Saturday, August 23, 2014
နှောင်ကြိုး .... ၅
တိတ်စိတ်မှု့ကကြီးဆိုးနေသောညတစ်ည၊ တောကြီးမှောင်မည်းထဲမှာအုပ်စု
လိုက်ရှိနေကြသော သူတို့ အဖွဲ့ တွေပင်းပန်း စွာအိပ်မောကျနေတာ ဟောက်
သံများပင် အစီစီထွက်လို့ နေတော့သည်။ သာကျော်မောင် ကိုယ်တွေကလဲကိုက်
ချမ်းကချမ်းနဲ့ အိပ်လို့ ကလည်းမပျော်ချေ။ သာကျော်မောင် ကဘေးစွန်းတွင်အိပ်
နေသောကြောင့် လေကလဲ တိုးနေသည်။  ဘေးနားမှာအိပ်နေသော အမွှာ၂
ကောင်က ဟောက်သံကိုပင် အပြိုင်အဆိုင် အလုယက်ဟောက်နေကြသည်။
ထိုအချိန်ဝယ် သာကျော်မောင် နဲ့ အမွှာ၂ယောက်ခြား ကွာ အိပ်နေသော
သီဟမိုး ထထိုင်လိုက်တာကိုတွေ့ လိုက်ရသည်။ သာကျော်မောင် သီဟမိုးကို
အသာခိုးကြည့်နေသည်။ သီဟမိုး ခြေထောက်ကိုက်၍ထင်သည်။ ထပြီးသူ့ ၏
ခြေထောက်ကို နှိမ့်နေတာမြင်နေရသည်။ သာကျော်မောင် မနေသာတော့
ငုတ်တုတ်ထထိုင် လိုက်ပါတော့သည်။ လေသံလေးနဲ့မေးလိုက်ပါတော့သည်။
“ခြေထောက်ကိုက်နေလို့ လား”
“မင်းမအိပ်သေးဘူးလား”
“အင်းအိပ်မပျော်လို့ ”
“လာဒီဘက်ကို ငါနှိမ့်ပေးမယ်”
“အာနေပါစေ”
“မင်းလုပ်တာနဲ့ တစ်ခြားလူတွေနိုးလိမ့်မယ်”
သီဟမိုး သာကျော်မောင် အနားသို့ ထလာပါတော့သည်။ သီဟမိုးလက်ထဲမှာလည်း
ဖြူဖြူဝင်း ပေးထားတဲ့ဆေးဗူးလေ ကိုင်ကာထားသည်။ သာကျော်မောင် သီဟမိုးရဲ့
ခြေကျင်ဝတ်ကို စပြီး နှိမ့်ပေးပါသည်။ မိမိလည်း အဘိုးဆီက သင်ထားတဲ့ပညာက
အကူညီပေးလိုက်၍ ၀မ်းသာမိသည်။
“နည်းနည်းတော့နာမယ်နော်”
သီဟမိုး ပြန်ပင်မဖြေ နိုင် အသံထွက်မှာစိုး၍ အံကြိတ်ကာခံနေရသည်။ မျက်နာက
လည်းမည်သို့ နေမည်ကိုပင်မသိတော့ ဒီအချိန်မှာသာ ဖြူဖြူဝင်း မြင်လျှင် ကြိုက်
ဘို့ မပြောနဲ့ လန့် ပင်မေ့သွားနိုင်လောက်သည်။ နှိမ့် လို့ ပြီးသောအခါ သီဟမိုးခြေ
မှာပူထူးနေတော့သည်။ ကိုက်တာနာတာတော့ မရှိတော့ပါ။
“ကျေးဇူးတင်လိုက်တာကွာ”
“မင်းကျေးဇူးတွေကလည်း တင်တာများလာပြီး ငါလဲကြာရင် အဲဒီကျေးဇူးတွေနဲ့ 
ပိပြီး သေလိမ့်မယ်”
သီဟမိုး ဟက်ဟက်ပက်ပက် ပြုံးမိပါသည်။
“မင်းကဘာလို့ မအိပ်သေးတာလဲ”
“ချမ်းလို့ ”
ကိုယ်လက်ကိုက်တာတော့ မပြောတော့ပါ။
“ဒါဆိုနေရာ ခြင်းလှဲအိပ်မယ်လေ”
