Thursday, August 7, 2014

ဂေးဖြိုနည်း ... အခန်း (၂)

၂။
ချစ်သူနောက်က ထပ်ကြပ်မကွာ ...

နောက်တစ်နေ့ သူ့သူငယ်ချင်းတွေဆီက သူ့ gmail  ကို မရရအောင် တောင်းရပါတယ် ... ။ အောက်တော့လည်း အောက်တာပေါ့နော် ... ။ ဒါပေမယ့် သူနဲ့ သူငယ်ချင်းဖြစ်ဖို့ဆိုတာ သည်နည်းက အလွယ်ဆုံးလေ ... ။ လွယ်ဆို သူ့ကို ကြည့်လိုက်ရင် အချိန်ပြည့် အင်တာနက်ဆိုင်မှာချည်း ... ။ နောက်ဆုံးတော့လည်း ခပ်အောက်အောက်နဲ့ပဲ သူ့ gmail ရလိုက်ပါရဲ့ ... ။
အဲ့သည့်နေ့ပဲ add ပြီးပြီးချင်း သူ့ကို online မှာ တွေ့တော့ ပျော်လိုက်တာလေ ... ။ ကျွန်မကပဲ စပြီး hi လုပ်မိပါတယ် ... ။ သူက asl ပြန်မေးပါတယ် ... ။ ကျွန်မလည်း မလိမ်ပါဘူး ... 20 , f , ygn လို့ ပြန်ဖြေလိုက်တာပေါ့နော် ... ။ ထူးတော့ ထူးဆန်းသား ... ။ female ဆိုတာနဲ့ ပြန်ကို မချက်တော့ဘူး ... ။ ကျွန်မလည်း ကျွန်မနာမည် ၀ါခြည်ထွေးပါလို့ မိတ်ဆက်ရတယ် ... ။ သူ မှတ်မိပုံ မပေါ်ပြန်ဘူး ... ။ ဒါနဲ့ပဲ ဟိုတစ်နေ့က တင်တုဝယ်ရင် ရှင်အကူအညီ ပေးမယ် ပြောထားတာ မှတ်မိသေးရဲ့လားမေးတော့မှ သြော် ... ဆိုပြီး သူ့ဘက်က စမိုင်းလ်လေး တစ်ခု ပြန်ပို့ပါတယ် ... ။
သူ့မှာ ကျွန်မနဲ့ ချက်ဖို့ မအားဘူး ထင်ပါ့ ... ။ ဘယ်ဟာတွေနဲ့ ကြူနေသလဲကို မသိတာ ... ။ ရုတ်တရက် သူ့ဘက်က စာတစ်ကြောင်း ၀င်လာပါတယ် ... ။ နက်ဖြန် ကလပ်သွားမယ်လေ တဲ့ ... ။ ဟယ် ... ကျွန်မ ၀မ်းသာလိုက်တာ ... သူ ကျွန်မကို ကလပ်သွားဖို့ ခေါ်တယ်ပေါ့ ... ။ ကျွန်မလည်း ဟန်မဆောင်တော့ပါဘူး ... ဘယ်တော့ သွားမှာလဲလို့ မေးလိုက်တယ်ပေါ့နော် ... ။ အဲ့တော့မှ သူက ပြန်ပြောတယ် ... box မှားပြီးရိုက်မိတာတဲ့ ... ။ အိုး ... ၀ါခြည်ထွေးတို့လည်း ဘယ်ရမလဲ ... လိုက်မယ်ဆို လိုက်မယ်ပဲလေ ... ။ ၀ါပါ လိုက်ချင်တယ်ပေါ့နော် ... သွားဖို့ သူငယ်ချင်း အဖေါ် မရှိလို့ပါပေါ့ ... ။
သူက မလိုက်စေချင်ဘူးတဲ့ ... ။ သူ့အချစ်ဆုံး အစ်ကိုလည်း ပါမယ်တဲ့ ... ပြီးတော့ ဟိုမိုတွေချည်း များမယ်တဲ့ ... ။ အိုး ... သူရှိနေမှတော့ ကျွန်မ ဘာကို ကြောက်ရမလဲနော် ... ။ မရမကဘဲ လိုက်မယ် ပြောလိုက်တော့ သူလည်း စိတ်လျှော့သွားပုံရပါတယ် ... ။ လိုက်လေတဲ့ ... ။ အိုး ... ၀ါခြည်ထွေးတော့ ကံကောင်းပြီ ထင်ပါရဲ့ ... ။ ဟူး ... သူ့ကို ယောက်ျားစိတ်ပေါက်အောင် လုပ်ဖို့က ၀ါခြည့် တာဝန်သာထား ... ။ ယောက်ျားစိတ်ပေါက်တော့မှ ၀ါခြည့်ကို ကျေးဇူးဆပ်ဖို့ မမေ့နဲ့ပေါ့ ... ဟင်းဟင်း ... ။
ဝါခြည်ဆိုတာကလည်း အဲ့သည့်နေ့ ကလပ်သွားဖို့ကို စိတ်စောပြီးတော့ ကလပ်ရှေ့ကို အစောကြီး ရောက်နေတာပါ ... ။ ခဏနေတော့ သူရောက်လာတယ် ... တစ်ယောက်တည်းပါ ... သူ့ သူငယ်ချင်းတွေ မလာသေးဘူးတဲ့ ... ။ ဒါနဲ့ ၀ါလည်း သူနဲ့ ကြူကြူတွေရိုက်သည်ပေါ့နော် ... ။ အဲ ... သူက ၀ါ့ရင်ဘက်က ဖန်စီကြိုးလေးကို စူးစိုက်ကြည့်နေလေရဲ့ ... ။  ဧကန္တတော့ ၀ါနဲ့ ဆွဲကြိုးနဲ့ သိပ်လှလို့ထင်ပါ့ ... ။ ဟုတ်တယ်လေ ... မိဝါ ရင်ဘက်က ဖြူနေရောဆိုတော့ ... ။
ဆွဲကြိုးလေးက အရမ်းလှတာပဲနော် ... ။
သြော် ... ဟုတ်လား ... ဒါဆို ၀ါ သည်ကြိုးလေး အမြဲ ဆွဲမယ်လေ ... ။
ဘယ်မှာဝယ်တာလဲဟင် ... ။
သြော် ပလာဇာကပါ ... မိန်းကလေး ဖန်စီလေးတွေ ရောင်းတဲ့ဆိုင်မှာ ... ။
ဟယ် ... တို့လည်း သွားဝယ်ဦးမယ် အဲ့ဒါလေးနဲ့ဆို ပိုလှမှာ ... ။
သေပါတော့ မိဝါရယ် ... ။ အဲ့ဒါတော့ မဖြစ်ဘူးထင်တယ် ... အဲ့ဒါ မိန်းကလေး သုံးပစ္စည်းလေ ... သုတရဲ့ ... ။
ဒါဖြင့်လည်း ၀ါခြည်ပဲ ၀ယ်လာခဲ့ပေးလေ ... ပိုက်ဆံပြန်ပေးပါ့မယ် ... ။
အိုး ... မလိုပါဘူး ... လမ်းကြုံရင် ၀ယ်ခဲ့ပေးမယ်နော် ... ။


