Friday, August 8, 2014

နှောင်ကြိုး (၁)

ကျနော်လို ဂျွတ်ဆပ်ဆပ်ကောင်းလေးတစ်ယောက်အတွက်ဆရာကြီးရုံးခန်းမှာ
ထိုင်နေရတာမဆန်းပါ။ ၀န်ခံဂတိထိုးရတဲ့လက်မှတ်တွေကလည်းမနည်းတော့
မှတ်တောင်မမှတ်မိသောအကြိမ်အရေအတွက်ကလည်းများလှပါသည်။
”မင်းခုလိုငါဆီလာပြီးလက်မှတ်ထိုးနေရတာမရှက်ဘူးလားသာကျော်မောင်”
“ရှက်တာပေါ့ဆရာကြီးကလည်း”
အမှန်တော့ရှက်လှတယ်မဟုတ်ပါဘူး၊ အဲလိုပြောမှလည်းအဆင်ပြေနိုင်မှာမို့ လည်း
ပြောလိုက်ရတာပါပဲ။
”မင်းကိုဆရာမဒေါ်ကြင်ဌေးလာတိုင်တယ်..မင်းအပြစ်မင်းသိလား”
“မသိပါဘူးဆရာကြီး”
“ဟေ...”
ဟုတ်တယ်လေသာကျော်မောင်အပြစ်တွေလုပ်တာများတော့ဘာမှမရေးရာ၊ ဘာကို
ဦးတည်ပြီးတိုင်သွားတယ်ဆိုတာတော့ သာကျော်မောင် မသိ၊ အတိကျသိချင်ရင်တော့
ဆရာမဒေါ်ကြင်ဌေး ကိုသာမေးရုံပဲဖြစ်တော့မည်။ ဆရာကြီးသက်ပြင်းချကာ ဘယ်နှစ်
ကြိမ်းမှန်မသိအောင် ခေါင်ခါသည်။ ဆရာကြီးဆံပင်များလည်းလိုက်ခါသည်။
”ဆရာမဒေါ်ကြင်ဌေးကပြောတယ်”
“ဟုတ်”
“မင်းကသူ့ အမေကိုလည်းစော်ကားတယ် ပြီးတော့”
“ဗျာ...ကျနော်ဘာမှမလုပ်ဘူးနော်ဆရာကြီး”
”ဟေ..”
သူအကြောက်ကန်ညင်းလိုက်သည်။ ဆရာမအမေဒေါ်ကြင်ကြင်ပု ကသူ့ အဖွားအရွယ်
ပင်ရောက်လို့ နေပြီး၊ မည်သို့ မှကြံရွယ်လို့ ရသည့် ကိစ္စမဟုတ်။
သူအကြောက်ကန်ညင်းလိုက်သောကြောင့် ဆရာကြီးမျက်လုံးပြူးသွားသည်။ ပြီးတော့
ရွှေကိုင်မျက်မှန်ကြီးကိုယောင်းယောင်းမှားမှား မတင်လိုက်သည်။ကြည့်ရတာဆရာကြီးသူ့ 
ပြောတဲ့စကားကိုပြန်စဉ်းစားနေပုံရသည်။ နောက်မှမျက်လုံးပိုဝိုင်းသွားကာ။
“ဟေ့ကောင်...ငါပြောတာမင်းထင်သလိုမဟုတ်ဘူး”
”ဗျာ..ကျနော်ကဘာထင်လို့ လည်း”
“အဲ..ဘာထင်ထင်ကွာ..ငါစကားပြောမပြီးသေရင်ဖြတ်မပြောနဲ့ မင်းလုပ်တာနဲ့ စကား
ကတောင်ရောက်မြောက်ရောက်တွေဖြစ်ကုန်ပြီး...မင်းမနက်ကဆရာမဒေါ်ကြင်ဌေး
ရဲ့အမေအကြောင်းဘာတွေပြောလည်း...”
