Monday, August 4, 2014

ပန်းမဟုတ်သော ပန်းတစ်ပွင့်အကြောင်း (၅)

အခန်း (၉)
ညီညီငယ် နှလုံးသားတွင်တော့ အေးစက်လာသည်။ အရွယ်နှင့်မမျှအောင်ခံစားရသည်ဟု သူထင်မိသည်။ မိမိ၏ အကူညီသည် တပါးလူအတွက် ဝေဒနာဖြစ်စေခဲ့လာ၊ ထိုသို့ဆိုလျှင် တစ်ဦးတည်သာ ရပ်တည်သွားမယ်၊ လစ်လှူထားလိုက်မယ်ဆိုခဲ့လျှင် ညီညီငယ်ကို ဘာပြောကြအုံးမည်နည်း၊ တစ်ယောက်တစ်လေကမှ ညီညီငယ်ဘက်က မင်းလုပ်တာမှန်တယ်လို့ ပြောလာမည်မဟုတ်တော့ပါ။
တိတ်ဆိတ်ငြိမ်သက်နေကြသော သူတို့သုံးယောက်သည် ရှမ်းရိုးမတောင်တန်းကြီးကို ငေးကြည့်နေရင်က ၀မ်းနည်းမှု့တွေကို ဖြေဖျောက်နေသည်။ တွယ်တာနှင့် နှင်းဆီကတော့ ညီညီငယ်ကို သူငယ်ချင်းကောင်းများ သဖွယ် နှစ်သိမ့်နေကြပါသည်။ နုတ်ကပြောမထွက်ကြပေမယ့် ရင်ထဲက နားလည်လာသည့် ဖြူစင်စွာ ဖေးမနေကြသည်ကိုတော့ သူတို့သုံးယောက်သာသိပါသည်။ ညီညီငယ်ရင်ထဲမှာ တွယ်တာ နှင့် နှင်းဆီအပေါ်သံယောဇဉ်တွေပိုလာမိတော့သည်။
နှင်းဆီ၏ လုပ်ရက်ကြောင့် ကျောင်းတွင် ညီညီငယ်နာမည်မှာ မမျှော်လင့်ပဲ ကြီးသွားတော့သည်။ ကောင်းသော နာမည်ကြီးခြင်းတော့မဟုတ်ပါ၊ ကျောင်းတွင်ညီညီငယ်အကြောင်းကို ပြောစမှတ်ဖြစ်လာတော့သည်။ ကျောင်းသားတစ်ချို့က ညီညီငယ်နှင့်ပက်သက်လာလျှင် နာမည်ပျက်မည်ဆိုးသော ကြောင့်ရှောင်ကျင်လာသည်။ ကျောင်းသူများကတော့ ညီညီငယ်ကို ရွံရှာစွာကြည့်တတ်လာကြသည်။ အဆိုးဆုံးက ညီညီငယ်လာသည့် လမ်းဆိုခဲ့လျှင်ကျောင်းသား ရော ကျောင်းသူများက ရှေ့ကလှမ်းမြင်လိုက်မိသည် ဆိုခဲ့လျှင် တစ်ခြားလမ်းက ရှောင်ဖယ်သွားကြသည်။
တမူထူးခြားစွာ အောင်အောင်ကတော့ ညီညီငယ်ကို လမ်းမှာတွေ့ရင်နူတ်ဆက် ပြုံးပြသူတစ်ယောက်သာ ရှိခဲ့သည်။
တစ်ခြားသော အားလုံးသော အများစုကတော့ တစ်ခုခုများပြောဆိုကြပြီးဆိုခဲ့လျှင် မကြိုက်သည့် သဘောကို ပြောလျှင် ညီညီငယ်နာမည်ကို ခုတုံလုပ်လာကြတော့သည်။
“မင်းကလည်းကွာ ၀တ်ထားကြီးက ဘာပုံကြီးမှန်းမသိဘူး အခြောက်ကြီးကြနေတာပဲ”
“အံမယ် ငါ့များညီညီငယ်မှတ်နေလာ၊ ဒါဖက်ရှင်ကွ”
ထိုသို့စကားများက ဟိုတစ်စ ဒီတစ်စ ဖြင့်ထွက်ပေါ်လာခဲ့သည်။ ညီညီငယ် ကမ္ဘာလေသည် ပို၍ကျဉ်းမြောင်းလာသည် ဟုခံစားလာသည်။ အရင်ကတစ်ယောက်တည်းနေတတ်သော ညီညီငယ်ကတော့ အရင်ကထက် ပို၍အခန်းအောင်းကာ စာကျက်တာပင်လုပ်လာတော့သည်။
သုံးရက်မြောက်သည့်နေ့မှာ နန္ဒပြန်ရောက်လာသည်။ ကျောင်းဝန်ထဲ ၀င်လိုက်သည်နှင့် နန္ဒဂိတ်ပေါက်ဝတွင် တစ်စုံတစ်ရာကို တောင်ကြည့်မြောက်ကြည့်လိုက်ရှာနေသည်။ သူမျှော်လင့်ထားသည့် လူတစ်ယောက်ကို လိုက်ရှာနေမိသည်။ ညီမငယ်က အကိုလုပ်သူ မူပျက်နေသည်ကို သတိထားမိသည်။
“ကိုကို ဘယ်သူကိုရှာနေတာလဲ”
“ဘယ်သူမှမဟုတ်ပါဘူး သူငယ်ချင်းတွေလာကြိုမလားလို့စောင့်နေတာ”
“ကိုကိုပြန်လာမှာကို ဘယ်သူကိုပြောထားလို့လဲ ညီမလေးတောင် သူငယ်ချင်းတွေကို ပြောပြချိန်မရခဲ့ဘူး ၃ ရက်ထဲကြာမယ့်ကိစ္စကို”
“အော် ဘယ်သူမှမပြောပြခဲ့ပါဘူး”
နန္ဒစိတ်မကောင်းဖြစ်သွားသည်။ ညီညီငယ်ကို သူမျှော်နေတာပါ၊ သူစာရေးပြီးတော့ ညီညီငယ်စားပွဲပေါ်မှာတင်ထားခဲ့သည်မဟုတ်လာ။ ညီညီငယ်ကို သူအပြစ်မတင်ရက်ပါ၊ ညီညီငယ် ခွင့်လွှတ်နိုင်လောက်အောင်လည်း သူဘာမှမလုပ်ခဲ့ရပါ၊ သို့ပေမယ့် ညီညီငယ်ကိုတော့ သူစိတ်ပျက်အောင် အမျိုးမျိုးလုပ်ခဲ့သည်မဟုတ်လာ၊ ညီညီငယ်ခံခဲ့ရသည့် အကြိမ်တွေလည်း မနည်းတော့ပြီးမဟုတ်လာ၊ ထိုကြောင့်လဲ သူညီညီငယ်ကို ကိုယ်ချင်းစာနာတတ်လာသည်။
သူရဲ့အပြုမူများက ဘယ်လိုမှလက်ခံလို့မရသည့်အကြောင်းရေတွေများနေပြီးမဟုတ်လာ။ ကျောင်းတွင်းသို့ရောက်ပြီး ရုံးခန်းထဲတွင် အကြောင်းကြားပြီးနောက်မှ နန္ဒတို့မောင်နှမ အဆောင်အသီးသီး ဆီသို့ ထွက်ခဲ့လာတော့သည်။ နန္ဒခြေလှမ်းများက သွက်နေသည်။ အဆောင်ထဲသို့ အမြန်ရောက်ချင်သည့် စိတ်ကလောနေသည်။ ခြေလှမ်းတွေက နှေးနေသည်ဟုပင် ထင်မှတ်မိတော့သည်။
“ညီညီငယ်”
အဆောင်တံခါးဖွင့်ဖွင့်ခြင်း ပထမဦးဆုံးလိုက်ရှာသည်က ညီညီငယ်ကိုပါ။
