Wednesday, July 9, 2014

ဆုံစည်းရာ ၃

ဘာလိုလိုနဲ့ ဇန်နဝါရီလ အလယ်လောက်လည်းရောက်တော့
ကျောင်းက လူစုံလာပြီလေ။
Major အလိုက် Fresher Wellcome တွေလုပ်ကြ
Kingတွေ Queenတွေရွေးကြနဲ့ဆိုတော့
ဟိုနေရာလှုပ်လှုပ် ဒီနေရာစုစုနဲ့ပေါ့လေ။
ချမ်းမြေ့လည်းအတန်းထဲမှာ ကိုယ်နဲ့
စိတ်တူ ဘဝတူ
သူငယ်ချင်း ၃ ယောက်ရတယ်။
တစ်ခါတည်း မိတ်ဆက်ပေးထားမယ်လေ။
အောင်သူ ဝေယံ သူရ တဲ့။သူတို့လည်း ချမ်းမြေ့လိုဘဲ စာလည်းတော်ကြတယ်
ရုပ်လည်းချောကြတယ်လေ။
အတန်းထဲမှာလည်း ကိုယ့်ကိုကိုယ်တိတိပပလက်ခံထားတဲ
အပုန်းမလေးတွေက ၄ ယောက်ဘဲပေါ့။
တချို့လည်းဇွတ်ကျားနေကြတာတွေ အများကြီးဘဲလေ။
မြွေမြွေချင်းတော့ ချေမြင်ကြပြီးသားလေ။
ထားပါ ဒါကသူတို့ကိစ္စ သူတို့အကြောင်းလေ။
ကိုယ်နဲ့မဆိုင်ပါဘူး။
အောင်သူ ကတော့ မှော်ဘီတင်နေတာ။
အဆောင်လား အိမ်လားတော့ မမေးမိသေး။
ဟို ၂ ယောက်ကတော့ ferry နဲ့လာကြတာ။
အဲ့ကောင်တွေ အဲအဲ့ ထားပါတော့လေ
အဲ့ကောင်မတွေ အကုန်လုံးကခင်ဖို့ကောင်းတယ်။
ကျောင်းမှာကလည်း အပုန်းတွေက ကိုယ်တွေ
EC မေဂျာမှာတင်ရှိတယ်ထင်ထားတာ။
ဘယ်ကသာ များမှများ Civil မှာလည်းရှိတယ်
EP/IT/MP/MC/Archi/Textile/CNC အို---
မေဂျာအစုံမှာ ရှိတာနော်။1st yr တင်လားလို့
2nd yr မှာလည်းရှိတယ် အတန်းကြီး Senior တွေထဲမှာလည်းအများကြီးဘဲ။
ဇွတ်ကျားတွေဆိုတာလည်း စပိမတွေနဲ့တွဲပြပြီး အကာအကွယ်ဟန်ဆောင်နေတဲ့
ခင်စိုးစိုးစံ မတွေများ ရိုက်သတ်လို့တောင်မကုန်လောက်ဘူး
ထပ်ပြောရင် ငရဲကြီးနေအုံးမယ် သိလား။
ချမ်းမြေ့တို့ကိုစာသင်ပေးနေတဲ့ Tutor ဆရာတွေ
တော်တော်များများကလည်း အပုန်းတွေပါဘဲ။
အိုးးး ကုန်ကုန်ပြောကြေးဆိုရင်တော့
ကျောင်းပါ အထုတ်ခံရလောက်တယ် သိလား။
ဘာလို့လဲဆိုတော့ မော်ကွန်းထိန်းကြီးကလည်း
အပုန်းဘဲလေ။ဟက်ဟက်---ကန်တော့ပါရဲ့
ချမ်းမြေ့တို့ Fresher Wellcome တုန်းက
ဆုံးမသြဝါဒပြောပေးတဲ့ အသံကလေ
ဘယ်သူနဲ့တူလဲ သိလား။ဟက်ဟက်---
မိုးကုတ်ပေါက်ပေါက် လိုအသံမျိုးပါဆို။
ချမ်းမြေ့တို့အဖွဲ့ မှာလေ မရီမိအောင် မနည်းထိန်းထားရတယ် တကယ် အဲ့လောက်ထိ။
မိဝေယံ ကတော့ ချက်ချင်းနာမည်ပေးပစ်လိုက်တယ်လေ
'' မေမေမော် '' တဲ့
ဒါနဲ့ ရီစရာတစ်ခု တွေးမိသေးတယ်။
ဒီလောက် ကျောင်းမှာ အပုန်းတွေများနေတာ
ဘာလို့ အပုန်းQueen မရွေးရတာလဲပေါ့လေ။ဟက်ဟက်
အဲ့ပွဲ လုပ်ပေးရင်လည်းမလွယ်လောက်ပါဘူး။
ပြိုင်ပွဲဝင်ကတော်တော်များမှာနော်။
ဒါတွေက ချမ်းမြေ့ရဲ့အတန်းဖော် သူငယ်ချင်းတွေနဲ့ ကျောင်းကလူတွေအကြောင်းပါ။
သူများအကြောင်း နည်းနည်းပါးပါးလောက်ပေါ့။


By 
ChamMyae Ko

No comments:

Post a Comment

အချစ်တစ်ခု ပြယုဂ်တစ်ခု

“......................”  သားကြီးဆီမှ ကြားလိုက်ရသော နာမည်ကြောင့် ကျွန်မတစ်ကိုယ်လုံး တောင့်ခဲ သွားသည်။အဆုံးမရှိသောတွင်းနက်ကြီးထဲသို့ ပြုတ်ကျ...