Thursday, August 21, 2014

နှောင် ကြိုး .. ၎

“မင်းကိုယ်ကြီးကလည်း လေးလိုက်တာ”
“ဒါကြောင့်မို့ ပြောတာ ငါ့ဟာ ငါလျှောက်ပါ့မယ် ငါ့ကိုအောက်ချပေး”
“မင်းခန္ဒာကိုယ် လောက်တော့အပျော့ပါ ယောက်ျားကောင်း မောင်မတစ်ထောင်တဲ့”
“ဘာမှလည်း မဆိုင်ဘူး အဲဒါက ယောက်ျားက မိန်းမယူတာကိုပြောတာ”
“ဟုတ်လို့ လား ယောက်ျားက လုပ်ကျွေးတာကိုပြောတာမဟုတ်ဘူးလား”
“အင်း ဟိုကလုပ်ကျွေးတာ မင်းကကျောပိုးတာ ဘာမှလည်းမဆိုင်ဘူး”
“ဒါဆို မင်း ကငါ့မိန်းမပေါ့ ခုတော့”
“ခွေးကောင်”
သီဟမိုး ပြောပြောဆိုဆိုနဲ့ သာကျော်မောင် ဂုတ်ကို အပေါ်ကနေပြီးကိုက်ပစ်လိုက်သည်။
မည်သည့်တစ်စိမ်းတစ်ဦး နှင့်မှအတွေ့ ကြုံမရှိသော သာကျော်မောင် ပထမဦးဆုံး အထိ
အတွေ့ ကြောင့် အ ကြောများထောင်ကာ ထိန်းမနိုင် ဖြစ်သွားကာ ကိုယ်ဟန်ချက် လွဲ
သွား ပြီး ရှေ့ သို့ မှောက်ရက်လဲ ကြသွားတော့ သည်။
“အား ”
” အ အား သေပြီးဟ”
“ဘယ်လို ဖြစ်သွားသေးလဲ”
“မင်း ကောဘာဖြစ်သေးလဲ”
“ငါကရတယ် မင်းခြေထောက် ထိသွားသေးလား”
“မထိပါဘူး ဒါနဲ့ ဘယ်လိုဖြစ်သွားတာလဲ မင်းက”
“အဟီး...မင်းကလာကိုက်တာ ငါကမနေနိုင်လို့ ”
“ဘာမနေနိုင်တာလဲ”
“ယားတာကိုပြောတာပါ”
ရှက်ရှက်နဲ့ သာကျော်မောင် လဲကျနေရာမှကုန်းထ ပြီး လွင့်ကျသွားတဲ့ တစ်ချို့  ပစ္စည်း
များကို လိုက်ကောက်သည်။ တော်သေးသည် သီဟမိုးကိုကျောပိုးတုန်းက ကျောပိုးအိတ်
ကို ရှေ့ ဘက်လွယ်ထားသောကြောင့် ရင်ဘက်တွေမှာ ဘာမှမဖြစ် ပဲ ကံကောင်း သွား
သည်။
“လာ”
သာကျော်မောင် ရှေ့ က ငုတ်တုတ်ထိုင်ပြီး သီဟမိုးကို ကျော်ပေါ်တက်ရန် အသင့်ထား
လိုက်သည်။
“နေပါစေတော့ မတက်တော့ဘူး”
“ဘာဖြစ်ရပြန်တာလဲ နောက်ကျနေမယ် ညနေဘက်မှရောက် ရင်အားလုံး စိုးရီမ်နေ
ကြမယ် တက်”
သီဟမိုးလည်း သာကျော်မောင် ကျောပေါ်ပြန်တက် လိုက်တော့သည်။ အတန် ကြာ ခရီး
ဆက်ကြတော့ သီဟမိုးရဲ့ နှာဝ ကထွက်တဲ့ လေက သာကျော်မောင် ရဲ့ ဂုတ်သားပေါ်မှာ
ဝဲပျံနေတော့သည်။
“သီဟမိုး”
“ဟင် မောပြီးလား”
“မမောဘူး မင်းရဲ့ခေါင်းကို နည်းနည်း လေစောင်းထားပါလား”