သာကျော်မောင် ဆရာကြီးကိုပြူးပြီးကြည့်နေသည်။  ဘာမှလည်းပြန်မဖြေ။
”ဟေ့ကောင် ငါမေးနေတယ်လေ”
“ဆရာကြီးပဲပြောပြီးတော့ စကားကိုဖြတ်မပြောနဲ့ ဆို”
“တယ်...ငါ..နော်...မေးတာဖြေ”
“ဒီ..ဒီ လိုပါဆရာကြီး ခင်မောင်အေးက သူ့ ရဲ့ မူလတန်းကစာအုပ်ကိုအတန်းထဲယူလာပါတယ်”
“အင်း”
“အဲဒီထဲမှာ ရေအကြောင်းပါလာ လို့ ကျနော်တို့ ကဖတ်ကြတာပါ ဆရာကြီး”
“အင်း ဆက်ပါအုံး ဘယ်လို တွေဖတ်ကြတာလည်း”
“မြစ်သည်ချောင်းထက်ကျယ်ပါသည် ပင်လယ်သည်မြစ်ထက်ကျယ်ပါသည်  သမုဒ္ဒယာသည်
ပင်လယ်ထက်ကျယ်ပါသည်”
“အင်း..အဲဒီတော့”
“အဲဒါနဲ့ ကျနော်တို့ စဉ်းစားတာက သမုဒ္ဒယာထက်ကျယ်တာမရှိနိုင်ဘူးလို့ မေးကြတယ်”
“အင်း”
ဆရာကြီးစိတ်ဝင်တစားဖြစ်လာပြီး ရှေ့  ခုံကိုလက်တင်ကာ ကိုယ်ကိုကိုင်းလျှက်သာကျော်မောင်
ကိုကြည့်နေသည်။
“ရှိတယ်လို့ ကျနော်ကဖြေလိုက်တယ်”
“ဟေ..ဟုတ်လား..ဘာတုန်း”
“ဒေါ်ကြွားပုလို့ ပြောလိုက်တာ”
”ဒေါ်ကြွားပု”
ဆရာကြီးစဉ်းစားသည်။ နောက်ခေါင်ခါသည်။ ပြီးတော့သာကျော်မောင်ကို အဖြေမသိတဲ့ကျောင်း
သားမျက်လုံးဖြစ်ပြန်ကြည့် သည်။
“ဘာတုံး ဒေါ်ကြွားပုက”
”ဒေါ်ကြွားပုက တစ်အားကြွားတယ်လေ သူမှာမရှိတာ ဘာမှမရှိဘူး အားလုံးရှိတယ်တဲ့ ဒီလိုပဲ သမုဒ္ဒယာ
နဲ့ အပြိုင်ကျယ်ချင်ကျယ်နိုင်တယ်လို့ ပြောလိုက်တာ”
“ဘယ်ကဒေါ်ကြွားပုလည်း”
“ဆရာကြီးမသိဘူးလား”
“ဟင့် အင်းသိဘူးကွ”
“ကျောင်းရှေ့ ကကုန်စုံဆိုင် ကြီးပုလေ”
”ဟေ ”
ဆရာကြီး မျက်လုံးပိုကျယ်သွားကာ နုတ်ခမ်းမှာလည်းပြုံးယောင်သမ်းသွားတော့သည်။ ကြီးပုကုန်စုံ
ဆိုင်ကဒေါ်ကြင်ဌေးအမေ ရဲ့ဆိုင်ပင်ဖြစ်ပေသည်။ဆရာမအမေကတော်တော်ကြွားသည်
ဆိုတာကိုဆရာကြီးလည်းသိပုံရသည်။ သာကျော်မောင်တို့ ပြောဆိုတုန်းကတော့ ဆရာမ
မရှိပါ။ အတန်းထဲကကောင်းမလေးတွေသွားချွန်တာဖြစ်မည် လို့ သာကျော်မောင် ထင်ပြီးသားပင်။
စကားဆိုတာ ကားပြောတတ်ကြသောလူဘာဝမို့ ဆရာမကိုပိုပိုသာသာလေ တိုင်ခဲ့ကြမည်။
သာကျော်မောင် ကိုလည်းအခန်းထဲကမည်သည့်ကောင်းမလေးကမှမကြည်။
 မကြည်ဆို သာကျော်မောင် ရဲ့အစအနောက် မှာမည်သူကမျှမလွတ်ပေးပဲကိုး။
”အဲဒါတွေပေါ့ မင်းကြောင့် ဆရာမဒေါ်ကြင်ဌေး ငိုပြီးလာတိုင်တယ် မင်းမှားလာ”
”ဗျာ”
“မင်း ကိုဝင်ခံခိုင်းနေတာ မင်းကခုကျောင်းသား ဒီကျောင်းမှာအထက်တန်းက ကျောင်းသားတွေက
စံပြအနေနဲ့ နေမှ နောက်ကကျောင်းသား/သူတွေ အငယ်တွေက အမှန်ကို လိုက်နိုင်မှပေါ့ ရှေ့ နွား
ဖြောင့်ဖြောင့်သွားမှ နောက်နွားဖြောင့်ဖြောင့်လိုက် မှာ.....”
ဆရာကြီးပြောပုံ ကိုကြည့်ရင် သာကျော်မောင် တွေးကြည့်သည်။ မိမိတို့ ဒဿမတန်း ကလူတွေကို
နွားအဖြစ်ရှေ့ ကသွားခိုင်းကြည့်သည်။ သေခြားတာတော့သွားရမည့်လမ်းကို တူတူဖြောင့်ကာသွား
ကြမည်မဟုတ်၊ အညင်းအခုန်များနဲ့ လမ်းကောင်းကိုလုပြီးသွားကြမည်သာ၊ နောက်ကလိုက်မည့်
နွားတွေကလည်း ဘယ်နွားနောက်လိုက်မည်မသိပဲဖြစ်ပေတော့မည်။
”နားလည်လာ..”
