Monday, July 7, 2014

သုံးပင်လိင်တဲ့ည (14)


မိုးလင်းတော့ သူ့အတွက် နံနက်စာ မုန့်ဝယ်ခါ သူ့အတွက်အိမ်မှာ ဘယ်သူမှမမြင်အောင် စောစောစီးစီး ပန်းကန်ထဲပြင်ပေးခဲ့သည်။ ထို့နောက် ကျွန်တော် ရေမိုးချိုး ကျွန်တော့်အ၀တ်ရော သူ့အ၀တ်ပါလျှော်ကာ နံနက်စာစားသောက်ရန်နှင့် အလုပ်ဝင်ရန် ထွက်ခဲ့သည်။

အလုပ်တွေများနေသဖြင့် နေ့လယ် ထမင်းကိုနောက်ကျစွာစားပြီး အိမ်ကိုပြန်လာတော့ သူ့အားမတွေ့ရပေ။ သူ ဘယ်များသွားနေပါလိမ့်။ ထို့နောက် ကားတစ်စီးဖြင့် နိုင်ငံခြားသားများရောက်လာသဖြင့် ကျွန်တော်လည်း အလုပ်ကိုအပြေးထွက်ကာ လုပ်စရာရှိတာလုပ်ခဲ့သည်။ ညနေစောင်းခါနီး မျက်နှာသစ်ရန်အိမ်ဘက်ရှိ အုတ်ရေ ကန်သို့ပြန်လာကာ မျက်နှာသစ်ပြီး tip money အချို့အား ကြွက်လျှောက်ရှိ ဘီရိုထဲသို့ထည့်ကာ ထားပြီး အ၀တ်ခြောက်များအား ရုပ်သိမ်းကာ အလုပ်ကိုပြန်ခဲ့သည်။


ညနေပြန်လာတာနောက်ကျတော့ ကိုမင်းမင်းနှင့် ကပ္ပလီတို့ အတူတူ ရေမိုးချိုးပြီး အ၀တ်အစား သစ်တွေနဲ့ ခြံပြင်တံခါးကို လျှောက်သွားတာ မြင်လိုက်ရသည်။ကျွန်တော်လည်း လှမ်းမခေါ်တော့ဘဲ။ ရေမိုးချိုးကာ အ၀တ်အစားလဲပြီး သည်နေ့ tip money တွေထပ်ရသဖြင့် မနက်က ဗီရိုလေးထဲ ထည့်ခဲ့သော ပိုက်ဆံနှင့်ပေါင်းပြီး အိမ်အတွက်နဲ့ ကျွန်တော်သုံးဖို့ ပြီးတော့ ကိုမင်းမင်း အတွက် အ၀တ်အစားတစ်စုံ အမှတ်တရ၀ယ်ပေးဖို့ စိတ်ကူးကာ ဖွင့်လိုက်သည်။ သို့သော် ပိုက်ဆံတွေက မရှိတော့သလို ကျွန်တော်သုံးနေကျ ရေမွှေးပုလင်းတွေလည်း အဖုံးပွင့်ကာ အထဲးက ပစ္စည်းတွေလည်း ဖရိုဖရဲနဲ့ ဘယ်လိုဖြစ်တာလဲ ဘယ်သူယူသွားတာလဲ။ ဒါမှမဟုတ် ငါပဲအထားမှားတာလား ပြန်စဉ်းစားကာ နေရာအနှံ့ရှာမိသည်။ မတွေ့သည့်အဆုံး ကိုယ်ပဲအထားမှားတာ ကျပျောက်တာလို့ပဲစိတ်ဖြေလိုက်သည်။
သည်အိမ်မှာ ဘယ်သူမှ ငါ့ပစ္စည်းတွေကို စပ်စပ်စုစု သုံးတတ်တာမရှိ။ ယူတာမရှိပါဘူး အရင်က ဘာထားထား မပျောက်ဖူးပေမယ့်ခု အ၀တ်တန်းက စွပ်ကျယ် အဖြူရောင်လေးကလည်းမရှိတော့။
စဉ်းစားနေတုန်း။ ရေချိုးသော အုတ်ကန်ကန်ဘက်ဆီက မီးဖိုက ဓားကိုင်ဆရာ ကိုညိုရဲ့အသံကို ကြားလိုက် ရသည်။


