Friday, July 25, 2014

ခေါ်ကံသော ယောက်ျား….၊ မပို့ချင်သော အခြောက်မ

Guest House တစ်ခုတွင်ဖြစ်သည်။

အချိန်က လင့်နေပြီ….။ သူငယ်စားချိန်..

          ဘေးခြင်းယှဉ်လျှက် အခန်းနှစ်ခန်းမှ အခြောက်မနှစ်ယောက် ဖင်ကို အစွမ်းကုန်ခါလျှက် ကိုယ်စီထွက်လာ

ကြလေသည်။ အခြောက်မ အပွင့်မဖြစ်နေရသဖြင့် ဖင်ကို အားယူကာ ခါနေရသော်လည်း နှစ်ဦးစလုံးမှာ ချွေးများတ

ပြိုက်ပြိုက်ကျသည်အထိ မောပန်းနေကြပါသည်။ ထိုအခြောက်မနှစ်ယောက်မှာ တစ်ဦးကိုတစ်ဦးမြင်သည်နှင့် မျက်န

ှာကို အစွမ်းကုန်ရှုံ့မဲ့လိုက်ကြလျှက် ‘စိတ်ညစ်လိုက်တာ’ ဆိုသော မျက်နှာပေးဖြင့် လက်ဖဝါးခြင်း ဖြောင်းကနဲ မြည်

အောင် ရိုက်ချလိုက်ပါသည်။

သေချာပါသည်။ ထိုအထာသည် သူတို့ စားဖို့ခေါ်လာသော သူငယ်များ “ဂလန်” ပြန်သွားပြီဟု ဆိုလိုလိုက်ကြခြင်

းသာဖြစ်ပါသည်။



x x x x

(အခန်း- ၁။ မပို့ချင်သော အခြောက်မများ)



          နေရာ -                   Ice Berry, Dagon Centre

          အချိန် -                   ညနေငါးနာရီ တိတိ။

          အကြောင်းအရာ -      အခြောက်များ၏ ဂေါင်ဖြစ်သော အခြောက်အကြီးအမှူး တစ်ဦးက လှဲနေ သူငယ်

အောင်း၊ တံတားစောင်းမကျန် အခြောက်မများကို ဆင့်ခေါ်ယူလိုက်ခြင်း။ သူငယ်ကိစ္စဟုပြောသော်လည်း အကြောင်

းအရာအား detail မသိရ….။

        

          ……………………………..

          အခြောက်မ အပွင့်များသာမက၊ အပုန်းများပါမကျန် Dagon Centre ရှိ Ice Berry တွင် ခြေခြင်းလိမ်နြေ

ကသည်။ လူတွေလည်း တော်တော်များသဖြင့် Ice Berry မှဝန်ထမ်းများလည်း တော်တော်အလုပ်ရှုပ်နေကြပါသ

ည်။ နေရာတွေလည်း မရကြသဖြင့် မတ်တပ်ရပ်ကာ စူပုတ်နေသော အခြောက်များလည်း မနည်းမနောပင်။ အြေ

ခာက်တို့၏ ထုံးစံအတိုင်း ငြိမ်သက်စွာမနေကြပဲ ခွီကြနှောက်ကြနှင့် အသံပေါင်းများစွာ ဆူညံနေကြပါသည်။ အေ

ရးထဲ sex partner ရှာကာ role ညှိနေကြသူများလည်းရှိသေးသည်။ ထိုစဉ် တစ်ယောက်က ထပြောပါသည်။

          “ဟဲ့ တိတ်စမ်း.. တိတ်လိုက်ကြစမ်း….”

          အားလုံးအပ်ကျသံမကြားရအောင် ချက်ခြင်း တိတ်သွားပါသည်။ ထိုအခြောက်က ဆက်ပြောပါသည်

          “ဖုန်းဆက်ပြီ။ လူအရမ်းများနေလို့ စိန်းလန်းကိုပဲ လာခဲ့ကြလိုက်တော့တဲ့……ကဲ…….”

          “အာ….. ဂယက်တော့…..”

          “ဟယ်.. ဂယော်ထော်…….”

