Saturday, July 5, 2014

ဟာသအိမ်ကလေး.... Episode 7

 
ထွက်ပြီလား … နေမင်း …
 
ဟင့်အင်း … မထွက်သေးဘူး …
 
ထွက်အောင် မြန်မြန် လုပ်တော့လေ …
 
ဟာ … ကိုမင်းမြတ်ကလည်း … အိမ်သာထဲမှာ အော်ကြီးဟစ်ကျယ် မအော်နေနဲ့လေ …
 
အော်ရမှာပဲ … ဒါမှ မြန်မြန်ထွက်မှာပေါ့ …
 
နေမင်းထိုက် ညှစ်လည်းညှစ် ပြန်လည်း ပြောရင်း တော်တော်လေး ဒုက်ခ တွေ့နေသည် ။ သြော် ။ ငတ်မိတာ ။ ငတ်မိတာ ။ အခုတော့ ၀မ်းနှုတ်ဆေးတွေ သောက်ရင်း အိမ်သာထဲတွင် ထိုင်နေရသည် ။ ကိုမင်းမြတ်ကတော့ အပြင်မှာ စောင့်ကာ သူ့ကို အင်အင်း ညှစ်ဖို့ အားပေးနေသည် ။
 
ညီ … ညှစ်သာ ညှစ် …
 
ဂွီ … ဂွမ် … ဗြွတ် …
 
ဂွီ ဂွမ်က နေမင်းထိုက် လေလည်လိုက်သော အသံဖြစ်ပြီး ဗြွတ်ဟူသော အသံကတော့ စာဖတ်သူတို့ ကြိုတင် မျှော်မှန်းထားသည့်အတိုင်း နေမင်းထိုက် ဖင်ထဲမှ လက်စွပ် ထွက်ကျလာသော အသံဖြစ်သည် ။
 
အောင်ပြီ … အောင်ပြီဗျ … အစ်ကို … ကျွန်တော့်ဖင်ထဲက ထွက်လာပြီ …
 
ဘာထွက်လာတာလဲ … လိပ်ခေါင်းလား …
 
အဲ … ဟုတ်ဘူးလေ … လက်စွပ် ထွက်လာတာ …
 
ဟာ … တကယ်လား … တံခါးဖွင့် … တံခါးဖွင့် …
 
နေပါဦး … ဘာမှ တောင် မ၀တ်ရသေးဘူး …
 
နေမင်းထိုက် လက်စွပ်ကို သေသေချာချာ ရေဆေးပြီးသောအခါတွင်မှ အိမ်သာထဲက ထွက်လာလိုက်သည် ။ ကိုမင်းမြတ်က အပြင်တွင် စောင့်နေပြီး ၀မ်းသာအားရ မျက်နှာကြီးနှင့် ပြောရှာသည် ။
 
ညီ … တော်သေးတာပေါ့ကွာ … ဒါနဲ့ နေသာထိုင်သာ ရှိရဲ့လားဟင် …
 
အင် … ဘာဖြစ်လို့လဲ …
 
ဖင်ထဲက လက်စွပ် တစ်ကွင်းလုံး ထွက်သွားတဲ့ ဟာကို …
 
နေမင်းထိုက် တဟားဟားပင် ရယ်လိုက်ချင်သေးသည် ။ လက်စွပ်က လက်တစ်ချောင်းလောက်ပဲ ရှိတဲ့ဟာကို ။ နေမင်းထိုက်က လက်နှစ်ချောင်း သုံးချောင်း အထိတောင် အပြုံးမပျက် ရေတွင်းပျက် ဇာတ်တွေကပြီး  အိမ်မှာ တစ်ယောက်တည်း မိန်းမကွင်း ခိုးခိုးပစ်နေတဲ့ဟာကို ။
 
ဒါပေမယ့် သိတယ် မဟုတ်လား ။ ကိုယ်ချစ်တဲ့ လူကိုဆိုတော့လည်း ။ အိုပါ … ဗာဂျင်စတိုင်တွေ လုပ်ပြလိုက်ရတာပေါ့ ။ ဟိဟိဟိ ။
 