“တောက့်  …….နေ့လယ်က ပူလို့ရေလာချိုးတုန်း လျှော်ထားတဲ့ ငါ့အတွင်းခံ အနက်ရောင်လေ ခွေးချီတာလည်း မဖြစ်နိုင်ဘူး။ ဘယ်သူကောက်ပစ်လိုက်လဲ လေတိုက်ရင်လည်း ချုံပေါ်ပဲတင်မှာ။ ဘယ်ရောက်မှန်းမသိဘူး။ ဘယ်သူများ မှားဝတ်တာလဲမသိဘူး”
ကျွန်တော် အပြင်ကိုထွက်သွားပြီး အသားညိုညို ဆံပင်ကောက်ကောက် အရပ်က ကျွန်တော်နဲ့အတူတူ ပဲရှိကာ စိတ်ဆတ်တတ်သော ကိုညိုအား…
“ ကိုညို့ကို သူများနောက်တာထင်တယ်ဗျ။ ဒါမှမဟုတ် နေ့လယ်က လေတိုက်တုန်း အောက်ကျနေတာကို ခွေးများ ချီသွားသလားမသိဘူး။ ညီလေး တွေ့ရင် ရှာထားပေးမယ် နေ့လယ်က အစ်ကိုလှမ်းထားတာ ညီလေးမြင်လိုက်တာပဲ “
“ အေး….အေး… ရတယ် ..ညီလေ…ကိစ္စမရှိဘူး.”
ကိုညိုထွက်သွားတော့မှာ အတွင်းခံဘောင်းဘီ ကိစ္စက ခေါင်းထဲရောက်လာတော့ ကျွန်တော် ဟိုနေ့က လှန်းထားတဲ့ ကျွန်တော့်အတွင်းခံ အနီလေးလည်း ကိုမင်းမင်း ယူဝတ်ကာ ရေချိုးမှ အ၀တ်လျှော်ဖို့ ထည့်တဲ့ ရေပုံးထဲလာထည့်တာကိုမြင်လို့ မပြောချင်ပေမယ့် အတွင်းခံဘောင်းဘီကို ယူဝတ်တာတော့ မကြိုက်သဖြင့် မရှိရင် အသစ်ဝယ်ပေးမည်။ ၀တ်ထားပီးသား ကိုလည်း လျှော်ပေးပါမယ်လို့ပြောထားတာ သူ….ကိုးမင်းမင်းပဲ မှားဝတ်သွားသလား မသိ။
စိတ်ထဲထင့်ခနဲ့ဖြစ်ကာ သက်ပြင်းချမိသည်။