သီဟမိုးပြောပြော နဲ့ သူရဲ့မူလနေရာကိုကြည့်လိုက်တော့ ခင်မောင်ဌေးက ကားယာ
ကြီးဖြစ် သူ့ရဲ့နေရာအား အပိုင်စားထားလိုက်သည်။
“ဒီလိုလုပ်”
“ဘာလုပ်မလို့ လဲ”
“မင်းကအထဲမှာအိပ် ငါကအစွန်းမှာအိပ်မယ်”
“နေပါစေ”
“ဒီတစ်ခါတော့ ငါ့အလှည့် နေပါစေပြောမနေနဲ့ တော့”
သီဟမိုး ပြောပြောဆိုဆိုဖြစ် သူ့ ရဲ့ဘေးမှာလှဲအိပ်လိုက်တော့သည်။ သာကျော်မောင်
မှာ သီဟမိုး နဲ့ ခင်မောင်အေး ကြားထဲရောက်သွားတော့သည်။ သာကျော်မောင် လည်း
ဘာမှမပြောတော့ပဲ အိပ်လိုက်တော့သည်။
“အင့်”
သီဟမိုး သာကျော်မောင် ကိုဖက်လိုက်တာပါ၊
”ချမ်းသေးလား”
“ဟင့် အင်”
“အင်း ဒီလိုဖက်ထားမယ်”
သာကျော်မောင် နွေးသွားတော့သည်။ အပြင်ပိုင်းတွင် မဟုတ်ပဲရင်ထဲ ထိနွေးသွား
တာတော့သာကျော်မောင် မသိလိုက်ပါ။
*****
သူတို့ အားလုံး မနက်စောစောထ ကိုယ်လက်သန့် စင်ပြီး ကျောင်းထိုင် ဆရာတော်
အတွက်ယာဂု နှင့် ဆွမ်းများကို တပျော်တပါးကြီး လုပ်အားဝိုင်းလုပ်ေ ပးနေကြတော့
သည်။ ဆရာတော်လည်း ၀မ်းတွေသာကာ အပြုံးတွေဝေနေသည်။ နေ့လည် ဆွမ်းများ
ကပ်ပြီး သီလယူကြကာ တောင်ပေါ်မှ လာလမ်းအတိုင်း ဖြေဖြေဆင်းခဲ့ကြတော့သည်။
သူတို့ ရဲ့ရင်ထဲမှာပျော်ရွှင်မှု့တွေ ပိတိတွေဝေဆာနေတော့သည်။ တစ်လမ်းလုံးလည်း
 ပြော စကားများမကုန်နိုင်အောင် လွတ်လပ်စွာပြန်လာခဲ့ကြတော့သည်။
ကျောင်းများပြန်ဖွင့်သောအခါ သူတို့ လေးယောက် အတွဲညီသွားတော့သည်။ ဘယ်သွားသွား ဘယ်လာလာ အမြဲပဲတွဲကာမြင်ေ နရတော့သည် ။  ကျောင်းခန်း ထဲမှာ
 လဲ ပျော်ရွှင်ရင်စာသင်ဖြစ်ကြပါသည်။ ဆရာမ ဒေါ်ကြင်ဌေး ၀င်လာတော့ အခန်းထဲငြိမ်
သွားတော့သည်။ အဘယ့်ကြောင့် ဆိုသော် ဆရာမလက်ထဲမှာ အမှတ်စာရင်း ရပို့ကဒ်
 ကြီးတွေ့ ရသောကြောင့်ဖြစ်သည်။
“ဒီနှစ် ကတော့စာတော် တစ်ယောက်တိုးလာတဲ့နှစ်ပဲ”
အားလုံး တစ်ယောက်ကိုတစ်ယောက် တန်ပြန်ကြည့်မိကြသည်။ ဆရာမဆီက ထွက်လာ
မည့်စကားကိုလဲ မျှော်လင့်နေကြသည်။
“အဆင့် တစ်ကို ပူးတွဲ နှစ်ယောက်ယူသွားတယ်၊ တစ်ယောက်ကတော့မင်းတို့ သိ တဲ့အ
တိုင်း သာကျော်မောင် ပဲ နောက်တစ်ယောက်ကတော့ ကျောင်းသားသစ် သီဟမိုး
ပဲကွယ့်”
“ဟင်”
သုတစံ ရင်ထဲဗလောင် ဆူသွားတော့သည်။ ထို့သို့ ဆိုလျှင် သူသည် အဆင့် ၃ သို့ ဆင်း