ခဏနေတော့ ကိုကို ရောက်လာပါတယ် ... ။ ဟာ ... ကိုကိုရောက်ပြီလား ... ။
အင်း ... ဟိုမှာ သူငယ်ချင်းတွေပါပါလာတယ် ... ။
ကျွန်တော် လှမ်းကြည့်တော့ အများကြီးပါ ... ။ တချို့က ပုန်းယုံတင်လေး ... တစ်ချို့ကတော့ ပွင့်ယုံတင်လေးပါ ... ။ အဲ့ ကျွန်တော်ကတော့ မပုန်းမပွင့်လေးပေါ့နော် ... ဟီး ... ။ ကျွန်တော်တို့ အုပ်စုထဲမှာ စပေါ်နှစ်ယောက်တော့ ပါပါတယ် ... ။ ဒါပေမယ့် သူတို့ နှစ်ယောက်လုံးက ဘဲဆို လုံးဝ စိတ်မ၀င်စားတဲ့ မိန်းမလုံးလေးတွေပေါ့နော် ... ။ အိုး ... ကျားကျားလျားလျား ရှိလိုက်တာများ ကျွန်တော်တို့တောင်ရှုံးတယ် ... ။
ဥမ္မာဆိုတဲ့ ယောက်ျားလျာက ၀ါခြည့်ကို ကြည့်ပြီး ကြိုက်သွားပုံပါပဲ ... ။
တို့နာမည် ဥမ္မာပါ ... ဒါပေမယ့် နာမည် အပြည့်အစုံ ခေါ်စရာ မလိုပါဘူး ... အရှေ့တစ်လုံးပဲ ခေါ်ရင် ရပါတယ် ... ။
ဟို အရှေ့တစ်လုံးပဲဆိုတော့ ဥမ်လို့ ခေါ်ရမယ်ပေါ့နော် ... ။
ဥမ်လို့ခေါ်ရအောင် ကိုယ်က အထက်လမ်းဆရာမဟုတ်ဘူးလေ ၀ါရယ် ... ဥလို့ ခေါ်ရင် ရပါပြီ ... ။
ဝါခြည်ထွေးတော့ ထိပြီ ... ။ ကျွန်တော် ကြိတ်ပြီး ရယ်နေလိုက်ပါတယ် ... ။ သည်စပေါ် ကပ်ချင်ဦးဟဲ့ ... ။ သည်တစ်ခါတော့ လန်ပြေးလောက်ပါရဲ့ ... ။
ကလပ်ထဲမှာ ကတော့ ၀ါခြည်က ကျွန်တော့် ဘေးမှာပဲ တစ်ချိန်လုံး ကပ်နေတာပါ ... ။ ကျွန်တော်လည်း ဘယ်လိုမှကို ရှောင်လို့ မရတာပါ ... ။ ဒါနဲ့ ကိုကို့ကို ပွတ်စဘား ဆွဲပြီး ကတာပေါ့နော် ... ။ အဲ့သည့် စပေါ်ကိ ဆိုတာလည်း ဘယ်လိုမှကို နှင်လို့ မရတာပါ ... ။ ကျွန်တော်နဲ့ ကိုကိုကြားထဲကို ၀င်လာပြီးတော့ကို ကတာပါ ... ။ ကျွန်တော်လည်း ခြေထောက်လေးကို မသိမသာ တက်နင်းပေးလိုက်ပါတယ် ... ။ အဲ့ ... ဒါတောင် အကမပျက်ဘူး ... ။ တတ်လည်း တတ်နိုင်ပါပေရဲ့ ... ။
ကိုကိုလည်း စိတ်ညစ်နေပုံရပါတယ် ... ။ အင်းလေ ... သည်စပေါ်က လာကို ကပ်လွန်းတာကိုး ... ။ ဒါပေမယ့် သူ ကြာကြာ ရှုပ်ချိန်မရလိုက်ပါဘူး ... ။ ဥက သူ့ကို လာဆွဲလို့ ပါသွားလိုက် ... ။ ဥ အိမ်သာ သွားပြီဆိုတာနဲ့ သည်ဘက်ပြန်လာလိုက် ... ။ ဥက ဆွဲလို့ ပါသွားလိုက် ... ။ ဥ ခဏ နားပြီဆိုတာနဲ့ ပြန်ရောက်လာလိုက်နဲ့ ... ။ ခက်တာက ဥက သိပ်အမော မခံနိုင်တော့ သိပ်အကြာကြီး မကနိုင်ဘူးလေ ... ။ ဒါနဲ့ပဲ ကျွန်တော်တို့ ဘက်ကို ၀ါခြည် ခဏခဏ ရောက်လာတယ် ဆိုပါတော့ ... ။