”ဗျာ”
”ငါပြောတာသဘောပေါက်လား နားလည်လား လို့ မေးနေတာ”
သာကျော်မောင် နွားအကြောင်းစဉ်းစားနေတာနဲ့  ဆရာကြီး ဘာတွေပြောလို့ ဆုံးမနေသည်တော့မသိ
ဒါကြောင့်မို့ လည်းအမြန်ခေါင်ညိတ်ကာ
“ဟုတ်ကဲ့ ဆရာကြီး”
“အေး ဒါဆိုလည်း ဆရာမဒေါ်ကြင်ဌေးကိုတောင်ပန်း လိုက်မနက်ဖြန်မနက်ကစပြီး ကျောင်းဝန်ထဲမှာ
အတန်းမတက်ခင် စောစောလာပြီး အမှိုက်ကောက် သန့် ရှင်းပြီးမှအတန်းဝင်ရမယ် ဒါကဒဏ်ပေး
တာပဲ ရုံးခန်းရှေ့ မှာဒီနေ့ တစ်နေကုန်မတ်တပ် ရပ်နေရမယ် ကဲသွားတော့ ”
သာကျော်မောင် ခပ်ကုပ်ကုပ်လေး ထွက်ခဲ့ပါတော့တယ်။ ရုံးခန်းရှေ့ မှာမတ်တပ်ရပ်ရတဲ့ ဒဏ်က
တော့မဆန်းတော့ပါ။ သာကျော်မောင် ရုံးခန်းရှေ့ မှာမတ်တတ်ရပ်ကာ နေရင်းက အသင့်ပါလာတဲ့
mp3 ကိုအများမမြင်အောင် နားကျပ်ဖြစ်တက်ကာ နားထောင်နေလိုက်သည်။ ဒီအတိုင်းရပ်နေတာ
ထက်စာလျှင် သီးချင်းလေးနားထောင်ပြီးတော့ ရပ်တာမှ သာကျော်မောင်အတွက်အစဉ်ပြေလေမည်။
”........”
သာကျော်မောင်ကိုပြူးကြည့်နေသောကောင်းလေးတစ်ယောက် ပါးစပ်ကဟလို့ ရပ်ပြီးကြည့်နေတာ။
သာကျော်မောင်ကလည်း ရိုးရိုးရပ်နေခြင်းမဟုတ်ချေ။ ပါးစပ်ကသီးချင်းစာသားကိုအသံမထွက်ပဲလိုက်
ရွတ်ပြီး တင်လေလှုပ် ကိုယ်ကိုရမ်းကာ စီးချက်နဲ့ အညီငြိမ့်နေတာပါ ဒါကြောင့်လည်းထိုကောင်းလေး
ရှေ့ ကိုမလာပဲရပ်နေတာ။ ထိုကောင်းလေးကိုမြင်တော့ သာကျော်မောင် ကိုယ်ရှိန်သပ်လိုက်ပါတော့
သည်။ ထိုကောင်းလေးရဲ့ နောက်မှလှေကားမှတစ်ရွေ့ ရွေ့ တက်လာသော အန်တီကြီးက
“သား ဘာရပ်နေတာလည်း သွားလေ”
ကောင်းလေးကဘာမှပြန်ပြောသောကြောင့် ကောင်းလေးကြည့်နေသော အကြည့်လမ်းကြောင်းကိုမြင်
မှသာကျော်မောင်ကိုမြင်သွားသည်။
“သား ဒါကျောင်းအုပ်ဆရာကြီးရုံခန်းလား”
“ဟုတ်ကဲ့”
“ဟုတ်လား ကျေးဇူးပဲသားရယ် အန်တီတို့ ကဒီမြို့ကိုခုမှပြောင်းလာကြတာလေး သားငယ်ကိုကျောင်း
လာအပ်တာ သားငယ်က ၁၀တန်းလေ ဒါနဲ့ သားကရောဘယ်နှစ်တန်းလဲ ကွယ့်”
“ဟုတ် ကျနော်လည်း ၁၀တန်းပါ”
“အော် ဟုတ်လား သားငယ်နာမည်လည်းမှတ်ထားကွယ့် သားငယ်နာမည်က သီဟမိုးကွယ့် သားနာမည်
ကရော”
”ကျနော်နာမည်က သာကျော်မောင် ပါအန်တီ”
“သားကတိုင်းရင်းသားလား”
“မဟုတ်ပါဘူး အန်တီ”
“အော် နာမည်က တိုင်းရင်းသားနာမည်တွေနဲ့ ခပ်ဆင်ဆင်ဖြစ်နေလို့ သားသီဟမိုးကိုစောင့်ရှောက်ပါကွယ်
နော် သူကကျောင်းအသစ်ပြောင်းလာတော့အားငယ်နေရှာတာ”
“ဟုတ်ကဲ့”
“အေးအေး ကျေးဇူးပဲသား အန်တီတို့ ကျောင်းအုပ်ကြီးနဲ့ တွေ့ လိုက်အုံးမယ်ကွယ်”
“ဟုတ်ကဲ့”
အန်တီကရှေ့ ကထွက်သွားတော့မှ ကောင်းလေးက သာကျော်မောင်ကိုထူးဆန်းသလို ကြည့်ကာသူ့ အမေ
နောက်သို့ လိုက်သွားသည်။ ကောင်းလေးက အသားဖြူဖြူ ပိန်ပိန်ပါးပါးနှင့် ပိုးဟပ်ဖြူအတိုင်းလိုပင်
သာထက်မောင် စိတ်ထဲကနေ နာမည်ပြောင်တက်လိုက်ပါတော့သည်။ ပိုးဟပ်ဖြူ...