 ပေးရပြီး သုတစံ ရင်ထဲပူမီးလောင်ကာ ဒေါသများထွက်လို့ လာတော့သည်။
သို့ပေမယ့် သူရဲ့အပြုံးများကိုသာ တစ်ခြားလူတွေမြင်ခဲ့ကြပါသည်။
သီဟမိုးမုန့်စားဆင်း ချိန်မှာ သာကျော်မောင် တို့ နောက်တန်းကို ထွက်ခဲ့လိုက်သည်။
“မင်းရပို့ကဒ်ပြပါအုံး”
“ဘာလုပ်မလို့ လဲ”
“အမှတ် တူတယ်ဆိုလို့ ကြည့်ချင်လို့ ”
“ဘာမှကြည့် မနေနဲ့ အဲဒါကအရေးမကြီးဘူး တစ်ခုငါ့ကို ကူစမ်းပါ”
“ဘာကိုလဲ”
“ခုညနေ နွဲ့ နှောင်းက သူ့အဒေါ်အိမ် သွားမလို့ တဲ့ စက်ဘီးနဲ့မင်းလိုက်ပို့ပေးလိုက်ပါလား
ငါဘောလုံးကန်မလို့ ချိန်ပွဲရှိလို့လေ ဒီကောင်ကခုမှလာပြောတာကွ ငါနှင်းနွဲ့  ကိုဂတိပေး
ထားပြီးသားဖြစ်နေတာ အဲဒါကြောင့်”
“အော် ...အင်းပို့လိုက်မယ်”
ထိုသို့ ဖြင့် ညနေဘက် တွင် ကျောင်းထိပ်မှာ သီဟမိုး နှင်းနွဲ့ ကိုစောင့်နေပါသည်။
နှင်းနွဲ့ မျက်နာစူပုတ်ကာထွက်လာသည်။ သာကျော်မောင် သူတို့ အစီစဉ် ကို ပြောလိုက်
တာပဲဖြစ်ပေမည်။ သူရပ်စောင့်နေတာ သိသော နှင်းနွဲ့ က သူ့အားမြင်တာ နဲ့
“နေတော့ မသွားတော့ဘူး”
“ဘာဖြစ်လို့ လဲ”
“တော်ပြီး မသွားတော့ဘူး အိမ်ကိုပဲပြန်တော့မယ်”
သီဟမိုးသဘောပေါက်လိုက်ပါသည်။ ထိုကြောင့်လည်း ဘာမှမပြောတော့ပဲ အိမ်ကိုသာ
ပြန်ခဲ့လိုက်တော့သည်။
နှင်းနွဲ့ ရင်ထဲမှာဘာတွေဖြစ်နေသည် ဆိုတာကို သာကျော်မောင် တော့မသိပါ။
သာကျော်မောင် ကတော့ ဘောလုံးကွင်း နဲ့ သူငယ်ချင်းတွေ နဲ့ သူ့ ၏ဘေးက ဖြစ်ပျက်
နေတာကိုတော့သိရှိမည်မဟုတ်တော့ပါ။
ဒီလိုနဲ့ ကျောင်း စားမေးပွဲကြီးလည်း နီးကပ်လို့ လာပါပြီး၊ သာမာန် အဖြစ်ပျက်များ
 သာသွား လာနေသော သူတို့ ကျောင်းမှာလည်း ကျောင်းသားဦးရည် နည်းသွား
တော့သည်။ အတန်းကြီးသမားများသာရှိတော့သည့်ကျောင်းထဲ ၀ယ် အခန်းလိုက်
ခုံများကို စီကာ သန့်ရှင်းရေးကို လုပ်တဲ့နေ့မှာ ဖြစ်ပျက်သွားသောအကြောင်းရာ က
သာကျော်မောင် ကိုပြောင်းလဲသွားစေခဲ့ပြီး သီဟမိုးကတော့ ရင်ထဲဒဏ်ရာတွေရရှိခဲ့
တော့သည်။ ထောင်ထားသော ထိုင်ခုံ တစ်ခုသည် မည်သို့ ဖြစ်သည်မသိပဲ
သာကျော်မောင် အမှိုက်ကုန်းကောက် ချိန်း မှာပဲ ထိုခုံသည် သာကျော်မောင် ၏
ယာဘက်လက်ပေါ်သို့ လဲကျသွားတော့သည်။
““““““၀ုန်း““““““
“အား............”