နာတာပေါ့ … သွေးတောင် ထွက်သွားလား  မသိဘူး …
 
ဟင် … လက်စွပ်လေး တစ်ကွင်းထဲဟာကို … အဲ့လောက်တောင် …
 
အင်းလေ … လက်ကောက်ဆို တော်သေး … အဲလေ … ဟုတ်ပါဘူး … မှားကုန်ပြီ … ။ နေမင်းထိုက် ကိုယ့်ဘာသာကိုယ် တွေးပြီး ကိုယ့်ဘာသာ တစ်ယောက်တည်း ကျိတ်ရယ်နေမိတော့သည် ။ ကိုမင်းမြတ်ကတော့ နေမင်းထိုက်ကို ကြည့်ပြီး သနားနေပုံရလေသည် ။
 
********************************************************
 
ရှယ်လီနှင့် ဦးမြတ်သူရတို့ ပြတ်ဖို့ အကြောင်းဖန်လာလေသည် ။ ထိုအရာကလည်း ဦးမြတ်သူရ ရှယ်လီ့အိမ်ကို ရောက်သွားပြီး ရှယ်လီနှင့် တူတူ အိပ်မိကြရာမှ စသောပြသနာပင် ဖြစ်သည် ။
 
ဦး … သည်ညတော့ ဦးကို ရှယ်ပြုစုမှာ သိလား …
 
အင်းပါ … ရှယ်လီ ပြုစုရင် ဦးလည်း အိုရချည်သေးရဲ့ … ဟဲဟဲဟဲ …
 
ဦးမြတ်သူရ ကိုယ့်ကိုယ်ကို မှန်ထဲတွင် ကြည့်မိသည် ။ အံမယ် ။ ငါ့ရုပ်က ရုပ်ရှင်ကားတွေထဲက လူကြမ်းတွေ ကောင်မလေးကို ဟိုဝှာပြုခါနီး မျက်နှာကြီးနဲ့ … ။ အဆီတွေကလည်း တ၀င်းဝင်း ဖြစ်နေလိုက်တာ ။ မထူးပါဘူး ။ အိမ်ကျမှပဲ အငယ်ကောင် မြတ်သီဟ သုံးတဲ့ လိုးရှင်းတွေ သူမသိအောင် ယူလိမ်းဦးမှ ။
 
တွေးလို့မှ မဆုံးလိုက်သေး ။ မှန်တင်ခုံပေါ်မှ ဓါတ်ပုံ တစ်ပုံကြောင့် ဦးမြတ်သူရ စိတ်ဆိုးသွားလေသည် ။ ယောက်ျား ဓါတ်ပုံတစ်ပုံပါလား ။ ဒါပေမယ့် စွပ်စွဲလို့တော့ မရ ။ သေချာအောင် မေးမှ ဖြစ်မည် ။
 