          အခြောက်များထုံးစံအတိုင်း အသံများဆူညံသွားကြပါတော့သည်။ မသွားကြသည်တော့မဟုတ်ပေ။ အားလုံး

ကိုယ်စီ ကိုယ့်အစုနှင့်ကိုယ်သွားလာဖို့ တာစူကြတော့သည်။ သွားခါနီး တစ်ယောက်က ‘အခြောက်မှန်သမျှ ချီတ

က်ကြဟဲ့’ လို့ မွှေစိန်လုပ်ပြီး အော်လိုက်သေးသဖြင့် Ice Berry ကစားပွဲထိုး အပုန်းလေးခမျာမှာ ဗန်းတွေပြစ်ချပြီးေ

ပြးပဲ လိုက်ရတော့မလို….၊ မသိချင်ယောင်ဆောင်ပြီး အလုပ်ပဲ ဆက်လုပ်ရတော့မလိုဖြစ်သွားရပါတော့သည်….။

x x x x



          “ကျွန်မလေ.. သူငယ်ခေါ်စားတယ်ဆိုတာ စကားသာ အဖတ်တင်ပါတယ်ရှန်..။ ကျွန်မကပဲလေ ဟောဒီ့

ဆံပင်အရှည်ကြီးကို မျက်ခုံးမွှေးဆွဲခဲတံနဲ့ လိပ်တင်ပြီး ပြန်ပို့လိုက်ရတယ်။ သူငယ်က ဂလန်တော့။ ဂလန်တာမှ

ရှယ်ဂလန်။ ကျွန်မကပဲ မပို့တတ်ပို့တတ်နဲ့သာ ပို့လိုက်ရတာ။ ကျွန်မပို့ပြီးတာနဲ့ သူက တန်းအိပ်ကရော။ ကျွန်မမှာ အ

ကြီးအကျယ်တွေ အာပြီးကျန်လို့….။ အဲဒီ့နေ့က ကျွန်မ မခံလိုက်ရဘူးရှင့်။ အားကြီး စိတ်ဆိုးတာပဲ….”

          ‘သူငယ်များနှင့် အင်္ဂလန်’ ဟူသော ဆွေးနွေးနှီးနှောပွဲဖြစ်သဖြင့် တစ်ယောက်နှင့် တစ်ယောက် အတွေ့အကြံ

ုများ ဖလှယ်နေကြခြင်းဖြစ်ပါသည်။ ကြိုက်ရာလူ ထပြောနိုင်သဖြင့် အပွင့်မတစ်ယောက်က စိတ်ဆိုးမာန်ဆိုးနှင့် ထေ

ပြာနေခြင်းဖြစ်ပါသည်။ အပွင့်မက ပြောရင်း တနုံ့နုံ့ပြန်တွေးမိသည်ထင်သည်။ မျက်နှာမှာ နာကျဉ်းရိပ်များသန်း

လာသည်။

          “အံမယ်လေး ကျွန်မဘဝက ပိုဆိုးသေး။ ကျွန်မဆိုရင် သူငယ်တစ်ယောက်ကို ဂါနေအောင်တိုက်ပြီး သ

ယ်ချလာတာ။ ဟယ်.. သူငယ်က အခန်းထဲရောက်လို့ အဝတ်တွေလည်း ချွတ်ပြီးရော ကျွန်မကို အရင် ကီးချလိုက်

တော့တာပဲ။ မလုပ်ပါနဲ့ အကိုရယ် ကျွန်မက မရဘူးလို့ပြောလည်း လက်မခံဘူး အတင်းဇွတ်ကြီး ကီးပြစ်တာတော့..။

ကျွန်မလို bottom only ကိုလေ၊ စိတ်မပါပါဘူး အဲဒီ့ဘက်ကို မသန်ပါဘူးဆိုတာကိုတောင် မရမက တော်ကော

င်လာအောင် ကီးချလိုက်နိုင်တာ အံ့ပါရဲ့။ ပြီးတော့လည်းလေ သူက သူ့စအော်ကိုကို သူ့ဘာသာသူတံတွေးဆွတ်ပြီး

အပေါ်က တက်ဆောင့်တာ။ ဟယ် မောင်မျိုးမင်းနဲ့လည်း ဝင်တာပဲနော်။ ဂလန်သက်က ရင့်နေတာနဲ့ တူပါ့။ အံမယ်

လေး ကျွန်မဆိုတာ ဒီလို ဒီလိုတွေ ပုလင်းကွဲရှတာပါဆို………။ ငိုတောင်ငိုမိတယ် အဲဒီ့နေ့တုန်းက……….”