“ဟာ....”
“သာကျော်မောင် ”
“လာကြပါအုံး ဒီမှာ သာကျော်မောင် လက်ထိသွားပြီး”
ထိုအခန်း ထဲမှာရှိကြသော ကျောင်းသားများ ၏အကူညီဖြင့် သာကျော်မောင် ကို ဆေးရုံး
သို့  အမြန်ပို့လိုက်ကြတော့သည်။ထိုအကြောင်းကို သိသိခြင်း သီဟမို နဲ့အမွှာ၂ကောင်
 “ဖြစ်မှဖြစ်ရလေ စားမေးပွဲဖြေခါနီးမှကွာ” လို့ မချိစွာညီးတွား သည်။
 ဆရာမ ဒေါ်လှမေ ကငိုသည်။ ခင်မောင်အေးက နံရံကိုလက်သီးနဲ့ ထိုးသည်။
သီဟမိုး က သာကျော်မောင် ကိုကြည့်ကာ ရင်ထဲကြေကွဲ စွာဖြစ် အသံတိတ် မျက်ရည်ကျ
နေတော့ သည်။
ခင်မောင်ဌေး က မြို့ နယ် ဆရာဝန် အားမေးလိုက်သည်။
“ဆရာ ကျနော်သူ့ငယ်ချင်း အခြေအနေ”
“သူ့ လက်ကတော့ ကျောက် ပတ်တီး ကိုင် ရမယ် အနည်းဆုံး ၄၅ ရက်ပေါ့ အရိုး အက်
သွားတယ်။ ဆရာလဲ စိတ်မကောင်းဘူး စာမေးပွဲရက် ကမလို တော့ဘူးဆိုတော့”
ခင်မောင်ဌေး စိတ်မကောင်းလွန်း ၍ ထထွက်သွားတော့သည်။ ခဏနေတော့ ကျောက်
ပတ်တီး စီးရန် လာခေါ်တော့မှ သူတို့အားလုံး နေရာတွေ ရွေ့ ပေးနေတုံး သီဟမိုးလက်
ကို သာကျော်မောင် လှမ်းဆွဲထားလိုက်ပြီး မျက်ရိပ်မျက်ကဲ ပြ၍ သီဟမိုး ခန္ဒာကိုယ်ကို
နည်းနည်း ကိုင်းလိုက်ပြီး သာကျော်မောင် အနားကပ်လိုက်သည်။
“သုတစံ ကိုသတိထား”
“ဟင်”
သီဟမိုး ရင်ထဲ တစ်ခုခုကိုသိရှိသွားသလို ဖြစ်ကာ အံ့သြမှု့များဖြင့် သာကျော်မောင် ကို
ကြည့်နေသည်။ သာကျော်မောင် လဲဆရာဝန်ခေါ်ဆောင် ရာနောက်သို့ လိုက်သွားတော့
သည်။ သီဟမိုး စဉ်းစားသည် အကြောင်းမဲ့တော့ သာကျော်မောင် မပြောလောက်ဘူး
လို့ တွက် ကာ ဆေးရုံးအတွင်း မှတစ်ယောက်တည်း ထွက်လာပြီး ကျောင်းသို့ တစ်ဟုန်း
ထိုးပြေးပါတော့သည်။ သီဟမောင် ကျောင်း ၀န်ထဲရောက်တော့ သုတစံကို အသဲအသန်