ထုံးစံအတိုင်း ထိုညက မိုးတွေရွာကာ ကျွန်တော်တစ်ယောက်တည်း အိမ်မှာ ကိုမင်းမင်းကို မျှော်နေမိပေမယ့် ရောက်မလာခဲ့ပါ။ ကိုကျော်စိုးလည်း ရေလာမချိုး ညစဉ် သူနဲ့ချစ်ရည်လူးကာ ချစ်စခန်းဖွင့်နေကျလို ဖြစ်ခဲ့တာ သိပ်မကြာပေမယ့် လူက အချိန်ရောက်တိုင်း တစ်ခုခုလိုနေသလိုခံစားရကာ လိင်ဆက်ဆံလိုစိတ်ရော စိတ်ပူတာ ရော အားငယ် အထီးကျန်တာရော ခံစားချက်များပြည့်နှက်ကာ ကိုမင်းမင်းရဲ့ မီးပူးတိုက်ပီးသား အင်္ကျီလေးကို သာရင်ဘတ်ပေါ်တင်ပြီး အိပ်ပျော်သွားခဲ့သည်။
မနက်မိုးလင်းတော့ ကိုမင်းမင်းပြန်မရောက်လာသဖြင့် စိတ်ထဲပူသွားကာ ခြံအနှံ့ မသိမသာလိုက်ရှာမိသည်။ wiater အဆောင် မီးဖိုခန်း အုန်းခြံထဲက ရေကန်ကြီးအနီးတွင် ကာရာအိုကေအခန်းအဖြစ် အရင်က ထားတားသော ဘန်ဂလိုပုံစံ စတေကာ အနက်တပ်ထားသောအခန်း နောက်ဆုံး ကပ္ပလီတို့နေရာ သံပုရာခြံ ဘက်သို့ ကူးလာမိသည်။
ကျွန်တော် ကိုမင်းမင်းကို ပေးထားသော အင်္ကျီနဲ့ ကပ္ပလီကိုတွေ့တော့အံ့သြသွားမိသည်။


“ မင်းမင်းကိုလာရှာတာလား။ ဟဲ- ဟဲ… ညက သူ ဟိုဘက်ရွာနားက စော်တစ်ပွေဆီသွားကြောင်တာ နောက်ကျလို့ မိုးမိသွားတာ… ငါလည်း အတူတူသွားတာ….. စိတ်ပူနေတယ်ပေါ့….ဟီး..ဟီး…. မင်းမင်း…. ဒီမှာ မင်းအချစ်လေး….ညက မင်းပြန်မအိပ်လို့ လိုက်ရှာနေတယ်….ထတွေ့လိုက်ဦး…..”
ကျွန်တော့်နားကိုပင် မယုံနိုင်ဖြစ်သွားသည်။ ဒါဆို သူညတိုင်း ကျွန်တော့်ဆီမလာဖြစ်တာ နောက်ကျတာ သည်ရွာသူ သူ့ သူ့ချစ်သူရှိတဲ့နေရာဆီသွားနေတာပေါ့….ဒါဆို….ငါက သူ့အတွက် ဘာလဲ….. ကျွန်တော် မျက်နှာမပျက်အောင် ထိန်းထားရင်း တဲအထဲ ၀င်ကြည့်တော့…
ကိုမင်းမင်းတစ်ယောက် အိမ်မှုန်စုံမွှားဖြင့် ပုဆိုးမနိုင် ပုဝါမနိုင်ထလာသည်။ မိုးမိလို့ လည်းထားတာထင်သည်။
မျက်လုံးတွေနီရဲကာ ကိုယ်တွေလည်းပူနေသည်။ သူ့ကို တွဲကာ အိမ်ဘက်သို့ ခေါ်လာပြီး။ ရေပတ်တိုက် ပေးကာ အ၀တ်အစားလဲပေးလိုက်သည်။ နွေးထွေးအောင် အိမ်ယာထဲပို့ပေးပြီး အဖျားသက်သာစေရန် ဆေးနဲ့ ဆေးမသောက်မီ စားဖို့ ကိတ်မုန့်နဲ့ ကော်ဖီမိတ် သွားဝယ်ကာ တိုက်လိုက်သည်။ သူဖျားနေသဖြင့် သည်နေ့ အလုပ်မလုပ်နိုင်မှာသေချာသည်။
နေ့လယ် သူ့အတွက် ဆေးအချို့နဲ့ ကြာဆံစွတ်ပြုလုပ်ကာ လာပို့တော့ ကပ္ပလီပါရောက်နေသည်။


