Friday, August 1, 2014

ပန်းမဟုတ်သော ပန်းတစ်ပွင့်အကြောင်း(၄)

အခန်း(၇)
ဘာကြောင့်များ လူလူခြင်းကို လူလိုမတွေးကြပဲ ရွံစရာကောင်းသည့် အကြည့်များ အမူယာများကို ပြုမူနေကြသည်နည်း ဟုမေမေနှင့် ကိုကိုလေးကို သူမေးလိုက်ချင်သည်။ ညီညီငယ် ခံစားချက်များက နေ့စဉ်မှတ်တမ်း စာအုပ်လေးပေါ်ကျရောက်သွားတော့သည်။ ထိုစာအုပ်လေးသည် ညီညီငယ် ကိုတစ်ကိုယ်တည်း ခံစားစေသည့် အကြောင်းရာများ၊ စိတ်တွင်ဖြစ်ပေါ်လာသော ခံစားမှု့ဝေဒနာတွေကို စာအုပ်လေးက ဒဏ်ခံကာ ညစ်သမျှကို သည်းခံရှာလေသည်။
အိမ်၏အပြင်သို့လည်းမထွက်တော့ပဲ အိမ်တွင်းအောင်းကာ နေလိုက်သော ညီညီငယ်ကိုတော့ သားများနှင့် ပက်သက်လာလျှင် မှန်သည်ဟုသတ်မှတ်ထားလျှင် ဘယ်တော့မှ လက်မလျှော့ပဲ နေသည့်မေမေကတော့ ညီညီငယ်ကို လာ၍ပင်မကြည့်။
“ဒီအချိန်မှာ သူတို့ကိုလိုက်လျောပေးလိုက်ရင် နောင်တစ်ချိန်မှာလဲ ဒီလိုလုပ်ရင်ရတာပဲ ဆိုပြီး ဖြစ်လာလိမ့်မယ်၊ ပစ်ထားလိုက် ဘယ်တော့မှ မချော့နဲ့၊ မိဘရဲ့မေတ္တာစေတနာ ဆိုတာသူတို့တွေကြီးလာ မှသိလိမ့်မယ်”
ဖေဖေကတော့ အထိုက်လျောက် လိုက်လျောသည်။
“မင်းကလေးတွေကို အဲဒီလိုကြီးတော့မဆုံးမပါနဲ့၊ ကလေးတွေက ဆိုးနေတဲ့ကလေးတွေမှမဟုတ်တာ၊ ငါ့သားတွေအားလုံးက လိမ္မာတယ်၊ မင်းသာ…”
“အော် တော်က ကျုပ်ဆူတာကြတော့မြင်တယ်ပေါ့လေ၊ ဒီလောက်ဆူပူနေတာမှတော်ကာ ကျတယ်တော်ရေ၊ အဲ့ဒီလိုလိမ္မာတယ် လိမ္မာတယ် ဆိုတဲ့သား၊သမီးတွေက လုပ်သွားလိုက်ကြတာပဲလေ တစ်ခါတည်းပဲ၊ အပြတ်ကိုလုပ်သွားလိုက်ကြတာပဲ၊ ဒါမျိုးတွေမဖြစ်စေချင်လို့ ကြိုတင်လုပ်နေရတာတော့၊ ရှင်ကတော့ဘယ်နားလည်မလည်လဲ၊ ကျုပ်တို့လို မိန်မသားတွေက လင်အတွက်လည်းပူရ၊ သားတွေအတွက်လည်းပူရ၊ ဆွေးမျိုးတွေလည်းပူရ အပူသည်ကြီးတွေကိုဖြစ်လို့၊ ရှင်တို့တွေကတော့ ပိုက်ဆံရှာပြီးရင်တာဝန်ကျေပြီးလို့တွက်ထားကြတဲ့သူတွေလေ၊ ပိုက်ဆံလေး ဘုတ်ကနဲပေးလိုက်၊ ပြီးရင်ဘာဖြစ်ဖြစ်လှည့်တောင်မကြည့်တော့ဘူး၊ ဒါပဲလုပ်တတ်ကြတာလေ”
လက်မနှင့် ကော့ကာ ပါးစပ်အတွင်းသို့ ရေသောက်သလိုလုပ်ပြကာ အမူယာများကောင်းကောင်းဖြစ် မေမေကတော့ ဆူပူနေတော့သည်။ အိမ်မှာနေရသော အချိန်သည် သူ့အတွက် မပျော်တော့၊ အရင်လို လည်းပျော်ရွှင်လိုစိတ်မရှိတော့၊ အရင်ကဆိုရင် အိမ်တွင်သာနေချင်သော ညီညီငယ် အိမ်မှာနေတာ တစ်ပတ်ပင် မပြည့်သေး ခုကျောင်းကိုလွမ်းလှပြီး။
ကိုကိုလေးနှင့်သူသည် ကျောင်းတုန်းက အနေနီးသလောက် အိမ်ရောက်တော့ သူစိမ်းများသဖွယ် ဖြစ်နေကြတော့သည်။
အိမ်တွင်နေရသော ၇ ရက်ပြည့်ပြီးနောက်နေ့တွင်ကျောင်းသို့ပြန်သွားရတော့မည် ဖြစ်သဖြင့် ညီညီငယ် အ၀တ်များကို သိမ်းကာ နေပါသည်။
“သားငယ်”
“ဟုတ်ဒေါ်လေး ဘာခိုင်းစရာရှိလို့လဲ”
“သားငယ်မေမေ ခေါ်နေတယ် ဖုန်းလာလို့တဲ့”
“ဗျာ..သားဆီကိုဟုတ်လို့လာ ဒေါ်လေးရာ ဘယ်သူမှခေါ်မယ့်သူလဲ မရှိပါဘူး”
“သားငယ်မေမေနဲ့တော့ပြောနေကြတယ် သွားသွား ဟိုမှာစောင့်နေတယ်”
ညီညီငယ် အိမ်ရှေ့ခန်းရှိ ဖုန်းရှိရာသို့လှမ်းလာတော့ မေမေဖုန်းပြောနေသည်မှာ ရွင်းရွင်းဝေအောင် ပြောဆိုနေသည်။ ပျော်ရွှင်နေပုံလဲရသည်။
“ဟော သမီးသူငယ်ချင်းလာပြီး သူနဲ့ပြောလိုက်နော် သမီး”
“…..”
“အေးကွယ် အေးကွယ် နောက်လည်း မကြာမကြာဖုန်းဆက်နော် သမီး အေးကွယ်အေးကွယ်”
မေမေဖုန်းပြောပြီးနောက် သူလက်ထဲကို ဖုန်းထည့်က သူဘေးကထမသွားပဲ ကြည့်နေသည်။ သူလည်း ဖုန်းကိုကိုင်ကာ မေမေကိုကြည့်နေမိသည်။
“ဟဲ့ဘာကြောင်ကြည့်နေတာလဲ ဟိုဘက်ကသမီးလေးကို အားနာစရာဟယ် ပြောလိုက်လေ”
“ဟုတ်..ကဲ့မေမေ…..ဟ.ယ်လို”
“ညီငယ် အစုတ်ပလုတ် ငါ့ကိုတောင် ဖုန်းခေါ်ဘူး နင်ကတော့လေ တစ်ကယ်ပဲ”
“နှင်းဆီလာ”
“မဟုတ်ဘူးဟေ သူရဲမ သူရဲမ…တစ်ကယ်ပဲ နင်ကတော့လေ၊ ငါ့ကိုတောင်မမှတ်မိဘူးလာ”
“မှတ်မိပါတယ် နင်အသံကို ဒါပေမယ့်လေ ငါဆီကိုဖုန်းလာ တာဒါပထမဦးဆုံး အကြီမ် ဆိုတော့လေ၊ ဒါကြောင့်ပါ”
“ဖြစ်ရလေ ဒီလိုမှန်းသိ ငါဆက်ပါတယ်၊ နင်ကျောင်းပိတ်ရက်ဘယ်တွေသွားသေးလဲ၊ ငါကတော့ ချောင်းသာ ကခုမှပြန်ရောက်တာ နင်ကိုဆက်ချင်လို့ ရောက်ရောက်ခြင်းခေါ်လိုက်တာ၊ နင်မနက်ဖြန် ကျောင်းကိုသွားတော့မှာလား၊ ငါလဲသွားမယ် ၊ နင်နဲ့တွယ်တာကို အရမ်းလွမ်းတာပဲ တွယ်တာကို ဖုန်းခေါ်ချင်ပေမယ့် ဟယ် သူ့အိမ်မှာက ဖုန်းမရှိတော့လေ မခေါ်ရဘူးသိလာ၊ နင်ကော ငါကိုသတိမှရရဲ့လာ ၊ ရမယ်လည်း မထင်ပါဘူး၊ နင်မနက်ဖြန်တော့ လာနော်၊ တွယ်တာလည်း လာမယ်ထင်တာပဲ၊ သေခြားပါတယ် တွယ်တာလဲ လာမှာ”
“နှင်းဆီ”
“အင်းပြော”
“နင်လေလည်း ရှူးအုံး”
“ဘယ်လို”
“သံသွေတွေလည်း မြိုချအုံး”
“ဘာ”
“ရေလည်းသောက်အုံး”
“သေနာ”
“ငါကတော့လေ”
“ဘာဖြစ်လဲ”
“ဂျပန်နားသန့်ဆေးခပ်လိုက်အုံးမယ်”
“ခွေးလေ…ငါကတော့ သတိရလို့ပြောလိုက်ရတာ သူကတော့ ငါ့ကိုပြောနေလိုက်တာများ”
“နင့်အစာ မောလို့ ရေသွားသောက်လိုက်အုံးမယ်”
“သွား…..စောက်ကောင်စုတ်၊ နင့်အတွက်ဝယ်လာတဲ့လက်ဆောင်တွေမပေးတော့ဘူး”
“ငါကစတာပါ၊ ခုငါအ၀တ်တွေထည့်နေတယ် မပြီးသေးဘူး၊ မနက်ဖြန်ကျရင်တွေ့ကြတာပေါ့ဟာ”
“အင်းအင်း ငါလည်းလုပ်ရအုံးမယ်၊ ဟယ် အများကြီးလုပ်ရအုံးမယ်၊ ဒါဆို..ဒါပဲ..ဒါပဲ”
ညီညီငယ် ဖုန်းချလိုက်တော့ တစ်ချိန်လုံးအနားတွင်ထိုင်ကာ နားထောင်နေသော မေမေသည် ပြုံးချိုစွာ သူ့အားကြည့်လိုက်သည်။ ဒေါ်လေးစမ်းဌေးလည်းရောက်နေသည်။
“သားသူငယ်ချင်းလာ”
“ဟုတ်တယ်မေမေ”
“စကားပြောလေးက ယဉ်ကျေးလိုက်တာ၊ နာမည်လေးက နှင်းဆီနော်”
“ဟုတ်”
“အသံလေးကချိုလို့ ရုပ်ကလေးလည်း ချစ်စရာလေးပဲနေမယ်၊ မေမေနဲ့မိတ်ဆက်ပေးလေ”
“ရပါတယ်မေမေ မနက်ဖြန်ကြတော့ ကျောင်းမှာ တွေ့ကြတဲ့အခါ မိတ်ဆက်ပေးမှာမယ်”
ညီညီငယ် ပြောဆိုပြီးနောက် လှည့်ထွက်လာခဲ့သည်။ ကြားလိုက်သည့် စကားများကြောင့် ညီညီငယ် စိတ်ပျက်သွားမိတော့သည်။
“မမ နင်ကသားလေးသူငယ်ချင်းမလေးနဲ့ မိတ်ဆက်ခိုင်းနေတယ်”
“အင်းလေ ဘာဖြစ်လို့လဲ”
“သားကြီးကြတော့ ကောင်းမလေးတွေနဲ့ဆို ဘာဖြစ်တယ် ညာဖြစ်တယ် ပြောဆိုနေပြီးတော့”
“ဟဲ့နင်ဘာနားလည်လို့လဲ မသိပဲဝင်ဝင်ပြော၊ သားငယ်ကစိတ်က ဟိုမရောက်ဒီမရောက်ဖြစ်နေလို့ အဲ့ဒါကြောင့် ငါစီစဉ်နေတာ၊ နင်မသိပဲ ၀င်ဝင်မပါနဲ့”
ဟင်…………
အစကတော့ သူကရိုးရိုးသားသား ထင်မှတ်ပြီး ပုံမှန်ပြောဆိုနေသည်ဟု၊ ခုတော့ သူကိုယုံကြည်မှု့တစ်စုံတစ်ရာ တောင်မရှိတော့ပဲ စိတ်ကိုဖြေးဘို့အတွက်တဲ့၊ ညီညီငယ် ကိုယ့်ကိုကိုး စိတ်ပျက်မိသွားပါတော့သည်။
ငါဒီလောက်တောင်မှ အများအမြင်ဆိုးဝါးနေလို့လာ…
ငါနေပုံထိုင်ပုံတွေက အမြင်မတော်အောင် ဖြစ်နေလို့လာ…
ငါကလောကကြီးနဲ့ ချွတ်ချှော်အောင်ဘာတွေများလုပ်နေလို့လဲ….