“ဟင် ညီညီငယ်လည်းမရှိဘူး ဘယ်သွားနေလဲမသိဘူး၊ အော် ဒီအချိန်ဆို ထမင်းစားချိန်ပဲ ထမင်းစားဆောင်မှာများလာမသိဘူး”
နန္ဒထမင်းစားဆောင်ဘက်သို့ ထွက်လာခဲ့လိုက်တော့သည်။ တွေ့ချင်သည့် ညီညီငယ်ကိုတော့မတွေ့ပါ။ သူငယ်ချင်းတွေ ကိုတွေ့လိုက်ရပါသည်။
“ဟာ….နန္ဒပြန်လာပြီးလာ”
“အေးပြန်လာပြီး”
သူလည်းသူငယ်ချင်းတွေ စားပွဲသို့သွာုးထိုင်လိုက်ပြီး မျက်လုံးကတော့ တစ်စုံတစ်ရာကို လိုက်ရှာနေပါ တော့သည်။
နိုင်နိုင်နှင့် အောင်ခိုင်ကတော့ သူကိုလှုက်လှဲစွာကြိုဆိုသည်။ ကိုကိုလေးကတော့ သူပုံမှန်စတိုင်အတိုင်း နန္ဒကိုတစ်ချက်ပြုံးပြပြီး ထမင်းကို အေးအေးဆေးစားနေသည်။ အောင်အောင်ကတော့ တမူထူးခြားစွာ နန္ဒကိုမြင်သည်နှင့် မမြင်သလို အမူယာလုပ်ကာ ထမင်းငုံ့စားနေပါတော့သည်။
“ညီညီငယ်ကို မတွေ့ကြဘူးလာ”
သူကတော့ ကျောင်းမှာဘာတွေဖြစ်နေသည်ကို မသိရှိပဲ မေးလိုက်ခြင်းဖြစ်ပါသည်။ သူ့အမေးကြောင့် သူငယ်ချင်းများက သူ့ကို တစ်ချက်ကြည့်လိုက်ကြပါသည်။ ကိုကိုလေး ကတော့ ထမင်းပင်သီးသွားတော့သည်။
“နေပါအုံးမင်းကဘာဖြစ်လို့ညီညီငယ်ကိုမေးတာလဲ”
“မတွေ့လို့လေ အခန်းထဲမှာလည်း မရှိဘူးဒါကြောင့်မေးကြည့်တာ”
“မတွေ့ရင်မရှိလို့ပေါ့ကွ”
သူငယ်ချင်းများကတော့ အရင်အတိုင်းမပြောင်းလဲပဲ ညီညီငယ်ကို အမြင်စောင်းနေသည်ဟု နန္ဒထင်လိုက်သဖြင့် ထက်မပြောတော့ပါ။
“မင်းထမင်းမစားဘူးလာ”
“အင်းလမ်းမှာစားခဲ့တယ်”
အောင်အောင် ထမင်းထက်မစားတော့ပဲ နန္ဒကိုတစ်ချက်ကြည့်လိုက်ပြီး။
“ငါမင်းနဲ့စကားပြောစရာရှိတယ် ငါနဲ့ခဏလိုက်ခဲ့”
အောင်အောင် အသံမာတောင့်တောင့်ကြောင့် နန္ဒမျက်မှောင်ကုတ်ကာ သွားသည်။ ဘာသဘောနှင့် နှစ်ယောက်တည်းပြောချင်သည်ကိုတော့ မသိပါ။ အောင်အောင်ထထွက်သွားသဖြင့် နန္ဒကျန်ခဲ့သည့် သူငယ်ချင်းများကို နူတ်ဆက်ကာ ထွက်ခဲ့လိုက်သည်။
အောင်အောင်က ရှေ့ကထွက်သွားသဖြင့် နောက်ကလိုက်နေရသည်။ အောင်အောင်ဘောလုံးကွင်းဘက်ကို သွားနေသည်ဖြစ်ပါသည်။
“ဟေ့ကောင် အဲဒီလောက်အဝေးကြီးသွားရလာ မှောင်လဲမှောင်နေပြီး၊ ဒီမှာပြောလဲရသားနဲ့”
နန္ဒအော်ပြောပေမယ့် အောင်အောင်ကတော့ လှည့်တောင်မကြည့်ခဲ့ပါ။ ဘောလုံးကွင်းသို့ရောက်မှ ရပ်သွားတော့သည်။
နန္ဒအောင်အောင် အနားသို့ ကပ်လိုက်ပြီး။
“ကဲဘာပြောမလို့လဲ ဒီအထိတောင်ခေါ်လာတာ”
အောင်အောင် ရုတ်တရက်လှည့်လိုက်ပြီး နန္ဒမျက်နာတည့်တည့်သို့ လက်သီးတစ်လုံးပစ်သွင်းလိုက်တော့သည်။
ခွပ်…
နန္ဒရှောင်ချိန်မရလိုက်ပါ။ နည်းနည်းတော့ ယိုင်ကျသွားပါသည်။
“ဟေ့ကောင် ငါကိုဘာကြောင့်ထိုးတာလဲ”
“ဘာကြောင့်ဟုတ်လား မင်းလူစိတ်မှရှိရဲ့လာကွ”
“ဘာတွေပြောနေတာလဲ”
“ဘာတွေပြောနေတာလဲ ဟုတ်လာ ဟားဟား…….အေးမင်းလုပ်ခဲ့တဲ့အကြောင်းကို ငါပြန်ပြောရတာပေါ့ကွာ”
အောင်အောင် ဖြစ်ကြောင်းကုန်စင် ပြောပြလိုက်တော့ နန္ဒအံ့သြသွားတော့သည်။ ညီညီငယ်ဘယ်လောက်တောင် ခံစားနေရမည်နည်း၊ ညီညီငယ်သူ့ကြောင့်တဖန် လုပ်ကြံခံရပြန်ပြီး မဟုတ်လား။ ဒီတစ်ခါတော့ ညီညီငယ်တော်တော်ကို အထိနာခဲ့မည်။ ထိုကြောင့်လဲ ညီညီငယ်သူ့ကိုလာမတွေ့တာဖြစ်မည်။ ထိုကြောင့်လည်း သူပြန်လာမည်ကိုသိသည့်အတွက် သူ့အားရှောင်ပယ်နေတာဖြစ်မည်။ ဒီအကြောင်းတွေ ဘယ်သူဖွခဲ့သည်လဲ။
“ငါဒီကထွက်သွားတော့ ဘယ်သူမှတောင်သိတာမဟုတ်ဘူး ဆရာမျိုးမင်းကိုပဲ ပြောခဲ့တာ၊ ငါဘာမှမလုပ်ပါပဲ ဒီသတင်းတွေက ဘယ်သူဖွခဲ့တာလည်း နာကိုမလည်တော့ဘူး”
“ဒီမယ်နန္ဒ ဒီအကြောင်းတွေက မင်းကလွဲပြီးဘယ်သူမှသိတာမဟုတ်ဘူး၊ ခုညီညီငယ်ကို ပြောဆိုနေကြတာက မင်းမသိလို့ ငါအရမ်းသနားတယ် မင်းလိုသူငယ်ချင်းကို ခုလိုခင်ရတာကိုလဲ နောင်တရတယ်”
“ဒါတွေငါလုပ်တာမဟုတ်ဘူး၊ ငါဘာမှမလုပ်ဘူး”
“မင်းမလုပ်ရင် ဘယ်သူလုပ်မလဲ မင်းအကြောင်းကို ငါသိပါတယ်၊ မင်းနှင်းဆီကို ရခြင်ဇောနဲ့ လုပ်ကြံပြောဆိုနေတာ ဖြစ်မှာပေါ့”
“တော်စမ်းပါ၊ ငါအဲလောက်ထိ အောက်တန်းမကျဘူးကွ”
“ကျတာမကျတာ မင်းပဲသိလိမ့်မယ် ဒီမယ်ငါပြောမယ် မင်းငါ့ကိုခင်ခြင်ခင် မခင်ခြင်နေ ငါကတော့ ညီညီငယ်ကို ကြိုက်တယ်၊ နောက်တစ်ခါ ညီညီငယ် စိတ်ဆင်းရဲအောင်လုပ်ရဲလုပ်ကြည့် မင်းနဲ့ငါတွေ့မယ်”