          Bottom တစ်ယောက်က ထပြောခြင်းဖြစ်ပါသည်။ နောက်တစ်ယောက် ထပြောပြန်သည်….

          “အော်ဖော်တွေထဲမှာလည်း ရှိသေးတယ်မမတို့ရဲ့။ သာမီးဆိုရင် တစ်ရက်က သူငယ်ထောင်တာ မရလို့

အော်ဖော်ခေါ်စားတာ။ ဟယ်.. အော်ဖော်ကောင်က ဂလန်ဖြစ်နေတာ…။ အဲဒီ့ညက သာမီးကို ပို့ပြီးတော့လေ သူ

ကဘာပြောတယ် မှတ်တုန်း။ အခုငါပြီးပြီဆိုတော့ နင့်အလှည့်ပေါ့တဲ့..။ အံမယ်လေးဟဲ့ ခေါင်းလေးကိုငုံပြီး ရှက်စနိုး

နဲ့ပြောတာများ ချစ်စရာတောင် ကောင်းနေသေး။ သာမီးက ver ဆိုပေမယ့် ကြိုပြီးရင် မပို့ချင်တော့ဘူးဆိုတာကို

လည်း မရဘူး မမတို့ရေ။ တစ်အောင့်နေတော့ သာမီးကို အတင်းလာလိပ်တာ။ သာမီးလည်း ရှောင်ပါသေး၊ ငြင်းပါ

သေးတယ်။ မလွှတ်စတမ်း အားကြိုးမာန်တက် လာလိပ်နေတာနဲ့ ဟယ်ဒီလောက်ဖြစ်လှတာဆိုပြီး သုံးချီဆက်တိုက်

ပို့ချလိုက်တယ်။  ကဲ.. မှတ်ကရော……”

          “ဟယ်.. ကမဆိုတာ သန်တယ်တော့။ သုံးခါတောင်ပို့တယ်ဆိုပဲ။ အံမယ်လေး.. ကမ ကျေနပ်တယ်…”

          “အေးလေ.. ဟဲ့.. အပြန်ကျရင်လိုက်ခဲ့စမ်းကောင်မလေး။ မမကိုလည်း တစ်ခါလောက်တော့ ပို့ပေးစမ်းပါ

ဟယ်..”

          အပုန်းမလေးတစ်ယောက်ထပြော အပြီးတွင် စောစောက အတော်ကြာအောင်ငြိမ်နေကြသော အြေ

ခာက်များ ပွက်လောရိုက်ကာ တဖြည်းဖြည်း ဆူညံလာကြတော့သည်။ အခြောက်တို့၏ အငြိမ်မနေတတ်သော ထုံး

စံအတိုင်း စခွီကြတော့မည်၊ သူဝုန်းကိုယ်ဝုန်းတွေ လုပ်ကြတော့မည်ဆိုတာ သိသဖြင့် ဒီနေ့ပွဲ၏ အကြီးအကဲြေ

ခာက်မကြီးက စားပွဲတွေ ဆက်ထားသော အရှေ့ဆုံးမှာ ထိုင်နေရင်း.. ‘တိတ်စမ်း….’ ဆိုပြီး အကျယ်ကြီးအော်ချ

လိုက်ပါသည်။ အခြောက်မတွေသာမက၊ ကွက်ကြည့် ကွက်ကြည့်လုပ်ကာ ရယ်နေကြသော စားပွဲထိုး စပိမတွေပါ

ပါးစပ်ပေါက်တွေပိတ်သွားကြသည်။

          “ကဲ…. အတွေ့အကြုံတွေလည်း စုံနေအောင် နားထောင်ပြီးကြပြီဆိုတော့ အတွေ့အကြုံလေးတွေကို ရ

ပ်လိုက်ကြတော့။ မမအနေနဲ့ ဒီက သာမီးတွေ၊ သားတွေကို ပြောဆို တိုင်ပင်စေချင်တာက အဲဒီ့ သူငယ်တွေအင်္ဂလန်

ပြန်တဲ့ ကိစ္စကို ဘယ်လိုရပ်တန့်အောင် လုပ်ရမလည်း ဆိုတာကိုပဲ….”

          အားလုံး အလေးအနက်စဉ်းစားနေကြသည့်ပုံဖြင့် ငြိမ်သွားကြပါသည်။ အတော်ကြာအောင် ငြိမ်နေကြပြီးမှ

အခြောက်မတစ်ယောက်က မနေနိုင်မထိုင်နိုင် ထခွီတော့သည်….

