Saturday, August 16, 2014

နှောင် ကြိုး .. ၃

“ပိုဟပ်ဖြူလို့ ”
“မင်းမိုက်ရိုင်းလှကြီးလား”
“ငါမင်းကိုမိုက်ရိုင်းတဲ့စကား ဘာမှမပြောဘူး”
“တစ်ပါလူရဲ့ အမည်ကိုဖျက်တာလည်း မိုက်ရိုင်းတာပဲ”
“ဟုတ်လား”
၂ယောက်သား တင်းမာလာကြတော့သည်။ အမွှာနှစ်ကောင်လည်း ဘာလုပ်လို့ ဘာကိုင် ရမှန်းမသိတော့ ထပဲပြေးရတော့မလို ကူပြီးပဲချရတော့မလို အခြေအနေကမလှတော့၊
 ထိုအချိန်မှာဆရာ/မ များ ကင်းတင်းထဲဝင်လာတော့ ၂ယောက်သာ အရှိန်သပ်ကာ
ဂျိုးစောင်းနေကြတော့သည်။
“မင်းတို့ သတ္တိရှိရင် ကျောင်းဆင်းတာနဲ့ ရပ်ကွက်ကဘောလုံးကွင်း မှာချကြ”
ခင်မောင်အေးက စသည်။ ခင်မောင်ဌေးကလှော်တော့သည်။
“အးကောင်းတယ် လယ်ကွင်းမှာဆို ပိုအဆင်ပြေတယ် လူမရှိဘူး”
“ဒါလည်း မဆိုးဘူး မင်းတို့အဲဒီမှာချကြ”
အမွှာ၂ကောင်ချောက်တွန်း မူ့ ကြောင့် သာကျော်မောင် နဲ့သီဟမိုးချိန်လိုက်ကြသည်။
သာကျော်မောင်တို့၂ယောက်မသိလိုက်တဲ့ အကြောင်းရာကရှိလာသည်။အမွှာ ၂ကောင်
 ကသာကျော်မောင်တို့မသိခင်အတန်းတက်ချိန်တွင်တိုင်ပင်လိုက်သည်။ လောင်ကြေးနှင့်
ထပ်ကြသည်။ ခင်မောင်အေးက သီဟမိုးဘက်က ၊ ခင်မောင်ဌေး ကသာကျော်မောင် ဘက်က ၊ တစ်လစာမုန့် ဘိုးကြေးလောင် လိုက်ကြသည်။ ကျောင်းတက်နေတုန်းတွင်
ခင်မောင်အေးက သာကျော်မောင်အား သီဟအကြောင်းပြောသည်။
“ဒီကောင်ကနည်းနည်းရရ မဟုတ်ဘူးနော် အရင်ကျောင်းမှာ ကရာတေ ခါးပါတ်နတ်
 နော် မင်းကချဘို့မပြောနဲ့ခဲတောင်ကောင်းကောင်းပစ်တတ်တာမဟုတ်ပဲနဲ့  မသွားတာ
 ကောင်းမယ်ထင်တယ်ကွ”
”ဒီကောင်ဘာပဲတတ်တတ် သွားမှာပဲ ငါလည်းသိုင်းကားတွေကြည့်ထားတာပဲ ရတာနဲ့ချမယ်”
ခင်မောင်အေး သက်ပြင်းချမိသည်။ သာကျော်မောင်မသွားလျှင်သူနိုင်မည်မဟုတ်လား။
ထိုနည်း၎င်း ခင်မောင်ဌေးကလည်း သီဟမိုးကို ကြပ်သည်။
”သာကျော်မောင် ကအားကစားတင်ထွန်းချွန်တာမဟုတ်ဘူးနော် ဒီကောင်က
မြန်မာ့သိုင်း နောက်ပြန် သိုင်းတွေလည်းရတယ် သူ့ အဘိုးကမြန်မာ့သိုင်းဆရာကြီး
မင်းသွားမချတာကောင်းပါတယ် မင်းပဲအနာ ခံရမှာ ငါကဒီကောင် အကြောင်း
ကောင်းကောင်းသိတယ်“
”ခံခံကွာ ဒီကောင်ကိုတော့မကျေနပ်ဘူး မသွားရင် ငကြောက်လို့ပြောနေအုံးမယ် သွားကိုသွားမှာ“
ခင်မောင်ဌေး လည်းမအောင်မြင်ချေ။