သီဟမိုး အခန်းထဲမ၀င်ခင် သာကျော်မောင် ကိုနောက်ပြန်လှည့် ကြည့်လိုက်တော့ အစပိုင်းကတွေ့ သလို
ကိုယ်ခန္ဒာကိုညိမ်းကာ ကနေတာမြင်ဖြစ်လိုက်သေးသည်။ သူ့ ကိုလည်း နုတ်ခမ်းနား လက်ညိုးလေးထောင်
ကာ တိတ်တိတ်နေရန်အမူယာလုပ်ပြတာကိုမြင်လိုက်တော့ သီဟမိုး မျက်လုံးပြူးကာ သွားတော့သည်။
*** *** ****
သီဟမိုး ကျောင်းစတက်ကာ စမို့ ကျောင်းကိုစောစောလာခဲ့ပါသည်။ ကျောင်းဝန်းထဲမှာမိမိထက်စောရောက်
နေသောကျောင်းသား/သူ များကတစ်ခုခုကိုဝိုင်းအုံးကြည့်နေကြတာမို့ လူအုပ်နားတိုးကာ သီဟမိုး လည်း
တိုးကြည့်လိုက်သည်။ မြင်လိုက်ရသောမြင်ကွင်း က သီဟမိုး ကိုအံ့သြမင်သက်မိစေသည်။
သာကျော်မောင် အ၀တ်စား အညစ်ပတ်များဖြင့် အမှိုက်ကောက်နေတာပါ။ ရိုးရိုးကောက်တာမဟုတ် တုတ်
တန်လေးရှေ့ မှာသံချောင်းလေးထိုးကာ အမှိုက်များကိုကောက်ပြီး ဆာလာအိတ်ထဲ ထည့်နေခြင်းဖြစ်ပါသည်။
ကျောင်းချိန်နီးလာ လေ ကျောင်းသား/သူ များကလည်းပိုများလာတော့လူအုပ်ကြီးက ပိုများလာတော့သည်။
သာကျော်မောင်ကို ၀ိုင်းပြီးအားပေးတဲ့ သူတွေရှိသလို နှခေါင်းရှုတ်ကာ ထွက်သွားသူလေးလည်းရှိကြပါသည်။
ကျောင်းဆရာမ ဒေါ်ကြင်ဌေးကျောင်းဝန်းထဲဝင်လာတော့ ကျောင်းသူလေးတွေက ဆရာမဆီပြေးသွားကာ
ခြင်းနှင့်ထမင်းချိုင့်ကိုယူသွားကြသည်။ နောက် လူရုံစု ရုံစုဖြစ်နေသောကြောင့် ဆရာမလည်းလှမ်းမေးလိုက်
သည်။
”ဘာဖြစ်နေကြတာလည်း”
“သာကျော်မောင်အမှိုက်ကောက်နေလို့ ”
ဆရာမသာကျော်မောင် ဆီလှမ်းကြည့်လိုက်တော့ သာကျော်မောင်လည်း ဆရာမကိုမြင်ပြီး ၀မ်းသာအားရ
ပြေးလာကာ
“ဆရာမ”
“ဟဲ့ ဟဲ့ အဲဒါ ဘယ်လိုဖြစ်တာတုန်း”
“ဆရာကြီးကအမှိုက်ကောက်ခိုင်းလို့ ပါဆရာမ”
သာကျော်မောင် ဆရာမဒေါ်ကြင်ဌေးနားတိုးကာ သွားတော့
“ဟဲ့ ဟဲ့ ငါ့နားမတိုးနဲ့ ဒီပုံကြီးနဲ့ ”
“ဆရာမကိုတောင်းပန်မလို့ ပါ ဆရာကြီးကလည်းပြောလိုက်တယ် ဆရာမကျေနပ်တဲ့အထိတောင်းပန်
ရမယ်တဲ့”
“ဟဲ့ ဟဲ့..မတိုးပါနဲ့ ဆို အေးအေး..ကျေနပ်တယ်ကျေနပ်တယ်”
သာကျော်မောင် ဆက်မတိုးတော့ပဲရပ်နေလိုက်တော့သည်။
“မင်း တော်တော် မလွယ်တဲ့ကောင်လေးပဲ သွား အ၀တ်စာတွေပြန်လဲချည်း ဒီအတိုင်းတော့အတန်းထဲ
မ၀င်နဲ့ ”
“ဆရာကြီးကပြောတယ် ဆရာမကျေနပ်မှအမှိုက်တာရပ်ရမယ်တဲ့”
“အေး အေးကျေနပ်တယ် မကောက်တော့နဲ့  တစ်ကယ်ပဲတော် မင်းတော့နိုင်ကိုမနိုင်ဘူး”