ရှယ်လီ … ဒါ ဘယ်သူ့ပုံလဲ … ကိုယ့်ကို ပြောစမ်း …
 
ဦးကလည်း … ဦး ခန့်မှန်းကြည့်လေလို့ … အဟင့် …
 
အင်း … ရှယ်လီ့ အစ်ကိုလား …
 
ဟုတ်ဘူး … မှားတယ် …
 
ရှယ်လီ့ မောင်လေးလား …
 
ဟုတ်ဘူး … မှားတယ် …
 
ရှယ်လီ့အမျိုးလား …
 
ဟုတ်ဘူး … မှားတယ် …
 
ဒါဆို … ဒါဆို … ဒါ… ရှယ်လီ့ ချစ်သူလား …
 
မဟုတ်ဘူး … မှားတယ် … ဟိဟိ… ဦး အရှုံးပေးပြီလား …
 
အင်း … ပေးပြီ … ပြောပြတော့ …
 
ဒါ ရှယ်လီ မိန်းမလို မခွဲစိတ်ခင်က ရိုက်ထားတဲ့ ပုံလေ … ဟီးဟီး … မချောဘူးလားဟင် …
 
ဘာ … ဒါဆို … ဒါဆို … နင်က ဖြတ်ဖေါက်ချုပ်ပေါ့ … ဟုတ်လား …
 
ဦးကလည်း … ဟုတ်ပါတယ် ဗျာ … အဲလေ … ရှင် …
 
ဦးမြတ်သူရ မူးပင် မူးသွားရသည် ။ မိန်းမရုပ်ကြီးနှင့် ဗျာဟု ပြောလိုက်သောအခါ ယောက်ျားသံကြီး ထွက်လာသည် ။ အမလေး ။ ငါ့ဘ၀တော့ ရေတိမ် နစ်ပါပြီကွာ … ။
 
နင် … နင် ငါ့နား မကပ်လာနဲ့ … ငါနဲ့ နင်နဲ့ သည်နေ့ ပြတ်ပြီ …
 
ဦး ရယ် … အစကတော့ ဦးပြောတော့ ချစ်လှချည်ရဲ့ဆို … အခုတော့ အစစ်မ မဟုတ်ဘူးဆိုတဲ့ အကြောင်းပြချက်လေး သေးသေးလေးနဲ့ ဦးက ရှယ်လီ့ကို ပလစ်တော့မှာလားဟင် …
 
ဟင့်အင်း … အဲ့ဒါက နင့်ကို ငါက ယောက်ျားကနေ ဖြတ်ဖောက်ချုပ်ထားမှန်းမှ မသိတာ …
 
ဦးရယ် … ရှယ်လီ ယောက်ျားဘ၀ကို စိတ်နာလွန်းလို့ အရင်က ကျားမောင် ဆိုတဲ့ နာမည်ကိုတောင် မေ့ထားခဲ့တာ ကြာခဲ့ပါပြီရှင် …
 
ဦးမြတ်သူရ ကြက်သီးပင် ထသွားသည် ။ အမလေးဗျာ ။ ရှယ်လီမရဲ့ ယောက်ျားနာမည်က ကျားမောင်တဲ့ ။ ပေးပဲ ပေးတတ်ပါ့ သူ့မိဘတွေရယ်ဟုသာ ဦးမြတ်သူရ အော်လိုက်ချင်သည် ။ သည်တော့လည်း ညတွင်းချင်းပဲ ဦးမြတ်သူရ ထိုအိမ်မှ ပြေးခဲ့ရလေသည် ။
 
ဦး … နေပါဦး …  ဦးရယ် … တစ်ချက်လေး စောင်းပြီး မချတော့ဘူးလား … အဲလေ … စောင်းငဲ့မကြည့်တော့ဘူးလား ဟင် … ဦး သိပ်ရက်စက်တာပဲ …
 
*****************************************************
 
ဦးမြတ်သူရ အပြင်တွင် တင်းလာတော့ အိမ်တွင် မဲတော့သည် ။ အိမ်တွင် မဲစရာကလည်း များများစားစားတော့ မရှိလှ ။ ဒေါ်သက်ထားကိုကလည်း ငယ်ကြောက်မို့ ၊ မယားမို့ ကြောက်ရသည် ။ မင်းမြတ်ကျတော့လည်း သူ့သွားမဲလျှင် ရှယ်လီနှင့် အကြောင်းတွေကို သူ့အမေ သွားပြောမှာမို့ ကြောက်ရသည် ။
 
သည်တော့ နောက်ဆုံး မဲစရာမရှိ ကြံဖန်ကြည့်လိုက်တော့ အငယ်မ … အဲလေ … အငယ်ကောင် မြတ်သီဟက ပစ်မှတ်ဖြစ်သွားသည် ။ သည်ကောင့်ကို တလက်စတည်း ခြောက်နေတာတွေပါ ပျောက်သွားအောင် ဆုံးမလိုက်မည်ဟု ဦးမြတ်သူရ တွေးလိုက်ရသည် ။
 