“ကလေးကြားသွားအုံးမယ် မမရယ်”
“ကြားကြားအေ ငါတော့ ဒီကလေးကို အားကိုမရတာ မပြောလိုက်ချင်ဘူး လူပုံကနွဲ့နွဲ့နဲ့ နေပုံထိုင်ပုံတွေကိုမကြိုက်တာ စာတော်တာလေး တစ်ခုပဲ ကောင်းတယ်”
“သားလေးက လိမ္မာနေတာကို မမကမကြည့်ချင်လို့လာ”
“အိုတော် ဆိုးပေနေတာမှကောင်းအုံးမယ်၊ ခုတော့ ဘယ်လိုမှကိုစိတ်မချနိုင်တာ ဟိုတစ်ရက်လည်း ကြည့်ပါလာ ဘာတွေမဟုတ်က ဟုတ်ကတွေသဘောကျပြီး သွားပေါင်းနေတယ်မသိဘူး ဒါမျိုးတွေနဲ့မှပတ်သက်ရတယ်လို့”
“ဘယ်သူတွေတုံး”
“ဟဲ့ လမ်းထဲက အခြောက်မတွေပေါ့၊ ဒင်းတို့ကိုလဲ သွားကောထားသေးတယ် ကျမသားကလေးကို မပျက်စီးကြပါနဲ့လို့၊ သွားကိုပြောထားလို့”
“မမကတော့ နိုင်ကိုမနိုင်ဘူး”
“မရဘူးဟေ ကျုပ်သားတွေကို လာမထိနဲ့ ထိလို့ကတော့ ဘယ်သူရယ်ဘယ်ဝါရယ် မခံဘူး ပက်ပက်စက်စက်ကိုပြောပစ်မှာ”
“မင်းကလဲမဟုတ်သေးပါဘူး ကလေးကိုတအားမပြောနဲ့ ကလေးက လူပျိုလေးဖြစ်နေပြီး မင်းလုပ်ပုံတွေက ကလေးကို ရေနှစ်နေသလိုပဲ”
ဖေဖေ အလုပ်ကပြန်လာသည့်အချိန်တွင်တိုက်ဆိုင်သွားကာ ဖေဖေကမေမေကိုဝင်ပြောသည်။
“ရှင်တို့မောင်နှမတွေကလေ ကျုပ်ကိုဆိုအကောင်းမြင်ကြတာမဟုတ်ဘူး၊ ကျုပ်ကတော့ ကျုပ်သားတွေနဲ့ ပက်သက်လာလို့ကတော့ ဘယ်သူမျက်နာမှထောက်မနေနိုင်ဘူး၊ ရှင်တို့လိုလဲ မနေနိုင်ဘူး”
မေမေပြောပြောဆိုဆိုဖြင့် ဘောက်ဆက်ဆက်ထကာ ထွက်သွားတော့သည်။
ညီညီငယ် မိမိအခန်းထဲပြန်ရောက်တော့ အခန်း၏၀ရမ်တာတွင် ရပ်ကာ အပြင်ကိုငေးမောနေမိသည်။ ထိုအချိန်ဒေါ်လေး အခန်းထဲဝင်လာပါတော့သည်။
“သားငယ်”
“ဟုတ်ဒေါ်လေး”
ဒေါ်လေးက ညီညီငယ်အ၀တ်များ ထုတ်နေသည့်နေရာသို့ဝင်ထိုင်လိုက်ပြီး အ၀တ်စားများခေါက်ပေးနေသည်။ ညီညီငယ် ဒေါ်လေးအနားသွားကာ ဒေါ်လေးပေါင်ပေါ်တွင်ခေါင်းတင်ကာ လှဲလိုက်သည်။
“သားငယ် စိတ်ညစ်နေလာ”
“ဒေါ်လေးရယ် သားကလူဆိုးကြီးဖြစ်နေတာလာ”
“အို မဟုတ်တာ၊ အဲဒီလိုမတွေးရဘူးလေ သားမေမေက သားကိုချစ်လွန်းလို့ ခုလိုဖြစ်နေတာပါ”
“ကိုလေးကျတော့ ဘာလုပ်လုပ်အကုန်အကောင်းမြင်နေတယ်”
“သားကို ကလေးတစ်ယောက်လိုပဲတွေးထားလို့ဖြစ်တယ်၊ သားကိုလေ အစစရာ အားလုံးပြည့်စုံစေချင်တယ် ဒါကြောင့်ပါသားလေးရယ်၊ သားလေးကြီးလာရင် မေမေရဲ့စေတနာတွေကို နားလည်လာမှာပါ”
“ဟုတ်ကဲ့ သားလည်းဒီလိုပဲမျှော်လင့်ရတာပါပဲ၊ ဒါပေမယ့်လေ သားဘာပြောပြောလက်မခံမပေးဘူး၊ ဖြေးရှင်းခွင့် တစ်စုံတစ်ရာ တောင်သားမှာ ရပိုင်ခွင့်မရှိဘူး”
“သားလေးရယ် ဒါတွေက ဒေါ်လေးအပြစ်တွေကြောင့်ပါ”
“မဟုတ်ပါဘူး သားကိုယ်တိုင်လည်း ကျေနပ်စွာလက်ခံခဲ့တာပဲလေ ဒါတွေက ဒေါ်လေးနဲ့မဆိုင်ပါဘူး”
ဒေါ်လေးကတော့ ညီညီငယ်ဆံပင်များကို ပွတ်သပ်ရင် မျက်ရည်ဝဲနေရှာပါသည်။
ကျောင်းကြီးသို့ သူတို့အားလုံးပြန်ရောက်ကြချိန်မှာတော့ ဆယ်တန်းကျောင်းသားတွေက စာမေးပွဲအတွက် လုံးနေကြပါတော့သည်။ သူတို့ကတော့ ကျောင်းကြီးထဲသို့ ၁၀ တန်းအတန်းကြီးသမား သဖွယ် လူတွေကတော့ အနည်းငယ် မြှောက်ကြွမြှောက်ကြွဖြစ်နေသည်ဟု ထင်မိသည်။
နန္ဒကတော့ နူတ်ခမ်းမွှေးစိမ်းစိမ်းလေ ထွက်နေသည့် သူ့နူတ်ခမ်းကို သပ်ကာ နေသည်။
“ဟေ့ကောင်နန္ဒ”
“ဘာတုံး”
“မင်းတို့ကျောင်းပိတ်တုန်းက ဘယ်တွေသွားသေးလဲ”
“အဖေတို့ရွာကိုခဏသွားတယ် ပြီးတော့ ငါနဲ့ငါညီမလေးပဲ ပြန်လာတယ် ကျောင်းအမှီပြန်ရတာ အဘွားကနေမကောင်းလို့ အဖေတို့တော့ နေခဲ့ကြတယ်”
“အော်..ဒါကြောင့် မင်းအိမ်သွားတုံးက တံခါးကြီးပိတ်ထားတာကို”
“အဲ မင်းလာသေးတယ်ပေါ့လေ အောင်အောင်”
“ဟုတ်တယ် ပျင်းတာနဲ့လာသေးတယ်၊ ငါဟိုကားတွေရှိတော့ မင်းကိုပြချင်လို့လာတာ မင်းကမရှိတော့ ဘယ်ပြနိုင်မလဲ”
“ဟာကွာ နာလိုက်တာ အခုရောပါသေးလာ”
“ချီးပဲ ဘယ်ကပါရမှာလဲ ကျောင်းထဲမှာ”
“အဟီး ဟုတ်သား ငါလဲ ကြည့်ချင်ဇောကြီးသွားတယ် ကြည့်ချင်လိုက်တာကွာ တစ်ခါမှမကြည့်ရသေးဘူး”
“ဒါနဲ့ မင်းအချစ်တော်လေနဲ့ ပြန်နေမှာလာ”
“ဘယ်ကငါ့အချစ်တော်လဲ”
“ဟိုအခြောက်လေးပေါ့”
“ဟာကွာ အခန်းပြောင်းလို့ရရင်တော့ ပြောင်းချင်တယ်”
“ဒါဆိုငါနဲ့ပြောင်း”
“ဘာဖြစ်လို့လဲ”
“ဟဲဟဲ ဇာတ်လမ်းတွေဖန်မလို့ပေါ့ကွ ငါ့ကိုငါ့ထက်ကြီးတဲ့အကိုကြီးတွေက သင်ပေးလိုက်တယ်၊ အခြောက်ဆိုလည်းရှောင်မနေနဲ့ ဆော်သာဆော်ဆိုပဲ ဟီးဟီး”
“ခွေးကောင် ခွေးကျင့်ကြံနေတယ်ပေါ့ သေတောင်မပြောင်းပေးဘူး”
“ဟာကွာ မင်းပဲသူနဲ့မနေချင်ဘူးဆို”
“နေပါရတယ် မနေချင်လဲ ဘာမှမဖြစ်ဘူး သူကသူ့ဟာသူနေတာ ငါလဲ ငါနေတတ်သလိုနေတာ ငါ့တို့နှစ်ယောက်ကြားမှာတော့ အဆောင်နဲ့ပက်သက်ပြီး ဘာပြဿနာမှမရှိတဲ့အတွက် ဒီအတိုင်းပဲကောင်းတယ်”
အောင်အောင်ကတော့ နန္ဒအနားကပ်ကာ ညစ်နေပါသည်။
“ဒါဆိုငါနဲ့အတူမင်းလာနေ အောင်ခိုင်ကို အဲဒီအခြောက်နဲ့နေခိုင်းလိုက်မယ်”
“သေနာ သွားတော့ မင်းဘာမှလာမပြောနဲ့တော့”
အဆောငရှေ့ရောက်တော့ ညီညီငယ် အထုတ်များကို သယ်နေသည်ကိုတွေ့ရသည်။ စာအုပ်တစ်ချို့ကို အခန်းထဲမှ ထုတ်ယူသွားသည်ကို မြင်ရတော့။
“ဘာဖြစ်လို့စာအုပ်တွေသယ်နေတာလဲ”
ညီညီငယ် နန္ဒကိုတစ်ချက်ကြည့်လိုက်ပြီး
“ငါ့အကိုနဲ့အတူတူနေမလို့ အခန်းပြောင်းနေတာ”
“ဘာကွ”
ညီညီငယ်ကတော့ စာအုပ်တွေ ဆုနေသည်။ ကျောင်းအ၀တ်စာတွေလည်း ဗီရိုထဲမှထုတ်ကာ ကုတင်ပေါ်ရောက်လို့နေပါသည်။
“မင်းအဲလိုပြောင်းလို့ရမလားကွ”
“ဘာဖြစ်လို့လဲ”
“ကျောင်းကစည်းကမ်းရှိတယ်ဆိုတာမင်းသိတယ်နော် သူ့တို့ပေးထားတဲ့ အခန်းမှာမနေပဲ ပြောင်းချင်တိုင်း ပြောင်းလို့မရဘူးကွ”
“ဟင် ဟုတ်လို့လားကွာ တစ်ချို့တွေဆို ဒီလိုပဲပြောင်းနေကြတာပဲ”
“မရဘူးကွ”
ထိုအချိန်တွင် ကိုကိုလေး အခန်းမှ နိုင်နိုင်သည်လည်း အထုတ်များယူကာ အခန်းထဲသို့ဝင်လာပါသည်။
“မင်းကဘာလာလုပ်တာလဲ”
“အဲ..ညီညီငယ်နဲ့ အခန်းပြောင်းတာလေ”
“မရဘူး မင်းတို့သဘောနဲ့မင်းတို့လုပ်လို့မရဘူး”