ဆရာမပြောပြောဆိုဆိုနဲ့ ထွက်သွားတော့မှ ခင်မောင်အေးတို့ အုပ်စု သူ့ နားကပ်နားပြီး
“တော်တယ်ကွာ ငါးကြော်ရာ မင်းကတော့စံပဲဟေ့”
“ဟဲဟဲ”

ငါးကြော်လို့ သာကျော်မောင်ကိုခေါ်ရခြင်းအကြောင်း ကလည်း ငါးကြော်
ကို သာကျော်မောင် အလွန်ကြိုက်သည်။ အမည်တွင်သွားခြင်းအစ က
တစ်ရက် သာကျော်မောင် အတန်းတူ ကောင်မလေး နှင်းနွဲ့ ရဲ့ ထမင်းထုတ်
ထဲက ငါးကြော်ကို ခိုးစားပြီး စာလေရေးခဲ့သည်။
“ငါးကြော်လေး က သာကျော်မောင်ကို ဖိတ်ခေါ်သဖြင့် ခုန်ပေါက်ကာ
သာကျော်မောင် ဗိုက်ထဲရောက်သွား ပြီး ဒါကြောင့် သာကျော်မောင်အား
အလှူတစ်ခုပြုလိုက်ရသော ကျောင်းတော်ကြီးမှ မနှင်းနွဲ့ အားဂုဏ်ပြု
သောအား ဖြင့် သဘောထားကြီးသူ မယ်ဘွဲ့အားပေးလိုက်ပါသည်။ နောင်
အခါတွင် လည်းကျွေးနိုင်ပါစေ”
ထိုသို့ စာကိုရေခဲ့ သဖြင့် နှင်းနွဲ့ ဆရာမကိုတိုင်လိုက်သဖြင့် သာကျော်မောင်
အား ရင်ဘက်တွင် “ကျနော်အား ငါးကြော်လို့ ခေါ်စေသောင်” လို့ စာတမ်း
ကြီးကပ်၍ စာသင်ခန်းများကို ပတ်ကာလျှောက်စေသည့် အပြစ်ဒဏ် ရသဖြင့်
ငါးကြော် လို့ အမည်တွင်သွားခဲ့ခြင်း ဖြစ်ပေသည်။
သာကျော်မောင် ဆိုးသည် သို့ သော် စာတော်၏၊ ထိုကြောင့်လည်း ဆရာ/မ
များကလည်းချစ်ကြသည်။ သီဟမိုးကျောင်း ခန်းထဲစထိုင်သောအခါ ကျောင်း
၏စည်းကမ်းသင်ပြမူကြောင့် မိန်းခလေးတစ်တန်း ယောက်ျားလေးတစ်တန်း
အစဉ်လိုက်ထိုင်ရသောသူအတွက် ခင်မောင်အေး ၏အမွှာညီဖြစ်သော
ခင်မောင်ဌေး ၊ အဆင့် ၂ရသော သုတစံ ၊ တို့ နှင့်တွဲထိုင်ရသည်။ ကျောင်းခန်း
၏အနေထား အရအတန်း လိုက် ၃ယောက်ဆီတွဲထိုင်ခဲ့ထားသည်။ ခင်မောင်ဌေး
နဲ့ သုတစံတို့ ဆီကနေ သာကျော်မောင်အကြောင်းများကိုလည်းသိရှိခဲ့ရသည်။
သာကျော်မောင်စာသင်ခန်းထဲ ၀င်လာတော့ အင်္ကျီများလဲထားပြီး ၍ဖြစ်သည်။
သူသာကျော်မောင် ကိုလိုက်ကြည့်ကာနေသည်။ သာကျော်မောင် က နောက်ဆုံးတန်း
တွင်ဝင်ထိုင်သည်။ သူကြည့်နေတာတွေ့ ၍သူ့ အားမျက်လုံးပြူးပြသည်။ သူကြည့်နေ
တာကိုခင်မောင်ဌေးတွေ့ သွားသဖြင့် ရှင်းပြသည်။
“အဲဒီကောင်နာမည်က သာကျော်မောင်တဲ့ ငါ့အကို တို့နဲ့တွဲတယ်လေ သူကစာလည်း
တော်တယ် အားကစားမှာလည်းထူးချွန်တယ်”
ခင်မောင်ဌေး ကသူ့အားရှင်းပြနေတာကို သုတစံ က၀င်ပြောသည်။
“ငါတော့ကြည့်မရပါဘူးကွာ သူကိုသူ ဘာထင်နေလည်းမသိဘူး ပွကြီးတအား လုပ်တာ”