ဟေ့ကောင် … မြတ်သီဟ … မင်း လာစမ်း … သည်မှာ ထိုင်စမ်း …
 
သီ သိလိုက်သည် ။ ဖေဖေ အပြင်မှာ တစ်ခုခု ဖြစ်လာပြီ ။ အင်း ။ မဲစရာ မရှိရင် သီ့ကိုပဲ မဲတော့မှာပါ ။ ဒါပေမယ့် သီပဲလေ ။ သိတယ် မဟုတ်လား ။ သမီးလိမ်မာလေးလိုမျိုး ဖေဖေ့အရှေ့မှာ ကျုံ့ကျုံ့ယုံ့ယုံ့လေး ထိုင်ချလိုက်တာပေါ့ … ။ အရေးထဲ စကင်နီ ဘောင်းဘီက ဖင်ကျပ်နေလို့ ပေါင်ကို စိလိုက် ကွလိုက် ပြန်လုပ်နေရသေးတယ် ။
 
ဟာ … မျက်စိကို နောက်နေတာပဲကွာ … ဟေ့ကောင် မြတ်သီဟ … မင်းကိုငါ ကြည့်နေတာ ကြာပြီနော် …
 
ဟုတ်ကဲ့ဖေဖေ … သား အရမ်းလှနေလို့လားဟင် …
 
ဟေ့ကောင် … ငါ ပြောရင် လာမပြောင်နဲ့ … ဖြတ်မပြောနဲ့ … ငါမေးတာ ဖြေစမ်း … မင်း ယောက်ျားလား … မိန်းမလား …
 
မြတ်သီဟ ဘာမှ မဖြေဘဲ မသိချင်ယောင်ဆောင်နေလိုက်သည် ။ သည်တော့မှ ဖေဖေက စိတ်ဆိုးပြီး ပိုအော်တော့သည် ။
 
ဟေ့ကောင် … ငါ မေးတာ ဖြေလေ …
 
ဖေဖေပဲ ဖြတ်မပြောနဲ့ဆို …
 
အခု ဖြေလို့ရပြီ … ဖြေလေ …
 
ယောက်ျား ယူမှာ ပါ ဖေဖေ …
 
သီ ကြားထဲမှ ယူမှာ ဟူသော စကားကို တိုးတိုးလေး ပြောလိုက်သည် ။ ဒါကို ဦးမြတ်သူရက မကြားလိုက်ပဲ ကျေနပ်သွားသည် ။
 
အေး … ဟုတ်ပြီ … ယောက်ျားဆိုတာ … ယောက်ျားလို နေရတယ်ကွ … မင်းမျက်နှာကိုလည်း ကြည့်ဦး မိတ်ကပ်တွေ လူး … လိုးရှင်းတွေလိမ်းနဲ့ … အခြောက်လိုလို ဘာလိုလိုနဲ့ …
 
ဖေဖေရယ် … အဲ့ဒါမှ ဖေဖေ့မျက်နှာလို အဆီတ၀င်းဝင်း မဖြစ်မှာပေါ့ …
 
ဘာ … မင်းက ငါ့ကို ပြန်ပြောနေတာလား … ဟုတ်လား … ဟင် … ပြီးတော့ ငါ မပြောချင်လို့ … လမ်းလျှောက်ရင်လည်း ဖင်က ရမ်းသေးတယ် …
 
အဲ့ဒါ ခါးလေ့ကျင့်ခန်း လုပ်တာပါ ဖေဖေရယ် … အဲ့ဒါမှ ခါးက အဆီတွေ ကျတာလေ …
 
အမလေး … ငါ့ကို တစ်ခွန်းချင်း ပြန်ပြောနေတယ် … မင်းတော့ မနိုင်ဘူး …
 
မနိုင်ရင် ကုလား ခေါ် မ လေ … ဟိဟိဟိ … ။ သီ စိတ်ထဲက တိုးတိုးလေး ပြောလိုက်တာပါ ။ တော်ကြာ ပြန်ပြောတယ် ဆိုပြီး ရိုက်နေမှ လှလှတွေ ပျက်ကုန်ပါဦးမယ်လေ ။ ထိုအချိန်တွင် သီ့ဟန်းဖုန်းက ဖုန်း ထလာသောကြောင့် သီ ပျော်သွားသည် ။ ဖေဖေ့ ဓါတ်ပြားကြီးကို ပိတ်လိုက်တာလေ ။ ဟီးဟီး ။
 