မမောဘူး ပြောပေမယ့် ရင်ထဲမှာမော ဟိုက်သံကြီး ကထွက်နေတော့သည်။
“ဘာဖြစ်လို့ လဲ”
“ပြောတဲ့အတိုင်းပဲ လုပ်ပါကွာ”
“အင်း မင်းမောနေရင်လည်း ငါဆင်းလျှောက်မယ်လေ”
“မဟုတ်ပါဘူး မင်းကလဲ စကားကိုများတယ်”
“ငါ အားနာလို့ ပါ”
သာကျော် မောင်ဘာမှပြောမနေတော့ပါ။ နောက်ဆုံးတော့ စခန်းချ တဲ့ တော ရဘုန်းကြီး
ကျောင်းထဲသို့ရောက်ခဲ့တော့သည်။
အမွှာ၂ကောင် လည်း သာကျော်မောင် တို့ ကိုမတွေ့ သဖြင့် ပြာယာခက်နေတော့သည်။
“ဆရာ”
”အင်း ပြော”
“သာကျော်မောင် နဲ့ သီဟမိုး မရောက်သေးဘူး”
“သူတို့ ၂ယောက်ရှေ့ ကတက်သွားတာလေ သုတစံပြောတယ်”
“ဟုတ်ကဲ့”
ဒါနဲ့ ပဲ အမွှာ၂ကောင် သုတစံ ဆီထွက်လာခဲ့ကြသည်။
“သုတစံ”
“အင်း ပြော”
“သာကျော်မောင် တို့ ရှေ့ ကတက်သွားတယ်ဆို”
“ငါဘယ်သိမလဲ ဒီကောင်ကိုလိုက်ကြည့်နေတာမှ မဟုတ်တာ”
“ဆရာ ကပြောတော့ မင်း ပဲတွေ့ လိုက်တယ်ဆို”
သုတစံ အကြပ်ရိုက်သွား သည်။ သူတွေ့ ပါသည် သာကျော်မောင် နဲ့ သီဟမိုး လမ်းမှား
တက် သွားတာကို အမြင်ကပ်၍ မပြောတာပါ။  လှမ်းခေါ်လျှင် ရရဲ့သားနဲ့ သူမခေါ်ခဲ့ပါ။
ဒါကလည်း တင်္ဂက ဖြစ်ပေါ်သွားသော သုတစံ ရဲ့မကောင်း စိတ်ပါ။ ထိုကြောင့်လည်း
သူစိတ်မလုံခြုံ၊ စိတ်လည်းမကောင်းဖြစ်ရသည်။
”ငါလဲ အထင်နဲ့ ပြောလိုက်တာ ဒီကောင်တွေက မြန်မြန်တက်သွားတာကိုး”
ခင်မောင်ဌေး စိတ်ညစ်ညစ်နဲ့ ဘုန်းကြီးကျောင်း အ၀င်ကိုလှမ်းကြည့်လိုက်တော့။
“ဟာ ဟိုမှာ သာကျော်မောင်”
အမွှာ၂ကောင် သာကျော်မောင် တို့ ဆီကို ဂတိုက်ကရိုက်ပြေးသွားလိုက်တော့ သည်။
“ဘယ်လိုဖြစ်လာကြတာလဲ”
“ဘာဖြစ်လို့လဲ သီဟမိုးက”
“ဟောဟဲ ဟောဟဲ”
“ဖြေးဖြေး မေးကြပါကွာ”
“မင်းခြေထောက်မှာလည်း ပတ်တီးကြီးနဲ့ ပါလား”
အားလုံးလည်းပြာပြာသလဲဖြစ်ကာ ဆေးလူးပေးကြ  ရေတိုက်ကြနဲ့ အားလုံးအလုပ်ရှုပ်ကုန်
ကြတော့သည်။ မိန်းခလေးများကတော့ ကိုသီဟမိုး ကိုသီဟမိုး နဲ့ အနားမှာ ၀ိုင်းနေ ကြ
တော့ သည်။ သီဟမိုး ကပတ်တီးကြီးနဲ့ အများအမြင် မှာဒဏ်ရာ ဒဏ်ချက်တွေ ဖြင့်
 လူတွေ မြင်ကြပြီး တစ်လမ်းလုံး ကျောပိုးလာသော် သာကျော်မောင် ကို တော့မေ့နေ ကြ