‘’ အယ်… မင်းမင်းတို့များ ကံကောင်းပါ့ ….ငါတောင်နေမကောင်းဖြစ်ချင်တယ်။ ပြုစုမယ့်လူ ကလည်းရှိ။ ချစ်ရမယ့်လူကလည်း ရှိ…ဟိ…ဟိ…နေမြန်မြန်ကောင်းအောင်လုပ် လုပ်စရာရှိတာတွေလုပ် သွားစရာရှိတာ သွား ဟဲ….ဟဲ..”
‘’ ဟေ့ကောင်…. နာချင်လို့..”
ကိုမင်းမင်းလှမ်း အော်လိုက်လို့ ကပ္ပလီတစ်ယောက် အပိုးသတ်ပေမယ့် မျက်လုံးတွေက ကျွန်တော့်ကို ကြည့်နေ သည်။
“ညနေ ဆေးခန်းသွားမယ် ကိုမင်းမင်း….ခုတော့ နားလိုက်ဦး….”
ကျွန်တော် ထိုသို့ပြောကာ အလုပ်သို့ပြန်လာခဲ့သည်။
ညနေ အလုပ်စောစောသိမ်းကာ အိမ်ကိုပြန်လာပီ ကိုမင်းမင်းအား ညနေစာ ကြက်သားဆန်ပြုတ်ကိုယူလာပီး တိုက်ကာ ရေပတ်တိုက် သန့်ရှင်းရေးလုပ်ပေးပြီး ဆေးခန်းကို ဆိုက်ကားဖြင့်သွားခဲ့သည်။
ဆရာဝန်က ဆေးထိုးပြီး ဆေးသုံးခွက်စာပေးလိုက်သည်။ ဆေးဖိုးကို ကျွန်တော်ပဲရှင်းပေးလိုက်သည်။ ညဘက်နှင့် နံနက်သူစားဖို့ အိုဗာတင်း အထုတ်တွေ မိုင်လိုအထုတ်တွေ မုန့်တွေဝယ်ပြီး ခြံရှေ့ ဆိုက်ကားရပ်သော အခါ ဆိုက်ကားခ ရှင်းပြီး သူ့အားတွဲကာ အိမ်ပေါ်တက်ခဲ့သည်။


ကျွန်တော် ဘယ်မှမသွားဖြစ်တော့ အိမ်မှာ ကိုမင်းမင်းအား ပြုစုကာ ဆေးပုံမှန်တိုက်နေရသည်။ အလုပ်က တစ်ဖက်နှင့်မို့ အချိန်ရရင် ရသလို အိမ်ကိုသာပြန်ပြေးပြီး ဆေးတိုက်ရသည်။ သူတော်တော် သက်သာလာပြီး မနက်ဖန်ဆို အလုပ်ပြန်ဆင်းနိုင်တော့မည်။ ကျွန်တော် ၀မ်းသာမိသည်။ သည်လိုနှင့် သူလို ချင်တာ ရှိရင်လာတောင်းရုံမက ကပ္ပလီအတွက်ဆိုကာ အင်္ကျီ ချိတ်တွေကို ယူသွားလေ သည်။ သုံးလေး ခုမို့ ကျွန်တော်လည်းမပြောတော့ပေ။ သူကိုကျွေးသော မုန့်တွေအား ကပ္ပလီကို ခွဲကျွေးပေမယ့် သူစေတနာရှိလို့ ကျွေးတာပဲ စားပါစေ။ ငါလည်း ကိုယ့်ရှေ့မှာ ခုတလော အိမ်လာလာကပ်နေသော ကပ္ပလီကို ကြည့်မရပေမယ့် ကိုမင်းမင်းကိုပဲ ၀ယ်ကျွေးပီး သူ့ကိုမကျွေးတော့ မကောင်းပါဘူးဆိုကာ ခွဲပေးမလို့ပဲလေလို့ တွေးမိကာ စိတ် လျော့လိုက်သည်။ 