သီ ထင်တောင် မထင်ထားမိ ။ ဖုန်းဆက်သူက ပြည့်ဦး ဖြစ်နေသည် ။ သီအစက ဖုန်းကို နံပါတ် မကြည့်ပဲ ဟိုကောင်မတွေပဲ ဆက်သည် အထင်နှင့် အားရပါးရ ပြောချပစ်မိလိုက်သည် ။
 
ဟဲ့ကောင်မ … ပြော … ဘာကိတ်လဲ …
 
မြတ်သီဟ … ငါ ပြည့်ဦးပါကွ …
 
ဟာ … ဟေ့ကောင် … သားကြီး … အေး … ပြော … ဟီးဟီး … ငါက ငါ့သူငယ်ချင်းကောင်မလေး ဆက်တယ်ထင်လို့ …
 
အင် … မင်းသူငယ်ချင်း ကောင်မလေးကို မင်းက ကောင်မလို့ ခေါ်တယ် … ဟုတ်လား …
 
ကဲပါ … မိကျောင်းမျိုးရယ် … ရှည်လိုက်တာ … ပြော … ဘာကိစ်စလဲ သူငယ်ချင်း …
 
ငါ … ငါ မင်းကို အကူအညီတောင်းချင်လို့ပါ …
 
ဟင် … အကူအညီ … ဟုတ်လား … ဘာအကူအညီလဲဟင် …
 
သီ ရင်တွေပင် ခုန်သွားသည် ။ ဟိုကလည်း အကူအညီ တောင်းနေသည် ။ ဒီကလည်း ရက်ရက်ရောရောကို လှူချင်နေသည် ။ ဟိုကောင်မ မိမြတ်ပြောသလို ကာမစတုဒီသာ အလှူပေးတယ်ဆိုလား … ဘာလား ။ အဲ့လို လုပ်ပစ်လိုက်ချင်နေတာလေ … သီက ။ ဟိဟိဟိ ။
 
ငါ့ … ငါ့ကောင်မလေး အခု နောက်တစ်ယောက်နဲ့ တွဲခုတ်နေတယ်ထင်တယ်ကွာ … သူ့အိတ်ထဲမှာ ငါ ဟိုနေ့က ရည်းစားစာ တစ်စောင်တွေ့လို့ …
 
သားကြီးရာ … သိပ်လည်း မခံစားနေပါနဲ့ … မိန်းမတွေဆိုတာ သည်လိုပါပဲ … ငါတို့ အခြောက်တွေလောက် ကောင်းကို မကောင်းဘူး …
 
ကြားထဲမှ စကားကို သီ ပြည့်ဦး မကြားအောင် တိုးတိုးလေး ပြောလိုက်ခြင်း ဖြစ်သည် ။ ပြည့်ဦးအသံက စိတ်ညစ်နေသံပေါက်နေသည် ။ ပြည့်ဦးရယ် … ။ ဟိုအစစ်မ ငံပြာရည်မ မင်းကို ထားသွားလည်း မင်းကို ငါ ကောက်ယူ နမ်းရှိုက်မှာပါကွာ … ။ သီ ကိုယ့်ဘာသာ တွေးပြီး ကိုယ့်ကိုယ်ကို အချစ်သူရဲကောင်းမကြီးလိုလို ၊ ဘာလိုလို ခံစားရပြီး ကျေနပ်သွားတော့သည် ။
 
ငါ့ကို ကူညီပါဦးကွာ … သူ့ရပ်ကွက်က ငါ့ကို သိနေပြီ … အဲ့ဒါကြောင့် မင်းက သူ့ရပ်ကွက်ကို သွားပြီး ငါ့အစား ငါ့ကောင်မလေး အကြောင်းကို စုံစမ်းပေးပါလားကွာ … ငါ့စော်နာမည်က မိုးယုယ နော် … သူ့ရပ်ကွက်က … XXX
 