နန္ဒ ၀ူးဝူးဝါးဝါး နှင့်လုပ်နေသဖြင့် ညီညီငယ်ကြောင်ကြည့်နေသည်။ နိုင်နိုင်ကလဲ ပြူးကြည့်နေသလို၊ အောင်အောင်ကတော့ ၀မ်းသာသည့် အကြည့်များဖြင့် ဘေးမှရပ်ကြည့်နေသည်။
ညီညီငယ်လက်ထဲမှ စာအုပ်များကို လုယူကာ စာအုပ်ဆင်ပေါ်တင်လိုက်သည်။ ကုတင်ပေါ်မှအ၀တ်များကို ဗီရိုထဲ ထည့်လိုက်တော့သည်။
နန္ဒလုပ်နေသည်ကို ညီညီငယ်ကတော့ နားတော့မလည်နိုင်တော့၊ အရင်နှစ်ကတော့ အခန်းပြောင်းရန်ပြောနေပြီး ခုကြတော့ အချိုးပြောင်းသွားသော နန္ဒကိုကြည့်ရင် နိုင်နိုင်နှင့် အောင်အောင်ပင်နားမလည်နိုင်တော့။
“အဲဒီလို ဟိုလူပြောင်းဒီလူပြောင်းလုပ်နေတာတွေမကောင်းဘူး ငါလည်း အခန်းလူပြောင်းသွားရင် နေရထိုင်ရခက်တယ်”
“ဘာမှလည်းမဆိုင်ဘူး”
“မင်းဝင်မပါနဲ့ အောင်အောင်၊ သွားမင်းလဲ ပြန်တော့ မင်းအခန်းကို”
“အာ ငါကိုဟိုရွေ့ခိုင်းဒီရွေ့ခိုင်းနဲ့”
“လျှာမရှည်နဲ့ နိုင်နိုင် မင်းတို့ ကိုယ့်သဘောနဲ့ကိုယ်လုပ်ပြီးတော့ ခံပေါ့၊ ဘယ်မှာလဲ မင်းအ၀တ်အိတ်က”
ညီညီငယ်ကိုလှမ်းလိုက်ခြင်းဖြစ်ပါသည်။
“သူတို့အခန်းမှာ”
“သွားယူလေ ဘာရပ်လုပ်နေတာလဲ၊ အာမဖြစ်သေးပါဘူး မင်းနေခဲ့ ငါသွားယူမယ်”
ပြောပြောဆိုဆိုနှင့် နန္ဒထွက်သွားပြီးမှ ပြန်လှည့်လာပြီး။
“မင်းတို့ကရော ဘာရပ်လုပ်နေတာလဲ ကိုယ့်အခန်းကိုယ်ပြန်ကြလေ၊ ဟိုကောင်နိုင်နိုင် မင်းပစ္စည်းတွေဘာကျန်သေးလဲ တစ်ခါတည်းယူသွား၊ လာလေ ဘာရပ်လုပ်နေကြတာလဲ”
နန္ဒပွတ်လောရိုက်ကာ ဖြစ်နေတော့သည်။ ကိုကိုလေးတို့ အခန်းရောက်တော့ ကိုကိုလေးက ကုတင်ပေါ်တွင်လှဲနေပါသည်။
“ဟင် နိုင်နိုင် မင်းကပြန်လာတယ် ဘယ်မှာလည်းငါ့ညီ”
“နန္ဒက….”
“ညီညီငယ်က အခန်းမပြောင်းတော့ဘူးတဲ့ ဒါကြောင့် ငါလာပြီးတော့ ညီညီငယ် အ၀တ်စားတွေလာယူတာ၊ အခန်းပြောင်းရင် စာကျက်ရတာလဲ မကောင်းဘူး နေသားကျနေတဲ့ သူအခြင်းခြင်းနေတာပိုကောင်းပါတယ်၊ ဟုတ်တယ်မဟုတ်လား ကိုလေး”
“အဲ…အင်းဟုတ်ပါတယ်လေ”
ကိုကိုလေး နန္ဒအဖြေကို ရောယောင်ကာ ဖြေပေးလိုက်မိသည်။ ရှင်းရှင်းပြောရရင် သူလည်း သူ့ညီ ညီညီငယ် နှင့် အတူတူမနေချင်ပါ၊ မေမေကအတင်းနေခိုင်း၍သာ လုပ်လိုက်ခြင်းဖြစ်ပါသည်။ ခုတော့ နန္ဒကလာပြောနေသဖြင့် သူလည်း ဒီအတိုင်းပဲနေလိုက်ပါတော့သည်။
နန္ဒအခန်းထဲ ပြန်ရောက်တော့ ညီညီငယ် စာအုပ်တွေ စီနေသည်။ သူ့ကိုတစ်ချက်လှည့်ကြည့်လိုက်ပြီး ပြန်လှည့်သွားကာ ဆက်လုပ်နေလိုက်သည်။
“ကျေးဇူးတင်ပါတယ်”
“ရပါတယ် အခန်းဖေါ်အခြင်းခြင်းပဲ ဒီလောက်တော့ရှိမှာပေါ့ မင်းမပြောင်းရအောင်လုပ်ပေးလိုက်တာကိုလဲ စိတ်ထဲမထားနဲ့ မင်းလဲအခန်းမပြောင်းချင်တာငါသိတာပေါ့”
ညီညီငယ် လှည့်ကြည့်လိုက်သည်။
“ငါကဘယ်အခန်းမှာနေနေ ဒီအတိုင်းပါပဲ မပြောင်းချင်ဘူးလို့လဲ မပြောပါဘူး”
“အဲ…..”
နန္ဒညီညီငယ်စကားကြောင့် သယ်လာသော အ၀တ်အိတ်ကြီးကို ကန်ပစ်လိုက်ပြီးနောက်မှ စဉ်းစားသလိုကြည့်လိုက်သည်။
( ငါဘာတွေလုပ်နေပါလိမ့် သူဟာသူ ပြောင်းချင်ပြောင်း မပြောင်းချင်နေ ငါနဲ့ဘာဆိုင်တာမှတ်လို့ )
ဘာတွေဖြစ်ကုန်တာပါလိမ့်၊.။
“ဟာခုမှသတိရတယ် စာအုပ်တွေ ယူဘို့မေ့နေတယ်၊ ငါ့ညီမဆီ စာအုပ်တွေသွားယူလိုက်အုံးမယ်”
နန္ဒ သူ့ဟာသူ ပြောသလိုလုပ်ကာ ထွက်သွားပါတော့သည်။
“ဒီကောင်ဘာတွေဖြစ်နေတာလဲမသိဘူး”
“ဟယ်ငါကတော့ နင်တို့ကိုလွမ်းလိုက်ရတာ နင်တို့က ငါ့ကိုသတိတောင်မရကြဘူးပေါ့လေ”
“သတိရဘို့နေနေသာသာ အလုပ်တွေနဲ့ အားတာမဟုတ်ဘူး နှင်းဆီရဲ့”
“တွယ်တာဆုတ်ပလုတ်၊ ညီညီငယ်ကရော ဘာတွေလုပ်နေရလို့လဲ”
“အိမ်မှာ ဆူပူနေတာနေ့တိုင်ပဲ စိတ်ညစ်လွန်းလို့ သတိကိုမရတာ”
“သေနာဆုတ်တွေ နင်တို့အတွက်ယူလာတဲ့ လက်ဆောင်တွေမပေးပဲနဲ့နေလိုက်မယ် ဘာမှတ်နေလဲ”
သူတို့သုံးယောက် ထုံစံအတိုင်း မကျဉ်းပင်အောက်မှာ လေထိုင်ပစ်နေကြပါသည်။ ကျောင်းပိတ်တုန်း ဘယ်တွေသွားသည် ဘယ်ကိုရောက်သည်ဟု နှင်းဆီကတော့ ရေပတ်မ၀င်အောင်ပြောနေသည်။ သူနှင့် တွယ်တာကတော့ နှင်းဆီပြောသမျှခရီးတွေကို စိတ်တွင်တွေးကာ နှင်းဆီနှင့် အတူပျော်ရွှင်နေမိကြသည်။
“ဟဲ့နင်တို့သိပြီးပီလာ”
“ဘာကိုလဲ”
“နောက်လဆိုရင်လေ သင်္ကြန်ကျပြီး”
“အဲဒီတော့ နင်ကသီလရှင်ဝတ်မလို့လာ တွယ်တာ”
“ဘယ်ကလာ သင်္ကြန်ကျရင် ငါတို့ကျောင်းက ခရီးတိုထွက်မယ်တဲ့ ၁၀ တန်းဖြေပြီး ကျောင်းသားများနဲ့တဲ့”
“ဟုတ်တယ် ငါလဲကြားတယ်”
“ပျော်စရာကြီးနေမှာနော်”
“ဘယ်သွားကြမှာလဲတဲ့”
“တောင်တက်ခရီးတဲ့”
“ဟယ်တကယ်၊ ပျော်စရာကြီး”
နှင်းဆီကတော့ ပျော်ရွှင်နေပါတော့သည်။
“ညီငယ် နင်ပုံကြည့်ရတာလဲ စိတ်မပါသလိုပဲ ငြိမ်နေလိုက်တာ”
“ငါကခုမှသိရတာ”
“အဲဒါကြောင့်ပြောတာပေါ့ နားလေးဘာလေ လည်းစွင့်ထားအုံး ပြောလိုက်ရင် ဘာမှမသိတာကများနေတယ်”
“အဟက်”
“သွားမပြောမနေနဲ့ တွယ်တာ သူပုံကိုက အဲဒီလိုပဲ”
ညီညီငယ် သူငယ်ချင်းမလေးများနှင့်တွေ့လိုက်ရရင် စိတ်ချမ်းသာသွားရသည်ကိုတော့ ၀န်ခံပါသည်။ သူစိတ်များလဲ ပေါ့ပါးသွားပါသည်။
သူတို့ဘ၀သည် အရေးကြီးဆုံးသော ဆုံးဖြတ်ရမည့် ဘ၀ကျောင်းစာများကို စတင်ရန် ကျဉ်ဖြည့်ရတော့မည် မဟုတ်လား၊ စိတ်ချမ်းချမ်းသာသာလေပဲ နေချင်ပါသည်။

အခန်း(၈)
နန္ဒနှင့်အောင်အောင် ကျောင်းအဆောင်ရှေ့က ခုံတန်းလေးတွင်ထိုင်ကာ စကားပြောနေကြပါသည်။ ကျောင်းကြီးက ၁၀တန်းသမားတွေ အတွက်စားမေးပွဲလုံးနေကြတော့ သူတို့တွေ ခဏတာလွတ်လပ်နေကြပါသည်။ ကျောင်းစာတွေကိုလည်း ညဘက်ရောက်မှ အနည်းငယ်ဂိုဏ်များဖြင့်သာ ကြည့်နေရသည့် အချိန်တွေ ဖြစ်နေသဖြင့် သူတို့အတွက် အချိန်တွေ ပိုကာနေသည်။
သူတို့အရွယ်လွတ်လပ်စွာ လောကကြီးကို ခြေဆန့်လို့ လှမ်းဘို့ရည်ရွယ်နေကြပြီး မဟုတ်လား…. ကိုယ်စီ စိတ်တွင်းမှာတော့ ရည်မှန်းချက်ကလေးများဖြင့် ကိန်းအောင်းကာ ရည်မှန်ရာ ပန်းတိုင်သို့လှမ်းဘို့ ကိုယ်စီလျှောက်နေကြလေပြီး။
“ကိုယ့်သမိုင်းကိုယ်ရေးဘို့ပဲလိုတာပေါ့မဟုတ်ဘူးလာ“