          “သူတို့ စအော်ကိုကို ရွှံ့စေးတွေနဲ့ ဆို့ထားပြီး ခြောက်သွားအောင် လေသလပ်ခံလိုက်ရင်ရော….”

          “ဟဲ့ မလုပ်ပါနဲ့။ နေပါစေ။ သနားပါတယ်”

          “အေးလေ ကမဆိုတာ ခြောက်ထောင့်နှစ်ရာ့ငါးဆယ်ကျပ်တွေ သိပ်ပြောတာ (၆၂၅၀ကျပ် = အိုဗာတင်း)။

အော်ကီးတွေ ပေါ်ကာလို့မရရင် နင်တာဝန်ယူမှာလားပြော………”

          “ငါပြောဦးမယ်။ ဟဲ့ ။ ဒီကိုလည်းမေးပါဦး။ ဟဲ့…. သူငယ်ကို တစ်ရက်လောက်ခေါ်ပို့ပြီး ရခိုင်မုန့်တီကို င

ရုတ်သီးတွေအများကြီးနဲ့ ကျွေးချလိုက်ရင်ရော။ အိမ်သာတက်ရင် စပ်လို့ နောက်ဆို ဂလန်ရဲတော့မှာ မဟုတ်ဘူး…”

          “ဟယ်..ဖော်လော်မော် နင်ကပိုဆိုး။ မဂလန်အောင် တားပါတယ်ဆိုမှ ပြန်ပို့ဖို့ အရင်စဉ်းစား…..”

          “ဟဲ့အေးလေ.. ကောင်မဆိုတာ မထော်တာတွေ….”

          တစ်ယောက်က စခွီတာနဲ့ အကုန်လုံးက အနောက်ကနေ ဝိုင်းခွီကြတော့သည်။ သက်ကြားအို ခြောက်မြ

ကီးမှာလည်း မနိုင်တော့သဖြင့် ဘာမှ မပြောတော့ပေ…။ အခြောက်များကတော့ ထုံးစံအတိုင်း လူစုံလေလေ၊ ခွီလို

့ကောင်းလေလေဖြစ်သဖြင့် အကြီးအကျယ်ကို ခွီကြပါတော့သည်။ သို့ပေမယ့် ခွီကြနှောက်ကြရင်း တစ်ခါတစ်ခါ

အတည်စကားများတော့ ထွက်လာပါသည်။ အဲဒီ့အတည်စကားများကို အမြန်အမြန် မှတ်ထားပြီး အကြမ်းဖျင်းအ

ချက်များ ထုတ်နှုတ်ကာ ကြေငြာလိုက်ရတော့လေသည်။



သူငယ် အင်္ဂလန်မရောက်ရေး အကြမ်းဖျင်း စည်းခြောက်ချက်

(၁)  အခြောက်များအနေဖြင့် မိမိတို့၏ သူငယ်များအား လုံးဝပြန်မပို့ရ။ ပေးမကီးရ။ ယုတ်စွအဆုံး လာလိပ်လျှ

င်ပင်လက်မခံရ။

(၂)  သူငယ်ဘက်မှ ထိုကဲ့သို့ မရမကပြုမူပါက မိမိတို့၏ အတူနေချင်စိတ်၊ ဖွာသောစိတ်များကို မြိုသိပ်ကာ ထိုသူ

ငယ်အား နောင်ကျဉ်အောင် ပလစ်ရမည်ဖြစ်သည်။ ပလစ်လို့မရသော သူငယ်များအား နာအောင်ပြောရမည်။ ဥပမာ

- နင်က ငါတို့နဲ့ လိုင်းတူတူပါပဲညီမရယ်။ ငါတို့နဲ့ တူတူလိုက်ခေါ်ကံပါလား စသည်ဖြင့် သူငယ်အား ‘မခံချင်အောင်’ေ

ပြာရမည်။

(၃)  သူငယ်ထောင်သောအခါ….၊ အရက်ကို အလွန်အကျွံ ဂါနေအောင် မတိုက်ရ။ အရက်မူးလျှင် ကျွဲခိုးပေါ်တ

တ်သဖြင့် သူငယ်၏ ခေါ်ကံချင်သော စိတ်ရင်းခံများ ပေါ်လာလိမ့်မည်။ အတော်အသင့်သာ တိုက်ရန်။