အေးပါ … ပြည့်ဦးရယ် … ငါ ကူညီပါ့မယ် …
 
ဖုန်းချသွားတော့မှ သီ ပြည့်ဦးဆိုသော အကောင်ကို ကျိန်ဆဲမိတော့သည် ။
 
အကောင် … ငါ့မှာတော့ သူ့ကို ချစ်လိုက်ရတာ … အခုတော့ သူက သူ့ကောင်မအကြောင်း စုံစမ်းဖို့တဲ့ … ငါ့ကိုမှ ခိုင်းရက်တယ် … ငါ့နှလုံးသားကို ပဒူကောင် ကိုက်သလို ခံစားရအောင်လုပ်တဲ့ကောင် … တစ်သက်လုံး အစစ်မ မရပါစေနဲ့ …
 
**********************************************************
 
ညီ … သည်လက်စွပ်လေးကို ကြည့်ပြီး ဘယ်လို ခံစားရလဲဟင် …
 
အီအီးစော် နံတယ်လို့တော့ ခံစားရတယ် အစ်ကို …
 
အာ … သေပါတော့ကွာ … ဒါ အစ်ကိုက ညီ့ကို ချစ်ခွင့်ပန်တဲ့ လက်စွပ်လေ …
 
ဟာ … အစ်ကိုကလည်း … ဘာတွေ ပြောနေမှန်းမသိဘူး … ရှက်စရာကြီး …
 
ဒါဆို ညီက စဉ်းစားဦးမယ်ပေါ့ … ဟုတ်လား …
 
အို … စဉ်းစားစရာလား … ချစ်လွန်းလို့ လက်စွပ်ကိုတောင် ဖင်က ပြန်ထုတ်ပြီး သက်သေပြပြီးပြီ ဟာကို …
 
ဟာ … တကယ် … ဒါဆို ညီက အစ်ကို့ကို ချစ်တယ်ပေါ့ … ဟုတ်လား …
 
ဟုတ် … ဟုတ်ကဲ့ … ဒါပေမယ့် ဘယ်သူမှ မသိစေနဲ့နော် … ဟီးဟီး … ညီက ရှက်တတ်လို့ …
 
အင်းပါ ညီရယ် … အစ်ကို ဘယ်သူ့ကိုမှ မပြောပါဘူး …
 
တကယ်လည်း မင်းမြတ် ကတိတည်သည် ။ ဘယ်သူ့ကိုမှ မပြောခဲ့ ။ သို့သော် နောက်တစ်ရက်တွင် သူတို့ ကုမ်ပဏီ တစ်ခုလုံး မင်းမြတ်နှင့် နေမင်းထိုက်တို့ ကြိုက်နေသည် ဟူသော သတင်းတွေ ပျံ့ကုန်သည် ။ တရားခံကတော့ နေမင်းထိုက်ကိုယ်တိုင်ပင် ဖြစ်လေသည် ။
 
နင့်တစ်ယောက်တည်းကိုပဲ ခင်လို့ ပြောတာနော် … ဘယ်သူမှ မပြောနဲ့နော် … ဟု အစချီကာ နေမင်းထိုက် ပြောပြလိုက်သည်မှာ ကုမ်ပဏီက လုံခြုံရေးပင် မကျန် ။ အလွန် အရှက်အကြောက် ကြီးသော နေမင်းထိုက်ပါပေတည်းဟု အားလုံးက မှတ်ချက်ပေးလိုက်ရလေသည် ။

By Dr. Min Khant 

No comments:

Post a Comment

အချစ်တစ်ခု ပြယုဂ်တစ်ခု

“......................”  သားကြီးဆီမှ ကြားလိုက်ရသော နာမည်ကြောင့် ကျွန်မတစ်ကိုယ်လုံး တောင့်ခဲ သွားသည်။အဆုံးမရှိသောတွင်းနက်ကြီးထဲသို့ ပြုတ်ကျ...