Monday, July 7, 2014

ဆုံစည်းရာ

အပိုင်း ၁
ပထမဆုံးသူနဲ့ စတွေ့ဖြစ်တာက ဒီလိုပါ။
ကျောင်းတွေ စဖွင့်တာက ဒီဇင်ဘာလလယ်လောက်ဆိုပေမယ့်
ထုံးစံအတိုင်း တကယ်တမ်းတက်ဖြစ်ကျတာကတော့
ဇန်နဝါရီလဆန်းလောက်မှဘဲလူစုံတယ်လေ။
ကိုယ်က အဆောင်နေ မှာဆိုတော့ ကျောင်းတော့မတက်သေးပေမယ့် အဆောင်ကတော့ အပ်ထားရမယ်လေ။
နို့မို့ဆို မလွယ် အခန်းကမရနိုင်လောက်ဘူး။
ဒါနဲ့ လွတ်လပ်ရေးနေ့အပြီး
ဇန်နဝါရီ ၅ ရက်လောက်ထဲက အဆောင်ရောက်နေနှင့်တယ်။
ဒီအဆောင်လေး ကိုရွေးဖြစ်တာကလည်း ကျောင်းနဲ့မလှမ်းမကမ်းလောက်မှာဘဲရှိတာရယ်
အဆောင်ဆိုပေမယ့် ခြံက အကျယ်ကြီးဘဲ
ခြံထဲမှာ ရှစ်ခန်းတွဲနှစ်ထပ်တန်းလျားပုံစံအဆောက်အဦးရယ်
canteenလေးရယ် အဆောင်ပိုင်ရှင်မိသားစုနေတဲ့တစ်ထပ်တိုက်ပု လှလှလေးရယ်
အဆောင်ခြံဝန်းထဲမှာဘဲ
internetဆိုင်ကလေးရယ်ဆိုတော့
်ခြံလေးဝန်းလေး သပ်သပ်ရပ်ရပ်နဲ့နေလို့အဆင်ပြေမယ့်ပုံစံရှိလို့ရွေးလိုက်တာပါဆိုတော့်။
တော်ပါသေးတယ်။ ကိုယ်အလာမြန်လို့အခန်းက
ဒီတစ်ခန်းဘဲကျန်တော့တာလေ။အပေါ်ထပ် ဒုတိယမြောက်အခန်း။
အခန်းတွေကတော့ ကိုယ်အဆင်ပြေသလိုနေလို့ရပါတယ်။
၅ ယောက်လောက်ဖြန့်ခင်းပြီးနေလို့ရသလို
၂ ယောက် ၃ ယောက် အဆင်ပြေသလိုနေလို့ရပါတယ်။
ကိုယ်ကတော့ သီးသန့်နေရတာကြိုက်တော့
ဒီတစ်ခန်းလုံးကို တစ်ယောက်တည်းဘဲနေချင်တယ်လို့ပြောပြီး
တစ်လ ၅သောင်းပေးနေလိုက်တယ်ပေါ့။
အခန်းလေးကမဆိုးပါဘူး။အိမ်သာရေချိုးခန်းလေးလည်းတွဲပါတယ် သန့်ရှင်းပြီးသားမို့
စိတ်ကသိကအောက်မဖြစ်ရဘူး။
ကိုယ်လည်း ကိုယ်ပါလာတဲ့ laggage ထဲက အဝတ်အစားတွေထုတ် နံရပ်ကပ် ဗီဒိုထဲကိုထည့် စာအုပ်တွေစာအုပ်စင်ပေါ်နေရာချ အသုံးအဆောင်ပစ္စည်းတွေကို သူ့နေရာသူထားနဲ့အလုပ်ရှုတ်နေတာပေါ့။
လှုပ်ရှားရတာများတော့လူက ပူသလိုလို ရှိတာနဲ့ Aircon လေးကိုဖွင့်မယ်လုပ်တော့ remote control ကမတွေ့ လိုက်ရှာလည်း အခန်းကအရှင်းချည်းဘဲမို့ အဆောင်ပိုင်ရှင်ကိုသွားမေးမယ်လုပ်ပြီး
တိုက်ပုလေးဆီကို သွားမေးရာမှာ သူနဲ့ ဆုံစည်းဖြစ်တော့တာပါဘဲ။ ပထမဆုံးအနေနဲ့ပေါ့။
'' မရတော့ဘူး ညီရဲ့ အခန်းတွေက အကုန်ပြည့်ကုန်ပြီကွ "
'' ကျောင်းကလည်းဖွင့်နေပြီ ဆိုတော့ကွာ
အခန်းကမရှိတော့ဘူးကွ '' အဆောင်ပိုင်ရှင်အစ်ကိုကသူ့ကိုပြောနေတာပေါ့။