“ဘာကွ…..ဘာပြောလိုက်တယ်”
“မင်းမကြားဘူးလာ ဟုတ်တယ် ငါကအခြောက် ငါညီညီငယ်ကို ချစ်နေတယ် သူခံစားနေရတာကို မကြည့်ရက်ဘူး သနားတယ် ဒါကြောင့် ငါမင်းကို သတိပေးလိုက်တာ”
နန္ဒ အောင်အောင် ကိုအံ့သြကာ ကြောင်ကြည့်နေမိသည်။ ဘာစကားမှပင်ထွက်မလာတော့။
“ဟုတ်တယ် ညီညီငယ်ကို ငါတစ်ချိန်လုံးစောင့်ကြည့်နေရင်ကနေ ကြိုက်လာတာ၊ ငါချစ်လာတာ”
“မင်းရူးနေလာ အောင်အောင် မင်းကအောင်အောင်ကော ဟုတ်ရဲ့လာကွ”
“ဟုတ်တယ် ငါရူးနေတယ် ငါအခြောက်ပဲ အေးအဲဒီတော့ မင်းငါ့ကိုပေါင်းချင်ပေါင်း မပေါင်းချင်နေ၊ ငါဂရုမစိုက်ဘူး၊ ငါသိတာက ငါညီညီငယ်ကို စောင့်ရှောက်မယ် ဒါပဲ”
“ဟေ့ကောင် မင်းလက်လွတ်စပါယ်မပြောနဲ့ ညီညီငယ်ကို ဒုက္ခရောက်အောင် လူ့အသိုင်းဝိုင်းနဲ့ ဝေးအောင် မင်းလုပ်နေတာလာ”
“မဟုတ်ဘူးကွ ဖေးမနေတာ ဒါတွေမင်းလိုကောင်မျိုးသိမှာမဟုတ်ဘူး”
နန္ဒစိတ်တွင် တင်းကြပ်သွားတော့သည်။ ဘာတွေခံစားနေသည်ကို နန္ဒနားမလည်ပါ။ သို့ပေမယ့် ညီညီငယ်ကိုတော့ ဒီကောင်ကိုမပေးနှိုင်ဘူး။
“ဟားဟား….ငါသိပြီး မင်းက ညီညီငယ်နဲ့ ငါတစ်ခုခုဖြစ်မှာဆိုးလို့ မင်းဒီလိုလုပ်ဇာတ်ခင်းလိုက်တာကို”
“ဘာလုပ်ဇာတ်လဲ”
“အောင်အောင်ရာ မင်းငယ်ပါသေးတယ် မင်းလုပ်လိုက်တာက မင်းငါနဲ့ ညီညီငယ်ကို တစ်ခုခုဖြစ်မှာကြောက်နေတယ် ဒါကြောင့် ငါနဲ့ညီညီငယ်ရဲ့ လုပ်ဇာတ်ကို မင်းဖွလိုက်တာကို”
“တော်စမ်း ငါကလုပ်စရာလာ၊ ဒီအကြောင်းတွေပေါ်လာလို့ ငါဒီလိုသေခြားသွားတာ”
“မင်းမညာနဲ့ ဇာတ်လမ်းတစ်ခုကို လုပ်ဇာတ်လုပ်ပြီး မင်းဖန်တီးလိုက်တာက ထင်ထင်ခြားခြားဖြစ်နေတာပဲ၊ မင်းစဉ်းစားကြည့်စမ်း အဲဒီနေ့မနက်က ငါထွက်သွားကို ဘယ်သူမှသိတာမဟုတ်ဘူး၊ ဆရာမျိုးမင်းဆိုတာလည်း ငါပြောလို့သိရတာ၊ ဆရာတစ်ယောက်ကို ငါက ညီညီငယ်ဘာဖြစ်တယ် ညာဖြစ်တယ် ဆိုပြီးပြောမယ့်သူလာ၊ ဆရာတစ်ယောက်ကို ဒါမျိုးတွေပြောလို့ရမလာ မင်းတွေးကြည့်၊ အေးငါ့ဘက်ကခိုင်လုံတယ် သက်သေတွေလည်း ရှိတယ်။ အဲ့ဒီနေ့မနက်က ငါဘယ်သူနဲ့မှမတွေ့ခဲ့ရပဲ ဒီကထွက်သွားရတာ၊ ကဲပြောစမ်းပါအုံး”
“လျှောက်မပြောနေနဲ့ မင်းမှာအကြောင်းရာတွေ ရှိမှာပဲ လုပ်ကြံဘို့ ဘာလို့လည်းဆိုတော့ နှင်းဆီကြောင့်ပဲ”
“မင်းလုပ်တာ”
နန္ဒပြောပြောဆိုဆိုဖြင့် အောင်အောင်ထိုးလိုက်သည်။
ခွပ်
နန္ဒလက်သီးချက်က ပြင်းသွားသဖြင့် အောင်အောင် လဲကျသွားသည်။ အောင်အောင်လူးလဲထကာ ပြန်ထိုးရန်လုပ်လိုက်ချိန်မှာတော့။
“တော်ကြတော့”
အသံလာရာကို နှစ်ယောက်လုံးလှည့်ကြည့်လိုက်တော့သည်။
“ဟင်ကိုကိုလေး”
နှစ်ယောက်သားအံ့သြမှု့တွေနှင့်အသံပါထွက်သွားသည်။
“မင်းတို့ဘာဖြစ်နေကြတာလည်း မရှက်ကြဘူးလာ”
အခြေနေတွေက အံ့သြစရာကောင်းလှအောင်ပြောင်းလဲလာတော့သည်။ ဘာအကြောင်းကဘာကိုဦးတည်သွားသည်ကိုတော့မသိတော့။
“မင်းတို့နှစ်ယောက် ဘာဖြစ်နေကြတာလည်း ရှူးနေကြလာ”
“ဘယ်တုံးကရောက်နေတာလဲ”
နှစ်ယောက်သား သံပြိုင်အသံထွက်သွားတော့သည်။ သူတို့ပြောဆိုနေသည်ကို ကြားသွားလာဟု အောင်အောင်က စိုးရိမ်သွားသည်။ သူပြောသွားသော အကြောင်းရာများက ကိုကိုလေး မကြားသင့်သော အကြောင်းရာများမဟုတ်လာ။
“မင်းတို့ကိုစိတ်မချလို့လိုက်တာ”
“ဘာကြောင့်လဲ”
“ဘာကြောင့်လဲ မမေးနဲ့ငါညီ ဖြစ်တဲ့ ညီညီငယ်နဲ့သက်ဆိုင်နေမယ်ထင်လို့လိုက်လာတာ”
ကိုကိုလေး နန္ဒတို့ထသွားပြီး ထမင်းကို အမြန်စားကာ နောက်ကလိုက်လာပါသည်။ အချိန်အနည်းငယ် ကြာသွားသည့် အကြောင်းက သူတို့ကို လမ်းစပျောက်သွားပြီး ကိုကိုလေးက အဆောင်ဘက်ကို သွားတုံး နန္ဒအောင်အောင်ကိုလှမ်းခေါ်လိုက်သည့် အသံကို ဘောလုံးကွင်းဘက်သို့ သွားသောလမ်းဘက်မှ ကြားလိုက်သဖြင့် နောက်ကလိုက်လာ ခြင်းဖြစ်ပါသည်။ ထိုကြောင့် အောင်အောင် ပြောလိုက်သော စကားများကို အပြည့်အ၀မကြားလိုက်ပါ။ သူသိသည်ကတော့ ဒီအကြောင်းရာများကို ဘယ်သူဖြန့်နေသည် ဟုမသိရှိကြပဲ တစ်ယောက်နှင့် တစ်ယောက် စွတ်ဆွဲပြောဆိုနေသည့် အကြောင်းပဲ ဖြစ်လိုက်သည်။
“မင်းတို့ပြောတဲ့ အကြောင်းရာကို နိုင်နိုင်နဲ့ အောင်ခိုင် ဖြန့်လိုက်တာ”
“ဟင်....”