(၄)  အတူဂျိန်းချိန်တွင် သူငယ်၏ ဖော်ကင်အား မကိုင်ရ၊ မထိရ။ လက်ဖြင့်မကလိရ။ သူငယ်မှာ ထိုမှစ၍ အရသာ

တွေ့သွားတတ်သဖြင့် သူငယ်အား ထိုသို့မျှပင် အစမပျိုးရပါ။ အဆိုးဆုံးက အာဘာဂျိုးမပေးရ….။

(၅)  ခေါ်ကံသည့် အရသာ ကောင်းကြောင်း ဘယ်တော့မှ မပြောရ။ သူငယ်များ မေးလာပါကလည်း မကောင်းပါ၊

အလွန်တရာမှ နာကျင်ခံစားရပါသည်ဟုသာ ပြောရမည်။ ခေါ်ကံသော အခါတွင်လည်း မျက်နှာကိုရှုံ့မဲ့ထားရမည်။

ကောင်းလိုက်တာဟုလည်း မအော်ရပါ။ အံကိုကြိတ်ကာ အောင့်ထားရမည်ဖြစ်သည်။

(၆)  နောက်ဆုံး မတတ်သာသည့်အဆုံး အင်္ဂလန်သွားဖို့အတွက် လက်မှတ်ရောင်းမိပါက နီးစပ်ရာ ဝါရင့် ခြော

က်မများ၏ဖုန်းနံပါတ်များကို ‘ချက်ခြင်း’ ဆက်သွယ် အကူအညီတောင်းပါရန်….

………………………………………………………………………………………………………..

ပုံ /

ဝါရင့် သဘာရင့် ခေါ်ကံသက်ရင့် သက်ကြားအို အခြောက်မ



          “အဟင့်….ဟင့်………….”

          ကြေငြာသံပြီးသည့် အဆုံးတွင် စားပွဲခုံထောင့်တစ်နေရာတွင် တစ်ချိန်လုံးငြိမ်သက်စွာ ထိုင်နေသော အပုန်

းမတစ်ယောက်က တရှုံ့ရှုံ့ထလုပ်တော့လေသည်။ အားလုံးက သူ့အား သို့လော သို့လောဆိုသော အတွေးများဖြင့်

စိတ်ဝင်စားစွာကြည့်ကာ မေးကြပါသည်။

          “ဟဲ့ ဘာဖြစ်တာလည်း။ မကျေနပ်လို့လား။ လိုအပ်တာ၊ ကျန်ခဲ့တာများရှိလို့လား ကောင်မလေး”

          “အေး ပြောပါဦးကမရဲ့။ တရှုံ့ရှုံ့လုပ်မနေနဲ့။ ပြောစရာရှိတာပြောချလိုက်”

          “အေးလေ….”

          “မဟုတ်ပါဘူး မမတို့ရယ်။ မနေ့က လင်နဲ့ဂျိန်းထားတာ စအော်ကိုတွေ အရမ်းယားနေလို့၊ ကျမ ဂလန်ပြန်ပို

့ထားတဲ့ လင်လေးလည်း ယားရှာမှာပဲ ဆိုပြီး သတိရသွားတာနဲ့ စိတ်မကောင်းဖြစ်မိလို့ပါ………”

          အားလုံး.. တစ်ညီတစ်ညွတ်ထဲ တလုံးတခဲကို ဆဲချလိုက်ပါတော့သည်။

          “ဖေ……. လိုးမ (စ်)”

        

x x x x

(အခန်း- ၂။ ခေါ်ကံသော အခြောက်မတို့၏ ယောက်ျားများ)



          အခြောက်မများအနေဖြင့်လည်း အကြမ်းဖျင်းစည်းကမ်းခြောက်ချက်ကို ထိန်းသိမ်းပြီး နေထိုင်ကြသဖြင့် သူ

ငယ်များ၊ သူတို့၏ လင်ယောက်ျားများ.. အင်္ဂလန်ပြန်သော ကိစ္စများမှာ တစ်ဖြည်းဖြည်းလျော့ပါးသွားပါသည်။ သ

က်ကြားအို အခြောက်မကြီးမှာလည်း ဘယ်လောက်ထိစေ့စပ်လဲဆိုရင် offer ခေါ်ပေးသော အဆွယ်များအား ‘ဂလန်