အဖျားပျောက်တဲ့ညကပဲ အိမ်ပြန်အိပ်ကာ နောက်နေ့ကစပြီး ကပ္ပလီတို့ တဲမှာသာ ကိုမင်းမင်းတစ်ယောက် အနေများသလို။ ညဘက်လည်း ထုံးစံအတိုင်း ထိုနေရာမှာသာ ပြန်အိပ်သည်ထင်သည်။ ညတိုင်း သူ့ကို မျှော်ပေမယ့် မလာ။ လူသာမလာပေမယ့် လျှော်စရာ အ၀တ်တွေ၊ ပြသနာတွေက ရောက်လာတတ်သည်။။ waiter တွေ လာလှမ်းတဲ့ အ၀တ်တွေ အဆိုးဆုံး အတွင်းခံတွေယူဝတ်တာ ၊ကျွန်တော့် နံရံကပ် ဘီရိုသေးသေးလေးထဲ သူတို့လာထားတတ်သော ပိုက်ဆံအချို့၊ အလှကုန်ပစ္စည်းအချို့ ယူသုံးတာတွေက များလာသည်။ ဟိုဘက် မြို့ပြင်က ကွမ်းယာရောင်းသောရွာခံမိန်းကလေးတစ်ယောက်အား သူနှင့် ကပ္ပလီတို့ အပြိုင် ပိုးပန်း ကာ လူပျိုလှည့်သည့်သတင်းကလည်း ကျွန်တော့်နားထဲရောက်လာသည်။ 


အဘိုးပြန်ရောက်တော့ ကိုမင်းမင်း အိမ်မှာ ဘာကြောင့်မအိပ်လည်းမေးတော့ ကျွန်တော်လည်း မသိကြောင်း ပဲပြောရသည်။ ရန်ဖြစ်တာမဟုတ်ကြောင်း သူ့ ကပ္ပလီတို့တဲမှာသာအိပ်ကြောင်းပြောရတော့သည်။ အဘိုးက ခေါ်ခိုင်းတော့ ကျွန်တော် သွားခေါ်ရသည်။သူကလည်း ကျွန်တော့်ကို ရှောင်နေသည်။ ကျွန်တော် နေ့လယ်ဘက် သူတို့ခြံကိုသွားတော့ အိမ်ပြန်အိပ်ဖို့ အိမ်မှာပြန်လာနေဖို့ ကိုမင်းမင်းကိုခေါ်ကြည့်ပေမယ့်။ သူက ခေါင်းခါကာ မပြန်တော့ဘူးလို့ပြောသည်။ ဘာကြောင့်လဲလို့ကျွန်တော်က မေးတော့။
“ မပြောချင်ဘူး…. မင်းနဲ့ နေတာက စိတ်ကျဉ်းကျပ်တယ်။… ည..ည.. မင်းကိုလုပ်ရတာ…အားကုန်တယ်….. အာ့ကြောင့် ငါနေမကောင်းဖြစ်တာ….မင်း ဘာသာ မင်း နေပါ… ငါ စိတ်ညစ်နေတယ်… “
“ကျွန်တော် ဘာများလုပ်လို့လဲဗျာ။ ကျွန်တော်နဲ့ ပြန်လာနေပါ။ အဘိုးကလည်း ခေါ်နေတယ်။ ကိုမင်းမင်း မကြိုက် တာရှိရင် ပြင်ပါ့မယ်ဗျ။ လာပါ.. “
ကျွန်တော် ၀မ်းနည်းသွားမိသည်။
သူ မလိုက်ချင် လိုက်ချင်နဲ့ အဘိုးခေါ်ခိုင်းတယ်ဆိုလို့ လိုက်လာခဲ့သည်။ ကျွန်တော် လိုက်အိမ်ပေါ်သို့ လိုက်မတက်တော့ပါ။
အိမ်ပေါ်မှာ သူအဘိုးနဲ့ စကားပြောပြီး ပြန်ဆင်းလာတာကိုတွေ့မိသည်။