“ဟာ...”
မထင်မှတ်ထားသောသူက ထိုအကြောင်းရာကို ဖြန့်လိုက်သည့်လူ ဆိုတော့ သူတို့နှစ်ယောက်လုံး အံ့သြသွားတော့သည်။
“အစပထမက ငါလည်းတားမလို့ပဲ ဒါပေမယ့် ငါသိတဲ့အချိန်က တော်တော်ခရီးရောက်နေပြီး၊ ဒီအချိန်မှာ ငါတားလိုက်ရင်၊ ငါ့ညီကိုကာကွယ်သလို မဖြစ်ပဲ ပိုပြီးနှစ်သလိုဖြစ်သွားမှာစိုလို့ပဲ”
“မင်းက ညီညီငယ်အကိုဖြစ်ပြီး ဒီလိုငြိမ်နေနိုင်တာ အံ့သြတယ်”
“ဟုတ်တယ် မထင်မိဘူး”
“မင်းတို့လိုပဲ ငါလဲစိုးရိမ်တဲ့သူပဲ၊ နံပါတ်(၁) တစ်ချက်က ငါတို့လောင်းထားတဲ့ကိစ္စပဲ ဒီကိစ္စကို နန္ဒကြံစည်းနေတယ်လို့ထင်လို့၊ နံပါတ်(၂) အချက်ကတော့ ငါ့ညီကို ငါကယ်ထုတ်ရမယ်၊ မင်းကလောင်းကြေးနဲ့လုပ်ထားတဲ့ အကြောင်းရာရှိတယ်၊ ငါ့ညီကိုဒဏ်ရာတွေမပေးစေချင်ဘူး။ ဟိုအရင်ကလည်း ငါ့ညီကိုငါစော်ကားခဲ့ပြီးပြီ၊ ငါကိုယ်တိုင် င့ါညီကိုကယ်ရမယ်၊ င့ါညီအကြောင်းငါသိတာပေါ့”
“ဘာတွေလဲ”
“ဟုတ်တယ် မင်းတို့နားမလည်နိုင်တာကို ငါလက်ခံတယ်”
“ကိုကိုလေး မင်းလုပ်တာမဟုတ်ဘူး၊ မင်းက မင်းညီကိုမနစ်နာစေချင်လို့ကယ်တာဟုတ်လာ၊ ဒါဆိုမင်းညီကိုမင်းတိုက်ခိုက်နေတာနဲ့တူတူပဲ မင်းလုပ်ပုံက တိတ်ဆိတ်နေလိုက်တာ”
“ဟုတ်တယ် အဲဒီလိုလုပ်လိုက်တာကလည်း မင်းနဲ့ ငါ့ညီရဲ့ အကြောင်းရာကို ဟန့်တားစေတဲ့အကြောင်းရာပဲ”
“မဟုတ်သေးပါဘူး”
“မင်းတို့နားလည်ဘို့မလိုဘူး၊ အဓိက ကငါ့ညီမင်းကိုစိတ်နာပြီး မပါက်သက်ဘို့ပဲ၊ ဒါကငါ့ညီကို ငါကယ်ထုတ်လိုက်တဲ့ အကြောင်းရာပဲ”
“မင်းလုပ်တာကောင်းလာ ခုတော့ ညီညီငယ် စိတ်ဘယ်လောက်ခံစားနေရမလဲ”
နန္ဒ၏အလိုမကျသော အသံကို ထောက်ခံသော အားဖြင့် အောင်အောင် ခေါင်းညိတ်ပြသည်။
“သူစိတ်ခံစားရလဲ တစ်လပေါ့၊ အရင်ကတည်းငါ့ညီက တစ်ယောက်တည်းနေတတ်ခဲ့တာ ဒီအကြောင်းရာကြောင့် သူအပေါင်းသင်းကြားမှာ ဘာမှထူးလာစရာမရှိဘူး၊ ဒီအကြောင်းရာကြောင့်ပဲ မင်းနဲ့ဝေးသွားမှာ အေးငါလိုအပ်တာလဲ ဒါပဲ၊ မင်းလည်း ငါ့ညီကို ကြည့်မရဘူးမဟုတ်လာ၊ ဒီတော့ ခုလိုသူခံစားနေရတော့ မင်းဝမ်းသာလို့ရတာပေါ့”
“တော်စမ်းပါ မင်းလုပ်တာကို ငါက၀မ်းသာနေမယ်ထင်လာ ကိုကိုလေး”
“မင်းက မင်းညီကိုကြည့်မရဘူးဆို ခုတော့ဘာဖြစ်တာလဲ”
“အေးကြည့်မရဘူး ဟုတ်တယ် မနာလိုလို့၊ မေမေတို့ သူ့အပေါ်ပသားပေးထားတာကို မကျေနပ်လို့၊ သို့ပေမယ့် ငါညီကို စိတ်ဒါဏ်ရာပေးမယ့် တခြားသူစိမ်းတစ်ယောက်ဖြစ်လာခဲ့မယ်ဆိုရင်တော့လက်မခံ နိုင်ဘူးကွ”
“မင်းမဟုတ်ဘူး”
“အေးဟုတ်တယ် ငါကကောက်ကျစ်တယ် ယုတ်ညံ့တယ် မင်းလောက်တော့ မဆိုးဘူး နန္ဒ”
“တော်တော့ ထက်မပြောနဲ့”
“ပြောရမှာပဲ မင်းကငါ့ညီကိုခုတုံးလုပ်ပြီး နှင်းဆီထံချည်းကပ်နေတာတွေပေါ့၊ ကြားကခံရတာ ငါ့ညီကွ”
“အင်း ဒါတွေထားတော့၊ ငါဒီအကြောင်းကြောင့် ငါစိတ်မကောင်းဘူး”
အောင်အောင်ကဒေါသထွက်ကာ။
“ဟိုကောင်တွေကိုသွားရှင်းမယ်”
“မလုပ်နဲ့ တစ်ချို့ပြဿနာကို ဖြေရှင်းရင် ပိုပြီးတော့ အမှန်ကို ဖုံးကွယ်စေတယ်၊ မင်းတို့ငါ့ညီဘက်က နာတယ်ဆိုရင်တော့ မင်းတို့က လမ်းကိုရှင်းပေးကြပေါ့၊ အလုပ်နဲ့ပြကြပေါ့”
ကိုကိုလေးပြောသော နည်းလမ်းက မှန်ကန်နေသဖြင့် သူတို့လက်ခံလိုက်သည်။
လူငယ်လေးသုံးယောက်ကတော့ ကိုယ်စီကိုယ်စီ အတ္တများနှင့် ရင်ဆိုင်နေရချိန်ဝယ်၊ ညီညီငယ်ကတော့ စာကြည့်ခန်းထဲရောက်လို့နေပါသည်။
အပြင်ကဘောလုံးကွင်းထဲမှာ ညီညီငယ်နှင့်ပက်သက်ပြီး ဖြစ်နေကြသော ပြဿနာများကိုတော့ ညီညီငယ်မသိရှာခဲ့ပါ။