“မင်းကဘယ်ကြည့်ရမလည်း သူရှိနေလို့ မင်းအဆင့် ၂ကနေ မတက်နိုင်တာလေ”
“အဲလိုကြောင့်မဟုတ်ဘူး သူကဆိုးတယ်သိလား သီဟမိုး မင်းသူနဲ့သွားမပေါင်းနဲ့”
“သူကဘယ်လိုဆိုးလို့လည်း”
“အဲလောက်ကြီးလည်းမဟုတ်ပါဘူး သူဆိုးတာက နည်းနည်းတော့ဂွကျတယ်ကွ”
ခင်မောင်ဌေးက၀င်ရှင်းသည်။ သုတစံကတော့ ခင်မောင်ဌေးကိုမကျေနပ်သလိုကြည့်
ကာ စကားဝိုင် မှထွက်ပြီးစာအုပ်ကို လှန်ကာ စာဖတ်နေတော့သည်။
“သူ့ မြင်ကွင်း မှာအမြင်မတော်တာတွေ့ ရင် လိုက်ပြီး လုပ်တော့တာ”
“ဘယ်လိုမျိုးလဲ”
”နယူတန် ကတန်ပြန် နိယာမကို ဆရာမကစသင်တယ်ကွာ ဒီကောင်ကထဖေါက်တယ်
နယူတန် ကတုန့်ပြန်မှုတိုင်တွင် တန်ပြန်သက်ရောက်မှုရှိတယ်လို့ သင်တော့ ဒီကောင်
ကဆရာမလည်း ဆရာကြီးကျော်သောင်းကို တန်ပြန်ထိရောက်မှု့ပေးမှ ဒါကိုယုံမယ်လို့
ပြောလိုက်တာ အဲဒီဆရာမအပျိုကြီး ဒေါ်သီတာ နဲ့ ဆရာလူပျိုကြီးဦးကျော်သောင်း ညား
သွားကြတာပေါ့ အစက ဆရာမက ဆရာကြီးကိုမကြိုက်ဘူးကွ ဒီကောင်လှော်တာပေါ့
ဒါကြောင့်လည်း ဆရာကြီးဆို ဒီကောင်ကိုအရမ်းချစ်တာ”
“ဟေ့ကောင် မင်းအဲဒီအကြောင်းမပါပဲပြောလို့မရဘူးလား”
သုတစံ မျက်နာထားတင်းတင်းဖြင့် ခင်မောင်ဌေး အားဝင်ပြောသည်။
”ဟီး ဟီး ဒီကောင်မကျေနပ်ဖြစ်နေတာ ဆရာမကသူ့ အဒေါ်လေ”
“အော်”
သီဟမိုး ပြုံးမိပါသည်။
”နောက်ရှိသေးတယ်”
”ဟုတ်လား”
”ဒီကောင်ကရပ်ကွက်ထဲမှာလည်းနာမည်ကြီးပဲ သူ့ အိမ်နဲ့ ငါ့အိမ်ကဘေးချင်းကပ်ရက်လေ
သူ့အိမ်က တိုင်းရင်းဆေးလုပ်ရောင်းတာ တစ်ရက်တော့ ရပ်ကွက် ကဒေါ်လှမေက သူ့ 
ယောက်ျားဆေးလိပ်သောက်တာ စိတ်ညစ်လို့ တဲ့ဆေးလိပ်ဘိုးတွေလည်းကုန်ပြီးတဲ့လေ
ဒါကြောင့်ဆေးခဏခဏ လာဝယ်တာဆေးလိပ်ဖြတ်အောင်လို့ တဲ့အဲဒါကို ဒီကောင်က
ဆေးမရောင်းပဲနည်းလမ်းပေးလိုက်တယ် ဒေါ်လှမေယောက်ျားကဆေးလိပ်ပြတ်ပြီးတော့
ဒေါ်လှမေကတော့ဆေးလိပ် ဆွဲသွားတယ်”
”အမ် ...ဘယ်လို နည်းလမ်းပေးလိုက်လို့လည်း”
“ဒေါ်လှမေကိုပြောလိုက်တာက ခင်များယောက်ျားဆေးလိပ်ဖြတ်စေချင်ရင် ခင်များလည်း
လိုက်ပြီးသောက်လို့ပြောလိုက်တာလေ၊ ယောက်ျားကတစ်လိပ်သောက်တိုင်မိန်းမလုပ်သူ
ကလည်းလိုက်သောက်ပြ ပေါ့ ဧည့်သည်တွေလာတိုင်းဆေးလိပ် ဧည့်ခံပြီးလင်မယားပြိုင်
သောက်သလိုဖြစ်နေတော့ ယောက်ျားလုပ်သူကရှက်ပြီးမသောက်တော့ဘူး ဒါပေမယ့်
ဒေါ်လှမေကြီးကတော့ဆေးလိပ်ဆွဲသွားတယ်”
”ဟား ဟား..”