နေ့လယ် အိမ်ပြန်ရောက်တော့ အဘိုးက-
“ မင်းမင်းက သည်အိမ်မှာနေရတာ စိတ်ကျဉ်းကျပ်လို့တဲ့။ သူက ပေါက်လွတ်ပဲစား ညဘက်ထွက်နေတာ ငါသိသားပဲ။ မအိပ်လည်းနေပေါ့ကွာ။ ငါက သည်မှာ လွတ်လွတ်လပ်လပ်နေရအောင် ခေါ်ထားတာ တော်တန် ရုံမခေါ်ဘူး။ ညဘက် မိန်းမထွက်ပီး ဖွန်ကြောင်တာ ခြံကျော်တတ်တာဆိုတော့ သူ့ဘာသာသူ မလုံမလဲဖြစ်တာ နေမှာပါ ကပ္ပလီနဲ့က ပေါင်းလို့ရမှာပေါ့။ စည်းလွတ် ၀ါးလွတ်တွေကို…”
သည်လိုနဲ့ ကိုမင်းမင်းတစ်ယောက် ကျွန်တော်နဲ့ သူလိုချင်တာရှိမှလာတွေ့တော့သည်။ ကျွန်တော့်ကို ခပ်ရှောင် ရှောင်လုပ်လာသည်။ ကျွန်တော် တော်တော်စိတ်မကောင်းခဲ့။ ညဘက် သည်လိုအချိန် သူနဲ့အိပ်ခါနီးတိုင်း အတူတူချစ်ခဲ့တဲ့ အချိန်တွေကို သတိရမိသလို။ တည်ငြိမ်နေတဲ့ တဏှာစိတ်တွေကို သူက အချိန်မှန် နှိုးဆွကာ အကျင့်ဖြစ်အောင်လုပ်ပီး ခုကျွန်တော်လိုတော့်မှာ ကျွန်တော့်ကို စွန့်ပစ်သွားသလိုခံစားရသည်။ သူ့ကို လူချင်းတွေ့ကာ စကားပြောပြီးရှင်းချင်ပေမယ့် သူကလာမတွေ့။ ကျွန်တော့်ဆီ ရေပင်လာမချိုးတော့။


တစ်နေ့ နေ့လယ် သူ့အိမ်ယာထုပ်အား ကပ္ပလီဖြင့်လာယူသည်ကိုတွေ့လိုက်ရသည်။ညဘက် ကျွန်တော် အရူးတစ်ယောက်လို ၀မ်းနည်းကာ ခိုးပြီးငိုမိ သတိရမိသည်။ သူနဲ့ ကပ္ပလီက တစ်တွဲတွဲ နေ့ခင်းဘက် ကျွန်တော်မရှိချိန် အိမ်မှာလာအိပ်နေကြ။ ပြီးတော့ ကပ္ပလီကို ကျွန်တော့်ဘက် တွန်းပို့နေသလား အောက့်မေ့ရသည်။ ဥပမာ- သူဆေးလိပ်သောက်ချင်လည်း ကိုယ်တိုင် ပိုက်ဆံလာမတောင်းတော့ ကပ္ပလီကို လွှတ်သည်။ ကပ္ပလီကို မကောင်းပြောရင် သူမကြိုက်ပေ။ ကျွန်တော်နဲ့တွေ့တိုင်း စကားနည်းနည်းပဲပြော ကာ ရှောင်တတ်သည်။ သူနဲ့ ကျွန်တော့်ကြားက ကပ္ပလီက အဆက်အသွယ်တစ်ခုဖြစ်နေတော့သည်။
လူက သူနဲ့အတူတူမနေရတဲ့ညတွေများလာသလို သူအလိုးမခံရသဖြင့်လည်း စိတ်တွေက ထကြွကာ နေမထိ ထိုင်မသာဖြစ်နေသည် အချိန်ရောက်တိုင်းပင်။ သူမိန်းကလေးရည်းစားရနေကြောင်း ကပ္ပလီကတဆင့်သိရသည်။
ကျွန်တော်က ယောက်ျားလေးတစ်ယောက်ပဲ မိန်းမ မှ မဟုတ်တာ သူမကြိုက်တာ မဆန်းပေမယ့်။ ကျွန်တော်က တော့ သူ့ကိုကြိုက်နေတာ ဆန်းနေသည်။ ပိုဝေးမှ အရမ်းလွမ်းတတ်ချစ်တတ်သလို ဖြစ်နေသည်။ သူ ဘာဖြစ်လို့ ကျွန်တော့်ကို သည်လိုလုပ်ရတာလဲ ကျွန်တော်သူ့အပေါ် ကောင်းအောင်နေခဲ့တယ်။ သူအစ ကတည်းက မိန်းကလေးရည်းစားထားမယ်ဆို ကျွန်တော့်ကိုအပျော်သဘောနဲ သည်လို လိုးခဲ့တာလား။ သူ မလုပ်သင့်ပေ။ ထားပါတော့ ကျွန်တော်ကလည်း စိတ်ပါလို့ဖြစ်ခဲ့တာပဲလေ။