လိုက်ရှာတော့သည်။ နေပူကြီးထဲမှာ ပြေးလာတဲ့ သီဟမိုး တစ်ကိုယ်လုံးလဲ ချွေးတွေ ရွှဲ
နေ ပါသည်။ မောတာကော စိတ်လှုပ်ရှားတာကော ရောပြီး သီဟမိုး အသက်ကိုပြင်းပြင်း
ရှူရင် တစ်ခန်း ၀င်တစ်ခန်းထွက် လိုက်ရှာ နေသည်။ တွေ့ သမျှလူကိုလဲ
“သုတစံကိုတွေ့ လား”
လို့ မေးရင်ရှာနေမိတော့သည်။ ကျောင်းသားတစ်ယောက် ထပြောလိုက်တော့ သီဟမိုး
လဲ လယ်ကွင်း တွေရှိတဲ့ ဆီတဲ့ ကျောင်း နောက် ဘက်အပေါက်ကမှထွက်ခဲ့လိုက်ပါတော့
သည်။ ကျောင်း ရဲ့ လယ်ကွင်း ပြင် ကြီးထဲမှာ သုတစံကို အမောတကော နဲ့ ရှာ နေတာ
နောက် ဆုံးတော့ မကျည်းပင် အောက် မှာ သုတစံကိုတွေ့ တော့သည်။
“ဟေ့ကောင်”
သူရဲ့ဒေါသတွေ ပါနေတဲ့အသံ ကြောင့်သုတစံ လန့် ကာ နောက်လှည့် ကြည့်လိုက်တော့
သည်။ သုတစံ ကိုမျက်ဝန်း မှ မျက်ရည် တစ်ချို့ တွေ့ လိုက်သည်လို့ စိတ်ကထင်လိုက်မိ
သည်။ သုတစံ ကို သီဟမိုး ဒေါသမျက် ၀န်တွေနဲ့ ကြည့်နေသည်။ ဒီကောင်တစ်ခုခုလုပ်
လိုက်လို့ ဖြစ်မည်လို့ လည်းတွက်ထားသည် သို့ ပေမယ့် မသေခြားသေး သောအပိုင်းကို
ဒေါသရှေ့ ထားလို့ လဲမဖြစ်ချေ။ ထို့ကြောင့်အနည်းငယ်ထိမ်းကာ မေးရသည်။
“မင်းသိနေတယ် မဟုတ်လား”
သုတစံ ဘာမှမပြောပါ တွေတွေ ကြီး သူ့ အားကြည့်နေသည်။
“မင်း သိနေလား ဘာကြောင့် သာကျော်မောင် လက်ခိုင်းမိသွားတယ်ဆိုတာ”
သုတစံ သူ့ အား တစ်ချက်ကြည့်ပြီး နောက် လယ်ကွင်း ပြင်ကြီး ဘက်ပြန် လှည့် လိုက်
သည်။  နောက် သုတစံ ငိုသံပါသော အသံများနဲ့ ထွက်လာပါတော့သည်။
“ငါ မကောင်း တာပါ ငါကို ခွင့်မလွတ် ပါနဲ့ သူငယ်ချင်း သာကျော်မောင် ရယ်”
သီဟမိုး သိပ်မကွဲ ပဲကြားနေရ၍ သုတစံ အနားသို့ တိုးသွားလိုက်သည်။
“မင်း ခုဏ ကဘာပြောလိုက်တယ်”
“ဟုတ်တယ် ငါသာကျော်မောင် လက်ကျိုးအောင် လုပ်လိုက်တာ”
“ဘာ....”
