Friday, July 11, 2014

သုံးပင်လိင်တဲ့ ည (16)

ထို့နောက် ကျွန်တော်လည်း သဲပြင်ပေါ် မဟန်နိုင်ဘဲ မှောက်လျက်လှဲချလိုက်တော့သည်။ ငါးမိနစ်ခန့် သူမှိန်းနေပြီးမှ ကုန်းထလိုက်သည်။ ကျွန်တော်လည်း လိုက်ထကာ သူ့ပါးပြင်အား ခြေဖျားထောက်ပြီး သူ့ပခုံးပေါ် လက်တင်ကာ အငမ်းမရနမ်းလိုက်သည်။ ပြီးတော့ ကျွန်တော့်စွပ်ကြယ်ကို ယူပြီး သူ့အား သုတ်ပေးပြီး ကျွန်တော့်ကိုယ်ကိုယ်လည်း သုတ်လိုက်သည်။ သဲပြင်ဖြူဖြူပေါ်မှာတော့ ကျွန်တော်နဲ့သူ့ရဲ့ ခြေရာလက်ရာတွေနဲ့ သူ့သုတ်ရည်အချို့က ကျန်ခဲ့သည်။
ပြီးတော့ သူကအိပ်တော့မယ်ဆိုသဖြင့် ကျွန်တော်လည်း မခွဲချင် ခွဲချင်ဖြင့်ပင် လမ်းခွဲကာ အိမ်ဘက်သို့ပြန်လာပြီး လမ်းတွင် ရှိသော ဘိုထိုင်အိမ်သာထဲတွင် ၀င်ပြီး ဆေးကြောသန့်စင်ကာ အုတ်ရေကန်တွင် ရေချိုးလိုက်ပါတော့သည်။  မောပေမယ် စောင့်ရပေမယ့် စောင့်ရကျိုးနပ်တယ်လို့ပဲတွေကာ အိမ်ပေါ်တက်ပြီး ခြင်ထောင်ထဲဝင်ကာ မောမောဖြင့် ကျေနပ်စွာ အိပ်မောကျသွားပါတော့သည်။
 

နောက်နေ့ နေ့လယ်ဘက် သူလိုချင်တာရှိရင် ကပ္ပလီကိုလာယူခိုင်ပေးမယ့် သူကတော့ ကျွန်တော့်ကို ရှောင်နေသည်။ ညဘက်တော့ မနေ့ကလို တွေ့ကောင်းပါရဲ့လို့ ကျွန်တော်တွေးကာ စိတ်ဖြေမိသည်။ ဒါပေမဲ့ ကျွန်တော်တွေးထင်သလို ဖြစ်မလာခဲ့ပါ။ သူကျွန်တော့်ကို ရှောင်နေသည်။ ညဘက် မိုးမရွာရင် သူနေတဲ့ တဲဘက်မှာ မယောင်မလည် သူပြန်လာနေကြအချိန် 10 နာရီခွဲကျော်ကို သွားစောင့်နေပေမယ့်။ သူပြန်မလာပါ။ မတွေ့ချင်သော ကပ္ပလီကိုသာတွေ့ရသည်။ ကပ္ပလီရဲ့ အပိုးမကျိုးတဲ့ မျက်နှာပေးနဲ့ ရိသဲ့သဲ့လုပ်ကာ ကျွန်တော်အား။
“ ချစ်လေးရဲ့ ကိုမင်းမင်းက နောက်နေ့တွေလည်း လာမှာမဟုတ်ဘူး စောင့်မနေနဲ့ သူ့ကောင်မလေး ရွာမှာ အသုဘ နာရေးရှိလို့ အဲ့သည်မှာပဲ ညအိပ်ပြီး မနက်မိုးလင်းခါနီးမှ ပြန်လာမှာ။ အိပ်ရေးပျက်တယ် မစောင့် နဲ့တော့… နောက်ပြီးသူက မင်းအပေါ်စိတ်မ၀င်စားတော့ဘူး… အချိန်မဖြုန်းနဲ့…..ငါကတော့ မင်းကို စိတ်ဝင်စား တယ်…. မင်းအကြောင်းတွေကို ငါအကုန်သိတယ်နော်… မင်းမသိချင်ဘူးလား…ဟဲး…ဟဲး….မင်းစိတ်ဝင်စားမယ် ထင်တယ်…. “
ဘုရားရေ …. သူ…သူ…င့ါအကြောင်းတွေ သိတယ်… မဖြစ်နိုင်ပါဘူး…. သူမြင်တာမှ မဟုတ်တာ… အထင်နဲ့ လျှောက်ရမ်းပြောနေတာ… သွားစမ်းပါ။