ပြန်သော offer ခေါ်ပေးပါ’ လို့တောင်းဆိုတဲ့ အခြောက်ရှိရင် လာတိုင်ပါ။ ပိုက်ဆံပေးပါ့မယ်ဆိုပြီး ပြောထားသဖြင့်

လုပ်ချင်ရင်တောင် မလုပ်ရဲကြတော့ပေ။ ဤသို့ဖြင့် အခြောက်လောကတွင် အင်္ဂလန်ဆိုသောစကားသည် တဖြည်ြး

ဖည်းပျောက်ကွယ်စပင် ပြုလာပေတော့သည်။

          အဲဒီ့မှာ အကျပ်ရိုက်ကြသည်က သူငယ်များပင်ဖြစ်သည်။ ဂလန်ပြန်တတ်သော သူငယ်များမှာ သူငယ်အ

ချင်းချင်းလည်း မခေါ်ကံရဲ….၊ အခြောက်မများနှင့်သာ စိုးစိုးစံရဲကြသဖြင့် အခုလို အခြောက်မတွေက ပြန်မပို့တော

့သောအခါ ခေါ်ကံချင်စိတ်ဖြင့် ယောက်ယက်ခတ်ကြတော့သည်။ ဂလန်offer များမှာလည်း အင်္ဂလန်ပြန်ရသည့် အ

ရသာကို လွမ်းလာမိကြတော့သည်။ တစ်ယောက်နှင့်တစ်ယောက်လည်း ဖွင့်မပြောရဲကြသဖြင့် တိုင်ပင်လို့မရပဲ ဖြစ်

နေလေသည်။

          အဲဒီ့အချိန်တွင် အခြောက်အချင်းချင်း စိတ်ဝမ်းကွဲမှုတစ်ခု ဖြစ်လာပါသည်။ ဘာအတွက်ကြောင့် စိတ်ဝမ်းကွဲ

ကြသည်ဟူ၍ သေသေချာချာမသိရသော်လည်း ထိုကိစ္စဖြစ်ပြီးနောက်ပိုင်းတွင် ဓာတ်ဆီပုံးကိုင်ကာ ဟိုလောင်းဒီ

လောင်း လိုက်လုပ်နေသော အခြောက်မတစ်ယောက်က ဂယက်ထကာ ကြေငြာမှုတစ်ခုလုပ်တော့သည်။

          ‘သုံးလအတွင်း အခြောက်တွေကို အင်္ဂလန်ပြန်နိုင်သော သူငယ်များနှင့် offer များအား ဆုတော်ငွေ အြေ

မာက်အများချီးမြင့်မည်။ အချိန်မရွေးလာထုတ်နိုင်ပါသည်’ ဟူ၍ဖြစ်သည်။ ခေါ်ကံချင်သော ဂလန်သူငယ်များသည်

ထိုသတင်းကိုကြားသည်နှင့် ဆုတော်ငွေဆိုသော အကြောင်းပြချက်ကို လက်ကိုင်ထားလျှက် မိမိတို့ ဆိုင်ရာ ဆိုင်ရာ

အခြောက်မများထံ အတင်းကို ပြေးကပ်ကြပါတော့သည်။ အခြောက်မများကိုလည်း မိမိတို့ ကျွမ်းကျင်ရာ နည်းစ

နစ်များ၊ သိသလောက်မှတ်သလောက်များနှင့် အတင်းမြူဆွယ်ကာ ဂလန်ပို့ခိုင်းကြပါတော့သည်။ အခြောက်များမှာ

မျက်ရည်တဝဲဝဲနှင့် မရမက အတင်းငြင်းကြပါသော်လည်း ညှိမရဖြစ်သည့်နောက်ဆုံး ပေတရာလျှောက်နေသော

ကဘေကမ္ဘာက သက်ရင့်အခြောက်များထံ ဖုန်းများကိုသာ ဆက်လိုက်ကြရပါတော့သည်။

          “ကလင် ကလင် ကလင်………….”

          “လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းမှာ မအားသေးပါရှင်”

          “တီ.. တီ.. တီ……”

          “တူ……………. တူ………….”

          “ခေတ္တစောင့်ဆိုင်းပြီးမှ ပြန်လည်ခေါ်ဆိုပါရှင်….”

          “တီးတောင် တီးတောင်……….”