“မင်းကမေသမိုင်းကို ရည်ရွယ်ပြီးပြောနေတာလာ နန္ဒ“
“အဟ အောင်အောင်ရာ နန္ဒဆိုတဲ့ငါကလေ သမိုင်းတွေပထ၀ီတွေ စိတ်ဝင်စားတာမဟုတ်ဘူး၊ ငါရင်ထဲမှာ ရှိနေတာက ပန်းကလေးပဲ“
နန္ဒလုပ်နေပုံကြည့်ပြီး အောင်အောင် အမြင်ကပ်လာတော့သည်။
“ဘာပန်းလဲ ရွှေပန်းလာ“
“ခွေးကောင် မင်းမညစ်ပတ်နဲ့“
“မှန်တာပြောတာလေ ပန်းတွေများတော့ ဘာပန်းမှန်းမှ မသိတာ“
အောင်အောင် ၏မသိချင်ယောင်ဆောင်ကာ လုပ်နေသည်ကို နန္ဒစိတ်တွေတိုလာတော့သည်။ ဒီကောင်တမင်ညစ်နေတာ။
“နှင်းဆီကွ နှင်းဆီ …ဒီလောကမှာ ငါ့နှင်းဆီလောက်လှတဲ့ ကောင်မလေးမရှိဘူးကွ ငါ့နှင်းဆီက အလှဆုံး အချောဆုံး“
“ပိုပြီး“
“လိုတောင်လိုသေးတယ်ကွ မင်းတို့လဲ သိပါတယ် နှင်းဆီဘယ်လောက်လှတယ်ဆိုတာကို၊ ငါနဲ့လိုက်တယ်မဟုတ်လား၊ ငါကလဲ လူချောလေးဆိုတော့ ဟဲဟဲ“
“ဖွဲနဲ့ ဇကွဲပါကွာ“
“ဟာကွာ မင်းကအဲလိုမပြောပါနဲ့“
“ဒါဆို ရွှေနဲ့ကြေးပါကွာ“
“တော်တော် မင်းက ငါလူချောလေးဆိုပြီးတော့ မနာလိုတွေဖြစ်ပြီး ဟားဟားဟား“
“ဝေးသေး တစ်ကယ်ဆိုလိုက်ဖက်တာက နှင်းဆီနဲ့ ညီညီငယ်ကွ“
“အန်“
ဟုတ်လည်းဟုတ်ပါသည်။ နန္ဒလည်းသတိထားကြည့်နေမိသည်။ သူတို့နှစ်ယောက်တွဲသွားတွဲလာ လုပ်နေရတလဲ မြင်နေရပါသည်။ ကြည့်ကောင်းသည် လိုက်ဘက်သည် ထိုထက်ပြောရလျှင် နှင်းဆီသည် မနှစ်က နှင်းဆီနှင့်မတူတော့ တော်တော်ကိုချောလှပါသည်။ ထို့အတူ ညီညီငယ် သည်ဘယ်ဘ၀က ရှေးကုသိုလ်ကံလည်း ဟုပြောရမလိုပင်၊ မျက်နာအနေထားနှင့် အရပ်အမောင်းများက ပို၍ပီပြင်လှပလာသလိုပင်။
“ဟုတ်တယ် မင်းကြည့်ပါလာ သူတို့နှစ်ယောက်တွဲလာပြီးဆိုရင် တော်တော်ကို ကြည့်ကောင်းတာနော်၊ နှင်းဆီကလည်း လှသလောက် ဟိုကောင်ကလည်း လှတယ်၊ အင်းဘယ်လိုပြောရမလဲ တော်တော်လိုက် ဘက်တဲ့ နှစ်ယောက်ကွ“
“တော်စမ်းပါကွာ မင်းကတော့ ဒီနှစ်ဘာတွေဖြစ်နေလဲ မသိဘူး စကားစလာ ပြီးဆို ဒီကောင်နာမည်ပဲ ဇာတ်လမ်းစနေတော့တာပဲ“
“ရော်ခက်ပါလာ ငါပြောတာအမှန်တွေနော်“
“တော်စမ်းပါ ငါမကြိုက်တာတွေကိုပဲ ဒီအခြောက်ကြောင်းပဲ မင်းကဦးတည်ပြီးပြောနေတော့တာပဲ“
“အံမယ် မကြိုက်လို့သာပဲ၊ ဒါဆိုဟိုရက်က ဘာလို့အခန်းမလဲတာလဲ“
“ဟာကွာ ဒါကတော့ ဟိုဒင်းလေ….“
“အင်း …အင်း…ပြောပါအုံး ဘယ်ဒင်းလဲ….“
“ဟိုဟာဖြစ်လို့ပါကွာ …ဟာဟိုမှာဆရာမျိုးမင်း လာပြီးငါသွားလိုက်အုံးမယ်“
“ဟ..ဘာမှလည်းမဆိုင်ဘူး ဒီကောင်တော့ စကားလမ်းကြောင်းပြောင်းသွားတယ်”
နန္ဒ စာအုပ်တွေ တပွေ့တပိုက်နှင့် သယ်လာသော ဆရာမျိုးမင်းထံပြေးသွားသည်။
“ဆရာကျနော်ကူသယ်ပေးမယ်”
“ရပါတယ်ကွ”
“ဟာဗျာ ဆရာဒီလောက်ပင်းပင်းပန်ပန် သယ်နေတာမကြည့်ရက်ပါဘူး ကျနော်ကူသယ်ပေးပါ့မယ်”
“အေးအေး ဒါဆိုလည်း ပြီးရော ၊ ဒါတွေယူသွားပြီး စာကြည့်တိုက်ခန်းကို ပို့ပေး အဲ့ဒီမှာ ဆရာမနွဲ့နွဲ့လင်းရှိတယ်၊ သူကိုပေးလိုက်”
“ဟုတ်ကဲ့ဆရာ”
စာကြည့်တိုက်ဘက်သို့ နန္ဒထွက်လာခဲ့တော့သည်။ စာကြည့်တိုက်ထဲ ၀င်လိုက်တော့ ဆရာမကို မတွေ့၊ ထိုကြောင့် စားပွဲပေါ်တင်လိုက်ပြီး စာကြည့်တိုက်ထဲမှ စာအုပ်တစ်ချို့ကို လိုက်ကြည့်နေမိသည်။ စာကြည့်တိုက်ကလည်း ခမ်းနားသည်။ စာအုပ်တန်းများစင်များ လုပ်ထားသည်။ အတော်မြင့်မားလှပါသည်။ အတန်းလိုက် ငါးတန်းခန့်မျှရှိကာ ကျောင်းသားများ စာအုပ်ဖတ်နိုင်ရန်အတွက်လည်း တစ်ယောက်ထိုင်ခုံ လေးများကိုလည်း သပ်သပ်ရပ်ရပ် စီးညီထားသည်။ နန္ဒစာအုပ်တန်းများကို လိုက်ကြည့်နေရင်းက အသံတစ်ချို့ကိုကြားလိုက်မိသည်။ နှင်းဆီ၊ တွယ်တာ နှင့် ညီညီငယ် တို့ဖြစ်ပါသည်။ နန္ဒကိုယ်ခန္ဒာကို မမြင်အောင် နေပြီးချောင်ကြည့်လိုက်တော့ သူတို့တွေ စာအုပ်ပုံကြီးကို ဘေးတွင်ထားက စီနေကြခြင်းဖြစ်သည်။ နှင်းဆီနှင့် တွယ်တာက စာအုပ်များရွေးပြီး လှေခါးပေါ်တက်နေသော ညီညီငယ်ကို ပေးနေကြခြင်းဖြစ်ပါသည်။
“နှင်းဆီ နင်ကကျောင်းပြီးရင် ဘာလုပ်မယ်စိတ်ကူးထားလဲ”
“ငါလာ အင်း စိတ်ကူးထားတွေကတော့ အများကြီးပဲ၊ ငယ်ငယ်ကဆို ဆရာဝန်မကြီးဖြစ်ချင်တာ၊ အလယ်တန်းလောက်ရောက်တော့ ဂျီတီစီကမမတွေ တီတိုင်ကြီးတွေကိုင်ပြီးလမ်းလျှောက်တာမြင်တော့ အင်ဂျီနီယာကြီးဖြစ်ချင်သွားရော၊ ခုတော့ ဦးတည်ချက်တစ်ခုပဲ ရှိတော့တယ်၊ ဆရာဝန်မကြီးလုပ်မယ်လို့”
“ကောင်းတာပေါ့ နင်နဲ့ ညီညီငယ်ကတော့ ဆရာဝန်လိုင်းဝင်ကြမှပါ”
“နင်လဲတော်တာပဲ တွယ်တာကလည်း နင်လဲဝင်လို့ရတာပဲ”
“နင်တို့ကတော်ပြီးသားလေ ငါကတော့ လိုက်နိုင်တယ်ထားအုံး ငါလိုလူတစ်ယောက်ကတော့ ထောက်ပံ့ငွေနဲ့ ဒီကျောင်းတောင်လာတက်ရတာ ဆေးလိုင်းတက်ခဲ့ရသည်ဆိုအုံး ကျောင်းစရိတ်တွေ ဆိုတာတွေက ရှိအုံးမှာလေ”
“နင်က စစ်တောင်မဖြစ်သေးဘူး မျှားကကုန်ချင်နေပြီး”
“ကိုယ့်ဘ၀ နဲ့ကိုယ်ပဲ ဒီလိုဖြစ်ရမယ်လို့ သတ်မှတ်ထားတော့ ဘယ်တက်နိုင်မလဲ ဟယ်”
ညီညီငယ်နားထောင်နေရင်းက
“နင်ကတော်ပါတယ် တွယ်တာရာ နင်မှာက အသိမှတ်ပြုထားတဲ့သူ၊ အားထားရတဲ့သူ အဖြင့် နင့်မိသားစုနဲ့ နင့်အသိုင်းဝိုင်းမှာ နင်က၀င်ဆန့်နိုင်ပါသေးတယ်”
“ဘာပြောတာလဲ ညီငယ် ငါတို့နားလည်အောင်လဲ ရှင်းစမ်းပါအုံး”
“အေးလေ နှင်းဆီပြောလဲ ပြောချင်စရာ ဘာကိုဦးတည်ပြီးပြောနေတာလဲကိုမသိဘူး”
“ဥပမာဟာ ငါ့ကိုကြည့် ငါမှာစာသာတော်တာ လူမှု့ရေးဆိုလဲ ဝေးလာဝေး တွယ်တာလောက်လဲ မသိတတ်ဘူး၊ နောက်မိသားစုထဲကိုကြည့် ၀ိုင်ကျင်ထားကြသလိုခံစားရတယ်၊ အရင်းနှီးဆုံးမိသားစု တွေကသူစိမ်းလိုပဲလို့ခံစားရတယ်”
“နင်ကလဲ အဲလိုမဟုတ်ပါဘူး နင့်မိဘတွေ အန်တီတွေဆိုနင့်ကို ချစ်တာငါသိပါတယ်၊ ဟိုရက်က နင့်မေမေနဲ့ ဖုန်းထဲမှာပြောနေတုံးကလဲ သဘောကောင်းမယ့်လေသံပါဟယ်”
ညီညီငယ် ပြုံးမိပါသည်။ အပြည့်စုံကို နှင်းဆီမသိ၍ ဒီလိုပြောသည်ဟု လက်ခံလိုက်ပါသည်။
“တွယ်တာရယ် မိသားစု မကြီးရင် အသိုင်းဝိုင်မကြီးရင်ပိုကောင်းတယ်ဟ၊ နွေးထွေးမှု့တွေပိုရတယ်”
“ဟယ်မဟုတ်တာ”
“အေးလေ”