နန္ဒအဆောင်က အခန်းထဲရောက်တော့ ညီညီငယ် ပြန်ရောက်နေပါပြီး။ နန္ဒ၀င်လာသည်ကို ညီညီငယ် အံ့သြသွားသည်။ သို့သော် ဘာမှတော့မပြောဖြစ်ပါ။
ဒေါက်….ဒေါက်
“ဟာကွာ ဒီအချိန်ကြီးကျမှ ဘယ်ကောင်လာလည်းမသိဘူး”
နန္ဒပြောပြောဆိုဆိုနှင့် ထပြီးတံခါးဖွင့်ပေးလိုက်သည်။
“ဟင်အောင်အောင်”
“အင်း ငါညီညီငယ်ကို စာလာမေးတာ”
“ဒါဆို ခေါင်းအုံးတွေရော၊ ဆောင်တွေကရော”
“အော်ဒါကတော့ ကြာချင်လည်းကြာနိုင်တယ်လေ ဒါကြောင့်ညည့်နက်သွားရင် ငါကသူရဲကြောက်တတ်တော့ ဒီမှာပဲအိပ်တော့မယ်လေ”
“အာမရဘူး၊ မင်းအကြောင်းငါသိတယ် မရဘူး”
နန္ဒက အတင်းတံခါးပိတ်ကာလုပ်သည်။ အောင်အောင်က ခြေထိုးခံပြီး တံခါးကို အတင်းလုဝင်သည်။ တံခါးကြီးက အလယ်မှာ နှစ်ယောက်တွန်းနေကြသည်။ ညီညီငယ်လည်း ကြောင်ကာကြည့်နေမိသည်။
နောက်ဆုံး နန္ဒတံခါးကို ဖွင့်ပစ်လိုက်တော့သည်။ အောင်အောင် တံခါးအတွန်း အချိန်လွန်ကာ ဆောင်များဖြင့် လုံးကာ ရှေ့သို့ဟက်ထိုးလဲကျသွားတော့သည်။
“ဟာဘယ်လိုတွေဖြစ်နေကြတာလဲ”
“သူလုပ်တာ သူလုပ်တာ ညီညီငယ်”
အောင်အောင်က ညီညီငယ်ကို စီးတိုင်သည်။ ညီညီငယ် မျက်မှောင်ကုတ်ကာ ကြည့်လိုက်သည်။
“မင်းကဘာဖြစ်လို့လာတာလဲ ငါ့တို့အခန်းကို”
“ဟိုလေ ဟိုစာမေးချင်လို့ ငါနေ့လည်က မတက်လိုက်တဲ့စာတွေမေးချင်လို့”
“ဟင်စာကဖြင့် သိပ်လည်းမသင်သေးပဲနဲ့ ခက်တာတွေလည်းမပါသေးပါဘူး”
“အေးလေ ဒီကောင်ကြောင်ကြောင်တောင်တောင်နဲ့ သွားတော့ မင်းအခန်းကို”
“မသွားဘူး”
အောင်အောင်က ဆောင်နှင့်ခေါင်းအုံးကို ကုတင်နှစ်လုံးကြားထဲခင်းလိုက်တော့သည်။ ပြီးတော့ လှဲချလိုက်တော့သည်။
“၀ါး…ခုမှဇိမ်ရှိသွားတာပဲ ငါမင်းတို့အခန်းမှာပဲလာနေရင်ကောင်းမလာ”
“မကောင်းဘူး”
နန္ဒကိုအောင်အောင် ဘုကြည့် ကြည့်လိုက်သည်။
“အင်းထားပါတော့ ကဲမင်းဘာမေးချင်တာလဲ မေး၊ ငါလည်းစာကျက်ရအုံးမယ်”
“အင်း…တွေ့လာ နန္ဒကညီငယ်လောက်တောင် သဘောထားမကြီးဘူး စိတ်ပုတ်တယ်”
နန္ဒလည်း တင်းနေသည်။ သူ့ကိုလာမကြိုသော ညီညီငယ်ကိုလည်း တင်းသည်။ နောက်တော့ သူနှင့်မဆိုင်သလို ကုတင်ပေါ်တွင်လှဲချလိုက်တော့သည်။
စားပွဲခုံက ကျင်းသဖြင့် ညီညီငယ်လည်း အောင်အောင်ခင်းထားသော အိပ်ယာပေါ်ထိုင်လိုက်ပြီး အောင်အောင်နားမလည်ဘူး ဟုဆိုသော စာများကို စိတ်ပါလက်ပါစာရှင်းပြနေသည်။
ညီညီငယ်ငတော့ ဘာမှမသိရှာပဲ စာတွေကို ရှင်းပြနေသည်။ တစ်ယောက်သော သူကကုတင်ပေါ်တွင် ဟိုလိမ့်ဒီလိမ့် ထလိုက်ထိုင်လိုက် လုပ်နေသည်။ တစ်ယောက်ကတော့ ညီညီငယ်စာ ရှင်းပြနေသည်ကို စိတ်ပါလက်ပါ နားထောင်နေသည်။ ရှင်းပြတာတွေ ၀င်လာမ၀င်လာတော့ မသိ အောင်အောင်ကတော့ ခေါင်းကြီးသာ ညိမ့်နေပါတော့သည်။
“မင်းဘာဖြစ်နေတာလဲ”
ညီညီငယ် နန္ဒကိုရည်ရွယ်ပြီးမေးလိုက်ခြင်းဖြစ်ပါသည်။
“မျက်စိကိုနောက်နေတာပဲ ထလိုက်ထိုင်လိုက်နဲ့”
“မင်းတို့ကဆူညံနေတော့ ဘယ်လိုအိပ်ရမှာလဲ ငါကခရီးပန်းလာတာကွ”
“ထားလိုက်ပါကွာ ဒီကောင်ကို ဘာမှပြောမနေနဲ့တော့”
“ဆော်ဒီးကွာ ဟုတ်တယ် ဒီကောင်ပင်းပန်းလာတယ် မနက်ဖြန်မှရှင်းပြတော့မယ်”
“ဒါဆိုမင်းပြန်တော့ အစောကြီးရှိသေးတယ်”
“အာ…ပြန်ဘူး အိပ်ချင်လြာ့ပီးကွာ အိပ်တော့မယ်”
နန္ဒကထပြီး အောင်အောင်ကိုဆွဲသည်။ အောင်အောင်ကတော့ အတင်းပင်ပေကပ်ကာ စားပွဲခုံကို ဖက်ထားသည်။ နောက်ဆုံးတော့ နန္ဒလက်လျော့လိုက်ရတော့သည်။
“မင်းတို့တွေ ဘာဖြစ်နေကြတာလဲ၊ သူအိပ်ချင်တာ အိပ်ပါစေ၊ ဘာဖြစ်လဲ”
“အေးလေ”
နန္ဒမကျေနပ်ပဲ လက်ခံလိုက်ရတော့သည်။
ညီညီငယ်ကတော့ သူတို့နှစ်ယောက်ကို ပို၍နားမလည်နိုင်တော့ချေ။