သီဟမိုး ဒေါသထွက် ကာ သုတစံ မျက်နာ အား ထိုး ချလိုက်တော့သည်။
သုတစံ မြေပေါ် နောက်ပြန်လဲ ကျသွားတော့သည်။ သုတစံ နှားခေါင်း ကို အသာပွတ်
လိုက်တော့ သွေးများထွက်လာတော့သည်။ သုတစံ တစ်ချက်ပြုံးလိုက်ပါသည်။
“မင်းကျေနပ်တယ်မဟုတ်လား သီဟမိုး”
“ဘာကိုကျေနပ်ရမှာလဲ”
“မင်းအတွက် ငါလမ်းရှင်းပေးလိုက်တာလေ”
“အဲဒါ ဘာအဓိပ္မါယ်နဲ့ မင်းပြောတာလဲ”
“မင်း အဆင့်တစ်ကို ရောက်အောင် လေ ခုတော့ငါနဲ့ မင်းပဲပြိုင်ရတော့မယ်”
“ဟေ့ ကောင် မင်းရူးနေလာ သုတစံ မင်းရူးနေလာ”
“ဟား ဟား ဟား ငါမရူးဘူး ”
သုတစံ ရီ ရင်ဖြစ် မျက်ရည်များ ကျကာ အားပါးတရငိုပါလေတော့သည်။
သုတစံ ငိုလို့ အားရမှ သီဟမိုး အားမကြည့်ပဲ မြေကြီး ကိုစိုက်ကြည့် ကာ
“မင်း သိလား မင်း ရယ် ငါ ရယ် သာကျော်မောင် ရယ် သုံးယောက်မှာ ဘယ်သူအတော်
ဆုံးလဲ ဆိုတာလေ”
သီဟမိုး ပြန်မဖြေပါ သုတစံ ကိုနားမလည် နိုင် စွာကြည့်နေသည်။
“ငါနေ လာတဲ့တစ်လျောက်မှာ ငါကသာကျော်မောင် ကို ပြိုင်နေသလောက်
သာကျော်မောင် ကငါကို ပြိုင်ဘက် တစ်ယောက်လို ဘယ်တော့မှ မတွေးခဲ့ဘူး ....ပြီးခဲ့တဲ့
လစမ်းပိုင်း ကပဲကြည့် လေ ငါနဲ့ မင်းကတော့ စိတ်တွေလှုပ်ရှားပြီး သူ့ ကိုပြိုင်နေတာ
သူကငါတို့ ကိုသူငယ်ချင်း အတန်းဖော် လိုပဲသဘောထားခဲ့တာ”
“ဟေ့ ကောင် ငါမင်းလို  ဘယ်တော့မှ သာကျော်မောင် အပေါ်အဲလိုမတွေးဖူဘူး”
“မညာပါနဲ့ သီဟမိုး ရာ မင်းသာကျော်မောင် ကို အဲလိုမျိုး သဘောမထား ရင်
သာကျော်မောင်လိုနေခဲ့ရမှာ မင်း ကမနေပဲ သာကျော်မောင် ရဲ့အမှတ်စားရင်း
ကိုသိချင်နေတာကတော့ မင်းလဲ ငါလိုပဲလေ ငါသိတာပေါ့”
“မင်းလျှောက်ပြောမနေနဲ့”
“ငါလဲ မင်း ကို လေ ငါ့လို နောင် မှတတဲ့ နောင် တမျိုးမဖြစ်စေချင်လို့ ပြောပြမလို့ ပါ”
သီဟမိုး မျက်မှောင်ကြုတ်ကား သုတစံကို နားမလည် နိုင်စွာကြည့်နေသည်။
“ငါ ဒီနေ့ သာကျော်မောင် လက်ကျိုးအောင် လုပ်လိုက်တယ် ဒါပေမယ့် ငါပျော်နေ တယ်
ထင်လား မပျော်ဘူးကွ ငါ့ကြောင့် ဖြူစင်တဲ့ ငါသူငယ်ချင်းလေး လက်ထိသွားပြီး”
“ဘယ်လို”
“ဟုတ်တယ် ငါလုပ်လိုက်တာ ငါ သူ့ အပေါ်ကို ခုံကိုတွန်းချလိုက်တာ ငါတွန်းချ တာကိုလဲ
သူမြင် တယ် ဒါပေမယ့် ငါလုပ်တယ် လို့ တော့မပြောဘူး မင်းလဲသူ့ ဆီကငါလုပ် တယ်
လို့  ပြောလို့လာတာမဟုတ်ဘူး ဆိုတာကို သိနေတယ် ငါကိုယ်ငါလဲ ခွင့်မလွတ်ဘူး ငါဟာ