          ထိုကဲ့သို့ လေလှိုင်းပေါ်တွင် အခြောက်များ၏ ဖုန်းသံများဆူညံနေသလို၊ သဘာရင့်ခြောက်မများမှာလည်း

ဖြေရှင်းလို့ မနိုင်အောင် ဖုန်းကို မနားရအောင်ကို ပြောနေရပါတော့သည်။ တစ်ကောပြီး တစ်ကောဝင်လာသော ဖုန်

းများ၊ ဖုန်းမအား၍ စောင့်နေရသော အခြောက်မများနှင့် ဖုန်းအားတာကို စောင့်နေသောအခြောက်အား အနောက်မှ

အတင်းလိပ်နေသော သူငယ်များဖြင့် အခြောက်လောကကြီးသည် အလွန်အမင်းကို ဂယက်ထသွားပါတော့သည်။

          …………………………………………………………………………….



x x x x

(အခန်း- ၃။ ခေါ်ကံသော ယောက်ျား၊ မပို့ချင်သော အခြောက်မ)



          အခုတလော ခေတ်စားကာ အခြောက်များကြား အပြောများ၊ စိတ်ဝင်တစားရှိနေကြသော ‘ဂလန်’ ဆိုသည့်

စကားသည် ဘယ်လိုနည်းနဲ့မှ ဖျောက်ဖျက်လို့ မရအောင် တည်မြဲသွားပြီဖြစ်သည်။ ဂလန်ပြန်ခြင်းသည် အြေ

ခာက်များနှင့် သူငယ်များ၊ အခြောက်များနှင့် offer များအကြားတွင်သာ ရှိသည်မဟုတ်ပဲ………..၊ အခြောက်အချင်

းချင်းဖြစ်သော Top Only များနှင့် အခြားအခြား ခေါ်ကံသော role ပိုင်ရှင်များအကြားတွင်လည်း ကြားနေရဆဲပင်ြ

ဖစ်သည်။ Role ဆင်းပေးလိုက်တာဟု ပြောကြပါသည်။

ဂလန်ကို အခြောက်များအနေဖြင့် နှစ်သက်သူရှိသလို၊ မုန်းတီးရွံ့ရှာသူများလည်းရှိပါသည်။ ဘယ်လိုပဲဖြစ်ဖြစ် ဂ

လန်ဆိုသော အရာမှာ အခုထိ အပြောများဆဲ၊ သုံးဆဲဖြစ်သော အခြောက်ဗန်းစကားတစ်ခွန်းပင် ဖြစ်တော့သည်….။

 အချိန်တွေ ကြာခဲ့ပြီ…………………….

…………………………………………………………

          တစ်နေ့…. နတ်ကွန်းတစ်ခုတွင် သူငယ်တစ်ယောက်နှင့် ခြောက်မအပုန်းတစ်ယောက် ယှဉ်ရပ်နေကြသည်။

သူငယ်ကလည်း အခြောက်မကို မသိသလို၊ အခြောက်ကလည်း သူငယ်ကို စိတ်မဝင်စားပါ။ သူတို့နှစ်ဦး ကိုယ်စီ

တွေဝေကာ အရှေ့တွင်ရှိသော နတ်ရုပ်ကြီးအား ကြည့်နေကြပါတော့သည်။ ကြည့်ရင်း အခြောက်မကလည်း မျ

က်ရည်ဝဲလာသလို၊ သူငယ်မှာလည်း ရပ်နေရာမှ ဒူးထောက်ထိုင်ချလိုက်ပါတော့သည်။

          အခြောက်မ၏ စိတ်ထဲတွင် ရေတွက်စရာမလိုပဲ သိနေသည်က သူ့ဘဝတွင် ခေါ်ကံခဲ့ရသော အကြိမ်အေ

ရအတွက်ထက် ဂလန်ပို့ခဲ့ရသော အကြိမ်က များနေခြင်းပင်။ သူငယ်မှာလည်း ဘဝတွင် ပထမဆုံးအကြိမ် ဂလန်ပြ

န်ပြီးကတည်းက စွဲလန်းခဲ့ရသည့် အစွဲအလန်းကို အခြောက်မ၏ ယောက်ျားဆိုသော သတ်မှတ်ချက်ကြောင့် အမြဲ

မိုသိပ်ထားရခြင်းဖြင့် ပူလောင်စွာနာကျင်နေမိသည်။ ဤသို့ဖြင့်………………………

          …………………………………………………………………………………..