“ အပိုတွေ လာမပြောနဲ့… ကိုကပ္ပလီ… ခင်ဗျားကို ကျွန်တော် စိတ်မ၀င်စားဘူး။ မင်းမင်းနဲ့ ကျွန်တော်က ခင်ဗျား စကားကြောင့် အခင်အမင်ပျက်မှာ မဟုတ်ဘူး။ သူ့ဘာသာသူ ရည်းစားပဲထားထား မိန်းမပဲယူယူ ကျွန်တော်နဲ့ ဘာမှ ဆိုင်မှာမဟုတ်ဘူး… မင်းမင်းလာရင် ခင်ဗျားအကြောင်းကို ပြောလိုက်မယ်. သူငယ်ချင်းအချင်းချင်း လိုက် သွေးခွဲနေတယ်လို့”
ကျွန်တော် ခပ်တည်တည်နဲ့ ပြန်ပြောပြီး လှည့်ထွက်လာသည်။ စိတ်ထဲမှာလည်း ဒေါသတွေထွက်လာသလို စိုးရိမ်မှု ၀မ်းနည်းမှုတို့နှင့် ရှက်စိတ်ကြောင့် မျက်ရည်တို့ဝဲကာ တစ်ကိုယ်လုံးတုန်နေသည်။
ဒါပေမယ့် ကပ္ပလီက ကျွန်တော့်နောက်ကို လိုက်ကာ ကျွန်တော့်လက်ကို လှမ်းဆွဲလိုက်သည်။


“ မင်းဘာမှ မသိသေးဘူးပဲ… မင်းမင်းက မင်းကို ငါ့ဆီထည့်ခဲ့တာ ရွာကကောင်မလေးနဲ့ ငါတို့အလည်း အလှည်လုပ်ထားတာ….ဟင်း…ဟင်း… မင်းမင်းက မင်းထင်သလို လူကောင်းမဟုတ်ဘူး ….ငါက မင်းကို သနားလို့… ခု..မင်းမသိချင်သေးလည်းရတယ်… မင်းစောင့်ကြည့်လိုက်။ တစ်ချိန်မင်းသိချင်ရင် သည်နေရာကို လာခဲ့… ငါတစ်ယောက်တည်းရှိတယ် ညဘက် အေးဆေးပါ။ ဆွေးနွေးကြတာပေါ့…ဟီး…ဟီး… ဟီး.”
“စိတ်မ၀င်စားဘူး…. လဲသေလိုက်…”
ကျွန်တော် သူ့အားဆောင့်တွန်းကာ လှည့်ထွက်လာခဲ့သည်။
ကြားရသည့် သတင်းတွေက ကျွန်တော့်ရင်ကို မီးစနဲ့ ထိုးသလိုပင်။ အသက်ရှူပင်မ၀တော့။ မင်းမင်း က သူပြောသလို ငါ့ကို လှည့်စားပြီး ၀တော့ သူ့ဆီတွန်းထည့်ခဲ့တာလား။ မဖြစ်နိုင်ပါဘူး။ မင်းမင်း ကို မျက်နှာချင်း ဆိုင်တွေ့ပြီး မေးကြည့်မယ်။
ကျွန်တော် အိမ်ကို ခပ်သွက်သွက်ပြန်လာတော့ ကိုကျော်စိုး ရေချိုးပြီး ပြန်သွားသည်ကို လရောင်အောက်တွင် မြင့်မားသောအရပ်နှင့် ကျယ်ပြန်သော အ၀တ်မပါသည့် ကျောပြင်အား ခြံဝဘက်ထွက်သွားသည်ကို တွေ့လိုက် ရသည်။