”ဒေါ်လှမေကြီးကတော့ ယောက်ျားရိုက်တာနေ့တိုင်ခံရတယ် ဆေးလိပ်ခိုးသောက်တာမိ
တိုင်ပေါ့ အဲလိုရိုက်ခံရတိုင်လည်း ဒေါ်လှမေကြီး အော်ငိုတာက သာကျော်မောင် ရေ နင့်
ကြောင့် နင့်ကြောင့်လို့ အော်အော်ငိုလို့ ဒီကောင် အဲ့ဒီအိမ်ရှေ့ ကကိုဖြတ်မလျှောက်ဘူး”
”ဟား ဟား”
အတန်းပိုင် ဆရာမဒေါ်ကြင်ဌေး ၀င်လာတော့သူတို့စကားဝိုင်းနားလိုက်တော့သည် ။
ဆရာမက၀င်လာလာခြင် သာကျော်မောင်ကို အရင်ကြည့်ပြီး သက်ပြင်းချပြီးမှစာစသင်
တော့သည်။ ဒီလိုနဲ့ သီဟမိုးနဲ့သာကျော်မောင် ထိပ်တိုက်ဘာမှမဖြစ်ခဲ့ကြပါဘူး ကျောင်း
ကြီးမှာပုံမှန်စာသင်ပြီး ပုံမှန်နေသွားကြတာဘာမှလည်းဖြစ်မလာတော့ပါဘူး။
သီဟမိုးကရုပ်ချောတယ် ရုပ်ဖြောင့်တယ် ဒါကြောင့်လည်းအတန်းထဲမှာကောင်းမလေး
တွေရဲ့ ပသာပေးခံရမူ့ လည်းပိုရခဲ့သည်။ သီဟမိုးကတော့ ပုံမှန်နေသွား စသင်မြဲ။
တစ်ရက်တော့ ကျောင်းက ကင်းတင်းမှာ ထမင်းစားတော့ သာကျော်မောင်တို့ဝိုင်းနှင့်နီး
သွားသည်။သုတစံနှင့် သီဟမိုးက အတန်းမှာတူတူထိုင်ပေမယ့် ခင်မောင်ဌေးလောက်တော့
မခင်ပါ၊သီဟမိုးနဲ့ ခင်မောင်ဌေး စားနေသောထမင်းဝိုင်းကို အတန်းထဲက ကောင်းမလေး
တွေဖြစ်တဲ့ နှင်းနွဲ့ ၊ ဖြူဖြူဝင်း ၊ သိရိမေ တို့ သီဟမိုးတို့ ထမင်းဝိုင်းမှလာစားကြသည်။
ဖြူဖြူဝင်း ကအမည်နဲ့ လိုက်အောင် ချောလှပါသည်။ ပိုက်စံရှိသားသမီးဖြစ်သည့်အတိုင်
သုံးနိုင်သည်။ သီဟမိုးကိုကြိုက်နေသည် လို့ လည်းသတင်း သိုးသိုးသန့်သန့် ကြားမိပါသည်။
သီဟမိုးရဲ့မျက်နာချင်း ဆိုင်မှာသာကျော်မောင် တို့ ထိုင်နေ၍ သာကျော်မောင်ကို မြင်နေရသည်
ကောင်းမလေးတွေကတော့ နောက်ကျော်ပေးထား ၍မမြင်ပါ။ ထိုအချိန်မှာ ဖြူဖြူဝင်းက
”သိလား ရှေ့ လထဲမှာ ဖြူတို့ ဦးလေး ဂျာမနီကပြန်လာတော့မှာ”
ထိုအချိန်တုန်း ကမိမိနာမည်ကို အတိုကောက်ခေါ်၍ခေတ်စား ချိန်လည်းဖြစ်ကြပါသည်။
သာကျော်မောင် ကနားထဲကို လက်သန်းလေးနဲ့ ထိုကလော်ကာ နားဖာချီးကလော်သလိုလုပ်သည်။
”ဖြူအတွက်လည်း ကွန်ပျူတာလက်တော့ တစ်ခုဝယ်လာပေးမယ်တဲ့ ကိုမိုးကိုပြမယ်”
သာကျော်မောင် နားထဲကို လက်သန်းလေးနဲ့ ထိုကလော်ပြန်သည်။
”ကိုမိုး mp4 ရှိလား ဖြူဆီမှာဆို ၄၊၅ ခုလောက်ရှိတာ ကိုမိုးလိုရင် ယူလေ”
သာကျော်မောင် နားထဲကို လက်သန်းလေးနဲ့ ထိုကလော်ပြီးလုပ်ပြန်သည်။
”နောက်လ သီးတင်းကျွတ်ကျောင်းပိတ်ရင် အမေတို့ ကဘန်ကောက်ကို ရှော့ပင်ထွက်မလို့တဲ့ ဖြူလဲ
လိုက်သွားမလို့ ကိုမိုး ဘာမှာအုံးမလဲ”
သာကျော်မောင် ထက်လုပ်ပြန်သည်။ အစပထမတော့ သီဟမိုးလည်း သတိမထားမိပါနောက်တော့
သဘောပေါက်ကာ သီဟမိုးပြုံးရယ်မိသည်။ ဒါကိုဖြူဖြူဝင်းလည်း သိရှိသွားကာနောက်လှည့်ကြည့်
လိုက်တော့ သာကျော်မောင် ကိုမျက်နာပြောင်စွာမြင်တွေ့ လိုက်သည်။ ဒီမှာတင် ပဲသာကျော်မောင်
ကတစ်စခန်းထပါတော့သည်။
”ရှေ့ လထဲ သာတို့ ဦးလေးလည်းနွားထိုးကြီးကပြန်လာတော့မှာ”
“အမ်...”