ထိုရက်ကစပြီး အောင်အောင်က နေ့တိုင်အခန်းထဲလာသည် မနက်ကျမှ ထကာ အခန်းသို့ပြန်ပါတော့သည်။ နန္ဒကတော့ စိတ်ထဲမကျေနပ်ပေမယ့် ဘာမှမပြောသာတော့။
ပိုဆိုးသည်က ညီညီငယ်ရေချိုးချိန်ကိုပါ လိုက်၍လုနေကြတော့သည်။
ညီညီငယ် ရေချိုးဘို့ ရေချိုးခန်းထဲဝင်လာပြီး ဆိုခဲ့လျှင်၊ နန္ဒက အခန်းတူသဖြင့် ညီညီငယ်သွားပြီးသည်နှင့် နောက်ကလိုက်လာသည်။ အောင်အောင်ကတော့ ညီညီငယ်ကိုခြောင်းနေကာ ညီညီငယ်ရေချိုးထွက်ပြီး ဆိုခဲ့လျှင် သူသည်လည်း ရေချိုးရန် ရေချိုးခန်းထဲသို့ဝင်လိုက်လာတော့သည်။ ထိုအခါမျိုးတွင်တော့ နန္ဒနှင့် အောင်အောင် ညီညီငယ် မသိအောင်ကြိတ်တိုက်နေကြပါတော့သည်။



အခန်း (၁၀)
ညီညီငယ် ရေချိုးဘို့ ရေချိုးခန်းထဲဝင်လာပြီး ဆိုခဲ့လျှင်၊ နန္ဒက အခန်းတူသဖြင့် ညီညီငယ်သွားပြီးသည်နှင့် နောက်ကလိုက်လာသည်။ အောင်အောင်ကတော့ ညီညီငယ်ကိုခြောင်းနေကာ ညီညီငယ်ရေချိုးထွက်ပြီး ဆိုခဲ့လျှင် သူသည်လည်း ရေချိုးရန် ရေချိုးခန်းထဲသို့ဝင်လိုက်လာတော့သည်။ ထိုအခါမျိုးတွင်တော့ နန္ဒနှင့် အောင်အောင် ညီညီငယ် မသိအောင်ကြိတ်တိုက်နေကြပါတော့သည်။
“ဟေ့ကောင်မင်းမညစ်နဲ့”
“ဘာဆိုင်လဲ မင်းကညစ်တာ”
“သွားဟိုဘက်ကန်သွားချိုး”
“မင်းသွားချိုးပါလာ၊ ငါပါသာ ဘယ်နေရာချိုးချိုးမင်းအပူလာ”
သူတို့နှစ်ယောက် တွန်းတိုက် တွတ်ထိုးနေသည်ကို မြင်သွားတော့ ညီညီငယ်မနေသာတော့။
“မင်းတို့ကောင်တွေက ဘာတွေမှန်းလဲမသိဘူး၊ ဒီလောက်ရေကန်ကြီး အကြီးကြီး နှစ်ခုနဲ့ နေရာတွေ အများကြီးရှိတာတောင်မှ ငါ့ရှေ့ဘက်ကလာပြီး နေရာလုပြနေတယ်၊ ဘာတွေဖြစ်နေကြတာလဲ”
“နန္ဒလုပ်တာ အဲဒါ”
“အံမယ်မင်းလုပ်ပြီးတော့”
“မင်းတို့တွေကြည့်ရတာ ကလေးတွေကြနေတာပဲ”
ထိုအခါကြတော့ နန္ဒနှင့်အောင်အောင် မျက်နာကြီးများမော့သွားကာ လူကြီးပုံဆံမျိုးလုပ်လိုက်သေးသည်။
ညီညီငယ်ခေါင်းပင်ခါလိုက်တော့သည်။ အတန်းထဲရောက်တော့ တွယ်တာ၊ နှင်းဆီ နှင့် ညီညီငယ်တို့ အတန်းလိုက်ထိုင်ခဲ့လျှင်တော့ အောင်အောင်ကတော့ ညီညီငယ်ဘေးမှာလာထိုင်သည်။ ထိုအခါမျိုးကြတော့ နန္ဒမပါလာတော့။ အဝေးကနေပြီးတော့ မကျေနပ်စွာ ကြည့်နေရပါသည်။ ဘာကိုမကျေနပ်ဖြစ်နေသည်ကို နန္ဒသာပင်သိလိမ့်မည်။
နန္ဒမကျေနပ်ပါ၊ အောင်အောင် ဒီလို အသဲအသန်းလုပ်နေတာကိုလည်းမကျေနပ်၊ ညီညီငယ် သူ့အားပြန်လာသည့်ရက်က လာမကြိုတာကိုလဲ မကျေနပ်ပါ။
ညနေဘောလုံးကန်သော အချိန်တွင်ဖြစ်ပါသည်။ ထိုအချိန်မျိုးများတွင်တော့ နန္ဒနှင့်အောင်အောင် ညီညွတ်တည့်နေသည်ကတော့ နှစ်ယောက်ပင်မရှိတော့၊ ထိုအချိန်မျိုးတွင် နိုင်နိုင်နှင့်အောင်ခိုင်ကို နည်းအမျိုးမျိုးသုံး၍ ညစ်ပတ်သည်။ ရရင်ရသလို ဆော်ကြသည်။ ထိုအချိန်မျိုးများတွင်တော့ ကိုကိုလေးက အချိန်မှီတားရသည်။
ခဏနားချိန်တွင်တော့ နန္ဒအနားသို့ အောင်အောင်ရောက်လာသည်။
“ဟေ့ကောင် ဟိုလဒနှစ်ကောင်ကို ချရတာသိပ်ကျေနပ်သေးတာမဟုတ်ဘူးနော်”
“အေးပါ ငါလဲကျေနပ်သေးတာမဟုတ်ဘူး”
“ဟာကွာ မင်းတို့တော့နော်”
အနားမှာထိုင်နေသော ကိုကိုလေးက ထသွားတော့သည်။ ကိုကိုလေးထထွက်သွားတော့မှ နန္ဒအနားကို အသားတိုးကာ နှစ်ယောက်သားကြားလောက်တဲ့လေသံနဲ့ပြောလိုက်သည်။
“နေပါအုံး ငါနားမလည်လို့ မေးရအုံးမယ်”
“အင်းမေး ဒါပေမယ့် ပေါက်ကရတော့မမေးနဲ့”
“အတည်မေးမလို့နောက်နေတာမဟုတ်ဘူး”
“အင်းပါ မေး”
“ငါကညီညီငယ်ကို ကြိုက်လို့လိုက်တယ်ပြောတာ ဟုတ်ပါပြီး၊ မင်းကဘာဖြစ်လို့ ငါလိုလိုက်လုပ်နေတာလဲ”
“အဲ..”