ခုတလော မင်းမင်းရှိတဲ့ဆီသွားနေတာနဲ့ မိုးရွာတာနဲ့ ကိုကျော်စိုးနဲ့ မတွေ့ရတာတောင် ကြာပီ။
မင်းမင်းကို စောင့်ရင်း အိပ်ရေးပျက်ရတဲ့ညတွေ ခိုးငိုခဲ့ရတဲ့ညတွေများခဲ့သည်။ ရင်ထဲမှာ အပူမီးက တဖြည်းဖြည်းနဲ့ အရှိန်တက်လောင်မြိုက်နေခဲ့တော့သည်။ နေ့ခင်းဘက် ကျွန်တော်အလုပ်မအားသဖြင့် မင်းမင်း အားမတွေ့ဖြစ်သလို သူလည်း ကျွန်တော့်ကို ရှောင်နေသည်။ ထမင်းစားချိန် ထိပ်တိုက်တွေ့ဖြစ်သော်လည်း ပြသနာကို ဖြေရှင်းမေးမြန်းဖို့က သူ့နား ကပ္ပလီကရှိနေသည်။ မဟုတ်ရင် အခြားလူတွေက ရှိနေသည်။ ကျွန်တော့်အတွက် အခွင့်မသာခဲ့။ နေရတာလည်း မပျော်တော့ ကျွန်တော်သူ့အပေါ် ဘာအမှားမှ မလုပ်ဘဲနဲ့ သူရက်စက်တယ်။ သေချာ ရှင်းပြသင့်တယ်ထင်တယ်။
သည်လိုနဲ့ တစ်နေ့တော့ ခြံထောင့်မှာ မင်းမင်းကို ကပ္ပလီနဲ့ ဆေးလိပ်သောက်နေတာ တွေ့တယ်။
“ ကိုမင်းမင်းကို ပြောစရာရှိတယ်။ မေးစရာရှိတယ်။ ရေကန်နားက သရက်ပင်အောက်ကိုလာခဲ့ပါ။”
“ ဘာတွေ ပြောမလို့လဲ သည်မှာပြောလဲရတယ်။ အချိန်မရှိဘူး။”
“ သည်မှာ ပြောလို့ မရလို့ပေါ့။ လာခဲ့ပါ ကျွန်တော် စောင့်နေမယ်။ မကြာပါဘူး”
သူက သိပ်စိတ်မပါ။ ကပ္ပလီက ပြုံးစိစိဖြင့်--
“ သွား ရှင်းလိုက်လေကွာ… မင်းကလည်း..”
ခြံထောင့်မှာ ရှုခင်းတွေက ရေကန်နဲ့ အတူ စိမ်းလန်းနေပေမယ့် ကျွန်တော့်ရင်ထဲမှာတော့ နွေရာသီလို ညှိုးနွမ်း ခြောက်သွေ့နေသည်။ ကန်ရေပြင်ကို တိုက်ခတ်လာသော လေနုအေးတွေကလည်း ပူလောင်နေသော ကျွန်တော့် ရင်ထဲက အပူတွေ သက်ပြင်းအဖြစ် အပြင်ကို မှုတ်ထုတ်တာကို မတားဆီးနိုင်အောင် ပူလွန်းနေသည်။
ကိုမင်းမင်းမျက်နှာကို သေချာကြည့်ကာ မေးလိုက်သည်။


“ ကိုမင်းမင်း မိန်းကလေး ရည်းစားရတာ ကျွန်တော်သိပါတယ်။ ဘာမှမပြောချင်ပါဘူး။ ကျွန်တော်နဲ့ ကိုမင်းမင်း ပတ်သက်မှုကရော သည်လိုပဲ အဆက်ဖြတ်လိုက်ရမှာလား။ ကျွန်တော် ကိုမင်းမင်းကို မပြတ်နိုင်သေးဘူး။ ကျွန်တော့်မှာ ဘာအပြစ်ရှိလို့လဲ။ ကျွန်တော့်အတွက် တစ်ပတ်ကို တစ်ည တစ်နာရီတောင် အချိန်မပေးနိုင်ဘူးလား။ ကျွန်တော့်ကို မချစ်တော့ဘူး မလိုတော့ဘူးဆိုလည်း ပြောပါ။ နောက်ပြီး ကပ္ပလီက ကိုမင်းမင်းနဲ့ သူက ကောင်မလေးနဲ့ ကျွန်တော့်ကို အလည်းအလှည်လုပ်ထားတယ်ဆို။ အဲဒါအမှန်ပဲလား ကျွန်တော့်က အလည်းအလှည် ပစ္စည်းလား။ ကျွန်တော့်ကို မတွေ့ချင်တော့ဘူး မဆက်ဆံချင်တော့ဘူးဆိုလဲ ပြောလိုက်ပါ။ ကျွန်တော် ညဘက် လာမစောင့်တော့ဘူး။ ခုတော့ ကျွန်တော့်ကို အရူးလုပ်နေသလိုပဲ။ ပြောပါ။ ကိုမင်းမင်း ကျွန်တော်တို့ ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား ရှေ့ဆက်ကြတာပေါ့”
ကိုမင်းမင်းက ကျွန်တော့်စကားတွေကို မကြားသလို ဂရုမစိုက်သလို ကန်ရေပြင်ကိုငေးလိုက် စီးကရက်ကို ဖွာလိုက်နဲ့ လုပ်ပြီးမှ.
“ မင်းပြောချင်တာ ဒါလား.. ငါ နားထောင်ပြီးပြီ။ သွားတော့မယ်။ စိတ်ရှုပ်ရတဲ့အထဲ ဘာတွေ ပြသနာလာရှာနေတာလဲ”
“ ကျွန်တော်က ပြသနာရှာတယ် ဟုတ်လား။ မဆိုင်ပါဘူး။ မသွားနဲ့။ ရှင်းရှင်းပြောသွား။”
“ မင်းဘာသာမင်း ကြိုက်သလိုလုပ်၊ ငါဘာမှမသိဘူး”
ပြောပြောဆိုဆို သူကပ္ပလီရှိရာသို့လှည့်ထွက်သွားသည်။