ကျွန်တော်လည်း မထူးတော့ပြီမို့ ကိုကိုနဲ့ တူတူ တိုင်ပေါ် တက်က လိုက်ပါတယ် ... ။ အိုး ... တိုင်ပေါ်တက်ကတော့လည်း ဘေးက ပါလာတာပဲ ... ။ သူ့ကို ဆွဲတင်ပေးပါတဲ့ ... လက်လှမ်းပေးတယ် ... ။ ကျွန်တော်လည်း မျက်လုံးမှိတ်ကပြီး မသိချင်ယောင်ဆောင်နေလိုက်ပါတယ် ... ။ အဲ ... ဘယ်သူ တင်ပေးလိုက်မှန်းတော့ မသိဘူး ... ။ ဘေးကို ရောက်လာတယ် ... ။ ဟွန်း စိတ်ညစ်တယ်နော် ... ။
ကျွန်တော်လည်း အစွမ်းကုန်ကို လှုပ်ပြီး ကတော့တာပဲ ... ။ သူ့ဘေးရန်ကို သူ ကြိုမြင်လို့ပဲလား မသိဘူး ... ။ သိပ်တော့ မကပ်ရဲတော့ပါဘူး ... ။ ဟုတ်တယ်လေ ... အဲ့လောက် လှုပ်နေတာ ... သူကပ်လာရင်တော့ သူ့ကို တစ်ချက်လောက်တော့ အုန်းကနဲ ကျွေးမိမှာပဲ ... ။
အဓိကကတော့ ဖင်ကို လှုပ်ကတာပါ ... ။ အဲ ... ဖင်ကို အသားပေးပြီး အောက်ချည်းပဲ လှုပ်တော့ သူပြန်ကပ်လာတယ် ... ။ အမလေး ... ငါ့ဖင်ကိုများ အထင်သေးလိုက်တာ ... လက်တွေ တံတောင်တွေ လှုပ်တုန်းက မလာရဲတဲ့ဟာက ဖင်လှုပ်တော့မှ ရောက်လာတယ်ဆိုတော့ ... ။ ငါ့အိုး ဘယ်လောက်တောင့်ကြောင်း ဒင်းသိသေးတာပေါ့ ... ။
ရှိသမျှ ဖင်အားနဲ့ သူ့ကို တိုက်ချပစ်လိုက်တာ ၀ါခြည်ထွေးခမျာ အောက်ကို ပြုတ်ကျရှာပါလေရော ... ။ သိပ်အမြင့်ကြီး မဟုတ်ပေမယ့် ခြေထောက် ခွင်ပြီးလဲသွားတဲ့အတွက် တော်တော်တော့ အီစိမ့်သွားပုံရပါတယ် ... ။ မှတ်ထားဟ ... သုတဆိုတာ အဲ့လောက် အားရှိတာ ... ဖင်ကိုပြောပါတယ် ... ။
အဲ ... လုပ်ပြီးမှ စိတ်တော့ မကောင်းဖြစ်သွားတယ်ပေါ့နော် ... ။ ဒါပေမယ့် အေးဆေးပါ ... ။ ချက်ခြင်းပဲ ဥက ရောက်လာပြီး ဆွဲထူပါတယ် ... ။ ပြီးတော့ ခုံကို ခေါ်သွားပြီး ဥဆိုတာလေ ... စကားတွေ ပြောနေလိုက်တာ ၀ါခြည်ထွေး တစ်ယောက် မျက်နှာကိုရှုံ့မဲ့လို့ ... ။ မျက်လုံးတွေကတော့ ကျွန်တော်တို့ ကတဲ့ဆီ ကြည့်နေလေရဲ့ ... ။ ဒါပေမယ့် ခြေထောက်တွေကတော့ မနည်းတောင် နိုင်အောင် ထောက်နေရတယ်လေ ... ။ အကြောလွဲသွားတယ်ဆိုပဲ ... ။ ဘာပဲ ဖြစ်ဖြစ် အဲ့နေ့က ကိုကိုနဲ့ ပျော်ပျော်ပြားပြားကြီးကို ကလိုက်နိုင်တာပါ ... ။