          “အရှင်နတ်မင်းကြီး….။ ကျွန်တော်အား ဂလန်ပို့သော အခြောက်မအား မုန်းတီးစွာ တိုင်တည်လိုက်ပါသည်။

စွဲလန်းခြင်းအရသာကို တွေ့မြင်ခံစားစေပြီးမှ….၊ ထပ်ပြီး မခံစားစေသော အကျင့်ပျက်သည့် အခြောက်မများ…. ဘ

ဝတွင် သူငယ်များကို ဂလန်ပို့ရခြင်းဖြင့်သာ ကုန်ဆုံးပါစေ….။ မခေါ်ကံရပါစေနှင့်………….။ လုံး……ဝ မ ခေါ် ကံ ရ

ပါစေနှင့်………….”

          သူငယ်မှာ ထိုသို့စိတ်ထဲမှ ရေရွတ်ပြီး မျက်ရည်တရွှဲရွှဲဖြင့် အဝေးကို ပြေးထွက်သွားပါသည်။





          “အရှင်နတ်မင်းကြီးရှင့်….။ ကျွန်မတို့အား ဂလန်ပို့စေသော သူငယ်များအား ကျွန်မအလွန်ပင် မကျေနပ်ခြင်း

ဖြစ်ပေါ်မိပါသည်။ ထို့ကြောင့် သူငယ်များအား နာကျည်းစွာ ဆုတောင်းလိုက်မိပါသည်။ ထိုသူငယ်များဘဝတွင်

တစ်ခါ ဂလန်ပြန်ပြီးသည်နှင့် ဘဝတစ်သက်လုံး ဘယ်တော့မှ ဂလန်ပြန်ခွင့်မရပါစေနှင့်။ ဟာစလာဖြစ်ပါစေ..။ ဟာ

စလာဖြစ်ပါစေ…..”

          အခြောက်မမှာ ထိုသို့တိုင်တည်ပြီးသကာလ စိတ်ထိခိုက်လွန်း၍ ထိုနေရာမှာပင် ခွေခွေလေး မေ့လဲသွားပါ

တော့သည်။

          ………………………………………………………..

          …………………………………………………………………………………..

x x x x



          ……………………………………………………..

ဤနတ်ကွန်းတွင်….၊ ခေါ်ကံသော ယောက်ျား တစ်ယောက်နှင့် မပို့ချင်သော အခြောက်မ တစ်ယောက်တို့၏ ဆု

တောင်းများရှိနေ၏။ ဤနတ်ကွန်းသည် အတော်ပင်ချောင်ကျသဖြင့် မည်သူမျှ မလာကြပေ။ ဤနတ်ကွန်းသည်

အလွန်ပင်ခြောက်သွေ့နေပါသည်။

          လူပျိုဖြစ်စအရွယ် ကောင်လေးတစ်ယောက် နတ်ကွန်းထဲသို့ဝင်လာသည်။ ကောင်လေးမှာ အဖြူဆင်၊

အတောင့်ဆင်ဖြစ်သည်။ ရုပ်လေးမှာလည်း အလွန်ပင်သန့်သောရုပ်ဖြစ်ပါသည်။ ကောင်လေးမှာ နတ်ကွန်းထဲေ

ရာက်သည်နှင့် တင်ပုလ္လင်ခွေ ထိုင်ချလိုက်တော့သည်။ ထို့နောက် နှုတ်မှ တဖွဖွရေရွတ်နေပါသည်။

ထိုကောင်လေးသည် သူငယ်ပေလော….၊ အပုန်းလေးပင်လော……….???? မည်သူမျှ မသိသလို၊ မည်သူမျှလည်း

မရှိကြပါ………..။ ထိုကောင်လေး ဘာတွေဆုတောင်းနေသည်ဆိုတာကိုလည်း……….

          မည်သူမျှ…………………………………..

          ………………………………………………..

          “မသိကြပါ…………………………”





ဖတ်ရှုတဲ့အတွက် ကျေးဇူးတင်ပါသည်….

မှိုင်းညို့မိုးစက် (mr.cappuccino13@gmail.com)

No comments:

Post a Comment

အချစ်တစ်ခု ပြယုဂ်တစ်ခု

“......................”  သားကြီးဆီမှ ကြားလိုက်ရသော နာမည်ကြောင့် ကျွန်မတစ်ကိုယ်လုံး တောင့်ခဲ သွားသည်။အဆုံးမရှိသောတွင်းနက်ကြီးထဲသို့ ပြုတ်ကျ...