တော်တော်မိုက် တဲ့ကောင် ပဲ ငါပညာတတ် ခဲ့လဲ ဘာမှမသိတတ်တဲ့လူပဲ ဖြစ်မှာ”
သီဟမိုး စိတ်ကိုမထိမ်းနိုင်တော့ပဲ သုတစံ၏ ကော်လံကို ဆွဲပြီးထိုးရန်ပြင် လိုက်တော့
သည်။
“ထိုးပါ ထိုးပါ ငါကမကောင်းတဲ့သူပဲ ငါ့ကို ထိုးလိုက်ပါကွာ”
သီဟမိုး လက်ကိုရုတ်လိုက်ပြီး စောင့်လွှတ်လိုက်ကာ
“ငါထိုးလိုက်ရင် မင်းခုပဲနာတာပဲရှိမယ် ဒါလေနဲ့ မင်းရဲ့အပြစ် ကိုပေး ရတာ မတန်ဘူး
.မင်းရဲ့ နှလုံးသား ကို ရိုက်တာကမှ မင်းနာလို့ တသက်လုံး ဒီလိုဖြစ်သွားမယ် မင်းကို
သာကျော်မောင် ရဲ့ ခွင့်လွတ်တယ် ဆိုတဲ့ အကြည့်နဲ့ မင်း နောင် တ တသက်လုံး ရစေ
ရမယ်”
သီဟမိုး ချာခနဲလှည့်ထွက် လိုက်တော့သည်။ ရင်ထဲကနေ ပြင်းပြင်းထန်ထန်   ဒေါသ
 များကိုလေထဲသို့ လွင့်လိုက်တော့သည်။
“တောက်....”
       ကြည့်စမ်း ငါကတော့ ငါသူငယ်ချင်း အပေါ်မှာတစ်ခါတစ်ရံ မကောင်းစိတ်
      နဲ့ ကြည့်မိသေးတယ် သူငယ်ချင်းရာ မင်းကတော့ အားလုံးအပေါ်သဘော
     ထားပြည့်စွာ ကြည့်နေပေးခဲ့ ပင်မယ့် မင်း အပေါ်ကိုတော့ မကောင်းချင်ကြ
     ဘူး။ ခုလဲ ကြည့်အုံး မင်းရဲ့ဘ၀ အတွက် တစ်နှစ်လုံးစာ ကုန်ဆုံးပြီး ဒို့ တွေ ရဲ့
    မှတ် တိုင် လို့ ပြောလို့ ရတဲ့ ဘ၀ ရဲ့ အမှတ်လှေကထစ် ကို တစ်ယောက်က
    တော့ရိုက် ချိုးလိုက်ပြီး ငါလဲ မင်းအပေါ်မှာ မင်းလောက် မကောင်းခဲ့ဘူး
     ငါ့ကိုကျောပိုး ပြီး မောပန်ကြီးစွာ တက်ခဲ့တဲ့ တောင် ကြီး ကသက်သေပဲမဟုတ်
    လား၊ ငါ့ မင်း ကို အဲလိုတောင် လုပ်ပေးနိုင်ပါ့မလားကွာ။ တော်ပြီး ဒီစာမေးပွဲတော့
    မင်းမဖြေ နိုင်သလို ငါလဲဝင်မဖြေတော့ဘူး။ ငါမင်းနဲ့ ပဲနောက်နှစ်မှဝင်ဖြေတော့
   မယ်။ ငါကိုလဲ ခွင့်လွတ်ပါကွာ ငါမင်းကို ဘယ်တော့မှ ခွဲမသွားဘူး အမြဲတမ်း သူ
   ငါတို့ သူငယ်ချင်း တွေ တိုက်ပွဲ အတူတူဝင် မယ်လို့ မင်းကိုဂတိပေးတယ် သူငယ်
   ချင်းရာ
သီဟမိုး မျက်ရည်ကိုကြမ်းတမ်းစွာသုတ် ပစ်လိုက်ပြီး ခြေလှမ်းများက သာကျော်မောင်
ရှိတဲ့ ဆေးရုံးဆီသို့ 
ဆက်ရန်
jinjar 
No comments:
Post a Comment
အချစ်တစ်ခု ပြယုဂ်တစ်ခု
“......................”  သားကြီးဆီမှ ကြားလိုက်ရသော နာမည်ကြောင့် ကျွန်မတစ်ကိုယ်လုံး တောင့်ခဲ သွားသည်။အဆုံးမရှိသောတွင်းနက်ကြီးထဲသို့ ပြုတ်ကျ...