နောက်ဆုံးတော့ ကျောင်းဆင်းချိန်ပြီးတာနဲ့ ၄ယောက်သာ ကျောင်းနောက်ပေါက်က
ထွက်ပြီး လယ်ကွင်း တွေဘက်ကိုထွက်လာခဲ့ကြတော့သည်။
လယ်ကွင်းပြင်ကြီးမှာ ကျောင်းသား၎ယောက်ရှိနေပါသည် ။၂ယောက်က ဘောင်ရိုးပေါ်
မှ ကြည့်ကာ ညာသံပေးနေကြပြီး ၂ယောက်ကတော့လယ်ကွင်းပြင်းထဲမှာတစ်ယောက်နဲ့
တစ်ယောက် ၁၀ ပေလောက်ကနေပြီး လက်သီးတွေကိုဟန်ဟန်ပါပါရွယ်ကာ ချိန်းနေ
ကြသည်။ သာကျော်မောင်လည်း သီဟမိုးကိုရှိန်နေသလိုသီဟမိုးလည်း သာကျော်မောင်
 ကိုရှိန်နေသည်။ အမွှာ၂ကောင်ရဲ့တွန်းထားတဲ့စကားတွေ ကရှိနေတော့ တစ်ယောက် နဲ့
တစ်ယောက်အလွတ်မပေးပဲ စိုက်ကြည့်နေသည်။ ၀ိုင်းကြီးပတ်ပတ် လုပ်နေသလို
ဖြစ်ကာ တစ်ယောက်နဲ့တစ်ယောက်လှည့်နေကြတော့သည်။ အမွှာ၂ကောင်လည်း
အားပေးရင်း ညာသံတွေအော်ကာ အာပင်ခြောက်လာတော့သည်။ သူတို့၂ယောက်
ကတော့ ပတ်လို့ကောင်းတုန်း။ မည်သို့အကြောင်းကြောင့်မှန်းမသိပဲသူတို့၂ယောက်
မချလိုက်ရပဲအမွှာ၂ကောင်ချကြတော့သည်။ လုံးထွေးသတ်ကြတော့ သာကျော်မောင် နဲ့
သီဟမိုး မနေသာတော့ပဲ အမွှာ၂ကောင်ကိုခွဲပေးလိုက်ရသည်။ ၂ယောက်သား အဖုဖိတ်
များဖြစ်ကာ အိမ်ထိလိုက်ပို့လိုက်ရလေတော့သည်။ အိမ်ကိုရောက်တော့ အမွှာ၂ကောင်
ရဲ့အမေအကြောင်းကို နောကျေနေသော သာကျော်မောင် ကနောက်က ချန်ပြီးဝင်
ခဲ့သည်။ အမွှာ ၂ကောင်ရဲ့အမေ သူတို့ကိုမြင်မြင်ခြင်း ပဲ
“ဟင် ဖြစ်လာကြပြန်ပြီးလား ပြောထားရဲ့သားနဲ့  ဒီညီအကိုလေး၂ယောက်ရှိပါတယ် တည့်အောင်မနေကြဘူး နင်တို့ ကိုပြောရဆိုရတာလူကြားတယ် ငါကလူဆိုးမ ကြီး ဖြစ်
လို့ ဘယ်သူမှဘာမှရှင်းပြမနေနဲ့ ၂ယောက်လုံးသေပြီးသာမှတ်”
“ဒါက် ဒေါက် ဒေါက် ”
ခေါင်းသုံးလုံးကို ခေါက်ပစ်လိုက်ကာ သီဟမိုးပင် အဆစ်ပါသွားတော့သည်။ သီဟမိုး
ကြောင်ကာခေါင်းကိုပွတ်နေတော့သည်။ လက်သံပြောင် ပြီးသာကို သာကျော်မောင်
 ကောင်းကောင်းသိသည်။
“ဟိုကောင်ပါလာခဲ့”
သာကျော်မောင်ကိုလှမ်းခေါ်ခြင်းဖြစ်ပါသည်။
“ဗျာ ကြီးမေ သားမပါဘူးလေ”
“လာဆိုလာခဲ့ သူငယ်ချင်းတွေ ဒီလိုဖြစ်တာရပ်ကြည့်နေလို့ ပေါ့ ... လာ”
“ဒေါက်”
”အ ”...
သာကျော်မောင် လည်းခေါက်ခံလိုက်ရတော့သည်။ ခေါင်းခေါက်ပြီးတော့ အမွှာ၂ကောင်
ရဲ့အမေက မုန့်စိမ်းပေါင်များချကျွေးသည်။