သည်မနက် ဈေးသွားတော့ သူ့အတွက် အနက်ရောင် T-shirt နဲ့ ဂျင်းအတိုလေးကို သဘောကျကာ ၀ယ်ပီး ကပ္ပလီကတဆင့် သူ့ကိုပေးလိုက်သည်။ သူလက်ခံသည်တဲ့။ညနေ ကျွန်တ်ာသူ့နေတဲ့ တဲရှိရာ သံပုရာခြံကို လာဖို့ သူကိုယ်တိုင် နေ့လယ် ထမင်းစားရင်းလာပြောသည်။ထိုနေ့ပင် မင်းမင်းအတွက် ပြသနာတက်တဲ့နေ့ဖြစ်ခဲ့လေသည်။ကျွန်တော်မုန်းသော သူများအတွင်းခံတွေ ယူဝတ်တာ မင်းမင်းဖြစ်မှန်း။ သူများအသုံးအဆောင်တွေ ယူသုံးတာ။ ပိုက်ဆံတွေ တွေ့ရင်ယူတာ။ အဆိုးဆုံးက အဘိုး ပိုက်ဆံအချို့ကိုပင်မက ဖိနပ်အသစ်ကိုပင် ညဘက် ခိုးစီးတာကို အဘိုးကိုယ်တိုင် သိသွားယုံမက အ၀တ်ချိတ်တွေကို ခိုးယူသုံးတာပါ မိတော့ ခေါ်ယူဆုံးမကာ နောက်တစ်ခါဆို အလုပ်ထုတ်ကာ ခြံထဲကထွက်ရမယ်ဖြစ်ကြောင်းပြောပြီး သူ့အ၀တ်အစားများကိုပါ အိမ်မှာ လာမထားရန်ပြောကာ ကျွန်တော့်အား သူ့အ၀တ်ထုတ်ပေးလိုက်သည်။


