ဂရုဏာ သက်ကောင်းပါရဲ့ ... ။
ယူတိုးပီးယား ပေါ်ကိုတက်တော့ ကျွန်မ ဂျိုင်းထောက်ကြီးထောက်ပြီး တက်ရပါတယ် ... ။
အိုး .. ခက်လိုက်တာ ... ။
ကျွန်မကို ဘေးက လူတွေ လာဝိုင်း တင်ပေးတော့မှပဲ ကျွန်မ ဂျိုင်းထောက်နဲ့
အပေါ်မတက်တတ်သေးမှန်း သိရပါတယ် ... ။ ဟိုမှာတော့ ပွဲစနေပြီ ထင်ပါတယ် ... ။
ကျွန်မ ၀င်လာတော့ အားလုံးက ၀ိုင်းရယ်ကြပါတယ် ... ။ ဟာ ... ဘာလို့ ရယ်ကြတာလဲ ...

ဟဲ့ ... နင်ပြောတဲ့ နင့်ကောင်မလေးဆိုတာ ၀ါခြည်လား ... ။
ရုတ်တရက် ကြားလိုက်တဲ့ စကားကြောင့် ကျွန်မ တော်တော် ဒေါသထွက်သွားမိပါတယ် ... ။
ဟွန်း လွန်လိုက်တာ ... ။ ကျွန်မ ဥကို ၀ါးစားတော့မယ် မျက်လုံးတွေနဲ့
ကြည့်မိလိုက်ပါတယ် ... ။
သည်တော့မှ ဥလည်း စကားပြန်လွှဲပါတယ် ... ။
ငါက ငါကြိုက်တဲ့ ကောင်မလေးလို့ ပြောတာပါဟ ... ၀ါခြည့်ဘက်က ဘာမှ မဟုတ်သေးပါဘူး
... ။

ကျွန်မ ၀က်ဝံရုပ်လေးကို တယုတယ ကိုင်ပြီး သုတကို ပေးလိုက်ပါတယ် ... ။ သုတ
မျက်လုံးမှာ ခံစားမှု အရိပ်အယောင်ကို ကျွန်မ ရှာကြည့်လိုက်ပါတယ် ... ။ အို ...
ဘာဆို ဘာမှကို မရှိတာပါ ... ။


ကျွန်တော် ၀ါခြည်ပေးတဲ့ အရုပ်လေးကို လှမ်းယူလိုက်ပါတယ် ... ။ ဟင်း ... သူ့ကို
ကျွန်တော် မဖိတ်ချင်ပါဘူး ... ။ ဒါပေမယ့် ဥမ္မာနဲ့က ကျွန်တော်က ငယ်ငယ်လေးတည်းက
သူငယ်ချင်းတွေလေ ... ။ ဥမ္မာနဲ့ ပတ်သတ်ရာ ပတ်သတ်ကြောင်းမို့ ကျွန်တော်လည်း
မငြင်းသာတော့ပါဘူး ... ။
သူ ငါ့ကို မကြိုက်တာတော့ သေချာမှာပါ ... ။ ဟုတ်တယ်လေ ... ။ သူ ကြိုက်လည်း ငါနဲ့
ဘာဆိုဘာမှကို ဘာလို့ မရတဲ့ အခြေအနေကြီးကို ... ။