ကျွန်မ သည်နေ့ တော်တော်လေးကို စိတ်ကုန်သွားတာပါ ... ။ သည်ကတော့ ချစ်လိုက်ရတာ ... ။ သူကတော့ ဖင်အားကိုးနဲ့ အနိုင်ကျင့်တယ် ... ။ ရပါတယ် ... ။ ၀ါခြည်ထွေးဆိုတာကလည်း လွယ်လွယ်နဲ့ အလျှော့မပေးတတ်ပါဘူး ... ။ သည်တစ်ပွဲမရရင် နောက်တစ်ပွဲပေါ့ ... ။ ၀ါခြည့် မာယာ သဲကိုးတန်လောက်တော့ ရှိမှာပေါ့ ... ဟုတ်တယ်ဟုတ် ... ။ ဒါနဲ့ပဲ နောက်တစ်ပွဲ နွှဲဖို့ ၀ါခြည် အားမွေးလိုက်ရပါတော့တယ် ...

ဆက်ပါဦးမည် ... မင်းခန့်နိုင်

No comments:

Post a Comment

အချစ်တစ်ခု ပြယုဂ်တစ်ခု

“......................”  သားကြီးဆီမှ ကြားလိုက်ရသော နာမည်ကြောင့် ကျွန်မတစ်ကိုယ်လုံး တောင့်ခဲ သွားသည်။အဆုံးမရှိသောတွင်းနက်ကြီးထဲသို့ ပြုတ်ကျ...