“ငါကတော့လေ တစ်ခါတစ်လေ အိမ်ကထွက်သွားရင်ကောင်းမလာလို့တောင် တွေးမိတယ်၊ သတ္တိမရှိလို့သာ ခုချိန်ထိ ဒီအတိုင်းရှိနေတာ၊ နင်တို့က ငါ့ကိုနားလည်တဲ့သူငယ်ချင်းတွေမို့လို့ပေါ့၊ တစ်ခြားမကြည့်ပါနဲ့ ငါ့အကိုဆိုလည်းကြည့် နင်တို့မြင်ဖူလာ ငါ့အကိုက ငါ့ကိုတကူတက လာမေးတာမျိုးပေါ့”
“နင်ကတော့လေ ငါမပြောလိုက်ချင်ဘူး၊ ကဲခုဘာတွေဖြစ်နေပြန်ပြီးလဲ အိမ်မှာအရင်လို ပြဿနာတက်ပြန် ပြီးလာ”
အရင်လိုဟုဆိုလိုက်သည်က မောင်မောင်လတ်နှင့်ဖြစ်ပျက်ခဲ့သော အကြောင်းကို ဦးတည်သသည်ဟု သူတို့သုံးယောက်ကတော့ နာလည်ပါသည်။
“မဟုတ်ပါဘူး ငါ့ကိုဆို အယုံကြည်မရှိကြဘူး၊ ငါဘာလုပ်လုပ်ပေါ့ မဟုတ်တာတွေလုပ်နေတယ်လို့ပဲ တွေးနေတဲ့ မေမေကြောင့်ငါညစ်တာပါ”
“နင်ကရှင်းပြရမှာပေါ့”
“ရှင်းပြခွင့်တောင်မပေးတာ ငါဘာကိုသွားရှင်းပြရမှာလဲ၊ အဒေါ်လုပ်သူကိုလဲ ပြောပြချင်တာကို ငိုကြီးနေတော့ ပြောလို့လဲ မရခဲ့ဘူး၊ အဲဒီအခါကြရင်လေ ငါ့စိတ်ထဲကနေ မေမေတို့ ပြောဆိုနေတာတွေကို အရွဲ့တိုက်ပြီးလုပ်ပစ်လိုက်ချင်တယ်၊ ဒါပေမယ့် မလုပ်ရက်ပါဘူး”
“ဒါဆိုငါတို့ကိုပြောပြ”
“နင်တို့ကို ဟုတ်လား …..တစ်ခါတလေကြတော့ ယောက်ျားလေးတွေရဲ့စိတ်ခံစားမှု့ကို နင်တို့ကိုပြောပြလို့မရတဲ့ အကြောင်းရာတွေလဲ ရှိကြတယ်လေ”
“ဟယ်နင့်စကားကြီးက ဘာတုံး”
“ထားပါတော့ဟာ..ငါရေသွားသောက်အုံးမယ်”
ညီညီငယ်လှေခါးမှဆင်းကာ ရေထွက်သောက်နေသည်။
“တွယ်တာ”
“အင်း”
“ညီငယ်စကားကိုနင်နာလည်လာ”
“အင်း မလည်ဘူး”
“ကောင်မစုတ် နင်ကတော့လေ မလည်ရင်လည်းမလည်ဘူးပေါ့ ခုတော့ အင်းလို့ပြောပြီးမှ မလည်ဘူးတဲ့”
“ငါ့အထင် နင့်ကိုကြိုက်နေလို့နေမယ်”
“ဟယ်မဟုတ်တာ”
“ဟုတ်လို့မပြောတာနေမှာပေါ့”
“ငါလဲမိန်းခလေးပါဟယ် ငါ့ကိုကြိုက်တယ်မကြိုက်ဘူးဆိုတာတော့ စိတ်ထဲကနေပြီးတော့သိတာပေါ့၊ နန္ဒလို အကြည့်မျိုးလည်းသူ့မှာမရှိဘူး၊ ကိုကိုလေး လိုအပြုမူမျိုးလည်းသူ့ဆီမှာမရှိဘူး ဒါကြောင့်ပြောနိုင်တာပေါ့”
“ဟယ်နင်ကအဲဒီလိုစိတ်စွမ်းအင်ရှိလို့လာ”
“ရှိတယ်လို့တော့ ဘယ်ဟုတ်မလဲ၊ နင်လည်းမိန်းခလေးပဲ ဒီလောက်တော့သိမှာပေါ့”
“အို ငါ့ကြိုက်မယ့်ကောင်လေးတစ်ယောက်မှ မရှိတာ ငါကဘယ်လိုသိမှာတုံး”
“နင့်ရပ်ကွက်မှာရှိချင်ရှိမှာပေါ့”
“အို..ငါ့ရပ်ကွက်မှာငါက ဆရာမကြီးနော် အားလုံးကအလေးထားကြတာ ဟဲဟဲ ငါ့ကိုပြီတီတီလုပ်မယ့်တစ်ယောက်မှမရှိဘူး”
“ပြောကာမှပိုဆိုးလာပြီး ကဲအဲဒါသာကြည့်နင်လဲ နင့်ရပ်ကွက်လူတွေကိုသိသလိုပေါ့ ငါလဲဒီလိုပဲ”
“ဟယ်တော့ ဘာမှမဆိုင်သလိုပဲ”
“ဟီးဟီး….”
နန္ဒထိုစကားကိုကြားတော့ စိတ်ထဲပျော်မြူးသွားသည်။ ညီညီငယ်ပြန်ရောက်လာပြီးမှ နန္ဒပြန်ထွက်လာခဲ့တော့သည်။
“ဒီနေ့ဆရာကိုအကူညီပေးလိုက်တာ ကံကောင်းတာပဲ ဟဲဟဲ”
ညီညီငယ် ရေချိုးပြီးပြန်လာတော့ နန္ဒအခန်းထဲပြန်ရောက်နေပါသည်။ မိုက်(စ) ဖြင့်အိမ်က ဖုန်းလာသည်ဟု ပြောသဖြင့် ညီညီငယ် ရေသွားမချိုးခင်က ဖုန်းပြောရန်ထွက်သွားခဲ့သည်။ ခုတော့ပြန်ရောက်နေပါသည်။
ညီညီငယ် အသာတချက်ကြည့်လိုက်သည်။ နန္ဒမှောက်ယက်ကြီး နှင့်ခေါင်းအုံးအောက်တွင် မျက်နာဖွက်ကာ နေသည်။ ညီညီငယ်လည်း သာမန်လိုသဘောထားလိုက်ပြီး အ၀တ်များကိုလဲကာ ဘုရားဝတ်ပြုလိုက်ပြီး အိပ်ယာဝင်လိုက်ပါသည်။
ညီညီငယ် မှေးကနဲ အိပ်ပျော်သွားချိန်မှာတော့ ရှိုက်သံလိုလို ကြားလိုက်သလို ဖြစ်သွားသဖြင့် ညီညီငယ် ထလိုက်သည်။ ဘေးကိုကြည့်လိုက်တော့ နန္ဒကမှောက်လျှက်ပင်ရှိနေသည်။ ခန္ဒာကိုယ်က နည်းနည်း ရှိုက်သလိုဟုထင်လိုက်သဖြင့် အနားသို့သွားကပ်လိုက်ပြီး နန္ဒကို လှုပ်နိုးလိုက်သည်။
“နန္ဒ…နန္ဒ…ဘာဖြစ်တာလဲ”
နန္ဒမျက်နာမော့လာသည်။
“ဟင်…မင်းငိုနေတယ်”
နန္ဒမျက်ရည်များကို သုတ်လိုက်သည်။ ပြီးတော့ တစ်ဘက်သို့လှည့်သွားသည်။
“ဘာဖြစ်လို့လဲ ဘာတွေဖြစ်ခဲ့လို့လဲ မထိတ်သာမလန့်သာကွာ အဲဒီလိုကြီးငိုမနေနဲ့လေ မင်းခေါင်းတွေကိုက်နေအုံးမယ်”
ညီညီငယ် ထပြီးအခန်းထဲမှ ထွက်ကာ သောက်ရေသွားခပ်လိုက်ပါသည်။
“ရော့ရေသောက်အုံး ထ”
နန္ဒရေထသောက်လိုက်သည်။ ထိုနောက် ပြန်လှဲရန်ပြင်လိုက်တော့ညီညီငယ် နန္ဒပုခုံးကိုလှမ်းဆွဲလိုက်ပြီး မျက်နာချင်းဆိုင် ထိုင်လိုက်သည်။
“ပြော မင်းရင်ထဲဖြစ်သမျှတွေကိုပြော ဒီအတိုင်းကြီး မနေနဲ့”
“ငါ့ အဘွားလေ င့ါအဘွားဆုံးသွားပြီးတဲ့”
ပြောရင်းက နန္ဒမျက်ရည်များထွက်ကျလာတော့သည်။ ညီညီငယ် တစ်ခါမှမလုပ်ဖူသော အလုပ်ကို စိတ်ပါလက်ပါလုပ်ပေးလိုက်မိသည်။ လက်ဖြင့်အသာအယာ နန္ဒ၏မျက်ရည်များကို သုတ်ပေးလိုက်သည်။
“ညဦးပိုင်က ဖုန်းလာတာ အဲဒီအကြောင်းလာ”
“အင်း”
“ဒီတော့မင်းလိုက်သွားမှာပေါ့”
“မနက်ကျရင် လာခေါ်မယ်တဲ့ လိုက်သွားရမယ်၊ ငါ့အဘွားကလေ ငါ့ကိုအရမ်းချစ်တာ”
“အော်..ဒီလိုပါပဲကွာ စိတ်တော့မကောင်းမဖြစ်ပါနဲ့ ငါလည်းမချော့တတ်တော့ ဘာပြောရမှန်းမသိဘူးပေါ့”
“ရပါတယ် ခုလိုအားပေးတာကိုပဲ ကျေးဇူးတင်ပါတယ်ကွာ”
“ရပါတယ် အခန်းဖေါ်အခြင်းခြင်းပဲ မင်းအဘွားအတွက် အကောင်းဆုံးလုပ်ပေးရင် သူဝမ်းသာနေမှာပါ”
“ငါအရမ်းဝမ်းနည်းတာပဲကွာ”
“မင်းအဲဒီလိုငိုမနေနဲ့ ဘ၀တပါးကိုကူးတဲ့အချိန်မှာ ကျန်ခဲ့သူကငိုရင်တဲ့ သွားတဲ့သူက ပူလောင်တယ်တဲ့ တရားစာပေးတွေမှာပြထားတယ်”
ညီညီငယ်စကား ဟုတ်လားမဟုတ်လာ နန္ဒမသိပါ။ သို့သော် အငိုတော့ရပ်သွားသည်။ မျက်ရည်များကို သုတ်ပစ်လိုက်သည်။ သို့သော်မျက်ရည်ကတော့ ထွက်နေဆဲ။
ညီညီငယ် ဘာရယ်မဟုတ်ပဲ နန္ဒကိုဖက်ကာ အားပေးရှာပါသည်။ နန္ဒကတော့ ညီညီငယ် ပုခုံးပေါ်တွင် ခေါင်းတင်ကာ အနည်းငယ်ရှိုက်နေမိသည်။
နာရီဝက်ခန့်ကြာတော့ ညီညီငယ်ညောင်းလာသည်။ ထိုကြောင့်ထလိုက်သည်။
“ကဲအိပ်တော့နော် မနက်ကျရင် မင်းလည်းခရီးထွက်ရအုံးမှာ အိပ်ရေးပျက်လို့တော့ မဖြစ်ဘူးလေ၊ နေမကောင်းဖြစ်နေမယ်”
ညီညီငယ်ထလိုက်တော့ နန္ဒညီညီငယ်လက်ကို ဆွဲထားသည်။