ခင်မောင်အေး အစပထမတော့ကြောင်သွားသည်။ နောက်မှသဘောပေါက်ကာ လိုက်ပြီးဖောတော့
သည်။
“ဟုတ်လား............”
“သာအတွက် နွားတစ်ကောင်ဝယ်လာမယ်ပြောတယ် ကိုအေးကို ပြမယ် အထီးလားအမလား လို့”
”ကောင်းသာပဲ ကိုအေးလည်း နွားခွစီးလို့ ရတာပေါ့”
”ကိုအေးမှာ အတွင်းခံဘောင်ဘီတွေရှိလား သာဆီမှာတော့ ၄၊၅ ခုလောက်ရှိတယ် လိုရင်ယူလေ”
”အာ...တော်ပါပြီး...ယူပါဘူး”
“နောက်လ သီးတင်းကျွတ်ကျောင်းပိတ် ရင်နွားကျောင်းထွက်မလို့ ကိုအေးလည်းလိုက်ချင်လိုက်ခဲ့
လေ အဖေါ်ရတာပေါ့”
”စိတ်တော့မပါဘူးကွယ် ..ဒါမျိုးတော့”
ထိုအချိန်မှာ ဖြူဖြူဝင်း မျက်နာကြီးနီရဲထွက်လာကာ ဒေါသဖြစ်၍ထကာ သာကျော်မောင်ကိုရန်တွေ့ 
တော့သည်။
”နင်တို့ ကိုဆရာကြီးနဲ့ တိုင်ပြောမယ်”
”ဘာ ဆိုင်လည်း ငါတို့ ဟာငါတို့ စကားပြောနေတာကို”
”နင်တို့ ယောက်ျားတွေမဟုတ်ဘူးလား စောင်းမြောင်းပြောဆိုနေပြီးတော့”
”ငါတို့ ယောက်ျားတွေဆိုတာ ပြရမလား”
”ဘာ...“
”မှတ်ပုံတင်ပြောပါတယ် ပြီးတော့ငါတို့ အကြောင်းငါတို့ ပြောနေတာနင်နဲ့ အကြောင်းလည်းမပါဘူး
ဆရာကြီးကိုနင်ကဘယ်လိုတိုင်မှာလဲ ငါသိချင်လိုက်တာ”
”နင် နင်....”
ဖြူဖြူဝင်းဒေါသထွက် ကာထထွက်သွားတော့သည်။ သူတိုင်ရမည့်ခေါင်းစဉ်လည်းရှာလို့မရ၍ လည်း
ဖြစ်နိုင်သည်။ ”ကျမ ကိုမိုးကိုဒီလိုပြောလို့ နောက်ကလိုက်ပြောတယ်” လို့ ဆိုခဲ့လျှင်လည်း ဆရာကြီး
ကသာကျော်မောင်ကို အပြစ်မပေးပဲ သူမအားပေးမည် ဆိုတာကိုသဘောပေါက်သွား၍ဖြစ်မည်။
နှင်းနွဲ့ ၊ ဖြူဖြူဝင်းနောက်ပြေးလိုက်သွားရင်း သာကျော်မောင်ကျောကိုထုခဲ့လိုက်သေးသည်။
”ဘုန်း..............”
“အား....မသာမလေ အသာမရိုက်ဘူး အိမ်ရောက်မှတွေ့ မယ်”
သီဟမိုးမနေသာတော့ ၀င်ပြောလိုက်တော့သည်။
“မင်းလွန်တာပေါ့ ကောင်းမလေးစိတ်ဆိုးသွားပြီး”
“သူစိတ်ဆိုးတာငါနဲ့ ဘာမှမဆိုင်ဘူး မင်းမနေသာရင်လိုက်သွားပေါ့”
”မိန်းခလေးတစ်ယောက်ကို အဲ့ဒီလောက်ထိစဘို့တောင်မကောင်းဘူး”
”ဘာဖြစ်လည်း ငါ့ရှေ့ မှာကိုးလို့ ကန့်လန့်လာလုပ်လို့ ကတော့ဘယ်သူမှမသနားဘူး...မင်းမကျေ
နပ်ရင် လိုက်သွားပေါ့ ပိုးဟပ်ဖြူရ”
“ဘာကွ....ငါကိုဘယ်လိုခေါ်လိုက်တယ်”
“ပိုးဟပ်ဖြူလို့ ”

ဆက်ရန်
jinjar 

No comments:

Post a Comment

အချစ်တစ်ခု ပြယုဂ်တစ်ခု

“......................”  သားကြီးဆီမှ ကြားလိုက်ရသော နာမည်ကြောင့် ကျွန်မတစ်ကိုယ်လုံး တောင့်ခဲ သွားသည်။အဆုံးမရှိသောတွင်းနက်ကြီးထဲသို့ ပြုတ်ကျ...