တော့သည်။သာကျော်မောင် လည်း တစ်ယောက်တည်း ထလာပြီး သရက်ပင် အောက်
က ကွင့်ပစ်ကြီးအောက်မှာ ပလက်လှန် ရင် အမောဖြေနေတော့သည်။ သာကျော်မောင်
အမော ပြေလောက်တဲ့အချိန်မှာ ဆရာကျော်သောင်း အနားကပ် လာသည်။
သာကျော်မောင် ထထိုင်လိုက်သည်။
“အမောပြေပြီးလား သာကျော်မောင်”
”ဗျာ ဟုတ်ကဲ့ ဆရာ”
“မင်း ကိုတော့ဆရာချီကျူးတယ်ကွာ တစ်လမ်းလုံးကျောပိုးလာတဲ့မင်းရဲ့ အားတွေကို”
“မဟုတ်တာ ဆရာ ရယ် ကျနော်လည်းတက်နိုင်သလောက်လုပ်တာပါ”
“တော်ရုံလူမလုပ်တဲ့ အရာကို ဆရာတပည့် ကပြလိုက်တာပါ”
“ကျေးဇူးတင်ပါတယ် ဆရာ”
ညနေခင်းရောက်တော့ ဆရာတော်ကျောင်းမှာ ကျောင်းသား/သူ များရဲ့လုပ်အားဒါန
များ ဖြင့်ကူညီကာ ၀ိုင်းဝန် ပြုလုပ်ကြတော့သည်။ သီဟမိုး လည်းကောင်းကောင်း
ပင်လမ်းလျှောက်နိုင်နေပြီး။ညမှောင်တော့မှ သူတို့ အားလုံးနားလိုက်ကြပြီး မီးပုံဝိုင်း
ဖွဲ့ ကာလက်ဘက်ရည်တည် ၍အားလုံးသောက်ကြနေကြသည်။ ကျောင်းသား/သူ
အယောက် ၃၀ကျော် မှာလည်း သူ့ အုပ်စု နှင့်သူထိုင် ကာနေကြသည်။ သာကျော်မောင်
 နဲ့ ခင်မောင်ဌေး ကတော့ခပ်လှမ်းလှမ်း မှာထိုင်ကာ စကားပြောနေကြပါသည်။
“သာကျော်မောင်”
“အင်း”
“မင်း သီဟမိုးကို ဒီလောက်မုန်းနေတာ သူ့ ကိုကျောပိုးပြီးခေါ်လာတာကို ငါနား မလည်
ဘူး”
သာကျော်မောင် တစ်ချက်ပြုံးလိုက်ပါသည်။
“သီဟမိုး တင်မဟုတ်ပါဘူး တစ်ခြားလူပဲ တစ်ယောက်ယောက်ဖြစ်နေပါစေ ငါဒီအ တိုင်
 ထား ပြီးကိုယ်လွတ်မရုန်းချင်ပါဘူး မင်းငါနဲ့ ပေါင်းနေတာ ငယ်ငယ်ကတည်း ကမင်း နား
မ လည်ဘူး ဆိုတာတော့ ငါဝမ်းနည်းတယ်”
“အဲဒီလိုလည်း မဟုတ်ပါဘူး ငါမင်းအကြောင်းကိုကောင်းကောင်း ကြီးသိတာပဲ”
“ဒါနဲ့ များ ကွာ”
“မင်းက သူ့ အပေါ်မှာ အမုန်းတွေနဲ့ လေ”
“ငါရင်ထဲမှာ မုန်းသူ ရန်သူ မရှိပါဘူး လူသားချင်စာနာတဲ့စိတ်ပဲရှိတာပါ”
ခင်မောင်ဌေး သာကျော်မောင် ကို ငေးကြည့်နေသည်။ သာကျော်မောင် ကတော့
ကောင်း ကင်းကြီးကိုမော့ကြည့်နေပါသည်။
“မင်း ကိုငါအဲဒါတွေ ကြောင့်ချစ်ရတာ မင်းကသူငယ်ချင်းကောင်း စိတ်အများ ကြီး ရှိ
တယ်”
“ကျေးဇူးပါကွာ”
“ဒါတွေမလိုပါဘူး”