“ဘယ်သွားမလို့လဲ”
“ဘယ်မှမသွားပါဘူး ငါ့နေရာမှာရှိမယ်လေ”
“ဒီည…..ဘယ်မှမသွားပဲ ငါ့အနားမှာနေပါလာ”
နန္ဒ၏အားငယ်သော မျက်ဝန်းများကိုကြည့်ကာ ညီညီငယ်စိတ်မကောင်းဖြစ်သွားသည်။
“ငါငိုချင်တယ်ကွာ”
“အင်းပါ ငါဘယ်မှမသွားဘူးဟုတ်ပြီးလာ မင်းငိုဘို့အတွက် ငါရင်ခွင်ကိုခဏငှားပါ့မယ်ကွာ”
“ဘယ်လို”
“ငါဆိုငိုချင်ရင်လေ မေမေရင်ခွင်ထဲကိုပြေးချင်တာ၊ ဒီလိုပဲ မင်းကိုဒီကျောင်းမှာတော့ ငါ့ကမင်းအတွက် ခဏရင်ခွင်ပေါ့ကွာ၊ ငါ့ကစကားပြောမကောင်းပါဘူး”
“ရပါတယ်ကွာ”
နန္ဒအိပ်ယာပေါ်လှဲချလိုက်သည်။ ညီညီငယ်စကားမှားသွားလေလာ ဟုပင်အားနာသွားသည်။ ထိုနောက် ဘာမှမစဉ်းစားတော့ပဲ နန္ဒဘေးတွင် တစောင်းလှဲချလိုက်ပြီး ဖက်လိုက်သည်။ နန္ဒ၀မ်းနည်းစွာ ညီညီငယ်ရဲ့ရင်ခွင်ထဲတိုးဝင်ကာ ငိုရှိုက်နေမိတော့သည်။
ထိုနေ့ကလမသာခဲ့ပါ။
ရင်ခွင်တစ်ခုသည် ဖြူစင်စွာ ခဏဌားက ပေးနားစေခဲ့သည်။
ရင်ခွင်တစ်ခုကတော့ ၀မ်းနည်းစွာ ခဏတာ ခိုးနားခဲ့သည်။
ခဏတာ ခိုးနားခဲ့သည့်ရင်ခွင်သည် ဘ၀တစ်သက်စာ အမှတ်တရဖြစ်ခဲ့မယ်ဆိုခဲ့လျှင် နန္ဒထိုရင်ခွင်ကို ဌားခဲ့မည်မဟုတ်။
ရင်ခွင်တစ်ခုသည် ဖြူစင်စွာပေးခဲ့ပေမယ့် ရရှိခဲ့သည့် အရောင်တွေက ရစ်နှောင်းကာ ကြိုးတစ်ခုလို ပတ်နေခဲ့မယ်ဆိုရင် ညီညီငယ် ထိုရင်ခွင်ကို ပေးခဲ့မည်မဟုတ်ချေ။
ကံကြမ္မာဆိုတာမြင်ရသည်မှမဟုတ်တာ။
ရင်ခွင်ထဲတွင် တသိမ့်သိမ့်ငိုနေရှာသော နန္ဒအတွက် ညီညီငယ်စိတ်တော့မကောင်းဖြစ်ရပါသည်။ ထိုကြောင့်လည်း နှစ်သိမ့်ကာ နန္ဒကျောပြင်လေးကို ကလေးတစ်ယောက်အားချော့သိမ့်သလို ပွတ်သပ်ကာ ဖြေသိမ့်ပေးရှာသည်။
“ငါ့အဘွားကလေ ငါ့ကိုတအားချစ်တာ“
“အင်း“
“ခုလိုမှန်းသိရင် ကျောင်းကို မလာသေးပဲ ရွာမှာပဲ နေပါသေးတယ်၊ ခုတော့ကွာ“
“ကြိုတင်မှမသိနိုင်တာပဲကွာ“
နန္ဒပြောပြောဆိုဆို နှင့်ပို၍တိုးဝင်လာတော့သည်။ ငိုလိုက်သည်ဆိုသည်က နှက်တွေပါထွက်ကျလာသည်လာမသိ၊ ညီညီငယ် ရင်ခွင်တစ်ခုလုံး ဆိုရွှဲသွားတော့သည့် တိုင်အောင် နန္ဒမျက်ရည်များကျနေပါတော့သည်။
နန္ဒကို အရင်က မကျေနပ်တာတွေကို မေ့နိုင်ခဲ့သည်။ နန္ဒသူ့အပေါ်မကောင်းမမြင်တာတွေကိုလဲ မေ့နိုင်ခဲ့သည်။ ဒါကတော့ ညီညီငယ် ရဲ့တစ်ဘက်သားကို ကူညီတတ်သော စိတ်ရင်းအခံက ဖြစ်ပေါ်လာသည့် အကြောင်းတရာပဲမဟုတ်ပါလား။
ညီညီငယ်ဘ၀က အပယ်ခံဘ၀မဟုတ်သည့်တိုင်အောင် ထိုသို့သော် အခြေအနေသို့ရောက်နေရသည် ဟု ညီညီငယ်စိတ်တွင် ခံစားရသည်။ ထိုကြောင့်စာနာသနားတတ်လာသည်။ ထိုကြောင့်အားငယ်သူ အားနည်းသူတွေဘက်က ရပ်တည်တတ်လာခဲ့သည်။
မနက်မိုးလင်းခါးနီတွင်တော့ နန္ဒမောကာ အိပ်ပျော်သွားတော့သည်။ ညီညီငယ် နန္ဒမျက်ခေါင်းလေးကို ပွတ်သက်ကာ စာနာစိတ်ဖြင့် ဖေးမပေးနေတာပါ။ ထိုအတွက်ကြောင့် စိတ်တွင်ဖြူစင်စွာ ဘာမှပူလောင် မနေပဲ အေးမြနေသည်။
တစ်ခါတရံတွင်ကျွနုပ်တို့၏လောကကြီးသည် လူတစ်ယောက်ကိုပြောင်းလဲစေသည့် အကြောင်းရာများသည် ဘေးပတ်ဝန်ကျင်က ထိရောက်စွာသင်ခန်းစာများပေးဆောင်ရင် ဘ၀တစ်ချို့များကို ပြောင်းလဲသွားစေခဲ့သည်မဟုတ်လား။
မနက်ပိုင်းတွင်တော့ အခန်းတံခါးကိုလာခေါက်သော ဆရာမျိုးမင်းလာနိုးသော အချိန်တွင်တော့ ညီညီငယ် အိပ်မောကျနေသည်။ နန္ဒကထပြီးတံခါးဖွင့်ပေးသည်။ နန္ဒ ညီညီငယ်ကို မနိုးစေတော့ပဲ တိတ်တဆိတ် အခန်းထဲမှ ထွက်လာခဲ့တော့သည်။ စာတစ်စောင်ကိုရေးလိုက်သည်။
( သူငယ်ချင်းညီငယ် အစစရာ အတွက်ကျေးဇူးတင်ပါတယ်ကွာ၊ ငါနောက်သုံးရက်နေရင်ပြန်လာခဲ့မယ်၊ အရင်တုန်းက ပြုမူခဲ့တဲ့ ငါ့အပြောဆိုတွေနဲ့အတူ အမူယာပြုမူတွေတွက် တောင်ပန်ပါတယ်ကွာနော် ၊ ငါ့ကိုခွင့်လွှတ်ပါလို့နော်၊ မင်းငါ့ကို ခွင့်လွှတ်တယ်ဆိုခဲ့ရင် သူငယ်ချင်းအဖြစ် အသိမှတ်ပြုခဲ့တယ် ဆိုရင်ပေါ့လေ မင်းငါ့ကိုကျောင်းရှေ့မှာလာကြိုပါနော်၊ အကယ်၍ပေါ့နော် မင်းမခွင့်လွှတ်နိုင်ဘူးဆိုခဲ့သည်ပဲ ဖြစ်ဖြစ်၊ မင်းငါ့ကိုသူငယ်ချင်းအဖြစ် မသတ်မှတ်နိုင်ဘူးဆိုခဲ့ရင်ပဲ ဖြစ်ဖြစ်ပေါ့လေ၊ ငါပြန်လာရင်တော့ ကျောင်းရှေ့ကိုလာမကြိုပါနဲ့ ၊ ကျေးဇူးတင်ပါတယ် သူငယ်ချင်း နန္ဒ )
နန္ဒစာလေးကို သေခြားခေါက်ပြီး စားပွဲပေါ်တင်ပေးခဲ့ပါသည်။ ထိုနောက်ညီညီငယ်ကိုတစ်ချက်ကြည့်ပြီး နောက်မှ ထွက်လာခဲ့တော့သည်။ တစ်ညလုံးသူ့အား အဘွားကဲ့သို့ ပြုစုပေးခဲ့သော ညီညီငယ်ကို သူတစ်ကယ်ပင် ကျေးဇူးအထူးတင်မိပါသည်။ အခန်းအိုက်နေမည် ဆိုး၍လေ၀င်လေထွက်ကောင်းရန် နန္ဒပြတင်းတံခါးကိုဖွင့်ပေးထားခဲ့သည်။
“မင်းတညလုံးမအိပ်ဘူးလာ“
“အိပ်ပါတယ်ဆရာ“
“အင်းဆရာလည်းမင်းနဲ့ထပ်တူဝမ်းနည်းပါတယ်ကွာ ဒါနဲ့ခရီးကော ထွက်လို့ဖြစ်ပါ့မလာ မျက်လုံးတွေလည်း နီရဲနေတာပဲ တညလုံးငိုထားတာလာ“
“ရပါတယ်ဆရာ ညီညီငယ်လည်း ကျနော်ကို တညလုံးဂရုစိုက်ပေးနေတာပါ ဒါကြောင့်လည်း ကျနော်အိပ်ပျော်သွားတာ၊ ခုတောင် သူအိပ်နေတာကို မနိုးပဲထားခဲ့တာ၊ သူလည်း တညလုံးကျနော်ကြောင့်မအိပ်ရဘူးလေ“
“ဟုတ်လား အင်းဒီကလေးကစိတ်ရင်းကောင်းတယ် တစ်ဘက်သားကိုလည်း ကူညီတတ်တာ ဆရာသိတာပေါ့ တော်သေးတာပေါ့ကွယ် ညီညီငယ်ရှိနေလို့“
“ဟုတ်တယ်ဆရာ၊ ကျနော်ညီမလေးကိုသွားခေါ်လိုက်အုံးမယ်“
“မခေါ်တော့နဲ့ကွဲ့ မင်းညီမက ကျောင်းရုံးခန်းမှာစောင့်နေတယ် မင်းညီမလေးကို ဂရုစိုက်သွားအုံး သူလည်း တညလုံးငိုထားတာ မအိပ်ဘူးလာမသိဘူး မနက်စောကြီး ရုံးခန်းရှေ့ရောက်နေတယ်“
နန္ဒသည် ဆရာ စကားကြောင့် ခပ်မြန်မြန်ထွက်ခဲ့လိုက်တော့သည်။
ညီညီငယ် အိပ်ယာကနိုးတော့ နေတောင် အတော်မြင့်နေပြီး ဖြစ်သည်။ ဘေးကိုကြည့်လိုက်တော့ နန္ဒမရှိတော့။ သူထွက်သွားပြီး ဟုအသိဝင်လာတော့သည်။
“အင်း..ဒီကောင်လည်း အဆင်ပြေမှပြေရဲ့လာမသိဘူး၊ ငါကလည်း မနက်လင်းခါးနီးမှ အိပ်သွားတာ ထသွားတာတောင်မသိလိုက်ဘူး“