ကျွန်တော် မျက်ရည်တို့က ထိန်းထားတဲ့ကြားက ၀ဲကာ အမြင်အာရုံတွေ ၀ါးသွားသည်။ စိတ်ထဲက အဲ့လို မလုပ်ပါနဲ့ ကျွန်တော့်ကို မထားခဲ့ပါနဲ့ သနားပါ ပြောနေပေမယ့်။ ပါးစပ်ကမထွက်တော့။ စိတ်ထဲမှာ နာကျင်တာ ၀မ်းနည်းတာ ရှက်တာတွေအပြင် ဒေါသစိတ်တွေကလည်း လူကို အသိစိတ်နဲ့ကင်းကွာကာ ဘယ်လောက် ကြာကြာ ကျွန်တော်သည်အတိုင်းကြောင်တောင်တောင်ဖြစ်ကာ ရပ်နေလဲမသိ။ မိုးဖွဲလေးတွေ ကျလာမှပဲ သတိဝင်ကာ မိုးလွတ်ရာကို ပြန်လာခဲ့မိသည်။


သည်လိုနဲ့ ကျွန်တော့်ကို သူပ့စ်သွားခဲ့သည်။ အမှန်တော့ ပစ်သွားတာမဟုတ် အခြားသူဆီ ရောင်းစားခဲ့သလို လုပ်ခဲ့တယ်ဆိုတာ နောက်မှသိခွင့်ရလိုက်ပါသည်။နာကျင် ၀မ်းနည်းစိတ်၊ အားငယ်စိတ်တွေ သူ့ကိုလွမ်းတဲ့စိတ်တွေကို အချိန်ပြည့် ရူးမတတ် ခံစားကာ လူတွေ မသိအောင် ထိန်းသိမ်းကာ ကြိုးစားပြီး နေ့ရက်တွေကို ဖြတ်သန်းခဲ့ရသည်။ အထူးသဖြင့် ညဘက် ဆို အိပ်မပျော်ဘဲ ပူလောင် တမ်းတ လွမ်းဆွေးမှု ၀မ်းနည်းမှုတွေကြောင့် လူက အရူးတစ်ယောက်လို ကြိတ်ငိုနေမိ သည်။ မျက်ရည်တို့က မထွက်။ မနေနိုင်ရင် သူပြန်လာမယ့် နေရာကို အလွမ်းပြေ ခိုးကြည့်မိသည်။ စိတ်နဲ့ လူနဲ့ မကပ်။
တစ်နေ့တော့ ကပ္ပလီက ညနေဘက် ကျွန်တော့်အား ကျွန်တော်သိသင့်သည့်ကိစ္စတစ်ခုရှိသည်။ သူ့ကို လာတွေ့ရန် ချိန်းလိုက်သည်။ ညဘက် 9 နာရီလောက် သူ့သံပုရာခြံက တဲမှာ သူမလားလဲ စောင့်နေပါ အရေးကြီး ပြောပြစရာရှိတယ်တဲ့။ မင်းမင်းနဲ့ ကျွန်တော်ပတ်သက်တဲ့အကြောင်းတဲ့..။ သွားမတွေ့ချင်ပေမယ့်။ မင်းမင်းအကြောင်းပါတယ်ဆိုတော့ တွေ့ဖို့ဆုံးဖြတ်လိုက်သည်။ ထိုဆုံးဖြတ်ချက်က ကျွန်တော်မှားကြောင်း ကပ္ပလီနဲ့ တွေ့မှသိလိုက်ရပါတော့သည်။


အပိုင်း(17) အား ဆက်လက်တင်ပေးပါမည်။
ချစ်ဦးကို

No comments:

Post a Comment

အချစ်တစ်ခု ပြယုဂ်တစ်ခု

“......................”  သားကြီးဆီမှ ကြားလိုက်ရသော နာမည်ကြောင့် ကျွန်မတစ်ကိုယ်လုံး တောင့်ခဲ သွားသည်။အဆုံးမရှိသောတွင်းနက်ကြီးထဲသို့ ပြုတ်ကျ...