ကျွန်တော်စိတ်မကောင်းပေမယ့် ဘာမှမတတ်နိုင်ပါ။ သူ့ကို လူတိုင်းက ချဉ်နေကြသည်လေ သူ့အကျင့်တွေကို သိသွားတာကိုး။ ကျွန်တော်သာ မပြတ်နိုင်တာ။ အဘိုးက အိမ်ကို မလာရန်ပင် ပြောထားတော့သည်။
“ မင်း ဟိုတစ်ခါ ပိုက်ဆံပျောက်တာ။ ဘောင်းဘီပျောက်ကတည်းက ငါစုံစမ်းနေတာ ငါ့အိမ်မှာ တစ်ခါမှ သည်လိုမဖြစ်ဖူးဘူး သည်ကောင်လာမှဖြစ်တာ။ ငါခရီးသွားတုန်း ဘာဖြစ်နေတာလဲဆိုတာ ငါစုံစမ်းခိုင်းတော့ သည်ကောင် ခိုးတာ။ ၀ှက်တာ။ အကျင့်မကောင်းတာသိရတယ်။ မနေ့က ကပ္ပလီပြောမှ သည်ကောင်က အရင်က ဘူတာကြီးဘက် ထမင်းဆိုင်မှာ ထမင်းချက်လုပ်တုန်းက သည်လိုပဲ ခိုးတတ်တာတို့ ။ အခြောက်မတွေ မိန်းမပျက်တွေနဲ့ လိုးတာ သိရတယ် ရုပ်ကလေး သနားကမားနဲ့ အကျင့်က မကောင်းဘူး။ ဟိုနေ့က မင်းကို ဘာလို့လာပြန်မအိပ်တာလဲ မေးဖို့ ခေါ်ခိုင်းကတည်းက ငါသူ့ကို သတိပေးထားပြီးပြီ ဒါပေမယ့် သည် ကောင် က အင်း ဆိုပီး လုပ်ချင်တာလုပ်နေတယ်။ သတိထားပါ ပိုက်ဆံတွေ ပစ္စည်းတွေကို ရော့ မင်းနံရံကပ်ဗီရိုကိုလည်း သော့ခတ်ထားတော့…”
အဘိုး တော်တော် ဒေါသထွက်နေသည်။ ကပ္ပလီက ဘာလို့ဖော်ကောင်လုပ်တာလဲ သူလည်း မင်းမင်းနဲ့ ပေါင်းနေတာပဲဟာ။ အဘိုးပြောသလိုဆို မင်းမင်းက တော်တော်ဆိုးတာပဲ။ ငါ့နဲ့ ကိုမင်းမင်းအကြောင်းတွေ အဘိုး မသိလောက်ပါဘူး။ သိများသိသွားသလား မသိဘူး။ ဘုရား…ဘုရား…
ကျွန်တတော် သက်ပြင်းချကာ… သော့အားလှမ်းယူလိုက်မိသည်။
သည်ညမိုးမရွာပေမယ့် လသာသည်။ 10 နာရီအထိ မအိပ်သေးဘဲ သံပုရာခြံဘက်ကိုထွက်လာမိသည်။ မင်းမင်း ပြန်ရောက်ပီလားမသိ။ ခြံထဲမှာရော တဲမှာရော ဘယ်သူမှမရှိပေ။ တစ်အောင့်လောက်ကြာတော့ ခြံအပြင်ဘက်ကနေ ကိုမင်းမင်း သံပုရာခြံဘက် ကူးလာတာမြင်လိုက်ရတော့ ကျွန်တော်ဝမ်းသာသွားသည်။
ကျွန်တော် ၀ယ်ထားသော T-Shirt အင်္ကျီ အနက် ဂျင်းဘောင်းဘီနဲ့ လိုက်ဖက်နေသော ကိုမင်းမင်းကိုတွေ့လိုက်ရသည်။ ကျွန်တော့်စိတ်ထဲ ပျော်သွားသည်။ သူ့အား ပြေးဖက်လိုက်မိသည်။ သူကတော့ ကိုယ်လုံးကိုတောင့်ကာ အလိုက်သင့် ကျွန်တော့်အား ပြန်ဖက်ထားလိုက်သည်။ 


အပိုင်း (15) အားဆက်လက်တင်ပေးပါမည်။
ချစ်ဦးကို

No comments:

Post a Comment

အချစ်တစ်ခု ပြယုဂ်တစ်ခု

“......................”  သားကြီးဆီမှ ကြားလိုက်ရသော နာမည်ကြောင့် ကျွန်မတစ်ကိုယ်လုံး တောင့်ခဲ သွားသည်။အဆုံးမရှိသောတွင်းနက်ကြီးထဲသို့ ပြုတ်ကျ...