တစ်ယောက်တည်းစကားတွေ ပြောနေရင်းက နောက်ကျနေသဖြင့် ရေချိုးခန်းသို့ပြေးရသည်။ ရေချိုးခန်းဘက်ရောက်တော့ လက်သံပြောင်သော အဆောင်မှူးနဲ့တွေ့သဖြင့် ဆူခံရမည်ကို စိုးထိတ်သွားသည်။ နောက်ကျနေသည် မဟုတ်လား။ နောက်ကျလျှင် မည်သို့မှမေးမြန်းခြင်း မရှိပဲ အပြစ်ပေးတတ်သော အဆောင်မူးကို လည်းကျောင်းသားတိုင် ချစ်ကြောက်ရိုသေးကြသည်။ ဒီတစ်ခါတော့ မလွတ်တော့ဘူး ထင်သည်။
“အော်နိုးလာပြီးလာ“
“ဟုတ်..ဆရာ  ကျနော်နောက်ကျသွားတယ်“
“အေးပါကွာ ဆရာမျိုးမင်းလာပြောထားလို့ သိပြီးသားပါ၊ ကဲကဲ သွားချိုးတော့ နေ့လည်တော့ ကျောင်းခန်းထဲသွားအုံး၊ နှစ်ရက်ပဲ ရှိသေးတာ သင်ခန်းစာတွေစတာက စစခြင်းပျက်တာတော့ မကောင်းဘူးမဟုတ်လာ“
“ဟုတ်ကဲ့ဆရာ“
“ကဲကဲ သွားသွား“
ညီညီငယ် ရေကိုအမြန်ချိုးပြီး ဗိုက်ကိုဖြည့်ရနှ် ထမင်းစားခန်းဘက်သို့ထွက်လာခဲ့တော့သည်။ ကျောင်းက နေ့ဝက်ပင် ပြီးသွားခဲ့လေပြီး။  ကျောင်းထမင်းစားခန်းသို့ ညီညီငယ်ဝင်လိုက်သည်နှင့် ထမင်းစားခန်းမှ ဆူညံနေသော အသံများက ရုတ်တရက်တိတ်ဆိတ်သွားတော့သည်။ ညီညီငယ် ပင်ကြောင်ကာသွားသည်။
မိမိကိုယ်ကို ၀ိုင်းကြည့်နေကြသော အားလုံးသော မျက်လုံးများကို ညီညီငယ်ကြောင်ကာ ပြန်ကြည့်နေမိသည်။ မျက်လုံးပေါင်းစုံကြီးကြီးသေးသေးများ၊ ထိုအကြည့်များကိုတော့ ညီညီငယ် သိပ်မကြိုက်ချင်၊ ဘာကြောင့်ပါလိမ့် ဆိုသည့်အကြောင်းရာကို ခေါင်းရှုပ်ခံအောင်တော့ ညီညီငယ် စိတ်မ၀င်စားတော့၊ ထိုကြောင့် စားစရာရှိသည့် စားပွဲသို့ထွက်လာကာ ထည့်စရာရှိတာထည့်ပြီး အမြဲတမ်းတစ်ယောက်တည်း စားနေကြ ခုံတွင်သွားထိုင်စားလိုက်သည်။
ကျေးဇူးတင်ရမည်က ဒီကျောင်းတွင် ကျောင်းသူတွေထက် ကျောင်းသားဦးရေနည်းသည်ကိုပင်၊ ထိုကြောင့်လည်း ထိုင်ခုံအတော်များလွတ်နေသည်က ညီညီငယ်အတွက် အကောင်းဆုံးပင်ဖြစ်ခဲ့သည်။
ထမင်းစားခန်းသည် တစ်ခြားရက်များနှင့်မတူပဲ အသံအနည်းငယ်တိတ်ဆိတ်နေသည်ဟု စိတ်ထဲတွင်ထင်မိသေးသည်။ ထမင်းစားပြီးနောက်မှ ကျောင်းခန်းဘက်သို့ လှမ်းလာခဲ့တော့သည်။
ဒီနေ့ဘာဖြစ်နေသည်မသိ၊ လူအတော်များသည် သူ့အား အားလုံးနီးပါ ကြည့်သော အကြည့်များကို မကြိုက်ချင်၊ အရင်ရက်တွေကတော့ ဒီလိုသိသိသာသာ ကြီးလည်း မဖြစ်ကြပဲ တစ်ခုခုတော့ ထူးခြားစွာ ဖြစ်နေသည်ဟု စိတ်ထဲထင်မှတ်မိသည်။
ကျောင်းသူတစ်ချို့က ကွက်ကြည့်ကွက်ကြည့်လုပ်သွားသည်။ တစ်ချို့ကတော့ မေးမော့ပြသည့် အမူယာကိုတစ်ယောက်နှင့်တစ်ယောက်လုပ်ပြနေသည်။ နားမလည်နိုင်လောက်အောင် ဖြစ်ရပါသည်။
ညီညီငယ် အတန်းရှိသည့် လမ်းဘက်သို့ချိုးဝင်လာခဲ့တော့သည်။
“အေးပေါ့ဟယ် အခွင့်ကောင်းယူတာနေမှာပေါ့၊ ဖြစ်တတ်ပါတယ် ဒါမျိုးတွေက၊ သူ့အတွက်တော့ ဘာမှမထူးရှားပေမယ့် နန္ဒကတော့ နစ်နာတာပေါ့၊ တွေးရင်နဲ့တောင် ရွံလာတယ်၊ တစ်ကယ်၊ ရုပ်ကလေးနဲ့မှ မလိုက်”
“ဒါမျိုးဆိုတာ ရုပ်နဲ့လုပ်စားကြတာလေ”
တစ်မနက်ခင်းလုံး ဒီအကြောင်းပဲ ပြောနေကြသည့် အခန်းကကောင်မလေးများသည် စာထက်တစ်ပါးသူ အကြောင်းပင် စိတ်ဝင်စားနေလာ မသိ၊ ဒီအချိန်ထိ ညီညီငယ်ကလဲ ပေါ်မလာသေးတော့ သိချင်သည့် အကြောင်းရာများက ပိုလို့တိုးလာသည်။ အစကတော့ နှစ်သိမ့်သည်။ နောက်ထက်က အားပေးသည်။ နောက်ထက်က တူတူအိပ်ကြသည်။ နောက်ထက်က ဖက်ငိုကြသည်။ ဘာတွေလည်းမသိတော့ တော်တော်ကို သတင်းများက ပိုရှုပ်လာသည်။ ခုလဲကြည့်ပြောဆိုဝေဖန်နေကြသည်မှာ ညီညီငယ်ကို ရစရာမရှိတော့ချေ။ နှင်းဆီ သည်းမခံနိုင်တော့၊ အောင့်အီသည်းခံနေရသည်ကလည်း ပိုဆိုးလာတော့သည်။
ဝုန်း…
“ဟဲ့ ဟဲ့ နှင်းဆီ”
တွယ်တာ ဆွဲချိန်ပင်မရလိုက်တော့၊ နှင်းဆီ၏လျင်မြန်ဖျတ်လတ်စွာ ထသွားပြီး၊ ပြောဆိုနေကြသော ပန်းအိနှင့် ၀တ်မှုန် အနားသို့ ရောက်ရှိသွားတော့သည်။ အခန်းတစ်ခုလုံးရှိ ကျောင်းသား၊သူများက ၀ိုင်ကြည့်ကုန်ကြသည်။
“နင်တို့တော်တော် အားနေကြတယ်ပေါ့လေ”
“ဘာတုံး ဘလိုင်းကြီး”
“ဆွဲပိတ်တီးလိုက်ရ ဘလိုင်းကြီးဖြစ်တော့မယ်၊ နင်တို့ပြောဆိုနေတာတွေ တစ်မနက်ခင်းလုံးပဲ ခုလည်း နေ့လည်ရောက်လာသည့်တိုင်အောင် နင်တို့ပြောဆိုနေကြတာ သပုတ်လေလွင့်နေကြတာကောင်းလာ”
“ငါတို့ဟာ ငါတို့ဘယ်သူအကြောင်းပြောပြောနင့် အပူပါလို့လာ၊ နင်နဲ့ဘာဆိုင်လို့လဲ”
“ဆိုင်လို့နေမှာပေါ့ဟယ် သူလဲဘာထူးလဲ ဒီပုတ်ထဲက ဒီပဲ ပဲဖြစ်မှာပေါ့”
“ဘာ…”
နှင်းဆီဒေါသများ ထွက်ကာ အသားများပင်တုန်လာတော့သည်။ လက်ကိုမြှောက်ပြီး ရွယ်လိုက်ချိန်မှာတော့ နောက်မှစိုးရီမ်ပြီးလိုက်လာသော တွယ်တာဆွဲထားသောကြောင့်မရိုက်လိုက်ရချေ။
“နှင်းဆီ လွန်မယ် သူငယ်ချင်း စိတ်လျှော့နော်”
“အမလေး လုပ်စမ်းပါစေ၊ လုပ်ကြည့်စမ်းပါ ဘာဖြစ်သွားမလဲလို့”
“သောက်ကောင်မတွေ ပါးစပ်ပိတ်ထား နှင်းဆီမလုပ်လဲ ငါထလုပ်လိုက်ရ နာတော့မယ်၊ ယောက်ျားလေးတောင် ကိုင်ပေါက်လာတာ နင်တို့လောက်ကတော့ သနားတယ်၊ နင်တို့ကို လုပ်ရလို့ ကျောင်းထွက်သွားရုံကလွဲပြီး ဘာမှမဖြစ်ဘူး သေနာမတွေ”
ပန်းအိ နှင့် ၀တ်မှုန် သည်တွယ်တာစကားကြောင့် ငြိမ်ဝပ်သွားတော့သည်။ ဟုတ်တော့လည်း ဟုတ်သည်၊ တစ်ခါက နှင်းဆီကိုစကားလိုက်ပြောသော ၁၀ တန်းကျောင်းမှ အကိုကြီးတစ်ယောက် နှင်းဆီလွယ်အိတ်ကိုလှမ်းဆွဲလိုက်သည်ကို တွယ်တာက လက်ဆွဲသည့်အထင်ဖြင့် ကိုင်ပေါက်ခဲ့ဖူသည့် အကြောင်းရှိခဲ့သည်။ ထိုကြောင့်လည်း ပန်းအိနှင့်ဝတ်မှုန် ငြိမ်သွားခြင်းဖြစ်ပါသည်။ ထိုနောက် ပန်းအိနှင့်ဝတ်မှုန် လွယ်အိတ်များကို ကောက်ယူကာ အခန်းထဲမှ ထွက်ခဲ့လိုက်သည်။
“အွန့်”
“အမလေး သနလိုက်တာ လူတစ်ယောက်လုံးလာတာ မမြင်ဘူးလာ”
ပန်းအိလောလော နှင့်ထွက်လိုက်သည့်အချိန်၊ ညီညီငယ် အခန်းထဲသို့ ၀င်လိုက်သည့် အချိန်တိုက်ဆိုင်သွားကာ ၀င်တိုက်သလိုဖြစ်သွားခဲ့ပါသည်။
“ဟ..နင်လည်းဝင်တိုက်သေးတယ် နင်ကလဲအော်သေးတယ်”
“အို ပန်းအိရယ်နင့်မို့လို့ ရပ်စကားပြောနေသေးတယ် လာသွားမယ်”
“ဘာတွေလည်းဟ”