“ရာ့ စားကြ မြိုကြ အမေလုပ်သူကိုတော့မသနားကြဘူး ရန်ဖြစ်ဘို့ပဲတွက်နေကြ မင်းတို့ကြပ်ကြပ်သတိထားကြ”
သူတို့ စားကြသောက်ကြပြီးမှအိမ်ပြန်ကြတော့သည်။ ထိုနောက်ပိုင်းတွင်တော့
သာကျော်မောင် နဲ့ သီဟမိုးတို့ မဟာရန်သူတော်ကြီး အသွင်ပြောင်းသွားကြတော့သည်။
အမွှာ၂ကောင်ကလည်း လှော်သည်။ ဟိုသတင်းဒီပို့ဒီသတင်း ဟိုပို့နှင့် ၂ယောက်သာ
ကိုရန်တိုက်ပေးကြသည်။ သူတို့၂ယောက်ကြောင့် ရန်ဖြစ်ထားတဲ့အခဲမကြေမူ
တွေရှိသေးတာကိုး။ သို့ပေမယ့် သီဟမိုးနဲ့ သာကျော်မောင်ကတော့ထိပ်တိုက်ဘာမှ
မဖြစ်လာကြပါဘူး။ ပထမအစမ်း စာမေးပွဲပြီးတော့ ဆရာမဒေါ်သီတာနှင့်ဆရာ
 ဦးကျော်သောင်းတို့ ဦးစီးပြီး တောင်တက်ခရီးလေးတစ်ခု သူတို့ ဒဿမတန်း
မှာဖြစ်ပေါ်လာတော့သည်။
“ဒီခရီးက သားတို့ သမီးတို့ ရဲ့သင်ခန်းစာတွေ ကိုတစ်ဆိတ်တဒေသကနေ ပြီတော့
အထောက်ကူပြုမယ်လို့ ဆရာမတော့ မျှော်လင့်ထားတယ် ငယ်ရွယ်တုန်းမှာ
သားတို့ သမီးတို့ ရဲ့သင်ခန်းစာတွေကို ကျောင်းစာတွေနဲ့ အတူ သဘာဝ ပတ်ဝန်ကျင်
ကသင်ခန်းစာတွေပါပို့ ချမှာဖြစ်လို့ သားတို့ သမီးတို့ အားလုံးကိုလိုက်စေချင်တယ်
နောင်တစ်ချိန် မှာသားတို့ သမီးတို့ ရဲ့ လက်တွေက ခိုင်မြဲပြီး တူတူရင်ပေါင်း တန်နိုင်တဲ့
 သင်ခန်းစာမျိုးကို ရစေချင်ပါတယ် တစ်ယောက်အားနဲ့ မလုပ်နိုင်တဲ့အရာကို
အများဆုပေါင်းအားနဲ့ လုပ်နိုင်တဲ့ သာဓကတွေကို ပြချင်လို့ လည်း ဆရာ/မ တွေက
ဒီခရီးကိုလိုက်စီစဉ်လိုက်တာပဲကွယ့်  အားလုံးသွားကြမယ်မဟုတ်လား”
“သွားကြပါမယ် ဆရာမ“
သူတို့ ထိုခရီးကို ၀မ်းသာအားရ ပျော်ရွှင်စွာလက်ခံကြပါသည်။ တောင်တက်ခရီးကိုစတင်
 ခရီးထွက်တော့လည်းကားပေါ်မှာ သူတို့ အားလုံးသံပြိုင် ကျောင်းသီးချင်းကို သီး ဆို
ရင်ပျော်ပျော်ရွှင်ရွှင်လိုက်ပါခဲ့ကြတော့သည်။
****
ခရီး ထွက် မဲခွဲမှု့အစီစဉ် အရ လေးသင် ခွဲလိုက်တော့ သုတစံ၊ သာကျော်မောင် နှင့်
သီဟမိုး တစ်သင်းထဲကျပြီး အမွှာညီ နောင် အတူကျသွားပါသည်။ သာကျော်မောင်
တို့ အနီ သင်းက တာထွက်ပြီး ဆိုတာနှင့်အပြိုင်အဆိုင်တောင်တက်ခဲ့ကြပါတော့သည်။
သူတို့ တွေတက်လာခဲ့ကြတာ နေ့လည်ရောက်တော့ တောင်ဝက်ခရီးကို ရောက်ခဲ့ ပါ