ကိုယ်လည်းကိုယ့်ကိစ္စနဲ့ ကိုယ်လာတာဆိုတော့
ကျောပေးထိုင်နေတဲ့သူ့ကို သတိမပြုမိခဲ့ပါဘူး။
ကိုယ်ဝင်လာတာမြင်တော့ အဆောင်ပိုင်ရှင်အစ်ကိုကပြုံးပြီးမေးငေါ့ပြပါတယ်။
ဘာလိုလို့လဲဆိုတဲ့သဘောပေါ့။
ဒါနဲ့ ကျနော်လည်း
'' အစ်ကို အခန်းထဲမှာ Aircon remote မတွေ့လို့
အဲ့ဒါ လာမေးတာ '' ဆိုပြီး စကားဖြတ်ထားလိုက်ပါတယ်။
'' သြော် ညီလေး မေ့နေ့လို့ remote တွေက ကိုယ်တို့ သိမ်းထားတာလေ
ခုနက သော့တွေ ပေးရင်းနဲ့ပေးမလို့
ကိုယ် မေ့သွားတာ sorry ကွာ ''
'' ဟိုရှေ့က စားပွဲပေါ်ကခြင်းတောင်းလေးထဲမှာရှိတယ်
သွားယူလိုက် ညီ သွားယူ '' ဆိုပြီးပြောတော့
ကျနော်လည်း မလှမ်းမကမ်းမှာရှိတဲ့ စားပွဲဆီကိုသွားတာပေါ့လေ။
အဲ့အချိန်မှာ သူ့အသံလေးစထွက်လာတယ်။
'' ကူညီပါ အစ်ကိုရယ် ကျနော်က ပဲခူးကနေလာရတာပါ အမေသိပ်နေမကောင်းလို့
ကျောင်းလာရတာနောက်ကျသွားတာပါ''
'' အထုပ်တွေလည်း တစ်ခါတည်းသယ်လာခဲ့တာလေ
ခုနေ ပြန်ရအောင်လည်း အဆင်မပြေတော့လို့ပါဗျာ ''
သူ့အသံက တကယ်ကိုခက်ခဲနေတဲ့ပုံစံပါ။
အဆောင်ပိုင်ရှင် အစ်ကိုကလည်း
'' တကယ်ပါ ညီရယ် အဆင်မပြေတော့လို့ပါကွာ
တခြား အဆောင်တွေ လိုက်ရှာကြည့်ပါလားကွာ ''
ပြောပြန်သည်။
သူကလည်း ထပ်ပြီး
'' ရှာပြီးပါပြီ အကိုရယ် အကုန်ပြည့်နေပါပြီ
ဒါနဲ့ ဟိုဘက်ခြံက အစ်ကို့ မိတ်ဆွေက ဒီအဆောင်မှာ တစ်ခန်းကျန်သေးတယ်လို့
ညွှန်လိုက်လို့ လာတာပါဗျာ မှော်ဘီထဲမှာရှိပေမယ့်
ကျောင်းနဲ့ နီးနီးနားနား နေချင်လို့ပါဗျာ ကူညီပါဦး ''
ဒီတစ်ခါတော့ ကျနော်သူ့ကို ကြည့်မိသည်
အကြောင်းအရင်းမှာ သူ့အသံကထူးခြားနေသည့်
အသံမျိုးမို့ ကြည့်မိခြင်းပင်ဖြစ်သည်။
အိုးးးးး လူကလည်းချောသည်မို့ စိတ်ထဲတောင်ဘာလိုလိုညာလိုလို
ိုခံစားရနေသည်။သူကတော့ ကျနော့်ကို သတိပင်မထားမိသေး သူ့အပူနဲ့သူမို့ထင်သည်။
ကျနော်လည်း ခြင်းထဲက remote ကိုတွေ့ရဲ့သားနဲ့
မတွေ့သလို အချိန်ဆွဲရှာနေသည်။
အဆောင်ပိုင်ရှင်အစ်ကိုက
'' ဟုတ်တယ် အဲ့ဒီ့အခန်းက စောစောလေးကတင်
ငှားလိုက်ပြီးပြီကွ သူ့ကို '' ဆိုပြီး ကျနော့်ဆီ လက်ညှိုးထိုးပြလိုက်သည်။
အပြုံးအရယ်မပါဘဲသူလှည့်ကြည့်သည်
ကျနော်ကတော့သူ့ကိုပြုံးပြလိုက်ပါသည်။
'' တစ်ခန်းလုံး သူတစ်ယောက်တည်းနေဖို့
ငှားထားလိုက်တာ မင်းအဆင်ပြေချင်ရင်သူ့ပြောပေါ့ '' ဆိုပြီး