ညီညီငယ်အခန်းထဲ ၀င်လိုက်တော့ အခန်းတစ်ခုလုံးသည် မလိုအပ်ပါပဲတိတ်ဆိတ်နေတော့သည်။ နှင်းဆီနှင့်တွယ်တာကလည်း အတန်းအလယ်ပိုင်မှာ ရောက်နေသည်။ သူမတို့၏မျက်နာတွေက တင်းမာနေကြသည်။ ဘာပြဿနာဖြစ်နေကြသည်မသိတော့။
“နှင်းဆီ ဘာဖြစ်နေတာလဲ”
“နင်ကခုမှလာတာ တစ်မနက်ခင်းလုံး ဘယ်အလေလိုက်နေတာလဲ ပြောစမ်းပါအုံး”
နှင်းဆီ၏ ဆူးဆူးဝါးဝါးအော်လိုက်သော ဒေါသသံက တစ်ခန်းလုံး လွှမ်းသွားတော့သည်။
ညီညီငယ် အံ့သြကာ ကြောင်ကြည့်နေသည်။ နှင်းဆီသည် မတက်ရပ်နေရာကနေပြီး အနားတွင်ရှိသော ထိုင်ခုံလွတ်ပုံထိုင်ချကာ မျက်နာကိုမှောက်ပြီး ငိုချလိုက်ပါတော့သည်။
“ဟာ ဘာဖြစ်လို့လဲ ဘာဖြစ်လို့လဲ နှင်းဆီက”
နှင်းဆီအနားသို့ ညီညီငယ် ပြေးကပ်သွားကာ မေးလိုက်သည်။ တွယ်တာ ကပြန်မဖြေပဲ သူ့ကိုမျက်စောင်းခဲကာ ကြည့်နေသည်။
“ညီငယ် နင်ကခုမှပေါ်လာတယ်နော်၊ ဘယ်သွားနေတာလဲ”
“အင်းညက နန္ဒအဘွားဆုံးလို့ သူငိုနေတာနဲ့ သူကိုအားပေးရင် တစ်ညလုံးမအိပ်ခဲ့ရဘူး ဒါကြောင့်……”
“တော်တော့ အဲဒီအကြောင်းလာမပြောနဲ့”
“ဟင်”
နှင်းဆီက မျက်ရည်များကို ခပ်ကြမ်းကြမ်းသုတ်လိုက်ပြီး ညီညီငယ်ကို အော်လွှတ်သည်။ ညီညီငယ် စိတ်ထဲဝမ်းနည်းသွားသည်က အမှန်ပါ၊ ခုတော့ သူငယ်ချင်းတွေက သူ့ကိုပြောပြခွင့်မပေး၊ ဘာဖြစ်လို့ နေ့တပိုင်းအတန်းပျက်တာကို ရှင်းပြခွင့်မပေးတော့ချေ။
ညီညီငယ် ကြက်သေသေဖြင့် နှင်းဆီကိုကြည့်နေရင်းက ၀မ်းနည်းရိပ်တွေတွေ့လိုက်ရသည်ကို သတိထားမိသွားသည့် တွယ်တာက အနေထားကို ဖြေရှင်းလိုက်သည်။
“လာ..ငါတို့တွေ စကားပြောဘို့လိုနေပြီး မကျဉ်းပင်အောက်သွားကြမယ်”
“ဟင် ဒီအချိန်ကြီး ကျောင်းက…”
“လိုက်မှာသာလိုက်ခဲ့ နင့်ကိုပြောစရာတွေ မေးစရာတွေ တပုံကြီးပဲ လျှာမရှည်တော့နဲ့”
မကျဉ်းပင်အောက်တွင် နှင်းဆီနှင့် တွယ်တာ ညီညီငယ်ပြောပြသည့် ညကကိစ္စများကို နားထောင်ကာ ဇာတ်ရည်လည်သွားတော့သည်။
“ဒါဆိုမနက်က နန္ဒထွက်သွားတော့ နင်မနိုးဘူးပေါ့”
“အင်း”
“ဒါဆိုဒီစကားတွေက ဘယ်ကထွက်လာတာလဲ”
“ဘာစကားတွေလဲ”
“နင်မသိတာလာ မသိချင်ယောင်ဆောင်နေတာလာ”
“နင်ပြောတာငါနားမလည်ဘူး တွယ်တာ”
“အေးနင့်ကြောင့်ပဲ အဲဒီအကြောင်းကြောင့်ပဲ နှင်းဆီမျက်ရည်ကျတာ”
“ဘယ်လို”
“ဒီလိုဟာ…”
“မပြောပါနဲ့တော့ တွယ်တာရယ်”
“ညီညီငယ်လည်းသိသင့်တယ်လေ နှင်းဆီရဲ့၊ ဟုတ်တယ် နင်သိမှဖြစ်မယ်၊ မနက်နင်ကျောင်းမတက်နိုင်တာကို ဆရာမျိုးမင်းပဲသိတာနော်၊ သူပဲ အခန်းထဲကိုလာပြီးနင့်အစား ခွင့်လာတိုင်သွားတာ”
“ဟုတ်မှာပေါ့ မနက်က ဆရာမျိုးမင်းပဲ နန္ဒကိုလာခေါ်သွားတာနေမယ်”
“သူခွင့်တိုင်သွားတာက ညီညီငယ်ညက အိပ်ရေးပျက်လို့ဆိုတဲ့ အကြောင်းပဲ၊ နင်နန္ဒကိုစောင့်ရှောက်နေရလို့ လည်းပြောတယ်၊ လူတွေက စကားကို ကားပစ်လိုက်ကြတာ”
“အော်”
“အဲဒီမှာတင် နင်နဲ့နန္ဒကို သမုတ်လိုက်ကြတာ လင်မယားလိုလို ဘာလိုလိုပေါ့၊ အဲလောက်ထိပြောဆိုနေကြတာ၊ နောက်တော့ နှင်းဆီလည်း သည်းမခံနိုင်လို့ ထကြမ်းကုန်တော့တာပေါ့”
“ဟားဟား…”
ညီညီငယ်ခြောက်ကပ်စွာရယ်လိုက်တော့သည်။
“လူတွေလူတွေ တော်တော်ကြောက်ဘို့ကောင်းပါလား၊ ဒါကြောင့်ဒီနေ့ကျောင်းလာတော့ ငါကိုကြည့်တဲ့ အကြည့်တွေက ဒီလိုတွေဖြစ်နေကြတာကိုး၊ တစ်ခုပဲ နင်တို့ကိုမေးချင်တယ် နင်တို့ အခန်းဖေါ်တစ်ယောက်က ၀မ်းနည်းလို့ ငိုနေတယ်ဆိုရင် နင်တို့က မသိကျိုးကျွန် နေနိုင်ကြလား”
“ဘယ်နေလို့ရမှာလဲ”
“ဒီလိုပဲ ငါနန္ဒကို မသိကျိုးကျွန်မနေနိုင်လို့ကူးညီပေးလိုက်တာ၊ ငါ့နေရာမှာ တစ်ခြားတစ်ယောက်ဖြစ်နေကြည့် ဒီအသံမျိုးထွက်လာမလား၊ နင်တို့စဉ်းစားကြည့်စမ်းပါ၊ ငါ့နေရာမှာ အောင်အောင် ဒါမှမဟုတ် တစ်ခြားတစ်ယောက်ယောက်ပေါ့ ဖြစ်နေခဲ့မယ်ဆိုရင်လေ၊ ဟယ်တော်လိုက်တာ စာနာလိုက်တတ်တာ ချီးမွှမ်းလို့ ပြီးမှာမဟုတ်တော့ဘူး၊ ခုတော့ငါဖြစ်နေလို့ ငါကိုတော့ ဗီလိန်နေရာပေးပြီး နန္ဒကိုတော့ ရွှေမင်းသားလေးအဖြင့် ပေးနေကြတာ၊ အေးငါဝမ်းနည်းတာက ငါကိုနားလည်ဆုံးလို့သတ်မှတ်ထားတဲ့ နင်တို့နှစ်ယောက်ပါ သံသယရှိနေလို့ပဲ”
“မဟုတ်ဘူး”
“မဟုတ်ဘူး”
တွယ်တာနှင့် နှင်းဆီသံပြိုင်အော်ကာ ဖြေရှင်းကြသည်။
“ငါတို့ကနင့်ဘက်ကနာတာ”
“ဟုတ်တယ် နင်ကငါ့တို့သူငယ်ချင်း၊ ဆိုးဆိုးကောင်းကောင်း ငါတို့အတွက် ထာဝရသူငယ်ချင်းပဲ နင်အဲဒီလိုမတွေးနဲ့၊ ငါခံစားရတယ်ဟ”
“ဒါပေမယ့် ကျောင်းခန်းထဲမှာ ငါရှင်းပြတာကိုတောင်လက်မခံနိုင်ဘူးမဟုတ်လာ”
“ဟယ် ညီညီငယ်ရယ် အဲ့ဒါကလဲ နင့်ကိုဂရုနာဒေါသနဲ့ပြောတာပါဟယ်၊ နှင်းဆီကလည်း သွေးပူနေတယ်လေ ဒါကြောင့်ပါ”
“ဟုတ်တယ် ငါလွန်သွားတယ် ညီငယ်ရယ် ငါတောင်းပန်ပါတယ်၊ နင်ပြောဖူတယ်လေ လူဆိုတာ အမှားမကင်းဘူးလို့ ဒါကလည်းငါစိတ်ထဲ နင်အတွက်မခံရပ်နိုင်ဖြစ်လို့ပါဟယ် နော်”
ညီညီငယ် နှင်းဆီတို့ဆီလှည့်မကြည့်တော့၊ အဝေးကိုငေးလိုက်တော့သည်။ လောကကြီးသည် သူ့အတွက် လှပမှု့တွေပေးနေတာလာ၊ ရုပ်ဆိုးတာတွေပေးနေတာလာ၊ သူကတော့ လောကကြီးကို အလှတွေဆင်နေပါသည်။ သူကိုရော အလှပတွေ ဆင်ခွင့်ပေးမှာလာ လောကကြီးရယ်။
နှင်းဆီနှင့်တွယ်တာ ညီညီငယ် ဘေးတစ်ဘက်ချက်ဆီတွင် ၀င်ထိုင်လိုက်ပြီး ညီညီငယ်ငေးနေသည့် ရှမ်းရိုးမတောင်တန်းကြီး ကိုကြည့်နေကြပါသည်။
ကိုယ်စီကိုယ်စီ အတွေးများစွာဖြင့် သူတို့ရင်ထဲတွင်ရှိနေကြပါသည်။ တောင်ပံတွေဖြန့်ကာ အဝေးကို ပျံသန်းဘို့အတွက် အတောင်များကို ခိုင်ခန့်ရန် အားတွေမွေးနေကြချိန်မှာတော့၊ သူတို့အတောင်လေးများကို ရက်ရက်စက်စက် မဖျက်စီးကြပါစေနဲ့ လို့ကိုယ်စီဆုတောင်းနေကြမည်မှာ အမှန်ပင်ဖြစ်တော့မည်။

By
Jinjar

No comments:

Post a Comment

အချစ်တစ်ခု ပြယုဂ်တစ်ခု

“......................”  သားကြီးဆီမှ ကြားလိုက်ရသော နာမည်ကြောင့် ကျွန်မတစ်ကိုယ်လုံး တောင့်ခဲ သွားသည်။အဆုံးမရှိသောတွင်းနက်ကြီးထဲသို့ ပြုတ်ကျ...