သည်တလော ကိုကို ငါ့အပေါ်ကို စိမ်းကားနေသလိုပဲ ... ။ ငါလေ ... သူ့ကို အမြဲတမ်း
အရိပ်လို ကြည့်နေခဲ့သူဆိုတော့ သူ နည်းနည်း ပြောင်းလဲသွားတာနဲ့ စိတ်က အလိုလို
သိနေတယ် ... ။
သည်နေ့လည်း ကျွန်တော့်မွေးနေ့ကို ကိုကို စိတ်မပါသလိုပဲ ... ။ တချိန်လုံး
နာရီကို တကြည့်ကြည့်နဲ့ ... ။ သေတောင်သေချင်တယ် ... ။
ကိုကိုရယ် ... ကျွန်တော့်ကို နည်းနည်းလေး ပို ဂရုစိုက်မယ်ဆို
သိပ်ကောင်းမှာပဲနော် ... ။
ကိုကို ... ကျွန်တော် ကိုကို့ လက်ဆောင်ကို အမြတ်တနိုးသိမ်းထားပါ့မယ် ... ။
ရပါတယ် ...  သည်လိုပဲ ရေမွှေး မင်းကြိုက်တတ်မယ်ထင်လို့ ၀ယ်လာပေးတာပါ ...
ဘယ်လောက်ပဲ သိမ်းသိမ်းလေ ... ရေမွှေးဆိုတာ သုံးပြီး တစ်နေ့ကြရင် ကုန်သွားမှာပါပဲ
... ။
ကိုကို ပြောတာ ဘာအဓိပါယ်လဲ ... ညီ နားမလည်ဘူး ... ။
အင်း ... တစ်နေ့နေ့တော့ မင်းသိမှာပါ ... ။
ကျွန်တော်တို့ နေ့လည်စာကို ယူတိုးပီးယားမှာပဲ စားကြပါတယ် ... ။ ကိုကို
အချိုးတွေ ပြောင်းသွားမှန်းလုံးဝ သိသာနေပါတယ် ... ။ ကျွန်တော့်ကို အရင်ကလိုလဲ
ဟင်းတွေ မထည့်ပေးတော့ပါဘူး ... ။ ထမင်းစားနေရင်းလည်း မခွံ့ကျွေးတော့ပါဘူး ... ။
ကိုကိုရယ် ... အဲ့လောက်တော့ မရက်စက်ပါနဲ့ဗျာ ... ။ ကိုကို မသိမသာလေး
ပြောင်းလဲရင်တောင် ညီက သိနေသူပါ ... ။
ကိုကို ... နောက်နှစ်ပတ်ဆို ကိုကို့မွေးနေ့နော် ... မွေးနေ့မှာ
ဘာလက်ဆောင်လိုချင်လဲ ...
ကိုကို ကျွန်တော့်ကို အကြာကြီး ကြည့်နေပါတယ် ... ။
ကိုကို့မျက်နှာပျက်နေမှန်းလည်း ကျွန်တော် သိပါတယ် ... ။
ညီ ... အစ်ကို တစ်ခု တောင်းဆိုမယ်နော် ... ညီ့ကို အစ်ကို ချစ်သူ
သက်တမ်းတစ်လျှောက်လုံး အတတ်နိုင်ဆုံး ချစ်ခဲ့တယ် ... ။
ဟုတ်ပါတယ် ... ။
အစ်ကို ညီ့ကို ပေးခဲ့တဲ့ အချစ်တွေ အကုန်လုံးကို မွေးနေ့လက်ဆောင်အဖြစ် ညီ
ပြန်ပေးနိုင်မလားညီ ... ။
ဗျာ ... ။
ကျွန်တော် ဘာကိုမှ မကြားနိုင်တော့ပါဘူး ...။
အစ်ကို ချိန်းထားတာ ရှိလို့ ပြန်ပြီညီ ... ။
သွားပါပြီ ... ။ အားလုံး ပျက်စီးကုန်ပါဘီ .. ။ ကျွန်တော့်ကို ဘယ်တော့မှ
တစ်ယောက်တည်း မထားခဲ့ဘူးတဲ့ ကိုကို ... အခုတော့ ကျွန်တော့်ကို ချန်ပြီး
ထွက်သွားခဲ့ပါပြီ ... ။
ဒါဟာ ကျွန်တော့်ကို သတ်လိုက်တာနဲ့တူတူပါပဲ ကိုကိုရယ် .... ။

မိုးတွေ အရမ်းရွာနေပါတယ် ... ။ သုတ တစ်ယောက်တည်း ယူတိုးပီးယား အပေါ်ကို
တက်နေပါတယ် ... ။ သူ့ သူငယ်ချင်းတွေလည်း ပြန်ကုန်ကြပါပြီ ... ။ သုတ ငိုနေတာလား
... ။ ဘုရားဘုရား ... ။ ငါစိတ်မချဘူး ... သုတရယ် ... နင့်အနောက်က လိုက်ခဲ့ပါရစေ
... ။
သုတ ကျွန်မ ခြေထောက်ကို မေးဖော်မရပါဘူး ... ။ ဒါပေမယ့် အဲ့ဒါကို ကျွန်မ
ဂရုမစိုက်နိုင်ပါဘူး ... ။ သုတရယ် ... နင် အနီးဆုံးမှာ ရှိနေတဲ့ ငါ့ကို ဘာလို့
မေ့ထားရတာလဲကွယ် ... ။
ဆက်ပါဦးမည် ... (မင်းခန့်နိုင်)

No comments:

Post a Comment

အချစ်တစ်ခု ပြယုဂ်တစ်ခု

“......................”  သားကြီးဆီမှ ကြားလိုက်ရသော နာမည်ကြောင့် ကျွန်မတစ်ကိုယ်လုံး တောင့်ခဲ သွားသည်။အဆုံးမရှိသောတွင်းနက်ကြီးထဲသို့ ပြုတ်ကျ...