ပြဿနာကို မြားဦးလှည့်လိုက်လေသည်။
ရုတ်တရက်မို့ ကိုယ်လည်းဘယ်လိုနေရမယ်မှန်းမသိ ရပ်မြဲရပ်နေမိသည်။
သူကပင်စ၍ '' လုပ်ပါဦးကွာ ကူညီပါအုံး
ဒီမှာခက်ခဲနေလို့ပါကွာ '' ဟုဆိုလေသည်။
သူ့ပုံကိုကြည့်ပြီး ရီလည်းရီချင်မိသည်။ဘာလို့လည်းမသ
သနားလည်းသနားမိသွားသည်။
ဒါနဲ့ဘဲ နည်းနည်း ဟန်ဆောင်ပန်ဆောင်ကာ
'' အင်း အရမ်းခက်ခဲနေတယ်ဆိုတော့လည်း
ကူညီပေးပါ့မယ် နောက် အခြားနေရာ အဆင်ပြေတော့လည်းပြောင်းပေါ့ '' ဆိုပြီး
မာယာလေးသုံးလိုက်မိသည်။
ရင်ထဲမှာတော့ ပျော်နေမိသည်မှာ အမှန်ပင်။
သူက '' ကျေးဇူးတင်ပါတယ် သယ်ရင်းရာ
ကျေးဇူးပါကွာ '' လို့ဆက်ပြောသည်။
အဆောင်ပိုင်ရှင် အစ်ကိုကြီးက
'' အေး မင်းတို့ချင်းအဆင်ပြေရင်ပြီးတာဘ
မင်းနာမည်က??? ''
" ထက်ပိုင် ပါအစ်ကို ''
'' ဟုတ်ပြီ ထက်ပိုင်က ဒီလ အဆောင်လခကို
သူ့ဆီပေးလိုက် တစ်ဝက် ၂၅၀၀၀ ပေါ့
အဆင်ပြေလား ''
'' ဟုတ်ကဲ့ ပြေပါတယ်အစ်ကို ''
'' အစ်ကို့နာမည်က ကိုလတ် မှတ်ထားပေါ့
တစ်ခုခုလိုရင်ပြောပေါ့ ''
'' ကဲကဲ ဒါဆိုသွားသွား
သူနဲ့ သာလိုက်သွားတော့ ''
ကိုလတ်က ကျနော့်ကို
'' ညီ့ နာမည်က ချမ်းမြေ့ကို မလား ''
'' ဟုတ်ကဲ့ အစ်ကို ''
'' အေး ဒီ ညီ့ကို ခေါ်သွားချည်
ဒါနဲ့ remote ရောတွေ့လား ''
'' ဟုတ် ဟုတ်ကဲ့ တွေ့ပါတယ် ကိုလတ် ''
'' အေး အေး ပြီးရော သွားကြ သွားကြ ''
ဒါနဲ့ ကိုလတ်ဆီက ပြန်ထွက်လာကြတယ်။
သူ့ အိတ်က နှစ်အိတ်ဖြစ်နေတော့ တစ်အိတ်ဝိုင်းသယ်ပေးလိုက်ပါတယ်။
သူကတော့ပြောပါသေးတယ်။
'' ရပါတယ်ကွာ ''တဲ့
ခုကျတော့ ရုပ်ကပုံစံတစ်မျိုး
ဘာပဲဖြစ်ဖြစ် ကျနော် ချမ်းမြေ့ကတော့
ပျော်နေမိသည်။နောက်ထပ် အဆောင်ထပ်ရှာလို့မတွေ့ပါနဲ့လို့လည်း ဆုတောင်းနေမိသည်။
ဘာပဲဖြစ်ဖြစ်လေ
အိုးချင်းထား အိုးချင်းထိတတ်တာ
ကြိုးချင်းထား ကြိုးချင်းငြိတတ်တာ
သဘာဝဘဲလေ ဟုတ်တယ်မလား။
ဒါနဲ့ ပြောဖို့ကျန်သေးတယ် မေ့နေလို့
အဆောင်နာမည်လေးကတော်တော်
အဓိပ္ပါယ်ရှိတယ်။ ဟက်ဟက်-----
'' ဆုံစည်းရာ '' တဲ့လေ။


By 
ChamMyae Ko

No comments:

Post a Comment

အချစ်တစ်ခု ပြယုဂ်တစ်ခု

“......................”  သားကြီးဆီမှ ကြားလိုက်ရသော နာမည်ကြောင့် ကျွန်မတစ်ကိုယ်လုံး တောင့်ခဲ သွားသည်။အဆုံးမရှိသောတွင်းနက်ကြီးထဲသို့ ပြုတ်ကျ...