ထိုအချိန်မှာ သီဟမိုး လက်ဘက်ရည် ခွက် ၂ခွက်ဖြင့်ရောက်လာသည်။
“ရော့”
သာကျော်မောင် ကိုတစ်ခွက် ကမ်းပေးသည်။
“ကျေးဇူးပဲ ဘယ်လိုလည်း ခြေထောက်က သက်သာသွားပြီးလား”
“အင်း သက်သာသွားပါပြီး”
သာကျော်မောင် ပြုံးပြလိုက်သည်။ နောက် ၃ယောက်သား တိတ်စိတ် စွာ  ကောင်း ကင်း
ကြီးကိုမော့ကြည့်နေကြတော့သည်။
“ကျေးဇူးပဲ သာကျော်မောင်”
တိတ်စိတ်မှု့ကို စတင်ဖြိုးခွင်းလိုက်တာက သီဟမိုး
“ဟင်..အော် ရပါတယ်”
“မင်းသာ ငါ့ကို ကျောပိုး မလာဘူးဆိုရင် ငါတို့ ၂ယောက် ဒီအချိန်ထိ ဒီနေရာ ကို ရောက်
နို င်မှာမဟုတ်လောက်ဘူး”
“ဒီအချိန်ထိ မရောက်ရင် လဲဒို့ တွေရဲ့ အဖွဲ့ သားတွေက စိတ်ပူပြီးလိုက်ရှား ကြမှာပဲလေ”
“အင်း ဟုတ်တယ် ငါတို့ တောင် မင်းတို့ ကိုမတွေ့ လို့ မေးနေကြရင် လူစစ်နေကြတာ”
ခင်မောင်ဌေး ၀င်ထောက်သည်။
“အင်း ငါမှားတာရှိရင် ခွင့်လွတ်ကွာ နော်”
“မင်းတင်မှားတာ မဟုတ်ပဲ ငါလည်း အတူတူပါပဲ လက်ခုပ်ဆိုတာ တစ်ဖက်တည်းတီးလို့ အသံ
ထွက်တာမှ မဟုတ်တာပဲ ငါလည်းတောင်ပန် ပါတယ်”
“ကျေးဇူးပါပဲ သူငယ်ချင်းရယ်”
ရင်ထဲမှာ ကြည်နူးမှု့လှိုင် လေးတွေသူတို့ ရဲ့ ရင်ထဲမှာစီး ဆင်း နေတော့ သည်။
 ကျောင်းသားလူငယ်တွေရဲ့ ရင် ထဲမှာ တာ့ ပါ့ပါးလွတ်လပ် မူ့ တွေ၊ ကူညီရိုင်းပင်းမှု့တွေ ၊
တက်ညီလက်ညီ ရှိမှု့တွေကိုကြည့်ပြီး ဆရာ/မ တွေလည်း  ၀မ်းမြောက် မိသည်။
ပိတိတွေဝေကာ လှပနေသည်။ဒီလို ညမျိုးလေးတွေ လှပမှု့ တွေအမြဲဝေချင် သား
သူငယ်ချင်းတို့ ရယ်။ခင်မောင်အေး ကတော့ကောင်းမလေးတွေ ကြားထဲ မှာ ရှုပ်ယှက်
ခတ် ၍ပြာယာခတ်နေသည်။ဖြူဖြူဝင်း ကလည်း ဆေးဗူးလေ ကိုင်ကာ သီဟမိုးကို
လူအုပ်ကြားထဲရှာနေသလို၊ နွဲ့ နှောင်းကလည်း ငယ်သူငယ်ချင်းလူဆိုးလေး
သာကျော်မောင်  ကိုလက်ဘက်ရည်ခွက်ဖြစ် တောင်ကြည့်မြောက်ကြည့်
လူအုပ်ကြားထဲ မသိမသာ ရှာနေသည်။

ဆက်ရန်
jinjar

No comments:

Post a Comment

အချစ်တစ်ခု ပြယုဂ်တစ်ခု

“......................”  သားကြီးဆီမှ ကြားလိုက်ရသော နာမည်ကြောင့် ကျွန်မတစ်ကိုယ်လုံး တောင့်ခဲ သွားသည်။အဆုံးမရှိသောတွင်းနက်ကြီးထဲသို့ ပြုတ်ကျ...