တော့သည်။ လူတွေလည်းမောဟိုက်ကာတစ်ယောက်နဲ့ တစ်ယောက် ဖေး မ ကူညီ
ရင် ရှေ့ သို့တက်ခဲ့ကြသည်။သာကျော်မောင် နဲ့ သီဟမိုးကတော့ ရှေ့ အရင်ရောက်ရေ
အတွက် အချင်းချင်းအပြိုင် ဆိုင် ဖြင့် တက်ခဲ့ရာနောက်လူများနှင့်ကွဲသွားတော့သည်။
“ဟ့ကောင် လမ်းမှားနေပြီးလာမသိဘူး နောက်လူတွေလည်းမတွေ့ ရတော့ဘူး”
သီဟမိုး စိုးရီမ်တကြီးလမ်းမေးမိတော့သည်။ နောက်လှည့်ကြည့်တော့လည်း မည်သူမျှ
မတွေ့ ရ၊ ထိုအခါကျမှ သာကျော်မောင် လည်း သတိထားပြီးကြည့်လိုက်တော့
မိမိတို့ လမ်းခွဲမှားတက်ခဲ့မှန်း သဘောပေါက် ကာနောက်ပြန် လှည့် ပြီး လမ်းခွဲ ကို
လိုက်ရှာကာ လမ်းမှန်ကိုတက်ခဲ့တော့သည်။ သို့ ပေမယ့် သူတို့ နောက်ကျကျန်ခဲ့လေပြီး
ထိုကြောင့်လည်း သာကျော်မောင် အလျှင်လိုကာ အမြန်တက်နေမိတော့သည်။ သီဟမိုးက တော့ သာကျော်မောင်နောက်ကနေပြီး လူခွဲကျန်ခဲ့မှာဆိုသည့်အတွက်
မျက်ချည်မပျက်ခံရဲပေ။
“အား”
“ဟာ ဘာဖြစ်တာတုံး”
“ငါခြေခေါက်သွားလို့ ”
သီဟမိုး အနားသို့ သာကျော်မောင် စိုးရီမ်တကြီးပြေးလာကာကြည့်လိုက်တော့
“အင်း မင်းတော်တော်ထိသွားတာပဲ ချက်ခြင်ကိုရောင်တက်လာတယ်”
သီဟမိုး နာလွန်၍မျက်ရည်များပင် ဆို့တက်လာသည်။ သာကျော်မောင် လည်းအနီး
နားက သစ်ရွက်တစ်ချို့ကိုလိုက်ရှာကာ ခဲဖြင့်ကြိတ်၍ ခြေထောက်အား အုပ်ပေးပြီး
သူ့ ၏ကျောပိုးအိတ်ထဲမှ လက်ကိုင်ပုဝါကိုထုတ်ကာစည်းပေးသည်။
“အဲဒါဘာရွက်တွေလဲ”
“ဒန် ခေါက်နဲ့ အရွက်တွေလေ ဒီလိုကြိတ်ပြီးစည်းထား ရင်သက်သာတယ်”
“မင်းကတော်တယ်နော် အားလုံးသိနေတာပဲ”
“ငါအိမ်က တိုင်းရင်းဆေးရောင်းတယ် ဆိုတာမမေ့နဲ့ လေ”“
“အင်း..”
“လာ ငါကျော်ပေါ်တက်”
“ဟာ မလုပ်ပါနဲ့ ”
“မလုပ်ပါနဲ့ လုပ်မနေနဲ့  မင်းဒီပုံစံအတိုင်းဆိုဘယ်လိုခရီးဆက်မလဲ ငါပြောသလိုလုပ်”
“မင်းပင်းပန် မှာစိုလို့ ပါ”
“လာ စကားကြောရှည်မနေနဲ့ တက်ဆိုတက်”
နောက်ဆုံးတော့ သီဟမိုး ကိုကျော်ပိုး၍ သာကျော်မောင်ခရီးကိုမှန်မှန် တက်ခဲ့
 လေတော့သည်။

ဆက်ရန်
jinjar

No comments:

Post a Comment

အချစ်တစ်ခု ပြယုဂ်တစ်ခု

“......................”  သားကြီးဆီမှ ကြားလိုက်ရသော နာမည်ကြောင့် ကျွန်မတစ်ကိုယ်လုံး တောင့်ခဲ သွားသည်။အဆုံးမရှိသောတွင်းနက်ကြီးထဲသို့ ပြုတ်ကျ...