“ဘာအဲလည်း ဖြေစမ်းပါအုံး၊ မဟုတ်မှလွဲရော မင်းရော ငါ့လိုပဲ”
“ထွီး….မင်းနဲ့များလာနှိုင်းရတယ်လို့၊ ညီညီငယ်ကို မင်းနှောင့်ယှက်တာ၊ ပြီးတော့ မင်းအကြောင်းကို သိလို့ငါညီညီငယ်ကို လိုက်ပြီးစောင့်ရှောက်နေတာ၊ ညီညီငယ်က ဘာမှသိတာမဟုတ်ဘူး၊ အဖြူလေးရယ်၊ မင်းလိုညစ်ပတ်နေတာမဟုတ်ဘူး”
“အံမယ် လျှားရိုးမရှိတိုင်းပြောမနေနဲ့၊ စကားကတော့ နားထောင်လို့ကောင်းပါရဲ့၊ မင်းငါ့ကို မနာလိုလို့ မင်းလည်းငါ့လို ခံစားနေရလို့ ဒီလိုလုပ်နေတာမဟုတ်လာ”
“ဘာကွ ဖြစ်စရာလား ငါကနှင်းဆီမှနှင်းဆီပဲ မင်းလိုမဟုတ်ဘူးကွ”
“မင်းပဲအခြောက်တွေကိုကြည့်မရဘူးဆို အပေါင်းသင်းမလုပ်ချင်ဘူးဆို၊ ဒါဆိုငါ့လည်း လာမပေါင်းနဲ့”
“အံမယ် ပေါင်းပါဘူးကွာ မင်းကို၊ ညီညီငယ်ကိုစောင့်ရှောက်ချင်လို့လုပ်နေတာ”
“သွားစမ်းပါ၊ ဒါဆိုညည ငါတို့နှစ်ယောက် စာလုပ်နေရင် ဘာဖြစ်လို့ ငါတို့ဝိုင်းထဲ ခဏခဏ၀င်လာရတာလဲ”
“ဒါကလဲ…အင်း…ငါလဲစာမေးတာပဲလေ”
“ဟားဟား တော်စမ်းပါကွာ”
“ဘာဖြစ်လည်းငါကတော့ ငါညီညီငယ်ကို စော်ကားခဲ့တာတွေ အတွက်လုပ်ပေးရမှာပဲ”
“ဒါကတော့ ဘယ်သူအမှု့မိမိမှု့ပဲ”
“မင်းလဲပါတာပဲ”
“အင်း ကိုးတန်းနောက်ဆုံးရက်ကလေ ညီညီငယ်ပြုံးလိုက်တဲ့ အပြုံးလေးကို ငါမမေ့ဘူး၊ မင်းကို ကြည့်နေတဲ့ မျက်လုံးလေးက အရောင်ကိုလဲ့နေတာပဲ၊ သေခြားတယ် အဲဒီတုံးက သူ့ကိုကြိုက်သွားတာဖြစ်မယ်”
အောင်အောင်စကားကြောင့် နန္ဒထိုအချိန်တုန်းက ညီညီငယ် ကြည့်လိုက်သည့် အကြည့်များနှင့် လုပ်ဆောင်ချက်များကို ပြန်မြင်ယောင်မိသည်။ ဟုတ်သည် ဆွဲမက်ဖွယ်ကောင်းလှသည် ကိုတော့ နန္ဒ၀န်ခံပါသည်။
“ဒါနဲ့နေပါအုံး မင်းကို အဲဒီတုံးက ညီညီငယ်ကပ်ပြောလိုက်တာ ဘာလဲ၊ ငါသိချင်လိုက်တာ”
“သေတောင်မပြောဘူး”
နန္ဒ အနိုင်နှင့်ပိုင်းက ထသွားတော့သည်။
“ဟေ့ကောင် နန္ဒ ဟေ့ကောင် မင်းမညစ်နဲ့”
နန္ဒက တင်လေလှုပ်ကာပင် ပြောင်ပြလိုက်ပါတော့သည်။
“ညီညီငယ်”
“အင်းပြော နှင်းဆီ”
“နင်တောင်တက် ခရီးထွက်ရင် ဘာဝတ်မှာလဲ၊ တောင်တက်ခရီးက ဒီတပတ်ထဲ သွားရတော့မှာနော်”
“အေးဟယ် ငါတော့ တွေးရင်နဲ့တောင်ပျော်လာတယ်”
တွယ်တာက ခရီးမထွက်ဖူသည့်အတွက် ပို၍ပျော်ရွှင်နေပါတော့သည်။
“ငါကတော့လိုက်တောင်မလိုက်ချင်ဘူး၊ ငါကိုဘယ်သူကမှကြည်ဖြူတာမဟုတ်ဘူးလေ”
“အို ဂရုစိုက်စရာလိုလို့”
“အေးလေ ဟုတ်တယ် ဂရုစိုက်မနေနဲ့၊ ငါတို့ပါတယ် လိုက်မှာသာလိုက်ခဲ့”
“အင်းပါ ငါတို့လည်း စာကြည့်တိုက်ကြီးထဲပဲ လာလာနေတာ မကျဉ်းပင်ကြီးလည်းငါတို့ကိုလွမ်းနေလောက်ပြီး”
“ံအံမယ် ညီငယ် နင်က ကဗျာတွေဘာတွေ စမ်လို့”
“အဟဲ”
“ဒါနဲ့ငါမေးပါအုံးမယ် ခုသလော အောင်အောင်က တစ်မျိုးပါလာဟဲ့ အခန်းထဲ နင့်ကို လာလြာ့ပီးပြောနေတာ”
“အင်းဟုတ်တယ် ဒီကောင်ငါ့လာဖားနေတာ”
“ဘာလို့တုံး”
“နင့်ကိုကြိုက်လို့တဲ့”
“သေနာ မှားပါတယ် ငါ့ကိုကမေးမိတာမှားတာ ငါလိုရုပ်ခပ်ဆိုးဆိုးကိုဘယ်သူကကြိုက်မှာလဲ”
“အော်တွယ်တာရယ် အချစ်မှာမျက်စိမှမရှိတာ”
“သောက်ကောင်မ နင်နဲ့ညီငယ်က ငါ့ကိုပေါင်းပြီးလှောင်နေတယ်ပေါ့လေ”
“ဟားဟား….မဟုတ်ရပါဘူး”
“ဟီး…မဟုတ်ပါဘူးတွယ်တာရယ် အမှန်ပြောတာကို”
“ပြောလိုက်အောင်အောင်ကို င့ါကြိုက်ရင် ငါ့လာပြောလို့….ဒီလိုဆိုစဉ်းစားမှာပေါ့”
တွယ်တာက ဟန်ပါပါလေနှင့်က ပြလိုက်သေးသည်။ နှင်းဆီနှင့် ညီညီငယ်ကတော့ ရယ်လိုက်ရတာ ဖက်ဖက်ကို မောလို့…
တောင်တက်ခရီးစထွက်ပါတော့သည်။ မဲခွဲစနစ်နှင့် လုပ်လိုက်ကြတော့ ကောင်းမလေး ၈ ယောက်နှင့် ကောင်းလေး ၄ ယောက်တစ်ဖွဲ့စီ ကြပါသည်။
နှင်းဆီ၊တွယ်တာ နှင့် ညီညီငယ်တို့ တစ်ဖွဲ့တည်းပါလာသလို သူတို့အဖွဲ့တွင်လည်း နန္ဒ၊ အောင်ခိုင် နှင့် နိုင်နိုင်ပါလာသည်။ နန္ဒကတော့ ပျော်နေသလို ညီညီငယ် ကိုလည်း စိုးရိမ်မိသည်။ အဘယ့်ကြောင့်ဆိုသော် အောင်ခိုင်နှင့်နိုင်နိုင်က ညီညီငယ်ကို နှောက်ယှက်မည်ဟု သတင်းသဲ့သဲ့ ကြားခဲ့သည်မဟုတ်လား။ အဖွဲ့တွေခွဲမထွက်ခင်ကတော့ အောင်အောင်က နန္ဒကို သတိပေးလိုက်သေးသည်။
“ငါစိတ်ချမယ်နော် ညီညီငယ်ကို စောင့်ရှောက်နော် ဒီကောင်တွေက အကြံတွေနဲ့”
ထိုသို့သတိပေးတော့ နန္ဒစိတ်က ပိုလို့တောင် စိုးရိမ်မိတော့သည်။ ထိုကြောင့်လဲ ညီညီငယ်အနားသို့ ကပ်ကာ ဟိုကောင်နှစ်ယောက်ကိုလဲ အလစ်မပေးပဲ မျက်စိထောင့်ထောက်ကြည့်နေပါတော့သည်။
အဖွဲ့တစ်ဖွဲ့တွင် ဝေါ့(လ်)ကီတော့ကီး တစ်ခုဆီပေးလိုက်သည်။ ထိုအရာကိုလည်း နန္ဒ သည်အောင်ခိုင်တို့မရအောင် အတင်းလုယူခဲ့ပါသည်။
တောင်တက်ခရီးက ပန်းလှပါသည်။ နန္ဒအတွက်ကတော့ သူရင်ခုန်နေသည့် နှင်းဆီလည်းပါလာသဖြင့် နန္ဒအတွက်တော့ ပျော်လှပါသည်။ ညီညီငယ်အနားမှာလည်း နှင်းဆီရှိနေသည့်အတွက် သူကတော့ ညီညီငယ်ကို စောင့်ရှောက်ရင်း နှင့် နှင်းဆီကိုလည်း ကြည့်နေမိပါတော့သည်။
နေ့ဝက်ကျော်တော့ သူတို့တောင်ပေါ်ရောက်လာပါတော့သည်။ အလံတိုင်များကို စိုက်ထူးလိုက်ကြပါတော့သည်။ အားလုံးတက်ညီလက်ညီတက်ခဲ့ရသော အပေါ်ဆုံးခရီးကတော့ တော်တော်ကို ပျော်ရွှင်လှပါသည်။ အဖွဲ့တစ်ခုမှ တစ်ယောက်နောက်ကျလို့မရပါ။ နောက်ကျခဲ့သည့်အဖွဲ့ကအရှုံးပင်ဖြစ်ပါသည်။ ထိုသို့ပင် အပြန်ခရီးလည်း အတူတူပင်ဖြစ်ပါသည်။
အနားယူကြတော့ ညီညီငယ်တို့သုံးယောက် အတူတူထိုင်နေရင် အမောဖြေနေကြပါသည်။ နန္ဒကတော့ မလှမ်းမကမ်းတွင် ရှိနေပါသည်။ မသိမသာလည်း ကြည့်နေမိသည်။
“ဟူးမောလိုက်တာ”
“တွယ်တာနင်ပဲပျော်တယ်ဆို”
“အိုပျော်တာကတော့ ပျော်တာပေါ့ မောတာလဲ မောတာပဲ”
“မောမှာပေါ့ အောင်အောင်ကတစ်ခြားအဖွဲ့ထဲပါသွားတာကို”
“ကောင်မနော် နှင်းဆီ နင်ကတော့ ကံကောင်းတယ်ပေါ့လေ နန္ဒပါလာလို့”
“ဟယ်မဟုတ်တာ”
“ဘာခုမှမဟုတ်တာလဲ၊ ညကတော့ ပြောပြီးတော့”
“ဟယ်မဟုတ်တာတွေ”
“အံမယ် ခုမှရှက်မနေနဲ့ သိလား ညီညီငယ် နှင်းဆီကလေ အမြင်ကပ်တယ် အမြင်ကပ်တယ်ကနေပြီး အချစ်တွေကပ်နေတယ်”
“တွယ်တာ ပြောလေဆိုးလေပဲ”
“ဟုတ်လား နှင်းဆီ”
“မယုံနဲ့ညီညီငယ် တွယ်တာလျှောက်ပြောနေတာ”
တွယ်တာက ညီညီငယ်တို့ နှစ်ယောက်ကြားနိုင်သည့်လေသံလေဖြင့် ပြောဆိုနေခြင်းဖြစ်ပါသည်။
“အံမယ် ရှက်မနေနဲ့ သိလား ညီညီငယ် ညကလေး နှင်းဆီ ငါ့ကိုရင်ဖွင့်တယ်၊ သူနန္ဒကိုချစ်နေမိပြီးလာ မသိဘူးတဲ့ အတန်းထဲမှာ နန္ဒမျက်လုံးများက နင်နဲ့တွဲထိုင်နေပြီးဆို အလိုမကျတာကို ကြည့်နေတဲ့ မျက်ဝန်းလေး ကိုခိုက်သွားတာတဲ့”
“ဟုတ်လား နှင်းဆီ၊ တကယ်လာ”
“ဟာ…နင်တို့နှစ်ယောက်နော်”
နှင်းဆီရှက်သွေးဖြားကာ ဖြစ်ပျက်သွားသည်ကို ကြည့်ရင် သူတို့နှစ်ယောက် သဘောကျနေပါတော့သည်။
ညီညီငယ်သည် နှင်းဆီ ဖြစ်ပျက်သွားသည်ကို သဘောကျသလိုကြည့်ကာ သူလည်းပျော်ရွှင်ပါသည်။ ကိုကိုလေး အတွက်စိတ်မကောင်းပေမယ့် နန္ဒသည်လည်း လူတော်လူကောင်းလေ ဖြစ်သည့်အတွက် သူကတော့ နှင်းဆီအတွက်ဝမ်းသာပါသည်။ သို့သော်သူတို့တွေ ငယ်သေးသည်မဟုတ်လား။
“ကဲကဲ သားတို့သမီးတို့ အမောဖြေပြီးရင်ဆင်းရအောင်”
ဆရာမျိုးမင်းက ခေါင်းဆောင်ပါလာသည့် သူတို့အဖွဲ့ကို လောဆော်ပါတော့သည်။
နန္ဒကဆရာကိုမေးလိုက်သည်။
“ဟာ ဆရာကလဲ တောင်အောက်မှာပြောတုံးကတော့ ညနေမှပြန်ဆင်းမယ်ဆို”
“အေး ရာသီဥတုကမကောင်းလို့ကွ ဟိုဘက် အထက်က တောင်ကြီးပေါ်မှာ မိုးသားတွေမည်းနေတယ်၊ မကြာခင်မိုးရွာတော့မှာ၊ အဲဒီအခါကြရင် တောင်ကျချောင်းက ရေတွေဆင်းလာရင် ဆရာတို့ပြန်ဘို့ခက်မယ်၊ တစ်ခြားအဖွဲ့တွေလည်း ခေါ်နေကြပြီး ပြန်ဆင်းကြစို့”
“ဟုတ်ကဲ့ဆရာ”
အားလုံးတောင်အောက်ပြန်ဆင်းဘို့ ပြင်ဆင်နေကြပါတော့သည်။ တောင်အောက်တထင့်ဆင်းပြီးမှ နှင်းဆီက
“ဟယ်ဒုက္ခပဲ ငါ့အိတ်ကျန်ခဲ့တယ်”
“နင်ကလဲ နန္ဒအကြောင်းပြောတာနဲ့အားလုံးမေ့နေတော့ပဲ၊ ခုဘယ်လိုလုပ်မလဲ”
“ငါပြန်ယူလိုက်မယ်”
ညီညီငယ်ပြောပြောဆိုဆိုနှင့် ဆရာအားခွင့်တောင်းကာတောင်ပေါ်ပြန်တက်သွားသည်။
“အေးအေး ကောင်မလေးတွေပါတော့ ဆရာတို့မစောင့်တော့ဘူး မင်းလိုက်လာခဲ့နော်၊ လမ်းသိတယ်မဟုတ်လား”
“ဟုတ်ဆရာ”
ညီညီငယ်အမြန်တက်သွားသည်။ ထိုအချိန်တွင် အောင်ခိုင်က စိတ်မချဘူးဆိုကာ လိုက်သွားလိုက်သည်ကို နန္ဒမြင်လိုက်ရတော့သည်။
“ကျနော်ပါလိုက်သွားမယ်၊ သူတစ်ယောက်တည်းကျတော့မျက်စိလည်နေမှာစိုးလို့”
နန္ဒစိုးရိမ်းစိတ်ဝင်သွားတော့သည်။ ထိုကြောင့်ဆရာတို့ဆင်းသွားသည်နှင့် နောက်မှချန်ခဲ့ပြီး ညီညီငယ် တို့နောက်လိုက်သွားလိုက်ပါတော့သည်။
ညီညီငယ် အပေါ်တက်သွားပြီး နှင်းဆီအိတ်ကိုယူကာ ပြန်ဆင်းလာသည်ကို အောင်ခိုင်မြင်လိုက်သည်။ ထိုကြောင့် ခြုံကွယ်တစ်ခုမှဝင်ပုန်းနေလိုက်သည်။ ညီညီငယ် ဆင်းလာလျှင် ခြေထိုးခံရန်အတွက်ဖြစ်ပါသည်။
ကျောက်တုံးများဖြင့် လမ်းမညီညာဖြစ်နေသည့်အတွက် ညီညီငယ်ဒဏ်ရာရသွားမည်မှာသေးခြားပါသည်။ ညီညီငယ်အနားသို့ရောက်တော့ ညီညီငယ်ကို ခြေထိုးအကန် နန္ဒက ညီညီကိုမြင်၍ ပြေးအတက်တွင် ခြေက နန္ဒကိုထိသွားတော့သည်။
“အ…..အား…”

ဆက်ရန်
Jinjar

No comments:

Post a Comment

အချစ်တစ်ခု ပြယုဂ်တစ်ခု

“......................”  သားကြီးဆီမှ ကြားလိုက်ရသော နာမည်ကြောင့် ကျွန်မတစ်ကိုယ်လုံး တောင့်ခဲ သွားသည်။အဆုံးမရှိသောတွင်းနက်ကြီးထဲသို့ ပြုတ်ကျ...